Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခွင့်လွှတ်တတ်ပါသလား…………

Shwe EiJanuary 28, 20131min106955

မိတ်ဆွေတယောက်ကြောင့် ထိခိုက်နာကျင်ခံစားရတဲ့အခါ ဒေါသတွေကိုလျှော့လိုက်ပါ။

ကိုယ်နဲ့ အမြင်မတူတဲ့ မိတ်ဆွေတယောက်နဲ့ ရှေ့ဆက်လက်တွဲနိုင်ဖို့ က အဲဒီ မိတ်ဆွေကိုခွင့်လွှတ်ပေးမှဖြစ်နိုင်မှာပါ။

ခင်မင်ရင်းနှီးသူအချင်းချင်း အငြင်းပွာရတဲ့အခါမျိုးကြုံလာတဲ့အခါ ရင်ဆိုင်လိုက်ပါ။ ဒါဟာဆိုးရွားတဲ့ကိတ်စမဟုတ်ပါဘူး၊ မိတ်ဆွေများနဲ့ငြင်းခုန်ခြင်းဟာ ကျန်းမာရေးအတွက် နည်းလမ်းကောင်းတခုလဲဖြစ်သလို မိတ်ဆွေအချင်းချင်းကြားမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကိုရှောင်ကျဉ်ပြီးသားဖြစ်လို့ ပိုကောင်းတဲ့ ဆက်ဆံရေးတခုကိုလဲဖန်တီးနိုင်မှာပါ။ သင့်မိတ်ဆွေတွေဟာ လူသားတွေဖြစ်လို့ အမှားလုပ်မိနိုင်ပါတယ်။ တခါတရံ သူတို့က သင့်ကိုထိခိုက်နာကျင်ခံစားစေလိမ့်မယ်။ သင့်ရဲ့ခင်မင်ရင်းနှီးမှုကိုပိုအားကောင်းလာစေဖို့ လိုအပ်တာက ခွင့်လွှတ်မှုနဲ့ရှေ့ဆက်ဖို့ဘာဘဲ။ ဒါပေမဲ့ သင့်အနေနဲ့ ထိခိုက်နာကျင်ခံစားနေရချိန်မှာ ဘယ်လိုများခွင့်လွှတ်ပေးနိုင်မှာဘာလိမ့် ?

ခွင့်လွှတ်တော့မယ်ဆိုရင်….

မိတ်ဆွေတယောက်ဟာ သင့်အပေါ် လူမှုရေးအရအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အပြုအမူ အပြောအဆိုမျိုး အကြိမ်ပေါင်းများစွာလုပ်မိနိုင်ပါတယ်၊ ပြီးတော့ပြန်တောင်းပန်တာမျိုးလဲလုပ်ပါလိမ့်မယ်။ အကယ်ရွေ့ သင်က သူတောင်းပန်ရင်လက်ခံလိုက်ပေမဲ့ စိတ်ထဲကပါလို့မဟုတ်ရင်တော့ သင့်မိတ်ဆွေအပေါ် အမြင်မကြည်လင်မှုရဲ့ အစိုင်အခဲကြီးကို ကြီးသထက်ကြီးအောင် တည်ဆောက်နေမိတာမျိုးသာ ဖြစ်နေပါတော့တယ်။ ဒီနေရာမှာ သင့်ရဲ့ဒေါသတွေကို လျှော့ချပစ်လိုက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အကြောင်းအချက်များစွာရှိနေနိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့….

_ သင့်မိတ်ဆွေက သင့်အတွက်အမှန်တကယ်စိတ်မကောင်းဖြစ်နေတာမဟုတ်ဖူး
_ သင့်မိတ်ဆွေလုပ်ခဲ့တာတွေအပေါ် သင့်စိတ်ထဲမှာအကြီးအကျယ် တုန်လှုပ်နေမိသေးတယ်
_ သင့်မိတ်ဆွေလုပ်ခဲ့တဲ့ အတိတ်ကကိတ်စရပ်တွေနဲ့ပတ်သတ်ပြီး သင့်အတွင်းစိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်နေတာတွေအများကြီးဘဲ

အကယ်ရွေ့သင်ဟာ သဘောထားကွဲလွဲမှုကြောင့်ရှေ့ဆက်ဖို့ ခက်နေတယ်ဆိုရင် အဲဒီ ခံစားချက်ကိုသင့်အပေါင်းအသင်းနဲ့ ရင်ဖွင့်ဆွေးနွေးပါ။ သူငယ်ချင်းကို ဒေါသတကြီးပြောဆိုတာမျိုးတော့မလုပ်ပါနဲ့ အဲဒီအစား နားလည်မှုရတဲ့တိုင်အောင်ဆွေးနွေးပါ။ အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီအောင် ဥပမာပေးရရင်တော့ …

_ နင့်ကိုငါခွင့်လွှတ်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမဲ့ နင့်ကြည့်ရတာ ငါ့အပေါ် တကယ့်စိတ်ရင်းနဲ့ တောင်းပန်တယ်လို့မခံစားရဘူး။ နင်လုပ်ခဲ့တာတွေအတွက် တကယ်ရော စိတ်မကောင်းဖြစ်ရဲ့လား။ ငါတို့အခုလိုငြင်းကြခုန်ကြရလို့ စိတ်မကောင်းဖြစ်တာလား။ ဒီကိတ်စကိုဖြေရှင်းလိုက်ဖို့က ငါ့အတွက်တော့အတော်အရေးကြီးတယ်။ ဒါမှ ငါတ်ို့ရှေ့ဆက်နိုင်မှာလေ။
_ ငါနင့်ကိုခွင့်လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့ နင်လုပ်ခဲ့တာတွေအပေါ် အတော်လေးတုန်လှုပ်ခံစားရတဲ့အတွက် အချိန်နဲနဲတော့လိုလိမ့်မယ်။ နောက်တပတ်မှ ဒီကြောင်းထပ်ပြောကြတာပေါ့။ ဒါမှငါလဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြန်သုံးသပ်နိုင်မှာ။
_ ဒီအဖြစ်အပျက်အတွက် ခွင့်လွှတ်ပေးချင်ပေမဲ့မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော ့ပြီးခဲ့တဲ့အခေါက်က နင်ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်းပြော(အတင်းတုတ်)ထားတဲ့ကိတ်စ ငါအခုထိဒေါသထွက်နေတုန်းဘဲ။ ဖြစ်ပြီးခဲ့တာတွေပြန်အစမဖေါ်ချင်တော့ဘူး။ ဆိုတော့ နောက်တကြိမ်မှဒီကိတ်စကိုဆက်ပြောပြီး အပြတ်ရှင်းကြတာပေါ့။

အတိတ်ကိုပြန်တူးဆွတဲ့အခါ….

သင့်အနေနဲ့အတိတ်ကကိတ်စရပ်တွေကို ပြန်တူးဆွမိတာဟာ ခပ်ဆင်ဆင်အဖြစ်အပျက်တခုကို ကြုံရတဲ့အချိန်တချိန်တည်းမှာသာ ဖြစ်လေ့ရှိတာပါ။ သင့်မိတ်ဆွေဟာ အမှားတွေကိုလုပ်မိနေရင်းက ပိုဆိုးလာတဲ့အခါ အတိတ်ကဖြစ်ပျက်ခဲ့ဖူးတာတွေကို ပြန်ထောက်ပြနိုင်ပါတယ်။ ဒါပေမဲ့ သတိတော့ထားပါ။
တိကျသေချာတဲ့အဖြစ်အပျက်တခုပေါ်မှာ သင်ဘယ်လိုခံစားရသလဲဆိုတာကိုသာ အာရုံစိုက်ပြီးတော့ အတိတ်ကအမှားကို အထောက်အကူပြုတဲ့တခုအနေနဲ့အသုံးချပါ။ အဓိကကျတဲ့အကြောင်းအရာတခုလို ချမသုံးလိုက်ပါနဲ့။

လုပ်သင့်တာလေးတချို့ ဥပမာပေးပါမယ်….

