တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ
.
.
.
.
.
.
.
.
.
.
.
တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ
ခုတလော အတွေးလဲနည်း လူလဲ အပျင်းရောဂါ စွဲကပ်နေလို့ စာမရေးဖြစ်တာတောင် ကြာပေါ့။
ကိုယ်တိုင်သာ စာမရေးဖြစ်တာပါ…………စာဖတ် ကျပြန်တော့လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ ဝေ့လိုက်ဝိုက်လိုက် လုပ်နေတာပါပဲလေ။
ဒီတစ်ခါတော့ အဲဒီ စာဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ငယ်ဘဝကို ပြန်တွေးမိလို့ အတင်းအကျပ် မှတ်ဉာဏ်ထဲက ပြန်ဖော်ထားတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်မိတယ်။
ခေတ်တွေ ကွာလာတော့ တိုးတက်မှုတွေ ဆုတ်ယုတ်မှုကလေးတွေလဲ မြင်လာမိတာကိုး……….
ပြောချင်တဲ့ အကြောင်းအရာကတော့ ဒီလို……ဒီလို………….
သူများတွေတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘယ်အချိန်မှာ စဖတ်ကြသလဲမသိ
ဦးမာဃကတော့ သူငယ်တန်း ကတည်းက အိမ်က တေဇပုံကြားကို ခေါင်းထိုးနေပြီဗျ။
ငယ်ငယ်ကတော့ တေဇထဲက ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ ဦးစိတ်တို၊ မျောက်ညို တို့၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ တို့၊ ဦးရှံစားနဲ့ ဦးဒိန်းဒေါင် တို့ ဦးကပ်စေး တို့နဲ့ လုံးလည်ချာလည် လိုက်ခဲ့တာပေါ့။
အဲ့ဒီတုန်းက တေဇထဲက မှတ်မှတ်ရရ ရှိတဲ့ ကာတွန်းဆရာတွေ ဆိုလို့ အခု ပြန်ခေါ်ကြည့်မိတာ ဦးအောင်ရှိန် တစ်ယောက်ပဲ ရေးတေးတေး မှတ်မိတော့တယ်။
အပြစ်တင် မစောကြပါနဲ့ဦး အရပ်ကတို့ရဲ့……….ကလေးတုန်းက ကာတွန်းဇာတ်လမ်းကိုပဲ ပို စိတ်ဝင်စားမိတာကိုးဗျ။
အဲဒီ တေဇကနေ နောက်ကို တစ်ဆင့်တက်ပြန်တော့ ရွှေသွေးကို အပတ်စဉ် ဖတ်သပေါ့ဗျာ။
(အဲဒီ ရွှေသွေး အပတ်စဉ် ဖတ်တဲ့ အကျင့်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ပြတ်သွားတယ်။ ဒါတောင် တွေ့ရင် ကောက် လှန်နေတုန်းပဲ။)
အဲဒီမှာ ရွေသွေးရော တေဇရော ဘာများ ကွာသလဲလို့ မေးစရာ ထွက်လာတယ်။
ဟုတ်ကဲ့ ကွာတာကတော့ ဦးမာဃ ဖတ်ခဲ့ရတဲ့ တေဇ တွေက ဦးမာဃရဲ့ အစ်ကိုတော် အစ်မတော်များ ခေတ်က အဟောင်းတွေခင်ဗျ။
ရွှေသွေး ကျတော့ အပတ်စဉ် ထွက်တာကို အမြဲနီးပါး ဖတ်ခဲ့ရတာမို့ အသစ်ကို ဖတ်ရတာလို့ ပြောနိုင်သပေါ့။
ရွှေသွေးထဲကနေ ထွက်လာခဲ့တဲ့ ဇာတ်ကောင်တွေကတော့ စိန်မျောက်မျောက်……တို့၊ အတီး……တို့၊ ပေစိ…….တို့ပေါ့။
(တကယ့်တကယ်ပြောရရင် အဲဒီထက် ရှေးကျတာတွေ ရှိသေးတယ် ခေါင်းထဲက ပြန်ဖော်လို့ မရတော့လို့ ခုနောက်ပိုင်း မှတ်မိတာတွေ ပြောပြတာ)
ရွှေသွေး စာစောင်က ပြောရရင် စာစောင်သဘောမို့ ဖတ်ရတာ ပိုပေါ့ပါးပါတယ်။
သူ့ဆီမှာ အရှေ့က ကာတွန်းဇာတ်လမ်းတစ်ပုဒ်၊ အလယ်မှာတစ်ပုဒ် နောက် အလယ်စာရွက်မှာ ကာတွန်းမဟုတ်တဲ့ ပုံပြင်လိုဆောင်းပါးတစ်ပုဒ် နောက်မှာ ကာတွန်းတစ်ပုဒ်၊ အတွင်းနောက်ကျောဖုံးမှာ ဉာဏ်စမ်း ဒါပဲလေ။
အဲ………..တစ်ခုတော့ ရှိတယ်
အဲ့ဒီတုန်းက ကလေးတွေနဲ့ ဘာမှမဆိုင်ဘဲ ထည့်ပေးထားတဲ့ နောက်ကျောဖုံးက ဟာကြီးလေ။
ပြည်သူ့ သဘောထားရယ် ဒို့တာဝန် အရေးသုံးပါးရယ် (ထင်တာပဲ)
ရွှေသွေးရဲ့ နောက်ထပ် အားသာချက်ကတော့ သူက အင်္ဂလိပ်လိုလေးပါ အောက်က ပါတဲ့အတွက်ကြောင့် ဦးမာဃတို့တွေ အင်္ဂလိပ်စာနဲ့ အနည်းငယ် အထိအတွေ့ ရှိသပေါ့။
(ပြောသာပြောတာပါ၊ အမြဲတမ်းနီးပါး အဲဒါတွေကို ကျော်ဖတ်တာရယ်)
ကဲပါလေ………….လိုရင်းကနေ ဝေးသွားပြီ။
ရွှေသွေး ပြီးတော့ ဦးမာဃ စာဖတ်အဆင့် တက်သွားတာကတော့ တတိုင်းမွှေး ပေါ့။
