Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ

alinsettJanuary 10, 20131min97338

ဆင်းရဲခြင်းဟာ……

မေတ္တာတရားကို…..

ဟန်ဆောင်ခြင်း အဖြစ် ….

ရင်နာစရာကောင်းအောင်…..ပုံစံ ပြောင်းပေးနိင်ပါတယ် ။

လ = လွတ်လပ်ရေး နှင့် ကျွန်တော် လျှောက်သော လမ်း
ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။

သ = သူ ့မှာတမ်းနှင့် ကိုယ့်စာအလွမ်း

ဟန်ဆောင်ခြင်းများအကြောင်း
ဟန်ဆောင်ခြင်းများအကြောင်း

အက္ခရာတွေနဲ ့ ခရီးရှည်ကြီး ထွက်ခဲ့တာ…

အခုဆို…….ဟ = အထိ ရောက်ခဲ့ပါပေါ့လား ။

အခုလို…ခရီးရှည်ကြီးတစ်ခု အက္ခရာတွေကို စီးပြီး.ထွက်လာနိုင်တာ…

ခရီးတလျှောက်…လိုက်ပါလာကြသူတွေရော…

ဘေးကနေ..အကြံပေး… တွန်းအားလေးတွေ..ပေးကြသူတွေရော…

ကျွန်တော် ခရီးစဉ်တွေကို… အဆက်မအပြတ်..ဖတ်ရှု ခံစားကြသူတွေရော…

အားလုံးကို…ကျေးဇူးတင်ရမှာပါ ။

——————

အခုတော့………….

ဟ = ဟန်ဆောင်တတ်တဲ ့အလင်းဆက်တို့သားအမိ လို ့… ခေါင်းစဉ်တပ်ပြီး..

အက္ခရာခရီးတစ်ခု… ထွက်ပြပါဦးမယ် ။

သူများအကြောင်း..ပြောရတာထက်… ကိုယ့်အကြောင်း ကိုယ် ပြောရတာက ပို..လိပ်ပြာ လုံလို ့….

ကိုယ့်အကြောင်းလေးပဲ..စာဖွဲ့ ့မယ် ။

ကိုယ့်အကြောင်းပြောရတာဆိုတော့…..

နည်းနည်းတော့….ရှက်တယ် ။

အထုူးသဖြင့်..အခုလို……. အလင်းဆက် နဲ ့ အလင်းဆက်ရဲ ့မေမေ….

နှစ်ယောက်သား..ကိုယ်စီ..ဟန်ဆောင် ခြင်းကို… ကျကျနန သုံးခဲ့တာတွေ ပြောရမှာ..ဆိုတော့….

ပိုလို့တောင်..ရှက်မိပါရဲ ့။

ဒါပေမယ့်………………………………………

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟန်ဆောင်ခြင်းကို…

ကျွန်တော်..ရင်းနှီး ကျွမ်းဝင်ခဲ့ပါတယ် ။

ဟန်ဆောင်ခြင်းအမျိုးမျိုး… ဟာ..ပုံစံ မျိုးစုံ နဲ ့ကျွန်တော့်ဆီ..ရောက် လာတတ်ပါတယ် ။

ဟန်ဆောင် အပြုံးတွေ…..

ဟန်ဆောင် စကားတွေ….

ကျွန်တော့်ကို လာ ပြုံးပြကြ….

လာ ပြောကြ သူတွေ…. အများကြီးပါ ။

ရှေ့ မှာ.လည်း.အများကြီး…ကြုံရဦးမယ်..ထင်တယ် ။

ဟန်ဆောင်ခြင်းဟာ…. မကောင်းတဲ ့အရာတစ်ခုလို ့….ယေဘုယျ လက်ခံရမှာဆိုပေမယ့်….

ရင်နာနာနဲ ့…. လက်ခံယူ ရတဲ ့…. အဖြူရောင် ဟန်ဆောင်ခြင်းတွေလည်း.ရှိနေပါတယ် ။

ဖြူစင်မြင့်မြတ်တဲ ့ ဟန်ဆောင်ခြင်း..လို ့… ပြောချင်ပါတယ် ။

ကိုယ်ကျိုး..စွန့်ရင်း……

တပါးသူအတွက်…. ပေးဆပ်ရင်း……

ကိုယ့် ဆန္ဒ တွေကို..ချုပ်တည်း..ရင်း..ဟန်ဆောင်ရတဲ ့အဖြစ်တွေ..ရှိပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော့် မေမေဟာ….

ဟန်ဆောင်တတ်ပါတယ် ။

ဟိုတလောက… မေမေ့ ဟန်ဆောင်ခြင်းကို…. မျက်ဝါးထင်ထင်..တွေ ့လိုက်ရတဲ ့အခါ………………..

မေမေ နဲ ့... သားကလေး...
မေမေ နဲ ့… သားကလေး…

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီနေ့က……..

မေမေ..အပြင်သွားပြီး..အပြန်မှာ……..

ဒံပေါက်ထမင်း ဝယ် လာတယ် ။

ဒါပေမယ့် သားသမီးလေးယောက်နဲ ့…. ဖေဖေ မေမေ အပါအဝင်… ခြောက်ယောက်ရှိတဲ ့ မိသားစု အတွက်….

မေမေ ဝယ်လာတာက ဒံပေါက်ထမင်း သုံး ပွဲ ပါပဲ ။

( ဒံပေါက်ကလည်း……အခုတလော ဈေးတွေ ကြီးလာလိုက်တာနော် ။

တစ်ပွဲ 1700 ကျပ် …တဲ ့ ။ အခြေခံအလုပ်သမားတစ်ယောက် တစ်နေ့စာ လုပ်အားခ..လောက်ပေးရတယ် ။

ဒီအတိုင်းဆို ဆင်းရဲသားတွေ ဒံပေါက် ဝယ် စားနိုင်ဖို ့.. တော်တော်..ဝေးနေပြီ ။ 🙁 )

သုံး ပွဲ….

ခြောက် ယောက်…..