_ ကြည့်စမ်း ငါတချိန်လုံးခွင့်လွတ်ပေးနေတဲ့ကြားက နင်ပြီးခဲ့တဲ့သုံးခေါက်တုန်းကလိုဘဲ နေ့လည်စာစားဖို့ချိန်းတိုင်း တနာရီနောက်ကျပြန်ဘီ။ အဲလိုဖြစ်တဲ့အချိန်မှာ ငါအရမ်းစိတ်ပူရတယ် သိရဲ့လား။ ဒီနေရာမှာ တယောက်ထဲထိုင်နေရတာကို တော်တော်လေးစိတ်ပျက်တယ်။ ငါတို့နှစ်ယောက်ကြားမှာ ဒီလိုနောက်ကျတတ်တာဟာ ပြသနာတခုလို ဆက်ဖြစ်မနေစေချင်ဘူး။ ဒါမျိုးနောက်ထပ်မဖြစ်အောင် ဘာလုပ်ကြမလဲပြော။
_ နင့်ကိုငါ့အကြွေးပြန်မဆပ်တဲ့ကိတ်စ နှစ်ကြိမ်တောင်ခွင့်လွှတ်ပေးပြီးပြီ။ ဒါပေမဲ့ အခုကိတ်စက အသားကျသလိုတောင်ဖြစ်နေဘီ။ နင်အဲလိုလုပ်တိုင်း ငါ့အပေါ်ကျောသလိုခံစားရတယ်။ ငါနင်နဲ့သူငယ်ချင်းဆက်ဖြစ်ချင်တယ်၊ ဆိုတော့ နင့်အပြုအမူကိုပြင်မှဖြစ်မယ်။

မလုပ်သင့်တာလေးတချို့ ဥပမာပေးပါမယ်…..

_ နင်ကလေချိန်းထားတာနောက်ကျတဲ့အပြင် ငါ့အကြွေးလဲပြန်မဆပ်သေးဘူး။ (ပြသနာနှစ်ခုကို တပြိုင်ထဲ အစဖေါ်မိပါပြီ။)
_ နင့်ငါ့ကိုအမှန်တကယ်အလေးထားတယ်လို့ မခံစားရဘူး။ ငါရာထူးတက်တာကို ဝမ်းသာတဲ့စကားမပြောတဲ့အပြင် နောက်ကွယ်မှာ ငါ့ကိတ်စကို ဟာသလုပ်နေတယ်လို့တောင်ကြားတယ်။ (နောက်ကွယ်မှာမထီလေးစားလုပ်ခြင်းဟာ အတင်းသက်သက်သာဖြစ်ပြီး ကို့အောင်မြင်မှုကို မနာလိုဖြစ်ခြင်းမဟုတ်ပါ။ ဒီနေရာမှာ ပြသနာနှစ်ခုဟာ သင့်ကိုနည်းလမ်းနှစ်မျိုးနဲ့ ထိခိုက်ခံစားရစေပါတယ်။ ပိုစိတ်ထိခိုက်ရအောင်တော့ ရောထွေးမပစ်လိုက်ပါနဲ့။)

ခွင့်လွှတ်ကျမယ်…

မိတ်ဆွေတွေအကြားမှာ ငြင်းခုန်ရတဲ့အခါတိုင်း စည်းကမ်းချက်ထုတ်ရမယ်ဆိုရင် ဘယ်လိုဟာမျိုးဖြစ်လေမလဲ။

ဒါကတော့… တောင်းပန်တာကိုလက်ခံတယ်လို့မပြောပါနဲ့ ပြီးတော့ စိတ်အနှောက်အယှက်ဖြစ်ခဲ့တာတွေကို အစပြန်ဖေါ်ပြီး လမ်းဘေးတနေရာမှာထုတ်ပြောလိုက်ပါ။ ခွင့်လွှတ်ပေးရတဲ့အခိုက်အတန့်ဟာ ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ သင်ဟာ သင့်မိတ်ဆွေနဲ့ပတ်သတ်လို့ သန့်ရှင်းပြီး ဗလာဖြစ်နေတဲ့ ကျောက်သင်ပုန်းတချပ်လိုခံစားရမှဖြစ်မယ်မို့လား။ ဒါပေမဲ့ သင့်မိတ်ဆွေဟာ အမှားတခုကို အကြိမ်ကြိမ်ကျူးလွန်ရင်း သင့်ကိုထိခိုက်ခံစားစေတာကိုလဲ မရပ်နိုင်ဘူးဆိုရင်တော့ သူ့အမှားကိုအကြိမ်ကြိမ်ထောက်ပြခြင်းအားဖြင့် ရေရှည်လက်တွဲဖို့မဖြစ်နိုင်တော့ပါဘူး။ သင်ခွင့်လွှတ်ပေးခဲ့တဲ့ သင့်မိတ်ဆွေရဲ့အမှားတခုကို ဆွဲထုတ်ပြပြီး ကို့လမ်းကိုဆက်လျှောက်လိုက်ပါ။

သင့်စိတ်ထဲမှာ သင့်မိတ်ဆွေဟာ အမှန်တကယ် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတယ်လို့ ခံစားရတဲ့အခါမှာတော့ သူတောင်းပန်လာရင် လက်ခံလိုက်ပြီး သူ့အမှားကိုတော့ စိတ်ထဲမှာဘဲထားလိုက်ပါ။ ဒါကိုအကြိမ်ကြိမ်ပြန်တူးဆွပြီး နောက်တကြိမ်အမှားလုပ်မိတိုင်း လက်နက်တခုလိုပြန်အသုံးမချမိပါစေနဲ့။

တခါတရံလူတွေဟာ ခွင့်လွှတ်ပေးဖို့ပျက်ကွက်တတ်ကျတယ်၊ သူတို့စိတ်ထဲမှာ မိတ်ဆွေတွေအချင်းအချင်း ဘာလုပ်လုပ် အဆင်ပြေတယ်လို့ ထင်တတ်ကျတာကိုး။ ဒါဟာလုံးဝမမှန်ပါဘူး။ သင့်ဘက်ကခွင့်လွှတ်လိုက်တဲ့အတွက် ဒေါသတွေ နာကျင်ခံစားရတာတွေဟာ သင့်ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးကိုလွှတ်ချလိုက်ရသလိုဖြစ်သွားမှာပါ။ သင့်ရဲ့ပျော်ရွှင်မှုတွေကိုလဲ ဆက်လက်ကြားဝင်ဖျက်ဆီးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါဟာသင့်မိတ်ဆွေဘက်က မှန်နေတယ်လို့ မဆိုလိုပါဘူး။ သူလုပ်လိုက်တဲ့အမှားဟာ သင့်ကိုနာကျင်ခံစားစေလောက်တဲ့ အစွမ်းအစမရှိတာကြောင့်လို့ ရိုးရိုးလေးတွေးလိုက်ပါ။

396984_437364982983888_758883983_n

By Shwe Ei
(ရှာဖွေစုဆောင်းဝေမျှသည်။)
27.Jan.13

55 comments

  • ဦးကြောင်ကြီး

    January 28, 2013 at 10:43 am

    ခွင့်လွှတ်တတ်တဲ့ ရွှေအိကို ဦးကြောင်ခြစ်တယ်။

  • ခိုင်ဇာ

    January 28, 2013 at 10:57 am

    ခွင့်မလွှတ်ဘူး။ ခွင့်မလွှတ်နိုင်ဘူး။
    စိတ်နာ စရာဆို မေ့သွားမှာ ကြောက်လို့ နေ့တိုင်း အနုံ့နုံ့ပြန်တွေးတယ်။
    မှတ်ထား၊ တေးထားတယ်။
    ထင်းခွေမကြုံ ရေခပ်ကြုံလို့ စဉ်းစားထားတယ်။
    ရာဇဝင်ကြွေး၊ သွေးကြွေးဆပ်ရတာ ဝါသနာပါတယ်။
    (ဟူး။ ပြောရတာကို မောပါတယ်။ ဘာ ကျန်သေးတုန်း)
    :harr:

    နောက်တာပါ ညီမလေး။ ခုန ကတည်းက ဖတ်ပြီး သဘောကျနေတာ။
    ကိုယ်တိုင်တော့ ခွင့်လွှတ်တတ်အောင် ကြိုးစားနေတုန်းပါ။ :hee:

  • moonpoem

    January 28, 2013 at 10:59 am

    မရွှေအိရေ ခွင့်လွှတ်ရတာတွေ သည်းခံရတာတွေများတော့လည်း အနိုင်ကျင့်ချင်ကြပါတယ်။ အနိုင်ကျင့်တာတွေများတော့လည်း သည်းမခံချင်တော့ဘူး။ မရွှေအိပြောသလိုပါပဲ တစ်ခုခုကို ဒေါသထွက်ပြီဆိုရင် အရင်တစ်ခေါက်ကလည်း ဒီလိုပဲ လုပ်တာဆိုပြီး ပြသ၁နှစ်ခုကို တစ်ပြိုင်နက် တူးဖော်မိတာပါပဲ။

  • မောင့်ကျက်သရေ ဂီ့

    January 28, 2013 at 11:14 am

    မင်ဂါပါ မမပြာ…
    မိဂီနဲ့ သိမ့်ဂလေးနဲ့ အရေးကိုလည်း ပစ်မထားစေချင်ပါပူးမမပြာ…
    မိဂီကို ခွင့်လွှတ်မယ် မလားဟင်င်င်င်င်င်

    အာဟိ

    :harr:

  • တိမ်မည်း

    January 28, 2013 at 11:47 am

    ခွင့်လွတ်ခြင်းသည် ဆေးခါးကြီး….
    စိတ်ရောဂါတချို ့သက်သာစေရန်အတွက် အထူးအသုံးဝင်သည်…..
    ဆေးခါးကြီး သောက်ကြအုံးမလား……
    :harr:

  • panpan

    January 28, 2013 at 12:45 pm

    ခုလေးတင် ဖွဘုတ်မှာ အူးတပ်မ၇ရရှဲထားတာ ဒီမှာပြန်ရှဲပြီ

    အက်ဒီဆင်အတွက်တော့ လျှပ်စစ်မီးသီးကို တီထွင်ရတာမလွယ်လှပါဘူး။
    အကြိမ်ပေါင်းများစွာ စမ်းသပ်ရာကနေ ပထမဆုံး သူရဲ့ မီးလုံးလေးဟာလင်းလာခဲ့တာပါ..

    အဲ့အတွက် သူတင်မကဘူး သူနဲ့ အတူတူသုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကိုရင်ခုန်စွာနဲ့ ခံစားရတာပေါ့။

    အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းထဲ သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်သယ်လာခိုင်းလိုက်တယ်။ အဲဒီစမ်းသပ်ခန်းကို အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်။

    တပည့်က သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။
    လက်ထဲက မီးသီးလေးကိုရင်တထိတ်ထိတ်နဲ့သယ်တယ်။
    ဂရုစိုက်လေစိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ
    လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်။

    အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထင်ခဲ့တဲ့ မီးလုံးလေးကျကွဲသွားပေမဲ့ အက်ဒီဆင် က သူ့လက်ထောက်ကို အပြစ်မတင်ခဲ့ဘူး။

    “ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲပြောခဲ့တယ်.။

    သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး
    မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပူ
    အပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က အပြစ်မတင်ခဲ့ဘူး..။နောက်ထပ်ပိုကောင်းမယ့် မီးသီးတလုံးအတွက်သာ အတူကြိုးစားကြဖို့ အားပေးခဲ့တယ်..

    နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်နိုင်ခဲ့တယ်..တီထွင်လို့ ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။

    ဒီတစ်ခါတော့ တပည့်ကချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။

    ဒါကိုဘေးကနေ ကြည့်နေတဲ့ အက်ဒီဆင်ရဲ့ မိတ်ဆွေတစ်ယောက်က အက်ဒီဆင်ကို …“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ။
    ထပ်ပြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ ..။ ”ဆိုပြီး အက်ဒီဆင်ကို အပြစ်တင်တယ်…ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို
    စေ့စေ့ကြည့်ရင်း ပြုံးပြီးပြောတယ်.။

    “ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။
    နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ အခွင့်အရေးပေးရတာ..။” တဲ့..

    တစုံတယောက်က သူငယ်ချင်းအပေါ် အမှားလုပ်မိရင်..
    သူငယ်ချင်းဘက်ကလည်း ခွင့်လွှတ်နိုင်ခဲ့မယ်ဆိုရင်…
    နှုတ်ကပဲ ခွင့်လွှတ်ပါတယ်လို့ ပြောမယ့်အစား…
    အက်ဒီဆင့်လို .. သူ့အပေါ် နောက်တကြိမ် အခွင့်အရေးပေးကြည့်လိုက်တာက
    သူငယ်ချင်းရဲ့စိတ်ဓါတ်ပြည့်ဝမှုကို ပိုပြီး..လှစ်ဟပြနိုင်ပါလိမ့်မယ်.လို့ ထင်ပါတယ်
    အားလုံးပဲ..ပြည့်ဝသောစိတ်ထားများဖြင့် ခွင့်လွှတ်နိုင်ကြပါစေ..

    (ပိုးဟပ်ဖြူ)

    —–
    တဲ့ :chee:

    • မောင့်ကျက်သရေ ဂီ့

      January 28, 2013 at 12:51 pm

      အေးဗျာ…
      ပိုစ့်ပိုင်ရှင် အာလဖွားယီးလည်း အထီးကျန်ရရှာတဲ့ မိဂီ ဘွလေးကို
      နားလည်ခွင့်လွှတ်ပြီး သူ့ညီမလေးသိမ့် နဲ့ မိတ်ဆက်ပေးခဲ့မယ်ဆိုရင်ဖြင့်…

      :528:

      • panpan

        January 28, 2013 at 1:00 pm

        အဲ့လာပြောတာပါ့ ယောက္ခမကြီးရယ်
        ဒါနဲ့ ယောက္ခမကြီးရဲ့သားလေးကော နေကောင်းလားဟင်င်င် :harr:

        • မောင့်ကျက်သရေ ဂီ့

          January 28, 2013 at 1:18 pm

          ဘယ့်နှယ့် ကျန်ကျောင်းပဲ မျက်စောင်းထိုးနေသလဲကွယ်..
          သူ့အဖေတောင် မစွံသေးတာကို …

          :byae:

  • Mobile

    January 28, 2013 at 1:09 pm

    ခွင့်လွှတ်စိတ်က တစ်ခါတစ်ရံဒေါ့ကောင်းတယ်လို့ ပြောရမှာဖြစ်သလို
    တစ်ခါတစ်ရံကျပြန်ဒေါ့လည်း မကောင်းပြန်ဘူးဗျ။
    ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ် မေတ္တာစိတ်လေး ထားပြီးးးးးးးးး
    ခွင့်မလွှတ်သင့်သည်ကိုတော့ အသေသာဆော်ပစ်ပေဒေါ့ဗျာ အဲ့ဒါ ကောင်းမယ်လို့
    ကျုပ်ကဒေါ့ ခံယူထားဒယ်ဗျို့………………………

