Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကူးလာပြီး လာတင်ပါတယ်

မောင် ပေDecember 23, 20121min623823

ကျွန်တော် ဖေ့ဘုတ် သုံးပါတယ်
ကျွန်တော့်ဖေ့ဘုတ် အကောင့်မှာ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ရင်လတ်ရှင်နာဝပ်ထရာ လို ့အသံထွက်မယ်ဗျာ
သူ ့ကို like လုပ်ထားပါတယ်
သည်ကနေ ့တနင်္ဂနွေနေ ့ ညပိုင်း ဖေ့ဘုတ်ဝင်ကြည့်တော့ ၊ သူမ ဒီနေ ့တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာဗျာ
သူ ့နိုင်ငံက ပြည်သူတွေနဲ ့ တစ်သားထဲသွားလာနေပုံ ၊ ဈေးထဲမှာလိုက်ကြည့်နေပုံများကို တွေ ့ရလို ့ တော်တော်အံ့ဩမိပါတယ် ။ ဓါတ်ပုံတွေထဲမှာ လုံခြုံရေးတွေ အရမ်းများတာကိုလဲ မတွေ ့ရပါဘူး ။ ဘော်ဒီဂတ်အနဲငယ်နဲ ့သွားနေတယ်လို ့ထင်မိပါတယ်
ပတ်ဝန်းကျင်မှာတော့ စနိုက်ပါတွေ ချထားမလားတော့ မပြောတတ်ဘူး
မနေ ့ကလဲ အမေရိကန်တွေကြားမှာ အိုဘားမားသွားနေတဲ့ပုံ တွေ ့ခဲ့ရပါသေးတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… သူတို ့နိုင်ငံရဲ ့ခေါင်းဆောင် ဟာ လူထုကြားထဲမှာ ဒီလို ဆိုတော့
ကျုပ်တို ့ဆီမှာလဲ ၊ လူထုကြားထဲကို ခေါင်းဆောင်များ လုံခြုံရေးနဲနဲ နဲ ့၊ ရင်းနှီးစွာသွားလာမယ့်နေ ့ ရောက်လာတော့မလားရယ်လို ့ ရည်ရွယ်ပြီး တင်ပါတယ်
ပုံတွေကို ဖေ့ဘုတ်က ယူလာတာပါ

http://www.facebook.com/Y.Shinawatra?ref=stream

399207_495365157174611_222316609_n

230325_495368113840982_2000843601_n

155799_495365137174613_405056145_n

521405_495365190507941_1260592192_n

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

23 comments

  • မြန်မာပြည်ကအဘတို့ကဒီလောက်မရဲသေးလို့နေမှာပေါ့ကိုပေ။
    စကားမစပ် ထိုင်းဝန်ကြီးချုပ်တို့လှချက်ကရက်စက်ပါ့နော်။

  • ဦး ဂျစ်

    December 23, 2012 at 8:21 pm

    ဟုတ်ပ …
    ဖူ ဖွေး နေတာ ပဲ နော် …
    အဘ တို့ကတော့ အာ့လို နေရဲပေါင် … ခိခိ ။

  • ဆံရစ်ဝိုင်း မေလေး

    December 23, 2012 at 9:24 pm

    မေလေးတို့ဆီက လူကြီးတွေက ခန်းခန်းနားနားဖြစ်လေ ကြိုက်လေမို့ပါ ကိုကြီးပေရဲ့။

  • mobile (mandalay)