ဒါဖြင့်…. တစ်ပွဲကို… နှစ်ယောက်နှုန်းနဲ ့ စားရမယ်ပေါ့ ။

ရပါတယ်။

ဖေဖေကလွဲရင်..ကျန်တဲ ့ မိသားစုဝင် အကုန်လုံး ဒံပေါက် ဆို သိပ်ကြိုက်ကြတာ…။

ဒံပေါက် တစ်ပွဲလောက် ( နည်းနည်းလေး ပါတာလေးများ.) ပြိုက်ခနဲတောင် ကုန်ုသွား ဦးမယ် ။

ဝယ်လာတဲ ့…

မေမေ ကိုယ်တိုင်လည်း..ဒံပေါက်ဆို အရမ်းကြိုက်တာ ကျွန်တော်..သိ နေတာပဲ. ။

အဲဒီနေ ့က…… သုံးပွဲ တည်း…ဝယ်လာတာ…လည်း…

အပို ထပ် ဝယ်စရာ….ပိုက်ဆံ အလုံအလောက် မရှိတော့လို ့…ဆိုတာလည်း.ကျွန်တော်..သိတာပေါ့ ။

မေမေ ဒံပေါက် အရမ်းကြိုက်တာ..သိနေတဲ ့ ကျွန်တော်..အရမ်း အံ့ဩ သွားရတယ် ။

မေမေ..အဲဒီနေ ့က…. ဒံပေါက်ထမင်းကို မစားဘူး ။

“ ရင်ပြည့်ရင်ကယ်..ဖြစ်နေသလားမသိပါဘူး…သားတို ့ရယ်….။ အမေ..မစားချင်ဘူး… ”

အဲဒီ စကား ဟာ… မစားချင် ဟန်..ဆောင် ထားတဲ ့စကားမှန်း..

ကျွန်တော်… ရိပ်မိတာပေါ့ ။

အမေ့သားပဲ.. ၊ ကျွန်တော်… လူကဲခတ် တော်ပါတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော် တို ့… များများ စားရအောင်…..

မလောက်မင မဖြစ်ရလေအောင်…. စားချင်လျက်နဲ ့…. မစားချင် ဟန်..ဆောင် လိုက်တဲ ့…မေမေ့ကို….

ကျွန်တော်…. ချစ်လိုက်တာဗျာ ။

စိတ်လည်းမကောင်းဘူး ။

မိခင် စိတ် ဆိုတာကြီးကိုလည်း….. တော်တော်…. လေးစားမြတ်နိုးမိတယ် ။

ကျွန်တော်တို ့… ဘယ်လို ကျွေးကျွေး… မစားတာ….။ “ မစားချင်လို့ပါ..” လို ့ပြောပြီး…..

ကျွန်တော်တို ့… စားသောက်နေတာကို….. ခပ်လှမ်းလှမ်းကနေ..ပြုံးပြီး.ကြည့်နေလိုက်တာများ………

အခု ပြန် မြင်ယောင်ကြည့်ရင်..ကို… ပြန် ငိုချင်လာတယ်ဗျာ ။

မေမေ့ကို ကျွန်တော်..အရမ်းချစ်တာပဲ…ဗျာ… ။

မေမေရယ်…………………။

အဲဒီလို ဟန်ဆောင်ခြင်းမျိုးတွေ…တော့…. ထပ် မကြုံချင်ဘူး….မေမေရာ……… လို ့…

ကျွန်တော့် စိ်တ်ထဲကနေ… အော်ဟစ်နေမိတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မေမေ့ ဟန်ဆောင်ခြင်း ဟာ…..

ကျွန်တော့် စိတ်နှလုံးကို… လွှမ်းမိုးနိုင်ခဲ့ပါတယ် ။

——————————————-

အခုတော့……. ကျွန်တော်..လည်း…….

လက်ထဲမှာ..ငွေကလေးများရွှင်လာတဲ ့အခါတိုင်း…မေမေနဲ ့… ညီကိုမောင်နှမတွေ..အတွက်…. အစာကောင်းလေးတွေ..ဝယ်လာပြီး..

ကျွေးမွေးရတာကို…. ကျွန်တော်..ကြည်နူးသာယာနေတတ်ခဲ့ပါပြီ ။

တစ်ခါတစ်ရံ ကျွန်တော့်မှာ… ပိုက်ဆံနည်းနေလို ့…..

နည်းနည်းလေးပဲ..ဝယ် နိုင်တဲ ့အခါမျိုးမှာ…. ကျွန်တော်…. ဟန်ဆောင်ရပါတယ်။

စားချင်လျက်နဲ ့….မစားချင် ဟန်…ဆောင် မိပါတယ် ။

မလောက်င မှာစိုးလို့ပါ ။

မေမေ့ ဟန်ဆောင်ခြင်းကို..ပုံတူကူးပြီး….. ကျွန်တော်..ဟန်ဆောင်ပါတယ် ။

ဒါပေမယ့်……………………..

မေမေကတော့..ရိပ်မိ မြဲ..ပါပဲ ။

ကျွန်တော်..စားချင်လျက်နဲ ့ ဟန်ဆောင်ပြီး..မစားချင်တော့ဘူး..ပြောနေမှန်း.မေမေ ရိပ်မိနေပါလေရော ။

ရိပ်မိမှာပေါ့ …။

မေမေက ကျွန်တော့် မေမေပဲ…လေ ။ လူကဲခတ် တော်ပြီးသား…. ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီလို ဟန်ဆောင်ခြင်းမျိုးတော့…..ထပ် မကြုံချင်ဘူး…သားလေးရယ်…….လို ့….

မေမေ့ အတွေးထဲမှာ.အော်ဟစ်နေမှာ သေချာပါတယ်..ဗျာ…။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တကယ်တော့………..

အဲင်္ဒီလို ဟန်ဆောင်မှုလေးတွေ…… ဟန်ဆောင် ဖြစ်နေတာရဲ ့အကြောင်းရင်းခံကို…ရှာကြည့်ရင်…….

အကြောင်းရင်းခံဟာ..ဆင်းရဲခြင်းပါပဲ…။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆင်းရဲခြင်းဟာ……

မေတ္တာတရားကို…..