အဲဒီမှာ မြိုင်ရာဇာ တွတ်ပီ၊ ကိုရွှေထူးရဲ့ ရပ်ကွက်ထဲမှာဗျာ နဲ့ ပိုးဇာတို့ကို စ တွေ့ပါတယ်။
မှတ်မှတ်ရရ မြန်မာတွေ အတုခိုးပုံကလေး ပြောပါဦးမယ်
လူပျိုကြီး မောင်မောင်ဇာနဲ့ အမြွှာညီအစ်မ လေးမွန် ထွေးမွန်ကိုမှ
လေးမာ ထွေးမာ ဆိုပြီး ထွက်တာတောင် ဖတ်ရသေးသဗျ။
ဆင်တူရိုးမှားကတော့ ဖြစ်သလားမမေးနဲ့။
အင်း…အဲသလိုနဲ့ပဲ
တေဇအစ ရွှေသွေးအလယ် တတိုင်းမွှေး အဆင့်အထိ တက်လှမ်းလာပြီးတဲ့ သကာလ မှာတော့
ဦးမာဃရဲ့ စာဖတ်အဆင့်ဟာ တွေ့သမျှစာအုပ် ဆွဲဖတ်တဲ့အဆင့် ရောက်တော့တာပါပဲ။
အခန့်သင့်စွာနဲ့ အိမ်ဘေးက စာအုပ် အငှားဆိုင်နဲ့ပါ ရင်းနှီးသွားတဲ့ အခါမှာတော့
ဦးမာဃရဲ့ ကျောင်းပိတ်ရက်တွေ၊ အားချိန် နားချိန်တွေဟာ စာအုပ်ဆိုင်မှာ ကုန်ဆုံးသွားပါလေရော…………
စာအုပ် အငှားဆိုင်မှာသာ သွားတာ
တစ်အုပ်မှ မငှားဘူးရယ်။
ငှားဖတ်ရင်လဲ ဦးမာဃနဲ့ မကိုက်ဘူးလေ။
ဦးမာဃက စာအုပ်တစ်အုပ်ကို တစ်ထိုင်တည်းနဲ့ အပြီးဖတ်တာ(ဘာစာအုပ်ပဲ ဖြစ်ဖြစ်)
အဲဒီတော့ စာအုပ်က ငှားလာပြီဆိုရင် ဘယ်လောက်မှမကြာဘူး ဖတ်ပြီးသွားပြီ။
ဆိုတော့ စာအုပ်သာ ငှားဖတ်ရင် စာအုပ်ငှားခနဲ့တင် အတော်ကုန်မယ့်အရေးကို မြင်တဲ့ မာတာပိတုများကလဲ
ဦးမာဃကို စာအုပ်ဆိုင်သာ ပို့ထားလိုက်တော့သဗျို့။
အဲဒီ အငှားဆိုင်မှာပဲ
တွတ်ပီ လုံးချင်းတွေ၊ ဘိုဘို လုံးချင်းတွေ၊ နောက် လစဉ်ထုတ်တွေဖြစ်တဲ့ ရွှေယမင်းဦး တို့လို ကာတွန်းတွေပါ ဖတ်ဖြစ်သွားသပေါ့
အခုက ကာတွန်းတွေ အပိုင်းကိုပဲ အဓိကထား ပြောချင်လို့ အဲဒါတွေကိုပဲ ပြောတာပါ။
တကယ်က ရှိသမျှစာအုပ် အကုန်ဖတ်တာရယ်။
ဆိုတော့ အဲသလိုဖတ်ရင်း ရင်းနှီးလာတဲ့ ကာတွန်းဇာတ်ကောင်တွေက
နိုနိုနဲ့ ဒိုရာ တို့
သိပ္ပံပညာရှင် မောင်တီထွင်၊ ဂြိုလ်သားကလေး မောင်ခခွေး စတာတွေ
နောက် အလွန့်အလွန်ဆိုးတဲ့ ဂျောက်ဂျက်နဲ့ သူ့ဖခင် ဦးကြောင်ဇရက်(စာလုံးပေါင်း မှန်လားမသိ)
(ဆောင်ပုဒ်လေးတောင် မှတ်မိနေသေး “တစ်ချက်ပြုံးရင် တစ်ရက်အသက် ပိုရှည်မှာပါ ” တဲ့)
နောက် အတော်လေး စိတ်ဝင်စားစေတဲ့ ကိုမှောင်နှင့် သူ၏အစိတ်အပိုင်းများ၊ ပူစူးမနှင့် ပိုးမွှားများ စတာတွေ
ဆရာမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ် တို့ နောက် ဆရာသော်က ရဲ့ အရိုင်း တို့လို ကာတွန်းတွေကို လက်ကမချ ဖတ်တော့တာပဲ။
နေ့လည်စာ စားချိန်မှ အိမ်က လိုက်ခေါ်တယ်။
စားပြီးတာနဲ့ ပြန်သွားပြီး တစ်နေကုန် ဖတ်တယ်။
အဲဒါ မှတ်မိသလောက်လေးပဲ ပြောပြတာ ဒါထက် အများကြီး ကျန်သေးတယ်။
အဲသလို ဖတ်ရင်း နောက်ထပ် ဖတ်မိတဲ့ ကာတွန်းလုံးချင်းတွေကတော့
အချစ်ရုပ်ပြတွေပေါ့ဗျာ၊ နောက် အက်ရှင် ရုပ်ပြတွေ (အခုထိ မှတ်မိတာကတော့ ဒီရဲဂျာပဲ)
(အခုထိလဲ ရုပ်ပြတွေကတော့ ဖတ်တုန်း ဘာတွေလဲတော့ လာမမေးနဲ့ ပြောပြဘူး)
ဦးမာဃကို အဲဒီဘက်ကို စ သွင်းပေးတာကတော့ တာရာပွကြီး ပါပဲ (ကာတွန်း-ဝိဇ္ဇာပါခင်ဗျ)
အခုထိလဲ မှတ်မှတ်ရရ ရှိနေတုန်းပါ
နှာခေါင်းချွန်ချွန် မျက်နှာဝိုင်းဝိုင်းနဲ့ တာရာပွကြီးရဲ့ ပုံစံ နောက် သူ့ သူငယ်ချင်းတွေဖြစ်တဲ့ ပူပြင်းတို့ မိုးမြင့် တို့တတွေကိုပေါ့။
အဲဒီအထိ ကြားထဲကနေ အဆင့်တက်တာကတော့ မြန်သလား မမေးနဲ့ အဲဒါတွေကို ဦးမာဃ မူလတန်း အရွယ် (နှစ်တန်း သုံးတန်းလောက်မှာ) ဂျောင်းဂျောင်းပြေးအောင် ဖတ်နေပြီဗျ။
စာဖတ်ကလဲ ဘယ်လိုက ဘယ်လိုကို မြန်မှန်းမသိ
ရွယ်တူတွေနဲ့ ကျောင်းမှာ အတူတူများ ဖတ်လို့ကတော့ ဦးမာဃ စာတစ်မျက်နှာဖတ်ပြီး အတန်းကို တစ်ပတ်လောက် ပတ်ပြီးကာမှ သူတို့က နောက်တစ်မျက်နှာကို လှန်တုန်းပဲ ရှိသေးတဲ့အထိ။
