ကျိုက်ထီးရိုး အထမ်းသမားတို ့နှပ်ချတာ မခံရလေအောင်
မမဆူးရေးတဲ့ ကျိုက်ထီးရိုးနဲ ့ပတ်သတ်တဲ့ ဖြစ်စဉ်တစ်ခုကို ဖတ်ပြီး ကိုယ်ကို်ယ်တိုင်လည်း ကြုံတွေ ့ခဲ့ရတဲ့
ဖြစ်ရပ်ကလေးကို ဖောက်သည် ချပါရစေ ရွာသူရွာသားတို ့ရေ။ ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ ့က ကျွန်မတိုးရစ်ဂိုက်အနေနဲ ့ကျိုက်ထီးရိုးကို သွားခဲ့ပါတယ်။ နိုင်ငံခြားသားဆိုရင် ကင်ပွန်းစခန်းကနေ
ရသေ့တောင်ထိသာ တော်တက်ကားစီးခွင့်ပြုတာမို ့ရသေ့တောင်မှာ ဆင်းခဲ့ကြတယ်။
ဧည့်သည်က အသက်ကြီးနေပေမယ့် ရသေ့တောင်ကနေ တောင်ပေါ်ထိ လမ်းလျှောက်တက်ချင်တယ်လို ့
ဆိုလာပါတယ်။ ကျွန်မက သူ ့ကို နားချပါသေးတယ်။ ဒီက အထမ်းသမားတွေက ရသေ့တောင်ကနေစပြီး ငှားရင်သာ တစ်သောင်းနဲ ့လိုက်တာ။ လမ်းတဝက်ရောက်မှ အရမ်းမောပန်းပြီး မတက်နိုင်တော့တဲ့သူဆိုရင် အကြပ်ကိုင်ပြီး၁၂၀၀ဝနဲ ့ ဈေးခေါ်တော့တာ။ ဆစ်လို ့လည်း မရဘူးလေ။ မောနေတော့ အကြပ်ကိုင်တဲ့ ဈေးနဲ ့ပဲ သွားရတာပါပဲ။ ဒီအကြောင်းကို သိထားလို ့သူ ့ကို နားချပေမယ့် သူက ကြိုးစားကြည့်မယ်လို ့ပြောပြီး
လမ်းလျှောက်တက်ခဲ့ကြတယ်။ လူကြီးဆိုတော့လည်း မရတော့ ၃ကွေ ့လောက်တက်ပြီး အထမ်းငှားပါတော့တယ်။
အထမ်းသမားတွေဘဝက သနားဖို ့ကောင်းပါတယ်။ ဒီလို လူတစ်ယောက်ကို အလေးချိန်ကို ထမ်းပြီး မတ်စောက်တဲ့ တောင်ကို တက်ရတာ။ ဘယ်ဧည့်သည်မဆို ပြီးတာနဲ ့မုန် ့ဖို းထပ်ပေးတတ်ကြပါတယ်။ ဒါကို ပဲ အခွင့်ကောင်းယူပုံက ဒီလို။
နည်းနည်း တက်ပြီး မောလို ့ဆိုကာ ဆိုင်တစ်ဆိုင်ကို ဝင်လိုက်တယ်။ ကိုကာကိုလာ တစ်ယောက်တစ်ဘူးစီ ဝယ်တိုက်ပါလို ့ဧည့်သည်ကို ပြောခိုင်းတယ်။ ကျွန်မက ကိုကာကိုလာဈေးမေးကြည့်တော့ ၁ဘူးကို ၂ထောင်တဲ့။
ရန်ကုန်မှာ တစ်ဘူး၅၀၀။ ခုနက ဆိုင်အထိ ၁ထောင်။ ဒီဆိုင်က ဈေးများနေတော့ သံသယတော့ အရှိသား။
ဒါပေမယ့် ဧည့်သည်ကလည်း တိုက်လိုက်ပါဆိုတာနဲ ့ လေးဘူးဝယ်ပေးအပြီး ၄ယောက်သားက ရေအိုးစင်ကရေသောက်ပြီး အဲဒီ၄ဘူးကို ဆိုင်ရှင်ပြန်အပ်တယ်။
