Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးမင်းသား နဲ ့အလင်းဆက် ၊ နှစ်ယောက်ပေါင်း ..တင်လိုက်တဲ ့ ပိုစ့် ( သာသနာတော် ကို ခုတုံး လုပ်ကြသူများအကြောင်း.. )

မိုးမင်းသား.နှင့်  အလင်းဆက်
မိုးမင်းသား.နှင့် အလင်းဆက်

မိုးမင်းသား ပြော ချင်တာလေးက…ဒီလို…

မိုးမင်းသား
မိုးမင်းသား

ကျွန်တော် ့ရဲ ့.. တွေ ့မြင် ခဲ့ရတဲ ့အဖြစ်ကလေးတစ်ခုကို ရွာသူ ရွာသားများ.သိစေဖို ့… ဖောက်သည်ချ ပါရစေ ။
အဖြစ်က.. ဒီလိုပါ…ဒီလိုပါ ။

ကျွန်တော်က မရမ်းကုန်မြို့နယ်ထဲမှာ..နေပါတယ် ကျွန်တော် အလုပ်က ပြန်ရင်.. ရှစ်မိုင် လမ်းဆုံ ကနေ 81 ဖြစ်ဖြစ်.. ၊ 103 နီ / ပြာ ဖြစ်ဖြစ်.. ခေမာသီကားကို စီးရပါတယ် ။
မေဓါဝီ လမ်းဆုံးမှာ ဆင်းပြီး.. လမ်းလျှောက်ရပါတယ် ။

အဲဒီလို မှ မသွားချင်ရင်.. 51 စီးပြီး.. ဆယ်မို်င်ကုန်းမှာ ဆင်းကာ.. လေဆိပ် ကားလေး.ကို..တဆင့် ထပ်စီးပြီး.. လမ်းလျှေုာက်ရင်.ရောက်ပါတယ် ။

ကျွန်တော်က ကြုံ သလို ပြန်ဖြစ်ပါတယ် ။ တစ်ည နေ အလုပ်က ပြန်တော့.. ကျွန်တော်.. 81 ကားကို စီးသွားပါတယ် ။ ကျွန်တော်.. ဘုန်းကြီးလမ်း..ရောက်တော့ နေရာ ရပါတယ် ။

ဘုန်းကြီးလမ်း ပြီးတော့.. ကျောက်ရေတွင်း ပြီးမှ… အဝိုင်းကြီးကို ရောက်ပါတယ် ။ အဝိုင်ကြီး ပြီးမှ.. ရုံးသစ် ၊ ရုံးသစ် ပြီးမှ မေဓါဝီ လမ်းဆုံ ကို ရောက်ပါတယ် ။

ပြောပြချင်တာက … ကျောက်ရေတွင်း…မှာ အိနိ္ဒယ အမျိုးသမီး သုူံးယောက် တက်လာပါတယ် ။ သူတို့က နေရာ ရတော့.. ကျွန်တော်နဲ ့မျက်စောင်းထိုး မှာ ထိုင်ကြပါတယ် ။ အဲဒီနေ့က ကားကလည်း.ချောင်ပါတယ် ။

အဝိုင်းကြီးရောက်မှ.. ခေမာသီ သွားမယ့် ခရီးသည်တွေက အလုအယက် တက်ကြပါတယ် ။

အဲဒီ ခရီးသည်တွေ ထဲံမှာ.. ဘုန်းကြီးတစ်ပါးနဲ ့.. မိန်းမ တစ်ယောက်… အထုပ်အပိုးတွေနဲ ့ တက်လာပါတယ် ။

တက်လာချင်းပဲ.. ကျွန်တော့်ဘေးက လူတစ်ယောက်.. ဘုန်းကြီးကို နေရာပေးပါတယ် ။ ဘုန်းကြီးထိုင်ရမယ့် ..နေရာဘေးမှာ..

မိန်းကလေး တစ်ယောက်ရှိပါတယ် ။ မိန်းကလေးကို ဘုန်းကြီးကို အားနာပြီး.. ထ တော့.. ဘုန်းကြီင်္းနဲ ့ပါလာတဲ ့အမျိုဲးသမီးက.. ဒီနေရာကိ်ု အတင်း ဝင်ထိုင်ပါတယ် ။

ဇာတ်လမ်းက အဲဒီမှာ ..စပါတော့တယ် ။ ရှေ ့က.. အိန​္ဒိယ အမျိုးသမီး သုံးယောက်.. အရင်ဆုံး ကျွန်တော့်ကို ကြည့်ပါတယ် ။ ကျွန်တော် ပြန်ကြည့်တော့..

သူတို့ မျက်လုံးတွေက.. ကျွန်တော့်ကို မေးနေသလိုပါပဲ ။

” ကဲ..ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ.” တဲ ့လေ..။

ကျွန်တော်.. ဘုန်းကြီးကို တစ်ချက်ကြည့်လိုက်ပါသေးတယ် ။ ဘာမှ မထူးဆန်းသလို… ကျွန်တော့်ကို ပြန်ကြည့်တယ်လေ ။

ငါတို့က ဒါမျိုး ..ရိုး ဆိုတဲ ့သဘောနဲ ့ပါ ။ ကျွန်တော်က အိန္ဒိယ အမျိုးသမီး သုံးယောက်ကို မမြင်ချင်ယောင် ဆောင်လိုက်ရပါတယ် ။

( ကားကလည်း… လူ မပြည့်လို ့စောင့်ခေါ်နေတယ် ။ ခေမာသီ ၊ 6 ကွေ ့..ဆိုပြီး )

ကားလည်း.ထွက်ရော ဘုန်းကြီး ဘေးက အမျိုးသမီးက…. ဘုန်းကြီးရဲ ့ပုခုံး ပေါ် လက်တင်ပါတယ် ။

ပြီးတော့.ခေါင်း မှီပါတယ် ။ ကျန် .လက် တစ်ဖက်က.. ဘုန်းကြီး ရဲ ့ ခါးကို ဖက်ထားတယ်လေ ။

ဘာတွေ ဖြစ်ကုန်တာလဲ..ဆိုတော့… ကျွန်တော့် အတွေး နဲ ့အတူ..အိန္ဒိယ အမျိုးသမီး သုံးယောက်ဆီ..ကျွန်တော့် မျက်လုံးများ.အလိုလို ရောက်ရှိ သွားခဲ ့ပါတယ် ။

အိန္ဒိယ အမျိဲုးသမီး သုံးယောက် ရဲ ့အပြုံးဟာ အမျိုး ဘာသာ သာသနာကို.. ထိကပါး ရိကပါး ဆိုတာ.. ကျွန်တော်..သေချာ သိ်လိုက်ပါတယ် ။

တကယ်လို ့.. ဒီ အိန္ဒိယ အမျိုးသမီး သုံးယောက်ဟာ ဗုဒ္ဓဘာသာ ဆိုရင်.. သဒ္ဒါ စိတ်နဲ ့.. ဘယ် ဘုန်းကြီးကို.. ဆွမ်းလောင်းချင်ပါ့မလဲ ။

