ကျပ်ကျပ်တည်းတည်း ရှုပ်ရှုပ်ထွေးထွေး
ကျပ်ကျပ်တည်းတည်း ရှုပ်ရှုပ်ထွေးထွေး
ဒီတစ်ခေါက်ရန်ကုန်ကိုရောက်တဲ့အခါ အရင်အခေါက်တွေထက် ယာဉ်အသွားအလာ
ရှုပ်ထွေးတာကိုတွေ့ရပါတယ်။
အရင်က ကားကျပ်တယ်ဆိုပေမယ့် အချိန်မကြာ။
အခုတစ်ခေါက်ကတော့ ကားပိတ်မိတယ်ဆိုရင် အတော်ကြာပါတယ်။
ကျနော်တည်းအိမ် ကမ္ဘာအေးဘက်ကနေ မြို့ထဲဘက်လာရင် အမြဲစောင့်ရ ပိတ်မိတာကတော့
ရွှေဂုံတိုင်မီးပွိုင့်ရယ် လှည်းတန်းမီးပွိုင့်ရယ်ဖြစ်ပါတယ်။
တစ်ညမှာတော့ လှည်းတန်းမှာ ငါးကင်စားဘို့သွားကြတော့ မြင်ရတာရှုပ်ထွေးကျပ်ညပ်။
ညနေငါးနာရီအကျော်လောက်မှာလှည်းတန်းနားရောက်တော့ကားရပ်စရာရှာမရ။
ဒါနဲ့ဘဲကားကို ကားမှတ်တိုင် နှစ်တိုင်စာလောက်ဝေးတဲ့နေရာမှာ တံခါးသော့ပိတ်ပြီးထား။
ပြီးမှ စိန်ဂေဟာနားကိုလမ်းလျောက်ပြီးပြန်လာကြပါတယ်
လှည်းတန်းတစ်ဝိုက် သာမန်နေ့ရက်တစ်ရက်ရဲ့စည်ကားမူ့က မန်းလေးမြိုရဲ့
ပွဲလမ်းသဘင်ရှိတဲ့ရက်မှာ စည်ကားတာနဲ့ ထပ်တူထပ်မျှ။
လမ်းဘေးမှာဖွင့်ထားတဲ့ငါးကင်၊မာလာဟင်းအပါအဝင်စားသောက်ဆို်င်တွေကကျပ်ညှပ်။
အထပ်ထပ်ချထားတဲ့ခုံလေးတွေမှာ ကပ်ကပ်သတ်သတ်ထိုင်လို့စားကြသောက်ကြ.။
အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် စကားတပြောပြောနဲ့စားကြ။
မန်းလေးမှာစားသောက်ဆိုင်ထိုင်ရင်သူများနဲ့တွဲမထို်င်တတ်တာကို
တွေးမိတော့ ရန်ကုန်သာအဲလိုအချိုးနဲ့လာရင် ငတ်မယ်လို့တွေးပြီး
ပြုံးမိပါတယ်။
ြမြို့ပြရဲ့ မွန်းကျပ်မူ့ပါဘဲ။
ရန်ကုန်မြိုလည် ရွှေဂုံတိုင်နား က 11ထပ်အမြင့်မှာနေတဲ့မိတ်ဆွေလေးရဲ့
ကောင်းမူ့ကြောင့်အထက်အမြင့်ကနေ မြို့ပြကိုစီးမိုးကြည့်ခွင့်ရလိုက်ပါတယ်။
မီးပွိုင့်မှာတန်းစီနေတဲ့ကားတွေ၊
အိမ်ဝင်းထဲမှာရပ်ထားတဲ့ကား။
လမ်းပေါ်မှာအပြေးအလွားသွားနေတဲ့ကား။
တိုက်ခန်းအမြင့်မြင့်အဆင့်ဆင့်တွေမြင်ရတော့
ဒီထက်စာရင် ကျယ်ပြန့်လွတ်လပ်တဲ့ မန်းလေးကိုပြန်ပြေးချင်စိတ်ပေါက်သွားမိပါတယ်။
ကိုပေါက်လမ်းသလားနေသည်
မဟာရန်ကုန်
23-1-2013
24 comments
panpan
January 29, 2013 at 9:36 am
ယုဇနတာဝါကြီးမြင်ရတယ်
ဒိရလိုက်တာနော်
ဟင့်ဟင့် :byae:
ကိုပေါက်(မန္တလေး)
January 29, 2013 at 1:50 pm
အတိတ်တွေက မူန်ဝါးနေဆဲ
ဟိုတစ်ကွက် ဒီတစ်ကွက်
ပိတ်ကားထက် အရင်လိုကြည့်မကောင်းပေမယ့်မြင်ရတယ်
(လေးဖြူ)
panpan
January 30, 2013 at 8:54 am
နံပါတ်၈ အမွှာက ခဲရောင်ဖြစ်သွားပြီလေးလေး…
Myo Thant
January 29, 2013 at 9:48 am
ကိုပေါက်ရေ
မီးပွိုင့်မှာ တန်းစီနေတဲ့ ကားလေးတွေက ညီညာနေသလို