သူတို့ပဲ နှေးတာလားကတော့ မပြောတတ်ဖူးပေါ့
ဒါပေသိ အခုထိလဲ အဲဒီလောက်ပါပဲဗျာ။
ထားပါလေ။ အဲဒါတွေက အရေးမကြီးပါဘူး (အမှန်ကတော့ တမင်ကို ကြွားတာရယ်)
ကာတွန်းအကြောင်းကို ပြန်ဆက်ရရင်…………
ဦးမာဃတို့ ငယ်စဉ်က ကာတွန်းကို အရူးအမူးနီးပါး ဖတ်ခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်နော့
နောက် အဲဒီအချိန်က ဦးမာဃတို့ ပတ်ဝန်းကျင်မှာ ကာတွန်းတွေက လက်တစ်ကမ်းမှာတင် ရှိနေတာကိုး။
အဲ့ဒါလေးကို အခုခေတ် ကလေးတွေနဲ့ သွားလို့ ယှဉ်ထိုး မိပြန်တော့
အခုခေတ် ကလေးတွေ ကာတွန်းဖတ်တာ နည်းသွားသလို တွေးမိ၊ ခံစားမိပါတယ်။
တစ်ဖက်မှာ ကြည့်ပြန်တော့လဲ ကာတွန်းစာအုပ်လောက ကျသွားသလို ခံစားမိတယ်။
ဘာလို့လဲဆိုတော့ အတော်များများ ထွက်မလာတာကို တွေ့မိ၊မြင်မိနေလို့ပါ။
အခုနောက်ပိုင်း နောက်ဆုံးထွက်လာတဲ့ အပတ်စဉ် ကာတွန်းစာစောင်တွေ ရှိနေပေမင့် အတွေ့ရ နည်းသွားသလိုပဲလေ။
ကိုယ့် ပတ်ဝန်းကျင်ကပဲ ကလေးတွေ နည်းသွားတာကြောင့်များလားလို့ ကြည့်ပြန်တော့လဲ မဟုတ်ပြန်ဘူး။
ဒါကြောင့် တွေးမိတာကတော့ ကလေးတွေ ကာတွန်း အဖတ် နည်းသွားတယ် ဆိုတာပါပဲ။
အခု ကလေးတွေက ဦးမာဃတို့လို ငြိမ်ပြီးတော့လဲ စာမဖတ်၊ ပြေးကာ လွှားကာရယ်လဲ ဆော့တာ နည်းသဗျို့။
သူတို့လေးတွေ အတွက် ဆော့စရာ smartphone တွေ၊computer တွေပဲ များလာလို့လားတော့ မပြောတတ်။
အခု ဦးမာဃ ပြောတာ ကာတွန်းရုပ်ပြ၊ ကာတွန်းဇာတ်လမ်းတွေကို ပြောတာနော်။
ကာတွန်းကားတွေကို ပြောတာမဟုတ်။
ကာတွန်းကားတွေ ထုတ်လုပ်ရာမှာလဲ မြန်မာတွေဟာ အတော်တော့ လိုပါသေးတယ်။
ဟိုအရင်နှစ်တွေက animation studio တွေ၊ မြန်မာကာတွန်းဇာတ်ကားတွေ အလုံးအရင်း ထွက်ခဲ့ဖူးပေမင့်
ပျက်စီးနေတဲ့ ဗီဒီယိုလောကနဲ့ ခိုးကူးတွေကြောင့်
တောက်မည့်မီးခဲ ရေနဲ့တွဲမိသလို ဖြစ်သွားတာတွေကိုလဲ စိတ်မသက်မသာ တွေ့လိုက်ရပါတယ်။
အဲဒါဟာ မြန်မာကာတွန်းလောက အတွက် ဆုံးရှုံးမှု ကြီးမားစေတယ် ဆိုတာကိုလဲ မပြောချင်ဘဲ ပြောရပါဦးမယ်။
ဆိုတော့ အဓိက အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်
ကာတွန်း ဆိုတာဟာ ကလေးစာပေလို့ ဦးမာဃ ယူဆပါတယ်။
ကလေးတွေအတွက် ဆရာဇဝနရဲ့ ဆိုးပေ လိုမျိုး ကလေးစာပေတွေ နည်းပါးနေတဲ့အချိန်မှာ ကာတွန်းဇာတ်ကောင်တွေကတော့ ပေါများနေခဲ့တယ်။
အခုအချိန်မှာ နိုင်ငံတကာက ကလေးစာပေတွေ၊ ကလေးတို့အတွက် ဖတ်စရာတွေ ရရှိနိုင်တာ မှန်ပေမင့်
ဦးမာဃတို့ရဲ့ ကိုယ်ပိုင်စာပေတွေ (အထူးသဖြင့် အဲသလို ကာတွန်းတွေ) ပျောက်ကွယ်သွားမယ့်အရေးကိုတော့ မလိုလားတာ အမှန်ပါ။
အဲဒါကြောင့်မို့ ဒီ လျစ်လျူရှုခံထားရသလို ဖြစ်နေတဲ့ ကာတွန်းလောက ကို အနည်းငယ်ပဲဖြစ်ဖြစ် သတိထားမိနိုင်ဖို့အတွက် ငယ်စဉ်က အခြေအနေလေးနဲ့ တွဲပြီး တင်ပြလိုက်ပါတယ်။
ကာတွန်းလောက ကျဆင်းနေပြီဆိုတာကလဲ ဦးမာဃရဲ့ ကိုယ်ပိုင် သီးသန့် အမြင်သာ ဖြစ်ပါတယ်။
(ရှေ့ တိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တာမျိုးကလဲ ရှိနိုင်သေးတာမို့)
ဦးမာဃ တင်ပြတာလေးတွေကို အလိုမကျ စနိုးစနောင့် ဖြစ်မိတယ် ဆိုရင်တော့
ဦးမာဃရဲ့ ငယ်စဉ်က ဘဝလေးကို တင်ပြတယ်လို့ပဲ သဘောထားလို့ ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးနိုင်ပါတယ် လို့ ပြောချင်မိပါတယ်နော်…………….။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
96 comments
Garfield
July 17, 2013 at 1:00 pm
ဂီးးးးး
ဂရားးးးးး ဂါးးးးးးးး
အကြံဦးတယ်။
