ငယ်သူပေမို့

အေတြးေလးJanuary 2, 20131min2728

သားသူု မင်း ဒီစာတွေကဘာတွေလဲ “
မေမေ၏မေးလိုက်သံ ။ ကျတော် လန့်သွားရတယ်ရုတ်တရက်ကြီးမေမေ ဘာဖြစ်လို့မေးတာပါလိမ့် ။ဧကန္တမေမေ ကတော့ ကျတော်ကို မမိုင် ပေးထားသောစာတွေကိုတွေ့သွားခဲ့သည်ထင်ပါရဲ့ ….။ကျတော် ဘယ်လိုဖြေရှင်း ရပါ့ မလဲ။မေမေက ကျတော်ကို မိန်းကလေး ကိစ္စနှင့်ပတ်သတ်လျှင်ဘယ်တုန်းကမှအလိုမလိုက်ခဲ့ပေ။ကျတော် က ဆယ်တန်းကျောင်းသားသာ ရှိသေးတာကြောင့်ရည်းစားသနာထားမှာကိုမလိုလားခဲ့ ခြငိ်းလည်းဖြစ်ပေလိမ့်မည်။ကျတော်ဘယ်လိုဖြေရှင်းရမယ်မသိခင်မှာပင်မေမေကသူ့လက်ထဲကစာရွက်ထပ်ကြီးကိုကျတော်ရှေ့မှာအပုံလိုက်ပစ်ချလာသည်။ကျတော် ဇောချွေးများပြန်လာသည်။မေမေကိုညာလို့ရမည်မဟုတ်အမှန်တိုင်းပြောရင်ရောမေမေကယုံမှာတဲ့လား။ကျတော်မေးခွန်းတွေနှင့် ချာချာလည်နေမိသည်။ကြောက်စိတ်နှင့်အတူ စိတ်ကအတိတ်ဆီသို့…….။
ကျတော်တို့ ရတနာမောင်လူငယ်အဖွဲ့သည် ရပ်ကွက် ၏သာရေးနာရေး များတွင် လုပ်အားဖြင့် တတ်နိုင်သလောက် ကူညီ ကြရသည်။လူငယ်အဖွဲ့ဆိုသည်နှင့်အညီ အဖွဲ့ထဲတွင် တဝက်လောက်က  လူငယ်များသာပင်။လူငယ်များထဲတွင်  (၇)တန်းမှသည် ကျတော်တို့ (၉)တန်း အထိပါဝင်ခဲ့ကြသည် ။လူငယ်များဖြစ်သော်လည်း  အလုပ်ကိုမညီးမငြူခဲ့ကြပါပဲ နှင့် လုပ်စရာရှိလျှင်လည်းတတ်ညီလက်ညီ စားစရာရှိလျှင်လည်းတတ်ညီလက်ညီ နှင့် စည်းလုံးပျော်ရွှင်စွာနေလာခဲ့ ကြပေသည်။ကျတော်သည်လည်း မေမေက စာကိုထိခိုက်မည်စိုး၍အတန်တန်တားနေသည့်ကြားမှ ထိုအသင်းကိုဝင်ခဲ့သည်။ဒီလိုနှင့် ကျတော်တို့     ရပ်ကွက် သည် ဥပုဒ်နေ့မရောက်ခင် အဖိတ်နေ့တိုင်းတွင် ဆွမ်းဆန်စိမ်းအလှူခံသော ဓလေ့ရှိရာ  တစ်ခုသော အဖိတ်နေ့တွင်ကျတော်တို့ ရတနာမောင် အဖွဲ့နှင့် တာဝန်ကျမိန်းကလေးဓမ္မစကြ်ာအဖွဲ့တို့ရပ်ကွက်ထဲတွင် အလှူခံပြီးနောက် ဘုန်းကြီးကျောင်း တွင် ရေနွေးသောက်နေစဉ် သူငယ်ချင်းများ၏ မိတ်ဖွဲ့ပေးမှုကြောင့် ကျတော်နှင့် မမိုင် ခင်မင်ခဲ့ကြခြင်း ပင်…….။
ွဒီလိုနှင့် ကျတော်နှင့်မမိုင်တို့တစ်ယောက်နှင့်တစ်ယောက်သံယောဇဉ်တွေတွယ်ခဲ့ရာမှာ တစ်ယောက်နှင့်တစ်ယောက်မတွေ့ရလျှင် စာနှင့် အဆက်အသွယ်လုပ်ခဲ့ကြသည်။ကျတော် တို့၏စာများကို  တဆင့် ဆက်သွယ်ပေးသူကတော့   မမိုင်နှင့် မိတ်ဆက်ပေးခဲ့သော  ကျတော်၏ သူငယ်ချင်းနေဆန်းပင်။
“အကို သူရိန်  မမိုင်ကစာပေးခိုင်းလိုက်တယ်။”
ကျောင်း ရောက်လျှင်  ကျတော်နေဆန်းနိုင်ကိုမျှော်ရသည်။ မမိုင်လေး၏ ဘာများမှာလေမလဲ ဆိုသည့်အတွေ းကြောင့်ပင် ဖြစ်သည်။သူကစာလာပေးရင်  ကျတော်က”အေးကျေးဇူး နော်ညီ  မမိုင်လေးကို   ကိုသတိရတယ်လို့ပြောလိုက်ပါ။”ကျတော်ကစကားပြန်လိုက်သည်။ကျတော်တို့ စာတွေအပြန်အလှန်ပေးကြပေမယ့် ကျတော်နှင့် မမိုင်ကြားမှသံယောဇဉ်က  ၅၂၈  သာပင် ဖြစ်ပေသည်။သို့သော်…………ကျတော်  (၁၀)တန်းရောက်လာသည့်အချိန်တွင်တော့် ကျတော့ရင်ထဲက သံယောဇဉ်က  အရောင်ပြောင်းလာခဲ့သည် ။သူငယ်ချင်းတွေက  ဘုန်း ကြီးကျောင်းသို့ရောက်ရင်  ဝိုင်း စကြသည် .မေးကြသည်။
“မမိုင် နဲ့မင်းနဲ့ကဘာလည်းတဲ့”ဟုတ်တယ် ကျတော်နှင့်မမိုင်ကဘာလည်း  ကျတော်လည်းဒါကိုသိချင်နေ မိသည် ။ကျတော်သိချင်နေသည့်မေးခွန်း ကျတော်ကိုယ်တိုင်အဖြေမသိသည့်မေးခွန်းကိုမှသူငယ်ချင်းတွေက ကျတော့ကိုမေးလာ သည်  ။ကျတော်လည်း မချိ ပြုံးနှင့်ပင်ပြန်ဖြေလိုက်ရသည်.။
“ဘာမှမဟုတ်ပါဘူးကွာ  ရိုးရိုး ခင်တာပါ ”
‘ဒီလိုဖြေလိုက်တော့ သူငယ်ချင်းတွေက ကျတော်စိတ်ကိုနား လည်သလိုနှင့်  အပြုံးလေးတွေနှင့် နှစ်သိမ့်ကြသည်။ သို့သော်…..သူတို့ပြောလိုက်သောစကားတစ်ခွန်းက ကျတော်ရင်ကိုကျဉ်ခနဲ ခံစားလိုက်ရ သည်။ သူတို့ပြောတာက  …………
“မမိုင်မှာ ရည်းစား ရှိတယ်”တဲ့။
“ဟဲ့သားသူ မေမေ မေးနေတယ်လေ ဘာတွေစဥ်းစားနေတာလဲမေမေ့ကို လိမ်ဖို့တော့မစဉ်းစားနဲ့နော် မေမေ လိမ်တာကို မုန်းတယ်ဆိုတာကို သား သိပါတယ်”
မေမေ့အော်သံကြောင့် ကျတော် ပြန်၍ လွင့်နေသောစိတ်တွေကို စုစည်းလိုက် ပြီး မေမေကလည်း အဲဒါ မမိုင်ပေးထားတဲ့စာတွေလေ”
ကျတော်မေမေကိုအမှန်တိုင်းပြောလိုက်သည်။ ကျတော်မပြောလည်းမေမေကသိနှင့်နေမှာအမှန်ပင် ဖြစ်ချေလိမ့်မည်။ကျတော်နှင့်မမိုင်သတင်းက အမှန်တွေမဟုတ်ပေမယ့် ကျောင်းမှာရော ရပ်ကွက်မှာပါ ပျံ့နေသည်။ဒါကိုမေမေရော ဖေဖေရောသိ နေ၍ ကျတော်ကို အသင်းထဲက ထွက်ခိုင်းသွားပြီးဖြစ်သည်။ကျတော်ကလည်း ပညာရေးကိုရော မိဘတွေ၏ ဆန္တကိုပါ ငဲ့၍ အသင်း ထဲမှ မထွက်ပေမယ့် အသင်းနှင့်ဆိုင်သော လုပ်ငန်းများကို (၁၀)တန်းနှစ်တွင်လိုက်မလုပ်ရန်ကတိပေး ထားခဲ့ရသည်လေ။အခုမှ ဒီစာတွေကိုမေမေက တွေ့သွားတာမို့ မမိုင်နှင့် ကိစ္စကတစ်စခန်းထလာပြန်သည်။မေမေက
“သားသူ သား မှန်မှန် ပြောနော် ဒီမိန်းကလေးနဲ့သားနှင့်ကဘာတွေလဲ”
မေမေ ကမေး လာပြန်လေ သည် ဒါ ကျတော်သိချင်နေသောမေးခွန်း ကျတော်မေမေကိုပြန်ဖြေလိုက်သည်။
