ဧည့်လမ်းညွှန်ဘဝဧ။် ကျိုက်ထီးရိုးတစ်ညတာ

moonpoemJanuary 23, 20131min39816
ကျွန်မဧ။် ရှယ်အခန်းလေး

၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံသည် ခရီးသွားဝင်ရောက်မှုများလာပြီးနောက် ရင်ဆိုင်ရသည့် အခက်အခဲမှာ
အားလုံးသိကြသည့်အတိုင်း ဟိုတယ်အခန်းမရခြင်းပင်ဖြစ်သည်။ ခရီးသွားဧည့်သည်များ အခန်းမရသကဲ့သို ့
တိုးရစ်ဂိုက်များလည်း အရင်ကလို ဂိုက်အခန်းများပင် ရရန် မလွယ်ကူတော့ပါ။

ဒီနေရာမှာ တစ်ခုလည်း ရှင်းပြချင်ပါသည်။ ရန်ကုန်မှအပ အခြားသော မြို ့များရှိ ဟိုတယ်များတွင် ဂိုက်အခန်းသည် သပ်သပ်ရှိပါသည်။
ဟိုတယ်ခရီးညွှန်ကြားချက်ဖြင့် လိုင်စင်ရ ဧည့်လမ်းညွှန်များသည် နိုင်ငံခြားသား ခရီးသွားများနှင့် အတူ လေယာဉ်စီးသောအခါတွင်လည်း
သာမန် မြန်မာလူမျိုးထက်ဈေးနည်းပါသည်။ ဟိုတယ်များတွင်လည်း ဈေးနည်းပါသည်။ (ခရီးသွားမပါလျှင်တော့ ပုံမှန်မြန်မာလူမျိုးဈေးနှုန်းသာဖြစ်ပါသည်။)

ဟိုတယ်များရှိ ဧည့်လမ်းညွှန်သုံး ကျွန်မတို ့အခေါ် ဂိုက်အခန်းသည် ဧည့်သည်အလာနည်းသည့် အခါတွင်တော့
ကံကောင်းထောက်မစွာဖြင့် ၎င်းဟိုတယ်ရှိ အိမ်သာ၊ရေချိုးခန်း တွဲရက်ပါသည့် စတန်းဒက် အခန်းကို တည်းခွင့်ရပါသည်။
သို ့သော် ဧည့်သည်ကျသည့်အခါတွင်တော့ ကုတင်တစ်လုံး၊စားပွဲခုံ တစ်လုံးသာပါပြီး
အိမ်သာ၊ရေချိုးခန်း မပါသည့် အခန်းကို ရပါသည်။ ထိုအခါများတွင် အိမ်သာနှင့် ရေချိုးခန်းတို ့ကို ဟိုတယ်ဝန်ထမ်းများနှင့်အတူ ဘုံသုံးရပါသည်။

ဒီဇင်ဘာ ၃၁ရက်နေ ့ညတွင် ဟိုတယ်အခန်းတွင် ကြပ်သဖြင့် ဂိုက်တွေ အခန်းမရဟု ဆိုသော်လည်း ကျွန်မသည် တခြား ဂိုက်အစ်မတစ်ယောက်နှင့်
အတူ ရှယ်ယာဖြင့် မောင်းတိန်းတော့ပ်ဟိုတယ်တွင်အခန်းရရှိခဲ့ပါသည်။ (ကျွန်မတို ့ဂိုက်အချင်းချင်း အခန်းအခက်အခဲဖြစ်သည့်အခါ မိန်းကလေးမိန်းကလေးချင်း၊
ယောက်ျားလေး ယောက်ျားချင်း နှစ်ယောက်တစ်ခန်း အိပ်ချင်းဖြင့် ဖြေရှင်းရပါသည်။)

အခန်းမရနိုင်ဟု လူပြောများနေသည့် ဒီဇင်ဘာ ၃၁ရက်နေ ့တွင် အခန်းရရှိခဲ့သော်လည်း ထင်မှတ်မထားသည့်
နေ ့တစ်ရက်တွင် ကျွန်မတစ်ယောက် ခေါင်းမီးတောက်ခဲ့သည်။ ထို နေ ့ကား ပြီးခဲ့သော ကရင်နှစ်သစ်ကူးနေ ့တွင် ဖြစ်ပါသည်။
လွတ်လပ်ရေးနေ ့နှင့် စနေ၊တနင်္ဂနွေ ပိတ်ရက်ဆက်သောကာလတွင်ပင် ကျွန်မသည် ဂိုက်အခန်းရခဲ့သဖြင့် စိုးရိမ်မှု ကင်းမဲ့စွာဖြင့်
ကျိုက်ထီးရိုးသို ့ထွက်ခွာလာခဲ့ပါသည်။

