Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယဉ်ကျေးမှု အမွေ

Mr. MarGaFebruary 19, 20131min96240

ယဉ်ကျေးမှု အမွေ

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။

ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတိုင်းကလဲ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။

အဲဒီလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားတဲ့အခါမှာ (Wikipedia အရ) သုံးမျိုးခွဲလို့ ရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် (ဘုရားပုထိုး၊ ဂူ၊ ကျောင်းတွေ၊ ဝတ်စားဆင်ယင်မှုပုံစံ စတာတွေပေါ့)

စိတ်ပိုင်းဆိုင်ရာ အမွေအနှစ် (စာပေ၊ ဂီတ စတဲ့ အနုပညာတွေ၊ နေ့စဉ်ဘဝမှာ သုံးစွဲနေတဲ့ ဘာသာစကား စတာတွေပေါ့)

နောက်တစ်ခုက သဘာဝအမွေအနှစ် (သူကတော့ နည်းနည်း ကျယ်ပြန့်လာတယ်၊ ဘေးမဲ့တောတွေ၊ နိုင်ငံအတွင်းက သက်ရှိမျိုးစိတ်တွေ၊ သဘာဝအရ ထူးခြားဆန်းကျယ်တဲ့ နေရာတွေ ပါလာတယ်) ဆိုပြီးတော့ပါ။

ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းရာမှာလဲ ရုပ်ပိုင်းဆိုင်ရာကို တစ်မျိုး၊ စိတ်ပိုင်းဆိုင်ရာ (တခြားစကားလုံး ရှာမရလို့ ဒါပဲသုံးလိုက်တာ) ကို တစ်မျိုး၊ သဘာဝ အမွေအနှစ်တွေကို တစ်မျိုး ဆိုပြီးတော့ နည်းလမ်းတွေ ကွဲပြားသွားတယ်။

ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုး၊ စေတီတွေ၊ နန်းတော်၊ရဲတိုက် စတဲ့ အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ သူတို့တွေကို မပျက်စီးအောင် အဓိကထားပြီး စောင့်ရှောက်ရတယ်။

ဒီအဆောက်အအုံတွေဟာ သဘာဝကြောင့်ရော လူသားတွေကြောင့်ပါ ပျက်စီးယိုုယွင်းလာတတ်ပါတယ်။

တချို့တချို့သော အမွေအနှစ်တွေကတော့ စနစ်ကြောင့် ဝိသမလောဘတွေကြောင့် ပျက်စီးတတ်ကြပါသေးတယ်။

သဘာဝဘေးဒဏ်ကြောင့် ပျက်စီးရတာတွေအတွက်တော့ ဒီ ဘေးအန္တရာယ်ကို ကာကွယ်ဖို့ စီမံချက်တွေ ရေးဆွဲလို့ ကာကွယ်နိုင်တယ်။

ဒါပေမဲ့ သဘာဝဘေးဒဏ်ဆိုတာက ကာကွယ်လို့သာရတယ် တားဆီးလို့ ရတာမှမဟုတ်တာလေ၊ နောက်ပြီး ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ ပျက်စီးတတ်တာမို့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီးရင် ပြန်လည်ထိန်းသိမ်းဖို့ ကိုလဲ အစီအစဉ် ဆွဲလို့ ကာကွယ်နိုင်ပါတယ်။

လူသားတွေကြောင့် ပျက်စီးယိုယွင်းတာတွေကိုတော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လို့ လူထုကို သိအောင်ပြောပြရင် အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

ဒီ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ပြောပြနေတဲ့ အရာတွေပါ။ ကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့သာ ထိန်းသိမ်းနိုင်ခဲ့ရင် နိုင်ငံရဲ့ စီးပွားရေးကိုလဲ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်။

ဒုတိယ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်ဟာ လူမျိုးတစ်စု၊ နိုင်ငံတစ်ခုရဲ့ စာပေ၊ဂီတ၊ ဘာသာစကား စတာတွေလို့ ပြောခဲ့ပါပြီ။

ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ကျတော့ နည်းနည်း ခက်သွားတယ်။

ဥပမာ ပြောရမယ်ဆိုရင် ဘုရားစေတီတစ်ဆူ၊ ဒါမှမဟုတ် ရိုးရာဝတ်စားဆင်ယင်မှု စတာတွေကို အမွေအနှစ်လို့ တိတိကျကျ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ဘုရားစေတီ၊ ဝတ်စားဆင်ယင်မှု စတဲ့ အရာတွေကို အဓိပ္ပါယ်ဖွင့်ရာမှာတော့ သူတို့နဲ့ဆက်စပ်နေတဲ့ ဂီတ၊ စာပေ၊ စတာတွေ၊ သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့ ပွဲလမ်းသဘင်တွေ၊ လူမှုဘဝမှာ ပါဝင်ပတ်သက်နေတဲ့ ယဉ်ကျေးမှု စတာတွေပါ ပါဝင်ပတ်သက်လာပါလိမ့်မယ်။

ဒါကိုကြည့်ရင် စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေနဲ့လဲ သွားပြီးတော့ ဆက်စပ်နေတာ ကို သိနိုင်ပါတယ်။

ဒါကြောင့်စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်သလို ထိန်းသိမ်းစောင့်ရှောက်ရတာလဲ ခက်ခဲပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ကို ရုပ်ပိုင်းဆိုင်ရာတွေလို အသေအချာ မမြင်ရတော့ ဘယ်လောက်ထိ ယိုယွင်းပျက်စီးနေတယ်ဆိုတာလဲ မသိတော့ဘူး၊ ဘယ်လောက် အတိုင်းအတာထိ ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာလဲ မသိတော့ဘူးလေ။

အဲဒီ အချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ပိုပြီးတော့ ပျောက်ကွယ်ပျက်သုဉ်းနေတာကိုတွေ့ရပါတယ်။

ဥပမာ ပြောပြရရင် မြန်မာ့ယဉ်ကျေးမှုမှာ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဆိုတဲ့ ဆောင်ပုဒ်လေး ရှိပါတယ်။

လူငယ်လူရွယ်တွေကအစ လူကြီးသူမတွေအထိ ပေါင်းသင်းဆက်ဆံရာမှာ ဘယ်လိုဆက်ဆံရမလဲဆိုတာကို နည်းပေးလမ်းပြ လုပ်ပေးထားတဲ့ ဆောင်ပုဒ်လေးပါ။

ဒါပေမဲ့ အခု အဲဒီဆောင်ပုဒ်အတိုင်း ကျင့်ကြံကြရဲ့လား ဆိုတာကိုတော့ အထူးတလည် ပြောနေစရာ မလိုဘူးလို့ထင်ပါတယ်။

အဲဒီလိုပြောလို့ ဆရာတပည့်၊ သားအဖတတွေ သူငယ်ချင်းပေါင်း ပေါင်းနေကြတာတွေကို လက်ညှိုးထိုးပြချင် ပြပါလိမ့်မယ်။

အဲဒါတွေအတွက် ပြောရမယ်ဆိုရင် အပြောအဆိုကို ကြည့်တာနဲ့ အရိုအသေတန်သွားတဲ့ပုံပေါ်ပေမယ့် သူတို့တတွေမှာ အထင်ကြီးလေးစားမှု တန်ဖိုးထားမှုတော့ ရှိသေးတယ်လို့ ပြန်ပြောချင်ပါတယ်။

အဲဒီလိုပြန်ဖြေပေမဲ့ မိဘနဲ့ သားသမီး ၊ ဆရာနဲ့ တပည့် နင်ပဲငဆ နှုတ်လှန်ထိုးလို့ ရန်ပွဲတွေ အကြိမ်ကြိမ် နွှဲနေကြတာတွေကိုတော့ အပေါ်က ပြန်ဖြေတဲ့အထဲကို မထည့်ပါဘူး။

ဒါတွေကိုတော့ ယဉ်ကျေးမှု ပျက်စီးခြင်းလို့ပဲ မြင်မိပါတယ်။ အချိန်မီသာ မပြင်ရင် နောင်မျိုးဆက်အတွက် ဆိုးမွေ ချန်ထားသလို ဖြစ်ပါလိမ့်မယ်။