နာ လဲ ရေးမို့ကို။
ကျုပ်နဲ့ ကျုပ်မောင်နဲ့ဆို စာအုပ် စုံ ဖတ်ခဲ့တာပေါ့။
အဲဒီတုန်းက ရာဇဝင်တို့ ဘုရားလောင်း ဇာတ်တော်တွေ တို့လည်း ကာတွန်းထွက်တယ်။
သဂျားက ကျုပ်ထက် အသက်အများကြီးငယ်တာကို ဒီ ကာတွန်းခေတ်မှီတယ်ဆိုတော့ မဆိုးဘူးပြောရမယ်။
ကလေးကာတွန်းက စ လူကြီးကာတွန်းထိ အကုန်ဖတ်ဖြစ်တယ်။
ဒီရဲဂျာ
စိုင်းလားရှိုး
အင်ဂျန်း
စံရွှေမြင့်
ရာမ
လက္ခဏ
ထွန်းဝင်းလတ် စတာတွေက လူကြီးကာတွန်းတွေလေ။
ပြန်လာပါဦးမယ်အေ။ မေ့ကုန်လို့။
ဒါမျိုး အတိတ်ကို ပြောနေရရင် ပျော်လွန်းလို့ပါ။
Mr. MarGa
July 17, 2013 at 1:02 pm
အိုက်ဒါ အကုန် ဖတ်ဖူးတယ်
ပြောပါတယ် တွေ့သမျှ စာအုပ် ဆွဲဖတ်တာပါဆိုမှ
အဲဒါ အကုန် ဖတ်တာ
ချွင်းချက်- စံရွှေမြင့် မပါ
Inz@ghi
July 17, 2013 at 1:25 pm
အနှီ လူဂျီး ကာတွန်း ဆိုတာဒွေက အသက်ရလာတော့ မဖတ်တော့ဘူး ဖီးလ် ကွေး လို့ …
ဘယ့်နှယ့်ဗျာ ..တာမနေတာ လည်း မနေရ အင်ဒီပန်းနန့်ဒေးလည်း ချမ်းသာမပေး ကွန်အဲယား လည်း
ဒဲ့ ကောက်ကတ်ဆော်တာတွေ သိလာလို့ …
စကားမစပ် Forrest Gump ပြန်ကျိ ဖြစ်တယ်.. stupid is as stupid does ဆိုတဲ့လက်သုံးစကားလေ..
အတော်ကောင်းသဗျာ..ဒီအရွယ်မှာ ပြန်ကြည့်မိတာ …
ငယ်တုန်းက ကြည့်စဉ်က အဲ့လောက် အရသာမရှိဖူးဘူး ..။ ဒီတပါတ် Saving Private Ryan ပြန်ကျိအူးမယ်..
ဒါပီးရင် cast away.. ဒီလတော့ တွမ်ဟန့်ခ်စ် ပြန်တူးတဲ့လပဲ..
Inz@ghi
July 17, 2013 at 1:31 pm
ကျန်သေးဒယ်.. စိုင်းဗေဒါဆိုတဲ့ဆြာ .. Crying Freeman ရဲ့ ကျောရိုး ဂျပန်ကာတွန်းကို ခပ်တည်တည်
မြန်မာစာတန်းထိုးပီး လုပ်စားတာ ၁၁အုပ်မှာ ၁အုပ်စာလောက်ပဲ လက်နဲ့ ရေးတာရယ်.. ။ ချဉ်ပါ့..။
ဒီစာရင်းထဲကျန်သွားတာ အာကာမင်း ဆိုတဲ့ဆြာ ..နောက်ပိုင်း ကလောင်မူပိုင် ဘာညာ ညိတယ်ထင့်
အာကာမင်းမင်း ဖြစ်သွားတယ်… ကျော်လည်း ဆက်မဖတ်တော့ဘု… ချဉ်ထှာ။
ကတွတ်ပီကော စမ်းအူးမလား နိုင်ငံခြား ဇာတ်လမ်း တွေ ကျောရိုး သော်၎င်း ဒဲ့သော်၎င်း သမတာပဲ…။
အဲ့.. တခုပဲ ..သူက ဗဟုသုတ အနေနဲ့ တိရစာ္ဆန်တွေရဲ့ အကြောင်းလေးတွေ ညှပ်ညှပ်ရေးတတ်တာလေး..။
အဲ့တုန်းက နေရှင်နယ် ဂျီအိုဂရပ်ဖစ် တို့ ဝီကီတို့ ဘယ်နားနေမှန်းမသိ ဆိုတော့ ..အဲ့ဒါလေးတော့ ပညာရသပေါ့ဗျာ..။
အနှစ်သက်ဆုံး ကာတွန်းဇာတ်ကောင်ကို ပြောပါဆိုရင်တော့ သမိန်ပေါသွပ် ပါပဲ။
Garfield
July 17, 2013 at 1:38 pm
နာ အကြိုက်ဆုံးက မောင်မောင်ဇာ ပဲ။
ကာတွန်း ဇာတ်ကောင်ကိုပြောတာ။
အာကာမင်းက စီနီရာအကျဆုံးးးးပဲ။ နောက်မှ အာကာမင်းမင်းဖြစ်တာ။
ဒီရဲဂျာ နဲ့ ရာမာဖုံ အတွဲတုန်းက အသေစွဲလန်းခဲ့ရတာ။
Inz@ghi
July 17, 2013 at 1:48 pm
ရာမာဖုံ ဆိုတာ 山本 ဒါဖြစ်လိမ့်မယ်…အဲ့ဒိဆြာ ဂျပန်စာ ဘိဒဂတ် အိုးကွဲနေမှာ ..
ခက်တာက အနှီ စာလုံးကို ဘယ်ဂငယ်မှ ရာမာဖုံ လို့ မဖတ်ဘူး ရာမာမိုတို ပဲ ဖတ်တယ်
本 ဆိုတာက စိနသံ (ဂျပန်အယူ) နဲ့ ထွက်ရင် -fon, -hon, -bon ကိုး .. ခွန်းယော်မိ ခေါ်တဲ့
ဂျပန်လေကျ နဲ့ဖတ်မှ မိုတို လို့ထွက်တာ .. ဆိုတော့ ဆြာသမား ကြည့်ဖြီး မှန်းတီး ဗလိုင်းရွှီး လိုက်တယ်ထင်ပါ့..
ဒချိ..ဒချိ
Mr. MarGa
July 17, 2013 at 8:02 pm
သူတို့ကို
ကူးတာ လို့ ပြောရမလား
ဆရာကြီး ရွှေဥဒေါင်းလို မှီးတယ်လို့ ပြောသင့်သလား
တစ်ချက်လောက်ဗျ
Inz@ghi
July 17, 2013 at 9:19 pm
ဆရာကြီးတို့ခေတ်နဲ့ မနှုင်းစကောင်းဘူးဗျ. ဘာလို့လဲဆိုတော့ ဟိုခေတ်က မြေစမ်းခရမ်းပျိုးရတာကိုးး
ဒီဘက်ကဆြာတွေ ကတော့. အလွယ်လုပ်ကြတာပါ.