ကင်ပွန်းစခန်းတွင်လည်း ရသေ့တောင်ထိရောက်သောကားကို စီးခြင်းဖြစ်သဖြင့် တောင်ပေါ်ထိရောက်သော
ကားလိုမျိုး ဝိုင်းပြီးလုတက်ကြခြင်းမျိုးမရှိပါ။ ထိုကားကို စီးလာပြီး လမ်းတဝက်အရောက် တောင်ပေါ်မှ အဆင်းကားကို စောင့်ကြရပါသည်။
တောင်တက်လမ်းကျဉ်းသဖြင့် အဆင်းကား အတက်ကား စောင့်ပြီး သွားရသည်မှာ ထုံးစံပါ။ တခါတရံ ၃စီး၊များသောအခါ ၅စီးလောက်ထိသာ
စောင့်ခဲ့ရပါသည်။ သို ့သော်ထိုနေ ့ကတော့ တောင်ဆင်းကား၁၄စီးကို စောင့်ရမည်ဟု စပယ်ယာမှ ကြေညာသောအခါ ကျွန်မနည်းနည်း
စိုးရိမ်လာပါသည်။ ထိုမျှ ဧည့်သည်များလျှင် ဂိုက်အခန်းသည် ရနိုင်ပါမည်လား။

တောင်ပေါ်ရောက်တော့ မောင်းတိန်းတော့ပ်တွင် ဧည့်သည် ချက်(ခ်)ကင်ဝင်ပြီးသောအခါ ဂိုက်အခန်းရှိမရှိ
မေးဧ။် ။ မရှိ။ ဂိုက်ညီမလေးတစ်ယောက်ကလည်း ရှယ်ယာနှင့်အိပ်မည်ဟု ညှိသဖြင့် မေးသောအခါလည်း မရ။
ကုမ်မဏီဘက်မှ ဂိုက်အခန်းကို ဘွတ်ကင်တင်ပေးထားသော်လည်း အိမ်သာ၊ရေချိုးခန်းမပါသည့် ဂိုက်အခန်းကို
နိုင်ငံခြားသားများက ဂိုက်တည်းသည့် ဈေးနှုန်းထက် ၂ဆလောက်ပိုပေးသောအခါ ဟိုတယ်တိုင်းသည် ဂိုက်ကို
မေ့လိုက်ကြသည်မှာ ထုံးစံပါ။

ကျိုက်ထိုဟိုတယ်ရှိ ဂိုက်အခန်းကိုလည်း သွားမေးသည်။ရလဒ် က မထူးခြား။ ရိုးရိုးလေး၊ တိသ၁၊ ပေ၄၀၊ စားသောက်ဆိုင်တန်းများ
အားလုံး အိပ်စရာနေရာမရှိ။ ကရင်နှစ်သစ်ကူးနေ ့ဖြစ်သည့်အားလျော်စွာ ကရင်လူမျိုးများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် ရင်ပြင်တော်တွင်ပင် ပြည့်ကြပ်နေလေပြီ။ ကျွန်မအတွက် မျှော်လင့်ချက်က မရှိတော့။

ထိုုစဉ် တစ်ခုကို သတိသွားရသည်။ မောင်းတိန်းတော့ပ်ဟိုတယ်ဧ။် မျက်နှာချင်းဆိုင်တွင် အေဝမ်းစားသောက်ဆိုင်ရှိသည်။
ထိုဆိုင်က အစ်မနှင့် ခင်နေသဖြင့် အိပ်စရာ ရလိုရငြား အကူအညီတောင်းကြည့်မည်ဟု တွေးပြီး ထွက်လာခဲ့သည်။ ဆိုင်က အစ်မက ကျွန်မအိပ်ရန်အတွက်
၅ထောင်တန်အခန်းရမည်ဟု ပြောသည်။ ပျော်မြူးပြီးအစ်မကို ထို အခန်းသ ို ့လိုက်ပို ့ခို်င်းလိုက်သည်။ ကျွန်မဧ။် အခန်းကပ်ရက်တွင် ယောက်ျားလေး အုပ်စု ဖဲရိုက်နေသည်ကို မြင်လိုက်ရသည်။ အခန်းသို ့ရောက်သောအခါထိုအုပ်စု ဖဲရိုက်နေသည်ကို အေးအေးဆေးဆေးကြည့်လို ့ရသည့် ထရံပေါက်ကြီးကို မြင်လိုက်ရသည်။