“မေမေ သားလေ….. သားသူ့ကိုချစ်နေတာမေမေရဲ့ ဒါပေမယ့်လေ သူကသားကိုဘယ်လိုသဘောထားလဲဆိုတာကိုသားမသိရသေးဘူးမေမေ ရယ်” ကျတော် စကားလုံးတွေက လည်ချောင်း ဝမှာတင်ပျောက်သွား သည်။တကယ်တမ်းကျတော်ပြောလိုက်မိတာက ………….
“ဘာမှမဟုတ်ပါဘူး မေမေ ရယ် သူငယ်ချင်းလိုခင်တာပါ”
ကျတော်ဆိုလိုက်တော့မေမေ့ မျက်နှာ တင်းမာ သွားပြီး ………….
“မင်းမညာနဲ့သားသူ သူငယ်ချင်းဟုတ်လား သူ ငယ်ချင်းလို ခင်ရအောင် မင်းတို့နှစ်ယောက်ရဲ့အသက်က ဘယ်လောက်ကွာ လဲဆိုတာမင်းသိတယ် ။နောက်ပြီး သူငယ်ချင်းလို ခင်တာပါဆိုရင် မင်း တို့ ရဲ့ဒီစာတွေကဘာလည်း…..”
“…………………………………..”
“မမိုက်ချင်စမ်းပါနဲ့သားငယ်ရယ်  မင်းအသက်က အခုမှ (၁၇)နှစ်တောင်မပြည့်ချင်သေးဘူး နော်။ မင်းအကိုကိုအတုယူစမ်းပါ မင်းအကို အသက် နှစ်ဆယ် သုံး ပြည့်တော့်မယ် အခု ထိ ရည်းစားရှိတယ်လို့များ ငါ့သားကြားဖူးလား  မင်းအကိုကမင်း ကျောင်း အတွက်ရှာပေးနေရတာ မင်းကိုဦးစားပေးနေလို့  ရည်းစားတောင်ထားရှာတာမဟုတ်ဘူး  မင်းအကို ကိုငဲ့တဲ့အနေနဲ့ရော မိဘစကားကိုနားထောင်တဲ့အနေနဲ့ပါ စာကို ပဲ ကြိုးစားပါလားကွယ်။”
ကျတော့်မှပြောစရာ စကားမရှိတော့ပေ မေမေ့ စကားကို လည်းနားထောင်ချင်သည်။ဒါကြောင့် ကျတော် မမိုင်လေးကို အဆက်အသွယ် မလုပ်တော့ ပါ ဘဲနှင့် စာက်ို သာကြိုးစားလာ လိုက် တာမို့ ဆယ် တန်းကို  ဂုဏ်ထူးမပါပေမယ် ့ အမှတ်ကောင်းကောင်းနှင့်အောင်မြင်ခဲ့သည်။အမှတ်ကောင်းသော်လည်း  မိဘအခြေနေအရ အဝေးသင် သာ တက်ရန်ဆုံးဖြတ်လိုက်သည်။သူငယ်ချင်း များ က ဗိုလ်သင်တန်းလျှောက် ရန် တိုက်တွန်းကြတာမို့ကျတော်နှင့် ကို ချစ်  ၊ကောင်းတို့သုံးယောက်   ဗိုလ်သင်တန်းဖြေ ကြသည်။ူကံကြောင့် လား မသိ  ကျတော်တို့သုံးယောက်လုံး  ဝင်ခွင့် စာမေးပွဲ ကျသည်။ကျတော် ဝမ်းမနည်းမိတာတော့အမှန်ရယ်ပါ။ ဒီလိုနှင့် ကျတော်လည်း အဝးသင်ဆက်တက်ရန်  ပိုက်ဆံ စု ဖို့ အလုပ်လုပ်ရတော့ သည်။ လားရှိုုူးရှိ ဦးလေးတစ်ယောက်တစ်ယောက်ဆိုင်မှာ  အလုပ်ဝင်လုပ်ပြီး  ပိုက်ဆံစုနေ ရင်းမမိုင် အပါ အဝင် အရာအားလုံးကိုမေ့နိုင်အောင် ကြိုးစားနေလိုက်သည်။ဒီလိုနှင့်မေဂျာတွေကျတော့ကျတော် ရတနာပုံတွင် အင်္ဂလိပ်မေဂျာကိုတက်ခွင့် ရခဲ့သည်။ ကျောင်းတက်ချိန်ရောက်၍ အိမ်ပြန်လာချိန် တစ်ခုသော ညနေခင်း ဝယ်  နေဆန်း နှင်းလမ်းမှာ အမှတ်မထင် ဆုံမိသည် ။ကျတော် ဒီမြို့ကသူငယ်ချင်းတွေအားလုံးကိုမတွေ့လို၍ရှောင်နေခဲ့ပေမယ့် ။မရခဲ့ကံကြမ္မာကြောင့်လား ကျတော် ကိုခံစားမှုတွေကိုပြန်ပေးမယ့် ညနေချိန်မှန်းသိခဲ့ပါလျှင် ကျတော်အပြင်ကိုထွက်လာမည် မဟုတ်ပါ အခုတော့ သူ ငယ်ချင်းလေးကပြောလာသည်။
“ကိုသူရိန် နေနိုင်လိုက်တာနော် ပြန်ရောက်တာကျတော်တို့ဆီကိုတောင် မလာဘူး မမိုင်  ကကိုသူရိန်ကိုတွေ့ချင်လို့တဲ့ တနင်္ဂနွေနေ့ကို အိမ်လာခဲ့ပါတဲ့ ”
ကျတော် ဘာပြန်ပြောရမလဲ  ကျတော်သွားရမှာလား  ဘယ်လိုလုပ်ရမလဲ အမှန်တိုင်းပြောရလျှင်ကျတော်သွားချင်မိသည်။မမိုင်ကိုတွေ့ချင်မိသည်။တစ်နှစ်လုံးမေ့နိူင်အောင်ကြိုးစားခဲ့ပေမယ့် ကျတော်သူ့ကိုမေ့မရခဲ့ပါ။နေဆန်းကိုပဲ ကျတော်တိုင်ပင်ရတော့မည်..
“နေဆန်းငါ ဘာလုပ်ရမလဲ ငါ သွားရမလား ပြောပါအုံးကွာ  ငါမစဉ်းစားတတ်တော့ဘူးကွ ငါလေ သူ့ကို…..”
ကျတော် စကားတွေဆွံအသွားခဲ့ရသည်။နေဆန်းက  “သူ့ကိုဘာဖြစ်လဲကိုသူရိန်  ….ပြောလေ”
“………………”
“အင်း ကျတော်နားလည်ပါတယ်ကိုသူရိန်ရာ အသက်ချင်းကွာနေလို့မဟုတ်လား  ဘာဖြစ်လဲကိုသူရိန်ရာ အချစ်မှာအသက်အရွယ်ဆိုတာကိုထည့်တွက်ဖို့လိုလို့လား   ကိုသူရိန်ကဒီလိုပဲ ကြိတ်ပုန်းလုပ်နေရင်မမိုင်ကရော  ဘယ်လိုသဘောထား မလဲ  ကျတော်ကတော့ မမိုင်လည်း ကိုသူရိန်ကိုချစ်နေတယ်လို့ထင်တယ်”
ကျတော်အံ့ဩသွားရသည် ကျတော်ထက်အသက်ငယ်သော နေဆန်းက အချစ်ဆိုတာကိုယုံကြည်လက်ခံနေပါလား   ကျတော်ကရောဘာလို့ အချစ်က်ိုသတိ္တ ရှိရှိလက်မခံနိုင်သေး တာပါလိမ့် ………………
“နေဆန်းရယ် အချစ်မှာ အသက်အရွယ်နဲ့မဆိုင်ဘူးဆိုရင်တောင် တစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင်ရောသူက ငါ့လိုသူ့ထက် ငါးနှစ် ခြောက်နှစ်လောက်ငယ်တဲ့  သူကို စဉ်းစားပါ့မလား  သူကတကယ်လို့ ငါ့ကို ချန်ထားခဲ့ရင် ငါ ပဲ ကျန်ခဲ့ရမှာ ကွ  နောက်ပြီးသူ့မှာက ….သူ့မှာက”.
“ဘာလည်းသူ့မှာ ရည်းစားရှိတယ်လို့ပြောမလို့လား  အဲဒါကိုထည့်စဉ်းစားနေသေးလားအကိုရာ  ဘာဖြစ်လဲ ရည်းစားရှိတာပဲ ယောက်ျားရှိတာမှမဟုတ်တာ  နောက်ပြီးသူကိုယ်တိုင်က  သူ့ရည်းစားထက်  အကိုကိုပိုချစ်လို့ ပိုသံယော ဇဉ်ရှိလို့လက်ခံခဲ့မယ်ဆိုရင်ရော”