ဧည့်သည် ကွယ်ရာမှာ ၄ထောင်ကို ဆိုင်ရှင်ဆီကတောင်းလိုက်တယ်။ ဆိုင်ရှင်ကလည်း ၄ထောင်လည်း ရ ၊ မသောက်ရသေးတဲ့ ဘူးတွေဆိုတော့ ပြန်ရောင်းလို ့ရ ကျွန်မတို ့အနှပ်ခံလိုက်ရတာပါ။
ဒီလိုလည်း တောင်ပေါ်လည်း ရောက်ရော ကျွန်တော်တို ့ကိုအထမ်းခ ၅ထောင်ပဲ ပေးလို ့ပြောတယ်။ အထမ်းခ ၁သောင်း၂ထောင်ပြောခဲ့တာ။ ၅ထောင်ပဲ တောင်းတော့ အံ့ဩသွားတယ်။ ဒါနဲ ့၅ထောင်လည်း ပေးပြီးရောဒါက မုန် ့ဖို းဗျ။ အထမ်းက ၁သောင်း၂ထောင်ထပ်ပေးလို ့ပြောတယ်။ ကျွန်မမှာ ပြောစရာ စကားမရှိတော့ပါဘူး။ ၁နှစ်ကို ကျိုက်ထီးရိုးအခေါက်ခေါက် အခါခါ ရောက်ပေမယ့် အတွေ ့အကြုံတွေကမကုန်နိုင်စရာပါပဲ။ အားလုံးလည်း အထမ်းစီးဖြစ်တဲ့အခါ ကျွန်မလို မဖြစ်စေဖို ့သတိပေးလိုက်ပါတယ်။
14 comments
မောင့်ကျက်သရေ ဂီ့
January 16, 2013 at 12:17 pm
အော်… ရယ်. ..
ဖြစ်ရမယ် ….
စကားမစပ် အဲ့သည့်လူတွေ စန္ဒာပြနေလေရဲ့ …
၁။ တန်ခူးလ … သင်္ကြန်ပွဲ + ဆန္ဒပြပွဲ
၂။ကဆုန်လ … ညောင်ရေသွန်းပွဲ + ဆန္ဒပြပွဲ
၃။နယုန်လ … စာပြန်ပွဲ + ဆန္ဒပြပွဲ
၄။ဝါဆိုလ … ရှင်ပြုရဟန်းခံပွဲ + ဆန္ဒပြပွဲ
၅။ဝါခေါင်လ … စာရေးတံမဲပွဲ + ဆန္ဒပြပွဲ
၆။တော်သလင်းလ … လှေပြိုင်ပွဲ + ဆန္ဒပြပွဲ
၇။သီတင်းကျွတ်လ … မီးထွန်းပွဲ + ဆန္ဒပြပွဲ
၈။တန်ဆောင်မုန်းလ … ကထိန်ပွဲ + ဆန္ဒပြပွဲ
၉။နတ်တော်လ … စာဆိုပွဲ + ဆန္ဒပြပွဲ
၁၀။ပြာသိုလ … မြင်းခင်းသဘင်ပွဲ + ဆန္ဒပြပွဲ
၁၁။တပို့တွဲလ … ထမနဲပွဲ + ဆန္ဒပြပွဲ
၁၂။တပေါင်းလ … သဲပုံစေတီပွဲ + ဆန္ဒပြပွဲ
from f/b
၁၂လလုံး ခြိမ့်ခြိမ့်သဲသဲပေါ့ဗျာ…
😛
မင်းနန္ဓာ
January 16, 2013 at 12:54 pm
စိတ်လေတယ်
မိတ်ဆွေရယ်
နိုင်ငံတကာမှာ မြန်မာဆို နှာခေါင်းရှုံ့ကြအောင် လုပ်ရက်ပါပေ့
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
January 16, 2013 at 1:45 pm
ပြီးခဲ့တဲ့ အပတ်ကမှ ပူပူနွေးနွေး၊ အေးအေးချမ်းချမ်း ကျိုက်ထီးရိုးရောက်သွားသူဆိုတော့…
အဲဒီအကြောင်းကို တွေးမိသေးတယ်…
ပြသနာအရင်းအမြစ်ပြန်စစ်ကြည့်ရင်…
ရသေ့တောင်ကနေ ရင်ပြင်တော်ပေါ်တက်တဲ့ ကားလမ်းက Safe မဖြစ်ဘူးလို့ပြောချင်တာပါ…
