ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄)
–
–
–
–
–
–
–
–
–
–
–
ကော့ဂွန်းဂူ
လတ်လောင် (16.835032,97.57039) မှာတည်ရှိပါ တယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)
ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀) မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆဒ္ဒန်ဂူ ကိုသွားအပြီးမှာ ဘားအံကို ပြန်ရောက်၊ ညအိပ် နောက်နေ့မနက် စောစော ထ sunrise ရိုက် ပြီး ကော့ဂွန်းဂူကို ထွက်ခဲ့ကြပါတယ်၊ ဘားအံကနေ သံလွင်မြစ်ကိုဖြတ်ပြီး သွားရပါတယ်။ လမ်းတစ်လျှောက် တောင်တန်းကြီးတွေနဲ့ တဲလေးတွေကတော့ သဘာဝကျကျကို လှပနေပါတယ်..
ထွက်လာပြီး နာရီဝက်လောက်အကြာ ၁ဝ နာရီ လောက်မှာ ကော့ဂွန်းကိုရောက်ပါတယ်.. ကော့ဂွန်းကတော့ ကရင်ပြည်နယ်ရဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်. ဂူအတွင်းမှာ ရှိတဲ့ ရှေးဟောင်း သမိုင်းဝင်လက်ရာတွေကြောင့် လို့ဆိုပါတယ်
(ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ ၂ မိုင်လောက် အကွာမှာ ကော့ဂွန်းဂူ တည်ရှိပါတယ်။ ထူးခြားချက်က ဒီထုံးကျောက် ဂူကြီးမှာ ဘုရာပောာင်း အဆူပေါင်း များစွာ ပူဇော် ထားပါတယ်။ ပင်းတယဂူတို့၊ ကလော ရွှေဥမင် ဂူတို့နဲ့ မတူတာက ကော့ဂွန်းဂူမှာ ပူဇော် ထားတဲ့ ဘုရားတွေက အရွယ်အစား သေးသေးနဲ့ ထုံးကျောက် ဂူနံရံ အနှံ့မှာ ကပ်ပြီး ပူဇော် ထားလို့ပါပဲ။ အဲဒီ တဝိုက်မှာ ကော့ဂွန်း ဂူလိုပဲ ရသေ့ပျံဂူ၊ ဘားကပ်ဂူ၊ ဘုရင့်ညီဂူ၊ ဆဒ္ဒန်ဂူ၊ ဝဲပျံဂူ စတဲ့ ဂူတွေဟာလည်း ထင်ရှားပါတယ်။ ဒီဂူတွေ အားလုံးမှာ မြေမီးဖုတ် အုတ်ခွက် ဘုရားတွေကို တွေ့နိုင် ပါတယ်။ အဲဒီ အထဲမှာမှ ကော့ဂွန်းဂူဟာ ယဉ်ကျေးမှု အမွေအနှစ် အများဆုံး ဂူတစ်ခု ဖြစ်ပါတယ်။ https://www.facebook.com/pages/Phophtaw-News-Association/255498477795971 )
ဝင်ဝင်ချင်း မှာ တွေ့လိုက်ရတာကတော့ မျောက် တွေဖြစ်ပါတယ်.. မျောက်ကြီး၊ မျောက်သေး၊ မျောက်လတ်၊ ပတ္တာ၊ မင်းတုုံး အဲလေ ယောင်လို့ မျောက်တွေ တော်တော်များများတွေ့ရပါတယ်..
ဂူကို မရောက်သေးပဲ အဝင်အဝက ကျောက်သားနံရံတွေပေါ်မှာ ဘုရားဆင်းတုတွေ အုတ်ခွက်တွေ ထွင်းထားတာကို အံ့ဩစရာ တွေ့လိုက်ရပါတယ်..
နောက် စည်းခတ်ထားတဲ့ သဲကျောက်ရုပ်ကြွနှစ်ခုကိုလည်းတွေ့ရပါတယ်။
တာဝတိံသာနတ်ပြည်က ပြန်လည်ဆင်းကြွလာတဲ့ဟန် သဲကျောက်ရုပ်ကြွနှစ်ခုကို အစောဆုံးလက်ရာအဖြစ်နဲ့ တွေ့ရှိထားပါတယ်။ ၁ဝ-၁၁ရာစု လောက်မှာထုထားတယ် လို့ ခန့်မှန်းရတယ်။ ပိုပြီးစောတာတွေ မြန်မာနိုင်ငံထဲမှာ တွေ့ရှိနိုင်သေးပေမယ့် ဒီကနေ့အထိတော့ အစောဆုံးတွေ့ရတဲ့ အထောက်အထားတွေပါ။ အပျက်အစီး သိပ်များပေမယ့် အကောင်းကျန်တဲ့အပိုင်းတွေက အင်မတန်ပြတ်သားပြီး လက်ရာသိပ်ကောင်းတယ်။ ဒါကြောင့်ပဲ သေသေချာချာ မှန်းဆနိုင်ပါတယ်။ သဲကျောက်ရုပ်ကြွ (၁) မှာ ညာလက်က ဝိတက္ကမုဒြာ၊ ဘယ်လက်က ဝရဒမုဒြာနဲ့ ပြထားတဲ့ ဗုဒ္ဓကို အလည်မှာထားပြီး၊ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့က ရံထားတယ်။ အပျက်အစီးကပိုများပေမယ့် သဲကျောက်ရုပ်ကြွ (၂)မှာ၊ ဗုဒ္ဓရဲ့ ဘယ်ဘက် သင်္ကန်းအနားပေါ်က ရှေးမွန်စာ ၂၃ ကြောင်းနဲ့ ညာဘက်သင်္ကန်းအနားပေါ်က ရှေးမွန်စာ စာကြောင်းတချို့ပါတဲ့ အပိုင်းကိုတွေ့ ရလို့ သိပ်အရေးပါပါတယ်။ အဲဒီရုပ်ကြွတွေက မွန်လက်ရာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ သုံးထားတဲ့ သဲကျောက်အမျိုးအစားနဲ့ လက်ရာပုံစံကလည်း တခုထဲဖြစ်လို့ တခေတ်ထည်းမှာ ထုလုပ်တာဖြစ်နိုင်တဲ့ တတိယမြောက်ရုပ်ကြွကို သထုံမြို့ ရွှေစာရံ အနောက်မြောက်မှာရှိတဲ့ ဓမ္မာရုံမှာ တွေ့ရတယ်။ အဲဒီကျောက်ပြားရုပ်ကြွမှာပါတဲ့ ရှေးမွန်စာ စာကြောင်းတွေက ကော့ဂွန်းဂူမှာတွေ့တဲ့ ကျောက်ပြားရုပ်ကြွ (၂) ရဲ့ စာတွေအတိုင်းပါ။
http://above-3-or-4-pages.blogspot.com
ဂူကတော့ သိပ်မကျယ်ပါဘူး.. ဂူနံရံတွေမှာ လဲ အုတ်ခွက်လက်ရာတွေ တွေ့ရပါတယ်။ မနေ့ညက ကုန်သွားတဲ့ 8Gb ကို ကွန်ပြူတာထဲပြောင်းတာ ဘယ်လိုမှ အဆင် မပြေတာကြောင့် အပို 4Gb လေးကိုပဲ ချွေရိုက် နေရတာကြောင့် သိပ်မရိုက်ဖြစ်ဘူး ဖြစ်သွားပါတယ်။
ကော့ဂွန်းအဝင်အဝမှာ တော့ စားသောက်ဆိုင်တွေ တွေ့ခဲ့ပေမယ့် သွားစားတဲ့ သူတွေကတော့ ဘာမှ မရဘူးဆိုလို့ ဗိုက်ဟာ ပြီး ပြန်လာကြပါတယ်။
နောက် post မှာ ကတော့ ရသေ့ပြန်ဂူ အကြောင်းဖော်ပြပေးမှာ ဖြစ်ပါတယ်.