    December 23, 2012 at 11:08 pm

    ကိုပေရေ မင်္ဂလာပါခင်ဗျာ။
    ထိုင်းဘုရင် ဘူမိဘောအဒူယာဒက် ယခုလ ၅ ရက်နေ့မှာမွေးနေ့ပွဲ
    ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းသူပြည်သားအားလုံးက
    စည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွဲးခဲ့ကြတာဖြစ်ပြီး ။မြန်မာအလုပ်သမား
    များမှာလဲ အလျှူအတန်း လုပ်ခြင်း အခြားပါဝင်ဆင်နွဲးမှုများဖြင့်
    သက်ဆိုင်ရာ ဒေသတိုင်းမှာ ပျော်ပျော်ရွင်ရွင်ဆင်နွဲးခဲ့ကြပါတယ်။
    ၅-၁၂-၂၀၁၂ ဟာထိုင်းဘုရင်ရင်ရဲ့ ၈၂ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။
    မွေးနေ့အခမ်းအနားကို ထိုင်းရုပ်သံမှ တိုက်ရိုက်ထုတ်လွင့်ပေးပါတယ်။
    တိုင်းသူပြည်သားအားလုံးနီးပါ အလုပ်နားခဲ့ကြပြီး သွေးလျှူပွဲများ
    ကုန်ပစ္စည်းများ ဈေးနှုန်းလျှော့ချပြီး ရောင်းချမှုများ ပြုလုပ်ခဲ့ကြပါတယ်။
    ထိုင်ဘုရင်ဟာ ကျန်းမာရေးအရ ကောင်းစွာ စကားမပြောနိုင်တော့ပါဘူး။
    ဘုရင်မွေးနေ့ကို တိုက်ရိုက်ကြည့်ရှု့သူ တိုင်းသူပြည်သား အချို့ဆိုရင်
    မျက်ရည်တောင်ကျခဲ့ကြပါတယ်။ ဘုရင်ကြီး ကျန်းမာဖို့ အသက်ရှည်ဖို့
    ဝိုင်းဝန်းဆုတောင်းပေးမှုများ ပြုလုပ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ အိမ်တိုင်းမှာ
    ဘုရင် ရဲ့ပုံတွေမြင်သာ တဲ့နေရာမှာ ချိတ်ထားကြပါတယ်။ ဘုရင်ကို လေးစား
    ချစ်ခင်မြတ်နိုမှုရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်။
    လက်ရှိထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ဟာ အကိုအရင်းဖြစ်သူ ပဉ္စမမြောက်ဘုရင်
    မဟာချူလာလောင်ကွန်ကို လုပ်ကြံပြီနန်းတက်ခဲ့တာလို့ သိရပါတယ်။
    ဒါကတော့ ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ အုပ်ချုပ်သူနဲ့ ပြည်သူအကြား အခြေအနေကို
    သိသလောက် ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
    ပုံမှာပါတဲ့ ထိုင်းသမ္မဒ မစ်စ်ယင်လပ်ရှင်နာဝပ် ဈေးထဲမှာလျှောက်သွားပြီး ငါးတွေကို
    ကြည့်နေတာကတော့ ကြော်စားဖို့လား ချက်စားဖို့လား ဘယ်လိုလားဆိုတာ
    သတင်းအတိအကျ မသိရပါဘူး။
    :harr:
    အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးး

    • padonmar

      December 24, 2012 at 12:08 am

      ကျမ အမှတ်မမှားရင်တော့ ထိုင်းဘုရင် ဘူမိဘောက 85 နှစ်ပြည့်တာဖြစ်မယ်ထင်တယ်။အဖေနဲ့ အသက်တူလို့ မှတ်ထားမိလို့ပါ။
      သူ့ပြည်သူတွေအတွက် တကယ်ကောင်းတဲ့ ဘုရင်ပါ။
      ထိုင်းဝန်ကြီးချုပ်ယင်လပ်ရဲ့ အကို သက်ဆင်တုံးကလည်း ဒီလိုပဲ လူတွေကြားထဲသွားလာနေတတ်တာတွေ့ဖူးပါတယ်။
      ဒါကြောင့် ဆင်းရဲသားတွေကြိုက်ပါတယ်။
      ဒါလည်း မဲဆွယ်နည်းတစ်ခုပါပဲ။

      • mobile (mandalay)

        December 24, 2012 at 10:03 am

        မှန်ပါတယ် မဒုံမာရေ ကျနော်မှားတာ နေမှာဗျ။
        သူငယ်ချင်းတစ်ယောကိုမေးကြည့်တော့လဲ
        ၈၅ လို့ပြောပါတယ်။ ကျနော် ၈၂ လို့ထင်ပြီးရေးလိုက်တာပါ။

    • လုံမလေးမွန်မွန်

      December 24, 2012 at 9:29 pm

      လုံမ သိထားတာဆိုရင်တော့ အခုလက်ရှိထိုင်းဘုရင်က အသက် (၁၉) နှစ်မှာ ဘုရင်ဖြစ်လာပါတယ်..အမေရိကန်နိုင်ငံ (သူကြီးအဆိုအရ အမေရိက) မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်တဲ့..သူ့ကိုယ်သူ ဘုရင်ဖြစ်မယ်လို့ လုံးဝမမျှော်လင့်ထားပါဘူး…ဘာလို့လည်းဆိုတော့ သူ့ရှေ့မှာ ထီးနန်းဆက်ခံမယ့် ဦးရီးတော်တွေအများကြီးမို့လို့ပါတဲ့..ဒါပေမယ့် သူ့အသက် (၁၉)နှစ်မှာပဲ အားလုံးကွယ်လွန်သွားကြလို့ ထီးနန်းဆက်ခံမယ့်သူမရှိဖြစ်ပြီး ဘုရင်ဖြစ်လာခဲ့ပါတယ်တဲ့…(ဧည့်လမ်းညွှန် ပြောတာကတော့ သူတို့တွေက အမျိုးအချင်းချင်းပြန်ယူပြီး သွေးချင်းရောကြလို့ အသက်တိုကြတယ်တဲ့… အခုဘုရင်ကတော့ အမျိုးကိုယူထားတာ မဟုတ်ဘူးဆိုပဲ..)
      ဆိုတော့ အသက် (၁၉)နှစ်ကတည်းက ဘုရင်ဖြစ်လာတဲ့သူ့ကို တိုင်းသူပြည်သားတွေက အရမ်းချစ်ကြပါတယ်… ပြည်သူနဲ့တစ်သားတည်းရှိခဲ့တဲ့ဘုရင်နဲ့မိဖုရားရဲ့ပုံတွေကို မြို့ရဲ့နေရာအနှံမှာ တွေ့ရပါတယ်…သူတို့ဘုရင်ကို မထီမဲ့မြင်နဲ့ စနောက်တဲ့နိုင်ငံခြားသားဆိုရင် ချက်ချင်းပြန်ခိုင်းပြီး အမည်မည်းစာရင်းသွင်းလိုက်ပါတယ်တဲ့..
      ဒါကတော့ လုံမသိထားတာပါ… လွဲနေတာလည်း ရှိနိုင်ပါတယ်…