ဝါးလုံး ရှည်နဲ ့ ရမ်း ရင်ရော.. ဘယ်တတ်နိုင်မလဲ.လို ့။

သူတို ့က.. မျက်မြင်တွေ ့နေရတဲ ့အဖြစ်လေ ။ ကျွန်တော် စီးလာတဲ ့ကားပေါ်မှာ.. ပါလာတဲ ့ခရီးသည်တွေက်ိုလည်း… ဂရုစိုက်ပုံ မပေါ်ပါဘူး ။

မြောက်ဥက္ကလာ အဝိုင်းကြီးကနေ… ရုံးသစ်ရောက်တော့.. ကျွန်တော်..နေရာက ထ ပြီး.. ဒီ အမျိုးသမီး ရဲ ့မျက်နှာကို သေချာ ကြည့်လိုက်ပါတယ် ။

အေးစက်တဲ ့ မျက်လုံး ..နဲ ့ဘုန်းကြီးရဲ ့ပုခုံးကို မှီနွဲ ့ထားတဲ ့..ခေါင်းနဲ ့.. ခါးကို ဖက်ထားတဲ ့ လက်တွေက.. ဘုန်းကြီးရဲ ့ ကိုယ်ပေါ်မှာ.. ဆော့ကစားနေပါတယ် ။

ကဲ… ယိုသူမရှက် မြင်သူ ရှက် ဆိုတဲ ့စကားပုံဟာ.. ကျွန်တော့် အတွက်.ကွက်တိ ဗျ ။

ကျွန်တော် ဆင်းရ မယ့် မှတ်တိုင်နဲ ့ သူတို ့တက်လာတဲ ့မှတ်တိုင်ဟာ တစ်မှတ်တိုင်ပဲ.ခြားပါတယ် ။

ကျွန်တော် ကားပေါ်က ဆင်းလာတော့… ကျွန်တော် မြင်ခဲ့ ရတဲ ့..မြင်ကွင်းဟာ… တစ်ခဏတာဖြစ်ပေမယ့်..ခရီးဆုံးတဲ ့အထိ..သွားရမယ့် ခရီးသည်တွေဟာ…

ဘယ်လိုမြင်ကွင်းတွေ မြင်ရမလဲ..ဆိုတာ… ကို တွေးရင်းနဲ ့ ကြက်သီး ထ စရာပါ ။

ဆရာတော် ဥူးသုမင်္ဂလ ပြောတဲ ့.. သာသနာတော် ညှိုးနွမ်းနေပြီ..ဆိုတာ..မှန်များ.မှန်နေမလား..ဗျာ ။

ကျွန်တော်ရေးတဲ ့ပိုစ်လေးထဲမှာ… သိက္ခာတော် ရှိတဲ ့ ကိုယ်တော်များကို..မထ်ိခိုက်စေချင်တာ အမှန်ပါ ။

ပြောပြရရင် ” ကိုယ်ပေါင်ကိုယ်လှန်ထောင်း သလို ” ခံစားရပါတယ် ။ သာသနာတော် မညှိုးနွမ်းစေချင်တဲ ့သဘော တစ်ခုနဲ ့ ဒီ ပို့်စ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ် ။

ဒီ အဖြစ်အပျက်ကလေးတစ်ခုကို… ကျွန်တော်တို ့ အလုပ်ထဲက.. မိန်းကလေးတစ်ယောက်ကို ပြောပြဖြစ်ပါတယ် ။ ဒီ မိန်းကလေးက … ဘုရား ဘုရား..ဒီ အမျိုးသမီး..

နောင်ဘဝ .. လူတောင် ဖြစ်ပါ့မလား.လို ့.. ညည်းတွားပြီးပြောဆိုပါတယ် ။

ဖြစ်နိုင်ရင် ..ဓါတ်ပုံ.. နဲ ့တကွ … တင်ပြချင်ပါတယ် ။ ဓါတ်ပုံက.. ခိုးရိုက်ဖို ့.. ဘယ်လိုမှ မဖြစ် နိုင်လို့ပါ ။ ကျွန်တော့်မှာ.. ဖုန်း ပါတယ် ဆိုရင်တောင်…

ရိုက်လို ့မရနိုင်ပါ ။

————————-

ကဲ..ကိုအလင်းဆက်ရေ…

ကိုအလင်းဆက်ရဲ ့ ့ အတွေ ့အကြုံလေးကိုလည်း…ပြောပြပေးပါဦးဗျာ…

++++++++++++++++++++++++++++++++++++++++++++++++++

ချစ်ခြင်းမေတ္တာဖြင့်…

မိုးမင်းသား

======================================================================

အလင်းဆက် ပြောပြချင်တာလေးက…ဒီလို……….

အူမ မတောင့်လို ့.. သီလ မစောင့်သော.. အဖြစ်များ… ကို မြင်တိုင်း… ကျွန်တော်..ရင်နာမိပါသည် ။

စားဝတ်နေရေး အတွက် ကျွန်တော်ချစ်သော သာသနာတော်ကို.. ခုတုံးလုပ်၍ လိမ်လည် လှည့်ဖြားနေသူများနှင့် ပက်သက်ပြီး….

စာတစ်ပုဒ်ရေးချင်နေသည်မှာ ကြာပါပြီ ။

ယခုတော့… မိုးမင်းသားက… နှစ်ယောက်ပေါင်း ပြီး..ပိုစ့်တစ်ပုဒ် တင်ရအောင်..ဟု ဆိုလာသောအခါ……

သူ..တင်ချင်နေသည့် အကြောင်းအရာက လည်း….သင်္ကန်းကိစ္စ / ခုတုံး ကိစ္စ ဖြစ်နေလေတော့…

ကျွန်တော်ကလည်း…ရေးချင်လိုက်တာ… ယားနေတာမို ့( လက်… ) အတော်ပဲ.. ဖြစ်သွားသည် ။

———————————————-

အားလပ်ရက် ရောက်ပြီဆိုလျှင်.. ခြေဦးတည် ့ရာ.. လျှောက်သွားနေတတ်သော.. ကျွန်တော်… ၊

တစ်နေ့ ့တော့… ကမ္ဘအေး ဘုရားရင်ပြင်တော် ပေါ်မှာ.. အေးအေးလူလူ စာ ထိုင်ဖတ်နေမိသည် ။

အဲဒီ စာဖတ်နေရာ… နံဘေးမှာ… သင်္ကန်းဝတ်ရုံ ခြုံထားသော.. ကိုယ်တော် နှစ်းပါး…. အတိုင် အဖောက် ညီညီဖြင့်.. သင်္ကန်းကို.. ခုတုံးလုပ်နေကြသည်ကို..

