ဒီနေ ့တော့ တကယ်ပျော်ရပါပြီ (မန်းဂေဇက် စုံညီပွဲ အမှတ်တရ)
ရွာထဲကို မရောက်ဖြစ်တာ ကြာပြီ။ အရင်တပတ်ကတော့ ခဏဝင်လည်တုန်း ရွာသူရွာသားတွေ စုံညီပွဲလုပ်မည့်
အကြောင်းကို ဖတ်လိုက်ရသည်။ ကိုယ်က အရင်တစ်ခေါက် ခဲမှန်ဘူးသည့် စာသူငယ်ဖြစ်ဘူးသဖြင့် ဒီတစ်ခါရော တကယ်လား
လာမယ်လာမယ်ပြောပြီး တကယ်တမ်းရော လာကြမှာလား စသည်ဖြင့် အတွေ းတွေဖြင့် စုံညီပွဲကို သွားရမှာကို စိုးရိမ်စိတ်တွေဝင်မိသည်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်။ သွားတော့ကြည့်လိုက်မည်။ ယခုတစ်ခေါက်တော့ ကံကောင်းပါစေဟု ဆုတောင်းလိုက်မိသည်။
မနေ ့က တနင်္ဂနွေနေ ့ဆိုပေမယ့် ပွဲကို နောက်ကျမှာစိုးသဖြင့် စောစောစီးစီး အိပ်ရာထလိုက်သည်။ ကန်တော်ကြီးမှာ ဝင်ကြေးပေးရမယ့်
နေရာရောက်တော့ စိတ်အားငယ်စွာဖြင့် မဝံ့မရဲ မေးလိုက်သည်။ အစ်ကို ရေ ကျွန်မက မန်းတလေးဂေဇက် စုံညီပွဲကိုလာတာပါလို့
ဆိုတော့ အယောက်၂ဝကျော်ပြီ ဖြစ်သည့်အတွက် ဝင်ကြေးကတော့ ပေးရမည် ဟုဆိုသည်။
ကျွန်မ တကယ်ဝမ်းသာမိပါသည်။ ဘာပဲပြောပြော အယောက်၂ဝကျော်ပြီဆိုတော့ ပွဲကို လာတဲ့ရွာသူရွာသားတွေ ရှိပြီပေါ့။
အရင်တစ်ခေါက်လို မဟုတ်တော့ဘူးပေါ့။ ဒီလိုနှင့် ပီသရီး ဆိုင်ကိုရောက်တော့ အမျိုးသမီးများသည် ့ဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
ကိုယ်က စာရေးသက်နုသူဖြစ်သည့် အားလျော်စွာ မိတ်ဆက်ရမှာ အားတော့ငယ်မိပြန်သည်။ ထိုဝိုုင်းတွင် မအိ၊ မမတင်၊မဂရင်းရိုစ့်၊
မနွယ်ပင်၊မအိတုံ၊ငြိမ်းငြိမ်း၊ ကိုဖက်တီး အမျိုးသမီးတို ့က မိတ်ဆက်ကြသည်။ မိတ်ဆက်နေစဉ်မှာပင်
မမနှင့် မပဒုမာ လည်း ကျွန်မထိုင်နေသော ဝိုင်းသို ့လာရောက်မိတ်ဆက်ကြပြန်သည်။ ကျွန်မက စာရေးကလောင်နာမည် ပြောတော့
အားလုံးက ဪ ဟိုတစ်လောကတင် ကျိုက်ထီးရိုးက အထမ်းသမားတွေအကြောင်းရေးတဲ့ ဂိုက်ညီမလေးပဲဟု အသိအမှတ်ပြုကြသည်။
အားလုံးက ျွန်မကို စာဆက်လက်ရေးသားရန် တိုက်တွန်းအားပေးကြသည်။ လက်မငြိမ်သေးသော သိသည်ကို
ရေးတက်ပြီး မဖွဲ ့နွဲ ့တက် စာအရေးအသားမကောင်းသေးသော ကလောင်တစ်လက်ကို အားပေးကြတော့