“တော်တော့ နေဆန်း   မင်းအဲလိုတော့မပြောပါနဲ့ကွာ သူ့ရဲ့ စိတ်ရင်းအမှန်ကိုမသိရသေးပဲနဲ့ငါတို့ ကိုယ့်ထင်ကြေးနဲ့ကိုယ်တွက်နေရင်တော့မှားသွားမှာပေါ့ သူ့အတွက်လည်းမကောင်းသလို  ငါ့အတွက်လည်းမကောင်းပါဘူးကွာ  အေးသူကအိမ်ကိုခေါ်တာမို့လားငါသွားလိုက်မယ်  မင်းကိုလည်းနှုတ်ဆက်ပါတယ် တနင်္ဂလာနေ့ဆိုရင်ငါ ကျောင်းသွားရတော့မှာ လေ သွားပြီ  ညီလေး”
နေဆန်း က ကျတော်ကို  နားလည်မှုရှိစွာ လက်ပြနှုတ်ဆက်နေခဲ့သည်။
ကျတော် မမိုင်ချိန်းသည့်နေ့တွင်သူ့အိမ်ကို စော စီးစွာ ရောက်သွားခဲ့သည် ။မမိုင် တို့အိမ်နားရောက်တော့  မသူဇာဆိုသော မမိုင်၏အမဝမ်းကွဲ က”
ဟော မရဲ့မောင်လေးပြန်ရောက်နေတာလား  မင်းမမကတော့ မရှိဘူုးထင်တယ်နော် ဟင်းဟင်း”
ထိုစကား၏အဓိပ္ပါယ်ကိုကျတော်ကောင်းကောင်းနားလည်သည် ။ကျတော်လည်း ပညာတတ်သင့်သလောက်ရှိတဲ့လူငယ်တစ်ယောက် ခေ တ်လူငယ်တစ်ယောက် မို့ ဘယ်လိုစကားက ဘယ်လိုအဓိပ္ပါယ်ဆိုတာကိုတော့စဉ်းစားတတ်ပါသည်။ကျတော်မသူဇာ၏ စကားကိုအလေးမထားသလို မချိပြုံးလေးပြုံးပြရင်းမမိုင်အိမ်သို့ ဆက်သွားလိုက် သည် ။ထိုအိမ်ရောက်တော့ မမိုင်အမေက “လာလာ သားသူ  မင်းအမကတော့ မရှိဘူး တဲ့ “ကျတော်ရင်ထဲ နင့် ခနဲ ခံစားလိုက်ရသည်။”မရှိဘူးတဲ့လားမမိုင်ရယ်” အိမ်လာဖို့ချိန်းခဲ့တာက ကျတော်မှမဟုတ်တာ မမိုင်ကျတော်ကိုဘယ်လိုသဘောထားတာလဲ  မမိုင်လုပ်ချင်သလိုလုပ်လို့ရတဲ့အရုပ်တစ်ရုပ်လိုလား  ဒါမှမဟုတ် မမိုင်လုပ်သမျှကို ခေါင်းလေးငုံ့ပြီးနေနေမယ့်ကလေး တစ်ယောက်လိုလား  ရတယ် မမိုင်  မမိုင်က်ိုကျတော်ချစ်နေမိလို့ ဒီလိုခံစားရတာကိုကျတော်ခံစားနိုင်ရမှာပေါ့။ကိုယ့်အသက်အရွယ် နဲ့ မညီတဲ့ မမိန်းမတစ်ယောက်ကိုမမိုင်ဆိုတဲ့နာမည်လေးသိရုံလောက်လေးနဲ့ ရူးရူးမူးမူး ချစ်နေတဲ့ကောင်လေးတစ်ယောက်အတွက် ဘယ်လောက်နင့်သီးစရာကောင်းတဲ့ ဆက်ဆံမှုမျိုုးကိုမဆိုခံစားနိုင်ရမှာပေါ့…….။
ဒီလိုနှင့်နောက်နေ့မနက်တွင်ကျတော် အဝေးသင်စာမေးပွဲအတွက် ကျူရှင်တက်ရတော့မှာမို့ မန္တလေးကို ဆင်းခဲ့သည်  ။ကျောင်းတက်ချိန်တွင်သူငယ်ချင်းအသစ်တွေနှင့်ပျော်လိုက် ရွှင်လိုက် စာတွေကျက်လိုက်နှင့် အရာအားလုံးကိုကျတော်မေ့နေလိုက်သည်။စာမေးပွဲပြီး လျှင်အိမ်ပြန်ရမည်ကို မတွေးချင်လောက်အောင် ကျတော် ပျော်နေမိသည်။ဒါကြောင့်မို့ စာမေးပွဲနောက်ဆုံးနေ့ တွင် ကိုရဲရင့်ကို မန္တလေးတွင် အလုပ်တစ်ခုလောက်ရှာပေးရန်အကူအညီတောင်းခဲ့ပြီး ပြင်ဦးလွင်ကိုပြန်လာ ခဲ့သည်။ပြင်ဦးလွင်ကိုရောက်တော့ကျတော်စိတ်တွေက မမိုင်ဆီကို ပေါ့……။တိုက်ဆိုင်စွာပင် ကျတော် ပြင်ဦးလွင်ကိုရောက်ခဲ့ချိန်နှင့် ပြင်ဦးလွင်မြို့၏  ပျော်စရာအကောင်းဆုံးပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် နှင့် တိုက်ဆိုင်နေခဲ့သည်။ထိုတန်ဆောင်တိုင်ည သည်လည်းကျတော်ကို ခံစားမှုတွေကိုပြန်ပေးမည်ဟုသိခဲ့ပါလျှင်…………။ကျတော် မေမေတ်ို့နှင့်အတူ တန်ဆောင်တိုင်ပွဲတော်ကို ခြေလျှင်လျှောက်လာခဲ့ ကြရင်း နှင့် မေမေ နှင့် ဖေဖေတို့မီးပုံပျံကြည့်နေစဉ်ကျတော်က နေဆန်းနိုင်တို့ ပွဲခင်းဈေးမှာ ဈေးရောင်းနေသည်ဟု ကိုကိုကြီးကပြောထားသဖြင့် ကျတော်ပွဲခင်းထဲတွင်လိုက်ရှာနေမိသည်။ထိုအချိန်တွင်ကျတော် မြတ်မြတ်နိုးနိုးနှင့်မှတ်မိနေသော မျက်နှာတစ်ခုကိုမြင်လိုက်ရသည်။ဟုတ်တယ်  ဆံပင်ရှည်ရှည် အရပ်ကမတိုမရှည်နှင့် ကြည့်ကောင်းလောက်ရုံ မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းလွန်းလှသောမျက်နှာလေး  ဒီမျက်နှာကိုကျတော် ဘယ်လိုအချိန်မှာပဲတွေ့တွေ့မှတ်မိသည်။ဟုတ်တယ်ဒါ ကျတော်ချစ်ရတဲ့ကျတော့်ချစ်သူမမိုင်ရယ်ပါ။
“မမိုင်   မမိုင် ” ကျတော် စိတ်တွေက်ိုမထိန်းချုပ်နိုင်စွာ  စည်ကားလှသောလူအုပ် ကြားတွင် ချစ်ရသူလေးကိုလိုက်ခေါ်နေမိသည်။သူကြားသွားပြီ  ……..ဟုတ်တယ်သူကြားသွားပြီ  သူရုတ်တရက်ရပ်တန့်လိုက်ပြီး ကျတော်ကိုလှည့်ကြည့်လာသည် ။ကျတော်ဝမ်းသာလို့မဆုံးခင်မှာပင်  မမိုင်မှာလူအုပ်ကြီး၏တွန်းတိုက်မှုကိုမခံနိုင်တော့ဘဲ  ပြန်ပါသွားသည်။
“မောင်လေး သူရိန် ဒီတစ်ပတ်တနင်္ဂနွေနေ့  မအိမ်ကိုလာခဲ့နော်။”
ပြောပြောဆိုဆိုနှင့် ပင်ချစ်ရသူလေးမှာလူအုပ် ကြီး ကြားမှ ပျောက်သွားခဲ့လေပြီ။ တနင်္ဂနွေ တဲ့ ချိန်းလိုက်ပြန်ပြီလားမမိုင်ရယ်  ……။ကျတော်သက်ပြင်းမောကြီးကိုချလိုက်မိသည်။
ဒီလိုနှင့် တန်ဆောင်တိုင်ပွဲ ကြီးလည်း ပြီးသွားခဲ့သည်။ကျတော် တနင်္ဂနွေနေ့ကိုရောက်ဖို့ အတွက်ကိုရင်ခုန်နေမိသည်။သောကြာနေ့တွင်  ကိုရဲရင့်အောင် က အလုပ်ရှာပြီး လျှှောက်လွှာတင်ပေးထာုးတာမို့ အင်တာဗျူူးဖြေရသည်။လုပ်ရမည့် အလုပ်က စက်ကြီးမောင်း သင် ၊သွားလုပ်ရမည့်နေရာကဖားကန့်မြို့  ၊ ကျတော်စိတ်ဝင်အစားဆုံးအလုပ်ဖြစ်ပြီး  ကျတော်သွုားချင်သောဒေသတစ်ခုဖြစ်သည့်မြန်မာနိုင်ငံ၏ရတန ာမြေတစ်ခုလည်း ဖြစ်သော ကျောက်စိမ်းမြေ  ဖားကန့်ပင်တည်း။ကျတော်ကံကောင်းစွာပင်အလုပ်ရခဲ့သည်။သွားရမည့်ရက်က နောက်တစ်ပတ် အင်္ဂါမို့ ကျတော် ဝမ်းသာသွားသည်။ကျတော်၏မြို့နှင့် အဝေးဆုံးကိုသွားရမှာမို့လည်းပို၍ ပျော်နေမ်ိသည်။