ကားထဲကလူတွေရဲ့ စိတ်ထဲမှာလည်း မီးရယ် စိမ်းပါတော့လို့ ဆုတောင်းမှုတွေ တူနေမယ် ထင်ပါတယ် ၊
ရွှေဂုံတိုင် ၊ လှည်းတန်း နဲ့ ဘုရင့်နောင် ၃ နေရာဟာ အဆိုးဆုံးပါ ၊
လှည်းတန်းမှာနေတဲ့ ကျွန်တော့်အတွက်တော့ ကြာခြင်း မကြာခြင်းအပေါ် မတွေးတော့တာ ကြာခဲ့ပြီပဲလေ ၊
ကိုပေါက်(မန္တလေး)
January 29, 2013 at 1:56 pm
ကျနော်ရန်ကုန်ခဏလေးလာတာကို ကားပိတ်မိတာ ခဏခဏဆိုတော့ချိန်းထားရင်အမြဲနောက်ကျ။
အမြဲနေတဲ့လူများအတွက်ကိုယ်ချင်းစာမိပါ၏။
mamanoyar
January 29, 2013 at 10:31 am
အိုးးးးးးးးးးးး ကြည့်ရတာ မူးတောင်မူးတယ်
Ma Ei
January 29, 2013 at 10:41 am
1 မရှုပ်တရှုပ် နေရာလေ…
ပုံထဲကနဲ့ ခုနဲ့တောင် မတူတော့ဘူး…
ညာဘက်မီးပွိုင့်နေရာ တြိဂံလေး ဖျက်လိုက်ပြီ၊
တံတားဆောက်လုပ်ရေးအတွက် မီးပွိုင့်ထိကာထားပြီ၊
ရုံးတက်၊ဆင်းချိန်ဆို ကားတွေ ကျပ်ပိတ်သိပ်နေရော…
ကိုပေါက်(မန္တလေး)
January 29, 2013 at 1:57 pm
မအိရေ ကျနော်ပြန်လာတာမှ ရက်ပိုင်းဘဲရှိသေးတယ်.
မြန်တာနော်။
အေးလေ လောက သဘာဝအရ တစ်ခုအစားထိုးဘို့ တစ်ခုကတော့ ဖယ်ပေးရမှာအမှန်ပါဘဲ။
နွယ်ပင်
January 29, 2013 at 11:55 am
လေးပေါက်ရေ … အခုလို ရိုက်ပြမှပဲ ရန်ကုန်ရဲ့ အလှကို တကယ့်ကိုမြင်တော့တယ်
ဒါပင်မယ့် ခေါင်းတော့ နည်းနည်းမူးသွားတယ် …..
ကိုပေါက်(မန္တလေး)
January 29, 2013 at 1:59 pm
mamanoyarနဲ့နွယ်ပင်ရေ
ကျနော်လဲ အဲဒီပုံတွေ
ရို်က်နေတုန်းမမူးဘူး ဇောနဲ့ကိုဗျ။
ပြန်ကြည့်တော့မှ မူးသွားတာ ပြုတ်ကျလို့ကတော့အသေဘဲလို့။
ဗုံဗုံ
January 29, 2013 at 12:17 pm
အသက်ရှုကျပ်လိုက်ပါဘိတော့ကွယ် အော် ရန်ကုန် ရန်ကုန် မန်းလေးလည်း ရန်ကုန်လိုဖြစ်လာတော့မယ်နဲ့ တူတယ်နော် လေးပေါက်
ကိုပေါက်(မန္တလေး)
January 29, 2013 at 2:01 pm
ဗေးကလုံရေ
မြို့ပြဆိုတာ တိုးတက်လာရင်
ကျပ်တည်းကျဥ်းမြောင်းလာတာ အမှန်ပါဘဲ။
တိုးလို့သာရတယ် ကျယ်လို့မှ မရတော့ တာအေ့.။
မဟာရာဇာ အံစာတုံး
January 29, 2013 at 2:32 pm
ရန်ကုန်သည် …
ကျပ်လည်း ကျပ်၏ …
တည်းလည်း တည်း၏ …
ရှုပ်လည်း ရှုပ်၏ …
ထွေးလည်း ထွေး၏ …
သို့ဂလိုဂျောင့် …
အသက် အတန်ငယ်ကြီးသောအခါ
ရွာပြန်၍ အေးအေးလူလူ နေဒေါ့မည်ဟု မျှော်မှန်းထားလေတော့သတည်း ….
ဆူး
January 29, 2013 at 3:53 pm
ကားလမ်းကတော့ ဒီနှစ်ပိုင်းမှာ အရမ်းကို ကြပ်လာတာ.. အရင်လို မောင်းလို့ အဆင်မပြေတော့ဘူး.. နေကလည်းပူ.. ကားလမ်းကလည်းကြပ်.. တော်တော် စိတ်ရှည်ရှည်မောင်းရတယ်.. ဒီကြားထဲမှာ အချိုးမပြေ အနိုင်ကျင့်ချင်တဲ့ ဘစ်ကားတွေ တက္ကစီတွေကလည်း တအားဆိုးတယ်..
