Let’s do Awareness Sticker Campaign-အသိပညာပေးစတစ်ကာလေးများ
သတင်းစာဆောင်းပါးတစ်ခုထဲမှာ ဖတ်လိုက်ရပါတယ်။
လူ ၁၀ဝ မှာ ၁ဝ ယောက်ဟာ သူ့ပင်ကိုယ် အသိစိတ်ဓာတ်ကကိုကောင်းတယ်။ မတရားတဲ့ အခွင့်အရေးမယူဘူး။
မျှတတဲ့စိတ်ဓာတ်ရှိတယ်။ လူလူချင်း စာနာထောက်ထားတတ်တယ်ဆိုတဲ့ Emotional Quotient အပြည့်ရှိတတ်ကြပါတယ်။
၂ဝ ယောက်သောသူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ သူတစ်ပါးအပေါ် မငဲ့ညှာတတ် ၊ ကိုယ်အတွက်သာ ဦးစားပေးတတ် ၊
အများအကျိုး ပရဟိတ အလုပ်လုပ်တယ် ဆိုတာ နွားကျပါတယ်လို့ထင်၊
အခွင့်အရေးဆိုတာ ယူခွင့်ရှိရှိမရှိရှိ မယူတတ်ရင် မိုက်လို့ဘဲလို့ ထင်တတ်တဲ့ Egotist အတ္တသမား တွေဖြစ်ကြပါတယ်။
ကျန် ၇ဝ ယောက်သော လူများစုကြီးကတော့ ပင်ကိုယ်စိတ်က ပရဟိတ လူလူချင်းစာနာထောက်ထားမှု သာတူညီမျှ စနစ်ဆိုတာတွေ အပေါ် နားလည်သက်ဝင်လိုက်နာချင်ပေမယ့်
လက်တွေ့မှာတော့ မျက်စိရှေ့မှာ အခြားသူက လူလည်ကျသွားတာဖြစ်ရင် ငါလည်း လိုက်မလုပ်ရင် မိုက်ရာကျနေမလား ၊
ပရဟိတအလုပ်ဟာ ကောင်းပေမယ့် ငါတို့ Level ကတော့ လုပ်နေစရာမလိုပါဘူး။
ဒါလုပ်လို့လည်း ဘယ်သူကမှ ထမင်းလာကျွေးနေမှာ မဟုတ်ပါဘူး စတဲ့ အတွေးတွေနဲ့ မိုးခါးရေသောက် ဝေလေလေ တွေ ဖြစ်ကြပါတယ်။
လူတွေဟာ ကိုယ့်ကို သူတစ်ပါးတွေက ဘယ်လိုမြင်စေချင်လဲမေးရင်
အထက်ပြောခဲ့တဲ့ ၁၀% သော ရှားပါးစာရင်းဝင် လူတော်လူကောင်းတော့ ဖြစ်ချင်ကြတာပါဘဲ။
၂၀% ထဲဝင်တဲ့ Egotist တွေလို့တော့ အမည်တပ် မခံချင်ကြပါဘူး။
အများစုဖြစ်နေကြတာကတော့ ၇၀% ရဲ့ စိတ်ဓာတ် မိုးခါးရေသောက်တွေများပါတယ်။
အသိုင်းအဝန်းတစ်ခုကို ကောင်းအောင် ဆောက်တည်မယ်ဆိုရင်
် ၁၀%သော လူကောင်းလူတော်များက ဦးဆောင်လမ်းထွင် အပင်ပန်းခံလေ့ရှိပါတယ်။
၂၀% သော အခွင့်အရေးသမားတွေကတော့ ဘယ်လိုပင် ဖျောင်းဖျသော်လည်း သူတို့ဗီဇအတိုင်း သာမယ့်အလုပ်တွေပဲ ရွေးယူပြီး နာမယ့်အလုပ်တွေကို ရှောင်သွားပါလိမ့် မယ်။
ကျန်တဲ့ ၇၀% သောလူများစုကြီးကတော့ အရှေ့ကဦးဆောင်သူတော်ရင် တော်သလို
ပြုပြင်ပြောင်းလဲ ယူလို့ ရနိုင်တဲ့ အင်အားစုကြီးဖြစ်ပါတယ်။
မျက်စိရှေ့မှာ သူတစ်ပါးအနစ်နာခံတာ တွေ့ရင် ဒီလိုစိတ်ထားမျိုးဟာ မွန်မြတ်ပါလားလို့ မြင်လာရင်
် သူတို့လည်း အဲဒီလို အပြုအမူမျိုးကို လိုက်နာကျင့်ကြံလာကြပါလိမ့်မယ်။
ရှေ့ကလူက စည်းကမ်းလိုက်နာမှု ၊ ဥပဒေအတိုင်း ကျင့်ကြံဆောင်ရွက်မှုကို ဦးဆောင် နမူနာပြသွားရင်
၇၀% သော လူများစုကြီးကလည်း လိုက်ပါလာပါလိမ့်မယ်။
ဒါကြောင့် ဒီ ၇၀% သော လူထုကြီးရဲ့ စိတ်ထဲကို
ကောင်းသောအမူအကျင့် ၊ ကောင်းသောစိတ်ဓာတ် ၊ ကောင်းသောအပြောအဆိုတွေ စိမ့်ဝင်အောင်
အင်တိုက်အားတိုက် တွန်းအားပေး ထည့်သွင်းပေးဖို့လိုပါတယ်။
ဒီလို ထည့်သွင်းရာမှာ အရေးပါအရာရောက်ဆုံး နည်းလမ်းက မီဒီယာတွေပါ။
Celebrities ခေါ်တဲ့ ရုပ်ရှင် မင်းသား ၊ မင်းသမီး ၊ အဆိုတော် ၊ မော်ဒယ် ၊ အားကစားသမား ၊
အခုခေတ်မှာတော့ နိုင်ငံရေးသမားနဲ့ သတင်းသမားတွေပါ ပါလာပါပြီ။
သူတို့ ဝတ်သလို လိုက်ဝတ်မယ်။
သူတို့ပြုမူသလို လိုက်ပြုမူကြမယ် ဆိုတာတွေ တွေ့ရမှာပါ။
သူတို့ကို မြင်ရမယ့်နေရာက TV ၊ သတင်းစာ ၊ ဂျာနယ်တွေ ဖြစ်ပါတယ်။
အဲဒီနည်းလမ်းအပြင် နောက်တစ်နည်းက လူအများရဲ့ မျက်စိရှေ့ကိုများများရောက်စေတဲ့