တကယ်က ၂ ပိုင်းခွဲကြည့်နိုင်တယ်ဗျ. ဥပမာဗျာ တွတ်ပီ ဆို ကာရိုက်တာ အသေ. ဘယ်ဇာတ်ပဲလာလာ
ကြုံတိုင်းရွာသား မသေးမျှင်ယောက်ျား ဗိုက်ကလေးယောက်ဖ.
အဲ့ ဒီရဲဂျာတို့ကျတော့ တဇာတ်ကို တကာရိုက်တာ. ဒီဇာတ်မှာ စုံထောက်ဖြစ်ချင်ဖြစ်မယ်
နောက်ဇာတ်မှာ စပိုင်ဖြစ်ချင်ဖြစ်မယ်. အဲ့လို.
ဆိုတော့ ကာရိုက်တာ ကိုင်ရေးရတာ ပိုခက်တယ် ပိုမြင့်တယ် မြင်မိရဲ့ဗျို့.
ကိုယ့်ခတ်ကွင်း အဝန်းအဝိုင်းနဲ့ ကိုး. မှီးတာကိုလည်း. ကာရိုက်တာကို
ဗမာနာမည်လောက် ပြင်ရေးတာမျိုးထက် လည်း ပိုလေးစားမိပြန်ပါရဲ့.
တကယ်တော့ ကိုယ်ပိုင်ဖန်တီးတာပဲ အကောင်းဆုံးဗျ. ထိပ်ဆုံး ဖန်တီးယူတဲ့အချိန်ကျရင်တော့.
မှီငြမ်းရတာတွေ အရိပ်ထိုးတာတွေ ဩဇာသက်တာတွေ ပါမပေါ့ဗျာ.
ဥပမာ ဂျက်စပဲရိုး ဆို ရိုးလင်းစတုန်း ဂီတာသမားရဲ့ ဟန်တချို့ ယူထားတယ်.
ဆောလစ် စနိပ် ဆိုရင် ဗန်ဒိန်းနဲ့ တခြားမော်ဒယ်တယောက်ရဲ့ ကာရိုက်တာကို သမ ထားတာဗျ.
သို့သော် သူတို့အားလုံးတော့ ကိုယ်ပိုင်ဟန် ရှိကြပါတယ်.
Good artists copy. Best artists steal.
ဒချိ ဒချိ.
Inz@ghi
July 17, 2013 at 9:37 pm
အခု ကျုပ် ကော့မစ် လောက ကိုခနခနခလုပ်တိုက်နေမိတယ်.
တခြားကြောင့်တော့မဟုတ်ဘူး. ဆြာသမားတယောက်က ဂျာနယ်လုပ်တော့ နာရူတို ကို မူပိုင်ဝယ်ပီး ပြည်တွင်း
ဖြန့်ချင်တယ် ဆိုလာလို့ရယ်. လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကပါ. အဆင်မပြေခဲ့ဘူး. အဲ့သည့်မှာ ကိုယ်လည်း
ကာတွန်း အာနီမီ ဘက် နည်းနည်းပြန်ကြည့်မိရင်း. တွေ့လာတာတွေ ဆိုပါတော့.
သူရို့ဆီမှာလည်း ရုပ်ပြက စသဗျ. လူအားပေးလာရင် အာနီမေးရှင်း လိုက်ရိုက်လာတယ်.
အောင်မြင်တဲ့အခါ ရုပ်ရှင်ကားကြီး ကိုတောင်တချို့ ကူးကြတယ်. ကြားထဲမတော့ သော့ချိတ် ဖုန်းကာဗာ တီရှပ် ကွန်ပါဗူး
မျိုးစုံ အနှီ ကာရိုက်တာတွေ နဲ့ ထုံးမွှမ်းပြီး ရောင်းစားကြတော့တာပါပဲ. နောက်ပိုင်းမှာ ဂိမ်းတို့ အရုပ်တို့ လိုက်လာတယ်
ဧရာမ စီးပွားရေးကြီး ကို ဖြစ်နေတော့ပါပဲဗျာ. ကျုပ်တို့ဆီမှာက စာအုပ်လောက်နဲ့ရပ် မသကာ လွန်ရောကျွံရော အချဉ်ထုပ်လောက်
ဖြစ် ဆိုတော့လည်း. ကြားထဲ သူများအောင်မြင်ရင် ဆင်တူရိုးမှား ကူလီကူမာ ကလုပ်လိုက်အုံး.
ဝှူးးး.
တော်သေးဘီ.
Garfield
July 17, 2013 at 1:31 pm
ဟုတ်တယ်ဟ ။
အစ ပိုင်း က အဟုတ်။
နောက်ပိုင်း မသိခင်ကလည်း အဟုတ်။
နိုင်ငံခြားရုပ်ရှင်တွေ ပြန်ကြည့်ဖြစ်မှ “ဟင်! ဒီ ဇာတ်လမ်းကို သိသလိုလို” “ဒီ ဇာတ်ကွက်မျိုး ကြားဖူးသလိုလို” ဖြစ်တာ။
မင်းသားထဲ နှာခေါင်းနဲ့ မကြည့်ပဲ လုံးဝ ကြိုက်တာ သူ့ပဲရှိတယ်။ ငိငိငိ.။
မျက်လုံးလေး ကြည့်ပြီး ငိုချင်တော့တာပဲ။
1) the Terminal
2) Angels and Demons
3) Green Miles (one of my fav movies)
4) Da Vinci code
5) Appolo 13
အရီးခင်လတ်
July 17, 2013 at 1:54 pm
တွမ်ဟန့်ခ်စ် ပြန်တူးတဲ့လ ဆိုရင်ဖြင့် “You’ve got mail” လေးပါ ပါပစေနော။
Meg Ryan ကလဲ အရမ်းချစ်ဖို့ကောင်းတယ်။ 😛
Inz@ghi
July 17, 2013 at 1:59 pm
အဲ့ကားက facebook era မှာ ရီဇယာကြီးဗျာ..
ငိငိ..
Zaw Thant
July 17, 2013 at 3:03 pm
တွမ်ဟန်ခ် ပြန်တူးရင် Da Vinci Code လေးလဲ မဆိုးဘူးဗျ..
