Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခွက်ပြိုင်

marblecommetJanuary 22, 20131min54420

စကော့တောင်ကျ စမ်းရေခွက်လေးတွေရဲ့ ဖင်ကို
မောင်ရင်ဆိုင်းထမ်းလေးတွေဆီ
ရည်ရွယ်ပင့်တင်လိုက်ကြတော့
ငါတို့ နှလုံးသားတွေဟာ
မေခနဲ့ မလိခ လို
ယိုဖိတ်ပေါင်းဆုံ စီးဆင်းလာကြ . . .။

ချီးယားစ် လို့ တစ်ချက်အော်လိုက်တိုင်း
ယွဲစီမ ကြီးက
ပုဇွန်စင်းကော သက်တန့်ကွေးလေးကို
သူ့ ပြည်ကြီးမျှော့ နှုတ်ခမ်းပါးပါးလေးထဲ
ညင်သာစွာ ထိုးသိပ်ညှပ်သွင်းလိုက်တဲ့အခါ
အမတ်ကြီးရဲ့ လျှာတွေ ဆတ်ဆတ်တုန်ရင်လို့
ဟုတ်ပါတယ် . . .ဒါဟာ
ငါတို့ ပိုင်ဆိုင်တဲ့ သောကြာညပါ . . .။

စင်းကောသုပ်၊ ပင်လယ်ဂုံး၊ ကိုက်လန်၊
ကြက်သောက်ဆမ်းက အဲဒီညရဲ့
နာမည်အကြီးဆုံး သရုပ်ဆောင်တွေပေါ့ . . .။

ဟဲ့သောက်ကောင်မရဲ့
ဗျစ်ကို ဆတ်တငံ့ငံ့မလုပ်နဲ့ဟဲ့
အချိန်တန် ကျောက်ခဲ ပြန်ဖို့ရှိသေး
ယွဲစီမရဲ့ စကားအဆုံး
အမတ်ကြီးဗြုန်းလိုက်တာ
ဗျစ်တစ်ခွက်လည်း
လှေခွက်ချည်းကျန် အလံမလှဲ
သူ့ လည်ချောင်း လှိုဏ်ပေါက်ထဲ
တသွင်သွင် စီးဆင်းလို့သွားလေရဲ့ . . .။

ဟုတ်တယ်လေ . . .
ဒီညမှာ စိနတိုင်းက
ဧရာမ ဗျိုင်းကြီးတစ်ကောင်ရဲ့ကိုယ်ထဲမှာ
ပစ်ညတ်ထက် ပရမတ် ငယ်နေတဲ့
လူသားကြီး တစ်ဦးပြန်လာဖို့ ရှိနေတယ် . . .။
ဟုတ်ပါတယ်
အချိန်တန်လာတဲ့
အကာလညမှာ
ဗျိုင်းဖြူထီးထီးကြီးပေါ်က
လူမည်းမည်းကြီးတစ်ယောက်ဆင်းလာပါတယ်
ရောက်ရောက်ချင်း သူက
ဇစ် ဆွဲဖြဲပြတော့
သူ့ နှလုံးသားက ဆွတ်ဆွတ်ကို ဖြူလို့
လှပ်လှပ်ပါးအောင်ကို နုငယ်လို့
အမောင်ကျောက်ခဲ ဟောင်ကောင်ပြန် . . .။

လေဆိပ်အပြန်လမ်းမှာ
သွားပြန်အမှုတော် ထမ်းရှာတဲ့
တက္ကစီဒရိုင်ဘာလေးကလည်း
ညလုံးပေါက် အသုံးတော်ခံလို့
အော် ခွက်ပြိုင်တွေများပြောပါတယ်
ဒေါ်ဘယ်ဘလက်ကို အပျိုရည် မဖျက်လိုက်ရတဲ့ည..
ကမ်းကြီး အသည်း ကွဲမိတယ်….။ ။

ညှင်း ညှင်း ……..ခွက်ပြိုင်ရဲဘော်တို့
ွလွန်တာရှိက ဝန္ဒာမိကြပါခင်ည…….