ကြော်ငြာ ဆိုင်းဘုတ်(Billboard) ၊ ကပ်ခွာ Stcker ၊အလံတံခွန် Banner ၊လက်ကမ်းကြော်ငြာ Flyer တွေဖြစ်ပါတယ်။
အဲဒီထဲမှာ
ဆေးကြော်ငြာ ၊ အရက်ကြော်ငြာ ၊ သနပ်ခါးကြော်ငြာ ဘာကြော်ငြာမဆို စားရိတ်ကျဉ်းကျဉ်းနဲ့ လူထုကြား အပျံ့နှံ့ဆုံးကတော့ Sticker လေးတွေပဲဖြစ်ပါတယ်။
ကားမှန်ပေါ် ၊ ကားဘော်ဒီပေါ်ကပ်ပေးထားရင် တော်တော်နဲ့ မကွာသလို လူတွေရဲ့မြင်ကွင်းကို အရောက်ဆုံးဖြစ်ပါတယ်။
တောရောမြို့ပါ နေရာ အနှံ့အပြားကိုလည်း ရောက်နိုင်စွမ်းရှိပါတယ်။
၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ရဲ့ စတစ်ကာ အနီရောင်လေးတွေဟာ ကားပေါ် ၊ ဆိုက်ကားပေါ် ၊ မော်တော်ပေါ် ၊ သမ္ဗာန်ပေါ် ၊ လူပေါ်ကနေ
အနှံ့အပြား ခရီးသွားကြပြီး အထိရောက်ဆုံး ဝန်ဆောင်မှု ပေးခဲ့ကြပါ တယ် ။
အဲဒီနမူနာကိုယူပြီး လူထုတွေကိုပေးမယ့် အသိပညာ (Public Awareness) ကိုဖြန့်ဝေတဲ့ နည်းလမ်း စမ်းသပ်ကြည့်ကြစေချင်ပါတယ်။
ဒီနေရာမှာ အပိုင်း ၃ ပိုင်းရှိပါတယ်။
(၁) ဘယ်လိုအသိပညာပေးတဲ့ Sticker မျိုးလုပ်မလဲ။
(၂) ဘယ်လို ရံပုံငွေ ရှာမလဲ။
(၃) ဘယ်နည်းနဲ့ ဖြန့်ဝေမလဲ
တို့ဖြစ်ပါတယ်။
(၁) ဘယ်လိုအသိပညာမျိုး ပေးတဲ့ Sticker မျိုးလုပ်မလဲ
လူမှုရေး ၊ ကျန်းမာရေး ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း စသည့် နယ်ပယ်များစွာ အသုံးဝင်နိုင်ပါတယ်။
ဥပမာ – ကျန်းမာရေးအတွက် အစားအစာတွေမှာ ဆိုးဆေးမသုံးစေချင်ရင် “ဆိုးဆေးရှောင်ပါ ၊ ဒို့ကျန်းမာ” Say No To Dye စတဲ့ ဆောင်ပုဒ်လေးတွေကို စတစ်ကာရိုက်ပြီး
အိမ်ရှင်မတွေ အသွားများတဲ့ ဈေးတွေလိုနေရာမှာ လိုက်ကပ် ပေးရပါတယ်။
– ယာဉ်စည်းကမ်းလိုက်နာစေချင်ရင် တစ်စီးလောက် တစ်စီးလောက်နဲ့ ကြားဝင်တိုးတတ်တဲ့ကားတွေကို အသိဝင်စေချင်ရင်
“တန်းစီပါ မိတ်ဆွေ”
“ကျနော်လည်း အမြန်ရောက်ချင်ပါတယ်”
“ကိုယ်ချင်းစာပါ”
“Please Queue”
စသည်ဖြင့် ကားဘော်ဒီတွေပေါ်မှာ လိုက်တပ်ပေးရပါမယ်။
– လမ်းစည်းကမ်းလိုက်နာစေချင်ရင် ကားတွေမှာပဲ “မျဉ်းကြားမှ ကူးသူကို ဦးစားပေးပါမည်”
ဆိုတာမျိုးတွေ ကပ်နိုင်ပါတယ်။
အခြားခေါင်းစဉ်၊အခြားနယ်ပယ်တွေအတွက်လည်း စဉ်းစားအကြံပေးကြစေလိုပါတယ်။
(၂) ဘယ်လိုရံပုံငွေရှာမလဲ
ဒီလိုစတစ်ကာတွေကို အင်နဲ့အားနဲ့ ထပ်ခါထပ်ခါ ကပ်ပေးရမှာ ဖြစ်တဲ့အတွက် တစ်ကြိမ်စာမှာ ကုန်ကျ စားရိတ်မများပေမယ့်
အကြိမ်ရေများလာရင်တော့ ငွေကုန်ကြေးကျများလာနိုင်ပါတယ်။
NLD ရဲ့စတစ်ကာလေး တွေလို တန်ဖိုးနည်းနည်းနဲ့ ရောင်းလို့လည်းရသလို ၊ စိတ်ပါဝင်စားသူတွေဆီက ကောက်ခံပြီး အခမဲ့နဲ့ စတင် ရပါလိမ့်မယ်။
စတစ်ကာ ရိုက်ခက တစ်ပေပတ်လည်ကို ၈၀၀-၁၀၀ဝ ကျပ် ကျပါတယ်။
စာတန်းလေးတစ်ခုကို အဝေးကနေ လူမြင်နိုင်တဲ့ စာလုံးအရွယ် ရိုက်ရင် 3″x1′ လောက်ဆိုရင် မြင်ရပါတယ်။
ဆိုတော့ တစ်ခုကို ၃၀ဝ ကျပ်လောက်ပဲကျပါတယ်။
ဒါကတော့ ကိုယ့်ဘတ်ဂျက်ပေါ်မူတည်ပြီး ကြိုက်သလို သုံးနိုင်ပါတယ်။
ငွေကျပ်တစ်သိန်းဖိုး ဆိုရင် စတစ်ကာ အခု ၃၃၃ ခု ဖြန့်ဝေနိုင်ပါပြီ။
(၃) ဘယ်နည်းနဲ့ဖြန့်ဝေမလဲ ၊ ဘယ်နေရာတွေဖြန့်မလဲ
Target area ကိုရောက်အောင် ဖြန့်ဖို့လိုပါတယ်။