အင်မတန်အားတက်မိပါသည်။ ကိုယ်ရေးသည့်ပိုစ့်လေးတွေကို မှတ်မိနေ ကြသည့်အတွက်လည်းအ များကြီး ဂုဏ်ယူမိပါသည်။
ပွဲကျင်းပစဉ်အချိန်အတွင်းမှာလည်း အားလုံးအချိတ်အဆက်မိမိဖြင့် တပျော်တပါး ကျင်းပသွားနိုင်ခဲ့ပါသည်။
ကံစမ်းမဲ ၂ခါနှိုက်ရာတွင် ၂ခါလုံးမဲပေါက်သဖြင့် ပျော်လည်းပျော်ရပါသည်။ အားလုံးသော ရွာသူရွာသားများနှင့်
တပျော်တပါးကြီးတွေ ့ဆုံရတာ၊ လှိုက်လှဲစွာ စည်းလုံးစွာ ဖြင့် တွေ ့ရတော့ ကျေနပ်မိပါသည်။
နောက်လည်း ထပ်မံတွေ ့ဆုံချင်ပါသေးသည်။ သူများတွေဆုရသလို ကိုယ်လည်းဆုရအောင် ရေးရပါဦးမည်။
ဖတ်ရပါဦးမည်။
နောက်တစ်ခါတွင်သူကြီးမင်းမှ ဒေါ်လာ၁ဝမဟုတ်ဘဲ ဒေါ်လာ ၁၀ဝ မဲဖောက်ပေးရန်လည်း မျှော်လင့်နေပါဦးမည်။
ပျော်ရွှင်မှုအထိမ်းအမှတ်ဖြင့် ယခုပို ့စ်ကို ရေးပါသည်။အားလုံးလည်း ပြန်လည်တမ်းတပျော်ရွှင်နိုင်ကြပါစေ။
27 comments
Thu Wai
January 21, 2013 at 9:51 am
ဓာတ်ပုံလေးတွေတင်ကြပါအုံးဗျာ အလုပ်ရှိလို့ ၁၁ နာရီလောက်မှာ ထပြန်သွားတာ ဘာအစီအစဉ်တွေကျန်သေးလဲသိချင်လို့။
P chogyi
January 21, 2013 at 9:51 am
ဒေါ်လာတစ်ရာဆုပေးသင့်ပါသည်။
သို့သော် ၁ဝ တန် ၁ဝ ယောက်ပေးသင့်ပါသည်။
မဲနှိုက်တိုင်းမပေါက်တာများလို့ မဲအရေအတွက်များရင်ပေါက်မလားလို့ပါ။
ရှုပ်ပါတယ် တဂျီးမင်းရယ် အခမ်းနားတက်သူတိုင်း တစ်ယောက် ဒေါ်လာ ၁ဝ သာ
ချီးမြှင့်လိုက်ပါ အဲဒါမှ သေချာပေါက်ရမှာ။
surmi
January 21, 2013 at 10:02 am
မေလကဗျာရေ
ပွဲချိန်နည်းလို ့တိုက်ရိုက်နှုတ်မဆက်ဖြစ်လိုက်ပေမဲ ့ သတိထားမိပါတယ် ။
ဟိုး ယခင်စာတွေရေးစဉ်ကလည်း ဖတ်ဖူးခဲ ့ပါတယ်
ကိုရင်ရှုံးစီစဉ်တဲ ့ တွေ ့ဆုံပွဲကို တက်ခဲ ့တဲ ့ တစ်ဦးတည်းသောသူလို ့လည်း
သိထားပါတယ် ။ နောင်ပွဲတွေလည်း တက်ရောက်နိုင်ပါစေ
moonpoem
January 21, 2013 at 11:08 am
ကိုရင်ဆာမိက နာမည်ကသာ ကိုဆာမိ လူကဖြင့် အသားကို ဖွေးနေတာပဲနော် ဟိဟိ
ကထူးဆန်း
January 21, 2013 at 10:03 am
တစ်ယောက်တစ်ဆယ် … နောက်တစ်ခါဆို လူ တစ်ရာလောက် လာရင် သူကြီးကတော် သူကြီးကို ခေါင်းခေါက်တော့ မပေါ့ .. :harr:
အရီးခင်လတ်
January 21, 2013 at 4:23 pm
မပူနဲ့ ကထူးဆန်း။
