အသိမဲ့ခြင်း
အသိမဲ့ခြင်း
ငါချစ်ခဲ့တာတွေလည်း
သဲထဲ ရေသွန်
ငါ့ရဲ့ နိစ္စဓူဝဖြစ်တည်မှုက
အစ္ဇျတ အလွန်…။
သမရိုးမကျတဲ့
နှလုံးသားနွံအိုင်ထဲ
အတ္တတွေနဲ့ လွန်ဆွဲခဲ့ပြီးသည့်နောက်
အသိတွေ ပျောက်
နေ့နဲ့ည ချောက်ချား
အာရုံတွေ မှောက်မှားလို့
ကိုယ့်ကိုယ်ကို ပြန်ကြောက်သွားရတဲ့
အထီးကျန်
အကျည်းတန်ငိုပွဲမှာ
မျက်ရည်တွေကို ရုပ်သိမ်းပေးလိုက်ရသလိုမျိုး
မျိုးပွားဆဲလ်တစ်ခုရဲ့ ပူလောင်မှုက
ရင်ဘတ်ထဲမှာ သန္ဓေတည်ပြီး
တစ်ကိုယ်လုံး ပျံ့နှံ့မွေးဖွား
သွေးသားတွေ သောင်းကျန်းပြီးမှ
ရေပုပ်မြောင်းမှာ တအိအိပြိုကျပျောက်ကွယ်သွားတဲ့
တမံကန်သင်းလိုပေါ့
ခြေလှမ်းတွေကျွံလွန်နေသလား
ခြေလှမ်းတွေကျဲ လွဲနေသလား
ခြေလှမ်းကျယ်ကျယ် လှမ်းသွားပြီးမှ
နစ်မွန်းခြင်းရဲ့ ရသကို ခုံမင်လို့
မျက်နှာလွှဲပြီး
ညတွေကို တွန်းလှန်နေရသလို
သောက ကွန်ယက်
ကြက်ခြေခတ်တွေ မြင်တိုင်း
ရိုင်းစိုင်း ခက်ထန်
မုန်တိုင်းတွေ ထန်
ဒေါမာန်တွေ ပြင်း
လောကဓံရေ… အားနာပါရဲ့
(ကိုယ့်ကိုယ်ကို/သင့်ကို)
နရင်းတစ်ချက်လောက် အုပ်ခွင့်ပြုပါ...။ ။
တောက ကိုရင်
၂၄.၀၁.၂၀၁၃
2 comments
မောင်ပေ
January 31, 2013 at 8:57 pm
နရင်းအုပ်
ပုလင်းထုတ်
အရှင်းဖုတ်
ကမြင်းကုတ်
ထမင်းသုတ်
အလင်းဆက်
September 15, 2013 at 5:47 pm
လောကဓံကို ပဲ အုပ်ပါဗျာ
🙂
ဒီကဗျာလေးကို
တော်တော် ချစ်မိသွားတယ်