20 comments

  • အရီးခင်လတ်

    January 22, 2013 at 4:53 am

    အော
    ဒါကလဲ ကဗျာဆရာ ရဲ့ နောက်တွဲ ပွဲ ရင်တွင်းဖြစ်ကိုး။
    အားပေးသွားပါတယ် မောင်ကမ်း ရေ။ :hee:

  • marblecommet

    January 22, 2013 at 6:00 am

    အံ့ရော သော်…..
    ဒို့ အရီးတို့များ ……
    ယွာထဲမှာ
    ကျော် တြောက်တည်း
    ဇီးကွက် ချိတယ် မှတ်သာ…
    ရွာဂအမျိုးဒွေ
    ဒီမှာလာတိုးနေသယ်……

  • ဦး ကျောက်ခဲ

    January 22, 2013 at 7:34 am

    ကန်ကလေး မောင်ကမ်း

    နင်တို့တွေ အတော် ပွေး ကြသလို…
    နာလဲ ပွဲတိုင်းကျော် ဖြစ်နေပြီ…
    ဟမ်း…. လွမ်းလိုက်တာ….
    ရွာမှာ ဆက်နေရင်တော့….
    နာလဲ အသက်တိုမှာပဲ….
    :harr:

    • marblecommet

      January 22, 2013 at 8:45 am

      ညှင်းညှင်း
      အုကျောက်ခဲ
      ချော်ဒဂါး မော်ဒဂါး
      မပြောဘာနဲ့
      ဘာဒဲ့
      ရွာမှာဆက်နေ
      အတက်တိုမယ်ဆို…..
      လူရီး..ဒီမယ်
      လူတေချင်တေဘာဇေ
      အတက်တော့ မတေနိုင်ဘူး
      …..
      …..
      😛
      နောက်ထှာ
      ကိုရီး….ခွိ

  • aye.kk

    January 22, 2013 at 7:52 am

    ကမ်းကြီးေ၇။
    ဖတ်ရှုအားပေးသွားပါတယ်။
    ရင်ထဲခံစားရတာတေ၊ွပုလဲများလိုစာသားစီချ
    ဖွင့်ဟလိုက်တော့၊ပေါ့သွားတာပေါ့နော်။။

  • panpan

    January 22, 2013 at 8:23 am

    ယွဲစီမ ကြီးက
    ပုဇွန်စင်းကော သက်တန့်ကွေးလေးကို
    သူ့ ပြည်ကြီးမျှော့ နှုတ်ခမ်းပါးပါးလေးထဲ
    ညင်သာစွာ ထိုးသိပ်ညှပ်သွင်းလိုက်တဲ့အခါ
    အမတ်ကြီးရဲ့ လျှာတွေ ဆတ်ဆတ်တုန်ရင်လို့
    ဆိုတော့….
    အဲ့လာဘာအဓိပ္ပါယ်လဲဟင်င်င် အူးလေး :harr:

      • panpan

        January 24, 2013 at 11:41 am

        အဲ့လာများ နှိုက်စားလိုက်တာမှုတ်ဘူး
        အူးမတ်ကြီးတို့နှယ်
        သူများစားတာ သွားရည်ယိုရတယ်လို့ ဟိဟိ :kwi:

      • marblecommet

        January 25, 2013 at 10:27 am

        ဟုတ် ပြောပြလိုက်
        ဒါလေးတောင် သိဘူ း………

  • kyeemite

    January 22, 2013 at 9:01 am

    အဲဒီညက ခွက်မပြိုင်လိုက်ရတာနာတယ်ကွာ…သတင်းမရလိုက်လို့ပေါ့
    ကိုကမ်းကြီးရေ..ယွဲစီမ ကြီးကတွေ့ဆုံပွဲလာတဲ့အထိ
    အရှိန်မပြေသေးဘူးဗျ..ဟီးး :harr:

  • surmi

    January 22, 2013 at 9:23 am

    ပညက် ထက် ပရမတ်ငယ်နေတာက ဦးကျောက် လို ့ဆိုရင်……
    ပညက် ထက် ပရမတ်က ကြီးရင် ့နေတာကတော ့….
    ကျနော် မောင်ဆာမိပဲ ဖြစ်ပါလိမ် ့မယ်လေ……

    မျက်စိထဲမြင်အောင်ရေးနိုင်ပါ ့ဗျာ…….