    • Shwe Ei

      January 28, 2013 at 1:23 pm

      အသေဆော်မဲ့ မောင်ငေးမိုဘိုင်းရေ၊ အသေမဆော်ခင် အရင်ဆုံး
      ရေတခွက်လောက်သောက်ပြီး စဉ်းစားကျစေလိုဘာဒယ် (c/d အဘဖေါ) :mrgreen:

  • Shwe Ei

    January 28, 2013 at 1:18 pm

    @အူးကြောင်
    အူးကြောင်ကို ပြန်မခြစ်နိုင်တာလဲ ခွင့်လွှတ်ပေးမယ်မဟုတ်လားငင်င်???
    @မခိုင်ဇာ
    ခွင့်လွှတ်တတ်အောင်ကြိုးစားရတာ တကယ်ကိုမလွယ်လှပါဘူး။ ဒါပေမဲ့ နာကျင်စရာတွေကို ထမ်းပိုးထားရတဲ့ စိတ်နှလုံးက သာမာန်ထက်လေးလံလွန်းတယ်မို့လားဗျာ။ ဆိုတော့ ကြိုးစားကြည့်ကြတာပေါ့။
    (သများလဲ အစမ်းလေ့ကျင့်နေတုန်းပါ) :mrgreen:
    @လကဗျာ
    ပြသနာအသစ်ကြုံတိုင်း အဟောင်းကိုပြန်တူးမိတာ ဖြစ်တတ်တဲ့သဘောမို့
    ခွင့်လွှတ်မယ်ကြံရင် မကျေနပ်သမျထုတ်ပြောဖို့ တိုက်တွန်းတယ်ထင်ပါရဲ့။
    စိတ်ရှိ လက်ရှိပြောလိုက်ပြီးရင်တော့ ပြေးပေါက်ရှာရမဲ့ကိန်းနော… :mrgreen:
    @ ဝီးချဲဂီ
    ဝီးချဲဂီကိုတော့ ဝီးချဲဂီမို့လို့ကို ခွေးလွှတ်ထားဘာဒယ်….
    @တိမ်မည်း
    ကိုတိမ်မည်းရှင့် ဆေးခါးကြီးဆိုတာ ဘာလဲသေချာမသိပေမဲ့
    စိတ်ရောဂါသက်သာတယ်ဆိုလို့ ဆေးခါးကြီးအကြောင်း
    သေချာလေ့လာထားတယ်လို့ ယုံကြည်မိပါဂျောင်း… :kwi:
    @ပန်ပန်
    ခွင့်လွှတ်ခြင်းအကြောင်းကို တိုတိုနဲ့ ထိမိတဲ့ ဥပမာပေးကွန်မန့်လေးပေးလို့
    ကျေးဇူးဘာ ခေးရယ်။ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ နောက်တကြိမ်ကြိုးစားခွင့် ပေးခြင်းဖြစ်တယ်
    ဆိုတဲ့ အဆိုကိုသဘောကျမိကြောင်းဘာ။

    ခင်တဲ့
    မရွှေအိ

  • နွယ်ပင်

    January 28, 2013 at 1:36 pm

    ခွင့်လွှတ်ချင်ပါတယ် ခွင့်လွှတ်ချင်စိတ်လေးလည်းရှိပါတယ်
    ခွင့်လွှတ်ဖို့လည်း ကြိုးစားမိပါတယ် ( ဒေါသ ငယ်ထိပ်မရောက်ခင်ချိန်လေး ခိခိ)
    အရကား စတာပါ မမပြာရယ် ချိလို့နော် ဟိဟိ ..
    မမပြာပိုစ့်လေးကို အရမ်းသဘောကျပါအိ ….

    • Shwe Ei

      January 28, 2013 at 2:01 pm

      စိတ်လျှော့ပါ ဘင်ဘင်။ ဘင်ဘင် ဘလောက်စိတ်ကြီးလဲ
      သများသိတယ်နော် :harr:

  • surmi

    January 28, 2013 at 1:42 pm

    ခွင် ့လွှတ်ရပေါင်းလည်းများပြီ
    မေ ့ချင်ယောင်ဆောင်ခဲ ့ရပေါင်းလည်းများပြီ
    ဟင်းးးးးးးးးးး ဒီနေ ့တော ့တွေ ့ပြီပေါ ့ကွာ ….. 🙂

    • Shwe Ei

      January 28, 2013 at 2:04 pm

      အန်ကယ်ဆာရေ ခွင့်လွှတ်ဖို့စဉ်းစားလိုက်မှ အတိတ်ကိုပြန်ဆွမိဘီထင်တယ်။
      ပြသနာနှစ်ခုတော့ တပြိုင်ထဲ အစမဖေါ်မိစေနဲ့နော…
      ပြောချင်ရာတေ အကုန်ထုတ်ပြောပြီးရင်လဲ ပြေးပေါက်ရှာထားအုံး .. :kwi:

  • ရွာသူ jujuma .

    January 28, 2013 at 1:49 pm

    အရာရာကို သည်းခံစိတ်ထားပြီး ခွင့်လွှတ်ခဲ့ပါတယ် …
    ဒါပေသိ ခွင့်လွှတ်တိုင်းလည်း မကောင်းပါဘူး..ကိုယ်က ခံ ရတဲ့ဘက်ကချည်ပဲ ..
    အဲတော့ သည်းခံနိုင်တဲ့ အတိုင်းအတာတစ်ခုထိတော့ သည်းခံပြီး ခွင့်လွှတ်လိုက်မယ်ပေါ့….
    အများကြီးတော့ခွင့်မလွှတ်တတ်သေးပါဘူးးးး :hee:

    • Shwe Ei

      January 28, 2013 at 2:15 pm

      အိုက်ရှ်…. ဒို့ရွာသူတွေကတော့ ဆော်မယ်ဆိုတာချည်းဘဲ။
      ခွင့်လွှတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲတော့မယ် ထင်ပ …. :harr:
      သည်းခံတတ်တဲ့ မဂျူးဂျူးမ ရေ အတိုင်းအတာတစ်ခုဆိုတာလေးကို
      နဲနဲဆွဲဆန့်ကြည့်ပါလားလို့ ………. :mrgreen:

  • အရီးခင်လတ်

    January 28, 2013 at 4:17 pm

    ရေးထားတာတွေ အားလုံး တန်ဖိုးရှိပါတယ် ရွှေအိရေ။
    သည်းခံတာ ခွင့်လွှတ်တာ ချက်ခြင်းတော့ မလွယ်ပါဘူး။
    တစ်ဆင့်ချင်း တစ်ဆင့်ချင်း နဲ့ဘဲ တက်ရတာပါဘဲ။
    ငယ်တုန်းက ထက်တယ်၊ စွာတယ် ဆိုတာရှေ့က နေပြီး နောက်မှာမှ သည်းခံတာ က အကြောင်းမဟုတ်ဘူး။
    အသက်ရလာချိန်မှာတော့ သည်းခံရင်း ခွင့်လွှတ်တာက ရှေ့မှာနေမှ ကိုယ့်ဂုဏ်ကို တင့်တယ်စေတယ်လို့ မှတ်ပါတယ်။
    ဒီလို Reminder Post လေးအတွက်ကျေးဇူးပါ။

    • Shwe Ei

      January 28, 2013 at 5:23 pm

      အရီးရေ သည်းခံရင်း ခွင့်လွှတ်တာက ရှေ့မှာနေတာ ကိုယ့်ဂုဏ်ကို တင့်တယ်စေတယ်လို့
      ကျမလဲ လက်ခံပါတယ်။
      အရီးတို့လို အပြောအဆိုယဉ်ကျေးပါးနပ်တဲ့ ရွာ့လူကြီးတွေကို အတုယူခွင့်ရတာလဲ
      မန်းဂဇက်ရဲ့ အားသာချက်တခုဘာဘဲ။