တနင်္ဂနွေနေ့တွင် ကျတော် မမိုင်တို့အိမ်ကို သွား၍ နှုတ်ဆက်မည် ဟု စိတ်ကူးပြီးနောက် မမိုင်တို့အိမ်ကိုထွက်လာခဲ့သည်။မမိုင်အိမ်ရောက်တော့ မမိုုင်အမေက
“ဟောသားသူ မင်းအမကတော့လေမင်းကိုအားနာနေလေရဲ့ သူ့အလုပ်က ကျောင်းဆင်းပွဲနီးနေလို့နားလို့မရလို့တဲ့အဲဒါ တွေ့ချင်ရင် သူ့အလုပ် ထဲကိုလာခဲ့ပါတဲ့”
ကျတော် ဘယ်လိုလုပ်ရမလဲ သူခေါ်တိုင်းလာမိတယ် လာတိုင်းလဲသူကရှိမနေတဲ့မိန်းမတစ်ယောက်ကိုမှ စွဲလမ်းနေမိသည့် ကျတော်စိတ်ကိုကျတော် နားမလည်နိုင်တော့ပေ။ကျတော် ဘာဆက်လုပ်ရမလဲ  ………..။သက်ပြင်းကိုအခါခါချမိသည်။နောက် မမိုင်  အမေကို  ပြန်ပြုံးပြရင်း
“ဟုတ်ကဲ့အန်တီကျတော်လိုက်သွားလိုက်ပါမယ်”
အန်တီက်ို ကျတော်နှုတ်ဆက်ပြီး  လေးကန်စွာပြန်လာခဲ့သည်။ဖြစ်နိုင်ရင်ကျတော်လမ်းပင်မလျှှောက်ချင် လောက်အောင် နွမ်းလျနေတာအမှန်ပင်။မမိုင် အလုပ်ကို လိုက်သွားပြီးမမိုင်ကို ကျတော်ထာဝရနှုတ်ဆက်ရတော့မည်။ဟုတ်တယ် ကျတော်တို့တွေ ပြန်မဆုံနိုင်တော့မှာကိုကျတော် ကြိုသိနေမိသည်။မောပန်း လှစွာနှင့်ကျတော်လမ်းလျှောက်လာစဉ်လမ်းတွင်
“ဘယ်လိုလဲ မရဲ့မောင်လေး ပါလား မင်း ရဲ့မကမရှိပြန်ဘူးဟုတ်။မင်းကဇွဲကောင်းသားပဲ  ဇွဲဆုတော့ရသင့် တာပေါ့နော် ဟင်းဟင်း……… မင်းမမက အိမ်ထောင်ပြုတော့မယ်ဆိုတာကို မင်းမသိသေးဘူးထင်တယ်။မင်းမမကမပြောဘုူးလား”
ဘယ်လို မမိုင်က အိမ်ထောင်ပြုတော့မယ်ဆိုပါလား……။အို ဘာပဲဖြစ်ဖြစ် ငါနဲ့သူကဘာဆိုင်တာမှတ်လို့ငါသွားတာသူ့ကိုသွားနှုတ်ဆက်ဖို့ သက်သက်ပဲ။ကျတော်အတွေးနှင့်ကျတော် မမိုင်ဆီကိုလာ မိသည်။
မမိုင်ဆီကိုရောက်တော့ မမိုင်ကကျတော်ကိုမြင်သည်နှင့်
“ဟော မောင်လေးသူရိန်ပါလား  ဆောရီးနော်မောင်လေး မမ  အလုပ်ကအရေးကြီးနေလို့မင်းကိုချိန်းထားပြီးစောင့်မနေမိဘူး”
ကျတော်မဲ့ပြုံးလေးတစ်ခုကိုဖန်တီး ရင်း
“ရပါတယ်မရယ် ကျတော်ပြသနာမရှိပါဘူး  ဟင်း…မသူဇာရဲ့ခနဲ့တဲ့စကားတွေကို ကြားရတာကလွဲရင်ပေါ့    ဒါလည်းကိစ္စတော့မရှိပါဘူး ကျတော်အပြစ်နဲ့ကျတော်ပါ။”
ကျတော်ဆိုလိုက်တော့ မမိုင်က  မချိပြုံးလေးပြုံးပြရင်း
“မင်းမသိလို့ပါမောင်လေးရယ် ခနဲ့ခံရတာမောင်လေးတစ်ယောက်တည်းမဟုုတ်ပါဘူး  သူဇာနဲ့မမက အိမ်နီးချင်းဆိုတာကို သိတယ်ဆိုရင် မ  ဘယ်လိုစကားတွေကို ကြားနေရမယ်ဆိုတာကိုမင်းနားလည်မှာပါ။”
နားလည်ရမယ်ဘာကိုလည်းမမရယ် ကျတော်လိုအိမ် မိဘတွေကတစ်မျိုးအကိုကဖုန်းနဲ့တစ်မျိုးတားနေတဲ့ကြားကမမိုင်ဆိုတဲ့ကျတော်ထက်အသက်ကြီးတဲ့သူကိုမှစွဲလမ်းနေတဲ့ကျတော်အတွက်ရောမမထည့်မတွက်တော့ဘူးလား။ကျတော်ဒီစကားတွေကို စိတ်ထဲကနေ အဆက်မပြတ်ပြောနေမိသည်။မမိုင် က  ကျတော့ ပုခုံးကို လုပ်ပြီး
“မောင်လေး မောင်လေးသူရိန်   ဘာတွေစဉ်းစားနေတာလဲ  ဒီမှာ      မမ  မင်းအတွက်စာလေးတစ်စောင်ရေးထားတယ်။မင်းနောက်တော့ ဖတ်ကြည့်ပေါ့။မင်းဖားကန့်သွားမလို့ဆို  မမ ကတော့မင်းကိုမသွားစေချင်ဘူး ဒါပေမယ့်  မမ  နှင့်ကဘာမှမဆိုင်တော့ မတားတော့ပါဘူး မင်းမိဘတွေကခွင့် ပြုရင်ပြီးတာပါ ပဲ  သွားတော့နော်   မမ နှုတ်ဆက်ပါတယ် မောင်လေးရယ်။”
မမိုင်က ကျတော်ကိုအပြုံးလေးနဲ့နှုတ်ဆက်ပြီး ချက်ချင်းလှည့်ထွက်သွားတယ် ။ဒါပေမယ့်  မမိုင်ရဲ့မျက်ရည်တွေကိုတော့ကျတော်မြင်လိုက်ပါတယ်။မမိုင် လှည့်သွားတော့ကျတော်လည်း
“မမ       …………….”
“……………….”
မမိုင်က ကျတော်ကိုလှည့်ကြည့်ပေမယ့်  ဘာစကားမှမဆိုပါ ငိုနေသောမျက်လုံးတွေနှင့် ပြုံးပြနေ သည်။
“ကျတော်လည်းမမိုင်ကိုနှုတ်ဆက်ခဲ့ပါတယ်။”ထာဝရပေါ့ မမိုင်ရယ်……………..ကျတော်ဒီစကားကိုတော့စိတ်ထဲကပဲပြောဖြစ်ခဲ့ တယ်  ။ချက်ချင်း  ပြန်လှည့်ထွက်လာပြီး  ဆိုင်ကယ်စက်နှိုးပြီး ပြန်လာခဲ့တော့တယ်။ရုတ်တရတ် ကျတော်ပါးပြင်ပေါ်ကို  ရေစက်လေးတွေကျလာတယ်။ဟင်…ဒါမျက်ရည်တွေလား  ငါ….ငါ ငိုနေမိတာလား မဟုတ်ဘူးငါမငိုပါဘူးငါကဘာလို့ငိုရမှာလဲ။ကျတော်စိတ်ကိုပြန်ထိန်းချုပ်ရင်း အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့မေမေတို့ကိုလည်းမတွေ့တာနှင့်  မမိုင်ပေးလိုက်သောစာလေးကို ဖွင့် ဖတ်မိသည်။စာလေးက
“သို့…………
