Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Valentine’s day ဆိုတာကို သိခဲ့ရင်

တောင်ပေါ်သားFebruary 11, 20131min52715

ဒီဘက်ခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ကိစ္စ တစ်ခုကတော့ Valentine’s day ချစ်သူများနေ့ ဆိုတာပါပဲ ၊

အဲဒီ ဖေဖေါ်ဝါရီ ၁၄ မှာ စုံတွဲကိုယ်စီဟာ ဟိုသွား ဒီသွား သွားမယ် လည်မယ် လက်ဆောင်ပေးကြမယ်ပေါ့လေ

ကျွန်တော်တို့ ခေတ်တုန်းကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို အဖြေပေးတဲ့နေ့ဟာ ချစ်သူတို့နေ့ ပေါ့ဗျာ

အဲ ခုလိုပြောမှစဉ်းစားမိတယ်

ကျွန်တော့်ချစ်ဦးသူက ကျွန်တော့်ကို အဖြေပေးတာ ဘယ်နေ့ပါလိမ့်

ဖေဖေါ်ဝါရီ ၃ဝ ထင်ပါ့

အဲဒီ Valentine’s day ဆိုတာ AD ၄၉၆ ခုနှစ် ကတည်းက စတင်ခဲ့တာပါတဲ့

ဒါနဲ့ အဲဒီ Valentine’s day ကိုသိရင်
Father’s day
Mother;s day
Parent’s day
Children day တို့ရဲ့ နေ့တွေကိုလည်း လူငယ်လေးတွေ စိတ်ဝင်စားစေချင်ပါတယ် ၊

Valentine’s day ကို အလေးထားရင်
ကျန်တဲ့
Father’s day
Mother;s day
Parent’s day
Children day နေ့တွေကို ပိုလို့တောင် တန်ဘိုးထားရမှာပါ

Father’s day ဇွန်လ တတိယမြောက် တနင်္ဂနွေ
Mother’s day မေလ ဒုတိယမြောက် တနင်္ဂနွေ
Parent’s day ဇူလိုင် စတုတ္တမြောက် တနင်္ဂနွေ
Parent’s day မေလ ၈ ရက် ( South Korea )
Children day ဇွန်လ ၁ ရက် တို့ဖြစ်ပါတယ်

( တိုက်ဆိုင်တာက Children day ဇွန်လ ၁ ရက် ဟာ ကျနော့်သား သန့်ကောင်းစံမွေးနေ့လည်းဖြစ်ပါတယ် )

ဒါပေမယ့် အဲဒီ ရက်တွေဟာ တိုင်းတစ်ပါးက သတ်မှတ်ထားတာတွေပါ ၊

တကယ်တမ်းပြောရရင် ကိုယ့် မိဘ သားသမီးတွေရဲ့ မွေးနေ့တွေကသာ ကိုယ့်ဘဝအတွက် အရေးပါတာပါ ၊

ရုံးက ချာတိတ်တွေက အဲဒီ Valentine’s day အကြောင်းပြော ပြောနေတာ နားလည်းပူလာလို့ပါ ၊

အေးပေါ့ဗျာ ကျုပ်လိုအဘိုးကြီးဖြစ်တော့မယ့်လူ နားပူတာ မလွန်ပါဘူးနော့ ။

 

🙂

15 comments

  • ခိုင်ဇာ

    February 11, 2013 at 12:12 pm

    အဲ့ဒီနေ့ကိုပဲ သတိထားမိတဲ့ အရွယ်မို့ ထင်ပါတယ်ဗျာ။
    အရွယ်နဲ့ အရွယ်ပေါ့။
    အဲ့ဒီမှာတော့ ဒီ Valentine’s Day ကပဲ ကျယ်ပြန့်သလိုမို့နေမှာပါ။
    ခုလို နေ့လေးတွေ ကို နီးစပ်ရာ ပြောပြပေးရုံပေါ့။
    (ခုလို တစ်စုတစ်စည်းသိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။)