      • mobile (mandalay)

        December 25, 2012 at 10:14 am

        ဘုရင်တွေ အမျိုးပြန်ယူရင် အသက်တိုတယ်ဆိုတာကို ငြင်းတာမဟုက်ပါဘူးခင်ဗျ
        ကျနော်တို့ ဂေါတမ ဘုရားကတော့ ယသော်ဓယာ ဟာသူနဲ့ မောင်နှမဝမ်းကွဲ
        တော်တယ်လို့ ကြားဖူးပါတယ်။
        သူတို့ခေတ်အဆိုက ဒီလိုတဲ့ဗျ
        မောင်နှမချင်းထပ်မြတ်၏ လို့ဆိုသတဲ့ဗျာ

        • မောင်ပေ

          December 26, 2012 at 11:52 am

          ဒီလိုဆို
          ကိုယ့်အမ ကိုယ့်ညီမ ကို ပြန်ယူမယ်ဆိုပါတော့လေ

  • koaung

    December 23, 2012 at 11:15 pm

    ဪသူလား အသက်ကြီးပေမဲ့ လန်းတုန်းနော့ ကုသိုယ်ကောင်းပါ့ဗျား (အိမ်ကမိန်းမလိုဘဲ) ဟီးဟီး အရဂါးနောက်တာ

  • padonmar

    December 24, 2012 at 12:20 am

    ယင်လပ်လည်း ဒီဈေးတန်းထဲရောက်ခဲလို့သာ ဖုန်းကင်မရာတွေနဲ့ ဓာတ်ပုံဝိုင်းရိုက်နေတာပေါ့။
    သူလည်းလှုပ်နေတဲ့ ကုလားထိုင်တွက် စည်းရုံးရေးဆင်းတာဖြစ်မယ်ထင်ပါတယ်။

  • etone

    December 24, 2012 at 10:59 am

    လူကြားထဲ သွားရဲတယ်ဆိုတာကလည်း …. လူမုန်းများစရာကိစ္စမျိုး သိပ်မလုပ်ထားခဲ့ဖူးလို့ .. သူ့လိပ်ပြာသူလုံလို့ဖြစ်မယ် .. အဟဲ … ဒီကဟာတွေလည်း … လူကြားထဲ အဲ့လိုလေး သွားကြည့်ပါလား … ဆွမ်းကြီးဝိုင်းလောင်းခံရမယ့်ကိန်း … အဲ့ဂလိုကို … ကြည်ညိုချစ်ခင်ကြတာ .. ခွစ်ခွစ် … :kwi:

  • ရဲစည်

    December 24, 2012 at 12:14 pm

    ကျနုတ် သတ်မဒကြီး ဖြစ်ပါက
    ဝန်ကြီးချုပ်ပေအား အီလိုသွားစေမည်ဖြစ်ကြောင်း … ဟောင်း..ဟောင်း

    သွားဂျပါတယ်ဗျ
    အခွန်လွတ်ဈေး တခေတ်တခါတုန်းက ငါးစိမ်းတန်းထဲဝင် လက်ကလေးတွေ ပြလို့
    :harr:

  • မိုချို

    December 24, 2012 at 2:03 pm

    …….ဒါ်ယင်းလက် လှချက် ကတော့ တကယ်ပါပဲ။ …….
    ဗန်း ထဲက ကောက်ရိုးမှို အလုံးလေးတွေ နဲ့ ဇလုံ ဖြူ တွေနဲ့က ငါးပိကောင်တွေ ထင်ပါရဲ့ ၊ စားချင်လိုက်တာ။

