Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိစေချင်

ရွှေ ကြည်December 20, 20121min67231

a_mome7

မာယာနဲ့လိမ်ညာစကားတွေမဆိုတတ်တဲ့အခါ

ငါ့စကားတွေနင့်ရင်ကိုစူးရှစေခဲ့ပြီလား

နားလည်မှုတွေနေရာမှားခဲ့တဲ့အခါ

နင့်စိတ်တွေနာကျင်ခဲ့ရပြီလား

တကယ်တမ်းဆိုငါမငိုခဲ့ပါဘူး

နင်ငိုခဲ့သလားလဲငါမသိချင်ဘူး

ဒါပေမယ့်ငါ့ရင်မှာလဲနင့်စကားတွေစူးနေဆဲ

နင်ထားတဲ့တလွဲမာနတွေကြောင့်ငါ့စိတ်တွေနာနေဆဲပဲ

တကယ်ဆိုငါတို့နီးစပ်ခဲ့တယ်ဆိုတာတောင်

အူကြောင်ကြောင်အိမ်မက်တခုလို

လေနှင်ရာလိုက်တဲ့တိမ်တိုက်တွေလို

ဘာဆိုဘာမှအရေးမပါခဲ့ဘူးဆိုတာနင်သိပါစ။

31 comments

  • ရွှေ ကြည်

    December 20, 2012 at 6:14 pm

    ကမ္ဘာပျက်မယ်ဆိုလို့ ကဗျာကသီလေးတင်လိုက်ရတာ :harr:
    ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်..။

  • ကိုရင်စည်သူ

    December 20, 2012 at 6:26 pm

    အယ်.. ရွှေကြည်လေးမှာလည်း ဒါမျိုးတွေရှိတယ်ပေါ့..။ ထင်ရဘူးနော်.. :mrgreen:
    အဲ့ရို နားလည်းမှုမချိ မာနထားတတ်ဒဲ့ အဲ့ရို ယောက်ျားတွေကို ရွှေကျီလေး ထားခဲ့ပီ..
    အူးဂီ့၊ အူးစည်၊ အူးကြောင်၊ အူးအံ့ဒို့လို အဂျစ်နဲ့ ဆို အလံဖြူအမြဲပြထားတဲ့ နှူးဘား ပါကင်လေးတွေကို
    စမ်းသုံးကြည့်ပါလားလို့… :kwi:

  • mobile (mandalay)

    December 20, 2012 at 6:29 pm

    လက်လွန် ခြေလွန် ဖြစ်ကုန်ပါ့ဦးမယ် မရွှေကြည်ရေ
    ဂဗာ ဂမပျက်ပါဝူးဗျာ ရှောက်ပြောဂျဒါဗာ။
    ဖတ်ရှု့ခံစား အားပေးသွားပါတယ်ခင်ဗျာ။

  • ရွှေ ကြည်

    December 20, 2012 at 7:05 pm

    ကိုရင်စည်ရေ ဒီလိုပါပဲဗျာ တော်တော်လေးလဲကြာခဲ့ပါပြီ တော်တော်တော့လန် ့သွားတယ်။
    တကယ်လည်းဘာမှရေရေရာရာမပတ်သက်ခဲ့မိလို့တော်သေးတယ် 😆

    ကိုရင်မိုဘိုင်းရေ နောက်တာပါဗျ ကမ္ဘာမပျက်တာသိပါတယ်နော့။ အသိသာကြီးကို :harr: ကမ္ဘာပျက်နေပြီးသားတဖြည်းဖြည်းချင်းပျက်နေတာ လူတွေသိသင့်တယ် ပျက်နေတယ်ဆိုတာ။

    အားပေးသွားတဲ့ ကိုရင်နှစ်ပါး အဲလေ ရွာသားနှစ်ဦးကို ကျေးဇူးအကြီးကြီးတင်ပါတယ်လို့။

  • အလင်းဆက်

    December 20, 2012 at 7:22 pm

    ကဗျာလေးရော
    ပန်းချီကားလေးကိုပါ..
    ခံစားလိုက်ပါတယ် မမရွှေကြည်..။

    • ရွှေ ကြည်

      December 20, 2012 at 7:30 pm

      အလက်ဆင်းရေ အစ်မစာရေးတယ်နော် တွေ့လား။
      ရေးပြီးသားတွေပြန်တင်နေတာ :mrgreen:

  • ခိုင်ဇာ

    December 20, 2012 at 8:23 pm

    အားပေးသွားတယ် ရွှေကြည်လေး။ လိမ်ညာ စကားတွေမှ လက်ခံနုိုင်သူမျိုးတော့ ထားခဲ့ ကွယ်။. :mrgreen:

    • ရွှေ ကြည်

      December 20, 2012 at 8:39 pm

      ဟုတ် ထားခဲ့တာကြာပြီအစ်မရေ..။

  • ခင်ခ

    December 21, 2012 at 9:36 am

    မရွှေကြည်ရေ
    ခံစားချက်တွေ ရင်မှပြည့်လို့
    ရင်တွင်းစကားတွေ ဆိုကာပြရင်
    ဖတ်သူရင်ထဲ ငိုကာပြချင်။

  • ဗုံဗုံ

    December 21, 2012 at 9:48 am

    ဟယ် မမရွှေကြည်ကလည်း ထားခဲ့ပြီ ဆိုလည်းပြောသေး လွမ်းနေသေးတယ်တော့
    လွမ်းမနေနဲ့ မမရွှေကြည် မေ့လိုက်တော့ မိဗုံနဲ့ စစ်ကိုင်းချောင်သွားပြီး သီလရှင်ဝတ်ရအောင် လာခဲ့လိုက်နော် သင်္ကြန်ကျရင်လေ :harr:

    • ရွှေ ကြည်

      December 22, 2012 at 11:41 am

      ဗုံလေးရေ ဘယ်လိုဖြစ်ပြီး ဗုံရယ် ကိုရွှေတိုက်ရယ်ကို ကျန်ခဲ့တယ်မသိ
      နောက်ကျ reply လေးအတွက်ဆောရီးပါ 😆
      ဗုံဗုံက မယ်သီတကယ်ဝတ်မှာမို့လား ကိုရင်မိုဘိုင်း ငိုနေပါဦးမယ် :mrgreen:

  • Shwe Tike Soe

    December 21, 2012 at 11:40 am

    ခံစားချက်ပြင်းထန်လှချည်လား ဗျို……
    အားပေးသွားပါတယ်… ကဗျာဝါသနာပါတယ်ဗျ… 🙂

    • ရွှေ ကြည်

      December 22, 2012 at 11:42 am

      ကိုရွှေတိုက်ရေ ခံစားချက်ကပြင်းဆို ငယ်တုန်းကကိုးဗျ :mrgreen:
      ကျေးကျေးပါဗျာ..။

  • Khaing Khaing

    December 21, 2012 at 2:37 pm

    ဒီလိုပါပဲ … အလွမ်းတွေရဲ့နောက်ကွယ်မှာ …. လှပတဲ့ပန်းလေးတွေရှိနေပါတယ် ….. လိမ်ညာစိမ်းကားတတ်သူကြီးကို မေ့ဖြစ်အောင် မေ့လိုက်ပါ ……..

    • ရွှေ ကြည်

      December 21, 2012 at 7:06 pm

      မခိုင်ရေ လိမ်ညာစိမ်းကားတတ်တာမဟုတ်ဘူးအစ်မရဲ့ နားလည်မှုတွေလွဲကြတာ
      အဓိပ္ပါယ်ကောက်တွေလွဲကုန်တာလေ။ စိတ်ချင်းမတူလို့ပေါ့။
      မေ့နေတာကြာပါပြီအစ်မရယ် စာမတင်တာကြာပြီမို့
      ရေးထားတာလေးတွေထဲကနေပြန်ရှာထုတ်လာတာ 😆
      မခိုင်ရေ ကျန်းမာရေးဂရုစိုက်ပါ။

  • Thuyazaw

    December 21, 2012 at 4:09 pm

    ကမ္ဘာမပျက်ပေမယ့် ကမ္ဘတစ်ဖက်မှာ
    လွမ်းဒဏ်ရာဗလပွ နလံမထနိုင်တဲ့အဖြစ်……အားပေးသွားပါတယ်ဗျာ….