အစားအသောက်နဲ့ ပတ်သတ်တာတွေ ဖြန့်ဝေမယ်ဆိုရင် စားသောက်ဆိုင် ၊ စားသောက်ကုန်ရောင်းတဲ့ ဈေးတန်း ၊ ကျောင်းဈေးဆိုင် ၊ Canteen ဆိုတာတွေဆီရောက်အောင် သွားရပါမယ်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွက် ဖြန့်ဝေမယ်ဆိုရင်လည်း Taxi တွေ ၊ ကိုယ်ပိုင်ယာဉ်ငယ်တွေ ၊ ဘတ်(စ်)ကားကြီးတွေ မှာ ခွင့်တောင်းပြီး လိုက်ကပ်ပေးဖို့ လိုပါတယ်။
အဲဒီလိုအလုပ်တွေကို လုပ်ပေးနိုင်ဖို့ အဓိကကတော့ တာဝန်သိတဲ့ လူငယ်တွေရဲ့လုပ်အားတွှေ လိုပါတယ်။
လူငယ်တွေ ကျောင်းအားချိန် အလုပ်အားချိန်တွေမှာ စုပေါင်းပြီး တစ်ပတ်တစ်ခါဖြစ်စေ Sticker Campaign လေး ဆောင်ရွက်ပေးကြရင် ဒီလုပ်ငန်းလေး အောင်မြင်လာမှာပါ။
ဒါက အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။
အခကြေးငွေပေးပြီး ခိုင်းလို့လုပ်ရတဲ့သူတွေမှာ ပရဟိတ စိတ်အပြည့်မရှိတဲ့အတွက် လူအများကြားမှာ သည်းခံနိုင်စိတ်မရှိတတ်ပါဘူး။
ဒီအလုပ်မျိုးကို တာဝန်ယူလုပ်ပေးနိုင်တဲ့ ပရဟိတစိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို စည်းရုံးဖို့က အဓိကဖြစ်ပါတယ်။
ဒါကတော့ ကျမရဲ့ စိတ်ကူးယဉ် အိပ်မက် Dream ဆိုပါတော့။
စိတ်ပါဝင်စားကြရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ကြယ်ငါးလေးတွေ ကောက်ပြီး ရေထဲပြန်ချတဲ့ အလုပ်လုပ်ကြည့်နိုင်ပါတယ်။
စစချင်းမှာ မသိသာနိုင်ပေမယ့် မျက်စိရှေ့မှာ အသိပညာပေး Awareness Sticker လေးတွေကတဆင့်
၇၀% သော လူထုကြီးကို စည်းရုံးပြီး တိုင်းပြည်ကို လိုရာပန်းတိုင်ရောက်အောင် ထိန်းကျောင်းပဲ့ကိုင်သွားနိုင်မယ် လို့တင်ပြချင်ပါတယ်။
(ဒီသတင်းစာဆောင်းပါးလေး ဖတ်ပြီး 70% လူများစုကို ပြုပြင်ဖို့ အရေးကြီးဆုံးဆိုတဲ့ အကြောင်းအရာလေးပြောပြပေးတဲ့ ကျမ အကိုရဲ့ မွေးနေ့အဖြစ် အမှတ်တရ ရေးပါတယ်)
36 comments
pazflor
January 25, 2013 at 3:24 am
အန်တီရေးပြမှဘဲ စတစ်ကာလေးတွေအကြောင်း သိတော့တယ်။ အလွန်ကောင်းတဲ့ အိုင်ဒီယာလေးပါဘဲ။
အလုပ်ခွင်ထဲမှာ ဦးထုပ်ဆောင်းပါ အစရှိတဲ့ safety warning sticker တွေ အမြဲတွေ့နေပေမဲ့ ဒီလို မတွေးမိဘူးခင်ဗျ။
အခွင့်ရရင်တော့ ဒီလို campaign လေးတွေမှာ ပါချင်ပါတယ်ခင်ဗျ။
padonmar
January 25, 2013 at 9:47 pm
Pazflor
တွေ့ဖူးတဲ့ စတစ်ကာလေးတွေအကြောင်း ကြုံကြိုက်ရင် ဗဟုသုတရေးပြစေချင်ပါတယ်။ နမူနာယူရအောင်လို့ပါ။
အခု ကျမက စိတ်ကူးယဉ်အိပ်မက်နေဆဲပါ။
လုပ်ရမယ့် အဆင့်တွေမှာ (၁) နဲ့ (၃) လုပ်ပေးနိုင်မယ့်သူတွေ ပိုလိုပါတယ်။
(၂) ရံပုံငွေကတော့ အလှူခံစားနေကျမို့ ဖလားတစ်လုံးပိုက်လိုက်ရင် လွယ်ပါတယ်။
အကောင်အထည်ဖော်ဖြစ်တဲ့ အခါ Pazflor ကို လက်တို့ပါမယ်။
ကိုယ့်ပတ်ဝန်းကျင် တပိုင်တနိုင်လည်း လုပ်ကြနိုင်ပါတယ်.
kai
January 25, 2013 at 6:39 am
အရင်ဆယ်စုနှစ်တွေက..
“အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ “ကိုကြိုက်ခဲ့ဖူးတယ်..
အခုတော့… “ခွင့်တူညီမျှဝါဒ ဖြူစင်” ကိုကြိုက်မိတယ်..
တကယ်သုံးချင်တဲ့.. Slogan ကတော့..
“သခင်မျိုးဟေ့ ဒို့ Burman ” ပါ…။
ဟိုနူးဘာဂိုဏ်းအုပ်စုက. အာဝူး.. ဝင်ဝင်လုပ်နေလို့… :kwi:
တိုင်းပြည်အနေနဲ့ကြည့်ရင်.. မြန်မာတွေရဲ့.. အဓိက(အဓိက) ပြဿနာကြီးက.. လူတန်းစားအကြီးအကျယ်ခွဲထားတဲ့.. Mindset မသိစိတ်ထဲ ရှိနေတာလို့ထင်မိတယ်..