ခင်ခ
January 29, 2013 at 4:01 pm
ရန်ကုန်
နေလို့ကောင်းပါ၏။
စီးပွားရှာလို့ အဆင်ပြေပါ၏။
အသိအမြင် ကျယ်စေပါ၏။
ရေကောင်း မြေကောင်း ဖြစ်ပါ၏။
ထို့ကြောင့် အသက်အတန်ငယ်ကြီးသည့်အခါ
ရန်ကုန်သို့ ပြန်မည်ဟု မျှော်မှန်းထားလေတော့သည်။
( ကိုအံစာတုုံး ကွန်မန့်ဖတ်ပြီး သကာလ ရေးပါ၏)
မဟာရာဇာ အံစာတုံး
January 29, 2013 at 4:09 pm
ဟက်လူဂျီးး
ခညားဂ ဘာဒုံးဂျ …
ခညားနော် ..
ဒါဗျဲနော် …. ငွင်းး ငွင်းး
ခင်ခ
January 29, 2013 at 4:49 pm
တစ်ခါတစ်လေတော့လည်း ကိုယ့်မွေးရပ်မြေကို
လွမ်းလို့ပါဗျ။
စိတ်ကြည်ဘဲ ကိုအံစာတုံးကလည်း……။
ခင်ခ
January 29, 2013 at 4:49 pm
တစ်ခါတစ်လေတော့လည်း ကိုယ့်မွေးရပ်မြေကို
လွမ်းလို့ပါဗျ။
စိတ်ကြည်ဘဲ ကိုအံစာတုံးကလည်း……။
ကိုပေါက်(မန္တလေး)
January 29, 2013 at 6:12 pm
ကျနော်လူငယ်ဘဝက ရန်ကုန်ကိုလာနေဘို့ခေါ်တဲ့ အကိုကြီးတစ်ယောက်ရှိတယ်။
နေစရာရောဘာရော အလုပ်ရော အဆင်သင့်ပေါ့။
ဒါပေမယ့် ဖုံထူ ခြင်ကိုက် ပူအိုက် ရေရှား မီးမလာ တဲ့ ဇာတိမြေမန်းလေးကို မခွာချင်တော့ မသွားမိခဲ့ဘူး။
လူဆိုတာ ကိုယ်ဇာတိမြေ မှာဘဲ ကိုယ်နေချင်တာ သဘာဝပါဘဲနော်။
ခိုင်ဇာ
January 29, 2013 at 11:17 pm
ကျနော်လည်း ရန်ကုန် မပျော်ဘူး။
ဘာလို့မှန်းမသိ။
ကိုပေါက်(မန္တလေး)
January 30, 2013 at 9:24 am
မယ်ဇာကြီးက ရန်ကုန်ဘယ်ပျော်မလဲ အေ့
ဒို့သိနေပါတယ်……………..
ဒို့သိနေပါတယ်………………………………….
Mobile
January 30, 2013 at 9:54 am
ဘာမှဂိုပြောနေဇာချိဘူး
ဒို့ဘကြီးပေါက်ရိုက်ထားတဲ့ လက်ရာက တောတောင်ရေမြေ သဘာဝရှု့ခင်းများမှအစ
ဘုရားစေတီပုထိုး အဆောက်အဦးပုံများ နေဝင်ချိန်နေထွက်ချိန် အလင်းရောင် ဖမ်းစားမှုများအလယ်
မြို့ပြအနေအထားများ အဆုံး အားလုံး အားလုံး အားလုံးကို ကြည့်လို့ မျက်စီပသာဒ ရှိလှပါကြောင်းးးးးးးး
(သို့ပေမှသာ သူ့မွေးစားတမီးလေးနဲ့ ကိုယ့်ကိုများ သဘောတူလေမလားလို့)
ကိုပေါက်(မန္တလေး)
January 30, 2013 at 11:56 am
ကိုမိုဘိုင်းရေ
ခေတ်ကာလ သားသမီးတွေက ကိုယ်ကြိုက်တာ ကိုယ်လုပ်တာလေ။
ကျုပ်တို့ ပြောတာ သူတို့နားထောင်မှာဟုတ်ဘူးလေဗျာ။
အဲတော့ သမီးလေးမျိုးလိုချင်ရင် ကိုယ်တိုင်ကြိုးစားပေတော့။
Mr. MarGa
January 30, 2013 at 2:56 pm
ဘယ်ဟာတွေ ဘယ်လောက် ကောင်းကောင်း
ကျုုံးအိုအို မြို့ရိုးအိုနဲ့
ဖုန်ထူထူ လူဖြူဖြူ များနေသော
ဦးမာဃ တို့ရဲ့ မန္တလေးကိုတော့ အခုထိ မခွာနိုင်သေးပါဘူး