Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှက်တတ်သူများ ဖတ်စေဖို့။

ခင္ခJanuary 9, 20131min58635

ရှက်တတ်သူများ ဖတ်စေဖို့။

 

ရှက်တတ်သူတွေလို့ဆိုရင် အမျိုးသမီးတွေ အများဆုံးဖြစ်မယ်ထင်ပါတယ်၊ သူတို့ဘာကိုရှက်တတ်တာလဲ ဆိုတာလေ့လာကြည့်ရင် အမျိုးသမီးတိုင်းလိုလို လှချင်ကြပါတယ်၊ လှချင်ပေမယ့် မျက်နှာဝန်းကျင် ဆံပင် နဲ့ အသားအရည်တွေ ပျက်စီးလို့ အလှပျက်ရင်ဘဲ ရှက်တတ်ကြတာတွေတွေ့ဖူးတယ်၊ သွားလေးတွေဝါနေလို့ ရယ်ချင်ရင် ပါးစပ် လေးကို ပဝါလေးကာရယ်ရတာတို့၊ မျက်နှာမှာ အမဲစက်လေးတွေ ပေါက်လာလို့ စိတ်ညစ် နေတာတို့ မျက်နှာ လေးချောမွတ်နေချင်တာတို့ စတဲ့ မလှမှာစိုးကာ ရှက်တတ်သူ အမျိုးသမီးများ အရှက်မရ အလှရဖို့ တစ်ချို့ အချက်လေးတွေ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်တာပါ။

သွားဖြူစင်နည်း

သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။
– သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
– အသားကိုတော့ စားလိုက်ပေ့ါနော်။
– အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
– သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
– ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။
– ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
– ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
– နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
– အားလုံးအဆင်ပြေပါစေ။

ကြက်သွန်ဖြူနဲ့ လက်သည်းအလှ

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။White oion

နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁ဝ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်း ကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ဆောင်းကာလ အေးမြစဉ် မျက်နှာပေါင်းတင်နည်းပါ။

လောကကြီးကိုအအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ… သာမန်အသားအရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်…. အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော…။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် အထူးရှာဖွေထားတဲ့ ဆောင်းရာသီမျက်နှာအထူး ပေါင်းတင်နည်းတွေပါ။

ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံ့လိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလို့ ဝမ်းသာ ရမှာပါ။

ကြက်ဥအကာ
ဒီနည်းလေးကတော့ ချွေးပေါက်ကျယ်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေအတွက် အရမ်းအသုံးဝင် တယ်လေ။ အမြှပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာကို မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေး ချလိုက်ပါ။ တင်းရင်းပြီး လန်းဆန်းကြည်လင်တဲ့ မျက်နှာလေးဖြစ်အောင် ကြက်ဥအကာက အစွမ်းပြပါလိမ့်မယ်။ လေအေးတွေ၊ နှင်းမြူတွေကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သေးတယ်လေ။

ဂျူံမုန့်
ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည် ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂ဝ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့စိုပြေဝင်းပတဲ့ မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။

ငှက်ပျောသီး
ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရ လိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်..အသား အရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့အပြင် အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ် စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာ။

ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ – ၂ ကြိမ်သာလုပ်သွားလိုက် …ဆောင်းရာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကိုပါ မေ့သွားလိမ့်မယ်နော်။

အသားအရည်ကို ဆိုးကျိုးဖြစ်စေတဲ့ အချက်လေးတွေပါ။

(၁) အမူအကျင့်

 

တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေး ကြောင်းတွေ ပေါ်စေပါတယ်။

 

(၂) နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင် ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိ တွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

 

(၃) အိပ်ရေး မဝခြင်း

 

အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

 

(၄) အချိုနှင့် အငန်ဓာတ်

 

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

 

(၅) လှုပ်ရှားမှု မရှိခြင်း

 

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်း တဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့  လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြား အတွက် အကျိုးရှိစေပါတယ်။

 

ဆံကေသာလေးတွေ လှစေဖို့ပါ။

 