လူလူချင်း.. တန်းတူညီမျှမှု လုံးဝမရှိ…
အရောင်တွေနဲ့.. လူ့အဆင့်အတန်း ခွဲထားတာကို ပြောတာပါ…။ :harr:
padonmar
January 25, 2013 at 9:54 pm
အခုက အဝတ်မှာ အရောင်မခြယ်ပဲ နာမည်မှာ ခရိုနီလို့ အရောင်ခြယ်ထားတော့လည်း ခက်တာပါပဲသူကြီးရယ်။
တစ်သက်လုံး အဝတ်နဲ့ လူတန်းစားခွဲခံရတာကမှ ခံသာပါသေးတယ်။
အဲဒီအဝတ်ဝတ်ဖို့ သူတို့မှာလည်း စွန့်လွှတ်ရတာတွေ ရှိပါတယ်။
သူကြီးရဲ့ ခွင့်တူညီမျှဝါဒဖြူစင် ကကောင်းပေမယ့် လူများစုကြီးက နားလည်ပါ့မလားလို့ တွေးမိတယ်။
မောင့်ကျက်သရေ ဂီ့
January 25, 2013 at 6:56 am
စတစ်ကာဟာ အလွန်ကောင်းတဲ့ communication element ပါ..
သို့သော် phase ၂ခု ဒါမှမဟုတ် အဲ့သည့်ထက်ပိုပြီး သုံးမှ
အင်အားပြည့်ဝမှာပါ။
ပထမဆုံး phase ကတော့ စာသားနဲ့ graphical image တွဲလွှတ်တာပါ။
Just Do it ကို အမှန်ခြစ်နဲ့ တွဲရေးသလိုပေါ့ …။
အဲ့သည့်လို လုံလုံလောက်လောက် လုပ်ပြီးတဲ့အခါမှာ
အမှန်ခြစ်သက်သက် (ဆိုက်ဇ်သေးသေး) တခုတည်း
လွှတ်လိုက်တာနဲ့ လူတွေက Just Do it ကို သတိပြန်ရပြီး
နောက်ကွယ်က အရာဟာ Nike ဆိုတာ လူတိုင်းသိနေမှာ
ဖြစ်ပါတယ်။
နှိုးဆော်စာ တိုက်တွန်းစာ သက်သက် ဖြစ်နေလို့ကတော့
တော်ရုံကတော့ ကျော်ဖတ်ခံ စာသားဖြစ်သွားမှာ စိုးရိမ်ရပါတယ်။
communicate လုပ်ယူဖို့အတွက် ထိရောက်တဲ့ နောက်တခုကတော့ လူသားဆန်မှု ဖြစ်ပါတယ်..
အရင်ကလည်း ရေးဖူးပါလိမ့်မယ် လူဟာ လူမို့ လူ-လူချင်းပဲ ချစ်ပါတယ်။
သည်တော့ တခုခုပြောချင်ရင် လူကိုယ်စားပြုပြီး လူတယောက်ကပြောသလို
ပြောတာ ပိုထိရောက်ပါတယ်။ ဥပမာ တန်းစီရင် ကြားဖြတ်တာ ဗိုလ်ချုပ်မကြိုက်ဘူး ဆိုတဲ့
message မျိုး deliver လုပ်နိုင်ရင် (ဗိုလ်ချုပ်ကို အသုံးချတယ် ဆိုချင်ဆို)
ဗိုလ်ချုပ်အပေါ်ထားတဲ့ လေးစားသမှုနဲ့ လူတွေ ဆင်ခြင်ကြ လိုက်နာကြမှာအမှန်ပါ။
သည်နေရာမှာ သာမန် လမ်းပြပုလိပ်ဝတ်စုံဝတ် လူတယောက် image မျိုးသုံးတာထက်
အများကြီးထိရောက်တာတွေ့ရပါလိမ့်မယ်။
ဒါဆို တခြား လေးစားရသူတွေ ဆယ်လစ်ဗျစ်တီ အင်းမေ့ချ်တွေ .သုံးတာမျိုး …
ကို စဉ်းစားကြည့်နိုင်ပါတယ်။ (ဟိ ..ခုတလောတော့ နာမည်ကျော် ဘုန်းဘုန်းတွေရဲ့
အဆိုအမိန့်တွေ ဖေ့စဘုတ်ပေါ် ပလူပျံနေလေရဲ့…)
နောက်ထပ် စဉ်းစားနိုင်တာကတော့ reality ပိုင်းပါ။ လူပုံထည့်သင့်တယ်
လူသားဆန်တဲ့ တိုက်တွန်းနှိုးဆော်တဲ့ ပုံရိပ်ဖြစ်သင့်တယ်ဆိုလို့
မော်ဒယ်ငှားရိုက်ရမယ် မဆိုလိုပါ။ တကယ့် true story တွေကို
ချပြပြီး အဲ့ဒါကနေ ကွန်မြူနီကိတ် လုပ်ယူနိုင်ပါသေးရဲ့…။
ဥပမာ တာဝန်ကျေလွန်းတဲ့ လင့်လမ်းထိပ်က လမ်းပြပုလိပ်လေး။
သူ့ရဲ့ true story, real life, daily reutine တခုခုကို ချပြပြီး
awareness လုံလောက်စွာ ရပြီဆို နောက်ပိုင်း သူ့ပုံလေး သက်သက်
ပြလိုက်တာနဲ့ ဘာကိုဆိုလိုတယ် ဆိုတာ အားလုံးသဘောပေါက်အောင်
လုပ်ယူနိုင်ပါတယ်။
နောက်ဆုံး တခုကတော့ Strength/ Cute ၂ခုအနက် တခုခုဘက်ကို ပြေးကပ်တဲ့
ကိစ္စပါပဲ …။ ဟုတ်ပါတယ်။ ဥပမာ မှုခင်းကျဆင်းရေး အတွက်သုံးသင့်တဲ့ ပုံရိပ်ဟာ
(လူပုံဆို) သာမန်ယောက်ျားတယောက်ထက် ထွားကြိုင်းသန်မာတဲ့ ယူနီဖောင်းဝတ်