ကော့ဂွန်းလိုဏ်ဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာ အနီးတွင်ရှိသည့် ထုံးကျောက်လိုဏ်ဂူဖြစ်သည်။ သံလွင်မြစ် အနောက်ဘက်ကမ်းပေါ်တွင်ရှိပြီး သံလွင်မြစ်ကြောင်းခရီးဖြင့် ဘားအံမှ တစ်ဆင့် ဖားကပ်ဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကော့ဂွန်းသို့ ၂မိုင်ခန့်သွားရသည်။ ရန်ကုန်-ဘားအံကားလမ်းမှ တစ်ဆင့် သွားလျှင် ဘားအံမရောက်မီ မြိုင်ကလေးမှ တစ်ဆင့် သွား၍ရသည်။ ထိုမှတစ်ဆင့် သံလွင်မြစ် အနောက်ဘက် ကမ်းတစ်လျှောက် ရွာစဉ်အတိုင်း ဖောက်လုပ်ထားသော လမ်းကိုသုံး၍ ကော့ဂွန်းလိုဏ်ဂူအထိ ကားဖြင့် သွားနိုင်သည်။ ယခုအခါ နည်းပညာကောလိပ်တစ်ခု ကော့ဂွန်းအနီးတွင် တည်ရှိနေပြီဖြစ်၍ ကားလမ်းအသစ် ဖောက် လုပ်ထားသဖြင့် သွားရလာရ အဆင်ပြေလှပေသည် ။
ဘားအံသည် ယခင်ကိုလိုနီလက်ထက်က ကျိုက္ခမီခရိုင်အတွင်းပါဝင်ခဲ့ရာ ကာနယ်စပီးယားမင်းက ထိုဒေသ အတွင်းထင်ရှားပြီးဖြစ်သည့် ထုံးကျောက်ဂူများကို အုပ်စုငယ် ၂၃ စုခွဲ၍ တင်ပြခဲ့ဖူးသည်။ ရစ်ချပ်တင်ပယ်က ကျိုက္ခမီခရိုင် တစ်ခုတည်းမှာပင် ထုံးကျောက်လိုဏ်ဂူပေါင်း ၄ဝ ကျော်ရှိပြီး ၎င်းတို့အနက် ရှေးဟောင်း အမွေအနှစ် ရှိသည့် ဂူပေါင်း ၂၁ခု ရှိသည်ဟုဆိုသည်။
အဆိုပါဂူများအနက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များနှင့် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိမှုတွင် အထင် အရှားဆုံးမှာ ကော့ဂွန်းဂူပင်ဖြစ်သည်။ ကော့ဂွန်းဂူနှင့်အနီး ပတ်ဝန်းကျင်ရှိသည့်ရွာမှာ ကော့ဂွန်းရွာ၊ ဖားကပ်ရွာ၊ ရသေ့ပျံရွာဖြစ်သည်။ ရသေ့ပျံရွာအနီးတွင် ရသေ့ပျံဂူရှိသကဲ့သို့ ဖားကပ်ရွာအနီးတွင်လည်း ဖားကပ်ဂူရှိသည်ကို တွေ့ရသည်။ အဆိုပါဂူများတွင်လည်း ရှေးခေတ်ဗုဒ္ဓအနုပညာလက်ရာများ ရှိသော်လည်း ကော့ဂွန်းဂူလောက် အနုပညာလက်ရာများ ကြွယ်ဝမှုမရှိချေ။
ကော့ဂွန်းဂူတည်ရှိရာတောင်သည် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည်။ အလျားပေ ၁ဝဝဝ ခန့်နှင့် အနံပေ ၆ဝဝဝ ခန့် ရှည်ပြီး၊ အနောက်မြောက်မှအရှေ့တောင်သို့ တန်းနေသည်။ သံလွင်မြစ်ရှိရာ အရှေ့ဘက်သို့ မျက်နှာမူလျက် ရှိသော ကျောက်တောင်ကမ်းပါးယံတစ်ခုသည် အမြင့်ပေ ၁ဝဝ၊ အလျားပေ ၁ဝဝ ခန့် ရှိသည်။ ထိုကမ်းပါးယံ နှင့်ကပ်လျက် မြောက်ဘက်စွန်းတွင် အလျားပေ ၈ဝ၊ အနံပေ ၄ဝခန့်နှင့် အမြင့်ပေ ၃ဝ ခန့် ရှိသော ကော့ဂွန်းဂူသည် အရှေ့ဘက်သို့ မျက်နှာမူလျက်ရှိသည်။
ကျောက်တောင်ကမ်းပါးယံနှင့်ဂူကို ဆက်သွယ် ထားသည့် ဂူဝတွင် မြေမြင့်ပိုင်းတစ်ခုရှိပြီး ကျောက်စက် မိုးမျှော်များ ကျနေသည်။ ဂူဝသည် အရှေ့ဖက်သို့ မျက်နှာ မူထားသဖြင့် နံနက်ခင်းနေရောင်ခြည်ကို ကောင်းစွာရ ပေသည်။ အနောက်တောင်မုတ်သုန်လေတိုက်ခတ်ခြင်းမှလည်း အကာအကွယ်ရထားသဖြင့် အဆိုပါဂူသည် နေရာ ထိုင်ခင်းကောင်းသော ဂူတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ၎င်းအခြေအနေကောင်းများကလည်း ဗုဒ္ဓနှင့် ပတ်သက်သော အုတ်ကပ်ရုပ်ထုများ နှစ်ပေါင်းများစွာတည်တံ့အောင် ဖန်တီး ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လိုဏ်ဂူအတွင်းပိုင်းနှင့် အပြင်ပိုင်း