(၁) ဆံနွယ်လေးများ သန်စွမ်းနက်မှောင်လှပစေရန် ငါးစားပါ။ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ မြေပဲနဲ့ သစ်ချသီးများစားပေးပါ။

အဲဒီအစားအစာတွေက သင့်ဆံပင်ကို ပိုမိုကျန်းမာစေပြီး ဆံပင်ပြတ်တာ၊ ကျွတ်တာမျိုးကို ကာကွယ်ပေးပါ တယ်။ ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီးဓာတ် (Omega-3 Fatty Acid)တွေ အပြည့်အဝပါဝင်တဲ့အတွက် ဦးရေပြားကိုလည်း အား ကောင်းစေပါတယ်။ အရွက်စိမ်းစိမ်းတွေဖြစ်တဲ့ ကိုက်လန်၊ ကန်စွန်း၊ ဟင်းနုနယ်တွေ၊ ပဲမျိုးစုံနဲ့ မုန်လာဥနီတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကလည်း ဆံပင်တွေအတွက် ကောင်းမွန်ပါတယ်။ သတိထားရမှာကတော့ တစ်ခါတလေ ပိန်ချင်ဇောနဲ့ အစား အရမ်းရှောင်တာမျိုးပါ။ သွပ်ဓာတ် (Zinc)၊ ဗီတာ မင်နဲ့ ပရိုတင်းဓာတ်ချို့တဲ့ရင် ဆံပင်တွေ မတရားကျွတ်တာ၊ ပါးပြီး ကျွတ်ဆတ်တာတွေ ဖြစ်လာပါလိမ့်မယ်။

 

(၂)ဆံနွယ်လေးတွေ တောက်ပြောင်လင်းလက်နေအောင် ကြက်သီးနွေး ရေနွေးလေးကိုပဲသုံးပါ။

တစ်ခါတလေ ရာသီဥတုအေးတာကြောင့် ဒါမှမဟုတ် ရေနွေးသုံးရင် ဆံပင်ပျော့ဆေး မြန်မြန်စင်တယ်ဆိုတဲ့ အယူအဆ ကြောင့် ရေနွေးနဲ့ခေါင်းလျှော်လေ့ရှိကြပါတယ်။ လူတွေရဲ့ဦးရေပြားကထွက်တဲ့အဆီတစ်မျိုးက ဆံပင်ကို သဘာဝအလျောက် နူးညံ့ပျော့ပြောင်းစေပြီး တောက်ပနေစေပါတယ်။ ရေနွေးသုံးစွဲခြင်းကြောင့် ဦးရေပြားမှာ သဘာဝအဆီဓာတ်ကို ခန်းခြောက်သွားစေပြီး မွဲခြောက်ခြောက်နဲ့ ကြည့်လိုက်တာနဲ့ မကောင်းမှန်း သိသာတဲ့ ဆံပင်မျိုး ဖြစ်သွားစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရင် ကြက်သီးနွေး ရေနွေးလေးကိုပဲ သုံးပါ။ ပြီးရင် ခေါင်းလျှော်တိုင်းမှာ ဦးရေပြားကို လက်ထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် သဘာဝအဆီ ထွက်လာပါလိမ့်မယ်။

 

