အနိုင်ကျင့်ခံရခြင်း


အနိုင်ကျင့်ခံရခြင်း
ကျမတို့ညီမတစ်တွေ အေးအေးချမ်းချမ်းလေးနေခဲ့ကြတာပါ။.
တစ်ရက်တော့ သူတို့ညီအကိုတစ်တွေရောက်လာကြတယ်။
ကျမတို့ကတော့ခပ်ကင်းကင်းနေချင်ကြတာပါ။
ဒါပေမယ့်အမေက သူတို့ဘက်ခပ်ပါပါ။
လက်ခံလိုက်ပါလို့ပြောတော့ အမေ့စကားကို မပယ်ချင်တော့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။
သူကလဲ အမေက လိုက်လျောက်မှန်းသိတော့ စိတ်ညစ်စရာကောင်းလောက်အောင်ကိုအခွင့်အရေးတွေယူတာပါဘဲ။
ကျမတို့ပိုင်ဆိုင်တဲ့နေရာကို ဟိုဝင်ဒီထွက်ယောက်ယက်တွေခပ်ပြီး
ဖလမ်းဖလမ်းထနေတာ အမြင်ကပ်စရာ။
အမေကတော့ သဘောတွေကျလို့။
ကျမတို့ကတော့ အနိုင်ကျင့်ခံရတယ်ထင်မိတာပါဘဲ။
ဒါပေမယ့် မတတ်နိုင်ဘူးလေ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
13-2-2013







13 comments
aye.kk
February 19, 2013 at 12:04 pm
ကိုုပေါက်ရေ
ပန်းလေးတွေကလှလိုက်တာ။
ပန်းမြင်တော့ကဗျာစပ်ချင်မိတယ်။
ပန်းလေးတွေက
အေးအေးချမ်းချမ်း
ပျားလေးကနမ်း
ပြီးတော့…
အလွမ်းတွေချန်ထား၊ဆိုးတယ်တအား။။
မောင်ပေ
February 19, 2013 at 12:57 pm
အားရပါးရ ကို စုပ်နေတာပဲ
ပျား ကို ပြောပါတယ်
ဟီဟိ
TheWinner
February 19, 2013 at 1:27 pm
လေးပေါက်၊
ကူးပြီး အိမ်မှာ ချိတ်ခွင့် ပြုပါလားရှင့်။
ကိုပေါက်(မန္တလေး)
February 19, 2013 at 2:52 pm
TheWinner ရေ နှစ်သက်တဲ့ပုံရဲ့နံပါတ်လေးပြောလိုက်ပါ။
ပြန်ကူးချင်တယ်ဆိုရင် မူရင်းပုံကို မေးလ်က တဆင့်ပို့ပေးပါမည်။
နွယ်ပင်
February 19, 2013 at 2:15 pm
ပန်းလေးတွေက လှလိုက်တာ လေးပေါက်ရယ် …
ကိုပေါက်(မန္တလေး)
February 19, 2013 at 3:12 pm
ဒီပုံလေးတွေက သူများခြံကိုအလည်ရောက်တန်ုး
မိုက်ခရိုဆိုတဲ့ အနီးကပ်ရိုက်ချက်ကို မရိုက်ဘူးလို့ လေ့ကျင့်ရင်းရိုက်ထားတာပါအေ့။
Ma Ei
February 19, 2013 at 3:29 pm
မုန်ညင်းစိမ်း ပန်းကလေးတွေလား ကိုပေါက်ရေ…
ကြည့်ရင်းနဲ့ ပြုတ်တို့ချင်လာတယ်.. :hee
ခိုင်ဇာ
February 19, 2013 at 4:24 pm
ခေါင်းစဉ်ကို ကြည့်ပြီး

လေးပေါက်ကို ဘယ်သူ အနိုင်ကျင့်ပါလိမ့်လို့။
ကိုပေါက်(မန္တလေး)
February 19, 2013 at 4:45 pm
လေးပေါက် ဘော်ဒီကြီးနဲ့ ရှေ့သွားနှစ်ချောင်းကျုုးိနေတာမြင်ရင် အနိုင်ကျင့်ရဲ့မယ့်လူပေါ်မယ်မထင်ပါဘူးအေ့
မဟာရာဇာ အံစာတုံး
February 19, 2013 at 4:54 pm
သိဘာဘူးဂျာ …
အနိုင်ကျင့်ခံရတယ် ဆိုလို့ …
ကျုပ်ဖြင့် လက်သီးလက်မောင်း ဆန့်တန့်ပီး ထွက်လာဒါ …
ဒီရောက်တော့မှ ဘယ်ဟုတ်မဲ …
လူဇိုးဂျီးးး
သူညားဂို စိတ်ပူအောင် လုပ်ဒယ် ခေါ်ဒေါ့ဝူးးး
မိန်းမ ညန်ညန် ချာပေးဒေါ့ .. ဒါဗျဲ ..
အာဂ
February 19, 2013 at 5:03 pm
ကိုပေါက်ရဲ့ တွေးချက်ကတော့ ရိုက်ချက်ကို အရမ်းကို ပြီပြင်စေတယ်ဗျာ.။
Mr. MarGa
February 19, 2013 at 8:13 pm
လေးပေါက်ကတော့နော်
ရှေ့မှာလဲ တွေ့နေတာ၊ ကိုယ့်ကိုလဲ တိုင်နေတာကို
အဲဒီကောင်တွေကို မောင်းထုတ်ပေးလိုက်တာမဟုတ်ဘူး
အားရပါးရ ရိုက်လာရတယ်လို့
လေးပေါက် ရိုက်လာတော့လဲ
ကူးပြီးတော့ ကာဗာဖိုတို တင်ခွင့်ပြုပါဦး လို့ :hee:
ကိုပေါက်(မန္တလေး)
February 19, 2013 at 10:46 pm
မောင်းထုတ်လိုက်ရင် ဝဋ်လည်မှာစိုးလို့ပေါ့ဟ