မောင်လေးသူရိန်  မမ  မင်းကိုချိန်းထားပြီးစောင့်မနေတာကိုခွင့်လွှတ်ပါ  မမမင်းကိုစကားတွေအများကြီးပြောချင်တယ်။ဒါပေမယ့်တွေ့ရတော့မှာမဟုတ်လို့မင်းကိုစာလေးနဲ့ပဲပြောခဲ့ပါတယ်။မမမှာ  မင်းနဲ့အရမ်း  တူတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။သူနာမည်က နိုင်နိုင်တဲ့  သူနဲ့မနဲ့ကငယ်ငယ်လေးကတည်းးကကျောင်းအတူတက်ခဲ့ကြတာလေ။သူကပျော့လွန်းတယ်မောင်လေးရယ်။သူ့ကိုသူများကစရင်လည်းဘာမှ ပြန်မပြော ပြန်မလုပ်နိုင်တော့မမ ကပဲသူဖက်က ရပ်ပြီး ပြောပေးခဲ့ရတယ် ။ကာကွယ်ပေးခဲ့ရတယ်။မမတို့ ရှစ်တန်းနှစ်ရောက်တော့သူကပြောတယ်။”ငါတို့ကြီးလာရင်အတူတူနေကြမယ်နော”်တဲ့သူကအဲလိုပြောတော့မမက ဘယ်လိုပြန်ပြောလိုက်လဲသိလား “နင့်လိုအခြောက်မျိုးနဲ့တော့ အတူမနေပါဘူး”လို့ပြောလိုက်တယ်။အဲဒီအချိန်က စပြီး သူ့ကိုမမ  မတွေ့ရတော့ဘူး ။နောက်တော့စစ်ထဲဝင်သွားတယ်ဆိုတဲ့သတင်းပဲကြားလိုက်ရတယ်။နှစ်နှစ်လောက်နေတော့  သူ့အဖေနဲ့တွေ့တော့မေး ကြည့်တော့  စစ်ထဲမှာအရက်တွေ အရမ်းသောက်လို့  အသည်း ကျွမ်းပြီးသေသွားတယ်တဲ့။မမဘယ်လိုခံစားရလဲမောင်လေး တွေးကြည့်စမ်းပါ  မမ ရဲ့ စကားတစ်ခွန်းကြောင့် လူတစ်ယောက် ဆုံးရှုံးလိုုက်ရတယ်။မမလေ  မောင်လေးကိုမတွေ့ချင်လို့မဟုတ်ပါဘူး  ပွင့်ပွင့် လင်းလင်းပြောရရင်မောင်လေးကိုမတွေ့ရဲလို့ ။ဘာလို့လဲသိလား  တီလေး တို့ကပြောတယ် ” သူရိန်က  လူပျိုဖြစ်လာပြီတဲ့အရင်တုန်းကလိုမဟုတ်တော့ဘူး ပိုချောလာတယ”်တဲ့  မမလေ  အဲဒီစကားတွေကြားတော့မောင်လေးကိုမျက်နှာချင်းမဆိုင်ချင်တော့ဘူး ဘာလို့လဲဆိုတော့ မမ မောင်လေးကိုချစ်မိသွားမှာဆိုးလို့ပဲ။မမ  မှာချစ်သူရှိတယ်ဆိုတာကို မင်း လဲသိပြီးရော့ပေါ့  သူကမင်းတို့ရပ်ကွက်မှာနေတယ် ။အခုသူက မလေးရှားမှာလေ။သူကမမ ထက် အသက်နှစ်နှစ် ကြီးတယ်။မမရဲ့အနွံတာကိုလည်းခံတယ်လေ။မမ  ဘဝအတွက်အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ  မမထက်အသက်ငယ်တဲ့သူကိုမမ  မရွေးချယ်ချင်ဘူးမောင်လေး  မမထက်အသက်ကြီးတဲ့သူကိုပဲမမရွေးချယ်ရမယ်လေ   ကိုယ့်ထက်အသက်ငယ်တဲ့သူကိုယူပြီးသူ့အနွံတာကို ခံနေရမှာ      မမ  မလို ချင်ဘူးမောင်လေး    ။မမရဲ့ချစ်သူက  နှစ်လလောက်နေရင်ပြန်ရောက်တော့မယ် သူနဲ့မမ  အိမ်ထောင်ပြုတော့မယ်  ။မမတို့မင်္ဂလာဆောင်ရင်  မင်းကိုရှိစေချင်တယ်။
ရက်စက်လှချည်လားမမရယ်     မမရဲ့မင်္ဂလာဆောင်မှာကျတော်ကဘယ်လိုမျက်နှာမျိုးနဲ့ရှိနေပေးရမှာလဲ။
ကျတော်စာကိုဆက်ဖတ်လိုက်သည်။
မင်းအခုဖားကန့်ကိုသွားတော့မယ်ဆိုတော့မမ စိတ်မကောင်းဘူး မောင်လေး  မင်းဟိုရောက်ရင်ဂရုစိုက်နေပါ။အစစအရာရာပေါ့။မင်းကိုနောင်နောင်လိုဖြစ်မှာကိုမမ မလိုလားဘူးမောင်လေး။ဒါပဲနော်စာအရမ်းရှည်သွားပြီ။
မင်းရဲ့
မမိုင်..”
တဲ့
ဟား ဟား………ကျတော် စိတ်အလိုမကျစွာအော်ရယ်လိုက်မိသည်။အိမ်ထောင်ပြုတော့မယ့်မိန်းမတစ်ယောက်ကိုမှချစ်မိတဲ့  တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ယောက်ရဲ့ အသိဉာဏ်ကို ကျတော်  အံ့ဩ သည်။နောက်ပြီး  ကိုယ့်ထက်အသက်ငယ်တဲ့သူကိုဘဝအတွက်မရွေးချယ်ဘူးဆိုတဲ့မိန်းမတစ်ယောက်က ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးတစ်ယောက်ကို   ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့သည်လေ။ထိုမမိန်းမကပဲ  ကျတော်ကိုချစ်မိမှာဆိုးသည်တဲ့   လေ။အလကား သတ္တိမရှိတဲ့မမိန်းမ  အချစ်ဆိုတာ ကိုအသုံးချပြီး  သူ့ရဲ့အနွံတာခံမယ့်ယောက်ျားကို ရွေးချယ်ချင်တဲ့မမိ်န်းမ  တော်ပြီ  ။ခင်ဗျားကိုတော့ကျတော်အကြောက်ကြီးကြောက်သွားခဲ့ပြီမမိုင်။
ကျတော်သူ့အတွက်စာလေးတစ်ကြောင်းကိုရေးပြီး နေဆန်းနိုင်ဆီကိုထွက်လာခဲ့သည်။
“မမိုင်  ကျတော်ကလေ  အချစ်ကိုပဲတန်ဖိုးထားတယ် ကိုယ့်စိတ်ချမ်းသာမှုအတွက်အချစ်ကိုအသုံးချတတ်တဲ့မိန်းမ  တစ်ယောက်ကို  ကျတော်ဘယ်တုန်းကမှလည်း ချစ်ခဲ့မှာမဟုတ်သလို   ဘယ်တော့မှလည်းချစ်လာမှာမဟုတ်ပါဘူး”ကျတော်ဒီစာကိုရင်နာနာနှင့် ရေးလိုက်ခြင်းပင်။
“အကိုသူရိန်တကယ်သွားတော့မှာလား  “နေဆန်းက  ကျတော်ကိုမေးလာတော့  ကျတော်  လျော့ရဲစွာ ပြန်ပြုံးပြရင်း
“အင်းသွားတော့မယ်ညီ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုကိုယ်လုပ်ရတော့မယ်လေ။ကိုယ်ဝမ်းသာတယ်ညီ ပြီးတော့ကိုယ် ဒီမြို့နဲ့အဝေးဆုံးမှာနေချင်တယ်။နှုတ်ဆက်ပါတယ်ကွာနော်။”
ကျတာ်နေဆန်းက်ိုနှုတ်ဆက်ပြီး  ပြန်လာခဲ့သည်။သွားရမှာ အင်္ဂါနေ့ဖြစ်ပေမယ့် တစ်ညလေးတောင် ထပ်မနေချင်တော့တာနှင့်  ကျတော် မန္တလေးကို တစ်ရက်ကြိုဆင်းလာခဲ့သည်။မေမေနှင့်ဖေဖေက်ိုနှုတ်ဆက် ကန်တော့တော့မေမေက  မျက်ရည် တွေနှင့် တားရှာသည်။
“မေမေကတော့မသွားစေချင်ဘူးသားရယ်”
ကျတော်မေမေကိုစိတ်မဆငိ်းရဲစေချင်  ပေ  သို့ပေသော်လည်း …ကိုယ့်ဘဝတိုးတက်ဖို့ဆိုတာက ဘယ်သူနဲ့မဆိုခွဲသင့်ရင်ခွဲရမယ်လေ။ကျတော်ဆုံး ဖြတ်ချက်ကိုပြန်မပြင်လိုတာကြောင့် မေမေကို နှုတ်ဆက်ပြီး နှစ်သိမ့်မနေတော့ဘဲ  ဇွတ်ထွက်လာခဲ့သည်။ကျတော်ရင်ထဲမှာတော့……….”သားကိုခွင့်လွတ်ပါမေမေရယ်”
ကျတော်မျက်ရည်ကိုမနည်းထိန်းရင်း ခရီးကိုစတင်ခဲ့သည်။ထိုခရီးက ကျတော် လူ သားတွေရဲ့လောကထဲကိုခြေစုံပြစ်ရပ် ရမည့်ခရီးပင်တည်း။
ကြာခဲ့ပါပြီ  ကြာဆိုနှစ်နှစ် သုံးနှစ်လောက်ပင်ရှိတော့မည်ထင်၏။ကျတော်တတိယနှစ်စာမေးပွဲကို  ဖြေရန် မန္တလေး သို့ရောက်နေသည်။ဒုတိယနှစ် ဖြေချိန်တွင်လည်းကျတော့်မြို့သို့မပြန်တော့ဘဲမန်းလေးမှာပင်နေလိုက်တာမို့ မေမေနှင့်ဖေဖေတို့မန္တလေးမှာလာတွေ့ကြ သည်။ယခုနှစ်တွင်တော့ကျတော်  ကျတော့မြို့လေးသို့ပြန်ရပေအုံးမည်။အကြောင်းကတော့   ကျတော်စာမေးပွဲဖြေနေစဉ်  အိမ်မှသတင်းတစ်ခုရောက်လာခဲ့သည်။သတင်းကတော့  မေမေဖုန်းဆက်ပြောခြင်းပင်