(၃)အပူအရမ်းပြင်းတဲ့ Hair Dryer တွေ မသုံးပါနဲ့။

အပူရှိန်ပိုပြင်းတဲ့ Dryer တွေကိုသုံးရင် ဆံပင်အခြောက်ခံဖို့ ပေးရတဲ့ အချိန်နည်းသွားမယ်လို့ သင်ထင်မိနေပါ လိမ့်မယ်။ ဒါပေမယ့် Dryer တွေကို နှိုင်းယှဉ်လေ့လာချက်အရ ဆံပင်ကို ခြောက်သွေ့သွားဖို့ လိုအပ်တဲ့ အချိန် ဟာ Dryer အမျိုးအစား အကုန်လုံးအတွက် အတူတူလောက်ပဲကျပါတယ်။ မတူတာက တချို့ Dryer တွေက အသံပိုဆူညံတာပဲရှိပါတယ်။ ဒါကြောင့် Dryer ကို ဝပ်အားနည်းနည်းပဲ လိုမယ့်အမျိုးအစားကို ရွေးသုံးပါ။ (၁၅၀၀) ဝပ်လောက်က အတော်ပါပဲ။ ပြီးတော့ Dryer တွေ ခဏခဏ မှုတ်ပြန်ရင်လည်း ဆံပင်ကျွတ်နှုန်း များလာပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝ လေနဲ့ပဲ အခြောက်ခံပြီး Dryer သုံးတဲ့အခါမှာလည်း မီးအေးအေးနဲ့ပဲ မှုတ်ပါ။

 

(၄)ဆံပင်ဖြူတွေ ဆေးဆိုးတဲ့အခါ အားပျော့တဲ့ဆိုးဆေးတွေကိုပဲ သုံးပါ။

အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူလာရုံသာမက အားပိုနည်းပြီး အရှည်နှုန်းလဲ နှေးကွေးလာပါတယ်။ အဲဒီတော့ ငယ်ရွယ်စဉ်တုန်းကလို ဆံပင်သားပျက်စီးသွားတဲ့အခါ ညှပ်ထုတ်ပစ်လို့လဲ မရတော့ပါဘူး။ ဒါကြောင့် ဆံပင်ဖြူ တွေ ဆေးဆိုး မယ်ဆိုရင် ဓာတုဗေဒ အပျော့စားတွေသာ ပါဝင်တဲ့ ဆိုးဆေးကိုပဲ သုံးသင့်ပါတယ်။

 

(၅) ဆံပင်ကို ဘာမှမလုပ်ဘဲ ခဏလောက် အနားပေးပါ။

ကျန်းမာသန်စွမ်းလှပတဲ့ ဆံပင်တွေဖြစ်စေဖို့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အရာကတော့ ဘာမှမလုပ်ပါနဲ့။ ခေါင်းဖြီး လွန်းတာ၊ Dryer မှုတ်တာ၊ ဆေးဆိုးတာ၊ ဖြောင့်/ကောက်တာ အကုန်လုံးက ဆံပင်တွေကို ပျက်စီးစေပါတယ်။ ကုန်ကုန် ပြောရရင် မျက်နှာသုတ်ပဝါနဲ့ ကြမ်းကြမ်းသုတ်တာတောင်မှ ဆံပင်ဖွာစေပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ သင့်ဆံပင်တွေ ပျက်စီးနေပြီလို့ထင်ရင် ဆံပင်ကို ဘာမှမလုပ်ဘဲ ခဏအနားပေး လိုက်ပါ။ ပျက်စီးနေတဲ့ ဆံပင်တွေ ကျွတ်ကျသွားရင် ကျန်းမာ သန်စွမ်းတဲ့ ဆံပင်တွေ ပြန်ပေါက်လာပါလိမ့်မယ်။

 

မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

 

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်း ကောင်းလေးတစ်ခုပါ။ ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံအဖြူ သားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်းအောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။

ခံတွင်းအနံ့မထွက်အောင်

ခံတွင်းအနံ့ထွက်ရခြင်းရဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းရေးအားနည်းလို့ပါ။ ကန်ဒီတို့ အစာစားပြီးလို့ သွားကြိုသွားကြားမှာ ကျန်နေတဲ့အစာတွေကို ပါးစပ်ထဲက ဘက်တီးရီးယားတွေက ချေဖျက်ပေးပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကြောင့်ပဲ ခံတွင်းအနံ့ဆိုး ထွက်ပေါ်ရတာပေါ့။