မြင်မိသောကြောင့်…. ကျွန်တော်.. သေချာ … သတ်ိထား ကြည့်နေမိသည် ။

ကိုယ်တော်နှစ်ပါးသည်.. ထိုနေရာမှ ဖြတ်သွားသူ အချို ့ကို ကပ်ပြီး..ခပ်တိုးတိုး… အလှူ ခံနေသည် ။

အကြောင်းပြချက်ကတော့…

သူတို ့နှစ်ဦးကြားမှာ..ချ ထားသော..ဖိနပ်ပြတ် တစ်ရံ ဖြစ်ပြီး..ဖိနပ် ဝယ်ဖို ့ အကြောင်းပြကာ… ဝတ္ထုငွေ တောင်းခံနေခြင်း ဖြစ် သည် ။

သူတို ့နှစ်ဦးသည်…. ဘုရာဖူး လာသူ များထဲမှ..အမျိုးသမီး.ငယ် ငယ်များ နှင့်.. လူချမ်းသာ ပုံ ပေါက်သော.. စုံတွဲ များကို သာ ရွေး၍

ဝတ္ထု ငွေ..တောင်းခံတတ်ပါသည် ။

ဘယ်သူ ဘယ်လောက်ပဲ.. လှူ သွားပါစေ…။ သူတို ့ ဆက်ပြီး.. အလှူ ခံဆဲ… ။

ကျွန်တော် ထင်ပါသည် ။

သူတို ့တစ်နေ့ လုံးလိုလို ဆက် အလှူ ခံနေဦးမည် .။

ဤ နေရာမှာ.. အခြေအနေ မပေးတော့လျှင်… နောက်ထက် အခြားနေရာတွေမှာ… ဆက်..အလှူ ခံပါလိမ့်မည် ။

လူသူ ထူထပ်ရာ… လမ်းဆုံ လမ်းမ များမှာ… မကြာ ခဏ တွေ ့မြင်ရတတ်သော… မြင်ကွင်း တစ်ခု လည်း..မဟုတ်ပါလား။

အဲသလို ဖိနပ် ပြတ် ကြီး..ပြကာ ပြကာ အလှူ ခံခြင်းသည် ….

ရဟန်း သံဃာ တစ်ပါး..ကျင့်ကြံ လိုက်နာရမည့် ဝိနည်းများနှင့်.. ညီ ပါရဲ ့လား ။

နေပါဦး……. အဲဒီလို ဖိနပ်ပြတ်ကို ပြပြီး… ဝတ္ထုငွေ များ..တောင်းခံ တတ်သော….

သင်္ကန်းဝတ်ရုံ ခြုံ ထားသူတွေဟာ…. တကယ့်… ရဟန်း သံဃာ စစ်စစ်တွေရော… ဟုတ့်ပါ့မလား ။

အတုအယောင် ဆောင်ပြီး… လုပ် စား..တာများလာ း။

အတုအယောင် ဆောင်ပြီး..သင်င်္ကန်း ခြုံကာ… လုပ်စားနေခြင်း ဆိုလျှင်တော့…

တော်တော် တရားလွန်ပါသည် ။

တကယ့် သီလ ၊ သမာဓိ ပညာ ဖြင့်… ပြည့်စုံ စွာ..တည်ကြည်ရိုးသားသော.. သံဃာ ထု ကြီးကို…..

စော်ကားခြင်း ဖြစ်နေသည် ။

ထို ့အပြင် ကျွန်တော်တိ်ု ့….. မြတ်နိုး တန်ဖိုးထားသော….

သာသနာတော်ကို…. ညှိုးနွမ်းအောင်… လုပ်ခြင်း.. ဖြစ်သည် ။

သသနာတော်.. ဂုဏ်ရှိန် နိမ့်ကျအောင်… ထင်ယောင်ထင်မှား.လုပ်စားခြင်းမို ့…..

ခွင့်မလွတ်ထိုက်ပါ ။

+++++++++++++++++++++++

မတွေးကောင်း… / မတွေးသင့်သော အတွေးတစ်ခုလည်း.. ရှိပါသေးသည် ။

တကယ် ့ ရဟန်း အစစ်များထဲမှ…. ( သာသနာတော် ၏ ဂုဏ်သိက္ခာကို မထောက်ထားပဲ… )

လုပ် စားတာများလား။။။။

ဒါကတော့..သံသယ မို ့… မမှန်လျှင် ကျွန်တော့်အတွက် မကောင်းသည့် အတွေ း ဖြစ်ပါသည် ။

( ဒါပေမယ့်….. တကယ့် ဘုန်းကြီးများထဲမှာလည်း.. ငွေတိုးချေး စားတဲ ့ဘုန်းကြီး.. ၊ ချဲဒိုင်ကိုင်တဲ ့ဘုန်းကြီး… ၊ ညနေဆိုလျှင်…ဂျင်းဘောင်းဘီ ဝတ်ပြီး..

လမ်းထွက် ရည်းစား ထားနေသည့်… ကိုယ်တော်..များ နှင့် အဲ.ဒါတွေ ထက် ဆိုးတာတွေ… လုပ်နေကြသော.. ဘုန်းကြီးများလည်း..ရှိကြောင်း..ကြားသိ ဖူးပါသည် ။ )

ဘာပဲဖြစ်ဖြစ်… သသနာတော် ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် လုပ်ရပ်များ..လုပ်လာပြီဆိုလျှင်…

ရေရှည် လုပ်စား.မရအောင်… တစ်ခုခုတော့…. လုပ်သင့်ပါပြီ ။

ကျွန်တော်ကတော့… အဲဒီလို… ပြသနာမျိုးကြုံလာလျှင်… မည်ကဲ့သို ့ဖြေရှင်းရမည်ကို မသိသေးပါ :kwi:

ကဲ…………….

အားလုံး.ဝိုင်းဝန်း စဉ်းစားကြည့်ကြရအောင်…

သာသနာတော်ကို..ခုတုံးလုပ်ပြီး…..

အဲဒီလို မစင်ကြယ်သည့် လုပ်ရပ်မျိုးနှင့် လုပ်စာေးနကြသူတွေကို တွေ ့လျှင်…..

ဘယ်လို နည်းနှင့်…. တားဆီး / ဖြေရှင်း သင့်ပါသလဲ………….

??????????????????

လေးစားစွာဖြင့်…….