ကျွန်မသည် ထိုအုပ်စုဖဲရိုက်နေသည်ကို မြင်ရသကဲ့သို ့သူတို့သည်လည်း ကျွန်မကို မြင်နေရမည်မှာ မလွဲပါ။
ကျွန်မမှာပါလာသည့် တဘက်ကို အသုံးပြုပြီး ကာလို ့တော့ရနိုင်သည်။ အခန်းတံခါးပိတ်ရန် သော့တောင်းသောအခါ ဆိုင်ရှင်အစ်မက
ကျွန်မကို တစ်ခုပြောသည်။ ညီမလေး ဒီတံခါးက အတွင်းမှာ ဂလန် ့မရှိဘူး။ အပြင်ကနေပဲ သော့ခလောက်နဲ ့ခတ်လို ့ရတာဟု ဆိုသည်။ ခက်ပြီ ကျွန်မ ဘယ်လိုအိပ်မည်လဲ။

မိန်းကလေးတစ်ယောက်တည်း အခန်းတံခါး ပွင့်လျက်ကြီး ကျွန်မမအိပ်ရဲပါ။ အပြင်ကနေ သော့ခတ်ခိုင်းရအောင်ကလည်း ကျွန်မ အကြောင်းအမျိုးမျိုးဖြင့် အပြင်ထွက်ချင်သည့်အခါ အော်ခေါ်ရဦးမည်။ဘယ်လိုမှ အဆင်မပြေနိုင်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ရင်ပြင်တော်ပေါ်တွင် အများနည်းတူ ဖျာငှားပြီး
ခပ်တည်တည်ဖြင့် သွားအိပ်တာကမှ ဘေးကင်းဦးမည်ဟု တွေးကာ ရင်ပြင်တော်ရှိရာ ဘက်သို ့ထွက်လာခဲ့လိုက်သည်။

ကျိုက်ထို ဟိုတယ် ရှေ ့နားအရောက်တွင် ကျွန်မဧ။် ဟိုပြေးဒီပြေးဒီဇိုင်းကို အလွတ်ရနေဟန်တူသော အစ်ကို တစ်ယောက်သည် ကျွန်မဖြစ်အင်ကို ရိပ်စားမိဟန်ရှိသည်။ အစ်မ တည်းစရာနေရာ ရှာလို ့မတွေ ့သေးဘူးလားဟု မေးလာသည်။ သူ ့ပုံစံကြည့်ရတာလည်း နောက်ပြောင်ဟန်မပါ ရိုးရိုးသားသား မေးသည်ဟု တွေးမိသဖြင့် ဟုတ်ပါတယ် ကျွန်မတစ်ယောက်တည်း တည်းစရာနေရာ အခက်အခဲ ဖြစ်နေလို ့ ရင်ပြင်တော်ပေါ် သွားမလို ့ပါဟု ရင်ဖွင့်လိုက်မိသည်။ သူက ကျွန်မကို အစ်မက တစ်ယောက်တည်းဆိုတော့ ဂိုက်နဲ ့တူတယ်။ကျွန်တော်က ကျိုက်ထိုဟော(ဟိုတယ်မဟုတ်ပါ)မှာ တည်းတဲ့ ဗမာဧည့်သည်တွေအတွက် လိုအပ်တာစီစဉ်ပေးရတဲ့သူပါ။ ရင်ပြင်တော်ပေါ်က အေးကအေးနဲ ့ အဲဒီမှာ အိပ်မယ့်အတူ ကျိုက်ထိုဟောထဲမှာ
အိပ်မလားဟု မေးလာသည်။

သူပြောတာ သဘာဝကျပါသည်။ ရင်ပြင်တော်ပေါ်တွင် အများနှင့်အတူ ရောအိပ်ရမည့်အတူ ကျိုက်ထိုဟောထဲတွင် ရောအိပ်ရခြင်းက အအေးဒဏ်တော့ သက်သာဦးမည်။ ဒီလိုနှင့် သူ ့အစီအစဉ်ကို လက်ခံလိုက်ပါသည်။