    ဒီမှာတော့ ကလေးတွေ ကျောင်းထားတာနဲ့ မိဘတွေကပါ ရှိသမျှနေ့တွေ အကုန်လိုက်သိရတော့တာပဲ။
    ကျောင်းတွေကလည်း အဲ့လို နေ့တွေ ပွဲလေးတွေကျင်းပပေးသဗျ။ :hee:

  • ခင်ခ

    February 11, 2013 at 12:38 pm

    အခုနောက်ပိုင်းခေတ်စားလာတဲ့ ချစ်သူများနေ့လို့ ခေါ်ကြသော
    အဲဒီ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ( Valentine’s Day ) ဝန်းကျင်မှာ
    လူငယ်လေးတွေ လက်ဆောင်တွေပေးကြ ပျော်ကြတာကို သွားရင်းလာရင်း
    မြင်ရတဲ့အခါ သူတို့လေးတွေကြည့်ပြီး ဘာရယ်လို့မဟုတ်ဘူး ခင်ခ စိတ်ထဲတော့ ကြည်းနူးပြုံးမိတယ်လေ။
    ချစ်သူတွေအတွက် ရှိသင့်တဲ့နေ့လေးအဖြစ် ခင်ခ ကတော့ လက်ခံထားပါတယ်။
    ဪ သူတို့ အရမ်းကိုပျော်နေကြပါလားကွယ်လို့…………..။

  • P chogyi

    February 11, 2013 at 2:15 pm

    ကိုမျိုးသန့်ရေ
    ကိုယ်တို့အရွယ်နဲ့တော့မဆိုင်တော့ဘူးလေ
    မသိသလိုပဲနေပေးရတော့မှာပေါ့ သူတို့ခေတ်ရောက်သွားပြီ
    ကိုခင်ခရေ
    သူတို့လေးတွေ အပျော်မလွန်ဖို့ပဲ ဆင်ချင်နိုင်ကြပါစေ

  • kai

    February 11, 2013 at 2:24 pm

    အလုပ်အကိုင်တွေ.. ဈေးကွက်တွေ..ဖန်တီးဖြစ်လာဖို့.. ဒီလိုနေ့တွေလိုတာအမှန်ပါပဲ..
    ဒါမှ.. အပြန်အလှန်လက်ဆောင်ပေးကြ..အခန်းငှားကြ.. ကျူးလွန်ကြ..ပြန်ဆပ်ကြ..ဖြေရှင်းကြ..ချစ်ကြ..ကြိုက်ကြ..နဲ့.. ငွေကြေးလည်ပါတ်စီးဆင်းမယ်လေ..

    ဒါမှတိုင်းပြည်တိုးတက်မှာပေါ့..
    ဒါမှ..
    ချစ်သူတွေပျော်မှာပေါ့…. :kwi:

  • Myo Thant

    February 11, 2013 at 2:25 pm

    မဆိုင်တော့ဘူး မပြောနဲ့နော်
    ထွက်နေတဲ့ ဒေါသတွေ ကိုချိုကြီးအပေါ် ပုံကျလာမယ် ဟင်း ဟင်း
    ဒီမှာ ချောကလက် က ဝယ်ပြီးသား
    ဘယ်သူ့ပေးရမှန်း မသိလို့