“သားသူ  မင်းအကို က  သီတင်းကျွတ်ရင်  မိန်းမယူတော့မယ်တဲ့”
ကျတော်အံ့ဩ လွန်း၍  ဘာမှပြန်မပြောနိုင်တော့ပါဘဲဖုန်းကိုပြန်မပြောနိုငိ်တော့ပဲပြန်ချထားလိုက်မိသည်။ကျတော်ကိုကို ကြီးမှာရည်းစားရှိမှန်း မသိခဲ့ဘူး  ။ကြားလည်းမကြားဘူးခဲ့ချေ ။အခုတော့ကိုကိုကြီးကမိန်းမယူတော့မည်တဲ့။………………….။
ကျတော်စာမေးပွဲ  ပြီးတော့ အိမ်ကိုပြန်လာခဲ့သည်။အိမ်ရောက်သည်နှင့်ကျတော်အသိချင်ဆုံးကိစ္စတစ်ခုကို အရင်မေး ကြည့်မိသည်။
“မေမေ  ကိုကိုကြီးယူမယ့်မိန်းမက ဘယ်ကလဲဟင်”ကျတော်မေးလိုက်တော့ မေမေက ကျတော်ကို ညှိုးငယ်စွာကြည့်လာရင်း
“သူ့ ချစ်သူနာမည်က စန်းသန္တာတဲ့”
အော်ကိုကိုကြီးတောင်မိန်းမယူတော့မှာပါလား။ ကျတော်မျက်လုံးထဲမှာမဆီမဆိုင် မျက်နှာတစ်ခုကိုပြန်မြင်လိုက်မိသည်။ဪ………သူလည်း အိမ်ထောင်ကျပြီထင်ပါရဲ့………။အိုငါနဲ့ဘာဆိုင်တာမှတ်လို့  သူ့ဖာသာ အိမ်ထောင်ကျတာပဲ  ကျတော်စိတ်ထဲ ကနေထိုမျက်နှာကို ရှင်းထုတ်လိုက်ရသည်။ အော်………ပြီးခဲ့ပါပြီလေ…….။
တကယ်တော့ထိုကိစ္စမှာ ထိုမျှနှင့် မပြီးသေးကြောင်းးကိုကျတော်နောက်ကျမှသိခဲ့ရသည်လေ…။
ကိုကိုကြီးမင်္ဂလာဆောင်ကိစ္စအတွက်  ဖိတ်စာရိုက်တာ ကအစ ဈေးဝယ်တာအဆုံး မေမေနှင့်ကျတော် တာဝန်ယူလိုက်တာမို့  မအားတာနှင့်သူငယ်ချင်းတွေနှင့်လည်းမတွေ့ဖြစ်သေးပါ။နောက်မှ ဖိတ်စာသွားပို့ရင်းမှ တွေ့တော့မည်ဟုကျတော် စဉ်းစား ထားသည်။ဖိတ်စာတွေရလို့       သူငယ်ချင်းတွေဆီကို  သွားပို့တော့  နေဆန်းက
“ကိုသူရိန်ဘယ်တုန်းကပြန်ရောက်တာလဲ ကျတော်တို့ဆီတောင်မလာဘူးနော်။ဘာဖြစ်လို့လဲ အသည်းကွဲနေပြီလား”
နေဆန်းဘာကိုဆိုလိုတာကိုကျတော်နားမလည် တာမို့ ဇဝေဇဝါနှင့်
“ငါက ဘာကိုအသည်းကွဲရမှာလည်း  နေဆန်း မင်းပြောတာကိုငါနားမလည်ဘူး ”
“အေး အခုမင်းနားလည်အောင် ငါပြောပြမယ်”
ရုတ်တရတ် ကိုမောင် ရောက်လာပြီး ကျတော်ကို ရှင်းပြသည်။
“သူငယ်ချင်း  ငသူ  မင်းချစ်လှပါတယ်ဆိုတဲ့မင်းမမ  ကြီးလေ အခု  မင်္ဂလာဆောင်တော့မယ်ကွ။”
“……………………….”
ကျတော်ဘာပြန်ပြောရမှာလည်း ကျတော်ပြောဖို့စကားလုံးတွေ ရှာလို့မရတော့ ပါ။
“ဟုတ်တယ်ကိုသူရိန်  သူ သန်ဘက်ခါမင်္ဂလာဆောင်တော့မှာ..အကို တကယ်မသိသေးဘူးလား”
“ဟုတ်တယ်  နေဆန်း ငါမသိဘူး သိစရာလည်းမလိုဘူးလို့ထင်တာပဲ   မင်းတို့အခုငါ့ကိုဘာသဘောနဲ့ ဒါတွေလာပြောနေတာလည်း ငါသိတော့ရောဘာထူးမှာမို့လည်းသူငယ်ချင်းတို့ရာ မင်းတို့ငါကိုထပ်ပြီးခံစားနေမယ်ထင်ရင်မှားသွားမှာပေါ့  သူငယ်ချင်းတို့တချိန်တုန်က ငါ မိန်းမတစ်ယောက်ကို  အချစ်ကြီးချစ်ခဲ့တာမှန်မေမယ့်  အခုချိန်မှာငါ အနာကြီးနာတယ်သူငယ်ချင်း  ငါ့ဘဝမှာသူလိုမမိန်းမတစ်ယောက်နဲ့ပတ်သက်ခဲ့တာက  ငါ့အတွက်သင်ခန်းစာ  တစ်ခုလို့ပဲငါသဘောထားတယ်။ငါသွားမယ်ကွာ  ကိုကိုကြီးမင်္ဂလာဆောင်ကိုတော့  လာကြအုံးနော် ငါမျှော်နေမယ် ငါသွားပြီ”ကျတော် သူငယ်ချင်းနှစ်ယောက်ကိုနှုတ်ဆက်ပြီး  အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာဆိုင်ကယ်တွေ သုံး စီးလောက်ကိုတွေ့လိုက် ရတော့ ကျတော်  အော်…ကိုကိုကြီးသတို့သမီးဖက်က ထင်ပါရဲ့  ဖိတ်စာတွေလာ ယူတာ ဖြစ်မယ်ဟု တွေးလိုက်မိသည်။ကျတော် အိမ် ထဲကိုရောက်တော့ ကျတော့မျက်လုံးကို ကျတော်  မယုံနိုင်အောင်ဖြစ်မိသည်။
သူ……..သူ  ဟုတ်ပါတယ် ဒီမျက်နှာကို ကျတော် ဘယ်လိုအချိန်မျိုးမှာပဲတွေ့တွေ့မှတ်မိနေ အော်စွဲလမ်းခဲ့ဖူးသည်မဟုတ်ပါလား။
မေမေကကျတော်ကိုမြင်တော့  မျက်နှာ ညှိုးသွားပြီးနောက်  ချက်ချင်း  မျက်နှာကို  ပြန်ပြင်လိုက်ခါ
“ဟယ် သားသူတောင်ပြန်လာပြီ သားသူငယ်ချင်းတွေက်ိုဖိတ်ခဲ့လားသား”
“ဟုတ်ဖိတ်ခဲ့ပါတယ်မေမေ”
ကျတော် ဘယ်သူကိုမှစကားပြောချင်စိတ်မရှိတော့တာမို့  အခန်းထဲကိုဝင်ပြီးနားနေလိုက်သည်။စိတ်ထဲမှာတော့  တော်တော်မျက်နှာပြောင်တိုက်ရဲတဲ့မမိန်းမပဲ ငါ့အိမ်ကိုသူကဘာလာလုပ်တာပါလိမ့်”ဟုတွေးနေမိသည်။ဒါနဲ့ ကိုကိုကြီးယူမယ့်မိန်းမလဲ  မတွေ့ပါလား သူ မအား လို့ဒီမိန်းမလာ ယူတာ လား ကျတော် ခေါင်းထဲတွင်အတွေးများနှင့် ပြည့်နှက်နေသည်။ကျတော်ဘာလုပ်ရမလဲ……………..။
သူတို့ပြန်သွားတော့  ကျတော်မေမေ့နားကိုကပ်ပြီး
“မေမေ စောစောက သူတို့က ……..”
“အော်သားရယ်  အဲဒါ မင်းအကို ယူမယ့်မိန်းမလေ ဖိတ်စာတွေလာယူတာ သူတို့ဖက်က လူတွေကိုလည်း ဖိတ်ရအုံးမယ်မဟုတ်လား”
ကျတော် ခေါင်းထဲ  မူးနောက်သွားသည်။ဖြစ်န်ိုင်ရင်ကျတော် လေ နှင့်အတူလွင့်မျှောသွားချင်မိသည်။ဒီမိန်းမက ကျတော် အကို ယူမယ့် မိန်းမတဲ့ ကျတော်ဘယ်လိုလုပ်ရမလဲ…….ကျတော်  ……ကျတော်ဘာလုပ်ရမလဲ။