Inz@ghi
July 17, 2013 at 3:07 pm
ဒါဗင်ချီကုဒ် နဲ့ အိန်ဂျယ် အင်န် ဒမန် က သူအဆဲခံရဆုံးကားတွေခည..။
ကာရိုက်တာ မပီ လို့ တဲ့ ..။ ဟုတ်တော့လည်း ဟုတ်တယ် ဝှက်စာဖော်တဲ့ ပါမောက္ခရုပ် မပေါက်ဘူးရယ်..။
ဒါမျိုးကျ Dean Corso လို အခွက်မျိုးမှ လိုက်တာကလား ..။
TNA
July 17, 2013 at 7:39 pm
အေးဟုတ်တယ်။ ကေဇီပြောမှမှတ်မိတယ်။ ဒီရဲဂျာ
စိုင်းလားရှိုး
အင်ဂျန်း
စံရွှေမြင့်
ရာမ
လက္ခဏ
ထွန်းဝင်းလတ် ကိုပိုကြိုက်တယ်။ လွမ်းတာအေ
Mr. MarGa
July 17, 2013 at 7:59 pm
အခုဆို ဘယ်သွား ရှာရပ 🙄 🙁
padonmar
July 19, 2013 at 10:07 pm
ထွန်းဝင်းလတ် မဟုတ်ပဲ ထွန်းမင်းလတ် ထင်တယ်။
သူဆွဲတဲ့ပုံတွေက မျက်နှာလေးဒေါင့်ဆန်တယ်။
Inz@ghi
July 17, 2013 at 1:12 pm
ဒီရဲဂျာ ဆွဲတဲ့ ဆြာသမား ကလောင်နာမည်က မြင့်အိုတူး တဲ့ … မြင့်ဦး ပေါ့ဗျာ … နာမည်နဲ့တင် ကန်မီကယ်ကျောင်းသားမှန်းသိအောင်
လုပ်ထားတာလေ..။ သူ့ ဇာတ်လိုက်တွေက ယောက်ျားလေးဆို မျက်ခုံးမျက်လုံး ဆွဲတာ သိပ်ပီတယ်…
အမျိုးသမီး ဇာတ်ကောင်ဒွေကျပြန်တော့ မေးဖျားမှာ မှည့်ကလေး တလုံး ပါတတ်တယ်…
ဘာဂျောင့် ကြွေသလဲ သိဒယ်ဟုတ်…ဒချိဒချိ..
Mr. MarGa
July 17, 2013 at 7:51 pm
ဟုတ်ပါပြီ ဖားသက်ပြင်းရယ်
အဲဒီ မှဲ့ကလေးကိုပဲ စွဲနေတယ်ပေါ့
Yae Myae Tha Ninn
October 9, 2014 at 1:38 pm
ဘယ်လိုပဲ ပြောပြော… ငယ်ငယ်က ဒီရဲဂျာဖြစ်ချင်လို့… ဝိတ် မ ရ တာ အမော… ကြီးလာရင် ဘာလုပ်မလဲ မေးရင် ကြေးစား လူသတ်သမား ဖြစ်ချင်လို့ ဖြေတဲ့ အထိပဲ… တအုပ်ထဲမှာဆိုရင် ကွန်တင်နာကားကို သူက မောင်းတယ်… သေနတ်က အမိုးမှာ အမြဲပါတယ်… လိုက်ပြီး လူသတ်တာ.. ဟဲ…
ကွန်ဖူး သုံးဖော်လဲ မချန်ထားခဲ့နဲ့ဦး… အကြိုက်ဆုံး နဲ့ အမှတ်အရဆုံးက ပြောင်ရှင်းရဲ့ တက်စီပဲ… 🙂
အလင်း ဆက်
July 17, 2013 at 1:20 pm
တို ့လည်း တာရာပွကြီးတို ့ ဇာတ်လမ်းတွေ ကြိုက်ခဲ့ပါသေးတယ်ကွယ်
အခုတော့လည်း . . . .
============
ဒါနဲ ့
သကြားရေ
ကာတွန်းပြခန်း ဆိုပြီး လုပ်ရင်
ပါမလား
😆
Garfield
July 17, 2013 at 1:25 pm
စ ပြန်ပြီ။
ပြီးရင် သားက စပဲ စတတ်တာ။
ဘာမှမလုပ်တတ်ဘူး ဆိုတဲ့ အပြောနဲ့ သဂျားခေါင်းပေါ် ရောက်ဦးမယ် အလက်ဆင်းလေးးးးး 🙂
Mr. MarGa
July 17, 2013 at 7:50 pm
ပါ………………..ဘူး
ကာတွန်းလဲ ဆွဲတတ်ဖူး
ဒါဗျဲ
အလင်း ဆက်
July 17, 2013 at 8:27 pm
ကာတွန်းမဆွဲ ပါနဲ ့။ ဆွဲတတ်တဲ ့ သူတွေ ဆွဲထားတာလေးတွေကို စုမယ်ဆောင်းမယ် ။
တွဲမယ်ချိတ်မယ် ။
တင်မယ် ပြမယ်…။
ရွေးမယ်.ပေးမယ်…
ဒါပဲ…။
ကူမလား ။
Mr. MarGa
July 17, 2013 at 8:57 pm
လောလောဆယ်
အစ ပျိုးထားတာကို အခြေခိုင်အောင် လုပ်ပါဦး ကိုရင် ဒညင်းဝက်ရေ
အလင်း ဆက်
July 17, 2013 at 9:04 pm
အဟိ ။
အဟိ ။
အရီးခင်လတ်
July 17, 2013 at 1:40 pm
နှိုင်းယှဉ်ပြရရင် ရွှေသွေး၊ တေဇ ရှေးဟောင်း ဗားရှင်း (၁၉၇ဝ ဝန်းကျင်) တွေက တကယ်ကို အဆင့်မြင့်ပါတယ်။
ဒီနောက်ပိုင်း ထွက်လာတာတွေ ကတော့ အဲဒါတွေ နဲ့ ယှဉ်ရင် ဘာမှ မဆိုင်ဘူး။
အဲဒီတုန်းက ဆရာကြီး ဦးဘကြည် လက်ရာ တွေပေါ့။
မှတ်မိနေသေး။
ကလေးတစ်စု မှော်နာရီ (အခုဆို Time Machine ခေါ်မလား) ကြီးကို သွားဆော့မိပြီး အသက်တွေ ကြီးကုန်တာ ပြန်ပြီး ငယ်အောင် လုပ်ကြရတာ တွေ။
နောက်ပိုင်း မိုးသောက်ပန်း ကလဲ အမြင်ဆန်း ဖတ်လို့ ကောင်းတယ်။
