လွမ်းမိသော အော်တို စာအုပ်လေးများ
အလယ်တန်းလောက်မှ အစပြုရျ် အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူကျောင်းသား ဘဝတွင် ကျွန်မတို ့သည် နွေရာသီကျောင်းပိတ်ရက်နီးတိုင်း သူငယ်ချင်းများနှင့် ခေတ္တ ခဏ ခွဲခွာရမည် ဖြစ်သောကြောင့် အမှတ်တရ တစ်ခုအနေဖြင့် အော်တို စာအုပ်လေးများတွင် စာရေးခိုင်းခဲ့ကြဘူးကြသည်။ ထိုအော်တိုစာအုပ်လေးတွင် မိဘကျေးဇူးဆပ်နိုင်သောသူ ဖြစ်ပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ စသဖြင့်
ဆုတောင်းပေးသည့် သူငယ်ချင်းများရှိကြသလို ၊ နောက်ပြောင်ကျီစယ်ကာ ဟာသမှတ်စုလေးများ ရေးပေးသည့် သူငယ်ချင်းလေးများလည်း ရှိကြသည်ကို အမှတ်ရမိဧ။် ။
အော်တိုစာအုပ်ရေးခိုင်းသည့် အကျင့်သည် မိမိထက် အတန်းကြီးသော အစ်ကိုကြီး၊အစ်မကြီးများ
လုပ်ရာက အစပြုခဲ့လေသလား သို ့မဟုတ် သူငယ်ချင်းတစ်ယောက်က အစပြုခဲ့သည်လား မသိသော်လည်း
ကျွန်မအထင် ကျွန်မသူငယ်ချင်း တော်တော်များများသည်လည်း အော်တိုရေးခိုင်းကြကိုတော့ ပြန်ပြောင်း
အောင်းမေ့မိသည်။ ကျွန်မဘဝတွင်တော့ အော်တိုစာအုပ်ပေါင်း ၅အုပ်နှင့် ကဗျာစာအုပ်တစ်အုပ်ရှိခဲ့လေသည်။
ပထမဆုံးအော်တိုစာအုပ်သည် ခြောက်တန်းနှစ်က အစပြုခဲ့ကာ အတန်းစဉ်လိုက် ၁ဝတန်းကျောင်းသူဘဝအထိ
သူငယ်ချင်းများကို ရေးခိုင်းခဲ့သော စာအုပ်များဖြစ်ကြသည်။ ကဗျာစာအုပ်ကတော့ တက္ကသိုလ်ကျောင်းသူဘဝ
နောက်ဆုံးနှစ်တွင် အတန်းထဲမှ သူငယ်ချင်းများ စုပေါင်းထုတ်ဝေခဲ့ကြသော စာအုပ်ဖြစ်သည်။ ကျွန်မရေးတာ မပါဝင်သော်လည်း သတိတရ လွမ်းစရာတစ်ခုတော့ ဖြစ်ဧ။် ။
ခြောက်တန်းနှစ်က အော်တိုစာအုပ်သည် သာမန်ဗလာစာအုပ်ဖြစ်ပြီး အဆင့်ဆင့် ပြောင်းလဲလာပုံမှာ အလှစာအုပ်လေးများဖြစ်လာပြီး ၉တန်းနှစ်က အော်တိုစာအုပ်ကတော့ ထိုခေတ်ထိုအခါက ခေတ်စားခဲ့သော
ရေးပေးပါ ဆိုသည့် စာအုပ်ကလေးဖြစ်သည်။ တက္ကသိုလ်ကျောင်းသူ ဘဝပြီးဆုံးသောအခါ ထိုအော်တိုစာအုပ်ကလေးများသည် ကျွန်မ စာအုပ်စင်ဧ။် တစ်နေရာတွင် ရှိနေသည်ကိုသာ သတိအမှတ်ရနေပြီး ဘယ်နားတွင် အတိအကျရှိနေသည်ကိုကား မသိတော့။ မန ္တလေးမှ ရန်ကုန်သို ့
ပြောင်းပြီး အလုပ်လုပ်ချိန်တွင် ထိုစာအုပ်ကလေးတွေ ဘဝကို လုံးဝ အမှတ်မရတော့။ မနှစ်က သီတင်းကျွတ်