တို့တွင် အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သားစသည်တို့ဖြင့် ပုံစံအမျိုး၊ အရွယ်အစားအမျိုးမျိုး ထုလုပ်စီမံထားသော ရုပ်ပွားဆင်း တုများ၊ ရုပ်လုံးများ၊ စေတီပျက်များသည် ရှေးခေတ်လူတို့၏ အနုပညာလက်ရာများကို ထင်ဟပ်ပြသနေပေသည်။ လိုဏ်ဂူအပြင်ဘက် ကျောက်နံရံတွင် လည်းကောင်း၊ လိုဏ်ဂူအဝင်ဝ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်နံရံများတွင်လည်းကောင်း၊ လိုဏ်ဂူအတွင်း ကျောက်သားအမိုးများတွင် လည်းကောင်း ၃လက်မ၊ ၄လက်မ အရွယ်ခန့်ရှိသော အုတ်ခွက်များ၊ အရွယ်အစား မျိုးစုံလှသော ရုပ်လုံးများ နေရာ လပ်မကျန်အောင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဆက်စပ်တင်ပြထား ပေသည်။
အုတ်ခွက်ရုပ်ကြွများအကြားတွင် ရွှေမှင်နှင့် ဟင်္သာပြဒါးတို့ကို ရေးခြယ်ထားသဖြင့် ကျောက်နံရံပေါ်တွင် နံရံကပ် အုတ်ခွက်များကို အနီရောင်နှင့် အဝါရောင်ခြယ်လျက် အစု လိုက်အသွင်အပြင်ဖြင့် ခပ်လှမ်းလှမ်းမှပင် မြင်နိုင်သည်။ ရွှေချထားသည့် အုတ်ခွက်များမှာ အနည်းငယ်သာကျန်ရှိ တော့သည်ကို တွေ့ရသည်။ ကျောက်ကပ် အုတ်ခွက်များနှင့် ရုပ်ပွားတော်များကိုစီမံထားပုံမှာလည်း စေတီပုံ၊ ပြဿဒ်ပုံ၊ တံခွန်ကုက္ကားပုံ စသည်ဖြင့် လည်းကောင်း၊ ဇမ္ဗုပတိချွတ်ခန်း၊ ဗောဓိပင်နှင့် ရွှေပလ္လင်ကိုအောင်တော်မူခန်း၊ ပရိနိဗ္ဗာန်စံတော် မူခန်း စသည်ဖြင့် လည်းကောင်း သရုပ်ဖော်ပုံအမျိုးမျိုးရှိပေ သည်။
ဂူအဝတွင် အလွန်ထူးခြားသော ခြောက်မြှောင့် စေတီတစ်ဆူရှိသည်။ ၎င်းစေတီသည် မူလက ကျောက်စွယ် ကြီးဖြစ်သည်။ စေတီကိုလည်း ခြောက်မြှောင့်အပြည့် အုတ်ခွက်များဖြင့် ကပ်ထားသည်။ အထွတ်အထိပ် တစ်ဖက် တစ်ချက်တွင် ရပ်တော်မူဆင်းတုတော်၆ဆူရှိသည်။ ၎င်းစေတီ နှင့် မျက်နှာချင်းဆိုင်တွင် ဂူအမိုးနံရံများတွင် ကျောက်စက်၊ ကျောက်နို့၊ ကျောက်ချောင်းများကိုလည်း မွန်းမံခြယ်လှယ် ထားသည့် ရပ်တော်မူ၊ လျောင်းတော်မူနှင့် တင်ပျဉ်ခွေဘုရား ဆင်းတုတော်များကို တွေ့ရသည်။ ထို့အပြင်ကျောက်နံရံတစ် ခုလုံးတွင် မြေမီးဖုတ် အုတ်ခွက် များကို ပုံစံမျိုးစုံနှင့်ကပ်ထား သကဲ့သို့ နံရံ၏တည်ရှိသည့် အဖုအထစ် အခြေအနေကိုလိုက်ကာ မြေသရိုးဖြင့် ထုလုပ် ထားသော ဗုဒ္ဓ၏ ဖြစ်စဉ် ပုံတော်များမှာ လည်း အများအပြားပင် တွေ့နိုင်ပေသည်။
ဂူနံရံအတိုင်းလျှောက်သွားသည့်အခါ ဂူအဝင်ဝသို့ အရောက်တွင် အပေါ်ဘက်အမြင့်တွင် ထုလုပ်ထားသော မကိုဋ်ပါသောရုပ်ကြွများမှာ ဘုရားလောင်းဇမ္ဗုပတိရုပ်လော၊ မင်းရုပ်ထုလောဝေခွဲရခက်သည့်ပုံများ ဖြစ်ပေသည်။ သို့သော် နားကွင်းများဆင်ယင်လျက် ထုလုပ်ထားသည့် လက်ရာသည် အင်းဝခေတ်တွင်တွေ့ရလေ့ရှိသော လက်ရာ များဖြစ်သည်။ ထိုနည်းတူ ဂူပေါက်ဝသို့ဝင်လျှင် နံရံ၏(၁ဝ)ပေအမြင့်လောက် ၌ထုလုပ်ထားသည့် ထိုင်လျက် မကိုဋ် ဆောင်းရုပ်များ လေးရုပ် တွဲထုလုပ်ထားသည်မှာလည်း ထူးဆန်းသည့်လက်ရာ တစ်ခုပင် ဖြစ်သည်။ ထိုရုပ်ထုများ သည် ကမ္ဘောဒီးယားလက်ရာဆန် လှသည်။ ထုလုပ်ထားသည့်ဘီလူးရုပ်များမှာလည်း ထိုနည်း အတူပင် မြန်မာနိုင်ငံ အတွင်းရှိ လက်ရာများနှင့် ကွာခြားမှုရှိ သည်ကို တွေ့ရသည်။