ဟန်ဆောင်ခြင်း အဖြစ် ….

ရင်နာစရာကောင်းအောင်…..ပုံစံ ပြောင်းပေးနိင်ပါတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်တို ့ မိသားစု ရဲ ့ဟန်ဆောင်ခြင်း…ဟာ….

ရင်နာစရာကောင်းတဲ ့ ဟန်ဆောင်ခြင်း………၊

ဟန်ဆောင်သူကို အပြစ် မဆိုသာတဲ ့ဟန်ဆောင်ခြင်း…လို ့… သတ်မှတ် ရင်..ရမယ် ထင်ပါတယ်နော် ။

ဒီလို… လိုချင်လျက်နဲ ့… မလိုချင် ဟန်..ဆောင်လိုက်ရတာ.မျိုး…..

(အဲဒီလို… အဖြူရောင် ဟန်ဆောင်ခြင်းမျိုး ) ထက်…. ပို…ရင်နာစရာကောင်းတဲ ့.. ဟန်ဆောင်ခြင်းတွေ….ရှိနေဦးမှာပါ ။

ရှိခဲ့ဦးမှာပါ ။

ဆင်းရဲတဲ ့နိုင်ငံ တစ်ခု အတွင်းက……

ဆင်းရဲသား ပြည်သူပြည်သားတွေ ရဲ ့…လူနေမှု ဘဝ…..

သက်ရှင်နေထိုင်မှု..ဝန်းကျင် မှာ……..

ရင်နာစရာကောင်းတဲ ့… ဟန်ဆောင်ခြင်းတွေ…. ရှိနေဦးမှာပါ ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရက်စက်သော… ဟန်ဆောင်ခြင်း……/ ပက်စက်သော… ဟန်ဆောင်ခြင်း……တွေရော…..

မြင့်မြတ်ဖြူစင် ပြီး ရင်နာစရာ ကောင်းသော ဟန်ဆောင်ခြင်းတွေပါ…..

များများစားစား… မရှိစေချင်တော့ပါဘူး ။

ဘာကြောင့်ပဲ….. ဟန်ဆောင်..ဟန်ဆောင်…..

ဟန်ဆောင်နေရပြီ…ဆိုကတည်းက……. ပင်ပန်း ဆင်းရဲပါတယ် ။

ဟန်ဆောင်သူ ရဲ ့… ဟန်ဆောင်ခြင်းကို… မြင်တွေ ့ခံစား ရသူဘက်ကလည်း….. ပင်ပန်း ဆင်းရဲ ရတာပါပဲ ။

ဒါကြောင့်………………………………………

ဟန်ဆောင်ခြင်းများ….

ကင်းဝေးကြပါစေ..တော့…….. ရယ်..လို ့…….

ဆန္ဒပြုရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်….

အလင်းဆက်

10 . 1 .2013 .
alinsett.art@gmail.com

38 comments

  • ကိုယ် ချင်း စာ နာ ခဲ့ ရ ပြီ လေ….
    ဆင်းရဲခြင်းဟာ……

    မေတ္တာတရားကို…..

    ဟန်ဆောင်ခြင်း အဖြစ် ….

    ရင်နာစရာကောင်းအောင်…..ပုံစံ ပြောင်းပေးနိင်ပါတယ် ။
    အမှန်ပဲ အလက်ဆင်းရေ။

    သို့ရာတွင်..ဆင်းရဲခြင်းကိုခုတုံးလုပ်ပြီး ကလီကမာလိမ်ညာနေကြတဲ့လူတွေ အတွက်ကတော့ ရင်လေးစရာပါပဲနော်။ဪ…ဘဝပေးတွေက မတူညီကြတော့ အဆင့်မြင့်ပုံပြင်တွေနားထောင်သိမြင်ရသလို၊အခြေခံပုံပြင်တွေလည်း နားထောင်သိမြင်ကြရတော့တာပေါ့။ လူတိုင်း အလယ်အလတ်တန်းစား ပုံပြင်ထဲ ရောက်ရှိနိုင်ပါစေ။(အဆင့်မြင့်တွေကတော့ ပြန်ဆင်းလို့မဆိုလိုပါ :kwi: )
    …အနှုတ်တွေ လာပြီနဲ့တူတယ်…….

  • အလင်းဆက်

    January 10, 2013 at 7:55 pm

    မမနန်းတော်ရာသူရေ…
    ပထမဆုံး..Comment လေးအတွက်..ကျေးကျေးနော် ။

    နောက်လာမယ့်…
    ဠ ..နဲ ့… အ……

    ဆက်လက် အာပေးပါဦး ။
    :kwi:

  • အလင်းဆက်

    January 10, 2013 at 7:56 pm

    ပုံလေး နှစ်ပုံကို..
    လွယ်လွယ်ပဲ.. ဂူးဂဲထဲကနေ..ဗြူးဗြဲပြီး..ရှာဖွေ..တင်လိုက်မိပါတယ် ။
    သက်ဆိုင်ရာ..ပုံပိုင်ရှင်လေးရေ..
    ခွင့်လွှတ်နော့်..။
    :kwi:

  • Mr. MarGa

    January 10, 2013 at 9:03 pm

    ဟန်ဆောင်ခြင်းဟာ
    ဆေးခဲကို အုပ်ထားတဲ့ သကြားနဲ့တူတယ်
    သူမပါရင် အဝင်ဆိုးတာမို့
    သူ့ကို အကူအနေနဲ့ သုံးပေးတာပေါ့
    မသုံးရင် ပိုကောင်းမှန်းသိပေမယ့်
    သူမပါရင် သိပ် မကြိုက်ကြဘူးလေ
    မန့်သူ- ဦးသကြား

  • padonmar

    January 10, 2013 at 10:12 pm

    အလင်းဆက်ရေ
    တစ်ခါတစ်လေတော့ ဟန်ဆောင်ခြင်းဟာ ဆင်းရဲလို့ မဟုတ်ပဲ ညှာတာခြင်းကြောင့်လည်း ဟန်ဆောင်ရပါတယ်။