ရဲဝန်ထမ်းတယောက်ပုံရိပ်မျိုးပါ။ ဒါမျိုးများများသုံးပေးရင် ကျူးလွန်မယ့်လူမျက်လုံးထဲ
စွဲလာရင် အတော်အတန် လက်ရွံ့စေတဲ့ ရလာဒ်ထွက်ပါတယ်။ အဲ … လမ်းပြပုလိပ်
အနေနဲ့တော့ ဒီလို ပုံမျိုးမသုံးသင့်ပါဘူး ဘာကြောင့်လဲဆို အကူညီတောင်းစရာရှိ
တဲ့အခါ မိန်းမတွေ ကလေးတွေ က ကိုဗလပုံရိပ်ကို ကြောက်လန့်မှု ရှိနိုင်ပြီး
မမေးရဲ မပြောရဲ ပြောမှားဆိုမှားဖြစ်မှာ စိုးလို့ ရေငုံနိုင်တဲ့ ရလာဒ်ထွက်နိုင်လို့ပါ။
သည်လိုအနေအထားမျိုးမှာ Cute ဘက်ကို ပြေးကပ်သင့်တာပါ။ ဥပမာ ဘဲဥဝတ်စုံဝတ်
ကလေးပုံမျိုးတို့ ..။ တိရစာ္ဆန်ငယ်လေးတွေ မတ်တပ်ရပ်ဘဲဥဝတ်စုံဝတ်တာမျိုးတို့…။
နာမည်ရှိတဲ့ ကာတွန်းကာရိုက်တာတခုခု က ကူညီဗျဇီ လုပ်တာမျိုးတို့ ..တခုခုပေါ့…။
လူတွေ ခံစားရနိုင်မယ့် experience က fun ပါ not funny ပေါ့…။
စတစ်ကာလေးတွေ နေရာရကြပါစေကြောင်း..။
padonmar
January 25, 2013 at 9:58 pm
ဒီနေရာမှာ မောင်ဂီ့ကို အားကိုးရမယ်ဆိုတာ သိပြီးသား။
လူစုလို့ ရပြီဆို မောင်ဂီ့ကို အသေးစိတ်ထပ်ပြောခိုင်းမယ်။
အခုပေးတဲ့ အိုင်ဒီယာတွေတွက်လည်း ကျေးကျေး။
မောင့်ကျက်သရေ ဂီ့
January 26, 2013 at 8:54 am
မြှောက်ပေးမှတော့ အဟွာတက်အောင် ကပရဇီ အန်ကယ်ဒုံ (အဟွာ =ကြွက်)
သေးသေးကွေးကွေး ဆိုနိုင်မလားတော့မသိ စိတ်ထဲရှိနေတာလေး တခုကတော့
အက်စကယ်လေဒါ စက်လှေကား ကာလချာပါ
ရွှေတိဂုံဘုရား အနောက်ဘက်မုဒ် ကိုမြင်ယောင်ကြည့်ပါဗျာ
သာမန် စက်လှေကားတွေရဲ့ အကျယ်အဝန်းဟာ လူနှစ်ယောက် ရပ်စရာရှိပါရဲ့
ဂျပန်တွေ စနစ်ချထားတာတခုကတော့. အေးအေးဆေးဆေး အချိန်ရသူရှိသလို
အလျင်လိုသူလည်း ရှိမှာမို့ တဖက်ကပ်စီးတဲ့စနစ်ကိုသုံးတာပါပဲ
ဆိုလိုသည်မှာ မြို့ကြီးအတော်များများမှာ ဘယ်ဘက်ကပ် ရပ်စီး စနစ်ကိုသုံးတယ်
ညာဘက်ခြမ်း လူတစ်ယောက်လျောက်စာကိုတော့ အလျင်လိုသူ
လမ်းလျောက်တက်နိုင်အောင် ချန်ထားပေးလေရဲ့
မန်နာ တခုပေါ့ဗျာ.
ဘုရားသွားတာပဲလေ ဘာတွေ အလျင်လိုနေတာလဲ မေးစရာရှိပါတယ်.
ဟုတ်ကဲ့ ဘုရားစက်လှေကား ပေါ် အုပ်စုဖွဲ့ စကားပြောလမ်းပိတ် အလျင်လိုသူလည်း
တက်ချင်တိုင်းတက်မရတာ ကိစ္စတော့ သိပ်မရှိပေမယ့်
ခုနောက်ပိုင်း စူပါမားကတ်တွေ ရှော့ပင်းမောလ်တွေ ပေါ်လာ
စက်လှေကားသုံးလာ နောက်ပိုင်း MRT တွေ မြို့ပတ်မြေပေါ်ရထားတွေ ပေါ် သုံးလာလို့ စက်လှေကား
ယဉ်ကျေးမှု ထွန်းကားလာမယ်ဆိုရင် စက်လှေကားမန်နာ တခုအနေနဲ့
ခုလိုအစောပိုင်းကာလကတည်းက ဖော်ဆောင်သင့်တဲ့
ယဉ်ကျေးမှု တခုလို့မြင်လို့ ရေးဖြစ်ပါတယ်ဗျာ.
အဲ့. အထက်က မြို့ကြီးတော်တော်များများ လို့ရေးထားတာက
ဒုတိယမြို့တော် ဖြစ်တဲ့ အိုဆာကာ မပါလို့ပါပဲ.
သူက တနိုင်ငံလုံးကို ဂွတိုက်တဲ့မြို့.
သူတို့ဆီမှာ. ဘယ်ဘက်မဟုတ်ဘဲ ညာဘက်ကပ်စီတန်းတယ်လေ
အကြွေစိ ထည့်လက်မှတ်ဝယ်တဲ့ စက်တွေလည်း အတူတူပဲ
တနိုင်ငံလုံးမှာ ခလုပ်နှိပ် ပိုက်ပိုက်ထည့် ဆိုတဲ့ စနစ်နဲ့သွားပေမယ့်
သူတို့ဆီကျတော့ ပိုက်ပိုက် အရင်မထည့်ရင် ဘာခလုပ်မှ နှိပ်မရဝူးရယ်.
အဲ့လို ဂွကျတာ.
ရန်ကုန် မန်းလေး ထမီ ဘယ်ဖုံး ညာဖုံး ကွာသလိုကွာတယ် ဆိုရမလား
ကြို့ပင်ကောက်လို ဆန်ကို ပိဿာနဲ့ ချိန်စားတဲ့ မြို့လို ဂွကျတာမျိုးလား.