ဟောထဲရောက်တော့ လူတွေများလွန်းသဖြင့် ဘယ်ထဲဝင်တိုးရမည် မသိ။ သူက ကျွန်မကို ထပ်မေးသည်။
အစ်မ ရိုးရိုးအိ်ပ်မလား ရှယ်အိပ်မလားတဲ့။ ကျွန်မလည်း ကြောင်သွားသည်။ ဘာကွာတာလဲ အစ်ကို ဟု ဆိုတော့ ရိုးရိုးအိပ်တယ်ဆိုတာက သူများတွေနဲ ့ရောအိပ်တာ တစ်ညကို ၃ထောင်ပဲ။စောင်၊ခေါင်းအုံးပါပြီးသား။ ရှယ်ဆိုတာကကျတော့ကျွန်တော်တို ့ဒီဟောက လေးထောင့်ပုံစံဆိုတော့ ထောင့်တိုင်းမှာ ကုတင်တစ်လုံးစီ ထားထားတယ်။စောင်၊ခေါင်းအုံးငှားပေးတယ်။ကုတင်ရဲ ့ဘေးမှာ လိုက်ကာချထားပေးတယ် အဲဒါက ၅ထောင်။

သူ ့အပြောကို စိတ်ဝင်စားစွာဖြင့် ရှယ်နေရာသို ့လိုက်ကြည့်လိုက်သည်။ ကုတင်တစ်လုံး၊စောင်တစ်ထည်၊
ခေါင်းအုံးကတော့ ညစ်ပတ်နေသည်။ လိုက်ကာ ကာထားသည်။ ထောင့်တွင်ထားသည့် ကုတင်ဖြစ်သည့်အတွင်
အခန်းပုံစံလို ့တော့ မြင်ရသည်။ ဘေးနားတွင် မိသားစုများ ရှိကြသည်။ ကလေးတွေများသည်။ စိုးရိမ်စရာမရှိ။ ရင်ပြင်တော်တွင် အိပ်မည်ဟု ရည်ရွယ်ထားသော ကျွန်မအတွက်တော့ သူ ့အခေါ်ရှယ်အခန်းသည် အဆင်ပြေပါသည်။ ကျေးဇူးတင်စွာဖြင့် ပိုက်ဆံ၅ထောင်ရှင်းပြီး နာမည်မေးထားလိုက်ပါသည်။ ကိုငယ်လေးဟု
သိရသည်။

ပါလာသော တဘက်ကို ခေါင်းအုံးပေါ်တွင် ခင်းလိုက်သည်။ သူတို ့ပေးသော စောင်ကို ခြုံသည်။
ကျောပိုးအိတ်ကို ရှေ ့မှာလွယ်လျက်ပုံစံပြီး ဘေးတစောင်း ပုံစံဖြင့် အိပ်သည်။ ဘဝသည် အေးချမ်းလုံခြုံသွားလေပြီ။ ဘေးနားမှ မကြာခဏကြားနေရသော ကလေးငိုသံသည် ကျွန်မအတွက်တော့ဆည်းလည်းသံဖြစ်ပါဧ။် ။

ကျိုက်ထီးရိုးသို ့မကြာခဏ သွားရသော ကျွန်မအတွက် ကရင်နှစ်သစ်ကူးနေ ့က ကျိုက်ထီးရိုးခရီးစဉ်ကတော့
တစ်သက်မမေ့နိုင်စရာပါ။

16 comments

  • ခိုင်ဇာ

    January 23, 2013 at 10:07 am

    မလွယ်ပါ့လား ညီမရယ်။ စိတ်မောစရာ..

    အဲဒီ အချိန် လူကြီးသူမ တွေ ကလေးတွေ နဲ့သွားရရင် ပိုဆိုးမှာ ပေါ့နော်။

    ရင်ပြင်တော်ပေါ်က လည်း ပြည့်နေပြီဆိုပဲ။
    ဧည့်သည်တွေ ဘုရား အေးအေးဆေးဆေး စိတ်လက်သာသာ ဖူးလို့ရော ရကြပါ့မလားဟင်။
    မိသားစု သွားဖြစ်ရင်တော ့ဧည့်နည်းတဲ့ အချိန်ရွေးရင်ကောင်းမလား။