ဒါကြောင့်ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ယဉ်ကျေးမှုထဲမှာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို ထည့်ထားတာပါ။

ဒီအပိုင်းမှာ အဓိက တာဝန်ရှိတာက လူငယ်တွေဖြစ်သလို အဓိက မလိုက်နာကြသူတွေကလဲ လူငယ်တွေပဲများနေတာကို တွေ့ရပါတယ်။

ပိုဆိုးတာက globalization ကြောင့် တိုင်းတစ်ပါးက ယဉ်ကျေးမှုတွေကို လွယ်လွယ်ကူကူ ထိတွေ့စမ်းသပ်လာနိုင်တာပါပဲ။

အဲဒီလို ထိတွေ့စမ်းသပ်လာပြီးတဲ့နောက် အဲဒီယဉ်ကျေးမှုကို အထင်ကြီးပြီး မြန်မာ့ယဉ်ကျေးမှုကို ပစ်ပယ်နေကြသူတွေ ပတ်ဝန်းကျင်မှာ အများကြီးပါ။

အများစုကို ကြည့်ရင်လဲ ဘွဲ့ရ၊ပညာတတ်လို့ ခေါ်ရမယ့် သူတွေ ဖြစ်နေတယ်။

အတော်များများက ကိုယ့်တိုင်းပြည်က ယဉ်ကျေးမှု ဓလေ့စရိုက်တွေသာ မသိရင်ရှိမယ်၊ တိုင်းတစ်ပါး အကြောင်းကိုတော့ မွှတ်နေအောင်(အဲလောက်နီးနီး) သိကြတာများတယ်။

ဒီကြားထဲမှာ မီးလောင်ရာ လေပင့်သလို လုပ်ပေးနေတာကတော့ ရုပ်သံဌာနတွေပါပဲဗျာ။

ပြောရမယ်ဆိုရင် မီဒီယာဆိုတာ ပြည်သူကို အသိပညာပေးတဲ့ အရာပါ။

အဲဒီထဲကမှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေသာ လူတိုင်းမဖတ်ရင်နေမယ်၊ ရုပ်သံအစီအစဉ်ကတော့ လူတိုင်းနီးပါး ကြည့်ဖြစ်နေတာပါ။

လူတိုင်းနီးပါးထဲမှာ ကလေးငယ်လေးတွေပါတယ်၊ ဘုန်းတော်ကြီးတွေ ပါတယ်(ဝိနည်းတော်နဲ့ ညီမညီက နောက်မှငြင်းမယ် )၊ အဘိုးကြီး အမယ်ကြီးတွေလဲ ပါတယ်၊ မြီးကောင်ပေါက်စ စိတ်ကစားတတ်တဲ့ အရွယ်လေးတွေလဲ ပါတယ်၊ တွေ့ရာမြင်ရာကိုအတုခိုးပြီး စမ်းသပ်ကြည့်ချင်တဲ့ အရွယ်လေးတွေလဲ ပါပါတယ်။

ဒါကြောင့်မို့ ရုပ်သံဌာနတွေဟာ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမှာ အဓိက အခန်းကနေ ပါဝင်နေပါတယ်။

ဒါပေမဲ့ (ဒီစကားလုံးကို ပြောရတာလဲ နည်းနည်း များနေပြီ) အဲဒီလို အရေးပါတဲ့နေရာက ရှိနေတဲ ့ ရုပ်သံတွေအားလုံးနီးပါးက တိုင်းတစ်ပါး ယဉ်ကျေးမှုကို အလေးပေးပြီး ပြသနေကြတာကို တွေ့နေရတယ်။

အဓိက ပြောချင်တာကတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေပေါ့လေ။ ဘယ်လိုင်းမဆို သူက ပါတယ်။

ဒါဆို ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရော မပြဘူးလားလို့ မေးရင် ပြတာတော့ ပြတာပေါ့ဗျာ

တကယ် လူအများစု ကြည့်ကြတဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲတွေကို ပြသပြီးတော့ စိတ်မဝင်စားတဲ့ အချိန်တွေမှာမှ ယဉ်ကျေးမှုအကြောင်း ဝတ်ကုန်ကျေကုန် လွှင့်ပေးတာကို ပညာပေးတယ်၊ ပြသတယ်လို့ ကျွန်တော်တော့ မခေါ်ချင်ပါဘူးဗျာ။ ထိရောက်မှု မရှိလို့ပါ။

ဒီ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုမှ ဘာလို့ ဒီလောက် ချဲ့ကားပြီးပြောနေရတာလဲဆိုတာ မေးစရာရှိပါတယ်။

ကျွန်တော့် အဖြေကတော့ ဒီအပိုင်းဟာ လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို တိုင်းတာတဲ့ အပိုင်းလို့ မြင်လို့ပါ။

နောက်တစ်ချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုတာက ဘယ်လောက် ပြုပြင်ထိန်းသိမ်းသည်ဖြစ်စေ တစ်ချိန်မှာတော့ ပျက်စီးပျောက်ကွယ်မှာပါပဲ၊

ဒီ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တွေကတော့ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက အစဉ်အဆက် လက်ဆင့်ကမ်းလို့ ထိန်းသိမ်းခဲ့ကြတယ်။ ခေတ်တွေ ပြောင်းလာပေမယ့် ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ မူလအနှစ်သာရ မပျောက်ပျက်အောင် ပြင်ဆင်ခဲ့ကြတယ်။ သမိုင်းပေးတာဝန်အဖြစ် မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းလို့ သယ်ဆောင်ပေးခဲ့ကြတယ်။ ဒါကြောင့်သာ အခုအချိန်ထိ မပျောက်မပျက်ဘဲ ကျန်ရှိနေတာပါ။ နည်းစနစ်မှန်မှန်နဲ့သာ လက်ဆင့်ကမ်းအမွေ ပေးခဲ့မယ်ဆိုရင် ကမ္ဘာတည်သရွေ့ ပျောက်ပျက်စရာ အကြောင်းမရှိပါဘူး။

ဒီယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့သာ တာဝန်ကျေကျေနဲ့ နောက်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းရမှာဖြစ်ပါတယ်။ မျိုးဆက် တစ်ခုကနေတစ်ခု၊ ရာစု တစ်ခုကနေတစ်ခု ကူးပြောင်းပြီးတော့ လက်ဆင့်ကမ်းအမွေ ပေးခဲ့ရမှာပါ။

ဒီအလုပ်ကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ လာလုပ်ပေးမှာမဟုတ်ပါဘူး၊ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေကိုသာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အကူအညီပေးပါလိမ့်မယ်၊ စိတ်ပိုင်းဆိုင်ရာကတော့ ကိုယ်တိုင်ရဲ့ အသိစိတ်ဓာတ်နဲ့သာ လက်ဆင့်ကမ်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

လက်ရှိမျိုးဆက်က တာဝန်မကျေခဲ့ရင် လွယ်လွယ်ကူကူနဲ့ ပျောက်ပျက်သွားမယ့် အရာတွေလဲ ဖြစ်နေပြန်ပါတယ်။ ကိုယ်စီကိုယ်စီ တာဝန်ကျေကြရင် ထိန်းသိမ်းဖို့ လွယ်ကူပေမယ့်၊ တာဝန်မကျေရင်တော့ မှေးမှိန်ပျောက်ကွယ်သွားဖို့ အခွင့်အရေးကလဲ အရမ်းများနေပါတယ်။