  • weiwei

    January 10, 2013 at 10:48 pm

    မိသားစုအတွင်း ချစ်ခြင်းမေတ္တာ စာနာစိတ် ညှာတာစိတ်တွေကြောင့် ဟန်ဆောင်ကြတာဟာ ချစ်စရာကောင်းတဲ့အလေ့အကျင့်တစ်ခုပါ …
    လုပ်ငန်းခွင်အတွင်းမှာ စိတ်မပါပဲ ဟန်ဆောင်နေကြတဲ့ ဟန်ဆောင်ခြင်းတွေကတော့ စိတ်ပျက်စရာ …

  • pooch

    January 10, 2013 at 11:12 pm

    အလင်းဆက်တို့ မိသားစုက စိတ်ဓာတ်မဆင်းရဲပါဘူး။ ငဲ့ညှာမှု တွေ မေတ္တာတရားတွေ နားလည်မှု တွေ ကြွယ်ဝတဲ့ မိသားစုပါ။

    လူချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲ ခေါင်းပါးတဲ့ သူတွေ တပုံကြီး။

    မိသားစု ပြင်ပ နေ့စဉ်လူမှုဘဝမှာ ဆိုရင်တော့ ကျမက ဟန်ဆောင်ကောင်းတဲ့သူတော့ မဟုတ်ဖူး။ စိတ်ထဲမပါတော့တဲ့ အရာပဲ ဖြစ်ဖြစ်လူပဲ ဖြစ်ဖြစ် ဟက်ဟက်ပက်ပက်ကို ပြောလို့ စိတ်ဝင်စားလို့ မရဘူး။

    အားနာတာကိုလည်း နာသင့်မှ နာတတ်တယ်။ လိုအပ်လာရင် ပြောထွက်လိုက်ဖို့ ဝန်မလေးဘူး။

    ကျမ ဟန်မဆောင်တတ်လွန်းလို့ ကျမကို ရင်းနှီးသူတယောက်က metaphor ဖွင့်ဖူးတယ်။ ဆတ်ဆတ်ထိမခံတဲ့ ငရုတ်သီးတဲ့ ။ အပြင်က ကြည့်ရင်လည်း အရောင်စူးတယ်။ အတွင်းကို စားကြည့်ရင်လည်း စပ်တယ်တဲ့ ။

    အတွင်းအပြင် တထပ်ထဲ ကျတာမို့ အစပ်မကြိုက်တဲ့ လူတွေ ရှောင်လိမ့်မယ်တဲ့လေ ။ သူပြောတဲ့စကား မမှားဘူးဆိုတာ ခုနောက်ပိုင်း ပို ပိုသိလာတယ်။

    ဒါပေမဲ့ တခါတရံမှာ အအီပြေအောင်
    အချဉ်လေး အစပ်လေးကတော့ စားကို စားမှ လေ ဟုတ်တယ်ဟုတ် :mrgreen:

    • ခိုင်ဇာ

      January 11, 2013 at 10:00 am

      ပု၊
      ဆွိ ကတော့ ငရုတ်သီး မပါ ထမင်းမစားတတ်ဘူး။ ဒါကြောင့် ပု ကို အနားခေါ်ထားမယ်။ :kwi:

      အလင်းဆက်။
      ဟန်ဆောင်တာကို ယေဘူယျ မကောင်းဘူးလို့ ဆိုကြလည်း၊ အနည်းနဲ့ အများတော့ သုံးနေရတာပဲ။
      သူတစ်ပါးကို ငဲ့ညှာစိတ်လေးကတော့ တန်ဖိုးရှိတယ်လို့ထင်ပါတယ်ကွယ်။
      :hee:

  • ခင်ခ

    January 11, 2013 at 9:11 am

    ဟိုတယ်မှာ
    ဟင်းထမင်းမှာပြီး
    ဟိုတုန်းက ဧည့်သည်တွေနဲ့ စားတဲ့အခါ
    ဟင်းကောင်း ထမင်းကောင်းမို့ အပြတ်လွေးရမယ်မထင်နဲ့
    ဟန်ဆောင်ပြီး အိန္ဒြေနဲ့စားရတာမို့ အိမ်မှာစားတဲ့
    ဟင်းထမင်းလောက် မမိန်ဘူးဗျာ။

  • ဦးကြောင်ကြီး

    January 11, 2013 at 9:29 am

    ဟန်ဆောင်
    ဖျံကောင်
    ရန်ထောင်
    ဝမ်ပေါင်
    မာန်အောင်
    ကြံစောင်
    ဒဏ်လောင်
    နံဟောင်…

  • ဗုံဗုံ

    January 11, 2013 at 9:41 am

    ပို့စ်လေးကိုဖတ်ပြီး ဦးလေးဆက် မေမေကို လေးစားသနားမိတယ်
    ဦးလေးလင်းဆက်ကြီးကိုတော့ သနားပေါင်တော် မိန်းမမရသေးဘူး မရသေးဘူးနဲ့ အော်နေတာလည်း ဟန်ဆောင်နေတာဘဲ မို့လား :kwi: :harr:

  • mamanoyar

    January 11, 2013 at 9:53 am

    ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဟန်ဆောင်ခြင်းကပဲ
    အမေနဲ့သားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို တွေ့မြင်ခဲ့ရတာပဲလေ
    ကျေနပ်စရာကောင်းပါတယ်

  • ဦးဦးပါလေရာ

    January 11, 2013 at 10:11 am

    ဟန်ဆောင်ခြင်းဆိုတာ ပရိယါယ်တမျိုးပါပဲ…
    ကောင်းတဲ့အကျိုးကိုရဘို့၊ မကောင်းတဲ့အပြစ်ကိုရှောင်ဘို့
    ကျုပ်ဘဝမှာ တသက်လုံး နေ့စဉ်မပြတ်သုံးစွဲလာတဲ့ ပရိယါယ်တမျိုးပေါ့……

    ဟန်ဆောင်ရတာများလွန်းတော့
    ကိုယ့်ကိုယ်ကိုတောင် မေ့ချင်လာတယ်…။
    တကယ့်ကျုပ်အစစ်ကို တနေ့မှ ပြန်ရှာရဦးမယ်……။