  • mamanoyar

    January 23, 2013 at 10:17 am

    ဝူးးးးးးးးးးးးးးးးးးးးးးးး
    (ရင်မောစွာဖြင့်)
    အစ်မစိတ်ဓာတ်ကိုတော့ ချီးကျူးမိပါတယ်

  • Mon Kit

    January 23, 2013 at 10:28 am

    ကိုယ်တွေ့ အဖြစ်အပျက်လေးက ခံစားနားလည်ပေးစရာပါ…
    မမတို့လည်း အဲလို ဒုတ်ခတွေ ရင်ဆိုင်ရဘူးပါတယ်.. ပိတ်ရက် ဘုရားဖူးသူများချိန်တွေပေါ့.
    ဒါပေမဲ့ ညီအမ သုံးယောက်ဆိုတော့ အဖေါ်ရသေးတာပေါ့နော်..
    ဆက်လက် ကိုယ်တွေ့လေးတွေ ရေးဖွဲ့ပေးပါ..
    အားပေး ဖတ်ရှုနေပါ့မယ်.

  • minn_annawar

    January 23, 2013 at 10:49 am

    ဘယ်သွား သွား၊ ဘယ်နေရာပဲအိပ်အိပ်၊ လုံခြုံစိတ်ချစွာအိပ်လို့ရသော sleeping bag များရှိပါသည်။ နိုင်ငံခြားမှာတော့အလွယ်တကူဝယ်လို့ရပါသည်။ သယ်ရတာလဲလွယ်ပါသည်။
    တောထဲတောင်ထဲမှာပင် အိတ်ထဲဝင် အိပ်လိုက်ရုံပင်။
    tour guide တစ်ယောက် အဖို့ ဆောင်ထားသင့်ပါသည်။
    အရင်းအနှီးတစ်ခုလို့ သဘောထားပေါ့။

    • MaMa

      January 26, 2013 at 10:55 pm

      Sleeping Bag တွေကို နိုင်ငံခြားဇာတ်လမ်းတွေမှာ တွေ့ဖူးပါတယ်။
      မြန်မာနိုင်ငံမှာ သုံးတာ ရောင်းတာတော့ မတွေ့မိသေးပါဘူး။
      ဘယ်မှာရောင်းတယ်၊ ဘယ်ဈေးလောက်ရှိသလဲဆိုတာလေး သိရင် ပြောပေးစေလိုပါတယ်။ :hee:

  • ခင်ခ

    January 23, 2013 at 10:51 am

    ကျွန်တော်တို့တော့ အခုနောက်ပိုင်း ကျိုက်ထီးရိုးကို မနက်တောင်ပေါ်ကားနဲ့တက် ကျိုက်ထီးရိုးဖူး၊ ဘုရားရွှေချ ညနေကားနဲ့ပြန်ဆင်း အဲလိုနေချင်းဘဲတက်ဖြစ်နေတော့ အဲလိုတွေကို မသိတော့ဘူးဗျာ။
    ခုလိုရေးပေးတော့ သိရတာမို့ ကောင်းပါ၏။

  • ဦးကြောင်ကြီး

    January 23, 2013 at 10:59 am

    မွန်းပိုအမ်
    ကွမ်းခိုစံ
    ဗွမ်းဆိုလန်
    ိဟွန်းအိုဒဏ်
    ခွန်းတိုညံ
    ပြွမ်းလျှိုဖျံ
    သွန်းချိုမြန်
    ဂွမ်းပျိုညဏ်..။

  • Ma Ei

    January 23, 2013 at 11:35 am

    …ဘဝသည် အေးချမ်းလုံခြုံသွားလေပြီ။
    ဘေးနားမှ မကြာခဏကြားနေရသော ကလေးငိုသံသည်
    ကျွန်မအတွက်တော့ဆည်းလည်းသံဖြစ်ပါဧ။် ။ ….

    စာဖတ်နေတဲ့ အန်တီအိတို့လည်း ခုမှဘဲ စိတ်အေးရပါတယ်…
    ခရီးစဉ်လေးတွေ အဆင်ပြေပါစေ လို့ဆုတောင်းပေးပါတယ်…

  • ဆူး

    January 23, 2013 at 12:01 pm

    လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုတယ် ပြောရမှာပဲနော်….
    ဖတ်ရတာ စိတ်တောင် တော်တော် မော သွားတယ်။

  • Wow

    January 23, 2013 at 12:10 pm

    တော်တော်တာဝန်ကြီးတဲ့ တိုးဂိုက်ဘဝပဲနော်.. ရင်မောလိုက်ရတာ..