အခုတော့ ပျောက်သွားပြီလား မသိ။
ကာတွန်း မောင်မောင် ရဲ့ ကာတွန်းတွေ လဲ ရှိသေးတယ်။သူ့ဇာတ်ကောင် တစ်ကောင် ဘဲဥတော့ မှတ်မိတယ်။
အခုခေတ် ရှင်သန်ဆဲ ကာတွန်းထဲမှာတော့ ပိုးဇာရဲ့ မောင်မောင်ဇာ ကို သဘော အတွေ့ဆုံးဘဲ။
ရွာထဲမလဲ မောင်မောင်ဇာ တွေ အများသားနော။
ဖိုးသိကြား ကိုယ်တိုင်လဲ လေးဇာ များ ဖြစ်နေလေရော့သလား။
😆
Mr. MarGa
July 17, 2013 at 7:40 pm
ဟုတ်ပါတယ် အရီးလတ်ရေ
စာဖတ်တတ်စ ကလေး အဲဒါတွေနဲ့ သွား တိုးတာမို့
ပိုပြီး စိတ်ဝင်စားလာတယ်လို့ပဲ ပြောရမလား
မိုးသောက်ပန်းကိုလဲ ကြိုက်တယ်
သူလဲ အင်္ဂလိပ်ကဏ္ဍ ပါတာပဲနော်။
ကာတွန်း မောင်မောင် ဆိုရင်
ဘဲဥ၊ မှုန်ကြီး၊ ကိုမှောင် အဲဒါတွေ မှတ်မိတယ်
ကျွန်တော်က လေးဇာတော့ ဖြစ်သေးပါဘူး
ဖြစ်လာစရာလဲ ရှိလောက်ဖူး
တူမတွေ မရှိလို့
San Hla Gyi
July 22, 2013 at 7:01 pm
ဦးမာဃရဲ့ ဆောင်းပါးက ကောင်းလို့ ဝင်အားပေးလိုက်တယ်။ ဟုတ်တယ်ဗျ တကယ်တော့ ကာတွန်းဆိုတာ ကလေးစာပေပဲ။ အဲဒီစာပေကို သေသေချာချာ လုပ်ရင် ကလေးဘဝတည်းက စာဖတ်ကျင့် ရအောင်လုပ်ပေးလိုက်တာပဲ။ အမကြီး မခင်လတ်လည်း ဒီကာတွန်းကို ဖတ်ဖူးတာကိုး။ အဲဒီ အမကြီးပြောလိုက်တဲ့ ကာတွန်းဟာ ဟိုတုန်းက ရွှေသွေးအဟောင်းထဲမှာ ပါခဲ့တယ်။ ကျနော် မှတ်မိတာက ကလေးသုံးယောက်။ လူအိုရုပ်ပေါက်သွားကြတာ အဓိက လုပ်စရာရှိတာ မလုပ်ပဲ အချိန်ဖြုန်းလို့ ဆိုပြီး ဇတ်လမ်းဖွဲ့ထားတယ်။ အဲဒီမှာ ကျောက်ဂူထဲမှာ ရှိတဲ့ နာရီကြီးကို ပတ်ရေ ၉ဝ ပြည့်အောင်လှည့်ကြရတာပဲ။ ကလေးတွေကို ပညာပေးချင်လို့ပဲ။ ဒါပေမယ့် ဆွဲထားတဲ့ ကာတွန်းလက်ရာက တော်တော့်ကို ကောင်းတယ်။ အမကြီး ပြောတာ အမှန်ပဲ။ အဲဒီတုန်းက ရွှေသွေးစာစောင်တွေက တော်တော်ကောင်းတယ်။ ကျနော့်အဖေက ကျနော့်ကို ငယ်ငယ်တည်းက အဲဒီရွှေသွေး အဟောင်းတွေကို အပတ်စဉ်ယူပြီး တနှစ်စာ တနှစ်စာ စနစ်တကျ စာအုပ်ချုပ်ပေးပြီး အဖုံးမှာတောင် ကျနော်တို့ မောင်နှမတွေ နာမည်အတိုကောက်နဲ့ တံဆိပ်တုံးရိုက်လိုက်သေးတယ်။ ကလေးစာပေသာ ပြောတာ လူကြီးဖြစ်တဲ့ အထိဖတ်လို့မဝဘူး။ ကျနော် လူပျိုပေါက် ဘဝအထိ ရှိနေသေးတယ်။ စနစ်တကျ စာအုပ်ချုပ်ထားတာကိုး။ အဲဒါ နောက်တော့ ကျောင်းပိတ်တိုင်း ကျနော့်ညီဝမ်းကွဲလေးက အိ်မ်လာလည်တာနဲ့ အဲဒီစာအုပ်တွေ တနေကုန် ဖတ်တော့တာပဲ။ အဲဒါ တနေ့တော့ အမေက သူ့တူကို လှမ်းခေါ်တာ မကြားလို့ ဘာလုပ်နေတာလည်း ကြည့်တော့ ကာတွန်းဖတ်နေမှန်းလည်း သိရော ဒေါပွပြီး အဲဒီစာအုပ်အဟောင်းကြီးတွေကို အမျိုးတယောက်ကို ခေါ်ပေးလိုက်တာ အခုတော့ သေသေချာချာ မသိမ်းလို့ ပျက်စီးကုန်ပြီ။ ကျနော့်မှာ နှမြောလိုက်ရတာ။
အဲဒီ ခေတ်တုန်းက တွတ်ပီက ရွှေသွေးမှာ စရေးနေပြီ။ ကလောင်သစ်လေးပေါ့။ မသေးမျှင်နဲ့ ဗိုက်ကလေးလည်း ပါတယ်။ စောတင်မောင်ပါတယ်။ ဒါပေမယ့် ရိုးရိုး မုဆိုးကာတွန်းလေးတွေပဲ။ ဗိုက်ကလေးဟာ မသေးမျှင်ရဲ့ မောင်တို့ တွတ်ပီနဲ့ သမီးယောက်ဖတို့ ဘာတို့တောင် မရေးသေးဘူး။ နောက်ကျမှ တဖြည်းဖြည်းနဲ့ ဇတ်လမ်းကို ချဲ့လာတာ။ အဲဒီတုန်းက ပင်တိုင်ကာတွန်းတွေက မှတ်မိသလောက် မောင်ရိုး စိန်မျောက်မျောက် စိန်ပေါက်ပေါက် မုဆိုးကြီးဦးပေတလူတို့ ဘာတို့ပေါ့။ အဲဒီတုန်းက မှတ်မိသလောက် တို့တာဝန် အရေးသုံးပါးတို့ ဘာတို့ မထည့်သေးဘူး။ တကယ့်ကို သန့်သန့်လေးပဲ။
Mr. MarGa
July 23, 2013 at 8:06 pm