ခံစားချက်တွေ ပါသွားလို့လားမသိဘူး၊ ဒီအပိုင်းမှာပြောတာ နည်းနည်း များသွားသလိုပဲ။

ကဲ တတိယအချက် သဘာဝအမွေအနှစ်တွေကို ဆက်ပါမယ်။

သဘာဝ အမွေအနှစ်တွေကို ပြန်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရဲ့ ပုံရိပ်သဏ္ဏာန်ဖြစ်နေတဲ့ နေရာတွေ (ဥပမာ ဧရာဝတီမြစ်၊ အင်းလေးအိုင်)၊ သဘာဝကို မပျက်စီးစေဖို့ ထိန်းသိမ်းထားတဲ့ ဘေးမဲ့တောတွေ( ဘေးမဲ့တောမှာ သစ်ပင်တွေရော ဘေးမဲ့ကြသေးရဲ့လားတော့ မသိ)၊ ဒီနိုင်ငံအတွင်းမှာသာပေါက်ရောက်တဲ့ သစ်ပင်မျိုးစိတ်တွေ၊ တိရစာ္ဆန်မျိုးစိတ်တွေ ပါရှိတယ်ပေါ့ဗျာ။

ပုံမှန်အတိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို သတ်မှတ်ရာမှာ များသောအားဖြင့် နှစ်မျိုးပဲ သတ်မှတ်လေ့ရှိတာကို တွေ့ရတယ်၊ သဘာဝ အမွေအနှစ်ကို သိပ် မထည့်ထားကြဘူး။ (ဒါကြောင့်လဲ သဘာဝကို ဂရုမစိုက်ကြတာတွေ များလာတာ)

အမှန်တကယ်တော့ သဘာဝ အမွေအနှစ်ဟာလဲ ယဉ်ကျေးမှုထဲကို ဆွဲသွင်းလို့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ သတ္တဝါတွေ အားလုံးဟာ ဒီ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီးတော့ နေထိုင်ကြရပါတယ်။
သဘာဝပတ်ဝန်းကျင်ရဲ့ ပြုပြင်ဖန်တီးပေးမှုနဲ့ပဲ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ဖြစ်ပေါ်လာတာပါ။

ဒီ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင် လုပ်တာတွေကလဲ ယဉ်ကျေးမှုအမွေအနှစ် တွေကို ပျက်စီးအောင်လုပ်တာနဲ့ အတူတူပါပဲ။

သူကြီး ပြောပြောနေတဲ့ ခေးအော့စ် သီအိုရီကို မတတ်တတတ်နဲ့ လိုရာဆွဲပြီး ယူသုံးရမယ်ဆိုရင်

သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတော့ ဂေဟစနစ်တွေ ပျက်စီးတယ်၊ ဂေဟစနစ်တွေ ပျက်စီးလို့ အပင်တွေ၊ သတ္တဝါတွေ မျိုးတုံးပျောက်ကွယ်ကုန်တယ်၊ အဲဒီရဲ့ အကျိုးဆက်နဲ့ ကမာ္ဘကြီး ပူနွေးလာတယ်၊ ရာသီဥတုတွေ ဖောက်ပြန်လာတယ်၊ ရာသီဥတု ဖောက်ပြန်လာတာကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုဖြစ်လာတယ်၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာတွေ ပျောက်ကွယ်ကုန်တယ်။ သဘာဝက ပြောင်းလဲလာတာကြောင့် လူသားတွေ၊ သတ္တဝါတွေ၊ အပင်တွေရဲ့ နေထိုင်မှုပုံစံတွေကလဲ တဖြည်းဖြည်း ပြောင်းလဲလာတယ်။

ဒါကြောင့် သဘာဝ အမွေအနှစ်တွေကိုလဲ ယဉ်ကျေးမှု စာရင်းထဲမှာ ထည့်ထားတာပါ။

သဘာဝ အမွေအနှစ်တွေကိုလဲ ကောင်းကောင်း မထိန်းသိမ်းဘူးဆိုရင် သမိုင်းပါ ပျောက်သွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ကဲ ပြောချင်တာတော့ ပြောပြီးသွားပြီ တစ်ခုပဲ ကျန်တော့တယ်။

ဘာရည်ရွယ်ချက်နဲ့ ဒါတွေကို လာပြောနေတာလဲ ဆိုတဲ့ အကြောင်းပါ။ စာဖတ်သူတွေလဲ မေးချင်နေမယ်ထင်ပါတယ်။

အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို နည်းနည်း ပိုသိလာတာကြောင့်လို့ ပြောချင်ပါတယ်။

မြန်မာလူမျိုးတွေ၊ဟာ တခြားသော လူမျိုးတွေလို မနေ့တစ်နေ့ကမှ ဖြစ်ပေါ်လာကြတာမဟုတ်ပါဘူး။

မြန်မာတွေမှာ တန်ဖိုးထား လေးစားစရာ သမိုင်းကြောင်း အရှည်ကြီး ရှိပါတယ်။

မြန်မာနိုင်ငံဟာ သမိုင်းမတင်မီခေတ်ကတည်းက ကမာ္ဘဦးလူသားတွေ စတင်နေထိုင်ခဲ့တယ်။ ဒါကြောင့်မို့ မြန်မာ့သမိုင်းကို ပြောမယ်ဆိုရင် ကျောက်ခေတ်ဝန်းကျင်လောက်က စပြောရမယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ လူသားတွေ စတင်နေထိုင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်။

သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်သူတွေဟာ ရေကြည်ရာမြက်နုရာ ရှာရင်း တဖြည်းဖြည်း ဝင်ရောက်လို့ ရှိနှင့်တဲ့ မျိုးနွယ်စုတွေနဲ့ ပေါင်းစည်းသွားတာကိုတွေ့ရမယ်။ ဒီလိုနဲ့ပဲ သမိုင်းမှတ်တိုင်တွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဒီသမိုင်းတွေ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲလာတာနဲ့အမျှ ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်မှုပုံစံ စတာတွေလဲ ပြောင်းလဲလာခဲ့ပါတယ်။

မြန်မာတွေအတွက် အနှစ်သာရပြည့်ဝပြီးတော့ အပြောင်းအလဲတွေ ပြည့်နှက်နေတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဟာ ဘယ်လောက် ရှည်ကြာခဲ့ပြီလဲဆိုတာ တွေးစရာပါ။

ဒီ ယဉ်ကျေးမှုတွေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ထိမ်းသိန်းလို့ သမိုင်းပေးတာဝန်ကို ရှေ့လူတွေက ကျေပွန်အောင် ယူသွားကြတယ်လေ။

ဒီတာဝန်တွေဟာ တဖြည်းဖြည်းနဲ့ တက်လူတွေဖြစ်တဲ့ လူငယ်တွေဆီကို ရွေ့လျားနေပါပြီ။ ဒါပေမဲ့ လူငယ်တွေကတော့ အဆင်သင့်ဖြစ်တဲ့ပုံစံ မပေါ်သေးဘူး။

ဒီအတိုင်းသာ ဆက်သွားရင် ဒီယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကို ပြစရာမကျန်ဘဲ ဖြစ်သွားမှာပါ။

အဲဒါကတော့ ဘာလို့ ဦးမာဃ တစ်ယောက် ဒါတွေကို အရေးတယူလုပ် ပြောနေရပါလိမ့်ဆိုတဲ့ အချက်ပါပဲ။

ဒီလိုတွေ ဖြစ်မလာဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ရှာသင့်ပါပြီ။ ဒီအတိုင်း မသိသလိုနေရင် ဒီ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟာ ကမာ္ဘပေါ်ကတောင် ပျောက်ကွယ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဟို ဝန်ကြီးဌာနတစ်ခုမှာ ရေးထားတာလေး ရှိပါတယ်လေ။

“မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” တဲ့။

ဒီစကားလေးလို မဖြစ်အောင်လို့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အမွေတွေကို လက်ဆင့်ကမ်းလို့ ကာကွယ်စောင့်ရှောက်ကြပါစို့လားဗျာ။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ဒီလ အစပိုင်းမှာ သားတော်မောင်က ဦးမာဃကို ပြောလာပါတယ်။

ပြည်ထောင်စုနေ့အကြိုအဖြစ် ကျောင်းမှာ debate ပြိုင်ရမယ်တဲ့။

ခေါင်းစဉ်ကတော့ Preservation of cultural heritage ပါတဲ့။

အဲဒါလေး ရှာပေးပါဦး ဆိုတာနဲ့ ဦးမာဃ သူ့ ပြိုင်ပွဲအတွက် ဟိုရှာ ဒီရှာ ရှာပေးရင်း ထွက်လာတာလေးတွေပါ။