မိဘများကို ကန်တော့ရန်အိမ်ပြန်သောအခါ အိမ်သန် ့ရှင်းရေးလုပ်ချိန်တွင် စာအုပ်ဗီရိုကိုပါ သန့်ရှင်းရေးလုပ်သည်။ ထိုအချိန်တွင် အော်တိုစာအုပ်၅အုပ်နှင့် ကဗျာစာအုပ်လေးကို ပြန်လည် တွေ ့ရှိရသည်။
ကလေးဘဝက ပေါက်တတ်ကရ ရေးပေးခဲ့ကြသည်ကပင် အမှတ်တရတစ်ခုအနေဖြင့် ဘဝတွင် ထင်ကျန်ရစ်လေဧ။် ။စာမျက်နှာ တစ်မျက်နှာချင်းစီကို လှန်ကြည့်လိုက်တိုင်း မည်ကဲ့သို့ သော အချိန်တွင်
မည်ကဲ့သို ့ရေးပေးတာတွေကိုပါ စာအုပ်တစ်အုပ်ကို ဖတ်ရသလို ပြန်လည် မြင်ယောင်လာဧ။်။ အတိတ်နေ ့ရက်များဆီသို ့ပြန်လည်ခရီးသွားခဲ့ခြင်း တစ်ခု ဖြစ်ခဲ့လေသည်။
ထိုနေ ့ကတစ်နေ ့လုံး ကျွန်မထိုစာအုပ်လေးများ နှင့် အချိန်များကို ကုန်လွန်စေခဲ့ဧ။် ။ထိုစာအုပ်ပေါင်း၆အုပ်ထဲတွင် သူငယ်ချင်းများစွာ ရှိသော်လည်း ယခုလက်ရှိအချိန်အထိ အဆက်အသွယ်ရှိနေသော သူငယ်ချင်းများသည်
လက်ချိုးရေရျ်ရလောက်အောင်ထိ နည်းပါးလှဧ။် ။ဘယ်ဆီများ ရောက်နေကြပါလိမ့်။
ခြောက်တန်းနှစ် နွေရာသီတွင် ရေးခိုင်းခဲ့သော အော်တိုစာအုပ်လေးသည် ခုနှစ်တန်းနှစ် နွေရာသီတွင် သူ ့အတွက် သူငယ်ချင်းအော်တိုစာအုပ်လေးတစ်အုပ် အဖော်တိုးလာသဖြင့် ပျော်ရွှင်ပေလိမ့်မည်။ ဒီလိုနှင့်
နှစ်တိုင်း သူငယ်ချင်းအသစ်တိုးခြင်းသည် ၅နှစ်အကြာတွင် သူငယ်ချင်း ထပ်မတိုးလာတော့သဖြင့်
သူငယ်ချင်းအသစ်ကို မျှော်နေမည်လား မသိ။
ယခင်က သူငယ်ချင်းများကို အော်တိုစာအုပ်ရေးခိုင်းရာတွင် အတန်းတစ်တန်းထဲတွင် ရှိနေသောကြောင့်
ထိုစာအုပ်တွင် သူငယ်ချင်းအားလုံး အော်တို ပြည့်ဖို ့တစ်ပတ်ခန် ့သာ စောင့်ဆိုင်းရမည် ဖြစ်သည်။
သို ့သော် ယခု ရေးခိုင်းမည် ဆိုပါက အော်တိုစာအုပ် အသစ်သည် နိုင်ငံပေါင်းစုံ ၊ နယ်ပေါင်းစုံ သွားရသဖြင့်
ပင်ပန်းနေမည်လား မသိ။ စာအုပ်တွင် အော်တို အပြည့်ဖြစ်ရန် နှစ်ချီတော့ အချိန်ပေးရပေလိမ့်မည်။
ထို ့ကြောင့် မဖြစ်နိုင်တော့သည့် စိတ်ကူးကို မယဉ်တော့ပါ။ စာအုပ်ကလေး ၆အုပ်ကို သေတ္တာတစ်ခုထဲတွင်
ထည့်ကာ သော့ခတ်ပြီး စာအုပ်စင်ဧ။် ထောင့်တစ်နေရာတွင် သိမ်းထားလိုက်ပါတော့သည်။ သူတို ့၆အုပ်ကို နောက်ထပ် အော်တိုစာအုပ်အသစ်တွေ ရောက်လာမှာ မဟုတ်တော့ဟူရျ်လည်း နှစ်သိမ့်ရပေဦးမည်။
16 comments
Mobile
January 27, 2013 at 4:05 pm
ကျုပ်လည်းဟိုးငယ်စဉ်ကလေးဘဝ
အလယ်တန်းကျောင်းသားဘွလောက်မှာဒေါ့ အဲ့ဒီရေးပေးပါဆိုလား
အဲ့ဒီလိုစာအုပ်မျိုးလေးတွေ သူငယ်ချင်းဆိုင်မှ အလကားတောင်းပြီး ဘော်ဒါတွေကို