  • လုံမလေးမွန်မွန်

    January 23, 2013 at 10:44 pm

    ပုံမှန်ဆိုရင် ကျိုက်ထီးရိုး၊ ပင်းတယ၊ ကလော၊ မုံရွာ.. အဲ့လိုနေရာတွေမှာ ဂိုက်အခန်း တစ်ခါတည်း တင်ပေးပါတယ်… ဒါ ဟိုတယ်ဘက်က မိုက်ရိုင်းတာပါ… ဘယ်လိုပဲ ဧည့်သည်များများ.. ပိုက်ဆံပိုပေးတာနဲ့ ဂိုက်အခန်းကို ပေးလိုက်တာကတော့ တော်တော်မိုက်ရိုင်းလွန်းပါတယ်.. အနည်းဆုံးတော့ ကြိုပြီး အကြောင်းကြားသင့်တာပေါ့…

    အစ်မရေ..တော်သေးတာပေါ့နော်.. ကံကောင်းလို့.. အစ်မစာကိုဖတ်ပြီး မောနေတာပဲ…

  • မိုချို

    January 24, 2013 at 8:41 am

    လကဗျာရေ
    ပျော်ရွှင် တက် ကြွ စွာနဲ့ နီုင်ငံခြား သား တွေ ကို ရှင်းပြပြောဆိုနေတဲ့ တိုးဂိုက်တွေ လေး တွေကို ကြည့် ပြီး အား ကျနေမိတာ။ သူတို့ ရဲ့နောက်ကွယ်က အခက်အခဲတွေ ကိုတော့ တခါ မှ မတွေး မိခဲ့ ဘူး။ ခုလိုကျတော့ လည်း စိတ်မောစရာပါလား ညီမရယ်။

  • moonpoem

    January 24, 2013 at 10:09 am

    အဲဒီနေ ့က တောင်ပေါ်ရောက်နေတာကသာ ညနေ၆နာရီ အိပ်စရာနေရာ ရတာက ၉နာရီခွဲမှပါ။ စိတ်ရော လူရော မောခဲ့ရတဲ့ နေ ့လေးတစ်ရက်ပါပဲ။

  • မောင်ပေ

    January 24, 2013 at 12:18 pm

    မွန်းလေးရေ
    မန်းလေးရောက်လို ့၊ တည်းခိုစရာ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်
    မောင်ပေ့ကို ကွန်နက်ပါကွယ်
    ခြစ်ခြင်းအားဖြင့် ကူညီပေးချင်လို ့ပါနော

  • Thu Wai

    January 24, 2013 at 2:01 pm

    ရေတံခွန်ဆင်းသောလမ်း ကျီးပါးစပ်ဘက်မှမဟုတ်ပါ၊ ပေ၃ဝ တည်းခိုဆောင် ရှေ့နားလောက်မှာ တော်ရုံလူသတိမထားမိသော အဆင်းလမ်းရှိသည် ၅ထပ်တိုက်မှ ဆင်းသလောက် အကွာအဝေးတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ ထပ်ဆင်းသွားလျှင် အောင်ချမ်းသာဂူရှိသည်။ အဲဒီမှာ ကရင်လင်မယား နဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရှိသည်။ လူကျပ်သော ခရီးသွားရက်များတွင် အကူအညီတောင်းပြီးတည်းလို့ရသည်။ တိုက်ကျောင်းဖြစ်ပြီး ရေအိမ်သာ အပြည့်အစုံနှင့် လုံလုံခြုံခြုံရှိသည်။

    • moonpoem

      January 24, 2013 at 2:07 pm

      ကိုသုဝေပြောတဲ့ နေရာကို သိပါသည်။သို ့သော် ဂိုက်ဖြစ်သော်လည်း အမှတ်တမဲ့ဖြင့် ဆင်းကြည့်မိရန်၊ ဘာရှိသလဲ ဆိုတာ သိရန် မလေ့လာခဲ့မိတာ ကျွန်မ အားနည်းချက်ပါ။ ဒီတစ်ခါရောက်ရင်တော့ သွားရောက်ဖူးမျှော်ပါဦးမည်။ လမ်းညွှန်ပြောပြပေးတဲ့ ကိုသုဝေကို ကျေးဇူးတင်ပါသည်ရှင့်။

Leave a Reply