အလင်းဆက်

========

( တကယ့် သီလ တရားတို ့ပြည့်စုံနေသော ကိုယ်တော်များကို… မရည်ရွယ်ပါကြောင်း… )

25 comments

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 25, 2013 at 7:02 pm

    သူကြီးမပြောခင် တစ်ခုကြိုပြောလိုက်မယ်
    ဝါဝါမြင်တိုင်း မကန်တော့ကြေး၊ ဝါဝါမြင်တိုင်း မလှူကြေး ဆိုရင်ရောဗျာ

    ခင်မင်လျက်
    ဖက်ဖက်ကက်

    • ရွှေတိုက်စိုး

      January 26, 2013 at 11:44 am

      မလှူတာတော့ ဟုတ်ပါဘီ နင့်ပါးပါး ဘုန်ကြီးဒွေက ဇွတ် အလှူခံတာအေ့.. တစ်ခါတလေ မိုက်ကြည့်ကကြည့်သေးတယ်……
      ညည်းလို ပါတိတ်ကိုယ်လုံးနဲ.က ဘူ.မှကြောက်ချာလိုဘူး….သများတို.လို ပုချောဒွေက ကြောက်တယ်အေ့

      ပုပုလေးနဲ.ချောလျက်
      ရွှေရွှေတိုက်

  • မောင်ပေ

    January 25, 2013 at 7:23 pm

    မိုးမင်းသားရဲ ့ဖုန်းထဲမှာ ရန်ကုန် သာသနာရေးဝန်ကြီးဌာန ဖုန်းနံပါတ် မှတ်ထားဗျာ
    နောက်တစ်ခါတွေ ့ရင် ဓါတ်ပုံရိုက် ၊ ပြီးရင် ဆင်းတဲ့မှတ်တိုင်မှာ လိုက်ဆင်းပြီး နေရာလိုက်ကြည့်ပြီး
    ဖုန်းဆက်တိုင်ဗျာ
    အဲဒါ အဲဒါ

  • အလင်းဆက်

    January 25, 2013 at 7:59 pm

    အော်..။
    ပြောဖို့တစ်ခု မေ့သွားလို ့..။

    အလင်းဆက်နဲ ့ မိုးမင်းသားက အလုပ်တစ်ခု ထဲမှာ..
    အတူတူ လုပ်ကြတဲ ့ မိတ်ဆွေတွေပါ ။

    အဲဒါ.ကို..ကိုကြောင်ဝတုတ်တို့တော့..
    သိပါတယ် ။

    အခု နှစ်ယောက်ပေါင်း ပြီး..ရေးလိုက်တော့လည်း…
    စည်းလုံးခြင်းသည်..အင်အားပေါ့ဗျာ ။

    အမှန်က တစ်ယောက်တည်းဆို.မရေးရဲလို ့။
    🙂

  • ရွှေ ကြည်

    January 25, 2013 at 8:04 pm

    အလက်ဆင်းသူ့အကုသိုလ်နဲ့သူသွားပါလိမ့်မယ် ကိုယ်ကသတိထားပြီးသာရှောင်ပေတော့ အစ်မကတော့လက်လှမ်းမှီသလောက်ကိုလည်း အဲဒီလိုလိမ်တတ်ညာတတ်တဲ့ ဂွင်တွေကို လူများများသိအောင် ပြောပြီး မလှူဖို့ပြောတယ်။ ကိုမိုးမင်းသားကိစ္စတော့မပြောတတ်တော့။
    နိုင်ငံတိုင်းမှာ လူဆိုး လူကောင်းရှိသလို ဘာသာတိုင်းမှာလဲ အလိမ်အညာတွေရှိသင့်သလောက်တော့ရှိမှာပါ။
    ကိုးကွယ်သူတွေချင့်ချိန်ရတော့မှာပါ့။

    • ရွှေ ကြည်

      January 25, 2013 at 8:58 pm

      ပြောဖို့ကျန်ခဲ့လို့ဗျို့ စာတွေက အရေးကောင်းတော့ စာနဲ့မြောသွားလို့ ဒါ့ပုံထဲကဘယ်လူချောတွေပါလိမ့်ဘယ်ရွာကပါလိမ့် 😆

  • Mr. MarGa

    January 25, 2013 at 9:04 pm

    ဟူးးးးးးးးးးးး
    သဂျီး ပြောသလို မြန်မာပြည်မှာ အလုပ် လုပ်နိုင်တဲ့ လူတန်းစားတွေက သာသနာ့ဘောင် ရောက်နေတယ်
    တကယ် သာသနာ့ အကျိုးကို သယ်ပိုးနေတဲ့ ဆရာတော် သံဃာတော်တွေ ရှိသလို
    အနေ အစား ချောင်လို့ ရောက်လာတာတွေလဲ ရှိတယ်။
    အဲဒီဖြစ်စဉ်က ဘုရားရှင်လက်ထက်ကတည်းက ဖြစ်နေတာပါ
    အဲဒီအချိန်ကတည်းက အနေအစားချောင်လို့ သာသနာ့ဘောင် ဝင်လာတဲ့ ရဟန်းတွေ ရှိတယ်လေ
    ဆိုတော့
    အခုထိလဲ ရှိဆဲ ရှိမြဲပေါ့ဗျာ
    နည်းတာနဲ့ များတာပဲ ကွာပါတယ်။
    သာသနာ တစ်လျှောက်လုံးမှာ သံဃာတု သံဃာယောင်တွေ ကို ရှင်းနေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေတာလေ။
    အခုလဲ ရှင်းသင့်ပြီ ထင်ပါတယ် လို့

  • uncle gyi

    January 25, 2013 at 10:03 pm

    အမှန်ကအဲလိုသင်္ကန်းဝတ်တွေကို
    ဘုန်းကြီးတွေနဲ့ရောပြီးအပြောခံရတာ
    ဘုန်ကြီးတွေဘက်ကအတော်နာပါတယ်
    အမှန်ကအနေအစားချောင်လို့သင်္ကန်းဝတ်ပြီးနေနေကြတဲ့
    သာမာန်လူတွေပါပဲ
    သာသနာရှင်းလင်းရေးပွဲကြီးတော့မကြာမှီလာမည်လို့ပဲမှတ်လိုက်ပါတယ်

  • MaMa

    January 25, 2013 at 10:20 pm

    တလောကတင် လုံးဝမထင်ထားတဲ့ (ကိုယ်ကိုးကွယ်နေတဲ့ စာသင်တိုက်က) စာချကိုယ်တော်တစ်ပါး အလှူရထားတဲ့ဝတ္ထုတွေ ယူပြီး လူထွက်သွားလို့ တော်တော် အံ့ဩသွားတယ်။
    ဒါတောင် အဲဒီဘုန်းကြီးက ငယ်ဖြူဖြစ်တဲ့အပြင် အသွားအလာအနေအထိုင်လည်း အမြင်မကောင်းအောင် နေတာ မဟုတ်။
    နောက်ဆုံးတော့လည်း ပုထုဇဉ် ဆိုတဲ့ ပုထုဇဉ် တွေရဲ့ သဘာဝလို့သာ တရာနဲ့ (တရားနဲ့ မဟုတ်ဘူးနော်) ဖြေလိုက်ပါတယ်။ :buu:

  • padonmar

    January 25, 2013 at 11:05 pm

    သာသနာကိုညှိုးနွမ်းအောင်လုပ်တာဖြစ်လို့ တော်တော်ကြီးတဲ့ အပြစ်ပါပဲ။
    အလင်းဆက်တွေ့တာမျိုးက ကြာရှည်စောင့်ကြည့်မှ ရိပ်မိနိုင်ပြီး ခေတ္တခဏဖြတ်သွားတဲ့သူဆို တကယ်ပဲ ဒုက္ခရောက်နေသလား ထင်မှတ်မှားစရာပါ.
    ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေတဲ့သူကို မကူညီလိုက်မိမှာစိုးတဲ့ အတွက် သံသယဘေးထားပြီးကူနေကြတာပါပဲ။
    တတ်နိုင်ရင်တော့ ကိုယ်တိုင်လည်း မလှူနဲ့၊ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပါ ဒါမျိုးမလှူပါနဲ့လို့ အထပ်ထပ် ပြောပေးပါ။
    ……..
    မိုးမင်းသားတွေ့တဲ့ အဖြစ်ကတော့ တော်တော်ဆိုးဝါးပြီး သည်းမခံသင့်တဲ့ အမြင်မျိုးပါ။
    ဒါကြောင့် ကိုယ့်ပါးစပ်ကနေပဲ ဘုန်းကြီးတုကို ကားပေါ်မတင်သင့်ပါဘူးလို့ စပယ်ယာကို ပြောရဲပါစေ။
    အဲဒါ သာသနာကိုစောင့်ရှောက်တာပါပဲ။
    အခြား ဘာသာဝင်တွေ မျက်စိထဲ ဒါအတုပါလို့ သိအောင် ဗုဒ္ဓဘာသာဝင်တိုင်း လုပ်ပေးသင့်ပါတယ်။
    ………………..
    သာသနာ သန့်ရှင်းရေး လုပ်ဖို့ အချိန်သင့်ပြီဆိုတာ ဆရာတော်ကြီးများ သိသင့်ပါတယ်။သိအောင်လည်း ဒကာတွေက ပြောပြသင့်ပါတယ်။
    ဆရာတော်ကြီးတွေဆိုတာ လူကြား ဘတ်စကားမစီးနေတော့ ဒီလိုကိစ္စတွေ သိချင်မှသိမှာပါ။

  • ဦးဦးပါလေရာ

    January 25, 2013 at 11:36 pm

    ထေရဝါဒ ဗုဒ္ဓသာသနာက အခွံလောက်သာ ကျန်ပါတော့တယ်..။
    လုံးဝ ပျက်စီးကွယ်ပျောက်သွားတော့မှာပါ…

    ဘာကြောင့်လဲဆိုတော့
    ဘုရားစကားကို နားမထောင်လို့ပါ

    ဘုန်းကြီးတွေကလဲ ဘုရားအဆုံးအမကို လက်မခံ
    လူ တကာ တကာမတွေကလဲ ဘုရားအဆုံးအမကို လက်မခံမှတော့
    …..

  • kai

    January 26, 2013 at 4:21 am

    လူတွေက.. အင်တာနက်ခေတ်ကြီးမှာ.. အတွေ့အမြင်တွေဖလှယ်ရင်း.. ကိုယ်တိုင်စီကပြင်ယူသွားရမှာပါပဲ… သူ့အကုသိုလ်နဲ့သူပါဆိုပြီး.. ပစ်မထားပါနဲ့..
    ရှုံ့ချပါ.. ပြင်ပါ.. ဘေးလူတွေလည်း တိုက်တွန်းပါ…။

    “ခွင့်တူညီမျှ”ဖို့.. အင်မတန်အရေးကြီးပါတယ်..
    ဘုန်းကြီး..လူကြီး..လူငယ်. ဆရာ..တပည့်.. စစ်သား.. စစ်သမီး.. အရပ်သား..ကျောင်းသား.. “ခွင့်တူညီမျှ”ဖို့အရေးကြီးပါတယ်..။ တဦးတဖက်က..လူတန်းစားတခုက..” နှိမ့်ချ..နိမ့်ကျနေဖို့မလို..” လူတိုင်း”သခင်စိတ်”နဲ့.. ခွင့်တူညီမျှဖို့.. အရေးကြီးပါတယ်..။
    အဲဒီ.. တခုထဲကသာ.. တိုင်းပြည်နဲ့..လူမျိုး.. ဘာသာ..သာသနာကိုကယ်တင်ပေးနိုင်လိမ့်မယ်…။
    တိုင်းရင်းသားအချင်းချင်း.. ပြည်တွင်းစစ်ကိုတားနိုင်လိမ့်မယ်..။
    ဘာသာရေးမုန်းတီးမှုတွေလျှော့ချနိုင်လိမ့်မယ်..။

    အမေရိကားကို..
    “All men are created equal”
    တကြောင်းထဲနဲ့ထူထောင်ခဲ့တာလို့တောင်.. ပြောနိုင်တာဖြစ်ပါတယ်..။
    ဒီစာသားကို.. အခုတပါတ်ထဲတင်.. အိုဘားမား ကျမ်းကျိန်ပွဲမှာ. ထပ်ပြောခဲ့တယ်..။
    “All Men Are Created Equal” – Key Moments From President …
    http://www.youtube.com/watch?v=wGgQrxTcBqg
    4 days ago – Uploaded by TheDailyConversation
    President Obama placed his inauguration in its proper historical context, while … “All Men Are Created Equal …
    =

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.
    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    =

    တရားမျှတ…လွတ်လပ်ခြင်း နဲ့မသွေ…
    တို့ပြည်…တို့မြေ…
    များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့… ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်…
    တို့ပြည်၊ တို့မြေ
    …ပြည်ထောင်စု အမွေ … အမြဲတည်တံ့စေ …
    အဓိဋ္ဌာန်ပြုပေ … ထိန်းသိမ်းစို့ လေ…။

    အဲဒါက အဖမြန်မာနိုင်ငံတော်သီချင်းရဲ့ ခြေဆင်းအစပိုဒ်ဖြစ်ပါတယ်။

  • Foreign Resident

    January 26, 2013 at 10:27 am

    လောင်းကစား နှင့် မာတုဂါမ က အမြဲတွေ့နေကျ ပြဿနာပါ ။

    တစ်ခါ အဘတို့ မိုးပေါ်ကျ ကထိန် လိုက်ခင်းတုန်းကပေါ့ ။
    ဘုန်းကြီးကျောင်းတစ်ခုမှာ မိုးပေါ်ကျ ကထိန် ခင်းနေတုန်း ၊
    အဘ လည်း အိုက်လို့ အပြင် ခဏ ထွက်နေတာပေါ့ ။

    အဲဒီမှာ ကပ်ရက် ဘုန်းကြီးကျောင်း ကထင်ပါတယ် ၊
    လူ တစ်ယောက် နှင့် စကားပြောမိရင်း ၊
    သူတို့ ( ကပ်ရက် ) ဘုန်းကြီးကျောင်းလည်း ဒီနှစ် ကထိန် မရဘူး ပြောတယ် ။