ရှာဖွေလေ၊ တွေ့ရှိလေ ဆိုတဲ့ စကားအတိုင်း တကယ်ရှာကြည့်မှ ဒါဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ပို သိလာပါတယ်။

သားတော်မောင်ရဲ့ ပြိုင်ပွဲကတော့ ပြီးသွားပါပြီ။

ဒါပေမဲ့ ဦးမာဃ စိတ်ထဲမှာ ဒီအကြောင်းအရာက ကျန်နေရစ်ခဲ့တယ်။

ဒီအကြောင်းအရာတွေကို သတိထားမိကြရဲ့လား၊ သတိပြုမိကြရဲ့လားဆိုတာ တွေးမိလာတယ်။

တွေးရင်းနဲ့လဲ ဒီအကြောင်းကို မသိသေးသူတွေ သိစေချင်လာတယ်။

ဒါကြောင့် ဒီပို့စ်လေး ဖြစ်ပေါ်လာတာပါ။

ဖတ်ရှုပြီးလို့ အတွေးတစ်စ ရသွားတယ်ဆိုရင် ဦးမာဃ ရေးရကျိုးနပ်ပါပြီ။

သည်းခံလို့ အဆုံးထိ ဖတ်ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်ဗျာ။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

40 comments

  • ဟဲ့ … နင့်ပို့စ်က
    အစက ကွန်မန့်ဘောက်စ် ပျောက်နေဒါ …
    စောစောကမှ ပေါ်လာဒယ် ..
    ကွန်မန့်လည်း မတွေ့ဒေးလို့ ..
    နာ ပေးတွားဒယ် …
    ဒါဗျဲ …

    • Mr. MarGa

      February 19, 2013 at 6:45 pm

      ဖြစ်ရမယ်
      မနေ့က လိုင်းသိပ်မကောင်းဘဲ တင်လိုက်လို့ထင်တယ်
      ကျေးဇူးပါ ကွန်းမန့်အတွက်

  • ခိုင်ဇာ

    February 19, 2013 at 5:24 pm

    ကျုပ်တို့ လုပ်ငန်းခွင်လုံခြုံရေး (ဆေးဖတီး) မှာ ပေါ့အေ။ အောက်ဖော်ပြပါ ဇာတ်လမ်းလေးကို ပြောလေ့ရှိတယ်အေ့။
    ကွကိုယ် ဖတ်ကြည့်နော်။
    ကိုယ်နဲ့ မဆိုင်ဘူးလို့ ယူဆနေသရွေ့၊ သူများ ကိစ္စတွေပါကွာ လို့ ယူဆနေသရွေ့ပေါ့အေ………။
    အေး။ ဘယ်လိုတွေဖြစ်မတုန်းဆိုတာ ကိုယ်တိုင်ဆက်စဉ်းစားပေါ့ သကြားရယ်။
    ညည်းက ငါ့ထက် တတ်ပါတယ်အေ။ :mrgreen:

    This is a story about four people: Everybody, Somebody, Anybody, and Nobody.

    There was an important job to be done and Everybody was asked to do it.
    Everybody was sure Somebody would do it.
    Anybody could have done it, but Nobody did it.
    Somebody got angry about that because it was Everybody’s job.
    Everybody thought Anybody could do it, but Nobody realized that Everybody wouldn’t do it.
    It ended up that Everybody blamed Somebody when actually Nobody asked Anybody.

    — posted by Alar Pardla (alar(at)EL.EE)

    • Mr. MarGa

      February 19, 2013 at 7:40 pm

      အွမ်
      သိကြားက အဲလောက် တတ်ပါဘူးဗျာ
      သိသလောက်တတ်သလောက် ပြောပြတာပါဗျာ
      ဒီကိစ္စကို အဲ့ပုံပြင်လေးအတိုင်းသာ လုပ်နေကြရင်တော့
      တဖြည်းဖြည်း ပို ဆိုးလာလိမ့်မယ်ဗျ
      ဒီအချိန်မှာတော့ မသိသာသေးဘူးပေါ့ဗျာ
      နောင်မျိုးဆက်တွေမှာ သိသာလာပါလိမ့်မယ်

  • Nyein Nyein

    February 19, 2013 at 7:34 pm

    စိတ်ထဲမှာ ပြောဦးမယ်ဆိုပြီးမှတ်ထားတာကို ပြောပြပေးသွားတဲ့ ကျေးကျေးပါ ဦးမာဃရေ…………

    • Mr. MarGa

      February 19, 2013 at 7:42 pm

      ငြိမ်းငြိမ်းရေ
      ပြောသင့် မပြောသင့် တွေးရင်းနဲ့ ရေးတာ နှစ်ရက်လောက် ကြာတယ်ဗျ
      ရေးပြီးပြန်တော့ တင်ရင် ကောင်းပါ့မလားလို့ တွေးတာက နောက် နှစ်ရက်လောက် ကြာတယ်
      ကိုယ်က မရေးတတ် ရေးတတ်နဲ့မို့လေ
      နောက်မှ ဘာဖြစ်ဖြစ်ဆိုပြီး တင်တာပါဗျာ

  • နယ်လှည့် ဝိဇ္ဇာ mobile (သူကြီးသမက်)

    February 19, 2013 at 10:32 pm

    ဘာမှဒေါ့ကာ ထွေထွေထူးထူး ဝင်ရောက်လျှာမရှည်နိုင်ပေမယ့် ပို့စ်လေးကို ကြိုတ်တယ်ဗျ။
    နောက်နောင်လည်း ပြန်ဖတ်လို့ရအောင် အခြားတပါးသူတွေကိုလဲ ပေးဖတ်လို့ရအောင်
    Save page လုပ်ထားလိုက်ပါတယ်………………….
    ဒါနဲ့သကြားမင်းက ဒီပို့စ်ရေးရတာ နှစ်ရက်လောက်ကြာတယ်ဆိုတော့ အဲ့ဒီနှစ်ရက်အတွင်းမှာ
    နတ်သမီး တစ်ဖက် တစ်ထောင်ကို ဘယ်လိုထိန်းသိမ်းထားလဲ ဆိုတာလေး သိချင်လိုက်တာ….

    • Mr. MarGa

      February 20, 2013 at 6:26 pm

      ကိုရင်မိုဘိုင်းရေ
      ရေးဖို့ အတွက် ခေါင်းထဲမှာ အရင်တွေးတာလေဗျာ
      ချ ရေးတာက ကြာမှ မကြာတာ
      အဲဒီတော့
      နှစ်ရက်က စဉ်းစားချိန်ဖြစ်ပါကြောင်း

  • surmi

    February 19, 2013 at 11:33 pm

    ခုမှသဂျားပီသတာ လို ့ မှတ်ယူပါတယ် ။ သဂျီးကတော ့ပြောတယ်
    ချဉ်ပေါင်ဟင်းက မြန်မာ ့အော်ရီဂျင်နယ် ဟုတ်ဖူး တဲ ့
    ဒီတော ့ ….. မကြာခင် သဂျီးမင်းကြွလာပါလိမ် ့မယ် ……..
    ကျုပ်တို ့ကတော ့ ဘေးကကြည် ့ပြီး ခဏစောင် ့ပါဦးမယ် ။
    ကိုယ် ့လူရေ …… ငြင်းခုန်ခြင်းအနုပညာအတွက် အားမွေးထားပေတော ့ …..
    :harr:

    • Mr. MarGa

      February 20, 2013 at 6:27 pm

      အဟဲ ဦးဆာမိ
      ကျွန်တော်က တင်ကတည်းက အသေအချာ ပြန်ရှင်းဖို့ တွေးပြီးသားပါဗျာ
      ီဦးဆာမိကလဲ ဘေးက စောင့်မယ့်အစား တစ်ခါထဲ ဝင်ပြောတာတော့မဟုတ်ဘူး
      ကဲ အခုစမယ်ဗျာ ငြင်းခုန်ခြင်း အနုပညာ :hee:

  • padonmar

    February 20, 2013 at 1:00 am

    တကယ် လူအများစု ကြည့်ကြတဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲတွေကို ပြသပြီးတော့ စိတ်မဝင်စားတဲ့ အချိန်တွေမှာမှ ယဉ်ကျေးမှုအကြောင်း ဝတ်ကုန်ကျေကုန် လွှင့်ပေးတာကို ပညာပေးတယ်၊ ပြသတယ်လို့ ကျွန်တော်တော့ မခေါ်ချင်ပါဘူးဗျာ။ ထိရောက်မှု မရှိလို့ပါ။

    ထောက်ခံပါတယ် ဖိုးဩိကားရေ။
    ပညာပေး အစီအစဉ်ဆိုတာ မရှိတော့သလောက်ပါပဲ။

    • Mr. MarGa

      February 20, 2013 at 6:30 pm

      ဒေါ်လေးရေ
      ဒါတောင် သူတို့က ဆောင်ပုဒ်လေး ထား ထားသေးတယ်
      ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် တဲ့
      နောက်ပြီး သူတို့ပြတဲ့ အချိန်ခွဲဝေမှုဇယားမှာလဲ
      ပညာပေးအစီအစဉ်အတွက်က နည်းနည်း များတဲ့ဘက်မှာ ပါတယ်။
      ဘယ်အချိန် ပြကြသလဲတော့ မသိဘူးဗျာ
      သူတို့ကတော့ ပညာပေးပါတယ်လို့ ပြောကြတာပဲ

  • kai

    February 20, 2013 at 6:55 am

    ယဉ်ကျေးမှုဆိုတာ.. မြစ်ရေအလျှင်လို.. ရပ်တန့်မနေပဲ.. စီးဆင်းနေရတာပါ..
    ဒါကြောင့်.. လူသားဆိုတာ.. တဖြည်းဖြည်း.. ပြောင်းလဲတိုးတက်လာတာပေါ့..
    ဒါမှမဟုတ်.. ယဉ်ကျေးမှုဆိုပြီးစွတ်ထိန်းထားရင်.. တုံးလုံးတွေခေတ်ကျန်ရစ်မှာပေါ့..
    အနည်းဆုံးတော့..(ဘုရင်ခေတ်လောက်လှမ်းမျှော်ရင်ကို) မြန်မာအမျိုးသမီးတွေ.. အတွင်းခံမပါပဲဖြစ်ကုန်မှာပေါ့..။ :kwi:

    ဒေသဆိုင်ရာအစွဲတွေနဲ့.. ဘောင်ခတ်တာကလည်း.. လုပ်သင့်လုပ်ရမှာပါပဲ..
    ဒါမှ.. အုပ်စုတွေရှိမှာပေါ့..။ အုပ်စုရှိမှ..အင်အားဖြစ်တာပါ..။
    အဲလိုတူရာတူရာ အုပ်စုလေးတွေပေါင်းပြီး. အုပ်စုကြီးလုပ်.. နိုင်ငံဖြစ်တာပေါ့..။

    ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)နဲ့.. လစ်ဘရယ်( လွတ်ပြန့်စွဲ) .. အားပြိုင်ရင်ရှိတာကောင်းပါတယ်…
    အစွန်းကတော့ဘယ်ဖက်မှမကောင်း..
    ဂေါတမဗုဒ္ဓကတော့ “မဇ္ဈိမပဋိပဒါ” တဲ့.. အလယ်အလတ်အကျင့်.. ယူတာကောင်းပါတယ်..။

    • Mr. MarGa

      February 20, 2013 at 6:46 pm

      သဂျီးရေ
      ရှေးဟောင်းကိုပဲ ဖက်တွယ်ထားရမယ်လို့ မပြောမိသလိုပဲနော်
      ယဉ်ကျေးမှုလဲ ခေတ်ရေစီးနဲ့လိုက်ပြီးတော့ ပြောင်းလဲတာတွေ၊ ပြောင်းရတာတွေ ရှိပါတယ်။
      အခုခေတ်မှာ ရတနာပုံခေတ်က ပုံစံတွေ လာလုပ်နေလို့တော့ ဘယ်ရမလဲ။
      ခေတ်ရေစီးကြောင့် ဝတ်စားဆင်ယင်မှုတွေ နေထိုင်မှုပုံစံတွေ ပြောင်းလဲတာကို လက်ခံပါတယ်။
      သို့ပေမယ့် စိတ်ဓာတ်တွေကတော့ မပြောင်းလဲသင့်ဘူးလေ။
      လူတစ်ယောက်ရဲ့ စကားအပြောအဆို၊ ဟန်အမူအရာတွေဟာ သူ့ရဲ့ အဆင့်အတန်းကိုပြပါတယ်။
      ဝတ်စားဆင်ယင်မှုတွေ၊ နေထိုင်မှုစနစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ စကားအပြောအဆိုတွေ၊ ဟန်အမူအရာတွေကတော့ မပြောင်းလဲသင့်ဘူးလို့ထင်ပါတယ်။
      စကားအပြောအဆို ဟန်အမူအရာဆိုလို့ လူတိုင်းကို လိုက်ပြီးတော့ ထီးဟန်နန်းဟန်နဲ့ ပြောဖို့ ပြုမူဖို့ ကို ပြောတာမဟုတ်ပါဘူး။
      တစ်ဦးနဲ့တစ်ဦး လေးစားရိုသေမှုကို ပြသပေးဖို့ ၊ ဟန်အမူအရာ ယဉ်ကျေးဖို့ကို ပြောတာပါ။
      ဒါတွေဟာ ခေတ်ရေစီးကြောင့် အလိုလို ပြောင်းလဲမသွားရမယ့် အရာတွေပါ။
      မြန်မာလူမျိုးတွေ၊ ယဉ်ကျေးတယ်၊ ဖော်ရွေတယ်လို့ နိုင်ငံတကာမှာ ကျော်ကြားပါတယ်။
      ဒါဟာ ခေတ်အဆက်ဆက် မပြောင်းလဲတဲ့ အမြင်ပါ။
      ခေတ်ရေစီးကြောင့် ဒီအမြင်တွေကို ပြောင်းလဲပစ်ရမှာလား။
      ဒါတွေဟာ ဆက်လက်ထိန်းသိမ်းသင့်သလား ပြောင်းလဲသင့်သလားဆိုတာ သဂျီးပဲ ဆုံးဖြတ်ပါဗျာ။

  • MaMa

    February 20, 2013 at 7:27 am

    သိကြားမင်း ပီသပါပေတယ်။
    လူ့လောက သဘာဝ နဲ့ လူသားတွေအတွက် ကောင်းရာကောင်းကြောင်းမို့ ထောက်ခံပါတယ်။
    ဘယ်ရာစု ဘယ်နှစ်ခုနှစ်ပဲ ရောက်ရောက်
    ဓမ္မ= တရား= အမှန် ဆိုတာ ပြောင်းလဲသွားမှာ မဟုတ်ပါ။
    သဘာဝ ပတ်ဝန်းကျင်နဲ့ ဝတ်စားဆင်ယင်မှု အပေါ်ယံတွေသာ ပြောင်းလဲသွားချင်သွားမယ်….
    ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်ဓာတ်အခြေခံတွေကိုတော့ ထိန်းသိမ်းထားသင့်ပါတယ်။