  • Thu Wai

    December 24, 2012 at 2:08 pm

    :*:
    .: :……
    ……; :
    ………………: Like

  • ဖိုးထောင်

    December 24, 2012 at 5:32 pm

    အောင်မငီး မြတ်စွာဘုရား ရင်လပ်ဘယ်တုန်းက သမ္မတဖြစ်သွားပါလိမ့် နာလည်းမတိလိုက်ပါလား အန်ကယ်မိုဘိုင်းက အမှားတွေရေးပြီး ဆာဗာကြီးလေးအောင်လုပ်နေတာပဲနော် …….. ညွှတ်ညွှတ်ညွှတ်

  • မောင်ပေ

    December 24, 2012 at 8:06 pm

    အားလုံးကို ပလက်စ်ဝမ်းပေးပါတယ်
    ကိုဖိုးထောင်ရေ အဲဒါက မန်းဂေဇက်ရဲ ့စွယ်စုံကျမ်း နံပါတ်၂ ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 25, 2012 at 12:26 am

    တော်တော်ခက်တဲ့လူဒေ
    အဲ့ဒါဘဲဗမာပျီဂျီးမတိုးတက်တာ
    ခုနေဗျာ
    ဗိုလ်ချုပ်မှူးကြီးချုပ်သီဟသူရဗာလချောင်အပလာခွေးသူခိုး အဘဘိုးဘိုးကြီးအန်ကယ်ဦးသန်းရွှေသာ
    ဖါတစ်လုံးဂေါင်းဂျားနှလုံးမူပြီးဒဂေါင်ထဲ ဟုတ်ပါဘူးယောင်လို့ ဂဒေါ့ဂဒေါ့ :mrgreen:
    တစ်ယောက်တည်း တစ်ကိုယ်တော် အိုင်စီဝိုင်းနဲ့ ဝမ်းမန်းရှိုး မျောက်ဖိုးစိန်လိုကပြမယ်ဆိုရင်
    ခင်ဗျားတို့အနေနဲ့ ဘာအာဃာတ တရားမှမထားဘဲ အုပ်နီဂဲနဲ့ ဝိုင်းမထုကြမယ်လို့
    အာမခံနိုင်ကြမလား 👿
    ( ဗျောင်းဗျန်တွေးရရင်တော့
    ဝံဂျီးဂဝံဂျီးဘဲ ပျီသူတွေရဲ့ ကိုယ်မလိုတိုင်း ရန်မမူတတ်တဲ့သဘောလည်းစိပေသပေါ့
    တစ်ခုစိဒါကလည်း သူတို့ရဲ့ မဲနယ်မြေတွေမှာတော့ ဒီလိုဘဲသွားလာကြတာဘဲ
    ဥပမာ ထိုင်းနိုင်ငံမြောက်ပိုင်း ကလားနယ်တွေသွားရင် စစ်တပ်ကြီးပါ မ ပြီးသွားရပေသပေါ့ )
    အထူးပြောခြင်တာက ကျုပ်ပြောတာ မကျေနပ်ကြရင်
    သဂျီးကိုဝိုင်းဘန်းကြ
    သူဘဲမြှောက်ပေးတာ ဘယ်သူနဲ………………….မှမတူပါနဲ့ဆိုလို့ :mrgreen:

  • Mr. MarGa

    December 25, 2012 at 10:42 am

    တစ်နေ့နေ့တော့ မြန်မာပြည်က လူကြီးလူကောင်းတွေလဲ အဲလို လာလိမ့်မပေါ့
    အခုတော့ စောင့်ပါဦး

  • P chogyi

    December 26, 2012 at 9:20 am

    တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုတွေရှိလာရင်
    ဒီလိုမျိုးအခြေအနေတွေတွေ့ရမှာပါ။

  • မဟာရာဇာ အံစာတုံး

    December 26, 2012 at 12:00 pm

    ကျုပ် သမဒဂျီး ဖြစ်တဲ့အခါ
    ဒီလူမျိုးတွေ လျောက်သွားပစ်မယ်လို့
    တွေးလိုက်မိသေးရဲ့ …. :mrgreen:

  • မင်းနန္ဓာ

    December 26, 2012 at 12:11 pm

    အဲဒါ မရင်လတ်
    ကျုပ် မြည်းဖို့ မှိုကဇွန်းနဲ့ ငါးကြော်လုပ်ပေးအုံး ခိုင်းလိုက်တာ
    နှစ်သစ်ကူး အထူးလျှော့ဈေးဆိုလို့ အခွန်လွတ်ဈေးမှာ အသီးအရွက် နဲ့ ငါးထွက်ဝယ်တဲ့ ပုံတွေမလား..
    :harr:

Leave a Reply