အော်တိုရေးပေးခိုင်းဖူးတယ်ဗျ အထူးသဖြင့် ဆော်တွေကို ဦးစားပေးပြီးရေးခိုင်ခဲ့တယ်။
အခုတော့ဗျာ ဘယ်ရောက်ကုန်ပီလဲ မှတ်မိတော့ဗာဘူး။
ခင်ခ
January 27, 2013 at 5:31 pm
မှတ်မှတ်ရရ ဆယ်တန်းကျောင်းပြီးကာနီး အော်တိုစာအုပ်လေး တစ်အုပ်လာပေးလို့
ရေးပေးဘူးတယ်။အဲဒီမှာရေးပေးလိုက်တာ ဒို့တွေနောက်များဆုံရရင် ပျော်ကြမယ်ထင် လို့။
အဲဒီတစ်ခါပါဘဲ အော်တိုရေးဘူးတာ။ အခုများတော့ မင်းသားမဟုတ် လူကြမ်းကို ဘယ်သူအောတိုရေးခိုင်း
တော့မှာလဲလို့။
မောင်ပေ
January 27, 2013 at 6:55 pm
မွန်းလေး ပို ့စ်ကို ဖတ်ပြီး ၊ အထက်တန်းကျောင်းသားဘဝကို ပြန်ရောက်ချင်စိတ်တွေ ဖြစ်မိသွားတယ်
နို ့
အထက်တန်းကျောင်းသားဘဝတုန်းကပဲ အော်တိုရေးခိုင်းတာမျိုး လုပ်ခဲ့ဖူးတာကလား
မဟာရာဇာ အံစာတုံး
January 27, 2013 at 7:34 pm
ခေါင်းလောင်းသံ .. တညံညံ ပေး … ဒဲ့ ..
ရွာဦးကျောင်းကို ပြေးမြင် မိရင် …
မန်းကျည်းပင်ကြီးတွေကို သတိရမိတယ် သငယ်ဂျင်းရေ ….
ကျုပ်မှာတော့ အဲ့လို အော်တို ရေးခဲ့တဲ့ အဖြစ်တွေ ချိဘူးဂျ ..
ဘာပဲ ဖြစ်ဖြစ် …
အရင်က ကျောင်းသား ဘဝ ဆိုတာ ပြန်တွေးရင် လွမ်းဆွတ်ဖွယ်ရာပါပဲ ….
တကယ် .. တကယ် … အဲ့ဒီလို ဘဝလေး ပြန်လိုချင်မိပြန်တယ် …
လုံမလေးမွန်မွန်
January 27, 2013 at 8:21 pm
မွန်မွန်လည်း နယ်ပြန်ရင် ဗီရိုထဲမှာသိမ်းထားတဲ့ အော်တိုစာအုပ်တွေကို ပြန်ဖတ်ဖြစ်တယ်… စာအုပ်လှလှလေးနဲ့ရေးထားတာတွေက အတည်တွေများပေမယ့် ကိုးတန်းဆယ်တန်းနှစ်မှာ “ရေးပေးပါ” ဆိုတဲ့ စာအုပ်နဲ့ ရေးထားတာတွေကတော့ တကယ် ဟာသတွေပဲ..ပြန်ဖတ်တိုင်း ရယ်ရတယ်…
နောက် တက္ကသိုလ်နောက်ဆုံးနှစ်မှာ သူငယ်ချင်းတွေကို ရေးခိုင်းတော့ တစ်ယောက်ကို အနည်းဆုံး ၃ မျက်နှာ..ရေးပေးကြတာ… တကယ့် အမှတ်တရတွေပဲ…
ကိုပေါက်(မန္တလေး)
January 27, 2013 at 10:06 pm
ကျနော်ကတော့ အော်တိုစာအုပ်တစ်အုပ်ရှိခဲ့ဘူးတယ်။
1978ခုနှစ် မတ်လ23ကနေ ဇူလိုင်လ8ရက်နေ့ထိနေခဲ့ရတဲ့
ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဗလ -16တက်တုံးက။
သင်တန်းသားတွေကို တစ်အုပ်စီပေးလို့ အပြန်အလှန်အော်တိုတွေရေးပေးကြတာ။
တစ်ယောက်ရေးပေးတာမှတ်မိသေးတယ်။
“သေခြင်းတရားနှင့် အိမ်ထောင်ပြုခြင်းမှလွဲလျင် မည်သည့်ကိစ္စမှာ နောက်မကျပါစေနှင့်”တဲ့။