    အဲဒါနှင့် ၊ OK ၊ အဲဒါဆို အခုချက်ချင်း ကထိန်ခင်းပေးမယ် ဆိုပြီး ၊
    ကျောင်းထိုင် ဆရာတော် ကို လျှောက်မလို့ ၊
    ဘုန်းကြီးကျောင်း ပေါ် ချက်ချင်း တက်ချသွားတာ ၊
    အခန်း တစ်ခန်းထဲမှာ ဘုန်းကြီး တွေ နှင့် မာတုဂါမတွေ ချဲတွက်နေကြတယ် ။
    ( ကျောင်းထိုင် ဆရာတော် တော့ မဟုတ်ပါဘူး ၊ အငယ် တွေပါ )
    အဘ ကိုလည်းမြင်ရော သူတို့အခန်းတံခါးကို ပိတ်လိုက်ကြတယ် ။
    အင်း ၊ အာပါတ်တွေတော့ ပါတ်လည် သင့်ကုန်တော့မှာပဲ ။

    အဘ နှင့် သူငယ်ချင်း ၂ ယောက် ပေါင်းပြီး ၊
    အဲဒီ ဘုန်းကြီးကျောင်း ကို ကထိန်ခင်းပေးခဲ့ကြတယ် ။
    အဲဒီ ကထိန် ကို ဘယ်တော့မှ မမေ့ဘူး ။

    အဲလို မမေ့တဲ့အတွက် ၊ ကုသိုလ်ဖြစ်မလား ။
    အ ကုသိုလ်ဖြစ်မလား တော့ ၊ မသိဘူး ။

  • နွေဦး

    January 26, 2013 at 11:08 am

    ဘုန်းကြီးတွေကိုအပြစ်ပြောရင် ငရဲမကြီးဘူးဆိုရင်တော့ ကောင်းကောင်းမကောင်းကောင်းဒါမျိုးလုပ်တဲ့ဘုန်းကြီးတွေ့ရင် အပြစ်ပြောသင့်ပါတယ် ။
    သင်္ဃန်းဝတ်ထားလို့ သာသနာတော်နဲ့ ဆက်စပ်နေလို့ အပြစ်ရှိတာကို လူဝတ်ကြောင်တွေက မပြောသင့်ဘူးဆိုရင် ဘုန်းကြီးအချင်းချင်းဘဲ ပြောရမှာပေါ့ ။
    နိုင်ငံရေးအတွက် ရဟန်းတော်တွေက လူတွေနဲ့အတူ တိုက်ပွဲဝင် လမ်းပေါ်ထွက် ဆန္ဒပြနေသလို သာသနာရေးကိစ္စတွေကိုလဲ ရဟန်းတော်တွေက ဒီလိုကိစ္စမျိုးကို ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ် ။
    စစ်တပ်မှာ စစ်သာတွေကို ထိမ်းဖို့ တပ်ရဲ တို့ တပ်ထိန်းတို့ ရှိရသလို မဟာယန သာသနာမှာလဲ တိဘက်လိုမျိုးမှာ ဘုန်းကြီးရဲေတွေ ရှိတယ်လို့ကြားဖူးတာဘဲ ။
    ဒီမှာလဲ သာသနာတွင်းက ဘုန်းကြီးချင်း ကြပ်မတ် နှိပ်ကွပ် သင့်တယ်လို့ ထင်တာဘဲ..။

  • ကိုရင်စည်သူ

    January 26, 2013 at 5:33 pm

    စာရေးသူတွေရဲ့ ဓါတ်ပုံတွေတင်ပြီး
    ဒီလိုပို့စ်မျိုးရေးတော့ ဘာသဘောများလဲလို့တော့
    အတွေးပွားမိသွားပါတယ်… 🙄 🙄

  • အလင်းဆက်

    January 26, 2013 at 7:38 pm

    ကိုရင်စည်သူရေ..
    စာရေးသူတွေရဲ ့ပုံတွေကို..တင်ပြရတာက..
    အကြောင်းရှိပါတယ် ။

    မိုးမင်းသားနဲ ့ အလင်းဆက် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြောချင်တာပါပဲ ။
    မိုးမင်းသားဆိုတာ.. အလင်းဆက်ရဲ ့ ကလောင်ခွဲ လို ့..ထင်မှာ စိုးလို့ပါ ။

    မိုးမင်းသားနဲ ့ အလင်းဆက် တစ်ယောက်စီပဲ.. ဆိုတာရယ် ။
    အလုပ်တစ်ခုထဲမှာ.အတူ လုပ်နေကြသေူတွ..ဆိုတာတွေရယ်ကို ..
    မမရွှေကြည်တို ့..
    ကိုကြောင်ဝတုတ်တို့….
    လေးလေးဘလက်တို ့..နဲ ့
    အခြားလည်း.သိကြပေမယ့်…
    မသိသေးတဲ ့လူတွေ ဇဝေဇဝါ..ဖြစ်နေမှာစိုးလို ့..
    ထင်ထင်ရှားရှား ကိုယ်ထင်ပြ ရတာပါလို ့…
    နော့် ။
    🙂

    =============

    တလက်စထဲ..သဂျီးကို ပြောချင်တာက…
    ဒီ ပို ့ကို.. နှစ်ယောက်ပေါင်းပြီး.တင်လိုက်တော့..
    ကျွန်တော်လည်း.ရေးရတယ် ။ မိုးမင်းသားကြီးလည်း..ရေးရတယ် ။
    နှစ်ယောက်လုံးရေးပြီး.. ပွှိုင့် ရတော့.မိုးမင်းသားတစ်ယောက်တည်းဖြစ်နေလိ်ု့..
    အဲဒါ…..
    ဒီပိုစ့်မှာ.. ရတဲ ့.. ပိုစ့်တင်တဲ ့အတွက် ရယ်..ကွန်မန့် တစ်ခု နှစ်ပှိုွင် ့ရယ်ကို
    အားလုံးပေါင်း ပြီး…
    သားသားရဲ ့အလက်ဆင်း အကောင့်ထဲကို.ထည့်ပေးမလား..ဟင်….