တံတွေးသိပ်မထွက်ဘဲ အာခြောက်ရင်လည်း ခံတွင်းအနံ့ထွက်တတ်ပါတယ်။ တခါတလေ ကိုယ်အသုံးပြုနေတဲ့ဆေးတွေကြောင့် အာခြောက်တတ်ပါသေးတယ် (ဥပမာ- စိတ်ကျပျောက်ဆေး Antidepressants များ)။ ကန်ဒီတို့ ပါးစပ်တွင်းကထွက်တဲ့ တံတွေးမှာ အားသာချက်တွေ အများကြီးရှိတယ်။ သူက ခံတွင်းကို စိုစွတ်နေစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးတယ်။ အဲ့တော့ သူတို့ လွယ်လွယ်ကူကူ မျိုးမပွားနိုင်ဘူးပေါ့။ အိပ်မောကျနေတဲ့အချိန်မှာ တံတွေးထွက်နှုန်းလျော့ကျသွားပြီး ခုနကပြောသလို ဘက်တီးရီးယားတွေက စားကြွင်းစားကျန်တွေကို ချေဖျက်ပေးပါတယ်။ အဲ့ဒါကြောင့် ကန်ဒီတို့ အိပ်ယာနိုးနိုးချင်းအချိန်ဆို ခံတွင်းအနံ့ထွက်တတ်တာပေါ့။ တကယ်တော့ ဒါဟာ သဘာဝပါ။ မနက်ပိုင်းထွက်တဲ့ ခံတွင်းနံ့က ပျောက်အောင်လုပ်ဖို့လွယ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တနေကုန် အနံ့ထွက်နေတာဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။

 

အနံ့ထွက်စေတဲ့ အစားအစာများစားခြင်း၊ သွားတိုက်တဲ့အခါ လျှာကိုတိုက်ဖို့ မေ့လျော့ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ခံတွင်းအနံ့ထွက်စေနိုင်သလို တချို့သော ရောဂါတွေကြောင့်လည်း ခံတွင်းနံ့ထွက်စေနိုင်ပါတယ်(ဥပမာ- ဆီးချို၊ နူမိုးနီးယား)

 

ဘာကြောင့်ဖြစ်လဲဆိုတာသိပြီဆိုမှတော့ ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိလောက်ပြီပေါ့နော်။ ခံတွင်းနံ့မထွက်အောင် ပူရှိန်းလေးတွေငုံတာထက် ခံတွင်းနံ့ထွက်စေတဲ့အဓိကအကြောင်းရင်းတွေကို ကာကွယ်ဖို့လိုပါတယ်။

(၁) သွားပုံမှန်တိုက်ပါ။

(၂) သွားကြားထဲမှာ ကျန်နေတဲ့အစာတွေကို ပိုးကြိုး(Floss)နဲ့ အနည်းဆုံး ၃ရက်ခြားတခါဆွဲပေးပါ။

(၃) အချွဲအကျိတွေပြောင်တဲ့အထိ လျှာကို သေချာတိုက်ပေးပါ။

(၄) ရေများများသောက်ပါ။

 

အမျိုူးသမီးများ လှပကျော့ရှင်း အရှက်မရစေဘဲ အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

 

 

ဖတ်ရှု့သူများကိုကျေးဇူးပါ။

ခင်ခ။

35 comments

  • mamanoyar

    January 9, 2013 at 1:34 pm

    ရှက်တတ်လို့ဖတ်လိုက်ပါတယ်ရှင်
    အကျိုးရှိစေမယ့်အရာလေးတွေမို့ အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်

  • ခင်ခ

    January 9, 2013 at 2:00 pm

    ဦးစွာရောက်ရှိလို့မန့်သူ မမနိုရာကို ကျေးဇူးတင်သလို လွယ်ကူရိုးရှင်းပြီး အကျိုးရှိတဲ့
    လုပ်နည်းလေးတွေစုပြီး မျှဝေဖြစ်တာပါဗျ။

  • Novy

    January 9, 2013 at 2:01 pm

    ဖတ်ရှု့မှတ်သားသွားပါတယ်ကိုခင်ခရေ.
    ကော်ပီလည်းကူးသွားတယ်နော်

    • ခင်ခ

      January 9, 2013 at 2:22 pm

      ဒီနည်းလေးတွေရော အသုံးပြု ဝေမျှအုံးမလို့ပေါ့လေ။
      ပို၍လှသည်ထက်လှနေမှဖြင့်နော်။