  • ဗုံဗုံ

    January 28, 2013 at 4:40 pm

    အစတည်းက သီလရှင် ဝတ်ဖို့စဉ်းစားထားတဲ့ သူဆိုတော့ ကြိုပြီး ခွင့်လွှတ်ထားပါတယ် မမရွေအိရယ် (ညနေစာမစားရမှာကိုလေ) :harr:

    • Shwe Ei

      January 28, 2013 at 5:27 pm

      ဒဂယ်လားဟင်င်…ဒဂယ်ပေါ့နော်…
      ယုံဝူးးး ယုံဝူးးး ညစာမစားမှာကို :mrgreen:

  • Wow

    January 28, 2013 at 5:54 pm

    မနိုင်လို့သီးခံတာနဲ့ ခွေးလွှတ်တာ မတူဘူးထင်တယ်နော်…. :mrgreen:

    • Shwe Ei

      January 28, 2013 at 8:57 pm

      ဟုတ်ပ မမဝေါင်းရေ …… မနိုင်လို့သည်းခံရတာ အောင့်သက်သက်နိုင်တယ်ဗျ။ ခွေးလွှတ်တာကတော့ ဖစ်ချင်ရာဖစ်လွှတ်ပေးလိုက်တဲ့သဘောပေါ့ခညာ :kwi:

  • kai

    January 29, 2013 at 2:18 am

    တောင်းပန်ခြင်းက..အရင်စရမှာလို့ထင်တယ်…။
    .. တောင်းပန်စရာအလုပ်တခုကို.. တယောက်ကတောင်းပန်မှ.. ခွင့်လွတ်ခြင်းကလာရမှာ.. ။ တောင်းပန်/ခွင့်လွတ်ဟာ..မြင့်မြတ်တဲ့လူသားတွေရဲ့အကျင့်စရိုက်ပါ..

    အင်္ဂလိပ်လိုဆိုရင်.. Apologyပြီး မှ Apology Accepted လာမယ်..။ နေရင်းထိုင်ရင်း.. Forgiving လုပ်နေရင်.. ခေါင်းပေါ်တက်လာလိမ့်မယ်..။
    မြန်မာတွေမှာ.. ခွင့်လွတ်တာနဲ့..သည်းခံတာလည်း..ရောထွေးသွားတတ်တယ်..။
    လူဆက်ဆံရေးမှာ.. နေရင်းထိုင်ရင်း.. သည်းခံပြနေတာလည်း..မလုပ်သင့်တာပါ..။

    ဆိုတော့..
    ပုံထဲ.. ကြောင်ရွှေဝါက..ကြောက်နက်ကို.. လယ်ပင်းညစ်နေတာပါဗျို့.. ကယ်ရင်ကယ်..မကယ်ရင်.. ခွင့်လွတ်လိုက်ပါ..။ :kwi:

    • မောင့်ကျက်သရေ ဂီ့

      January 29, 2013 at 4:34 am

      သခင်မျိုးဟေ့ ဒို့ဘာမန်.
      ဟီဟိ. ယူနိုးဝှက်ထ်

      • Shwe Ei

        January 29, 2013 at 9:39 am

        ဝှီးချဲဂီကိုတော့ ပို့စ်ထဲမှာ မဆီမဆိုင် အာ……ဝူးး ချင်နေရင် ပို့စ်ပိုင်ရှင်က ခွင့်မလွှတ်ဘဲ ခဲနဲ့ထုလွှတ်မှာဖစ်ဂျောင်းးးးးးးးးးး :kwi:

        • Wow

          January 29, 2013 at 10:54 am

          လုပ်ပလိုက်စမ်းဘာ… အပလို့ဂျိလာ မှ ခွေးလွှတ်မှာလို့… :kwi:

    • Shwe Ei

      January 29, 2013 at 9:35 am

      သဂျီးမင်းနှယ် ပို့စ်ပါအကြောင်းအရာကလဲ သဂျီးကွန်မန့်နဲ့ တသဘောထဲပါဘဲ။
      Apology အရင်လာပြီးမှ Apology Accepted ကိုဘယ်သို့ဘယ်ပုံလုပ်ကျမလဲ
      ဆိုတာ အကျယ်ဆွေးနွေးတဲ့သဘောပါ။ အကြိမ်ကြိမ် အမှားလုပ်ပြီး အကြိမ်ကြိမ်တောင်းပန်တိုင်း
      ဘဒူကရော အကြိမ်ကြိမ်ခွင့်လွှတ်ပေးမှာတဲ့တုန်း။ ဒါကြောင့်ဘဲ မိတ်ဆွေတယောက်ကို အမှန်တကယ်ခွင့်လွှတ်ချင်ရင် သူနဲ့ပတ်သတ်လို့ အမြင်မရှင်းတာမှန်သမျ ထုတ်ပြောလိုက်ဖို့ အကြံပေးတာပေါ့။ ပြီးမှ ကို့အမှားကိုသိလို့ စိတ်ရင်းနဲ့တောင်းပန်လာရင်
      ခွင့်လွှတ်ပေးရမှာ။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်ခွန်အားကြီးသူတွေမှ လုပ်နိုင်တာမျိုးမို့လား။
      ဒင်းဘက်က အချိုးမပြောင်းရင်တော့ လမ်းခွဲရုံပေါ့ခညာ။

      ဆိုတော့ ပုံထဲမှာပါတဲ့ ကြောင်ဝါနဲ့ကြောင်နက်က ရန်ဖြစ်နေကြတာမဟုတ်ဘဲ ကစားနေကြတာသာဖြစ်လို့ ဒေါသရှေ့ထားပြီး ဂွနဲ့မဆော်မိဖို့ သတိပေးပရဇီ။ :harr:

  • ဘာမဟုတ်၊ ညာမဟုတ်
    သူညားဂို တအားဂျီး ရစ်တတ်တဲ့ လူဒွေဂိုဒေါ့
    ဘယ်နည်းနဲ့မှ ခွှေးလွတ်တတ်ဘူးဂျာ … :mrgreen:

    • Shwe Ei

      January 29, 2013 at 11:14 am

      မောင်ငေးအံကို ဘဒူရစ်တလဲ မမကိုပြော။ မမလိုက်ရန်တွေ့ပေးမယ် …… ခိခိ 😉

      • ဟိုလေ ..
        သူ့နံမယ်ဂ မကျိပြာ ဆိုလားဘဲ …
        မောင်ငေးကို ဖဘ မှာ ရစ်ဒါ ..
        အိုက်ဒါ လိုက်ရန်တွေ့ပေးနော် မမချွေအိ …. :mrgreen:

  • pooch

    January 29, 2013 at 11:27 am

    လူတိုင်းမှာ Vulnerable ဖြစ်တတ်တဲ့ အလွှာတခု ရှိတယ်။

    ဥပမာ အစစအရာရာ နားလည်မှု ရှိပြီး ရင့်ကျက်တဲ့ ခွင့်လွှတ်တတ်တဲ့ လူကြီးတယောက်မှာ အရွယ်မတိုင်ခင် သေဆုံးသွားတဲ့ သမီးတယောက် ရှိတယ် သူက သူ့သမီးနဲ့ ပတ်သတ်ပြီး အသုံးအဆောင်က အစ အသေးစိတ် တန်ဖိုးထား မြတ်နိုးတတ်တယ်

    အဲ့ဒါကို သူ့မိတ်ဆွေက အလိုက်ကန်းဆိုးမသိ မတော်တဆ ဖျက်ဆီးလိုက်တယ်

    အဲ့ဒီမှာ ခွင့်လွှတ်တတ်တဲ့ သူက ဒေါသတကြီးပေါက်ကွဲတယ် အစားထိုးမရနိုင်တဲ့ အရာမို့ ခွင့်မလွှတ်နိုင်ဘူး ဘယ်သူတွေ ဘယ်လိုပဲ ဖြောင်းဖြပါစေ သူက ခွင့်လွှတ်လို့ မရတတ်ဘူး