    • ရွှေ ကြည်

      February 20, 2013 at 5:58 pm

      ချစ်မမနောက်ကနေလိုက်ပါတယ် ရှင့် ။ အားလုံးမှာတာဝန်ရှိပါတယ်။ ကျောက်ခေတ်ကနေ အခုထိပြောင်းလဲကြရာမှာ လူသားတွေအကျိုးအတွက်ပဲမျှော်ကိုးပြီးပြောင်းလဲကြရတာပဲလေ။ ဒါကိုပဲယဉ်ကျေးမှုထွန်းကားလာတယ်လု့ိပြောကြရတာပဲ။ အစစအရာရာ တွေးခေါ်မျှော်မြင်နိုင်လာကြတဲ့အခါ အကောင်းအဆိုးကို ညွှန်ပြနိုင်သူတွေပေါ်ထွက်လာတဲ့အခါ ကမ္ဘာကြီးနဲ့ လူသားတွေအတွက် ကောင်းရာကောင်းကျိုးကိုပဲ ဆောင်ရွက်ရင်းတိုးတက်လာကြတာပဲလေ။ ကောင်းမွန်တဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုဆိုတာထိန်းသိမ်းကောင်းပါတယ်။ အကောင်းနဲ့အဆိုးကိုမြင်တတ်ခွဲတတ်ကြဖို့ အတွက် အတွးအခေါ်လေးတွေမြင့်မားလာကြဖို့ မျှော်လင့်ရင်း…… သိကြားရေ ကြိုးစားကြပါစို့ 😆

      • Mr. MarGa

        February 20, 2013 at 7:53 pm

        ရွှေကြည်ရေ
        ယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းရမယ့်အရာထဲမှာ ပါကို ပါ ပါတယ်။
        တစ်ခုတော့ ရှိတာပေါ့ဗျာ
        ခေတ်နဲ့ ဆီလျော်မှုမရှိတာတွေကိုတော့ အနှစ်သာရ မပျောက်အောင် ပြင်ဆင်ရပေမပေါ့
        ကောင်းမွန်တာတွေကို ဆက်လက်ကာ လက်ဆင့်ကမ်းလို့
        ကိုယ့်လူမျိုး ဂုဏ် တင့်ဖို့
        ဆက် ကြိုးစားပါမယ်ဗျို့

    • Mr. MarGa

      February 20, 2013 at 7:00 pm

      မမရေ
      အရင်ဆုံး ပြောချင်တာကတော့ ဘီစီ ပေးပါရစေလို့ပါ။
      ကျွန်တော် ပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြသွားတာမို့ပါဗျာ
      ဟုတ်ပါတယ်ဗျာ။
      ဒီ စိတ်ဓာတ်အခြေခံတွေကသာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးမှာပါ။
      နိုင်ငံတစ်နိုင်ငံဟာ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ
      သူ့နိုင်ငံသားတွေဟာ ယဉ်ကျေးသိမ်မွေ့မှု မရှိရင်
      ဘယ်သူမှ အဲဒီနိုင်ငံမှာ နေချင်ကြမှာ မဟုတ်ပါဘူး
      ဆိုတော့
      ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို အဲဒီအခြေခံတွေ လက်ဆင့်ကမ်းဖို့ သင့်ပါပြီနော

  • P chogyi

    February 20, 2013 at 8:56 am

    ကျွန်တော်ကတော့ စိတ်ပိုင်းဆိုင်ရာအမွေအနှစ်အကြောင်းပြောချင်တယ်။
    သိကြားမင်းပြောသလိုပဲ(အဖေသကြားလား၊ သားသကြားလားတော့မသိဘူး ရှုပ်နေတာပဲ)
    ဇာတ်လမ်းတွဲတွေက ခေတ်လူငယ်တွေရဲ့ နေထိုင်၊ သွားလာ၊ ပြောဆို၊ စားသောက်မှုအားလုံးကို
    လွှမ်းခြုံနေပြီလို့ ခံစားမိတယ်။

    • Mr. MarGa

      February 20, 2013 at 8:08 pm

      ကိုပီချိုကြီးရေ
      တကယ်မှန်တာ ပြောရမယ်ဆိုရင် ခေတ်လူငယ်တွေဘက်ကလဲ လိုတာတွေ ပါတယ်ဗျ
      သူတို့တွေက အလွှမ်းမိုးမခံရင် မလွှမ်းမိုးနိုင်ဘူးကိုး
      နောက်ပြီး ပြောရမယ်ဆိုရင် သူတို့တွေ မယူတတ်တာလဲ ပါမှာပါ။
      လူ့စိတ်ကိုက မကောင်းမှုမှာ ပို သာယာတတ်တာကိုးဗျ

  • အလင်းဆက်

    February 20, 2013 at 8:23 pm

    ဦးမာဃရေ..
    အတွေးစတွေ..အများကြီး ရစေတဲ ့ပိုစ့်ကောင်းလေးမို ့..
    သဘောကျတော်မူမိပါရဲ ့ဗျားးးး
    ဆွေးနွေးတာတွေ ဘာတွေတော့…
    ကျွန်တော့် ဉာဏ်လေး တစ်ထွာလောက်နဲ ့..
    မဖြစ်နိုင်သေးလို ့..
    သဘောကျနှစ်သက်စွာ ဖတ်သွားတယ်..ဆိုရုံပဲ… သတင်းပို့ပါတယ် ဗျ ။
    🙂

    • Mr. MarGa

      February 20, 2013 at 8:54 pm

      အလင်းဆက်ရေ
      ဖတ်ပြီး အတွေးတစ်စ ရသွားတယ်ဆိုရင် ရေးရကျိုး နပ်ပါသဗျ

  • kai

    February 21, 2013 at 12:23 am

    ကမ္ဘာတန်းက..ယဉ်ကျေးမှု ရ်ိုးရာဆိုတာကို ငွေရေးကြေးရေးစီးပွားရေးနဲ့ ဆုံးဖြတ်ကြတယ်လို့.. ပြောချင်မိတယ်..။

    ကျုပ်ဆို မြန်မာနဲ့ပါတ်သက်တဲ့ပွဲတွေမှာ (တတ်နို်င်ရင်)မြန်မာလိုဝတ်တယ်..။ မြန်မာဖက်ရှင်အကျီ င်္ဒီဇိုင်းတွေခေတ်စား.. နာမယ်ကြီးရင်.. မြန်မာတွေအလုပ်အကိုင်အခွင့်အလန်းရမှာမို့ပါ..။
    .. ဒေါ်စုလည်း ဒီအတိုင်းတွေးပြီး အတင်းကို လုပ်ပေးနေတာလို့ထင်တယ်..။

    ဗြိတိသျှက နေမဝင်အင်ပါယာဖြစ်ခဲ့တော့.. လူတွေသူ့ဘာသာစကား အင်္ဂလိပ်စာလိုက်ပြောကြရတယ်..။ အခုတော့.. အင်္ဂလိပ်လိုသီချင်း”ဟစ်”လိုက်ရင်.. တကမ္ဘာလုံးကနားထောင်ကြ..ဝယ်ကြရတာမို့.. မီလီယံဘစ်ဇနက်ဖြစ်တာပေါ့..
    ခိုင်ထူးသီချင်းတပုဒ်ဟစ်ရင်.. ပရိသတ်က.. မြန်မာသန်း၆ဝ ထဲမှာရှာရတာလေ..။ အင်္ဂလိပ်သီချင်းကတော့.. သန်း၃-၄ထောင်ထဲရှာရတာ..။ ကွာချက်..။
    ဆက်စပ်တဲ့.. ဂီတာ.. စန္ဒယား.. ဒရမ်..စတာတွေ ရောင်းကောင်းလိုက်တယ်ဖြစ်ချင်း..