  • MaMa

    January 11, 2013 at 2:25 pm

    ဟန်ဆောင်တယ်ဆိုတာ မကောင်းဘူးလို့ သတ်မှတ်ထားတာကို အမြင်တမျိုးပြောင်းအောင် ဖွဲ့ဆိုလိုက်နိုင်ပါပေတယ်။
    ဒါ့ထက်…
    အ= အလင်းဆက် နီးလာပြီနော်။ :kwi:

  • manawphyulay

    January 11, 2013 at 2:31 pm

    မိသားစုတစ်စုမှာရှိတဲ့ ချစ်ခြင်းမေတ္တာတရားက ပေါက်ဖွားလာတဲ့ ဟန်ဆောင်မှုကတော့ ဖြူစင်ရိုးသားပြီး ချစ်စရာကောင်းတဲ့ ဟန်ဆောင်မှုပါပဲ။

  • aye.kk

    January 11, 2013 at 4:28 pm

    ကိုအလင်းဆက်ရေ…။
    postလေးဖတ်ပြီးစိတ်ထဲခံစားမိလိုက်ရပါတယ် ။
    ဟန်ဆောင်တယ်ဆိုတာကမကောင်းဘူးပေါ့နော်။
    အန်တီအမြင်ပြောရရင်…
    ပုထုဇဉ်ဆိုတာဟန်ဆောင်ခြင်းမကင်းနိုင်ဘူးလို ့ထင်ပါတယ်။
    ၅၂၈မေတ္တာတရားကဖြူလွှအေးမြပါတယ်။ချစ်ခြင်းမေတ္တာတရားရှိတဲ့သူတိုင်း။
    ညာှတာစာနာထောက်ထားချင်တဲ့စိတ်စေတနာအရ။ဟန်ဆောင်တာဟာ။
    အပြစ်မရှိဘူးလို ့ထင်ပါတယ်။ဆင်းရဲချမ်းသာရယ်လို ့မဆိုလိုပါဘူး။
    လောကဝတ်အရ ။ ဟန်ဆောင်မှုတွေ ။ နေရာတိုင်းမှာ ။ မကင်းနိုင်ကြတာက
    အမှန်တရားဘဲလို ့ထင်မြင်မိပါတယ်။။

  • အလင်းဆက်

    January 11, 2013 at 6:20 pm

    သိကြားမင်းကြိးရဲ ့ ဒဿန ကလည်း.တယ်ဟုတ်…။
    ကျေးကျေး…ဥိီးမာဃ ရေ..
    =================

    အန်တီပဒုမ္မာရေ…

    ညှာတာ ခြင်းကြောင်း့လည်း.. ဟန်ဆောင်ရတယ်

    ..ဟုတ်ပါတယ်..။
    အန်တီရေ… အရောက်လာ ..ခံစား..အားပေးလို့ကျေးဇူး…ဗျ ။

    ======================
    အန်တီဝေဝေ...
    လုပ်ငန်းခွင် အတွင်းက ..ဟန်ဆေင်ခြင်းတချို ့တော့…
    ပြော..မပြောချင်လောက်အောင်..နော် ။
    တစ်ခါတစ်ခါ..ဆို… လူတွေ..နဲ ့ဝေးေ..ဝေး…ဝေးတဲ ့နယ်မြေ…..လို ့.ေ.အာ် ဟစ် ဆိုညည်းမိတဲ ့အထိ…
    :kwi:

  • အလင်းဆက်

    January 11, 2013 at 6:24 pm

    အန်တီ pooch ရေ..
    ခံစားဆွေးနွေးမှုလေးအတွက်..ကျေးဇူးနော် ။

    တစ်ခါတစ်ခါ..အီတာလေးပြေ အောင်…အချဉ်အစပ်လေး စားပေးရတာ..
    သိပ်ဟုတ်တာပေါ့ .
    ကျွန်တော်ကိုယ်တိုင်လည်း..အန်တီပုလိုပါပဲ…
    တစ်ခါတစ်ခါ..ငရုပ်သီး..ဖြစ်ဖြစ်သွားတတ်တယ် ။
    :kwi:

    ========================
    မမခိုင်ဇာ..ရေ….

    အဆက်မပြတ် အားပေးနေလို့..ကျေးဇူးအထူး..နော် ့။
    ဆုပေးပွဲ နေ ့ကျရင်..မုန့်ကျွေးမယ်. ။
    အဲဒီက.ကျွေးတဲ ့..အစားအသောက်ပေါ့ .
    🙂

  • အလင်းဆက်

    January 11, 2013 at 6:27 pm

    လေးလေးခ ရေ…

    ဝေါဟာရလေး..နည်းနည်းလောက် ငှားပါဦး….
    🙂
    အဆက်မပြတ် ခံစားအားပေးခဲ့သော…
    ချစ်သော..လေးလေးခ……
    ချစ်တယ်ဂျ။
    🙂

    ===========================
    ဦးကြောင်….
    ပြောထားပြီးပြီနော် ။
    တစ်နေ့နေ့..ကျရင်..
    အဲဒီ မန့်ကဗျာတိုတွေကို..
    ကဗျာစာအုပ်တစ်အုပ် ထုတ်ပေးမှာ….
    🙂

    =============================

  • အလင်းဆက်

    January 11, 2013 at 6:33 pm

    မိန်းမမရသေးဘူး မရသေးဘူးနဲ့ အော်နေတာလည်း ဟန်ဆောင်နေတာဘဲ မို့လား …
    တဲ ့။

    မိဗုံလေးရေ...

    အဲဒါတော့…ဟန်ဆောင်ပါဘူးကွယ်…။

    တဒယ်မှ မရတေးတာ..ကို….

    ရလည်း.ရချင်သေးတယ်လေ…
    အဟိ ။ :kwi:
    +++++++++++++++++++

    မမနိုရာရေ...
    ခံစား အာေးပးလို ့… ခင်မင်လေးစားစွာ..ကျေးဇူးတင်လျက်ပါ..လို ့။

    =========================
    ဥိီးဥင်္ီးပါလေရာ..ရေ…
    ကျွန်တော်လည်း… ငါ….ပျောက်ဆုံးသွားလိုက်…
    ငါ…. ပြန်ရှာတွေ ့ပြီး….အဲဒီငါ..ကိုပဲ….ပြန်..ချစ်ခင် တွယ်တာသွားလိုက်နဲ ့….