    အဲ့ဒါ ဘာနဲ့ ဆိုင်လဲ ဆိုတော့ ကျုးလွန်တဲ့ အပြစ်နဲ့ မဆိုင် ဘူး
    သူတဖက်သား ဆတ်ဆတ်ထိမခံနိုင်တဲ့ အရာကို ကိုယ်က သွားထိမိလိုက်လို့ သိပ်ကောင်းတဲ့ မိတ်ဆွေကို ဆုံးရှုံးလိုက်ရတယ်

    အဲ့လိုပဲ လူတိုင်းမှာ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အရာရှိတယ် အဲ့ဒီလို အထိမခံနိုင်တဲ့ အရာက အသက်ကြီးတာနဲ့လည်း မဆိုင်ဘူး ငယ်တာနဲ့လည်း မဆိုင်ဘူး

    ကျမမှာလည်း vulnerable အလွှာလေးတခု ရှိပါတယ် ရွှေအိရယ် ကိုယ်ကျင့် သိက္ခာ ပါ

    လူတချို့က ဘောင်ကျော်တတ်တယ် ကိုယ်လုပ်လိုက်တဲ့ အပြော အပြုဟာ တဖက်သားရဲ့ ဘယ်လို အရာတွေကို ထိခိုက်သွားသလဲ ဆိုတာ တခါတခါ သိပ်သတိမထားလိုက်မိဘူး သိတဲ့ အချိန်မှာ အတော်လေးကို နောက်ကျနေပြီ

    အဲ့လို ကျမသီးမခံတတ်တဲ့ အရာတို့ လူတို့ ဆိုရင်တော့ ကျမဖြေရှင်းတဲ့ အကောင်းဆုံးနည်းက ဥပေက္ခာပြုပြီး နေလိုက်တာပါ

    ဘာဖြစ်လို့လဲ ဆိုတော့ တချို့က တောင်းပန်တတ်ပေမဲ့
    တချို့ကတော့ တောင်းပန်စရာမလို ဘူးလို့ ယူဆတယ်ထင်ရဲ့

    အဲ့ဒီလို မတောင်းပန်တတ်တဲ့ သူတွေ နဲ့ အလိုက်ကန်းဆိုးမသိ ထိပ်တိုက်လာတွေ့ရင်လည်း ဘယ်တော့မှ သီးမခံဘူး

    ဒါကြောင့်မို့ ကျမကို ဆတ်ဆတ်ထိမခံတဲ့ ငရုတ်သီးလို့ ထောပနာ ပြုကြတာပါ :mrgreen:

    သာမန်အသေးအဖွဲလေးတွေကတော့ သီးခံလေ့ရှိပါတယ် စိတ်ထဲကို မထားတတ်တာပါ ပြောစရာရှိ မကျေနပ်တာရှိ ပွင့်ပွင့်လင်းလင်း ပြောပြီး ပြီးသွားတတ်ပါတယ်

    • Shwe Ei

      January 29, 2013 at 12:00 pm

      မရှိတာထက် မသိတာခက်တယ်လို့ပျောရမှာပေါ့ အမပုရေ။ အလိုက်ကမ်းဆိုးမသိတဲ့ လူတွေအပေါ်ခွင့်လွှတ်ပေးဖို့က တော်ရုံစိတ်နဲ့ဆိုမလွယ်လှပါဘူး။
      မသိတဲ့လူကိုတော့ သိအောင်ပြောလိုက်ရတာ ပိုပြီးနေသာထိုင်သာရှိမလားဘဲ။
      ကိုပြောတာလက်မခံရင် ဆက်မပတ်သက်ရုံပေါ့လေ။
      ကျမတို့ဆို ရွယ်တူမိန်းခလေး လေးယောက် အခန်းငှားပြီးအတူနေကျတော့ ပြောခဲ့သလိုဘဲ
      မရှိတာထက် မသိတာခက်တဲ့ပြသနာတွေ အကြီးအကျယ်တက်ကြပါရောလား။
      အဲဒီမှာ တောင်းပန်တယ် ခွင့်လွှတ်တယ်အဆင့်ကိုကျော်ပြီး ဥပေက္ခာပြုရတဲ့ အဆင့်ကိုတန်းရောက်သွားတော့တာဘဲ။
      ပို့စ်တင်ဖြစ်သွားတဲ့ အကြောင်းအကလဲ ကိုယ်နဲ့တိုက်ဆိုင်လွန်းလို့ပါလေ :byae:

  • etone

    January 29, 2013 at 3:16 pm

    မမပြာချင့် .. အကြိမ်ကြိမ်ခွင့်လွှတ်ပြီးပါမှ … ခွေးမြီးကောက်ကျည်တောက်စွပ်သလို .. အလားတူ ကိစ္စတွေထပ်ခါ ထပ်ခါဖြစ်လာခဲ့လျှင် ဘီလို လုပ်မဒုံး … ဂျီးတော်ရဲ့ ။ ခွင့်လွှတ်တဲ့ လူက နွားလား .. တောင်းပန်တဲ့လူက နွားလား .. အဟိ … နည်းနည်း စားပါ ….. စဉ်းဇားဒါကြောဒါပါအေ … 😆

    စိတ်ထဲ အခဲမကြေလျှင်တော့ .. ဘယ်လိုမှကို ခွင့်လွှတ်ဖို့ဆိုတာ ….. မဖြစ်နိုင်ဘူးပဲ.. ။
    ဒီလိုပဲ … စိတ်ထဲ မကျေနပ်ပဲ ..တောင်းပန်ဖို့ ဆိုတာကလည်း .. မလွယ်ကူဘူးပဲ … ။ တောင်းပန်တာတောင် ..ပဲများပြီး စိတ်ကောက်ပြနေလျှင် ခက်ဘူးလားအေ … ဒီတော့ရှုပ်ပါတယ် … ပဋိပက္ခဖြစ်တုန်း .. ကိုယ်က ဦးအောင် အရင်ဆုံးပါးပိတ်ရိုက်ပလိုက်… ပြီးလျှင် စကားနဲ ရန်ဆဲ .. ဥပက္ခာပြုထားလိုက် … တသက်လုံး သူ့ကြောင့်စိတ်မတိုရတော့ဘူး … ခစ်ခစ် ခစ် ခစ် :kwi:

    • Shwe Ei

      January 29, 2013 at 4:16 pm

      အမ်မငီး ကိုရိုက်သူရိုက်အပြန်အလှန်ရိုက်နေကြရင်ပြီးပါအုံးမလား အန်တီတုန်။
      အိုက်ဂလိုအဖြစ်အပျက်တွေရှိတတ်လို့ ခွင့်လွှတ်နည်းအဖုံဖုံတင်ပြထားတာပါကွယ်။

      မိတ်ဆွေတွေအကြားမှာ ငြင်းခုန်ရတဲ့အခါတိုင်း စည်းကမ်းချက်ထုတ်ရမယ်ဆိုရင် ဘယ်လိုဟာမျိုးဖြစ်လေမလဲ။