မပြောတတ်တော့.
တော်သေးပြီဗျာ
:kwi:
padonmar
January 26, 2013 at 11:48 pm
ရွှေတိဂုံဘုရား အက်စကလေတာမှာတော့ (ဘယ်လားညာလားမမှတ်မိတော့ဘူး)အဲဒီဖက်ကို ကပ်စီးပါလို့ ရေးထားတာ ဖတ်ဖူးပါတယ်။
ရှော့ပင်းမောလ်တွေမှာတော့ မတွေ့ဖူးဘူး။
…………
ကျုပ်တို့မြို့က မုန့်ဟင်းခါးကို ချိန်ခွင်လေးနဲ့ ချိန်ရောင်းလို့ ထူးဆန်းလှပြီထင်နေတာ။
ကြို့ပင်ကောက်သားတွေမေးကြည့်ဦးမှပါပဲ။
MaMa
January 25, 2013 at 8:52 am
ရာပြည်ပိုစ့်ကို ဘယ်လို စတစ်ကာ ပေးရင် ကောင်းမလဲ။ :hee:
ကိုယ်လည်း ပိုစ့် ၆ဝ လောက်ရှိပြီဆိုတော့ နီးလာပြီလားလို့။ :harr:
ကြည်ဆောင်း
January 25, 2013 at 8:53 am
ဒီပိုစ့်ရော ကွန်မန့်တွေရော ဖတ်ရတာ တော်တော်အကျိုးရှိသွားပါတယ်…
ဒီလိုစာမျိုးတွေဖတ်ပြီးသိလိုက်ရတာက ငါတော်တော်မသိတာတွေများတာဘဲဆိုတာပါ..
Sticker တွေတွေ့နေပြီး တခုခု အကျိုးသက်ရောက်နေမှန်းလဲသိရက်နဲ့ ဒီလိုမျိုးတွေမတွေးမိတာကိုပေါ့..
ခိုင်ဇာ
January 25, 2013 at 9:08 am
ဟုတ်တယ်။ ကောင်းလိုက်တဲ့ အိမ်မက်လေး။
ဒီပို့(စ) က ကျနော့ စိတ်ထဲ စတစ် ဖြစ်သွားပြီ။ 🙂
ဆောက်လုပ်ရေး ကန်ပနီတွေကတော့ Safety နဲ့ပတ်သက်တဲ့ Quotes တွေကို စိတ်ထဲရောက်လွယ်တဲ့ အသုံးလေးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် သုံးကြတယ်။ အဲဒါကို သတိထားမိလို့ ခု လိုက်စုဆောင်းနေတာ။
ကျန်တာတော့ မြင်ဘူးပြီး စိတ်ထဲထိမရောက်။
ဒီ Sticker Campaign အတွက်အကောင်အထည်ပေါ်ဖို့ လိုတာရှိရင် ပြောပါဗျာ။
:hee:
padonmar
January 25, 2013 at 9:59 pm
မမ ၊ကြည်ဆောင်း၊မယ်ဆွိတို့ ကို မန်ဘာထဲထည့်ပြီးသား။
ကထူးဆန်း
January 25, 2013 at 10:22 am
လက်စ်ဒူးအစ်..
:chit:
padonmar
January 25, 2013 at 10:00 pm
တကယ်ပြောတာနော်။
ပြီးတော့မှ CJ ကြီး မပျောက်သွားနဲ့။
Thu Wai
January 25, 2013 at 11:00 am
မသိတာတွေအများကြီးရလိုက်ပါတယ်
padonmar
January 25, 2013 at 10:29 pm
မင်းသုဝေ
အများကြီးရသွားတယ်ဆိုတာ ဝမ်းသာပါတယ်။
ဘာတွေရသွားလဲ၊ဘယ်လိုအသုံးချလ ဲ ကြုံရင်ပြောပြပါအုံး
မင်းနန္ဓာ
January 25, 2013 at 12:34 pm
ကချင်စစ်ပွဲတွေ ရပ်တန့်စေချင်တယ်
မျက်လုံးထဲ တန်းပေါ်လာတာက
ကျည်တစ်တောင့်ချွေတာပေးပါ=ကျွန်တော့်မနက်စာ လို့
ဒုက္ခသည်စခန်းက ငတ်တလှည့်ပြတ်တလှည့် ဖြစ်နေတဲ့ ကလေးတွေ ဓာတ်ပုံအခံနဲ့
padonmar
January 25, 2013 at 10:06 pm
ရွာစားစိတ်ကူးလေးကောင်းလိုက်တာ။
အဲဒါရဲ့ Target people က ကချင်မြေပေါ်နဲ့ ဟိုထန်းပင်ပေါ်က လူကြီးတွေဖြစ်နေတယ်။
ကိုယ့်နားပတ်ဝန်းကျင်မှာ ပြုပြင်နိုင်တာလေးတွေ အရင်စဉ်းစားကြရအောင်။
အန်တီကတော့ လူမှုရေးရာတွေပဲ ခေါင်းထဲရောက်တယ်။
မောင်ဂီရေးပြသလို ကာတွန်းရုပ်ကလေးတွေနဲ့ ပြလို့ရမယ့် Awareness Slogan စာသားလေးတွေ စဉ်းစားပေးပါအုံး။
kyeemite
January 25, 2013 at 1:25 pm
ကောင်းလိုက်တဲ့အတွေးနဲ့ အိပ်မက်လေးပါ…
ရာပြည်ပိုစ့်လေးကို အင်မတန်လှတဲ့ အတွေးစာလေးနဲ့တင်တဲ့အတွက်
ဗရာဗိုပါဗျို့… :hee:
အရီးခင်လတ်
January 25, 2013 at 3:39 pm
အစ်မရေ
၇၀% ထဲက နေ ၁၀% ကို ပံ့ပိုးပေးမဲ့ အမာခံလူဖြစ် ဖို့ ကြိုးစားနေပါတယ်။
အစ်ကိုကြီး ရဲ့ မွေးနေ့ ကိုလဲ
” ပျော်ရွှင်ဖွယ်ဖြစ်ပါစေ။ ပိုမိုတိုးတက်အောင်မြင် ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။
ညမင်းသမီး ဇီးကွက် ညီမလေးကိုလဲ ပိုပြီး အလိုလိုက်နိုင်ပါစေ။”
လို့ ဆုမွန်ပို့လိုက်ပါကြောင်း ပြောပေးပါဦးနော်။
အပေါ်က ကကြီးမိုက် ပြောသလို ရာပြည့် လေးမှာ အနှစ်သာရပေါင်းစု နေတာ အမှတ်တရပေါ့။ :hee:
ခင်ခ
January 25, 2013 at 4:27 pm
တကယ်ကို ရှင်းလင်းပြီး အတွေးကောင်းလေးတွေ ရရှိသွားစေတဲ့ပိုစ့်ပါဘဲဗျာ။
ပိုစ့် ရာပြည့်ပြီး ဆက်လက်ရေးနိုင်သလို အမ ပဒုမ္မာ လည်း အသက်ရာပြည့်ပြီး ဆက်လက် ကျန်းမာရှင်သန် နိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်နော်။
padonmar
January 25, 2013 at 10:10 pm
ဦးကြီးမိုက်၊မလတ်၊ကိုခင်ခ
ရာပြည့် ဆုတောင်းလေးတွေတွက် ကျေးကျေးပါ။
အသက်ကတော့ ဒီလို အအိပ်မမှန်ရင် ရာပြည့်မယ်မထင်ပါဘူး။
ပွဲထဲကလို စောစောသေရင် စောစောအိပ်ရတာပေါ့နော။
…………
မလတ်ရေ
ညဇီးကွက်ကတော့ အဖီလေးက ဆင်းရတော့မယ်။
kai
January 25, 2013 at 4:51 pm
ဘာပဲဖြစ်ဖြစ်ဟေ့..