    တစ်နေ့နေ့တော့……
    အင်း..တစ်နေ့နေ့တော့….
    (…………… )
    🙂

    =================================

    အန်တီင်္မမ ရေ…

    အ =…. တော့ နိးလာပြီ ။
    ဒါဗေမဲ ့………
    ကြားမှာ…. ခက်ခဲစွာ ဖြတ်ကျော်ရမယ့်….
    အက္ခရာ ကြိီး တစ်လုံးရှိနေတယ် ။

    တော်တော်..ခက်ခဲမယ်…..

    ဠ = ? ????/

    :kwi:

    • Mr. MarGa

      January 11, 2013 at 8:25 pm

      အလက်ဆင်းရေ
      ဠ အတွက်တော့
      ရွှေတိဂုံဘုရားမှာ လာနားတဲ့ ငှက်တွေ အကြောင်း ရေးလိုက်ပေါ့ကွယ်
      :hee:

  • အလင်းဆက်

    January 11, 2013 at 6:35 pm

    မမမနောရေ....
    ပျောက်ချက်သာလေး..ကောင်းနေလိုက်တာ…။

    အခုလို..သတိတရ နဲ ့…လာရောက် အားပေး ခ့စား လို ့.
    ကျေးဇူးတင်ပါတယ်..လို ့…

    =================

    အန်တီ အေး ကိုလည်း…
    ချစ်ခင်လေးစားစွာ..ကျေးဇူးတင်လျက်ပါနော် ။

  • အလင်းဆက်

    January 12, 2013 at 9:43 am

    ဦးဦးမာဃ ရေ…
    လင်းတ ငှက် တွေကို..ဠ နဲ ့ရေးလို ့..ရ မရ သေချာ မသိသေးလို ့။
    :kwi:
    မြန်မာ စာ သတ်ပုံကျမ်းထဲမှတော့..လင်းတ လို့ပဲ… တွေ ့မိတယ်လေ ။

    အကြံလေးများ ပေးကြပါဦးနော့

    ခင်မင်လေးစားစွာ….
    အလက်ဆင်း

  • ရွှေ ကြည်

    January 12, 2013 at 9:52 am

    အလက်ဆင်းရေ ဖတ်ရင်းနဲ့ အမေ့ကိုသတိရတယ် အစ်မရွှေကြည်အမေကလေ မိသားစုမှာ ယောက်ျားနဲ့သားသမီးတွေ မကြိုက်လို့မစားတဲ့ဟင်းဆိုသူကအကုန်ကြိုက် ငယ်တုန်းကနားမလည်ဘူး အသက်လေးရလာတော့မှသိလာတယ် အဲတော့ အမေ့ထဲကိုကောင်းနိုးရာရာလေးတွေထည့်ပေးပြီး အစ်မသိပ်မကြိုက်တာတွေလည်းအစ်မ စားတတ်လာတယ် အမေနဲ့မျှဝေခံစားပေးချင်တာက ရင်ထဲကစေတနာပါ။
    ကြက်သားဆို အဖေ့ပန်းကန်ထဲကို အဖေကြိုက်တတ်တာလေးကို အရင်ဦးချတာ။ ပုစွန်ဆိုလည်းကြီးတဲ့အကောင်မှာ အဖေက အကောင်းကြိုက်တယ်လေ။ အမေက လည်ချောင်းတို့ အတောင်ပံတို့စားတာ။ ငယ်ငယ်ကအစ်မကအရေပြားမစားဘူး သူကယူစားပေးတယ်အရေခွံကိုခွာပြီးတော့ နောက်အစ်မအမေနဲ့စားရင် ကြိုက်သလိုပဲစားပြလိုက်တယ် အခုကြိုက်သွားပြီးဆိုပြီးတော့လေ။ အလင်းဆက်တို့ သားအမိရဲ့ စေတနာမေတ္တာတွေကိုမြင်လိုက်ရတော့ ပီတိဖြစ်ရတယ် မင်းအမေလည်းကံကောင်းသလို မင်းလည်းကံကောင်းတာပေါ့ ဒီလိုသား ဒီလိုအမေတွေ့ဆုံခွင့်ရတာ သားလိမ္မာနဲ့ မိခင်ကောင်းပေါ့။ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားချမ်းသာတဲ့မိသားစုလေးပါ အလင်းဆက်ရေ။

  • အလင်းဆက်

    January 12, 2013 at 9:58 am

    မမရွှေကြည်ရေ…

    ဖတ်ရှု ခံစားပေးလို့ကျေးဇူးနော် ။

    မမလည်း..စာတွေ.ရေးပါဦး ။
    ဂဇက်ပေါ်မှာ.အကြာကြီး.ပျောက်ပျောက် မသွားပါနဲ ့ဂျ ။
    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 12, 2013 at 10:01 am