    ပဒေါင်တွေရဲ့.. တိုင်းရင်းသားဝတ်စုံနဲ့..နေထိုင်မှုပုံစံက.. အလုပ်ဖြစ်တော့.. ယိုးဒယားက.. ပဒေါင်တွေကို.. သူတို့တိုင်းရင်းသားလုပ်.. အခကြေးငွေပေးပြီး.. သူတို့ဆီမှာထားတယ်..။

    ကျန်တာတွေ ဖြန့်တွေးဖို့ပါပဲ..
    တည့်တည့်ပြောရရင်. .မားကက်တင်း.. မားကက်တင်း.. :kwi:

    • Mr. MarGa

      February 21, 2013 at 2:04 pm

      သဂျီးရေ
      ယဉ်ကျေးမှုတွေ ရိုးရာတွေကို ငွေရေးကြေးရေးစီးပွားရေးနဲ့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းက သူတို့တစ်တွေက အဲဒီကနေ ငွေဝင်အောင် လုပ်နေကြလို့ပါ။
      ဥပမာ ကိုရီးယားတွေကိုပဲကြည့်ပေါ့ဗျာ
      ဇာတ်လမ်းတွဲတွေ အကြောင်းပြပြီး သူတို့ရဲ့ ရိုးရာအစားအစာတွေကို ကမာ္ဘကျော်အောင် လုပ်သွားတာပဲမလား
      အဲဒီတော့
      မြန်မာတွေလဲ မားကတ်တင်းကို အသုံးပြုလို့ ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်သင့်တာပေါ့
      ဆိုးတာက
      မြန်မာမှာ မားကတ်တင်းကအဲလောက် မတိုးတက်ဘူး
      အခု ဖြစ်နေတာက ကျွန်တော်တို့သာ သူများတွေရဲ့ ယဉ်ကျေးမှုတွေ ကျူးကျော်ခံနေရတာ
      သူများတွေကို ကျွန်တော်တို့က မလွှမ်းမိုးနိုင်ဘူး
      သဂျီး ဒီလာပြီးတော့ မားကတ်တင်းကို နည်းနည်း တိုးတက်အောင် လုပ်ပေးပါလား

      • Ghi Ghi ThE KiD

        February 25, 2013 at 8:30 pm

        ဒမယ် သဂျီးနဲ့သဂျားတို့.
        အကြွေးမှတ်ထားဗျာ
        ကျုပ် innovation ဘက်ကပြန်လာမယ်. စာပြန်ဖတ်လိုက်အုံးမယ်.

        ဟွန်း
        ဘယ့်နှယ့် ရောင်းကောင်းရင် ငါတော်လို့
        မွဲရင် မားကတ္တင်းညံ့လို့.

        အသီးနာသဗျို့

        • Mr. MarGa

          February 26, 2013 at 6:31 pm

          ကိုဂီရေ
          ရောင်းကောင်းရင်လဲ မားကတ်တင်း ကောင်းတယ်လို့ အသိအမှတ် ပြုပါမယ်ဗျာ
          အဲဒီ မားကတ်တင်းသာ ကောင်းအောင် လုပ်ပေးပါ လို့
          :kwi:

  • kai

    February 22, 2013 at 1:31 am

    လက်ဖက်ရည်သောက်ခြင်း အနုပညာ…- niki ta
    http://myanmargazette.net/167923/

    အခုပို့စ်အတွက်.. ယဉ်ကျေးမှုဆိုတာ ပိုနားလည်အောင်.. . အပေါ်ကပို့စ်နဲ့ တွဲဖတ်ဖို့ကောင်းတယ်..။
    အဲဒီမှာကျုပ်ရေးထားတာလေး.. ပြန်တင်ပါ့မယ်..

    =
    မြန်မာတွေက.. လက်ဖက်ရည်ဆိုတာနဲ့..လက်ဖက်ခြောက်အချိုကို နို့ဆီနဲ့ဖျော်ထားတာ ပြေးမြင်လိမ့်မယ်..
    ဂျပန်တွေရဲ့..ocha ဆိုတာ.. မြန်မာလို.. ရေနွေးကြမ်းခေါ်ရင်ပိုသိလွယ်မလားပဲ..။ ဒါမှမဟုတ်.. လက်ဖက်ရည်ကြမ်းပေါ့…။

    ဆိုတော့..
    အင်္ဂလိပ်တွေဘုရင်ခေတ်ကများ.. ချိုင်းနားဖက်သွားပြီး.. လက်ဖက်ခြောက်ကုန်သွယ်တာပေါ့..
    သူတို့ဆီမှာ..နန်းသုံးဖြစ်ခဲ့..ဖြစ်နေဆဲပါပဲ..
    နို့နဲ့ဖျော်တဲ့..လက်ဖက်ရည်ပါ..။

    The Dutch first introduced tea to England in 1644.[48] By the 19th century, most British tea was purchased directly from merchants in Canton, whose population uses cha, though English never replaced its Dutch-derived Min word for tea.

    မြန်မာပြည်ကို.. အင်္ဂလိပ်သိမ်းတော့.. အိနိ္ဒယသား..ကုလားတွေက.. ရန်ကုန်မှာ.. ကာကာဆိုင်တွေဖွင့်တာ.. အဲဒါ.. အင်္ဂလိပ်တီး.. လက်ဖက်ရည်ဖြစ်ပါတယ်..။
    ရှေးထဲက. မြန်မာ့ဓလေ့ထဲ.သောက်သုံးနေကြတာက..အကြမ်းခြောက်ခပ်ထားတဲ့.. ရေနွေးကြမ်း.. ပေါ့..
    ကြည့်ရတာ.. ပုဂံခေတ်လောက်ကတည်းက.. ချိုင်းနား(စိန)တိုင်းနဲ့ကုန်သွယ်မှုရှိတာမို့.. မြန်မာ့ဓလေ့ထဲ.. အဲဒီကတည်းကရှိလောက်တယ်..။

    ဒါပေမယ့်.. မြန်မာက အခုထိ.. လွန်ခဲ့တဲ့နှစ် ၁၀၀ဝလောက်နည်းအတိုင်း.. သောက်ကြမြဲ..
    ဂျပန်က.(အပေူကညွှန်တဲ့အတိုင်းဆို).1191 မှစသောက်ကြပေမယ့်.. အခုဆို.. ဂရင်းတီးဆိုတာနဲ့.. ကမ္ဘာတန်းမှာဒေါ်လာဘီလီယန်ချီရှာနို်င်ပြီ..။ သောက်နည်းလုပ်နည်း..စနစ်ကျလိုက်တာမှ.. အောင်မလေးတ,ရအောင်…

    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်… :kwi:

    • Mr. MarGa

      February 22, 2013 at 8:14 pm

      သဂျီးရေ
      စနစ်ကြောင့်မဟုတ်ဘူးလို့တော့ မပြောချင်ပါဘူး
      စနစ်တင်မက လူကြောင့်ပါဆိုတာကိုတော့ လက်ခံပါတယ်။
      တစ်ဖက်ကနေ ပြန်တွေးကြည့်မယ်ဗျာ
      အဲဒီ လက်ဖက်ရည်ကိစ္စမှာ

      ဂျပန်တွေက သောက်နည်းလုပ်နည်း စနစ်ကျတယ်
      အခု ကမာ္ဘတန်းဝင်နေပြီ။
      မြန်မာတွေက အခုထိ လွန်ခဲ့တဲ့နှစ် ၁၀၀ဝ လောက်ကနည်းအတိုင်း သောက်ကြမြဲ

      အဲဒါကိုပဲ ကျွန်တော်ကတော့ ယဉ်ကျေးမှု ထိန်းသိမ်းတယ်လို့ ပြောမယ်ဗျာ
      ရှေးမူမပျက် ဆိုတဲ့ စကားလေးနဲ့ပေါ့လေ
      ဖြစ်နိုင်ရင်ဒီလိုတောင် လုပ်လိုက်ချင်သေး

      လက်ဖက်ရည်ကို လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်က ပုံစံအတိုင်း သောက်ချင်ကြရင် မြန်မာနိုင်ငံမှာ ရရှိနိုင်ပါတယ်

      အဲသလို မားကတ်တင်းဆင်းပလိုက်မယ်ဗျာ
      မြန်မာတွေ ယဉ်ကျေးမှု ဘယ်လိုထိန်းသိမ်းတယ်ဆိုတာကို အဲဒီလိုမျိုးလေးတွေနဲ့ ကမာ္ဘကို ချပြလိုက်ရင် ဘယ်လိုနေမလဲ
      တိုင်းတစ်ပါး ယဉ်ကျေးမှုကို အလွှမ်းမိုးခံနေရတဲ့ ကြားက၊ ယဉ်ကျေးမှုကို လျစ်လျူရှုခံနေရတဲ့ကြားက အဲဒီလို ရှေးမူမပျက်တဲ့ ယဉ်ကျေးမှုလေးတွေကို ရှာလို့ ယဉ်ကျေးမှုဟာ ထိန်းသိမ်းသင့်တယ်ဆိုတာကို လူတွေ သတိထားမိလာအောင် လုပ်လိုက်ချင်ပါရဲ့ဗျာ :kwi:

      • kai

        February 23, 2013 at 1:03 am

        အဝတ်အစားကို လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်က ပုံစံအတိုင်း ဝတ်နေကြသူတွေ မြန်မာနိုင်ငံမှာရှိပါတယ် ဆိုပြီး မားကက်တင်းလိုက်ရင်ပိုမကောင်းဘူးလားဟင်င်င်..