သူကြီးမှာ စပွန်စာအကြီးကြီး ရှိတယ်။ 😉
စာရေးကောင်း လကဗျာကို အရီးလဲ တွေ့ချင်ပါတယ်။
အခုတော့ ဘူတူ လေးလဲ သိဝူး။
မိုချို
January 21, 2013 at 10:45 am
မိုချို မန်ဘာဝင်ပြီး စာမရေး ခင် ၊ စာဖတ်သူ ဘဝ ထဲက moonpoem ရဲ့ စာတွေ မှတ်မှတ် ရရ ဖတ်ဖူး သလို သတိလည်း ထား မိပါတယ်။ လကဗျာ ဆိုတဲ့ အဓိပ္ပါယ် လေး က ကဗျာ ဆန် လိုက် တာ လို့တောင် တွေး မိသေးတယ်။
ကိုယ် ဆိုလည်း ဘယ်တော့ မှ မဲပေါက်လေ့ မရှိဘူး။ အဲဒါကြောင့် လူတိုင်းစေ့ ပေါက်နိုင်တဲ့ မဲ မျိုး မှ အဆင် ပြေ မှာ။ သဂျီးရေ …နောက် တခါ ဆို လူတိုင်းစေ့ ၁ဝ မဟုတ်တောင် ၁ ဒေါ်လာ ပေါ့။ ဟွန်း ..သဂျီး ဆီ ကဆို ၁ ဒေါ်လာ လည်း တန် ဖိုး ရှိတယ်။
moonpoem
January 21, 2013 at 11:09 am
အားပေးတဲ့အတွက် အားတက်ရပါတယ် မမိုချိုရေ။ မမိုချိုလို ဆုရအောင်လည်း ကြိုးစားပါဦးမယ်။
Wow
January 21, 2013 at 10:56 am
ကဗျာလေးတွေကို မှတ်မိနေပါတယ် ‘လကဗျာ’ ရေ….
ဆူး
January 21, 2013 at 11:57 am
သဂျီးက ကံစမ်းမဲ အတွက် ပေးတုန်းကတော့ ဒေါ်လှ ၁၀ဝ လူကြုံပေးခါနီး ဗိုက်ဆာ တာနဲ့ ၁၀ဝ ထဲက နောက်ဆုံး သုည တလုံး ကို ဘဲဥ အမှတ်တဲ့ ဖြုတ်ကြော်လိုက်လို့ ၁ဝပဲ ကျန်ခဲ့တယ်လို့ ကြားတယ်။
မင်းနန္ဓာ
January 21, 2013 at 1:13 pm
အနော်လည်း တကယ်ပျော်ခဲ့ပါတယ် တီတီလကဗျာ ခင်ည
ဆုရအောင် ရေးမယ်ဆိုတဲ့ ပို့စ်လေးတွေ ဖတ်ဖို့ ကြိုတင်စိတ်စော နေပါဘီလို့
Tin Tin
January 21, 2013 at 1:20 pm
ညီမလေး moonpoem ရေ အခုလိုပြန်ဖတ်ရတော့ ပြန်ပြီးဝမ်းသာပျော်ရွှင်ရပါတယ်…
နောက်နောင်များလည်း ပျော်ပျော်ပါးပါး ထပ်တွေ့ကြတာပေါ့နော်…
moonpoem
January 21, 2013 at 1:59 pm
ဟုတ်ပါတယ် မတင်တင်ရေ ပြန်လည် တွေ ့ဆုံကြပါဦးစို ့။
kai
January 21, 2013 at 1:40 pm
လက်ဆောင်ပေးတာမှာ.. ပိုက်ဆံနဲ့.. ပစ္စည်းဆို.. ဘာကိုပိုကြိုက်ကြတယ်မသိ…
တကယ်က.. ပစ္စည်းက..ပို့ခလည်းရှိသမို့.. ပိုဈေးများသဗျ..
ကျုပ်ကတော့..
.. စိတ်လှုပ်ရှားမှုပိုတဲ့.. ပစ္စည်းကောင်းသလားလို့..။
ဆိုတော့..
တရုတ်နှစ်ကူးတော့မယ်တဲ့ဟေ့..
အံပေါင်းပြန်ပေး…
တရုတ်မဟုတ်ဖူးလား..