အခုတင်.. မီဒီယာတခုကိုစာရေးတာမှာ.. Burman လို့သုံးလိုက်ပြီ…
တိုင်းပြည်နဲ့..နိုင်ငံသားအမည်တူနေတာ.. အဓိပ္ပါယ်မရှိ.. အင်္ဂလိပ်စာမတတ်သူများထင်စရာဖြစ်နေတာပါ..။
Myanmar/Myanmar နဲ့.. Burma/Burmese ကလည်း အငြင်းပွားစရာဖြစ်နေတော့ကာ…
တိုင်းပြည်ကို.. Myanmar
နိုင်ငံသားကို.. Burman လုပ်ပေးပြီး..
အမေရိကန်ဖြစ်နေတဲ့မြန်မာတွေကို.. Burman-American လို့သုံးပေးလိုက်တယ်..
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း… (ဂီဂီမတွေ့စေရ..) :kwi:
မောင့်ကျက်သရေ ဂီ့
January 25, 2013 at 5:11 pm
၂လုံးတည်းနဲ့တောင် ဘောင်းဘီကျပ်လှပါပီ ဆိုတာကို သုံးလုံးဖစ်အောင် လုပ်ချင်သေးတယ် သဂျီးရယ်
:byae:
padonmar
January 25, 2013 at 10:14 pm
ဒို့သဂျီးကို နိုင်ပေါက်တွေ့ပြီ။
ဂီဂီမတွေ့စေရတဲ့။
Berman ဆိုရင်တော့ သွားပွတ်တံ ပဲ။
surmi
January 25, 2013 at 6:36 pm
အစ်မရေ
စိတ်ကူးလေးကောင်းတယ်ဗျာ
တစ်ခုခုကိုလှုံ ့ဆော်တဲ ့ စာတန်းလေးတွေဟာ တစ်ကြိမ်တစ်ခါမှာ
သိပ်မထိရောက်လှဘူးဆိုပေမဲ ့ အကြိမ်ကြိမ်တွေ ့မြင်ရရင် တကယ်ပဲ
သတိထားမိစေပါတယ် ။တစ်ကယ်လုပ်ဖြစ်ပါစေလို ့ဆန္ဒပြုပါတယ်ဗျာ……။
မောင်ပေ
January 25, 2013 at 7:49 pm
အရမ်းကောင်းတဲ့ အိုက်ဒီယာပါပဲ အန်တီမာရေ
ကျုပ်တို ့ငယ်တုန်းက ကျောင်းစာထဲမှာ သင်ခဲ့ရတဲ့
စာအံပါများရင် ၊ ဘေးကကြားရတဲ့ ပညာမတတ်တဲ့သူတောင် ယဉ်ကျေးသိမ်မွေ ့လာမယ် ဆိုတာမျိုးပေါ့နော
padonmar
January 25, 2013 at 10:19 pm
ကိုဆာမိရေ
ခုထိတော့ အိပ်မက်ပါ။
တကယ်လုပ်ဖြစ်ဖို့အပေါ်မှာပြောခဲ့သလိုပဲ အင်အားလိုပါတယ်။
အင်အားရှိပြီးသား အဖွဲ့အစည်းတွေများ ဒီစိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်ရင် အကောင်းဆုံးပေါ့။
……….
မောင်ပေရေးတာ အန်တီလည်းသိတယ်။
စာသားကို စဥ်းစားလို့မရဘူး။
အဲဒါပေါ့
စာအုပ်ထဲမှာရှိသည့်စာ
ကိုယ့်စာမဟုတ်ပါ၊
စာအုပ်ထဲမှာရှိသည့်စာ
လိုခါမရပါ…. ဆိုတာလေး သတိရမိပါတယ်။
weiwei
January 25, 2013 at 11:07 pm
ရာပြည့်ပို့စ်အတွက် ဂုဏ်ယူပါတယ်အန်တီ …
ကျွန်မမှာ ၂၉၉ ပို့စ်ဖြစ်နေလို့ သုံးရာပြည့်ပို့စ်တစ်ခုအတွက် အနှစ်သာရရှိတာလေးစဉ်းစားနေတာ ..