တောင်တက်ကားတွေ အင်ဂျင်ကအစ ကြံ့ခိုင်မှုအရမ်းကောင်းပေမယ့် လမ်းတည်ဆောက်မှုမှာ အတော်လေးညံ့ဖျဉ်းတာတော့ အားမရစရာတွေ့ရပါတယ်…
ကျွန်တော့စိတ်ထင် နိုင်ငံခြားသားတွေကို ရသေ့တောင်ကနေလှမ်းလျှောက်ခိုင်းတယ်ဆိုတော့ တောင်တက်လမ်းရဲ့ ရသေ့တောင်ကနေ ရင်ပြင်တော်အထိ လမ်းရဲ့ Safety ကို တာဝန်မယူနိုင်လို့လို့ ထင်ပါတယ်… ဒါကတစ်ကြောင်း…
နောက်တစ်ခုက အထမ်းသမားများနဲ့ကိစ္စပါ…
ဒီအထမ်းသမားတွေကို Management လုပ်ဖို့ အဖွဲ့တစ်ခုတော့လိုနေပြီထင်ကြောင်း…
အဲဒီလိုအဖွဲ့ကိုလဲရှိခဲ့တယ်လို့တင်ပါတယ်…
လူတစ်ဦးအထမ်းအတွက် ဈေးဘယ်လောက်မူသေသတ်မှတ်ဈေး စနစ်တကျထားသင့်ပါတယ်…
အထုတ်အပိုးများ အထမ်းအတွက်လဲ အလေးချိန် Kg ဘယ်လောက်ကနေ ဘယ်လောက်အထိ ဘယ်ဈေးဆိုတာမျိုး သတ်မှတ်ထားပြီး ဈေးသတ်မှတ်ပေးထားသင့်ပါတယ်…
နောက်ထပ် Tips ပေးတာကတော့ တစ်မျိုးပေါ့… နောက်တစ်ခုက လမ်းမှာ အဲဒီလိုအပိုတောင်းတာ Cheat လုပ်တာမျိုးတွေရှိလာရင် Management ကိုတိုင်နိုင်တာမျိုး ထိရောက်စွာအရေးယူတာမျိုး လုပ်သင့်ပါတယ်… ဒါကတစ်ချက်…
နောက်တစ်ချက်က…
အခု ကားလမ်းဖွင့်လိုက်တော့ အထမ်းသမားတွေရဲ့ ဝင်ငွေသိသိသာသာလျော့သွားတယ်…
နောက်တစ်ခုက လမ်းမှာ အရင်လိုဝါးနဲ့လုပ်ထားတဲ့ လက်မှုပစ္စည်လေးတွေသိပ်မတွေ့တော့သလို… ရှိတဲ့ပစ္စည်းလေးတွေကလဲ အရင်လိုလက်ရာမမြောက်တော့ဘူး…
အဲဒါ အင်အားရင်းပြီးလုပ်စားကြတဲ့လူတွေအတွက် ဘယ်လိုလုပ်ကြမလဲ…
သူတို့ စားဝတ်နေရေးအတွက် ဘယ်လိုပြန်လည်ဖန်တီးပေးကြမလဲ…
အဲဒီလို… ခေတ်မီပစ္စည်းတွေနဲ့ အစားထိုးတဲ့အချိန်မှာ စနစ်တကျအလုပ်အကိုင်ဖန်တီးပေးမှုရှိဖို့ လိုပါတယ်…
ဒါတွေကို စဉ်းစားပြီးမှ Upgrade လုပ်ရပါလိမ့်မယ်…
မဟုတ်ရင်တော့ Chaos ဗရမ်းဗတာ ဖြစ်နေဦးမှာပါပဲ…
ပညာမတတ်လို့… ခန္ဓာကိုယ်အင်အားကိုရင်းပြီး ရှာဖွေစားသောက်ကြတဲ့ဆင်းရဲသားလူတန်းစားကို အပြစ်ပြောမယ့်အစား အသိပညာကိုရင်းပြီး လုပ်ကိုင်စားကြတဲ့ Management ရဲ့ ပေါ့လျော့မှုကို ပိုပြီးအပြစ်တင်စေချင်ကြောင်း…