နံရံကပ်အုတ်ခွက်များနှင့် ရုပ်ပွားဆင်းတုများ၏ သက်တမ်းကို အတိအကျမဆိုနိုင်သော်လည်း ကျောက်နံရံ ရှိ အုတ်ခွက်ရုပ်ပွားများကြားတွင် အနီရောင်ဆေးဖြင့် မွန်ဘာသာ မင်စာအချို့ရေးထိုးထားခြင်းကို လေ့လာလျှင် ခရစ်နှစ်၁၆၉၅မှ ၁၇၉၅ ခန့်အထိ နှစ်ပေါင်း ၁ဝဝ အတွင်း ကော့ဂွန်းလိုဏ်ဂူတွင် ဒါယိကာများစွာတို့က အုတ်ခွက်များနှင့် ဆင်းတုများစွာ လှူဒါန်းခဲ့ကြောင်း သိရှိနိုင်သည်။ တနည်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ ကျော်လောက်ကပင် ကော့ဂွန်းလိုဏ်ဂူသည် ကျောက်ကပ်အုတ်ခွက်များ၊ ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင် ယင်ထားရှိပြီး ဖြစ်ပေသည်။ ထို့အပြင် ကော့ဂွန်းဂူကို ဗုဒ္ဓ ဘာသာဝင်တို့က ဘာသာရေးအဆောက်အအုံတစ်ခုအဖြစ် အလယ်ခေတ်တစ်လျှောက်လုံးတွင် အသုံးပြုခဲ့ဟန်ရှိသည်။
ကော့ဂွန်းဂူနံရံတွင် ထုလုပ်ထားသော ရုပ်ကြွများ အနက် ထူးခြားမှုတစ်ခုမှာ ဓမ္မစကြာလှည်းဘီး ထုလုပ်ထား ခြင်းပင်ဖြစ်သည်။ လှည်းဘီးပုံသည် ကျောက်ကမ်းပါးယံ၏တောင်ဘက်စွန်းရှိ ကျောက်ကပ်အုတ်ခွက် များ ကပ်လှူဆင် မြန်းထားရာ စေတီပြဿဒ်သဏ္ဍာန်အထွတ်တွင်ရှိသည်။ အဆိုပါ ပြဿဒ်အထွတ် တစ်ဖက် တစ်ချက် တွင် အဆိုပါ ဓမ္မစကြာ လှည်းဘီးများထားရှိခြင်းဖြစ်သည်။ မြေပြင်မှ အမြင့်ပေ ၁ဝဝ လောက်တွင် ကျောက်ကပ်အုတ်ခွက်များနှင့် ရောနှောလျက် အပေါ်ဆုံးနေရာတွင် ထုလုပ်ထားသဖြင့် ရုတ်တရက်မြင်တွေ့ရန် မလွယ်ကူချေ။ ဓမ္မစကြာလှည်းဘီးပုံ သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ပြုရာ အမှတ်အသား တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်များတွင် ဤအမှတ်အသားမျိုးတွေ့ရှိကြောင်း မသိရသေးသဖြင့် ကော့ဂွန်းဂူ သည် အလယ်ခေတ်မတိုင်မီကပင် ထွန်းကားခဲ့သော ဘာသာရေး အဆောက်အအုံလောဟု စဉ်းစားရန် ရှိသည်။ ထိုထက် စောသည့် ကျောက်ဆင်းတု အကျိုးအပဲ့များအပြင် ကျောက်ကပ်မတ်ရပ် ဆင်းတုတော်တစ်ဆူကို တွေ့ရှိရသည့်အပြင် ဘုရားလောင်း ရုပ်ပွားတော်ကိုလည်း တွေ့ ရှိရသည်။
ဂူအဝင်ဝတွင် သဲကျောက်ဖြင့်ထုလုပ်ထားသည့် ရုပ်ထုအချို့သည် ဟိန္ဒူဗိဿနိုးဘုရားရုပ်ထုဖြစ်သကဲ့သို့၊ ထိုရုပ်ထုတွင် ရေးသားထားသည့်အရေးအသားနှင့် ထိုရုပ်ထုနောက် နားရှိနံရံတွင်ရေးထိုးထားသည့် စာအရေး အသားများသည် အေဒီ-၆ရာစုဝန်းကျင် အရေးအသားဟန်၊ ထုလုပ်ဟန်တို့ ဖြစ်နေသည်ကို တွေ့ရသည်။ ဂူအတွင်းနှင့် အပြင်တွင်လည်း အရေးအစင်းပါအုတ်တစ်ချို့ကိုတွေ့ရှိခဲ့ရာ လက်ရေးစင်းပါအုတ် များသည် အေဒီ ၅ ရာစု ဝန်းကျင်၌ သုံးခဲ့သည်။ ပျူသို့မဟုတ် မွန်တို့၏ လက်ရာများဖြစ်ဖွယ်ရှိရာ အဆိုပါကော့ဂွန်းဂူသည် ခေတ် အဆက်ဆက်ဘာသာရေး အဆောက်အအုံအဖြစ် အသုံး ပြုရာနေရာတစ်ခု ဖြစ်ဖွယ်ရှိသည်။