      ဒါကတော့… တောင်းပန်တာကိုလက်ခံတယ်လို့မပြောပါနဲ့ ပြီးတော့ စိတ်အနှောက်အယှက်ဖြစ်ခဲ့တာတွေကို အစပြန်ဖေါ်ပြီး လမ်းဘေးတနေရာမှာထုတ်ပြောလိုက်ပါ။ ခွင့်လွှတ်ပေးရတဲ့အခိုက်အတန့်ဟာ ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ သင်ဟာ သင့်မိတ်ဆွေနဲ့ပတ်သတ်လို့ သန့်ရှင်းပြီး ဗလာဖြစ်နေတဲ့ ကျောက်သင်ပုန်းတချပ်လိုခံစားရမှဖြစ်မယ်မို့လား။ ဒါပေမဲ့ သင့်မိတ်ဆွေဟာ အမှားတခုကို အကြိမ်ကြိမ်ကျူးလွန်ရင်း သင့်ကိုထိခိုက်ခံစားစေတာကိုလဲ မရပ်နိုင်ဘူးဆိုရင်တော့ သူ့အမှားကိုအကြိမ်ကြိမ်ထောက်ပြခြင်းအားဖြင့် ရေရှည်လက်တွဲဖို့မဖြစ်နိုင်တော့ပါဘူး။ သင်ခွင့်လွှတ်ပေးခဲ့တဲ့ သင့်မိတ်ဆွေရဲ့အမှားတခုကို ဆွဲထုတ်ပြပြီး ကို့လမ်းကိုဆက်လျှောက်လိုက်ပါ။

      အဲ ဒေါ်တုန်ပြောသလို ပါးရိုက်ပြီးမှ ဥပေက္ခာပြုချင်ရင်တော့ စမ်းကြည့်ပါလို့ …. ခိခိ (နောက်ပိုင်းကိတ်စ ရိုက်သူတာဝန်ဘဲမို့လား) ။ အဆင်ပြေရင်တော့ ပြန်ပြောအေ…. :harr:

      • etone

        January 30, 2013 at 1:01 pm

        အဆင်မပြေလို့ ပျံမပျော့တော့ပါဘူး မမပြာ ။ ညက်နှာဗျောင်ပြီး ရေးတဲ့ ကော့မန့်တွေအတွက် .. ချောတီးပါချင့် ..ခစ်ခစ် … ။ :harr:
        ရင်ထဲမှာ ဒူးရင်းသီးမြိုမိသလို depression ဝင်နေပါတယ်ကွီ …. လူနေပတ်ဝန်းကျင်နဲ့ ခဏတာ ကင်းကွာပြီးနေပါတော့မယ် ။ ဖလူးကစ်ပါ မမပြာ :528:

  • ခင်ခ

    January 29, 2013 at 4:07 pm

    ခွင့်လွှတ်ခြင်းကို အတိုင်းအတာ တစ်ခုထိဘဲ ခင်ခ လုပ်နိုင်သေးပါ၏။
    ဤသည်ကား သည်းခံခြင်းနှင့် နွယ်သည်ဟု ဆိုရမည်လားမသိပါ။
    သည်းခံနိုင်သည့် အတိုင်းအတာထိတော့ ခွင့်လွှတ်နိုင်တယ်လို့ထင်တာပါဘဲဗျာ။

    • Shwe Ei

      January 29, 2013 at 4:46 pm

      မှန်ပါတယ် လေးခင်ခ ရေ။ ကို့စိတ်ထဲက အမှန်တကယ် မကျေနပ်သေးဘဲ
      ခွင့်လွှတ်တယ်လို့ ပြောထွက်ဖို့က အတော်ခက်ပါတယ်။
      သည်းခံတာကတော့ အခြေနေအမျိုးမျိုးမှာ ဖြစ်နိုင်ခြေအမျိုးမျိုးရှိနေလို့
      ခွင့်လွှတ်တာနဲ့ မတူသေးကြောင်း ပြောပရဇီ။

  • နွေဦး

    January 30, 2013 at 4:54 pm

    အချိန်အခါနဲ့ အခြေအနေ အရဘဲ…
    စိတ်ကြည်နေရင် ခွင့်လွှတ်လိုက်မယ်..
    စိတ်မကြည်လို့ကတော့ …
    ပြဿနာ သေးသေးလေးကို အကြီးကြီးလုပ်တတ်တယ်..
    (ကျွန်တော်တော့မဟုတ်ဘူး..သူတို့ သူတို့…)

    • Shwe Ei

      January 31, 2013 at 4:48 pm

      သူတို့ ဆိုတာ ဘဒူတေလဲလို့မမေးတော့ပါဝူး အန်ကယ်ရေ။
      အန်ကယ်ကတော့ ခွင့်လွှတ်တတ်မဲ့ပုံပါ။ တွေ့ဆုံပွဲ့နေ့က မြင်လိုက်ထဲက
      သဘောကောင်းမဲ့အန်ကယ်လို့ ခန့်မှန်းလိုက်မိတယ်။
      လမ်းမှာတွေ့ရင်မုန့်ဝယ်ကျွေးလို့ ရပါတယ်ချင့် :mrgreen:

  • Traditional Medicine

    January 30, 2013 at 5:02 pm

    ခွင့်လွှတ်နိုင် သူများကိုချီးကျုးပါတယ်။

    • Shwe Ei

      January 31, 2013 at 4:50 pm

      မိထူး (Me Too ) ပါခညာ။ :harr:

  • မောင်ပေ

    January 30, 2013 at 9:29 pm

    အိလေးရေ
    အပေါ်က ကိုနွေဦးကွန်မင့်တိုင်းပါပဲကွယ်
    ပညာဘယ်လောက်ပဲတတ်တတ် ရှိရှိ
    တန်းကြုံရတဲ့ အခြေအနေမျိုးမှာ
    အမှားအမှန်ကို စိတ်အေးအေးနဲ ့ ဝေဖန်ပိုင်းခြားနိုင်ဖို ့ မလွယ်ပါဘူးကွယ်

    • Shwe Ei

      January 31, 2013 at 5:01 pm

      ကိုပေရေ ခွင့်လွှတ်တယ်ဆိုတာ ပို့စ်ထဲမှာပျောထားသလို
      အမှားလုပ်တဲ့လူဘက်က တောင်းပန်လာမှ စဉ်းစားရမဲ့အခြေနေမျိုးပါ။
      အရင်ဆုံးတော့ တဖက်လူရဲ့ အပြုအမူတချို့အပေါ် ကိုယ်က
      စိတ်အနှောက်အယှက်ဖြစ်လိုက်ရပြီးပြီပေါ့။ နောက်ပြီး အဲဒီလူကိုလဲ ကိုစိတ်ထဲကဖြစ်လာတဲ့
      ခံစားချက်ပေါ်မူတည်ပြီး တုန့်ပြန်လိုက်ပြီးတာမျိုးဖြစ်နေမှာပေ့ါ။ ပြန်တောင်းပန်တယ်ဆိုတာမျိုးက
      ကိုယ်နဲ့မဖြစ်မနေရှေ့ဆက်ပတ်သတ်ရမဲ့ လူအချင်းချင်းသာ အများဆုံးလုပ်ကြမှာကိုး။
      လမ်းမှာတွေ့ရင်း ပခုံးချင်းတိုက်မိလို့ ဆောရီးလို့ပျောတဲ့ လူရှိမယ် မပျောဘဲ မသိချင်ယောင်ဆောင်သွားသူရှိမယ်။ အဲလိုကိတ်စမျိုးအတွက်တော့ ခွင့်လွှတ်လိုက်ရမလားလို့ တွေးနေစရာမလိုဘူးပေါ့လေ။ စိတ်ထဲရှိသလို တုံ့ပြန်လိုက်ပြီးဖြစ်နေမှာကိုး။

