စက်တင်ဘာကို ပြန်ရောက်လာပြန်ပြီ… ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ် ကြီးခဲ့ပြန်ပြီ… တစ်နှစ် ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေက မြန်လိုက်တာ… ထင်ထားတာထက် အပြောင်းအလဲတွေ ပိုများခဲ့တယ်….. သည် တစ်နှစ် ဟာ ကြုံခဲ့သမျှ နှစ်တွေထဲ အပြောင်းအလဲ အများဆုံး နှစ်တစ်နှစ်ပဲ… သည်နှစ်အတွင်း အပြောင်းအလဲ တချို့ကို ပြန်တွေးကြည့်မိတော့… – လက်ရှိအလုပ် အပါအဝင် အလုပ် သုံးနေရာ ပြောင်းခဲ့တယ်…. – ပတိရူပ ဒေသဝါသောစ ဆိုတဲ့ တရားကို အကြောင်းပြပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားပုံကိုပါ အမှုတွဲထဲ ထည့်လို့ မွေးရပ်မြေကနေ ရန်ကုန်ကိုရောက်လာရဲ့…. (တကယ်က လာချင်တာကို အကြောင်းပြချက် တမင်ရှာထားတာ) – ၂၀၁၄ […]