၁၈၃၅ ခုနစ်က သွားရောက်ခဲ့သည့် သာသနာပြု တစ်ဦးက ဤဂူအတွင်းရှိ နံရံကပ်အုတ်ခွက်များကို သယ် ဆောင်သွားမည်ဆိုပါက တန် ၅ဝဝ ရှိသောသင်္ဘောသည် အဆိုပါအုတ်ခွက်များ၏ တစ်ဝက်ကိုပင် သယ်ယူမသွားနိုင် ဟုဆိုခဲ့သည်။ ထိုသူတင်ပြခဲ့သောကာလနှင့် ယခုအထိ ဆိုလျှင် နှစ်ပေါင်းနှစ်ရာနီးပါးရှိချေပြီ ဖြစ်သည်။ နံရံရှိ အုတ်ကပ် ဘုရားမှာလည်း လူတို့၏ ပယောဂ၊ ရာသီဥတု၏ ပယောဂ ကြောင့် အများအပြား လျော့နည်းနေပြီ ဖြစ်သည်။ လက်လှမ်းမီသည့် နေရာများတွင် အစားထိုးသောအုတ်ခွက်များကို နှောင်းခေတ်သာသနာပြုတို့က ပြုလုပ်လှူဒါန်းမှုများရှိသော် လည်း သမိုင်းတန်ဖိုးမှာ ကွာခြားသွားပြီဖြစ်သည်။ ယနေ့ထက် တိုင်လည်း အုတ်ခွက်များ ဒါနပြုလှူဒါန်း နိုင်ကြောင်း စာတန်းကို ဖားကပ်ဂူတွင်တွေ့ခဲ့ရသဖြင့် သမိုင်းတန်ဖိုးကို ကာကွယ်သူနှင့် နှောင်းခေတ် သာသနာပြုတို့အကြားတွင် ခံယူချက်ခြင်းမတူ သည်ကို တွေ့ရ သည်။
လူတို့၏ ပယောဂကြောင့် ပျက်စီးမှုတွင် ပထမအကြောင်းအရာ တစ်ခုမှာ ယုံကြည်မှုကြောင့်ဖြစ်သည်။ တစ်ချိန်က အဆိုပါအုတ်ခွက်များတွင် သေနတ်ပြီးသော အုတ်ခွက် ရှိသည်ဟု ယုံကြည်ကြသည်။ ထိုအုတ်ခွက်ကို ဆောင်ထားပါက သေနတ်ဖြင့်မသေနိုင်ဟုယူဆသောကြောင့် သေနတ်ပြီး သည့် အုတ်ခွက်ဟုတ်မဟုတ်ကို စမ်းသပ် ရှာဖွေရာမှ အခြား အုတ်ခွက်များပါ ကြွေမွပျက်သုဉ်းရသည်ဟု ဆိုသည်။ အခြား တစ်ချက်မှာ ရှေးဟောင်း ပစ္စည်း အဖြစ် သယ်ယူကြသည့် မသမသူတို့လက်ချက်ကြောင့် အုတ်ခွက်အကောင်းများပျက် သုဉ်းရခြင်းဖြစ်သည်။ ရာသီ ဥတုကြောင့်လည်း အချိန်ကြာလာသည်နှင့်အမျှ အပျက်အစီးများလာရခြင်းဖြစ်သည်။ ရှေးဟောင်း သုတေသနက အဆက်မပြတ်ထိန်းသိမ်းထားမှုကြောင့် သာ ယခုအနေအထားကို တွေ့ရှိနေရခြင်းဖြစ်သည်။
အုတ်ခွက်ရုပ်ကြွများတွင် နှစ်မျိုးနှစ်စားထုလုပ်ထားရာ တစ်မျိုးမှာ ပုံလောင်းအုတ်ခွက်ရုပ်ကြွများဖြစ်ပြီး၊ နောက်တစ်မျိုးမှာ ကျောက်နံရံကိုသရိုးကိုင်ကာ ထိုကျောက် နံရံနှင့် လိုက်လျောညီထွေရှိမည့်ပုံမျိုးကို အုတ်ကျိုးများ အစား ဖြည့်ထည့်ကာ အပေါ်မှအင်္ဂတေဖြင့် မွမ်းမံသရိုးကိုင်ခြင်း၊ ဟင်္သာပြဒါးသုတ်ခြင်း၊ ရွှေချခြင်းတို့ ပြုလုပ်ခြင်း တို့ဖြစ်သည်။ ပုံသွင်းအုတ်ခွက်ရုပ်ကြွများသည် နံရံတွင် ဘောင်တန်းများ ခံကာ ထိုဘောင်တန်းပေါ်တွင် အုတ်ခွက် များကို ကပ်ထားခြင်း ဖြစ်သည်။ ထိုအုတ်ခွက်များသည် ခွာရလွယ်ကူသလို သယ် ဆောင်ရလွယ်ကူသည့် ပစ္စည်းမျိုး ဖြစ်သည်။ နံရံပေါ်တွင် လိုသလို ပုံဖော်သရိုးကိုင်သော ပုံများမှာခွာ၍ မရနိုင်သဖြင့်သာ ကျန် ရှိနေခြင်းပင် ဖြစ်သည်။
မည်သို့ဆိုစေ ကော့ဂွန်းဂူသည် အလွန်ရှေးကျသည့် ဘာသာရေးဆိုင်ရာ ဂူအဖြစ်တည်ရှိခဲ့သလို ခေတ်အဆက်ဆက်အကြောင်းအမျိုးမျိုးကြောင့် လူတို့ခိုလှုံရာ နေရာ ဖြစ်မည်မှာလည်း မလွဲချေ။ အရေးအစင်းပါ အုတ်ချပ်များ တွေ့ရှိမှုကြောင့် အေဒီ ၅ ရာစုလောက်ထက် နောက်မကျဘဲ လူနေထိုင်ခဲ့ရာဒေသဟု ခန့်မှန်းနိုင်သလို၊ ဗိဿနိုးနတ်ရုပ်နှင့် စာအရေးအသား ကိုတွေ့ရှိခြင်းကြောင့် ခြောက်ရာစုထက် နောက်မကျသော ဂူဖြစ်ဖွယ် ရှိသည်ကိုလည်း ခန့်မှန်းနိုင်ပေသည်။ ထိုအချိန်မှစ၍ ခေတ်အဆက်ဆက် ဟိန္ဒူနတ်များ ကိုးကွယ်မှု၊ ဗုဒ္ဓဘာသာ ကိုးကွယ်မှုများရှိလာခဲ့ခြင်း ဖြစ်ရာ သမိုင်းအတွက် အဖိုးမဖြတ်နိုင်သည့် ဂူတစ်ခုပင် ဖြစ်ပေသည်။
ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)