  • ဘဲဥ

    January 9, 2013 at 2:04 pm

    အွင် …… အထုန မန့်လိုက်ဒဲ့ဟာ ဘယ်ပျောက်တွားဒုံးမတိဘူး …. ထပ်မန့်တယ်ဂျာ
    သများလည်း ဝင်ရောက်ဖတ်ရှူ့တွားဘာဒယ်ချင့် ….. :mrgreen: :opps:

  • myanmarcitizen

    January 9, 2013 at 2:06 pm

    အမျိုူးသမီးများ အတွက်ဆိုတော့ ကိုယ်တွေမှမပါတာ လစ်ပြီ။ ဒီလူကြီး ခွဲခြား ခွဲခြား သိပ်လုပ်တယ် 🙂

    • ခင်ခ

      January 9, 2013 at 2:35 pm

      ဖတ်လို့ရပါတယ် ဘဲဥရယ်၊ မန့်တာပျောက်တာမပြောနဲ့ ပိုစ့်တင်တာ ဒီနေ့ကြာနေလို့ ရင်မပြီး ကြည့်နေခဲ့ရတာ လစ်ပြီတောင်ထင်တာလေ ကွန်နက်က လေးနေလို့ဗျ။

      အယ် myanmarcitizen ကလည်းစိတ်ကြည်ဘဲဗျာ ခွဲခြား ခွဲခြား မဟုတ်ပါဘူး အကြောင်းအရာက အမျိုးသမီးတွေနဲ့ ပိုဆိုင်လို့ပါ။ အမျိုးသားတွေ အသုံးပြုလည်းရပါတယ်။ ဥပမာ- သွားလေး
      ဖွေးအောင်လုပ်တဲ့နည်းလိုပေါဗျာ။

  • Mobile

    January 9, 2013 at 2:17 pm

    မင်္ဂလာပါ ကိုခင်ခရေ
    မဒီကညာခင်ပျိုမေမရွှေချော အတွက် လေ့လာမှတ်သား သွားပါကြောင်းးးးးးးးးးး
    :harr:

  • သုရှင်

    January 9, 2013 at 2:56 pm

    ပြောပြရဦးမယ်….သူမ ..ကို ဟဲဟဲ
    :mrgreen:

    • Mobile

      January 9, 2013 at 3:24 pm

      ဘာပြောတာလဲသိဝူးနော်…………
      :harr:

  • water fish

    January 9, 2013 at 3:16 pm

    မျက်နှာပေါင်းတင်တာ ကြက်ဥအကာနဲ့တော့လုပ်ဖူးတယ်….
    စလုပ်တုန်းမှာ ညှီတယ်…..15မိနစ်လောက်ထားပီး ရေနွေးနွေးလေးနဲ့ဆေးချလိုက်ရင် မျက်နှာလေးကချောမွေ့သွားတာကတော့အမှန်ပဲဗျို့…တခြားနည်းတွေ ကတော့မလုပ်ဖူးသေးဘူး…
    လုပ်ကြည့်အုံးမှပဲ…
    မှတ်သားသွားပါတယ်…လေးလေးခင်ခရေ

  • ကြည်ဆောင်း

    January 9, 2013 at 3:17 pm

    ကြည်ဆောင်းက ကော်ဖီအမြဲသောက်လို့လားမသိ အရင်တုန်းကသွားတွေဖွေးပေမဲ့ အခုတော့ ဝါစပြုလာပြီ..
    သီးမွှေးငှက်ပျောသီးကြိုက်တာ နဲ့အတော်ဘဲဆိုတော့ သီးမွှေးငှက်ပျောသီးနဲ့သွားဖြူအောင်လုပ်ကြည့်လိုက်အုံးမယ်..