  • Ma Ei

    January 22, 2013 at 9:47 am

    သူတို့က ပွဲဆက်တွေနဲ ့ကိုး…
    ဒါကြောင့် မနက်ထိ လမ်းပျောက်တဲ့သူ…
    တစ်ညနေလုံး လမ်းပျောက်နေတဲ့သူ…
    တွေဖြစ်ကုန်ကြတာ….

  • Shwe Ei

    January 22, 2013 at 10:00 am

    ခစ်ခစ် ဒေါ်ဘယ်ဘလက်ကိုအပျိုရည်မဖျက်လိုက်ရဝူးးး……ဆိုကထဲက
    မချိတင်ကဲလေသံရီးမှန်း သိသာပါ့အေ……. :harr:

    • marblecommet

      January 25, 2013 at 10:32 am

      ညီးကတော့ လေးခွက်လား
      ငါးခွက်လား
      ဗျင်းလိုက်ရသေးတယ်ဆိုတော့
      ပြောအားရှိတာပေါ့လေ အိကျိပျား

  • Mon Kit

    January 22, 2013 at 10:04 am

    ”အကာလညမှာ
    ဗျိုင်းဖြူထီးထီးကြီးပေါ်က
    လူမည်းမည်းကြီးတစ်ယောက်ဆင်းလာပါတယ်
    ရောက်ရောက်ချင်း သူက
    ဇစ် ဆွဲဖြဲပြတော့
    သူ့ နှလုံးသားက ဆွတ်ဆွတ်ကို ဖြူလို့
    လှပ်လှပ်ပါးအောင်ကို နုငယ်လို့
    အမောင်ကျောက်ခဲ ဟောင်ကောင်ပြန် . . .။”

    အရေးအသားက ဖလန်း ဖလန်းကို ထနေတာဘဲ…
    လန်းတယ်ဗျာ……….. :hee:

  • မောင့်ကျက်သရေ ဂီ့

    January 22, 2013 at 12:52 pm

    အနံ့ကလေးတောင် ရလာသလိုလို …ရေးဖွဲ့ချက်ပိုင်ပ ဇီးကွက်ကြီးရေ…
    အိမ်ကမသိအောင် ခိုးပြန်လာချင်စိတ်ပေါက်တဲ့ အရေးအဖွဲ့ပါပဲခီညော်…
    :harr:

  • ဦးကြောင်ကြီး

    January 23, 2013 at 11:04 am

    ခွက်ပြိုင်
    ဓာတ်တိုင်
    သက်ကြိုင်
    ယပ်ကိုင်
    ဝက်ထိုင်
    ကြက်နိုင်
    ညက်လှိုင်
    တက်ချိုင်..။

  • Mr. MarGa

    January 23, 2013 at 3:08 pm

    ဒီကဗျာကို ဖွဘုတ်မှာ စကတည်းက ဖတ်ချင်နေတာ
    အခုမှ ဖတ်ရတော့တယ်
    ရုပ်လုံး ပေါ်ပါပေ့ဗျာ

  • မောင်ပေ

    January 23, 2013 at 9:22 pm

    အဲဒီလို ခွက်ပြိုင်သောက်ပွဲလေးကို
    ဆရာကြောင် တို ့သဂျီး တို ့နဲ ့
    အတူ ထိုင်သောက်ချင်မိတာကလား
    ရဲဘော်ရဲ ့

  • marblecommet

    January 25, 2013 at 10:45 am

    အားပေးကြတဲ့
    ဘော်ဘော်တွေ အားလုံး
    ကျေးကျေးပါဗျို့……
    ခင်တဲ့
    ငကမ်း..

Leave a Reply