    အဟိ ။

    ( စတာနော်..သဂျီ း.။ ဂျစ် လို ့.. အဟိ အဟိ ။ )
    :kwi:

    ============
    ဖတ်ရှု ခံစားပြီး.ဆွေးနွေး ကြသူအားလုံးကို..ကျေးကျေးပါလို ့…

    • ကိုရင်စည်သူ

      January 26, 2013 at 7:54 pm

      ခုမှပဲ တီဘောပေါက်တော့ဒယ်… ကိုအလက်ဆင်းနဲ့ အူးလေး မိုးမင်းသားက
      နှစ်ယောက်မဟုတ်ဘူးဆိုဒါ… ဒီကလောင်လက်စွမ်းတွေနဲ့ နှစ်ကိုယ်မခွဲဘူးဆိုတာ
      ယုံကြည်ဘီးသားဘာဗျာ… ဘူဒွေက နှစ်ကိုယ်ခွဲတယ် ထင်နေကြလဲ.. တို့ ဂိုဏ်းသား ကိုအလက်ဆင်း..
      ထင်တဲ့လူတွေ အူးစည်နဲ့ဒွေ့မယ်.. ဗျန်းဗျန်း… ဘူးထွား.. ဘူးထွား.. 😆
      သဂျီးရေ… ကြော်ငြာထဲမှ ခဏခဏပါနေတဲ့
      မင်းသားတွေ ပွိုင့် ဝေစုမတည့်ရင်.. အူးစည်ထဲကိုသာ ထည့်လိုက်ဒေါ့.. အဟီးးး :mrgreen:

  • မိုး မင်းသား

    January 26, 2013 at 8:03 pm

    အရင်ဆုံးကိုရင်စည်သူကိုပြောပါရစေခင်ဗျာ………

    အလင်းဆက်နဲ ့မိုးမင်းသားတစ်ယောက်ထဲထင်မှာစိုးလို ့ဓါတ်ပုံကိုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ…..

    ကိုပေ…ကိုပေပြောတဲ ့အတိုင်းမှသားထားပါမယ်ဗျာ………

    ကိုနွေဦးရေ….တစ်ယောက်ထဲမပြောရဲလို ့ကိုအလင်းဆက်ကိုအဇေးခေါ်ရတာပါ……

    ကိုနွေဦးပြောသလို….လုပ်ပေးရင်ကောင်းမယ်လေနော်…..

    အဘforeign…ပြောသလိုဆို….ကျွန်တော်တို ့ငရဲမဖြစ်လောက်ပါဘူးနော်……

    အဘရေ…..ကျေးဇူးတင်ပါတယ်ခင်ဗျာ…….

    လူတွေက.. အင်တာနက်ခေတ်ကြီးမှာ.. အတွေ့အမြင်တွေဖလှယ်ရင်း.. ကိုယ်တိုင်စီကပြင်ယူသွားရမှာပါပဲ… သူ့အကုသိုလ်နဲ့သူပါဆိုပြီး.. ပစ်မထားပါနဲ့..
    ရှုံ့ချပါ.. ပြင်ပါ.. ဘေးလူတွေလည်း တိုက်တွန်းပါ…

    အခုလိုလမ်းပြပေးတဲ ့….ဦးခိုင်ကို…ကျွန်တော်တို ့နှစ်ယောက်ကကျေးဇူးအထူးပင်တင်ရှိပါတယ်

    ဦးဦးပါလေရာရေ……ကျန်းခံသာလို ့မာပါရဲ ့လားခင်ဗျာ…..

    ကျေးဇူးတင်ပါရစေဦးဦးပါလေရာ………

    အင်အားတွေမွေးပေးပါသော….အန်တီပဒုမ္မာကိုကျေးဇူးတင်ပါရစေခင်ဗျာ…..

    အန်တှီပြောသမျှကို…မှတ်သားပြီးလိုက်နာပါ ့မယ်…

    ကျေးကျေးပါအန်တီ……

    အန်တီမမရေ…..

    ကျွန်တော်တို ့ဖတ်မှဆို……ဘုန်းကြီးထွက်ပြီး..မိန်းမတောင်ယူလိုက်သေးသဗျ…..

    (အံ ့ဩဖို ့ကောင်းလေစွ)…

    အန်ကယ်ကြီးရေ……

    ကျွန်တော်ရေးတဲ ့ပိုစ်လေးထဲမှာ… သိက္ခာတော် ရှိတဲ ့ ကိုယ်တော်များကို..မထ်ိခိုက်စေချင်တာ အမှန်ပါ ။

    လို ့ရေးသားထားပါတယ်ခင်ဗျာ…

    မှားတာပါရင်လည်းခွင် ့လွတ်စေချင်ပါတယ်…အန်ကယ်ကြီး

    ဦးမာဃရေ…….

    အခုလိုဝင်မန် ့ပေးတာကို…အတိုင်းအတာမရှိအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာ……

    ရွှေကြည်လေးရေ…….

    မတွေ ့တာကြာလို ့မေ ့များသွားတာလားဟင်……

    အစ်ကိုတို ့ကို..မမှတ်မိတော ့တာပါလား…….

    ဒါမှမဟုတ်…..အရမ်းချောနေလို ့လား…..ဟိ

    ဂဇက်ရွာမှ…လူချောလေးများလေ….ဟေ..ဟေ

    ကိုရင်ကြောင်ဝတုတ်နဲ ့ကိုရွှေတိုက်စိုးတော ့မသိစေနဲ ့ငါ ့နှမရေ……..

    ကျွန်ော်တို ့ပိုစ် ့မှာ….ဖက်ဖက်ကက်နဲ ့ရွှေရွှေတိုက်တို ့….

    ရန်ဖြစ်ကုန်ကြပြီအလင်းဆက်ရေ…..

    သက်သေပါမယ်…သွားကြည် ့ရအောင်…….

    အားလံ ုးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ……..

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • ဦးဦးပါလေရာ

    January 27, 2013 at 9:52 am

    အေးဗျာ…
    အဘိုးကြီးမို့ အဘိုးကြီးလိုင်းမှာကွန်မင့်ရေးရတာ အားမရပေဘူး..
    နောက်တစ်ချီရေးပါရစေဦး…။.

    (၁)
    သင်္ကန်းဝတ်ထားတဲ့သူတိုင်း ရဟန်း မဟုတ်ပါဘူး…
    ရဟန်းဆိုတာ သူ့စည်းကမ်းအတိုင်းလဲ ဝတ်လာရမယ်- ပါရာဇိကလဲ မကျမှ ရဟန်းပါနော..
    ပါရာဇိက ကျပြီးသူဆို –
    သင်္ကန်းဘယ်နှစ်ထည် ထပ်ဝတ်ဝတ် –
    တတ်နိုင်ရင် ပရိက္ခရာရှစ်ပါးလုံး ခေါင်းပေါ်ရွက်ထားဦးတော့ အဲဒါ လူ ပါပဲ။
    အင်း…. ရိုးရိုးလူတော့ မဟုတ်ဘူးပေါ့.. အမှန်အတိုင်းခေါ်ချင်ရင်-
    အဲဒါ.. လူလိမ် ပေါ့..။

    (၂)
    ရဟန်းပဲဖြစ်စေဦး
    အပြစ်ရှိလို့အပြစ်ပြောရင် ငရဲမကြီးပါဘူး
    ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာအယူအရ-
    ကုသိုလ်လုပ်ရင် ကုသိုလ်ဖြစ်ပါတယ်
    အကုသိုလ်လုပ်ရင် အကုသိုလ်ဖြစ်ပါတယ်။
    (အဲဒီနှစ်ချက်ကိုလက်မခံရင် ကွဲလွဲရင် ဘယ်ကျမ်းမှာရေးရေး ဘယ်ဆရာတော်ကြီးဟောဟော အဲဒါ ထေရဝါဒဗုဒ္ဓဘာသာ မဟုတ်ပါဘူး)