မင်္ဂလာဆောင်နေ့
မင်္ဂလာ ဆောင်သောနေ့သို့ရောက်သော် ကျတော်ကိ်ုနေဆန်း နိုင်မှ စာတစ်စောင်လာပေးသည်။
“ကိုသူရိန် ကိုမမိုင်က ပေးခိုင်းလိုက်တာပါ။မနေ့ကလာပေးသွားတာလေ။ပေးဖြစ်အောင်ပေးလိုက်ပါ အရေးကြီးတယ်တဲ့ အဲဒါကိုသူရိန် ဖတ်ကြည့်လိုက်အုံးနော် ကျတော်ပြန်တော့မယ်။”
နေဆန်းနိုင်နှင့်သူငယ်ချင်းတစ်စုပြန်သွားတော့ကျတော် စိတ်ထဲကို အတွေးပေါင်းများစွာ ဝင်လာသည်။ကျတော် ဒီစာကို ဖတ်သင့်သေးလား ဖတ်ကြည့်ရမှာလား။ကျတော်တွေးတောနေစဉ်မှာပဲ မင်္ဂလာဆောင် မှ စက်ထဲကသီချင်းလေးက
“ကိုယ်မြတ်နိုးဖူးသူရဲ့လက်နဲ့ကိုယ်တိုင်ရေးလို့ထားရှာတယ်…………………………………………………………ဒီစာကိုဖွင့်လို့မဖတ်တော့ဘူး  ……..ဒီစာကိုဖွင့်လို့မဖတ်ကြည့်တော့ဘူးကွယ်။”တဲ့  ကျတော် နေဆန်းပေးခဲ့သောစာလေးကို  လုံးချေပြီး အဝေးသို့  လွှင့် ပစ်လိုက်တော့သည်။
မင်္ဂလာဆောင်က အောင်မြင်စွာပြီးမြောက်သွားခဲ့ပေပြီ။ကျတော်နှင့် မမိုင်တို့ဇာတ်လမ်းလေးက တကယ်ပင်  အဆုံးသတ်သွားပေပြီ။ကျတော်လည်း ကျတော်လုပ်ငန်းတည်ရှိရာမြို့လေးသို့ပြန်သွားရန်မဖြစ်သေးတာမို့      လုပ်ငန်းတစ်ခုကိုရှာ၍ မန္တလေး မှာပင်နေနေလိုက်သည်။
အကယ်၍များကျတော် စာလေးကိုဖတ်ပြီး  မမိုင်လေးမှာ  အမွှာအမတစ်ယောက်ရှိသည်ဆိုတာနှင့်  မမိုင်လေးမှာ ရောဂါရှိတာမို့ကျတော့ကို မချစ်နိုင် ကြောင်းနှင့်သူမှာရည်းစားရှိသည်ဆိုပြီးလိမ်ညာပြီးနောက်……..။ကျတော် ဖားကန့်သွားရောက်အလုပ်လုပ်ကိုင်နေစဉ်မှာပင်       သူ၏ကင်ဆာရောဂါကြောင့် သူ၏ဆွေမျိုးများရှိရာ ရန်ကုန်မြို့တွင်ပင်သေဆုံးသွားကြောင်း…………….ကျတော်အပါအဝင်ကျတော်၏သူငယ်ချင်းများအားလုံးသိခဲ့ပါမူ………………………………………………။။                ။။
ကြိုးစားပါမည်။။                 ။။

