တိမ်လှိုင်းကြက်ခွပ်

“တိမ်လှိုင်းကြက်ခွပ်”
အလုပ်ပိတ်တဲ့တစ်ရက် အပြင်ထွက်မလုို့လုပ်တုံး
“လေးပေါက်………….ဘယ်မှာလဲ”ဆိုပြီးဖုန်းဝင်လာပါတယ်။
ရန်ကုန်မှာနေတဲ့ရွာသူတစ်ယောက်။
မန်းလေးကိုအလည်ရောက်နေပါသတဲ့။
အဲဒါနဲ့သူတို့ဘယ်ရောက်နေလဲဆိုတော့မြောက်ပြင်မှာတဲ့။
သူတို့ရောက်တဲ့နေရာနဲ့မဝေးတဲ့ 19လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာချိန်းလို်က်ပါတယ်။
ရောက်လာတော့စကားတွေပြောကြ။
ပြီးရင်ဘယ်သွားချင်လဲမေးတော့ နန်းတွင်းကို သွားချင်ကြပါသတဲ့။
ဒါနဲ့ဘဲ ကျုံးကိုမြောက်ဘက်ကနေပါတ် အရှေ့ပေါက်ကနေ နန်းတွင်းထဲကိုဝင်လို့
မြနန်းစံကျော်ရွှေနန်းတော်ကိုအလည်သွားကြပါတယ်၊
နန်းတော်ထဲအရောက်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကလှိုင်းကြက်ခွပ်ထနေပုံကလှပ။


နန်းဆောင်များနှင့် တိမ်လှိုင်းကြက်ခွပ်





အဲဒိက အပြန် သူ့တို့ကို တည်းအိမ်ရောက်အောင်လိုက်ပို့။
အိမ်မပြန်နိုင်သေးဘဲတိမ်ကြက်ခွပ်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဧရာကမ်းနံဘေးပြေးမယ်လုပ်တော့
နေကျတာ မြန်နေတော့ အချိန်မမှီလောက်။
ရေပြင်ရယ် ကျယ်ပြန့်တဲ့ကောင်းကင်ရယ်ရှိမယ့်နေရာကို
အမြန်ဆုံးရောက်မယ့်နေရာကို တွက်ကြည့်တော့ တက်သေးအင်း အနောက်မြောက်ဘက်ခြမ်းကိုသတိရတော့
ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့ပါတယ်။
ရောက်တဲ့အချိန်မှာကို နေရောင်က မင်းဝံကိုကွယ်ခါနီးနေပါပြီ။
ဒါနဲ့ဘဲ ့ တိမ်လှိုင်းကြက်ခွပ်တွေနဲ့တက်သေးအင်းရေပြင်ကို နေဝင်ချိန်လေးနဲ့
တွဲဖက်လိုက်တဲ့အခါမှာတော့
…………………………………………….
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
30-1-2013

29 comments
ဂန္ဓာရီ ဆြာအုပ်
February 11, 2013 at 9:25 am
wow..လှပါပေ့ကိုပေါက်ရယ် အမိအရပါပဲ
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:26 pm
ကြွယ်လိုက်အုံးမယ် မနေ့ကလဲ ဒါမျုးိလေးတွေရလိုက်သေးတယ်
တောတွင်းပျော်
February 11, 2013 at 10:12 am
ပုံ ရ ကိုသဘောကျတယ်။
ဒီ ့ထက်မက မြင်ကွင်းလေးကို ကျယ်ပေးလိုက်ရင် ပိုလှသွားမယ်ထင်တယ်….