    🙁 🙁 :9

    • P chogyi

      February 11, 2013 at 5:44 pm

      မြစ်ကြီးနားသွားမဲ့လူကြုံရှိတယ်
      ထည့်ပေးမလား။

  • သကြားလုုံးကြော်

    February 11, 2013 at 4:03 pm

    children day ရှိမှန်း တောင်မသိဘူး။ အမေများနေ့မှာ လုုပ်ဖော်ကိုုင်ဖက်တစ်ယောက်ကိုု သူ့ကလေးတွေက ပန်းဝယ်ပေးရင်းနဲ့ မေးတယ်တဲ့ ၊ အမေများနေ့ရှိပြီး ကလေးများနေ့ရော ဘာလိုု့မရှိတာလဲတဲ့ ။ အမေကပြန်ဖြေလိုုက်တာက နေ့တိုုင်းနေ့တိုုင်းက ကလေးတွေကိစ္စလိုုက်လုုပ်ပေးနေရတာမိုု့ နေု့တိုုင်းက ကလေးများနေ့ချည်းပဲတဲ့။ ကောင်းလိုုက်တဲ့ အဖြေ။

  • Mr. MarGa

    February 11, 2013 at 7:58 pm

    ဦးမာဃ သိတာတော့
    ပြာသိုလပြည့် – အမေနေ့
    တပေါင်းလပြည့် – အဖေနေ့
    တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက် – အမျိုးသားနေ့
    (မြန်မာလတွေနဲ့ သတ်မှတ်ထားတာတွေပဲ ပြောပြတာနော်)

  • နားပူရင် နားပိတ်ထားလိုက် …
    ဒါမှ မဟုတ် ခေတ် အမှီလိုက် …
    ဒါဗျဲ …. :mrgreen:
    ဂလိုဒွေ လာမပေါနဲ့ .. သိဂျင်ဝူးးးး
    ဗလဒိုင်းဒေးမှာ ဂျစ်ဒူလေးကို ဘာပေးရမဲ ချင်းချားမရဖစ်နေလို့ ..
    အိုက်ဒါ … အကျံပေးအုံးဂျ …. :mrgreen:

  • မောင်ပေ

    February 11, 2013 at 8:40 pm

    အဖိုးကြီးလဲ လဗ်
    အဖွားကြီးလဲ လဗ်
    အားလုံးပဲ လဗ်

  • တောတွင်းပျော်

    February 11, 2013 at 10:07 pm

    ကျနော်ကြားဖူးတာတော ့ valentine’ Day ဆိုတာ
    ခရစ်ယာန်ဘာသာဝင်တွေရဲ ့ သူတော်စင် Saint Valentine ကို
    ဂုဏ်ပြုအမှတ်တရ ပြုလုပ်တဲ ့ဖေဖော်ဝါရီ ၁၄ ကနေဆင်းသက်လာတာတဲ ့…
    သူတော်စင်ကြီးဟာ အများအကျိုးအတွက်ထောင်ကျခံရင်း
    ထောင်ထဲမှာ သေဆုံးသွားရသူ။

  • ဗုံဗုံ

    February 12, 2013 at 8:48 am

    ဒီလူဂျီးကတော့ ကောင်းကောင်းက နန်းကြီးသုပ်စားချင်တာကြတော့ ဈေးများသလေးဘာလေးနဲ့ ချောကလက်ဝယ်ပေးဖို့ကြတော့ နှမျောဘူးတော့ ဖြစ်ပါဘူး ဘိုးဘွားရိပ်သာမြန်မြန်ပို့မှဘဲ :mrgreen:

  • Myo Thant

    February 13, 2013 at 9:02 am

    ဗုံကလေးနော်
    ဘိုးဘွားရိပ်သာ မသွားချင်လို့ ကမ႓ာအေးဘုရားလမ်းဘက်တောင် ဖြတ်မသွားဘူး
    နှင်းဆီကုန်း ဆို အသံကိုမကြားချင်ဘူး

    🙂

    • P chogyi

      February 13, 2013 at 9:29 am

      အဲဒါဆို တောင်ဒဂုံမှာ ရွှေသံလွင်ရှိတယ်။

  • Myo Thant

    February 13, 2013 at 9:37 am

    သိဘူးကွယ်
    ဒို့က လှည်းတန်းမှာနေ
    သံလမ်း လှိုင်နယ်မြေမှာ ရုံး
    ဒါပဲသိတယ်

    🙂

Leave a Reply