    ဆိုတော့..
    အပြစ်ရှိတဲ့ဘုန်းကြီးကို အပြစ်ပြောတာဟာ
    ကုသိုလ်လုပ်တာဖြစ်တဲ့အတွက် ကုသိုလ်ကောင်းမှု့ဖြစ်ပါကြောင်း
    ဒီပိုစ့်ကိုရေးတဲ့ (ကို)မိုးမင်းသားနဲ့(ကို)အလင်းဆက် တို့ဟာလဲ ကုသိုလ်ကောင်းမှု့ကြီးကြီးတစ်ခုလုပ်ရာကျပါကြောင်း…
    သာဓု ခေါ်ပါကြောင်း….။
    သာသနာတော်အတွက် ကျေးဇူးတင်ပါကြောင်း….။

    (၃)
    နောက်ဆက်တွဲ-
    ပါရာဇိကဆိုတာ ဝိနည်း ရ မျိုးမှာ အကြီးဆုံးပြစ်မှု့ဖြစ်ပြီး
    အတိအကျ သတ်မှတ်ထား
    အလျှော့အတင်းမရှိ
    ချွင်းချက်လုံးဝမရှိ
    သံဃာထုသဘောနဲ့ ပြင်ခွင့်လဲမရှိတဲ့
    ဘုရား ဥပဒေ တော်ကြီးဖြစ်ပါတယ်။

    ပါရာဇိကကျပြီးရင် ဒီဘဝမှာ လုံးဝ လုံးဝ ဘုန်းကြီးပြန်ဝတ်ခွင့်မရှိတော့ပါဘူး။
    ဝိနည်း လို့ခေါ်တဲ့ သံဃာ့စည်းကမ်းကို ဖေါက်ဖျက်ခဲ့ပြီးသားမို့ ဘယ်နည်းနဲ့မှ သံဃာမဟုတ်ပါဘူး..။
    အဲဒီရဟန်တုရဟန်းယောင်ကို အခြားသံဃာတွေက ရဟန်းအဖြစ်လက်ခံတဲ့သဘော ပြုမူရင် သူတို့ပါ အာပတ်သင့်ပါတယ်။

    ဒီခေတ်မှာ သင်္ကန်းဝတ်ထားတဲ့ လူလိမ်တွေ သူခိုးတွေ အင်မတန်များလာတာမို့
    ဒီလိုကြမ်းကြမ်းရေးပါတယ်။

  • မိုး မင်းသား

    January 27, 2013 at 1:38 pm

    ဦးဦးပါလေရာခင်ဗျာ….

    ကျွန်တော်တို ့ကိုအင်အားတွေနဲ ့မီးမောင်းထိုးပြပေးတဲ ့အတွက်

    ကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ……ငရဲမကြီးနိုင်ဘူးဆိုတာသိရတော ့ပီတိဖြစ်မိပါတယ်

  • လူကလေး

    January 29, 2013 at 11:03 am

    အင်း.. ကျောင်းတက်နေတုန်းက မနက် ကျောင်လမ်းမှာ တွေ့တွေ့နေရတတ်တဲ့ မနက်စာ ဘုန်းမပေးရသေးလို့ပါဆိုတဲ့ ဦးဇင်းတစ်ပါးအကြောင်း ….. ပြော ရင် ကောင်း မလား… မပြောရင်ကောင်းမလား..

    မပြောတော့ပါဘူးဗျာ… ဒါပေမယ့် ဒီလို သံသယဖြစ်စေတတ်တဲ့ ကိစ္စလေးတွေတော့ ကြုံဖူးတယ်ဗျို့..
    (သံသယနဲ့တင် ငရဲကျတော့မလား မသိပေါင်)

  • Shwe Ei

    January 29, 2013 at 11:41 am

    အွမ်း အိုက်လိုကိုယ်တော်တွေ ပေါမှပေါလို့ဘဲ ပြောရမလားးး
    မြို့လည်ခေါင်ပလက်ဖေါင်းမှာ သင်ဂန်းခြုံထားတဲ့ ကိုယ်တော်နှစ်ယောက်
    ဖြတ်လျှောက်သွားတဲ့ မိန်းကလေးတွေကို ညီမလေး ညီမလေး ရွှတ်…ရွှတ် လို့တောင်
    ဘဇပ်က အသံပြုလိုက်သေးဗျာ။ အလှူခံတာတဲ့…။ အတုမှန်းသိတဲ့လူချည်းဘဲမို့
    မသိသလိုရှောင်သွားလိုက်ကြတာပါဘဲ။ သင်ဂန်းအရေခြုံတဲ့ လူလိမ်တွေကို
    အရေးယူသင့်တာတော့အမှန်။ ဘယ်သူကအရေးယူမှာလဲ ဘယ်လိုအရေးယူမှာလဲတော့
    စဉ်းစားစရာပါဗျို့။

  • Ma Ei

    January 29, 2013 at 12:14 pm

    MICB နားမှာ ဦးဇင်းနှစ်ပါး ဘိနပ်ပြတ်လို့ပါဆိုပြီး အလှူခံလို့ လှူခဲ့ဘူးတယ်…
    နောက်ခဏခဏ တွေ့ရတော့မှဘဲ အော်.ဒီဦးဇင်းနှစ်ပါး ဘိနပ်ကလဲ ပြတ်နိုင်ပါ့လို့တွေးရတော့တယ်…
    Sunday တုံးကတော့ ရွှေတိဂုံဘုရားမှာ အလှူခံဦးဇင်းတွေကို ဘုရားရဲက ရုံးခန်းခေါ်သွားတွေ့မိရဲ့…
    ကောင်းတဲ့ အလားအလာလေးတွေ တွေ့နေရပါပြီနော်…

  • Char Too Lan

    January 29, 2013 at 3:48 pm

    တခါက သဂျီးတင်ပေးတဲ့ ( စောက်ချိုးတွေ ပြင်၊ ဒါပဲ ) ဆိုတဲ့ စကားပြောခန်းတစ်ခုမှာ
    အဲ့ဒီလို ကိစ္စတွေကြောင့် ဘုန်းဘုန်းတွေလဲ အောက်ခေါင်းစဉ်အောက်ပါလာတာ နေမှာ…
    တကယ့်ကို ရင်လေးစရာ ပဲ …
    ==========
    http://myanmargazette.net/58273/politics-news-issues
    မြန်မာစကားပုံမှာကိုက နှစ်ထပ်ကြည့်မှ မှတ်မိတယ် ဆိုလို့ အမှတ်တရပြန်ဖတ်မိအောင်
    လင့်ပေးခဲ့မယ် ကြိုက်လို့သိမ်းထားတာ.

Leave a Reply