    ဟုတ်ပ
    လူတိုင်းနီးပါး ဟန်ဆောင်ကြတယ်ပြောလို့ရမလားသိဘူးနော အားလုံးတော့ဟုတ်ဘူးပေါ့
    ဒီအကြောင်းကိုဖတ်ပြီးမှ စိတ်ကိုဒုံးဒုံးချနိုင်တော့တယ်
    ဘဝင်တောင်နည်းနည်းမြင့်လာသလိုဘဲ
    ကျုပ်ငယ်ငယ်က ကျုပ်အမေရဲ့ခေါင်းအုံးအောက်တို့ ဆန်အိုးထဲမှာတို့ ဝှက်ထားတဲ့
    ပိုက်ဆံတို့ ရွှေတိုရွှေစလေးတွေတို့ကို ခိုးဘူးတယ်
    ပျောက်တာနဲ့ အဖွားကြီးကမေးဒယ်
    ငဇော်ဂျီ ငါ့ဟာတွေပျောက်ပြန်ဘီ နင်ယူသလား
    ကျုပ်ဟန်ဆောင်ခဲ့တယ်
    ဘယ်သိမဒုံးဗျ
    ကျုပ်အရက်သောက်တတ်တဲ့အရွယ်တွေဆို ဇာတ်ပွဲတွေကပြန်လာရင် အဘိုးကြီးအဖွားကြီးတွေမေးတယ်
    ငဇော်ဂျီ အရက်တွေသောက်လာသလား
    ကျုပ်ဟန်ဆောင်ခဲ့တယ်
    နိုး !!!!!!!!!!!
    စာရင်းချုပ်လိုက်တော့ ဟန်ဆောင်ခဲ့တာတွေမနည်းပါလား
    ( ကျေးဇူးတော့အတော်တင်မိသား လိမ်ခဲ့တာတွေကို ဟန်ဆောင်တယ်ဆိုပြီးဝိနည်းရှောင်လို့ရလို့ပါ :mrgreen: )

  • အလင်းဆက်

    January 12, 2013 at 10:26 am

    ဦးဦး…အုပေါင်...

    အဒုရော…
    အရက်တွေ..သောက်နေတုန်း.
    အရက်တွေ မသောက်ပါနဲ ့တော့ဂျာ..တစ်ယောက်ထဲ..
    သားကို ပါ..ခေါ် ဦး.လို ့.ပြော မလို့…

    အဟိ် အဟိ ဟိဟိ
    :kwi:

  • Nyein Nyein

    January 12, 2013 at 3:50 pm

    ကိုအလင်းဆက်ရေ………….. ကိုအလင်းဆက်ပြောတဲ့ ဟန်ဆောင်မှုမျိုး ငြိမ်းတို့မိသားစုမှာလည်း ရှိပါတယ်။ ငြိမ်းတို့လည်း မရှိတဲ့မိသားစုပဲမို့ တစ်ခုခုဆို ဝေမျှပြီး သုံးစွဲလုပ်ကိုင်ရပါတယ်။ မလောက်ငတဲ့အခါတိုင်း မေမေကအမြဲတမ်း အနစ်နာခံနေကြပါ။ (ဖေဖေကတော့ အဝေးရောက်နေတာများတာမို့ ထည့်တော့မပြောတော့ပါဘူး။ အမှန်တော့ ဖေဖေလည်း အတူတူပါပဲ။) “မေမေ မကြိုက်လို့ မစားတော့ဘူး။” “မေမေ မလိုလို့ မဝယ်တော့ဘူး။” “မေမေ မလိုချင်ပါဘူးကွယ်” ဆိုတာမျိုးကိုပဲ အမြဲတမ်းလိုလို ကြားနေရတာပါ။ အခုနောက်ပိုင်းတော့ အဲဒီ့အသံမကြားခင် စားစရာဆိုလည်း ပါးစပ်ထဲ အတင်းခွံ့၊ လိုအပ်တာဆိုလည်း မမေးတော့ဘူး၊ အရင်ဝယ်လာပြီးပေး နဲ့ အတင်းကို ဇွတ်လုပ်တတ်တဲ့အကျင့်တစ်ခုရလာပါပြီ။ အဲလိုဇွတ်လုပ်လိုက်လို့ အဆူခံရတဲ့ အခါတွေရှိပေမယ့်လည်း မေမေပီတိဖြစ်သွားတာ၊ ကျေနပ်သွားတာကို သိလိုက်ရတဲ့အတွက် ဝမ်းသာနေမိတယ် ကိုအလင်းဆက်ရေ…………………. 😆

    comment ပေးရင်း ကိုယ့်အကြောင်းတွေချည်းပဲ ပြောနေမိတယ်။ :mrgreen: အဖြစ်ချင်းတူနေလို့ပါ…… 😳 😳

  • အလင်းဆက်

    January 12, 2013 at 5:47 pm

    ့ငြိမ်းရေ….

    အခုလို.. ဝင်ရောက် ဆွေးနွေး သွားတာလေး.ကို..
    ကျေးဇူတင်တယ်နော်.
    သိပ် မကျန်တော့တဲ ့…အက္ခရာ ခရီးစဉ်တလျှောက်လည်း..လိုက်ခဲ့ပါဥင်္ီး…လို ့။
    🙂

  • ကိုအလက်ဆင်းရေ..
    မိဘနဲ့သားသမီးကြားက မေတ္တာကြောင့် အဖြူရောင် ဟန်ဆောင်ခြင်းတွေ ဖြစ်လာတာပေါ့…
    ဟန်ဆောင်တာကို ဟန်ဆောင်တာမှန်းသိတော့ ပိုခံစားရတာပေါ့..
    မွန်မွန်သာဆို တစ်ဇွန်းလောက်ဝင်စားပြီးတော့မှ မအီမလည်ပုံစံလေးလုပ်ပြပြီး မစားတော့ဘဲ နေလိုက်မှာ.. :mrgreen:

  • အလင်းဆက်

    January 12, 2013 at 7:51 pm

    မွန်မလေး လုံလုံ ရေ..( ကိုယ့် နာမည်လည်.း..ပြောင်းပြန်ဆိုတော့… )

    ဟုတ်တယ်နော်..။ အဲဒီလို.. တစ်ဇွန်းလောက် ဝင်စားပြီးမှ..
    မစားချင်သလို လုပ်တာ..ပို ပ်ိရိမှာ.။
    နည်းလမ်း တစ်ခု ရပြီ ။:)
    ဆင်းရဲခြင်းဆိုတာ ကျွန်တော်တို ့မိသားစုကြားမှာ..ရှိနေသေးသ၍ …
    အဲဒီလို ဟန်ဆောင်ခြင်းတွေ… ပိရိသထက် ပိရိအောင်..ကြိုးစား..
    ဟန်ဆောင်နေရဦးမှာပါ…။

    လူ..ဆင်းရဲ တဲ ့ဘဝ မှာ..
    စိတ်ဓါတ်နဲ ့ အတွေးအခေါ်.. မဆင်းရဲရလေအောင်..
    တတ်နိုင်သမျှ..လေ့လာ စူးစမ်းရင်း….ပေါ့ ။
    🙂