ကျိုက်ထီးရိုးကို အမှန်တကယ် Resource ဖြစ်အောင် ယခုထက်ပိုပြီးလုပ်စေချင်တဲ့ဆန္ဒရှိကြောင်း…
အင်အားဖြည့်လိုက်ရပါသည်ခင်ဗျား…
ခင်မင်လျက်-
ကြောင်ဝတုတ်
moonpoem
January 16, 2013 at 2:04 pm
ကိုကြောင်ဝတုတ်ပြောတဲ့အတိုင်းပါပဲ ဧည့်သည်တွေကို ရသေ့တောင်ထိပဲ ကားစီးခွင့်ပြုရတဲ့ အကြောင်းအရင်းက ရသေ့တောင်ကနေတောင်ထိပ်ထိ သွားတဲ့ လမ်းက safe မဖြစ်လို ့ပါ။ ကျွန်မ အသိ ဧည့်လမ်းညွှန်တုန်းကလည်း ဒီလို ဖြစ်ခဲ့ဘူးပါတယ်။အထမ်းသမားတွေကို မကျေနပ်လို ့သူတို ့ကို ကိုင်တွယ်တဲ့ ကောင်တာကို သွားတဲ့အခါ ဘယ်သူကမှ ဂရုတစိုက်နဲ ့နားထောင်မပေးသလို တာဝန်ယူ ဖြေရှင်းပေးမယ့်လူလည်း မရှိခဲ့ပါတဲ့။ပြီးတော့ သူ ့တုန်းကဆို အထမ်းသမားတွေက ခင်ဗျားတိုင်ချင်ရာတိုင် ဘယ်သူ ့မှ မကြောက်ဘူးလို ့ပြောတာ ခံခဲ့ရပါတယ်တဲ့။ ဒီလို ပြောပုံ ဆိုပုံအရဆိုရင် မကြောက်ရတဲ့ အကြောင်းအရင်းက ကိုကြောင်ဝတုတ် ပြောတဲ့ အတိုင်း သူတို ့ကို တကယ် ထိထိရောက်ရောက် စီမံခန် ့ခွဲ ့မယ့်လူ မရှိလို ့ပါပဲ။ ပြုပြင်နိုင်ကြပါစေ။
kai
January 16, 2013 at 4:25 pm
အဲဒီနား.. ဟိုဖက်တောင်.. ဒီဖက်တောင်တွေကြား.. ကြိုးပုခက်ကလေးနဲ့.. သွားတဲ့တာဝါတွေ..လိုင်းတွေဆွဲဖို့ကြံနေသူရှိနိုင်ကောင်းတယ်..
အခုဆန္ဒပြပွဲတွေ.. ဗရမ်းဗတာတွေကို အစိုးရဘယ်လိုကိုင်တွယ်မလည်း.. စောင့်ကြည့်နေမယ်ထင်ပါကြောင်း… :kwi:
pooch
January 16, 2013 at 7:32 pm
အဲ့ဒီ ကြိုးပုခက် ပေါ်လာပါစေ ဆုတောင်းတယ် ။ တကယ့်ကို လှပြီး စိတ်ဝင်စားစရာ ခရီးတခု ဖြစ်သွားမှာ။
ခုတော့ ဘယ့်နှယ့်လုပ်ကြမယ် မသိဘူး ။ ဘကြီးစိန်လည်း သနားသေးတယ် ။
” ငါးတကာ ယိုတဲ့ချီး ပုဇွန်ဆိတ်ခေါင်း စု ”
ဆိုသလို ဖြစ်နေပြီ
Tin Tin
January 16, 2013 at 2:21 pm
အဲဒီက လူတွေဆိုရိုးသားမယ်လို့ ထင်တာ.. သူတို့လည်းမရိုးသားတော့ဘူးနော်…
မလိမ့်တပတ်နဲ့ လုပ်စားနေကြတာဘဲ… ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတွေကို ပြန်ပြောပြပေးတဲ့ အတွက်ကျေးဇူးပါနော်….ကျမတို့လည်းသတိထားရတာပေါ့….