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:27 pm
ဟုတ်တယ်ဗျ ဒီပုံလေးကို အလျားလိုက်မယူလိုက်မိတာရယ် ဗေဒါပင်ကို အဓိက ထားယူလိုက်တော့
နည်းနည်းလေးမြင်ကွင်းကျုံံ့သွားတယ်
ဗုံဗုံ
February 11, 2013 at 10:16 am
လှလိုက်တာဟယ် တိမ်တွေပေါ်တက်ပြီး ခုန်ပေါက်ကလိုက်ချင်တာ တစ်ကယ်ပြောတာ ဖေပေါက်ဂျီး
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:28 pm
တိမ်ပေါ်တက်ကရင်း တိမ်ကျွံသွားရင် ငါလဲ မကယ်နို်င်ဘူးနော် ဗေးကလုံရေ
weiwei
February 11, 2013 at 10:24 am
အရမ်း အရမ်း လှတယ် …
မန်းလေးကို ဒီနှစ်ထဲတော့ သေချာပေါက် ရောက်အောင်လာမှာ …
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:31 pm
မဝေရေ အခုရက်တိမ်တွေက ပိုလှတယ် ။
မနေ့ညနေအလုပ်ပိတ်တော့ တောင် မှ လက်ပံပင်နဲ့တိမ်တွေတင်လိုက်သေးတယ်
လှ၏.
မန်းလေးကိုလာခဲ့ပါ လိုက်ပို့ပေးပါမယ်။
မဒမ်ပေါက်ကလဲ မဝေကိုမျှော်နေပါ၏။
kyeemite
February 11, 2013 at 11:24 am
ကိုပေါက်ရေ..တိမ်လှိုင်းကြက်ခွပ်
မလွတ်အောင်ရိုက်
နေဝင်ခိုက်မှာ
ပန်းဆီရောင်ပြေး
လှလွန်းပေပေါ့….
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:32 pm
ကိုမိုက်ရေ မနေ့က ဥပုဒ်နေ့အလုပ်ပိတ်ရက်
ကျနော်နှစ်သက်တဲ့ပုံလေးတွေအတော်များများရလိုက်ပါတယ်
တင်ပေးပါမယ်။နော်
ခိုင်ဇာ
February 11, 2013 at 11:48 am
ပုံ ၈ ကို ကြိုက်တယ်။ :hee:
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:40 pm
ပုံ(7) ရယ် ပုံ(8 ) ရယ်က ကင်မရာမှာပါတဲ့ ဖန်ရှင်သုံးရိုက်ထားတဲ့အတွက်
သဘာဝထက် နည်းနည်းလေးတော့လွန်သွားပါတယ်။
ဒါပေမယ့်ကျနော်လည်းကြိုက်တယ်။
Myo Thant
February 11, 2013 at 2:06 pm
ဒီတိမ်တွေကလည်း
ဆရာကိုပေါက် ကင်မရာကိုင်လိုက်ချိန်မှာများ
အပြေးရောက်လာကြသလား မသိပါဘူး
တိမ်တွေက တောက်
ကိုပေါက်က ရယ်ဒီ
အားလုံးလှပါသည် ၊
ကိုပေါက်(မန္တလေး)
February 11, 2013 at 3:26 pm
အပြေးမရောက်ပါဘူး ကိုမျိုးသန့်ရယ်
တိမ်တွေဆီကို အပြေးအလွားသွားရတာပါဗျာ
Myo Thant
February 11, 2013 at 3:44 pm
ဆရာရေ
မတ်လ မဟုတ်ရင်တောင် ဧပြီမှာ မန္တလေးရောက်ဖြစ်မှာပါ
ကိုပေါက်ရယ် ဆရာပေရယ် ကိုခင်ခရယ် တွေ့ချင်ပါတယ်ဗျာ
ဒီကြားထဲ ရန်ကုန်ရောက်ရင်လည်း ဖုန်းဆက်ပါနော့
ကိုပေါက်(မန္တလေး)
February 11, 2013 at 4:22 pm
ရောက်ရင် တွေ့ပါမည်
ကျနော်ကတော့ ရန်ကုန်လာဘို့မရှိသေးပါ
thaung htutsoe
February 11, 2013 at 5:31 pm
လှိုင်းကြက်ခွပ်တွေစီးမိုးထားတဲ့နေဝင်ချိန်လေးကို ကြိုက်တယ်
မဟာရာဇာ အံစာတုံး
February 11, 2013 at 5:41 pm
ကြိုက်သဗျာ .. ခိုက်သဗျာ ..