ဟိုတစ်လောက စာအုပ်တစ်အုပ်လိုချင်လို့ ရှာရင်းအဲသဟာလေးပြန်တွေ့လို့ထို်င်ဖတ်မိတယ်။
အဲဒီတုန်းကမိတ်ဆွေတွေကိုလွမ်းလို်က်တာဗျာ။
သင်တန်းပြိးကတည်းက တစ်ယောက်နှစ်ယောက်လားပြန်တွေ့မိတာ။
လွမ်းတယ်ဗျို့။
အခုချိန်ဆို လောကကြီးမှာ ရှိမှရှိကြပါသေးရဲ့လားလို့ပြန်တွေးမိတော့ ဝမ်းနည်းမိသလိုပါဘဲ။
ခိုင်ဇာ
January 28, 2013 at 8:30 am
ဪ။ သူများတွေ အော်တို စာအုပ် အဟောင်းလေးတွေ ပြန်တွေ့တာလည်း ပို့(စ) တစ်ပုဒ်ပါလားကွယ်။
တွေးတတ်၊ ရေးတတ်ပါပေ့။
ကိုယ်ကတော့ ယူလာတဲ့ စာအုပ်လေးတွေကို ဖတ်ပြီး အလွမ်း ဋီကာချဲ့ပြီး အတိတ်ကို ပြေးနေတုန်း။ :byae:
ရေးပေးပါ။ ရေးပေးပါ နဲ့ နားပူတဲ့ ဒဏ်တွေမခံနိုင်လို့ ရေးပေးတဲ့ ပေါက်ကရတွေမှာ ဘာလွမ်းစရာမှလည်း မပါပဲနဲ့များ။
စိတ်မခိုင်ပုံများ ပြောပါတယ်။
P chogyi
January 28, 2013 at 8:37 am
အော်တိုစာအုပ်အကြောင်းပြောကြတော့
၁၉၉၃ ခုနှစ်က မြစ်ကြီးနားမြို့ အထက(၁)မှာဖွင့်တဲ့
ကြက်ခြေနီနည်းပြသင်တန်းက သူငယ်ချင်းတွေကို အမှတ်ရမိပါတယ်။
အဲဒီအချိန်က ကချင်ပြည်နယ်အရပ်ရပ်ကသူငယ်ချင်းတွေနဲ့ဆုံခဲ့ရပြီး
အော်တို(အမှတ်တရစကားလုံး)ရေးပေးခဲ့ကြတဲ့
သူငယ်ချင်းတွေ အခုချိန်ခါမှာ ဘယ်တွေရောက်လို့ ဘာတွေဖြစ်ကုန်ပြီလဲတွေးမိပါတယ်။
ရွှေတိုက်စိုး
January 28, 2013 at 11:42 am
ကျွန်တော်တို. ကျောင်းတုန်းက အော်တို ကောင်မငေးဒွေ လိုက်ရေးခိုင်ကြတယ်…
ပေါက်ကရတွေ ရေးရေးပေးနေတော့ နောက်ကျတော့ ဘူမှ လာမရေးခိုင်းတော့ဘူး…ဟိဟိ…
ကျောင်းသားဘဝလေးတွေ အမှတ်တရ ပျော်စရာကောင်းတယ်ဗျာ………
Shwe Ei
January 28, 2013 at 12:20 pm
ရေးပေးပါလို့ ပြောလာရင် ခလေးဘွ ကိုးတန်း ဆယ်တန်းထိ
အတည်ရေးပေးတုန်း။
တက္ကသိုလ်ကျောင်းသူဘွလဲရောက်ရော အပေါင်းသင်းမှားြ့ပီး
ပေါချက်က ကမ်းကုန်ဖစ်သွားလိုက်တာ အခုထိအတောမသတ်နိုင်ဝူး တော်ရေ့ :harr:
Ma Ei
January 28, 2013 at 1:14 pm
ဘဝတစ်ကွေ့ တစ်ခဏတွေ့ ကြရပေမယ့်
ထာဝရ မမေ့ကြမှာ နင်နဲ့ငါ…
တို့ …
ကြာတွေလှူကာ ဆုတောင်းပါသည်
မကြာခင်ဘဲပြည့်ပါစေ…
မောင်ပန်းမွှေး ရဲ့ ကဗျာလေးရေးကာပေး
မဝေးစေမှာ နင်နဲ့ငါ…
တို့..ဘာတို့လေ…
အိုက်လိုလေးတွေရေးခဲ့ကြတာမို့လား…
:528:
ကိုပေါက်(မန္တလေး)
January 28, 2013 at 3:42 pm
မောင်ပန်မွှေးကဗျာပါသော ပိုစကဒ်များ အခုထိရှိပါသည်။
ကြည့်ချင်သူများရှိပါက တင်ပေးပါမည်.