ကျွန်မလဲ သာမန်လူတစ်ယောက်ဆိုတော့ ၇၀% ထဲမှာပဲ ပါခဲ့မယ်ထင်ပါတယ် … အခုတော့ ဂဇက်မှာကျင်လည်တာကြာခဲ့ပြီး ၁၀% ဖက်ကို ဦးတည်အောင်ကြိုးစားနေပါပြီ …
လိုအပ်တာရှိရင် ကူညီချင်ပါတယ် …
padonmar
January 26, 2013 at 11:33 pm
ဝေဝေရဲ့ ၃၀ဝ ပြည့်ကိုလည်း မျှော်နေပါတယ်။
ဦးကြောင်-ဓနိပြင်ကာပေးရင် ငတိလည်းခွင်မရှာလောက်တော့ပါဘူး။
ဦးကြောင်ကြီး
January 26, 2013 at 10:22 am
အသိပညာပေး
ငတိဂွင်ရှာနှေး
ကလိရွှင်သာရေး
ဓနိဖျင်ကာပေး..။
pooch
January 26, 2013 at 11:27 pm
ဒေါ်ဒေါ်ရေ ရာပြည့်ပိုစ့်မှာ အမှတ်တရလေးပေါ့ ကွန်းမန့်နောက်ကျနေတာ ခွင့်လွှတ်နော်
စတစ်ကာလုပ်ဖြစ်ရင် လက်တို့လိုက်အုန်းနော်
ကျမလုပ်ချင်တဲ့ ပထမဦးစားပေး စတစ်ကာလေးက ရပ်ကွက်ဓမ္မာရုံက လော်စပီကာသံတွေ နှိပ်စက်လွန်းလို့
အသံချဲ့စက်တွေကို တိတ်သွားစေလိုတာပါ
သုံးချင်တဲ့ စာတန်းကို တော့ ခုထိ စဉ်းစားလို့ မရသေးဘူး
“နားကို ဒုက္ခမရောက်ပါစေနှင့် ” ဆိုရင်ရော 🙄
padonmar
January 26, 2013 at 11:43 pm
မယ်ပုရေ
အားပေးတာကျေးကျေးပါ။
လော်စပီကာသံတွေကတော့ ကထိန်နားနီးရင် ပိုဆိုးတာပေါ့။
ဒါလည်းလိုတာပဲ။အဲဒီ စတစ်ကာကို ဘယ်မှာကပ်ပေးကြမလဲ၊ဓမ္မာရုံမှာလား။ရပ်ကွက်လူကြီးအိမ်မှာလား။
ကောင်းတာကတော့ ကလေးလေးစာဖတ်နေတဲ့ပုံဘေးမှာ လော်စပီကာကို ကြက်ခြေခတ်ထားတဲ့ပုံလေးနဲ့ စာက “ကလေးတွေနားမဆင်းရဲပါစေနှင့်”လို့ရိုက်၊
ကလေးတွေရဲ့ ဖတ်စာအုပ်တွေမှာ ကပ်ပေးရရင် ဘယ်လိုနေမလဲ။
မယ်ပုတို့နေတဲ့ ရပ်ကွက်နားက မူလတန်းကျောင်းလေးမျိုးမှာ စမ်းသပ်မလား။
(ကထိန်ရာသီ မတိုင်ခင်ဆိုရင် စမ်းသပ်ကြည့်လို့ ရလာဒ်ကို မြန်မြန်သိနိုင်ပါတယ်)
pooch
January 27, 2013 at 12:01 am
ကောင်းလိုက်တဲ့ အကြံ ရွှေချထားရမယ်
ဒေါ်ဒေါ်ရေ ဓမ္မာရုံမှာ ကပ်မယ်ဆိုရင် မျက်ခုံးက ခပ်လှုပ်လှုပ်ပဲ လူမမြင် သူမမြင် မနက်အစောကြီး သွားကပ်မှ ရမယ်ထင်ရဲ့ ခုတော့ အဖွဲ့အစည်းတခုထဲကို ရောက်သွားတာမို့ နောက်ရက်လူစုံရင် ဒီစတစ်ကာအကြောင်းလေး ပြောကြည့်ပါအုန်းမယ် ဒေါ်ဒေါ်ရဲ့ အိုင်ဒီယာလေးကို လုပ်ဖြစ်ရင်လည်း သေချာပေါက်ပို့ပေးပါ့မယ်
lele
January 27, 2013 at 2:54 pm
အတော်လေးကောင်းတဲ ့အကြံပါ. လူငယ်တွေနဲ ့ကျောင်းသားတွေက စစည်းရုံးပြီးကိုယ်တိုင်လိုက်နာကြမယ်ဆိုရင်ကောင်းမယ်လို ့ဆန္ဒပြုပါတယ်. အဲဒါဆို သူတို ့ရဲ ့Junior တွေဟာ သူတို ့ကိုအတုယူကြလိမ့်မယ်လို ့ထင်ပါတယ်. အမှိ ုက်ပြစ်တဲ ့အကျင် ့လည်းပြင်သင့်တယ် လို ့ထင်ပါတယ်.
ဂီဂီ စာကိုပြန် ကုတ်လိုက်တယ် ” မြို ့ကြီးအတော်များများမှာ ဘယ်ဘက်ကပ် ရပ်စီး စနစ်ကိုသုံးတယ်
ညာဘက်ခြမ်း လူတစ်ယောက်လျောက်စာကိုတော့ အလျင်လိုသူ
လမ်းလျောက်တက်နိုင်အောင် ချန်ထားပေးလေရဲ့
မန်နာ တခုပေါ့ဗျာ” ဟုတ်တယ်အဲဒီ စနစ်လေး ဒီမှာလည်း တနိုင်ငံလုံးလိုလို လိုက်နာကြတယ် ဘာ Sticker မှလည်းမတွေ ့မိပါဘူး. စင်္ကာပူယန်း တွေရဲ ့ အပြုအမူတော်တော်များများ ကိုကျောင်းတွေက သင်ပေးခဲ ့တယ်. သူတို ့ဟာ Senior တွေကိုလည်းလေးစားကျတယ်.
padonmar
January 27, 2013 at 9:24 pm
လီလီရယ်
် လီကွမ်ယူက လူသားအရင်းအမြစ်ကို စနစ်တကျအသုံးချ (စည်းကမ်းရှိအောင် သင်ပေးခဲ့တာဆိုတော့)တတ်တော့ ဘာမှထပ်ပြီး အသိပညာပေးနေဖို့မလိုတော့ဘူးပေါ့။
ဒို့ကတော့ အနှစ် ၅ဝကြာမှ စလုံးရေ ပြန်စရမှာလေ။
ကလေးတွေကိုလည်းသင်၊လူလတ်တွေကိုလည်းသင်၊လူကြီးတွေကိုလည်းသင်ပေါ့နော်။