http://shumanyee.com
ရှေ့နောက် တောင်မြောက် ရှုလေလျှင် တောင်လေသာဝန်းရံပတ်ခွေသော ကရင်ပြည်နယ်သည် ကပတိ လှမျိုးကြွယ်၍ ရှိနေသည်။ မှိုင်းညို့ညို့ပြာ တောင်တန်းနှင့် စိမ်းလန်းစိုပြေသော သစ်တော၊ ပြာလဲဲ့ကြည်လင်သော ရေအလျဉ်တို ့ဖြင့် အလှပေါ်အယဉ်ဆင့်ပနံတင့်လှသော ဤဒေသတွင် သဘာဝတရားပင်မျက်နှာလိုက်၍ ဖန်တီးထားရော့သလားဟုပင် သုတေ သီစာပေပညာရှင်တဦးက ထုတ်ဖေါ်ပြောဖူး၏။ ပြည်နယ် အတွင်းမိုမောက်သော တောင်စွယ် တောင်ထွတ်တို ့ဖြင့် ရှုကြည့်၍ မဝနိုင်သလို ရှေးဗုဒ္ဓဘာသာဝင်တို ့၏ တည်ထားကိုးကွယ် တန်ခိုးကြွယ်သော စေတီပုထိုးတို ့မှာလည်း ထုံးဖြဖြူဖွေးနှင့် စီရစီတည်နေသည်။ စေ တီပထိုးလိုဏ်ဂူတို ့မှ ရှေးသမိုင်းဝင်အကြောင်းအရာများက လေ့လာ၍ မကုန်အောင်ဖြစ်ဘိသည်။စေတီပထိုး လိုဏ်ဂူတို ့တွင်လည်းသူ ့သမိုင်းနှင့်သူအကြောင်းအရာများက သုတေသီတို ့အား ဖိတ်ခေါ်နေလေသည်။
သမိုင်းအရ ရှေးအကျဆုံးနှင့် လေ့လာဖေါ်ထုတ်၍ မပြည့်စုံနိုင်သော လိုဏ်ဂူများအနက်“ကော့ဂွန်း” ဂူသည် တခုပါဝင်လေသည်။ စင်စစ်မှာလည်း ကော့ဂွန်းဂူသည် သုတေသီတို ့ဖေါ်ထုတ်၍ မကုန်နိုင်သော သမိုင်းဝင် အကြောင်းအရာများ လျှို ့ဝှက်စွာ တည်ရှိနေပေသည်။ကော့ဂွန်းဂူသို ့ကရင်ပြည်နယ် ဖားအံမြို ့မှ သံလွင်မြစ် အတိုင်း စုံဆင်းလျှင် ငါးမိုင်ခန် ့အကွာ၌ ဖားကပ်ရွာကို ရောက်ရှိလေသည်။ ဖားကပ်ရွာကြီးသည် သံလွင်မြစ် အနာက်ဖက်ကမ်း၌ တည် ရှိလေသည်။ဖားကပ်ရွာမှ တမိုင်ခန် ့ဆက်သွားလျှင် ကော့ဂွန်းရွာသို ့ရောက်ရှိလေ သည်။ တောင်ကလေးရွာမှ နှစ်ဖါလုံခန် ့တွင် လယ်ကွင်းပြင်၌တတောင်တည်းတည်ရှိနေသော ကော့ဂွန်း တာင်ကို တွေ ့ရမည်။ ကော့ဂွန်းတောင်သည် ထုံးကျောက်တောင်ဖြစ်၍ထိုတောင်၏ အရှေ ့မြောက်မျက်နှာ စာတွင် “ကော့ဂွန်း” လိုဏ်ဂူ တည်ရှိလေသည်။ ကော့ဂွန်းဂူသည် လိုဏ်ဂူဆိုရသော်လည်း မှောင်နှင့်မည်းမည်း မဟုတ်ချေ။ ကျောက်ကမ်းပါးနံရံတည်ရှိ၍ နေရောင်ခြည်အလင်းရောင်ကို ကောင်းစွာရရှိလေသည်။ လိုဏ်ဂူ ကျောက်ကမ်းပါးက အမိုးသဖွယ်ရှိနေပြီး မိုးဒဏ်လွတ်ကင်းလေသည်။ လိုဏ်ဂူအဝင်ဝသည် အရှေ ့ဘက်သို ့မျက်နှာမူနေ၍ နေမွန်းတည့်နီးပါးထိ နံနက်ခင်းနေရောင်ခြည်ကို ရရှိလေရာ ဂူဝသာမကဂူအတွင်း၌လည်း သဘာဝအလျောက် ခြောက်သွေ ့နေလေသည်။ လိုဏ်ဂူအမိုးကျောက်သားတို ့မှာ နဂါးပျဉ်းသဏ္ဍန်ရှိ၏။ ကျောက်သားနံရံအောက်ခြေတွင် တောင်မှမြောက်ပေ ၁၀ဝခန် ့ကျယ်ဝန်းသည်။ ထိုမှ အနောက်ဘက်သို ့ ပေ ၁၅ဝ ကျော်ခန် ့ဆက် သွားလျှင် လိုဏ်ခေါင်းအဖြစ် ကွေ ့ဝင်သွားလေသည်။လိုဏ်ဂူ၏ ဝဲယာနှစ်ဘက်အဆုံးတွင် တောင်ဘက် သို ့ စိုက်ဆင်းနေသော ဂူတွင်းကြီးတတွင်းစီ ရှိလေသည်။ ထိုတွင်းများအဝင်ဝတွင် ကျဉ်း၍ ဝမ်းလျား မှောကပြီး ဝင်ရသော်လည်း အတွင်း၌ ငါးပေ၊ ခြောက်ပေခန် ့ ကျယ်ဝန်း၍ လူတယောက်ကောင်းစွာ ဝင်နိုင်လေသည်။ ထိုတွင်းများသည် သဘာဝအလျောက်သာ လိုဏ်ဂူဖြစ်နေပြီး ထူးထူးဆန်းဆန်း ဘာမျှမရှိချေ။