ပြဿနာမရှိ…
ပြည်ထောင်စုနေ့အထိမ်းအမှတ်နဲ့.. လက်ဆောင်ပြန်ပေး.. :kwi:
ကိုပေါက်(မန္တလေး)
January 21, 2013 at 1:57 pm
သူကြီးနဲ့လေဒီခိုင်အိမ်ထောင်ကျတဲ့နေ့ကိုပြော
အမှတ်တရဖြစ်အောင် ရွာသူားတွေက လုပ်ပေးမယ်ဗျို့
aung moethu
January 21, 2013 at 2:49 pm
ကံစမ်းမဲ တစ်ခုမှ မပေါက်လိုက်ဘူး း(((
Mr. MarGa
January 21, 2013 at 6:31 pm
လကဗျာ
သေချာနှုတ်မဆက်လိုက်ရပေမယ့် မှတ်ထားလိုက်ပါတယ်
ဗျို့ သဂျီး
နောက်တစ်ခါ မနိုဗွီလို ဗလာမပါ ကံစမ်းမဲ လုပ်ပေးဗျ
အခုကျတော့ ဝမ်းနည်းဝမ်းသာ ဖြစ်သွားတယ်
မပေါက်လို့
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
January 21, 2013 at 7:46 pm
နောက်ကျမှမန့်ဖြစ်လိုက်တယ်
ကျိုက်ထီးရိုးပိုစ့်မှာ ခံစားမိတဲ့အတိုင်းမန့်လိုက်တာပါ
အပြင်မှာထပ်တွေ့ ရတော့လဲ သိပ်မခင်သေးပေမယ့်
နောက်ပိုင်း ပိုခင်သွားကြမှာပါ စာများများရေးနိုင်ပါစေကြောင်းဆုတောင်းလျက်
စာရေးကြဲသော
ကြောင်ဝတုတ်
padonmar
January 21, 2013 at 9:43 pm
ဇွဲကောင်းတဲ့ Moonpoem လေးရဲ့ စာတွေကို လူတိုင်းမှတ်မိပါတယ်ကွယ်။
panpan
January 22, 2013 at 8:05 am
ကံမကောင်းဘူး
သဂျီးပေးတဲ့လက်ဆောင်မရဘူး
ရှေ့ကနှိုက်တဲ့လူနဲ့ နောက်ကနှိုက်တဲ့လူ၂ယောက်၊ ပေါင်း၃ယောက် လက်ဆောင်ရသွားတယ်
သများမရဘူး
ကြားကနေ လွတ်တယ်
အာဟင့် 🙁
ရွှေ ကြည်
January 22, 2013 at 5:13 pm
အလယ်လပ်ကျန်ခဲ့တယ်ပေါ့ ပန်လေးသနားစရာ..။
panpan
January 22, 2013 at 9:08 pm
အဲ့လာကြောင့် မမချွေကျီလေးက အဲ့ကနေ တခုခုလက်ချောင်ပို့လိုက်ဘာာာ :harr:
Ma Ei
January 22, 2013 at 10:09 am
လကဗျာ တူမချောချောလေး
ခင်မင် ဆုံတွေ့ရတာ အမှတ်ရနေမယ်နော်…
ဦး ကျောက်ခဲ
January 22, 2013 at 10:20 am
မင်္ဂလာပါ တူမရေ
အဲဒီနေ့က ပေါတာများသွားလို့….
လူစုံအောင် နှုတ်မဆက်လိုက်ရဘူး…
တကယ့်ကို ပျော်ရတာပါ….
နောင်များ ရွာသူရွာသားများနဲ့ ဆုံချင်ပါသေးတယ်….
:harr:
moonpoem
January 22, 2013 at 11:53 am
ဦးကျောက်ခဲကတော့ အဲဒီနေ ့က စကားနည်းလို့ မှတ်မိအောင် မနည်းကြိုးစားရတယ်။ (ပြောင်းပြန်ကောက်ရန် ဟိဟိ)
mamanoyar
January 22, 2013 at 12:56 pm
ပျော်စရာပွဲလေးကို ရောက်ခဲ့တယ်ဆိုပါတော့ မမmoonpoem
ရွှေ ကြည်
January 22, 2013 at 5:16 pm
အစ်မလကဗျာရေ အစ်မကိုရောကျန်တဲ့ရွာသူားတွေကိုအပြင်မှာမြင်ဘူးချင်သေးတယ် နောက်တပွဲနွှဲနိုင်အောင်ကြိုးစားမယ်။