  • ဗုံဗုံ

    January 9, 2013 at 3:41 pm

    ဟေးး ပိုက်ချန်မကုန်တဲ့ နည်းလေးတွေဘဲ ကြိုက်မှကြိုက် လုပ်ကြည့်အုံးမှာ လေးခ မှဲ့အစို ဖျက်တဲ့ (အလွယ်နည်း) လေးရှိရင် မိဗုံကို ပေးပါ နော် ကျေးဇူးမမေ့ပါဘူး မင်ဂါဆောင်ရင် လေးခကိုအရင်ဆုံး လာကန်တော့မယ် :mrgreen:

  • Mon Kit

    January 9, 2013 at 3:49 pm

    ပျိုမေတို့ လှသထက် လှစေဖို့ ပေ့ါနော် ကိုခင်ခ..
    လှမယ်ဆိုရင် လိုက်နာမှာပေါ့နော…
    အားပေး မှတ်သားသွားတယ်နော်..:hee:

  • ဆူး

    January 9, 2013 at 4:12 pm

    ဒီပိုစ်လေး အတွက် ကျေးဇူးတင်ပါတယ်။ ရှက်တတ်သူများ ဆိုလို့.. ဘာများလဲလို့.. ကောင်းတဲ့ လမ်းညွန်လေးတွေပဲဟာ..

  • မောင်ပေ

    January 9, 2013 at 8:06 pm

    လေးခရေ
    ကျုပ်ရဲ ့ခြစ်ရသူများအတွက်
    သေချာမှတ်သွားပါတယ်ဗျို ့
    ကျေးကျေးပါနော

  • Mr. MarGa

    January 9, 2013 at 9:15 pm

    ဒါကတော့ မှတ်ရမယ်
    နတ်သမီးတွေအတွက် ကူးသွားမယ်
    ပြောနေတာကြာပါတယ်
    လေးခရေ ကူးပဗျို့
    :hee:

    • ခင်ခ

      January 10, 2013 at 8:40 am

      ဝင်ရောက်အားပေး ကွန်မန့်ပြုကြသော ကိုမိုဘိုင်း၊ ကိုသုရှင် ၊ water fish ၊ ကိုကြည်ဆောင် ၊ မိဗုံ ၊ မမွန်ကစ်၊
      ညီမ ဆူး၊ ဆရာပေ နဲ့ Mr. MarGa တို့ကို ကျေးဇူးတင်ပါတယ်နော်။

  • ညလေး

    January 10, 2013 at 9:56 am

    ရှက်တတ်တာတော့ အမှန်ပါ အူးအူးခင်ခ ရယ်…
    နည်းလမ်းကောင်းလေးတွေ ညွန်ပေးလို. ကျေးဇူးတင်ပါတယ်ရှင်…..

    • ခင်ခ

      January 10, 2013 at 10:06 am

      မရှက်ရအောင်လို့ ကုန်ကျစရိတ်နည်းပြီး အကျိုးရှိစေတဲ့ လွယ်ကူမည့်နည်းလေးတွေ ရှာပြီးမျှဝေထားတာပေါ့ ညလေးရေ။

    • ဘဲဥ

      January 10, 2013 at 10:13 am

      ဟိတ်…..
      ဒို့ဂိုဒေါ့ လာမပေါနဲ့နော် ဒို့ဂ တိဘီးတား

      ……………
      ဂဏန်းပေါင်းလိုက်အုံးမယ်
      ဘာဒဲ့ဒုံးဟ……….
      :harr:

    • ခင်ခ

      January 10, 2013 at 10:15 am

      ကိုအံစာတုံးကလည်း အဲဒီကျ ဒီနည်းတွေကို မေ့နေလောက်မယ်ထင်တယ်နော်။
      အခြားပြောစရာတွေ နည်းတွေက များနေလို့လေ ဟဲ ဟဲ။ ဘာဘဲဖြစ်ဖြစ် အခုဖတ်မှတ်သွားတာတော့
      ကျေးဇူးတင်တယ်ဗျို့။