မြင်ကွင်းဆန်းလှသော ကော့ဂွန်းဂူသည် သဘာဝအလျောက် ဖြစ်ပေါ်နေသော လိုဏ်ဂူ၏အမိုးနှင့် ဘေးနံရံတို ့တွင် ကျောက်ခက် ကျောက်စွယ်များ ဖုံးအုပ်နေလေသည်၊ ကျောက်သားနံရံတို ့တွင် လူတရပ်ခန် ့အရွယ်အစားမှ လေးလက်မ၊ သုံးလက်မ အရွယ်အစားအထိ နံရံကပ်အုတ်ခွက်ဆင်း တုတော်များ ကွက်ပြည့်မျှ ထုလုပ်ထားသည်။ ဆင်းတုတော်များမှာ အနိမ့်အမြင့်အလိုက် ပုံသဏ္ဍန် အမျိုးမျိုးဖေါ်ပြီး ကွက်လပ်မကျန်အောင် စီထားလေသည်။လိုဏ်ဂူအတွင်း အုတ်ခွက်ဆင်းတုတော များဖြင့် ရံပြည့်မျှ စီးထား ၍ အဝေးမှကြည့်လျှင် ကျောက်သားဂူနံရံကို မမြင်ရချေ။ ပြဒါးရောင်ခြယ် သာ အခိုင်လိုက်၊ အခဲလိုက် အုတ်ခွက် ဆင်းတုတော်များ၏ အရောင်လက်မှုကြောင့် မျက်စိ ကျိန်း လာက်အောင် တွေ ့မြင်ရပေမည်။ ကျောက်သား ကျေက်နံရံတို ့တွင် ရှေးလက်ရာဆင်းတုတော်များ ဤမျှ ထုလုပ်ထားနိုင်ခြင်းမှာ အံ့ဖွယ်တနှုန်း ထူး၍ ဆန်းလှသည်။ ထို ့အပြင် ဂူအတွင်း၌ ဆင်ဖြူတော်အရုကြီး တခုရှိလေသည်။ ထိုဆင်ဖြူတော်သည် မင်းတို ့သာ စီးခွင့်ရှိပြီး သာမန်အရပ်သားတို ့ စီးခွင့်မရှိချေ။ အသက်ဆုံးတတ်သည်ဟု ဆိုကြသည်။ ယနေ ့တိုင် မည်သူမျှ တက်စီးခြင်းမပြုဝံ့ကြချေ။ ထို ့အတူ ဂူအတွင်း၌ ထူးဆန်းလှသော ခြောက်မြောက်စေတီဖြစ်အောင် တည်ဆောက်ပြီးပထမံ အုတ်ခွက်ဘုရားများ အပြည့်ကပ်ထားလေသည်။ စေတီတော်၏အထွတ်အထိပ်တဘက်တချက်တွင် ရပ်တော်မူဆင်းတုတော် ခြောက်ဆူကို တည်ထားလေသည်။ ဂူအဝင်မြောက်ဘက်၌မူ နှောင်းလူတို ့ ၏ လက်ရာဖြစ်ဟန်တူသော ရပ်တော်မူဘုရားများ၊ တင်ပျဉ်ခွေဘုရားများ အမြောက်အများရှိပြီး အခါအားလျော်စွာ အလှူရှင်များက ပြင်ပြင်ခဲ့ကြလေသည်။ အထူးမှာ ကော့ဂွန်းဂူသည် ကရင်ပြည် နယ်သာမက မြန်မာနိုင်ငံနှင့် အရှေ ့တောင်အာရှတခွင်တွင် ထူးဆန်းအံ့ဩဖွယ်ကောင်းသည့် ဂူတ ဂူဖြစ်သည်ဟုဆိုက မှားမည်မဟုတ်ချေ။
http://parsithan.blogspot.com
”ကော့ဂွန်ဂူရဲ့ အတွင်းနံရံ၊ အမိုး၊ အဝင်ခန်းမဆောင် နံရံတွေမှာ အေဒီ (၇)ရာစု လက်ရာတွေဖြစ်တဲ့ အုတ်ခွက်၊ ကျောက်ဆစ်ဘုရားရုပ်တု အသေးတွေက ထောင်သောင်းမက တည်ရှိနေတာ အံ့ဩဖို့ ကောင်းပါတယ်။ အချို့ နိူင်ငံခြားသားတွေ လာကတည်းက ကော့ဂွန်းဂူ လေ့လာဖို့ အစီအစဉ် ရှိသလို ဒီရောက်မှ အကြံပေးလို့ သွားကြည့်ဖြစ်တာလည်း ရှိပါတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။ကော့ဂွန်းဂူသည် ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာအတွင်း တည်ရှိပြီး သဘာဝ ထုံးကျောက်ဂူ အမျိုးအစားဖြစ်၍ သံလွင်မြစ် အနောက်ဘက်၊ ပင်လယ်ရေမျက်နှာပြင် ၁၁၆ ပေ အမြင့်တွင် တည်ရှိကြောင်း သိရှိရသည်။ ယင်းဂူရှိ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ ကျောက်နံရံများတွင် မြေမီးဖုတ် အုတ်ခွက် ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံး၊ ရုပ်ကြွများ၊ သဲကျောက်ကို ထွင်းထုထားရသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်တုများ၊ ဆေးရေးစာ၊ မင်စာ၊ ကျောက်စာနှင့်ရှေးမွန်စာ တို့ကို တွေ့ရှိရကြောင်း၊ ထိုယဉ်ကျေးမှု အမွေအနှစ် လက်ရာတို့ကို ပုဂံခေတ်နှောင်းကာလ အေဒီ ၁၃ ရာစုမှ စ၍ လေ့လာတွေ့ရှိပြီး ကော့ဂွန်းဂူနှင့် ပတ်သက်သည့် ခရီးသွား မှတ်တမ်း အထောက်အထားကို ခရစ်နှစ်(၁၉ရာစု) အစောပိုင်းကာလ မှတ်တမ်းတွင် တွေ့ရှိရကြောင်း သိရသည်။ အဆိုပါဂူကို ၁၉၅ရ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန က ထိန်းသိမ်း စောင့်ရှောက်ထားသည်ဟု သိရှိရသည်။