        .. တိုးရစ်ယောက်ျားတွေ.. ယိုးဒယားကျော်ခွပြီး.. တဟုန်ထိုးဝင်လာလိုက်မယ်ဖြစ်ခြင်း..

        ကွိ.. :kwi:

        • Mr. MarGa

          February 24, 2013 at 5:11 pm

          သဂျီးပြောတာကို အကောင်အထည်ဖော်နိုင်ရင်တော့ ဆိုးဘူးနော်
          မားကတ်တင်းအနေနဲ့ ပုဂံလို၊ တကောင်းလို နေရာမှာ အဲဒီလိုပုံစံလေးတွေနဲ့ ကြော်ငြာလိုက်ရင်ပွဲသိမ်းပြီ
          ဒါပေမဲ့ အဲဒီလို ဝတ်နေသူတွေကို ဘယ်သွားရှာရပါ့
          သဂျီးသိရင် နည်းနည်းပြောပေးလေ :hee:

        • kai

          February 25, 2013 at 1:39 pm

          လွန်ခဲ့တဲ့.. ၁၄-၅နှစ်လောက်ကထင်တယ်..
          ဖိလစ်ပိုင်က.. သူတို့ကျွန်းတကျွန်းပေါ်မှာ.. ခေတ်သစ်ယဉ်ကျေးမှုနဲ့အဆက်အသွယ်ပြတ်နေတဲ့.. အဝတ်မဝတ်တဲ့လူမျိုးစုတွေ့တယ်ကြေငြာဖူးတယ်..
          အဲဒါ.. တိုးရစ်တွေသွားတာမှ.. ပလူပျံသွားတာပေါ့..

          သတင်းမီဒီယာသမားတွေပါဝင်ပြီး.. လိုက်ချောင်းတာ..
          လားလား..
          နေ့..လူရှေ့ သစ်ရွက်လေးတွေကာ.. ထွက်ပြပြီး.. ည…
          .. နောက်ကွယ်မှာ.. တီရှပ်ဝတ်တွေနဲ့.. သူတို့တွေ..

          အဲလိုလုပ်စားကြတာရှိကြောင်း..။ :kwi:

        • Mr. MarGa

          February 25, 2013 at 8:02 pm

          သဂျီးရေ
          ကိုယ့်နိုင်ငံ စီးပွားရေး တိုးတက်ဖို့အတွက်ဆိုပြီးတော့ လုပ်ကြည့်ကြမလား
          ရှိသမျှ မီဒီယာသမားတွေကို မျက်စိတွေ၊ နားတွေ ခဏပိတ်ခိုင်းပြီးတော့လေ
          ဘယ်လိုလဲ
          အဲဒီလိုလုပ်ပြီးတော့ မားကတ်တင်း ဆင်းကြမလား
          ဘီယာဆိုင်တွေက လက်ဖက်ရည်ဆိုင်ထက် ပိုပေါတဲ့ ဗုဒ္ဓဘာသာ နိုင်ငံလေးအတွက်ပေါ့ :kwi:

        • kai

          February 26, 2013 at 6:29 am


          Karen Long Neck hilltribe – Padaung, Northern Thailand
          http://www.chiangdao.com › Chiang Mai › Chiang Mai Tours
          About the Karen Long Neck Hilltribe – Padaung The Padaung are a sub-group of Karen (Bwe Group) living in Kayah state of eastern Burma on the Thailand …

        • Mr. MarGa

          February 26, 2013 at 6:35 pm

          သူများတွေက ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို အကြောင်းပြုပြီး ပိုက်ပိုက် ရှာနေတဲ့အချိန်မှာ
          ဒီနို်င်ငံမတော့ အဲဒီယဉ်ကျေးမှုတွေက ပျက်စီးမတတ်တောင် ဖြစ်နေတယ်။
          ဆိုးပါ့ နော်
          ဘယ်အချိန်မှများ အဲဒီ ယဉ်ကျေးမှုတွေ ရှေ့တန်း ရောက်မှာပါလိမ့် :buu:

        • kai

          February 27, 2013 at 1:36 am

          တိုတိုနဲ့..အထိရောက်ဆုံးဖြစ်အောင်ပြောရရင်.. “အမျိုး၊ဘာသာ၊သာသနာ”ဆိုတာကြီး.. ထိပ်တင်ထားတာ.. ဖျောက်မှဖြစ်မှာဗျ..။ လူက..အထူးသဖြင့်.. မြန်မာက..အမြဲပြောင်းပြန်လုပ်တယ်..။

          သိုင်းတောင်.. သိုင်းပြောင်းပြန်ရှိနေတာ..ကြည့်တော့.. :kwi:

        • Mr. MarGa

          February 27, 2013 at 6:13 pm

          ကြည့်လေ သဂျီးရဲ့
          သဂျီးပြောတဲ့ စကားမှာတောင် သာသနာနဲ့ ဘာသာက နောက်မှာနော်
          အမျိုးက ရှေ့မှာ။
          အဲဒါကို ပြောင်းပြန်လုပ်တာကတော့ သူတို့အပိုင်းကိုးဗျ
          အားလုံးကို ပြောင်းပြန်လုပ်နေတာဆိုတော့ အဲဒီဆောင်ပုဒ်ကိုလဲ ပြောင်းပြန် ထားလိုက်ရင်ကောင်းမလားမသိ။
          အဲဒီဆောင်ပုဒ်တောင် လူတွေ သိပ် သတိမထားကြဘူး
          အဲဒီဆောင်ပုဒ်လေးကိုပဲ လူတွေ ပို သတိထားမိအောင်လုပ်ရင် အသိလေး နည်းနည်း ဝင်လာမယ် ထင်မိပါကြောင်း :hee:

  • အဟမ်းး ဟမ်းး အဟွတ် .. ဟွတ် .. :mrgreen:

    ဟေ့ရောင် သဂျား …
    မင်း သိပီးဘလား …
    မင်း ပို့စ် ဇကာတင် ပါတယ်ဗျား …
    နာ နိုင်ဒဲ့တီယောက် ဒီတီယောက်ဘဲ ချိဒယ် .. ဟီးဟီး ..
    လာဂဲ့ .. မလာရင် ခေါ်ဒေါ့ဝူးးး
    ((လာပီးမှန်း တိဒယ် … မတိဂျင်ယောင်ဆောင် ပေါဒါ))

    ဒု – အတွင်းရေးမှူး
    မဟာအံ

    • Mr. MarGa

      March 16, 2013 at 9:34 am

      တယ်
      ငါ တွယ်လိုက်ရ သေတော့မယ်
      သူများအိမ်တွေမှာ ဖိတ်စာကို တလေးတစား ထားခဲ့ပြီး ငါ့ကျမှ ဒီလို်လုပ်လို့ ရမလား
      မရဘူး ပြန်ဖိတ် :om:

  • ဦးကြောင်ကြီး

    March 16, 2013 at 9:58 pm

    ယဉ်ကျေးအမွေ
    ယှဉ်တွေးပစေ
    ဆင်လေးတပွေ
    မြင်ငေးခရေ…

    • Mr. MarGa

      March 17, 2013 at 8:18 am

      မြင်ငေးခရေ
      သင်မေးပလေ
      ခြင်လေးကသေ
      ပြန်ပြေးကြပေ :mrgreen:

Leave a Reply