    • manawphyulay

      January 11, 2013 at 2:24 pm

      အရေးထဲ ကြေငြာဝင်နေပြန်ပါပြီ.. ဘိုးဘွားရိပ်သာရောက်မှ ပြောပြမှာလား… 😛

  • surmi

    January 10, 2013 at 11:35 am

    ဒီလူကြီးလုပ်ခါမှ
    မရှက်တာလည်း လူသိကုန်ပြီ
    အရှက်သည်းတာလည်း လူသိကုန်ပြီ
    ကဲဗျာ …….. နောက်ထပ်ခေါင်းစဉ်တစ်ခုပေးမယ်ဗျို ့

    ” မရှက်တတ်သော ရွာသဂျီး နှင် ့အရှက်ပြတ်သော ရွာသူားများ ” လို ့ ဆိုပြီး
    တစ်ပုဒ်လောက်ရေးပါဦးဗျ …… :harr:

  • ခိုင်ဇာ

    January 10, 2013 at 11:41 am

    ဒီပို့(စ) ကို ဝင်ဖတ်ပြီး ကူးသွားပြီဆိုတာ
    ရှက်လွန်လွန်းလို့ မပြောတော့ပါဘူး ကိုခရယ်။ :harr:

    • ခင်ခ

      January 10, 2013 at 12:16 pm

      ခေါင်းစဉ်တော့ကြိုက်ပြီဗျာ။ ဒါပေမယ့် မရှက်တတ်သော ရွာသဂျီး ဆိုပြီးရေလို့ သူကြီးက ရွာကနေ ခင်ခ ကို မောင်းထုတ်လိုက်မှ ကျုပ်ဝမ်းနည်းကြေကွဲနေရအုံးမယ် ကိုဆာမိရေ။

      မပြောပါနဲ့တော့ မခိုင်ရေ။ ရှက်တာတွေ လူတွေသိနေအုံးမယ်။

  • Thu Wai

    January 10, 2013 at 12:18 pm

    ကိုခင်ခရေ နှာခေါင်းရောဂါအတွက် အကြံဉာဏ်လေးလုပ်ပါအုံးဗျို့
    အမြဲနှာပိတ်နေတဲ့အတွက်ကိုပြောတာပါ

  • weiwei

    January 10, 2013 at 1:22 pm

    နည်းလမ်းကောင်းလေးတွေ မှတ်သားသွားပါတယ် …

  • cobra

    January 10, 2013 at 5:43 pm

    ရှက်တတ်သူများဖတ်စေဖို့ဆိုလို့ ဘာများလဲလို့
    လက်စသတ်တော့ လှသွားအောင်လုပ်လို့ရမယ့်
    နည်းလမ်းတွေပါလား ကျေးဇူးပါ..။

  • Tin Tin

    January 11, 2013 at 1:28 pm

    ကိုခင်ခရေ နည်းလမ်းကောင်းလေးတွေ ကျေးဇူးပါရှင်..
    ကူးယူထားလိုက်ပြီနော်..

  • manawphyulay

    January 11, 2013 at 2:20 pm

    ဒီနည်းတွေ အကုန်လုပ်ကြည့်ရင်ကောင်းမလားမသိဘူးနော်… အရမ်းရှက်တတ်တယ်လို့ ထင်အောင်လို့ပါ လေးလေးခ… 😛

  • ခင်ခ

    January 11, 2013 at 2:40 pm

    ဖတ်ရှု့ဝင်ရောက် မှတ်သားသွားသူ ဝေဌမယ့်သူ ကွန်မန့်ပေးကြသူများ ကျေးဇူးပါနော်။

  • Nyein Nyein

    January 14, 2013 at 12:58 pm

    လေးခင်ခရေ……….. လိုက်နာလုပ်ဆောင်ဖို့အတွက် ဖတ်မှတ်သွားပါကြောင်း…….. မေ့သွားရင် ပြန်ကြည့်ဖို့ ကူးလည်း ကူးသွားပါကြောင်း……………:oops: ကျေးကျေးနော် လေးခင်ခရေ…………. :mrgreen:

  • Yin Nyine Nway

    January 14, 2013 at 1:49 pm

    လေးခ။။။။
    အရမ်းကောင်းတယ်
    အများကြီးမှတ်ယူသွားပါတယ်ချင့်

Leave a Reply