နွယ်ပင်
January 28, 2013 at 3:31 pm
နွယ်ပင်မှာလည်း အော်တိုစာအုပ်လေးတွေ ရှိခဲ့ဖူးတယ်
တစ်ခါတစ်လေ စာအုပ်ဗီဒိုရှင်းလို့ အော်တိုစာအုပ်လေးတွေ ပြန်တွေ့ရင်
ပြန်ဖတ်မိပြီး အရင်အချိန်လေးတွေကို သတိရမိတယ် …
moonpoem
January 28, 2013 at 3:34 pm
အော်တိုစာအုပ်ကို မိန်းကလေးတွေလောက်ပဲ အရေးများမယ် ထင်တာ အခုမှပဲ ကျားမမရွေး အသက်အပိုင်းအခြား မရွေး အော်တိုတွေရေးခိုင်းခဲ့ဘူးပါလားလို့ဆိုတာ သိလိုက်ရတော့တယ်။ ညံ့လိုက်တာနော်
အရီးခင်လတ်
January 28, 2013 at 3:50 pm
မွန်းရေ
အများဆုံးကတော့ မိန်းကလေးကျောင်းတွေမှာ သူငယ်ချင်းတွေ အချစ်တော် တွေအတွက် အော်တိုစာအုပ်တွေ လိုတာပေါ့။ 😉
အရီးမှာလဲ အများကြီး။ ပြန်ဖတ်ရင် တစ်ချို့ အတော်ရီရသား။
ကျောင်းတုန်းက ဆရာတွေ ရဲ့ ဆုံးမစကားတွေလဲ စာအုပ်ထဲမှာ။
ဒါတွေကတော့ ပြန်ဖတ်ရင် အတော်တန်ဖိုးရှိတယ်။
အရီးတို့ ဖိုင်နယ်မှာ ဆရာတစ်ယောက် က “ငါ့ဥယျာဉ် တွင် ပန်းမမြင်လဲ သူ့ဥယျာဉ် တွင် ပန်းများမြင်၍ ငါသည် ဝမ်းမြောက်မိပါသည်” လို့ ရေးထားတဲ့ ဘေးမှာ “ငါသည် ခိုးခူးမိပါသည်” ဆိုပြီး ဘေးမှာဖျက်ရေးထားလိုက် တဲ့ သကောင့်သားမျိုး တွေလဲ ရှိရဲ့။
သူများရေးထားတာတွေ ဘေးမှာ ပေါက်ကရ ပြန်နောက်ထားတာ။
အဲဒီတုန်းက စိတ်တိုစရာဖြစ်ခဲ့ပေမဲ့ အခုပြန်ဖတ်ရင် ပျော်စရာ လွမ်းစရာပါဘဲ။
ဒါအပြင် ရှေးတုန်းက တစ်ချို့လဲ အပြင်မှာ ရေးဇားစကား မပြောရဲရင် အော်တို ထဲမှာ ရေးကြတယ်တဲ့။
ဒီခေတ်မတော့ အင်မတန် ရည်းစား လိုချင်နေတဲ့ ခေတ် ဆိုတော့ ကျားကျား မမ ကြုံရာ လွယ်ရာ ကောက်တွဲနေကြတော့ အဲဒါမျိုးတွေက ပြတိုက်ထဲ ရောက်နေပါပြီ။
ဘဝ အဖော်အတွက် ရေရှည်လက်တွဲဖို့ စဉ်းစားနိုင်စရာ တန်ဖိုးရှိတဲ့ ဓလေ့လေးပျောက်သွားတာ စိတ်မကောင်းစရာဘဲ။
လူကလေး
January 28, 2013 at 4:53 pm
ဘယ်.. ရှိတာပေါ့.. လောလောလတ်လတ် ၂နှစ်လောက်တုန်းက သူငယ်ချင်းတွေကို ဓားထောက်ပြီး ရေးခိုင်းထားတဲ့ စာအုပ်လေးကတော့.. စားပွဲပေါ်အမြဲရောက်နေတော့တာပါပဲ. .ရေးထားတာတွေကတော့ ရယ်စရာ ပျော်စရာ အမှတ်တရတွေပါပဲ.. ဒါပေမယ့် ဖတ်လိုက်တိုင်း မျက်ရည်ကျမိပါရဲ့..