အကုန်လုံး .. အကုန်လုံး …
နောက်ထပ် ထပ်ကြိုက်ရရင် ..
ခညား ချာပေးမယ့် တောင်မလေးလို့ပဲ ကြောရဒေါ့မှာဘဲ ..
aye.kk
February 11, 2013 at 9:05 pm
ပုံတွေအားလုံးလှလိုက်တာ။
ပုံ(၈)ပန်းဆီသွေးရောင်ကိုနှစ်သက်လွန်းမိပါတယ်။
တိမ်တွေကလှလွန်းနေတာကအံ့မခန်းစရာဘဲ။
ကိုပေါက်ရဲ ့လက်ရာလှလှတွေကြည့်ပြီး
အမောလဲပြေ၊အပန်းလဲပြေ၊ကြည်နှူးနှစ်သက်စိတ်ချမ်းမြေ့ရလို ့
ကျေးဇူးအထူးတင်မိပါတယ်။။
Hnin Hnin
February 12, 2013 at 12:58 am
ပုံတွေက လှလိုက်တာ…လေးပေါက်ရေ
ပုံ ၈ က အရောင်က ပန်းဆီရောင် စိုလွန်းလို့ ထူးဆန်းပြီး လှနေတာပဲ။ ပုံ ၄ လည်း လှတာပဲ။
ကိုပေါက်(မန္တလေး)
February 12, 2013 at 9:50 am
ဒီနေ့မနက်စောစော လုလင်ရောက်လာတာနဲ့ လက်ပံပွင့်တွေရိုက်လာသေးတယ် နောက်ရင်တင်ပေးမယ်နော်
padonmar
February 12, 2013 at 11:39 pm
ကိုပေါက်ကို အားကျပြီး တိမ်တွေ မြင်ရင် ဒါ့ပုံရိုက်ချင်လာရော
၊ပြီးတော့ ကြည့်ရင် လှလည်း မလှတာနဲ့ ရှက်ပြီး ဖျက်ပစ်မိရော။
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:17 pm
မမာရေ
ရိုက်ပြီးရင် တင်သာတင်ပေးလိုက်ပါ ။
ပုံတိုင်း ပုံတိုင်းမှာ အလှတစ်ခုစီတော့ ရှိနေမှာအသေအချာပါဘဲ။
မောင်ပေ
February 13, 2013 at 11:09 am
ရေလည် လှတယ် ၊ လန်းတယ်ဗျာ
အဲ့နေ ့က ၊ လေးဗောက်နဲ ့တွေ ့ခဲ့ပေမယ့် တိမ်တွေကို သတိမထားမိခဲ့တာ နာတာပဲ
winkyawaung
February 13, 2013 at 10:09 pm
ဆရာပေါက် တိပ်တွေပေါ်ကို အလည်လာရောက်ခဲ့ပြန်ပါပြီ..။ မကွေးသားကို ဆက်သွယ်ပါအုံးဗျ..။
ကိုပေါက်(မန္တလေး)
February 13, 2013 at 10:28 pm
အကိုဝင်းရေ မကွေးဘက်မရောက်လို့
ရောက်ရင် အသေအချာဝင်ခဲ့မှာပါခင်ဗျာ။
panpan
February 14, 2013 at 8:50 am
နံပါတ်၄ပုံလေးရယ် နံပါတ်၈ပုံလေးရယ် အရမ်းမိုက်တယ်
ကူးထားမယ်နော် လေးလေး :hee:
ကိုပေါက်(မန္တလေး)
February 14, 2013 at 9:46 pm
ကူးလို့ရပါသကွဲ့ ပေးကလန်ရေ
Mr. MarGa
February 14, 2013 at 9:08 pm
မိုက်တယ် မမိုက်ဘူး မပြောတော့ပါဘူး
ကြိုက်လွန်းလို့ ကူးသွားချင်ပါတယ် ဆိုတာရယ်
ကူးပြီးရင်လဲ လက်က အငြိမ်မနေတာမို့ cover photo တင်ချင်ပါတယ် ဆိုတာရယ်
လာ ခွင့်တောင်းတာဗျို့