ဆူး
January 16, 2013 at 3:30 pm
တောသား လူလည်တွေပါလား.. ကြောက်စရာ ကောင်းလိုက်တာ.. တော်တော် အကျင့်ပျက်နေကြတာပဲ.. ရတုန်း ရိုက်မယ် ဆိုတဲ့ စိတ်ဓါတ်ကြီးက တော်တော် ဆိုးတယ်။
zarlay
January 16, 2013 at 3:54 pm
ဒါတွေကထုံးစံလိုဖြစ်နေပါပြီ
နိုင်ငံခြားသားမှမဟုတ်ပါဘူး မြန်မာအချင်းချင်းလည်း လည်ရင်လည်သလိုနှပ်ချနေကြတာတွေ အခုထိရှိပါသေးတယ်
etone
January 16, 2013 at 4:30 pm
moonpoemရေ … နေရာတိုင်းမှာ ဒီလို ဗလောင်းဗလဲ လုပ်ပြီးရှာစားချင်တဲ့ လူလိမ်တွေ ပေါပါတယ် .. ။ ဘယ်နည်းနဲ့ ဘယ်လို ကြုံရမယ်မှန်း မသိပေမယ့် … တစိမ်းတရံနဲ့ အလုပ်သဘောအရ ဆက်ဆံရတဲ့အခါမှာ ချည်ပြီး တုပ်ပြီး ပြောမှကို ဖြစ်မှာပါ ။ ကျိုက်ထီးရိုးသွားတိုင်း …. အထမ်းသည်တွေကိုမြင်လျှင် … ပင်ပန်းကြီးစွာ လုပ်စားရတာပဲလို့တွေးပြီး အလိုလို သနားစိတ်ဝင်နေတာ .. ခုလိုကြတော့ …. အတော်ဆိုးတာပဲ … ။
တောင်တက်ကားစီးရတာ လုံးဝကို အဆင်မပြေလို့ ကျိုက်ထီးရိုးကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ရောက်ပြီး ကတည်းက .. .. ထပ်မသွားချင်တော့ဘူး … ။ ရောက်ဖူးတာလည်း လေးငါးခေါက်ရှိပြီဆိုတော့ … လူကြပ်ကြပ်နဲ့ တိုးဝှေ ့နေရတာကိုက ..စိတ်အိုက်စရာလေ … ။
မောင်ပေ
January 16, 2013 at 7:32 pm
အခုမှ မွန်းကဗျာလေးက တိုးဂိုက်လုပ်မှန်းသိရသကွဲ ့
ဘပေ ချောင်းသာကိုသွားချင်တာ
အဲဒါ လမ်းမှ အနှပ်မခံရအောင် မွန်းကဗျာလေး ၊ လိုက်ပို ့ပေးနိုင်မလားကွဲ ့
ဟီဟိ
ဂန္ဓာရီ ဆြာအုပ်
January 16, 2013 at 10:14 pm
ဝေမျှပေးတဲ့ အတွက်ကျေးဇူးပါဗျို့
ခိုင်ဇာ
January 17, 2013 at 9:52 am
ပြောရရင်လည်း ရှက်စရာ။
တစ်ခါမှ မရောက်ဖူးဘူး။
ဒီနှစ် သွားမလို့ ခု ကျိုက်ထီးရိုး ပို့(စ) တွေ လိုက်ဖတ် လိုက်မှတ်နေတယ်။
မျှပေးတဲ့ အသိလေးအတွက် ကျေးဇူးပါ။
johnnydeer
January 18, 2013 at 9:47 am
ကျိုက်ထီးရိုးတော့ ပြောကိုမပြောချင်တော့ဘူး…ကုသိုလ်မရ ငရဲပဲ ရခဲ့တယ်…ဂေါပကဆိုလဲ ကန်ထရိုက်ဆွဲပြီး ဓမြတိုက်နေသလားအောက်မေ့ရတယ်…ဘုရားသေးသေးလေးတွေအများကြီးဆိုတော့ အေးအေးဆေးဆေး မဖူးဖြစ်တဲ့အခါ ဂေါပကက ဘာလှမ်းအော်သလဲ ဆိုတော့ ဘုရားဆိုတာ ဖူးကောင်းတယ်နော့တဲ့…ဖူးမိပြန်ရင်လဲ ဇွတ် အလှုခံ…တောင်တက်ကားသမားတွေကလဲ တအားရိုင်း…ပြောတော့ပါဘူး…