  • padonmar

    January 30, 2013 at 10:45 pm

    ရွှေအိရဲ့ အဖိုးတန်စာလေးပါ။
    အန်တီလည်း ခွင့်လွှတ်တတ်ဖို့ ကြိုးစားနေပါတယ်။

    • Shwe Ei

      January 31, 2013 at 5:08 pm

      အန်တီပဒုမ္မာရေ ခွင့်လွှတ်တယ်ဆိုတာ အပြောခက် အလုပ်ခက်
      ကိစ္စမို့ ကိုယ်တိုင်လဲ ကြိုးစားနေဆဲပါ။ တခါတရံစိတ်လွတ်သွားတဲ့အခါ
      ပြောမိပြုမိတာတွေက ကိုယ့်အတွက်ကောင်းကျိုးမပေးလွန်းလို့ စာဖတ်ရင်း
      ပြန်ချင့်ချိန်ဖို ကြိုးစားတဲ့သဘောပါဘဲ။

  • Char Too Lan

    January 31, 2013 at 3:18 pm

    ခွင့်လွှတ်တတ်ပါတယ် မရွှေအိ။ ဘောင်တော့ရှိနေပါသေးတယ်ခည။
    အသက်၃ဝ အရွယ်ပုထုစဉ် မို့ အသက်၃ဝ အတိုင်းအတာလောက်အထိတော့
    ခွင့်လွှတ်နိုင်လာပါပီ… ပြောတာလေးတွေ မှတ်သားသွားပါတယ်

    • Shwe Ei

      January 31, 2013 at 5:12 pm

      ခွင့်လွှတ်နိုင်လာတာ ကောင်းပါတယ်သဲရေ။
      ရှေ့လျှောက်အများကြီးခွင့်လွှတ်ရအုံးမှာ ဟိ… :mrgreen:

  • ခွင့်မလွှတ်ဝူး..လုံးဝကို ခွင့်မလွှတ်ဝူး…
    မျက်နှာပြောင်လည်းတိုက်သေးတယ်.. ပီးရင်လည်း သူပဲ မှန်သလိုလိုနဲ့ မျက်နှာပြောင် ထပ်တိုက်သေးဒယ်..
    ဒီလိုလူမျိုးဒေဂို တစ်ခုခု ပြန်မလုပ်ရမချင်း ခွင့်မလွှတ်ဝူး..

    :mrgreen: ဟီး..အရမ်းပေါက်ကွဲတွားဘီ ထင်ဒယ်…
    အစ်မရေ.. ခံစားရတာတော့ မကောင်းမှန်းသိပါတယ်.. ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း မျက်နှာပြောင်တိုက်တဲ့အရာတွေကို မြင်နေရတော့ ရောဂါက ပိုတိုးတယ်.. ပြောမိပြန်တော့လည်း ကိုယ်အလွန်ဖြစ်ပြန်ရော… အမှားကိုတောင်းပန်လို့ ခွင့်လွှတ်ရတာက တော်ပါသေးတယ်.. အမှားကို အမှားမှန်းမသိ.. ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်ရင်တော့.. တစ်ခါတစ်လေ.. စိတ်ပေါက်ရင်.. လူတောင် ထသတ်လိုက်ချင်တယ်… :kwi:

    • Shwe Ei

      February 3, 2013 at 3:33 pm

      မွန်မွန်ရေ မှားမှန်းသိသိနဲ့ မျက်နှာပြောင် တိုက်သူများကိုတော့
      ကို့ဘက်ကသူ့အပြုအမူအပေါ် သဘောမအကျတဲ့အကြောင်း
      ပွင့်ပွင့်လင်းလင်းထုတ်ပြောခွင့်ရရင်ပြော မရရင် မပတ်သတ်ဘဲနေရမှာပေါ့။
      လူတွေကြားထဲမှာ နေတော့လည်း အကောင်းအဆိုးနှစ်မျိုးလုံးကို လက်ခံနိုင်အောင်
      လေ့ကျင့်ယူရတာဘဲ။ အဆိုးတွေက ခါးသလိုထင်ရပေမဲ့ ကို့အတွက် ဘဝ သင်ခန်းစာကောင်းတွေ
      ရစေတတ်တဲ့အခါမျိုးလဲရှိတာပေါ့လေ။ လောလောဆယ်တော့ အပေါ်ထပ်တိုက်ခန်းတွေက ပစ်ချတဲ့အမှိုက်ထုပ်တွေ ကို့နောက်ဖေး အိတ်ဇစ်လှေခါးမှာ လာတင်လွန်းလို့ တိုက်သာယာရေး အခွန်တောင်မဆောင်ချင်တော့ဝူးးး :mrgreen: ရန်တွေ့ချင်ရင်တောင် တိုက်ရှေ့ထွက်ပြီး ဂေါ်လံနဲ့အော်ရမဲ့ပုံလေ :kwi:

  • Mr. MarGa

    February 3, 2013 at 4:54 pm

    တစ်ခါမှားတာတော့ ခွှင့်လွှတ်မယ်
    နှစ်ခါဆို နည်းနည်း သည်းခံကြည့်ဦးမယ်
    သုံးခါဆို သတိပေးမယ်
    နောက်တစ်ခါ ဆိုရင်တော့ ဆော်မယ်
    ဒါပဲ

  • cobra

    February 3, 2013 at 5:39 pm

    ခွင့်လွှတ်လို့တော့ ရပါတယ်
    ဒါပေမယ့် ရင်ထဲကမေ့လို့မရတာခက်တယ်။

    • Shwe Ei

      February 4, 2013 at 12:31 pm

      @တဂျားမင်း (ဘီယာဆိုရင်တော့ နဲနဲပိုမလားမသိနော်)
      ခင်မင်ရင်းနှီးသူချင်း အမှားကိုအမှန်ပြင်ဖို့ အမုန်းခံပြီး ထုတ်ပြောနိုင်တာ
      ကောင်းတဲ့ကိတ်စပါ။ လူတိုင်းလဲမလုပ်နိုင်ကျဝူးလေ။
      Step by Step သွားတော့ ပိုကောင်းတာပေါ့ကွယ်။
      @cobra
      နံမယ်က အဆိပ်ပြင်းမဲ့ပုံနော်။ လူကိုမြင်ဖူးတော့ ဂလောက်လဲ ဆိုးမဲ့ပုံမပေါ်ပါဝူး။ :mrgreen:
      ခွင့်လွှတ်တယ်ဆိုတာ ရင်ထဲမှာ ဘာမှမကျန်တော့တဲ့အချိန်မှ လုပ်နိုင်တာမျိုးလို့ ထင်ပါတယ်။
      မမေ့နိုင်သေးဝူးဆိုတော့ တခုခုကျန်နေသေးလို့ဖြစ်မှာပေါ့။

  • မောင်ပေ

    February 4, 2013 at 7:47 pm

    မအိရေ…….
    သည်ပို ့စ်မှာ ကွန်မင့်လေးတွေဖတ်ရင်းနဲ ့ ကွန်မင့်ထပ်ပေးချင်လာလို ့ပါကွယ်
    မအိရေ
    ဖိုးဖိုးပေ ရဲ ့ အစ်ကို တစ်ဝမ်းကွဲ တစ်ယောက် နဲ ့ ဖိုးဖိုးပေ တို ့ကြား ကြုံခဲ့တဲ့ အဖြစ်လေးကို ရေးပေးလိုက်ရပါတယ်ကွယ် ။
    လောကကြီးမှာ ရုပ်တည်တည်နဲ ့ ဂုဏ်တွေဒြပ်တွေနဲ ့ ရုပ်မပေါက်ပဲ
    အတွင်းစိတ်ကတော့ စုတ်ပြတ် ရွပိုးထိုးနေတာမျိုး ရှိတဲ့ လူတွေလဲ ရှိသကွဲ ့
    ဖိုးဖိုးပေ တစ်ယောက် သိရသလောက်ကတော့
    အပြင်မှာတော့ ရုပ်တည်တည်နဲ ့ လူမသိ သူမသိ မှ ရွထ တဲ့ ဟာမျိုးကို သွားအစဖော်မိရင်
    ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုး ဖြစ်သွားတယ်ကွဲ ့

    ဟီဟိ

Leave a Reply