http://www.weeklyeleven.com
12 comments
Myo Thant
February 11, 2013 at 9:55 am
ဆြာအုပ်ခင်ဗျာ
သမိုင်းကြောင်းလည်းသိရ ရောက်ဖို့မလွယ်တဲ့ ဒေသရှုခင်းနဲ့ မှတ်တမ်းတွေကိုလည်း မြင်ရတာမို့ ကျေးဇူးပါဗျို့
P chogyi
February 11, 2013 at 2:25 pm
မြိုင်ကလေးဘိလပ်မြေစက်ရုံတည်ဆောက်ရေးကာလမှာ
မိဘတွေနဲ့အတူ မြိုင်ကလေးမှာ နေခဲ့ရတယ်။
အဲဒီအချိန်တုန်းက ကော့ကွန်းဂူ၊ ဘုရင့်ညီဂူတို့ကို
မကြာခဏရောက်ဖြစ်ပါတယ်။
ဆြာအုပ်တို့လို့ ဓာတ်သေရိုက်စက်တွေက ရှားပါးချိန်
ကျွန်တော်တို့ကလည်း ငယ်ရွယ်ချိန်ဆိုတော့ မှတ်တမ်းမတင်နိုင်ခဲ့ဘူး။
ဆြာအုပ်တိုကျတော အလောင်းစည်သူမင်း လက်ညိုးညွှန်ရာရေဖြစ်သလို
ဆြာအုပ် မျက်စိကျရာ ဓာတ်သေဖြစ်တယ်လို့ ပြောင်းပြောရမလိုဖြစ်နေပြီ။
သကြားလုုံးကြော်
February 11, 2013 at 4:12 pm
ဂူအတွင်းပိုုင်း မျက်နှာကျက်မှာ ထွင်းထားတာတွေက လိုုင်းတွေလိုုင်းတွေ ဖြစ်နေပြီး လှလိုုက်တာ။
မဟာရာဇာ အံစာတုံး
February 11, 2013 at 5:53 pm
နံရံ လက်ရာတွေက ရှယ်ပဲဗျာ …
သာမန် ကြည့်မယ်ဆို ဒီလက်တွေက …
ရှေးကလူတွေ အလုပ်မရှိ အလုပ်ရှာ …
ပေါက်ပေါက်ရှာရှာ လုပ်ထားခဲ့ကြတာ လို့ မြင်ကြမှာပဲ ….
ခညားရော ဘယ်လိုမြင်တုန်း မသိ ….
ကျုပ်ကတော့ အကောင်းပဲ မြင်တယ် …
ဟုတ်တယ်လေ … ဟို ဒုတိယ တတိယ ပုံထဲက အကောင်တောင်မှ ..
အောက်ဆုံးက အရိပ်နဲ့ တွဲပြီး မြင်တတ်သေးတာ …
ဂန္ဓာရီ ဆြာအုပ်
February 11, 2013 at 9:55 pm
ဘာလဲဟ အောက်ဆုံးက အရိပ်နဲ့ တွဲပြီး မြင်တတ်သေးတာ ဆိုတာဘာတုန်း
မောင်ပေ
February 11, 2013 at 8:36 pm
တစ်ကယ်ကို သွားလည်သင့်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ နဲ ့ နေရာတစ်ခုပါကလား
လမ်းညွှန်ပြသပေးလို ့ ကျေးဇူးပါ ဆြာအုပ်
ဂန္ဓာရီ ဆြာအုပ်
February 11, 2013 at 10:00 pm
အဲဒီလောက် ရှေးကျတယ်ဆိုတာ အနော်လဲ ရောက်ပြီးမှ သိတာဗျ..
surmi
February 12, 2013 at 3:09 pm
ကိုးနတ်ရှင်ဖွတ်ဖြစ်နေလို ့မမြင်းရဘူး
ဖိုးကြားဆင်စခန်းအကြောင်းမမေ့နဲ ့ဦးနော
ဂန္ဓာရီ ဆြာအုပ်
February 12, 2013 at 11:40 pm
မမေ့ပါဘူး ဥစာမိရေ ဒါက တင်လက်စတန်းလန်းဖြစ်နေလို့ပါ
Mr. MarGa
February 12, 2013 at 8:30 pm
ဂူနံရံက ဆင်းတုတွေက အတော် ရှေးကျတာပဲနော်
တစ်ခါတစ်ခေါက်တော့ အရောက်သွားဖို့ တွေးမိတယ်။
ဒုတိယနဲ့ တတိယ ပုံက မောင်အံနဲ့ တူသလိုပဲနော်
padonmar
February 12, 2013 at 11:17 pm
ဆရာအုပ်ကို မောင်အံက မန်းကီးနဲ့ နှိုင်းထားတာ တကယ်မသိတာလား။
မသိချင်ယောင်ဆောင်တာလား။
ခံမနေနဲ့။(မြှောက်ပေးလိုက်ပြီ)
….
ကျောက်စာတိုင်ဆိုတာ စာထဲက ခြောက်မြှောင့်စေတီပဲလား။
ပုံတွေကတော့ ရှယ်ပါပဲဗျို့။
ဂန္ဓာရီ ဆြာအုပ်
February 12, 2013 at 11:49 pm
ဝုတ်လား ဒီအံစာတုံးတော့ နက်ဖြန်ရုံးရောက်ရင် တွေ့ကြသေးတာပေါ့