    အခုလို..မမေ့မလျော့ လာရောက် ဖတ်ရှု.. ခံစားပေးတဲ ့
    မွန်မလေး လုံလုံ…ကို
    ..ကျေးဇူးတင်ပါတယ်..နော့ ။

    ခင်မင်လေးစားစွာ….
    အလက်ဆင်း

    တလက်စတည်း..ကျေးဇူးတင်စကားဆိုချင်သေးတာက…
    သူဂျိီးမင်း အုခိုင်..တို ့ပါ ။
    သားသား ကို ကွန်မန့် Edit လုပ်ခွင့်လေး..ပေးတဲ ့အတွက်..ပါ ။
    အဆင်ပြေပြေ Edit လုပ်လို့ ရတော့…
    အတော်လေး.ကျေနပ်မိပါကြောင်းးးးးးး

    :kwi:

  • မောင်ပေ

    January 12, 2013 at 8:00 pm

    နေ ့စဉ်မနက်မိုးလင်းတာနဲ ့ ၊ သွားနေကြလာနေကြ ဝန်းကျင်မှာ ဟန်ဆောင်မျက်နှာဖုံးနဲ ့ရှင်သန်နေခဲ့တာ ကျွမ်းကျင်နေခဲ့ပေါ့ ။ ဒါပေသည့် ရံဖန်ရံခါ ခဏကရတဲ့ဇါတ်ခုံမျိုးမှာတော့ သရုပ်ဆောင်မပိုင်ချင်ဘူး

  • အလင်းဆက်

    January 12, 2013 at 8:07 pm

    ဟုတ်ပါ့..ဦးပေ.

    အဖြူရောင် ဟန်ဆောင်ခြင်းတွေ .ဆိုတာလည်း… သရုပ်ဆောင် မပိုင်နိုင်လေ…
    ပို..ရင်နာစရာ ကောင်းလေ..ပဲ..နော် ။

    ဦးဦးပေ..ရေ..
    အရောက်လာ ခံစာေးပးလို့.ကျေးကျေး…

  • Green Rose

    January 13, 2013 at 5:26 pm

    အလင်းဆက်ရေ

    ချီတက်လာလိုက်တာ ` ဟ´ တောင်ရောက်လာပြီကိုး..
    အဲဒီ့လို ချစ်ခြင်းနဲ့ ဟန်ဆောင်ရတာတွေက ဟန်ဆောင်နေသူကို စိတ်မဆိုးရက်ပဲ ရင်နာ ကြည်နူးရတဲ့ ခံစားမှုကိုပေးတယ်နော်… ကာလတွေဘယ်လောက်ကြာကြာ၊ ဘယ်အချိန်မှာ ပြန်တွေးတွေး မလျော့တဲ့ ခံစားမှု ကိုရနေမှာမျိုးပဲ…

    လေးစားလျှက်

    (Green Rose)

  • အလင်းဆက်

    January 13, 2013 at 7:42 pm

    ဟုတ်ပါ့ နှင်းဆီ စိမ်းလေးရေ…

    ဟ = အပြီးမှာ..
    ဘာရေးရမှန်းမသိလို ့… ရပ်နေသေးတယ် ။ မကြာမီ.တော့..လာမည်.ေ.ပါ့ ။

    အစဉ်မပြတ်… ခံစား..အားပေးလာတဲ ့..အတွက်..
    ကျေးကျေးပါ..နော် ့

    ခင်မင်စွာ…..
    အလက်ဆင်း

  • လင်းစက်ရာ

    February 1, 2013 at 5:34 pm

    ကို အလင်းဆက်ကြီး လူပျိုကြီး ဖြစ်နေတာ ဒါကြောင့်ကိုး.. ။ မြန်မာပြည်က မိန်းကလေး အများစုက.. အမေချစ်တဲ့ သားဆို ကြောက်ကြတယ်ဗျ……။ ဘာဖြစ်လို့မှန်းကို မသိဘူး…..။ ရွာသူ အစ်မ ၊ အန်တီများ ရှင်းပြကြပါဦး..

  • အလင်းဆက်

    February 1, 2013 at 10:00 pm

    တိန်…
    ဒီလူပျို ကြီး ဖြစ်နေတာလေးပဲ..ပြောနေကြတာပဲ. ။
    အဟင့်……
    နောက်နေ့က စပြီး.မိန်းမ ရအောင်ကြိုးစားတော့မယ် ။။
    :kwi:

  • weiwei

    February 10, 2013 at 10:16 pm

    မိခင်တစ်ယောက်ရဲ့ မိသားစု အတွက်အနစ်နာခံလေ့ ရှိပုံလေးကို ဖွဲ့ထားတဲ့ လေးပါ။
    အကြောင်းအရာကတော့ မိခင်ကောင်း တိုင်းမှာ ရှိတဲ့ စိတ်ဓာတ် အကြောင်း ဘဲမို့ သိပ်ပြီးမထူးဆန်းပေမဲ့ ကွဲပြားတဲ့ တင်ပြ ပုံလေးနဲ့ ဝင်ရောက် ဆွေးနွေးသူတွေ ကို အရေးတယူထား အချိန်ပေးပြီး ပြန်လည် ဆွေးနွေး ထားတာမို့ အကြိုက်ဆုံး အဖြစ်ရွေးလိုက် ပါတယ်။
    နောက်တစ်ချက်ကတော့
    အမေမစားရတဲ့ အစာကို ကိုယ်လဲ မစားချင် တာကြောင့်
    မိသားစုအားလုံး မစားရမဲ့ အတူတူ အားလုံးညီတူညီမျှ စားရမဲ့ အစာကို ချက်ကျွေး လိုက်တာ မကောင်းပေဘူးလား လို့ အမေ တွေကို အကြံပြုသင့်/ မသင့် စဉ်းစားနေမိ စေအောင် အတွေးများ ဆက်ပေးနိုင်တဲ့ Post လေးမို့လဲ ဖြစ်ပါတယ်။။

Leave a Reply