    • ရွှေ ကြည်

      December 21, 2012 at 7:14 pm

      ကိုသူရဇော်ရေ မလွမ်းလောက်ပါဘူးနော် ဒဏ်ရာတွေနဲ့တော့ နလံမထနိုင်တဲ့အဖြစ်တော့မဖြစ်ပါရစေနဲ့ 😆

  • မောင်ပေ

    December 21, 2012 at 7:32 pm

    သိစေချင်
    အိရွှေစင်
    ရှိငွေတင်
    ထိခြေကျဉ်
    ဖိလေရင်
    ညှိကေဂွင်

    • ရွှေ ကြည်

      December 21, 2012 at 9:59 pm

      အူးပေ အိရွှေစင်ဆိုတာ ဘူလေးတုန်း မဒမ်ပေလား :mrgreen:

  • MaMa

    December 22, 2012 at 1:43 pm

    စာမရေးတတ်ဘူးလို့ ပြောပြီးးးးးး
    ရေးမယ့်ရေးတော့လည်းးးးးးးးးးး

    ရင်တွင်းဖြစ်မို့ ထင်ပါရဲ့။ :kwi:

    • ရွှေ ကြည်

      December 22, 2012 at 9:53 pm

      ချစ်မမရေ မိရွှေကြည်(ရင်တွင်းဖြစ်)ပေါ့ အဟဲ ပြောရတာရှက်စရာကြီး :mrgreen:

  • မဟုတ်ပါဘူး ………………..မဟုတ်ပါဘူး………………….
    မင်းထင်သလိုမဟုတ်ပါဘူူူူူူူူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    လို့ စိုင်းစိုင်းကပြောသွားပါမယ် မရွှေကြည်

    • ရွှေ ကြည်

      December 22, 2012 at 10:30 pm

      လေးပေါက်ရေ စိုင်းစိုင်းကပြောရင်ယုံပြီးသားပဲ :mrgreen:

  • ဦးကြောင်ကြီး

    December 22, 2012 at 10:04 pm

    သိစေဂျင်
    မိရွှေခင်
    ငပိရည်ထွင်
    အဟိငွေဝင်၊
    ကြည့်လေနင်
    သတိလေထင်
    ဂလိစေချင်
    ကဝိမဖြေခင်..

    • ရွှေ ကြည်

      December 22, 2012 at 10:34 pm

      လေးပေါက်ရေ သူတို့နှစ်ယေက်ပြိုင်များပြိုင်နေကြတာလားမသိ ခိ ခိ 😆

      အောင်ကြူးရေ ကဝိကဘာတွေများဖြေမလဲမသိနော်။

  • လုံမလေးမွန်မွန်

    December 23, 2012 at 3:15 pm

    ွှThis is called ယောက်ျား တဲ့ အစ်မရဲ့..
    (အဟီး..အလဲ့ လို့ မအော်ရ..မျက်ခုံးမပင့်ရ.. အထင်ကြီးမသွားရ..စကားကြီး စကားကျယ် စပြောပါပီ..) :mrgreen:

    မိန်းမတို့တတ်အပ်တဲ့အရာထဲမှာ.. ပီယဝါစာ ချစ်ဖွယ်သောစကားကို ဆိုတတ်ခြင်း နဲ့ ခန္တီစ သည်းခံခြင်း ပါရတယ်တဲ့…
    သူတို့ကို ချွဲနွဲ့ပြောတတ်ပြီး.. သူတို့ မာနကို အောက်ကျို့ပေးနိုင်ကာမှ… 🙂

    အစ်မ..
    ခပ်တင်းတင်းပဲနေ သိလား… ဘာမှအရေးမပါဘူးဆိုတာ သူသိအောင် ပြောလိုက်ပါ… :kwi:

    • ရွှေ ကြည်

      December 23, 2012 at 9:02 pm

      အမွန်ရေခပ်တင်းတင်းနဲ့ခပ်ကင်းကင်းလေးပေါ့ 😆

    • ရွှေ ကြည်

      December 23, 2012 at 9:06 pm

      မနန်းရေ ငယ်ရွယ်သူဘဝမှာ မကင်းခဲ့ပါဘူးလေ။ ကျောင်းတော်က အကြောင်းလေးတွေပေါ့။

Leave a Reply