အထက်အမြင့်မှ ဖူးမြင်ရခြင်း

အထက်အမြင့်မှ ဖူးမြင်ရခြင်း
ကျနော်မိတ်ဆွေအများစုက မန်းလေးဂေဇက်ရွာထဲကဘဲဖြစ်ပါတယ်။
ထူးခြားစွာ ဖေစ်ဘုတ်ကနေ သိတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။
တစ်ရက်သူက ညနေခင်းမှာဖုန်းဆက်လာပါတယ်။
“ တိမ်တွေတောက်နေတာလှလိုက်တာ “
သူတို့ အိမ်ခေါင်မိုးကနေတက်ကြည့်ရင် ရွှေတိဂုံဘုရားကိုမြင်ရတာ။
ညနေခင်း တိမ်တွေလှတာ။
လပြည်ညဆိုရင် ရွှေတိဂုံဘုရားကို ကြည်ညိုစွာဖူးမြင်ရတာ။
ကိုအမြဲပြောတော့ရန်ကုန်လာရင် အိမ်အလည်လာပြီး ဓါတ်ပုံရိုက်ခွင့်ပြုဘို့ ခွင့်တောင်းထားခဲ့ပါတယ်။
ကျနော်ရန်ကုန်ရောက်တဲ့တစ်ခုသောညနေခင်းမှာ ရွှေဂုံတိုင်မီးပွိုင်အနီးက သူတို့ ဆီကိုအလည်သွားပါတယ်။
အမြင့်က 11ထပ် ဓါတ်လှေကားရှိလို့တော်ပါသေးတယ်။
သူတို့အိမ်မှာခဏ စကားပြော.
ညနေခင်းရောက်တော့ အိမ်အပေါ်ထပ်ကနေ ခေါင်မိုးပေါ်တက်။
သူတို့ က သံဇကာ ကာလို့ အသေအချာလုပ်ထား။
ဓါတ်ပုံတွေရိုက်မိတဲ့အခါ ကျနော်စိ်တ်ထဲ မှာ ကျေနပ်မူ့တစ်ခု ကျန်နေခဲ့ပါတယ်။
ကျေးကျေးပါ မိတ်ဆွေလေးရေ။
ကိုပေါက်လမ်းသလားနေသည်
မဟာရန်ကုန်
23-1-2013







10 comments
မဟာရာဇာ အံစာတုံး
January 27, 2013 at 10:48 am
ဖေပေါက်ဂျီး …
ဘုရားတွေ ဖူးသွားဘာဒယ်ဂျို့ ….
ရွှေတိဂုံ ဘုရား ဖူးမြော်ဖူးတယ် ဆိုပေသိ …
အဲ့လို အချိန်ကြီး မဖူးမြော် ဖူးဘူးဂျ …
ဖေပေါက်ဂျီး ဒို့ဂဒေါ့ အားဂျီး ဝီရိယ ကောင်းဒယ် …
ကိုပေါက်(မန္တလေး)
January 27, 2013 at 12:43 pm
ငါ့ကောင်ကြီးရဲ့ ဒီပုံကညနေခင်းလေးမှာ တိုက်11ထပ်အမြင့်ကနေ တက်ရိုက်ထားတာပါကွဲ့
မဟာရာဇာ အံစာတုံး
January 27, 2013 at 7:25 pm
အဟီးးး
သိဝူးးလေဂျာ ..
ဖေပေါက်ဂျီးဂလည်း ….
ကျုပ်က ပုံတွေဘဲ ကြည့်ပြီး နံနက်ပိုင်း ဆိုပြီး ရမ်းတွယ်ထည့်လိုက်ဒါ …
အင်းး မွှားဒဲ့ အခါလည်း မွှားပေမပေါ့ …
မိုး မင်းသား
January 27, 2013 at 1:04 pm
ကိုပေါက်…ကျွန်တော်ကိုညာတယ်
ရန်ကုန်ရောက်ရင်ဖုန်းဆက်မယ်ဆိုပြီး…….ဘုရားဖူးပြီးပြန်သွားတယ်မဟုတ်လာ.း…..
ခင်လို ့စတာပါကိုပေါက်ရေ…..နေကောင်းရဲ ့မဟုတ်လား
ကိုပေါက်(မန္တလေး)
January 27, 2013 at 1:09 pm
မဟုတ်ရပါဘူးဗျာ။
ရန်ကုန်ရောက်တာ ချာလပတ်ကိုရမ်းနေတာဘဲ။
ပိုစ်တင်မှသာဖတ်ကြည့်ပေတော့။
နေကောင်းပါ၏။
မောင်ပေ
January 27, 2013 at 7:04 pm
အင်တာနက်သုံးပြီး ငွေရှာမယ်အလုပ်
ကိုပေါက် ရဲ ့ ဘုရားပုံလေးတွေ အရင် ဖူးမျှော်ကြည်ညိုရတယ်
သာဓု သာဓု သာဓု ပါ ဗျာ
Mobile
January 27, 2013 at 7:25 pm
ကိုပေါက်ရေ အခုပုံလေးတွေကိုတော့ဖြင့် ဝေါးပေပါလုပ်၍ ပူဇော်နိုင်ရန်
ကူးယူထားလိုက်တယ်ဗျ။
မြန်မာပြည်အနှံ အတော်ခြေဆန့်တဲ့ အတော်အရိုက်ကောင်းတဲ့ကိုပေါက်
မန်းလေးနန်းတွင်းထဲကပုံတွေကို တင်မယ်ဆိုတာ ဘယ်တော့တင်ပေးမှာလဲဗျ။
ကျနော် ရွာထဲမရှိတုန်းမှာများ တင်ပေးလိုက်သလား။
ကြည့်ချင်တောင်းတ ဖြစ်နေလှပီဆိုတဲ့အကြောင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
January 27, 2013 at 9:26 pm
နန်းတွင်းပုံတင်လို့ရခါနီးပါပြီ သိပ်မစောင့်ရတော့ပါဘူးဗျာ
မြန်မာပြည်မနှံ့သေးဘူးဗျ
မြန်မာပြည်အောက်ပိုင်း မရောက်ဖူးသေးဘူးဗျ။
ဖားအံ ကျိုက်ထီးရိုး ကျိုက်ခမီ ငပလီ ချောင်းသာ ငွေဆောင်အလောင်းတော်ကဿဖ မြစ်ကြိးနား ကလေးတမူး
တွေးကြည့်ရင်မရောက်ဘူးသေးတဲ့နေရာအများကြီး
ရောက်ဘူးပြီး ဓါတ်ပုံမရိုက်ဘူးသေးတဲ့ ပုဂံ မကွေးမြသလွန် ရွှေစက်တော်
တွေးကြည့်တာနဲ့တင် အများကြီးပါဗျာ
နွေဦး
January 29, 2013 at 5:23 pm
အဲအိမ်ပေါ်က ရိုက်ရင် မနက်စောစောလဲလှတယ်ဗျ..။
ကိုပေါက်(မန္တလေး)
January 29, 2013 at 6:13 pm
ကြည့်ရတာ ကိုနွေဦးက အဲဒီအခန်းနားမှာဘဲနေပုံရတယ်။
ကျနော်ရိုက်တဲ့နေရာကို အတိအကျသိနေတာ။
ဒီလိုမှန်းသိရင် ဝင်လည်ပါတယ်ဗျာ။