8 comments

  • mamanoyar

    January 2, 2013 at 2:27 pm

    ဇာတ်လမ်းလေးအရမ်းကောင်းပါတယ်
    ဘာပဲဖြစ်ဖြစ် စာကိုဖွင့်ဖတ်သင့်တယ်လို့တော့ ထင်တာပဲ
    မမိုင်လေးသနားပါတယ်

  • မင်းနန္ဓာ

    January 2, 2013 at 2:44 pm

    ဖတ်ရှုအားပေးသွားပါတယ်..
    မိုင်လေးက ကင်ဆာနဲ့ ဆုံးသွားတယ်ဆိုတော့
    အစ်ကိုလုပ်သူနဲ့ ယူတာ မိုင်ကြီးပေါ့.. အစ်ကိုလုပ်သူကရော အမွှာရှိတာ မသိဘူးလား..

  • Mon Kit

    January 2, 2013 at 3:15 pm

    အမွှာညီအမ ဆိုပီး နာမည်လဲ ဆင်ဘူးနော်…
    စန်းသန္တာ တဲ့.. မိုင်ကြီး မိုင်လေး ဆို ဟုတ်သေး… :kwi:

  • အထွေးလေးရေ ဇာတ်လမ်းလေးကကောင်းပါတယ်ကွယ်
    အဆုံးသတ်လေးမှာစိတ်ကျေနပ်မှုသိပ်မပေးနိုင်တာလေးတော့ရှိတယ်။
    ဇာတ်တစ်ခုလုံးအချီကြီးကောင်းလာပြီးမှ ဖြစ်သလိုဆွဲသတ်လိုက်သလိုလေးဖြစ်သွားတယ်။
    ဘာပဲဖြစ်ဖြစ် ဆက်ရေးပါ..ဒီ့ထက်ကောင်းတဲ့ အရေးအသားလေးတွေပေါ်လာဦးမှာသေချာတယ်။
    စောင့်မျှော်အားပေးနေပါမယ်။
    (ဒါနဲ့ မိဘတွေနဲ့ကိုကိုကြီးက ပထမ မမိုင်ကိုမမြင်ဖူးကြဖူးလား)

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 8:31 pm

    အားပေးသွားတယ်နော်..အရမ်းလည်းကောင်းပါတယ်…..။
    မမိုင် ကိုတော့အရမ်းသနားမိတယ်……..။

  • အရီးခင်လတ်

    January 2, 2013 at 10:28 pm

    ဖတ်လို့ ကောင်းတဲ့ ရသ အလွမ်းစာလေးပါ။
    ကိုယ်သဘောကျတဲ့ မိန်းကလေး မှာ အမွှာညီမ ရှိတာတောင် မသိတာ မို့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ စွပ်ပြီးကြိုက်လိုက်သလိုဘဲ။
    လက်တွေ့မှာ ရှိနိုင်လားတော့မသိ။ 🙄

    ထောက်ပြချင်တာလေးက
    {{ ဆံပင်ရှည်ရှည် အရပ်ကမတိုမရှည်နှင့် ကြည့်ကောင်းလောက်ရုံ မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းလွန်းလှသောမျက်နှာလေး }}
    အရပ်ဆိုရင် “မနိမ့် မမြင့်” လို့ သုံးသင့်တယ် ထင်ပါရဲ့။
    :hee:

  • Shwe Tike Soe

    January 3, 2013 at 1:32 pm

    အော်နာကျင်စရာဇာတ်လမ်းလေးပါလားဗျာ..
    မမမိုင်ကလဲ ညံ့လိုက်တာ.. ကျွန်တော်သာဆို ရောဂါရှိလဲ ကိုယ်ချစ်တဲ့သူနဲ. အတူနေခွင့်ရသလောက်လေးတော့ နေသွားအုံးမှာဗျာ….. တကယ်..
    တစ်ခါတလေကျတော့ သူများခံစားရမှာဆိုးလို. ဖုံးကွယ်ထားပေမယ့် ဖုံးကွယ်ခံရသူက ပိုခံစားရတဲ့ အဖြစ်တွေရှိတယ်လေ………..

    အချစ်ကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြစမ်းဘာဗျာ……. ခိခိခိ

  • athwe lay

    January 3, 2013 at 9:34 pm

    ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ကျတော် အရေးအသားမှာလိုအပ်ချက်လေးတွေ ရှိနေတာကို ထောက်ပြပေးတဲ့အတွက်ရော ။အားပေးတဲ့အတွက်ကိုပါ။ကျတော်ရေးတဲ့အထဲမှာပါ ပါတယ်ခင်ဗျာ မမိုင်လေး ရဲ့နာမည် အရင်းကိုမသိပါဘူးလို့လေ။ ကျေးဇူးပါနော်။နောက်လည်း ဆက်ကြိုးစားသွားမှာပါ။ပိုကောင်းအောင်ပေါ့။အမှားပါရင်ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျာ။

Leave a Reply