ဆရာ ဆွေမင်း ရွှေသွေးမှာ စရေးတာကိုတော့ မမီလိုက်တော့ဘူးဗျ
ကျွန်တော်တို့ လူလားမြောက်တော့ တတိုင်းမွှေးနဲ့ သောကြာမှာ အပိုင်းဆက်နဲ့ ဖြစ်နေပါပေါ့။
အဲဒီ ပျောက်သွားတဲ့ စာစောင်တွေကိုတော့
လွမ်းလိုက်တာဗျာ…
Shwe Ei
July 17, 2013 at 2:04 pm
ရွှေသွေးတောင်ပြန်ဖတ်ချင်လာဘီ
အခုချိန် မင်္ဂလာမောင်မယ် စာအုပ်ဖတ်မိရင် အရင်လို
သဘောကျနိုင်ပါအုံးမလား တွေးမိတယ်
တေဇရုပ်စုံလဲကြိုက်မှကြိုက်
ကိုရွှေထူး(ပြည်) ကိုတော့ ဖတ်ဖြစ်နေတုန်းဘဲ…ရပ်ကွက်ထဲမှာဗျာ စီးရီးလေ..မိုက်စ်ဒယ်
လောလောဆယ် ကလေးဖတ်ဖို့ ပုတက်ဂျာနယ်က အန်းနရိုက် ဗားရှင်းနဲ့ ထုတ်ထားသတဲ့ ဂလက်စီနုတ်တူးက စပွန်ဆာပေးတယ်ဆိုလား ကြော်ငြာထားတာတွေ့မိတယ်
…ဖုန်းနဲ့စာဖတ်ရတာပိုအဆင်ပြေတာပေါ့
Mr. MarGa
July 17, 2013 at 7:33 pm
အခု ရွှေသွေးက
ပို ဖတ်ချင်စရာကောင်းလာတယ်
ဒါပေသိ အခု အိုက်ဒါကို ဖတ်ရင်
ဆယ်မိနစ်လောက်ပဲ ကြာတယ်
အကျင့် အကျင့်
ရပ်ကွက်ထဲမှာဗျာ ကတော့
အခုထိ စွဲတယ်
Garfield
July 17, 2013 at 2:18 pm
စဉ်းစားပြီး ပြောဦးမှ။ (မှတ်ဉာဏ်တွေ ပြန်တူးလိုက်မယ်)
စာစောင်ထဲမှာဆို
၁) မင်္ဂလာမောင်မယ်
၂) တေဇ
၃) ရွှေသွေး
၄) မြတ်ဆုမွန် အဲဒါတွေက စာစီစာကုံး ကိုယ်တိုင်ရေးဖို့ အချက်အလက်တွေ တွေ့သမျှမှတ်ရတာပေါ့အေ။
နောက် ကလေးကာတွန်းဆိုရင်
၁) မောင်စူပါ
၂) ဒီလုံး
၃) မောင်တီထွင်
၄) ဘဲဥ
၅) စိန်မျောက်မျောက်
၆) နှင်းနှင်းလေးနဲ့ ရေမြင်းလေး
၇) မုဆိုးကျော်ဖိုးထော်
၈) ဦးစိတ်တိုနဲ့မျောက်ညို
၉) ဦးကပ်စီး တို့ တိုင်းဂါးတို့
၁၀) ဂျောက်ဂျက်
၁၁) ဘိုဘို
၁၂) ပြာဂလပ်စိန်
၁၃) သမိန်ပေါသွပ်/ရှင်ဂွမ်းဂွိ
၁၄) တွတ်ပီ
၁၅) ရွှေအိ/ရွှေဘုတ်
၁၆) လေးမွန်/ထွေးမွန်/မောင်မောင်ဇာ
၁၇) ပရုပ်ဆီ
၁၈) ဦးတုတ်ပေါ
၁၉) မောင်ရိုး
၂၀) ဦးမောင်တင့် စတဲ့ ကာတွန်းဇာတ်ကောင်တွေကို အစွဲလန်းဆုံးပဲ။
Mr. MarGa
July 17, 2013 at 7:29 pm
ဆယ့်ခွန်
နှစ်ဆယ်ဖတ်ဖူးဘူး
ကျန်တာအကုန် ကြိုက်တယ်
TNA
July 17, 2013 at 7:46 pm
အေးဟုတ်တယ်။ ကေဇီပြောမှမှတ်မိတယ်။
တကယ်မှတ်မိတာပဲအေ။ ကိုယ်တွေတောင် အိုက်လောက်မှတ်မိဘူးရယ်။ ကွန်ပူတာအုံးနှောက်ပဲ။ ကာတွန်းတွေ လွမ်းတာအေ
Mr. MarGa
July 17, 2013 at 8:54 pm
လူငယ်ခြေတက် ဖြစ်တဲ့ ကျွန်တော်တောင် မေ့တာ များနေပြီ 🙁
kai
July 17, 2013 at 3:15 pm
မှတ်မိတာလေး…
“မြဝတီ၊ ငွေတာရီ၊ ဒို့ကျောင်းသား၊တေဇ ထွက်ပါပြီ” တဲ့…
Mr. MarGa
July 17, 2013 at 7:26 pm
မြဝတီ
ငွေတာရီ
တေဇ
အဲဒါတွေ ဖတ်ဖူးတယ်
ကျောင်းသား ပီသစွာ
ဒို့ကျောင်းသားတော့ ဖတ်ဖူးဘူး
မဟာရာဇာ အံစာတုံး
July 17, 2013 at 4:41 pm
အောင်မာ ….
နာ့ရဲ့ လတ်လတ်ဆတ်ဆတ် တစ်စွန်းတစ်စ ကို ယူသုံးထားလိုက်သေး …
နင်ဒေါ့ နာဂျင်ဘီ ထင်ဒယ် …
ထားဘာဒေါ့ …
နာဂဒေါ့ ကာတွန်းတွေထဲ တွတ်ပီ ကိုပဲ အကြိုက်ဆုံး …
အဲ့ဒါ .. အဲ့ဒါ …. (ခွက်ဒစ် တူ ပေဂျီး)
Mr. MarGa
July 17, 2013 at 7:23 pm
စာလုံးပေါင်း ကွာတယ်
သေချာကြည့်
👿
candle .
July 17, 2013 at 6:29 pm
ပို ့စ်ဖတ်အပြီး ချက်ချင်းမြင်ယောင်လိုက်မိတာကတော့..
ဂိမ်းဆိုင်သို ့လစ်ရန်သာ ချောင်းနေကြသော ရပ်ကွက်ထဲမှ ကလေးများ နှင့်
မည်သည့်အခါမှ လူပြတ်လေ့မရှိသည့် အနှီ ဂိမ်းဆိုင်များ ။
Mr. MarGa
July 17, 2013 at 7:21 pm
မန်းကို လာကြည့်စေချင်တယ်
သုံးထပ်တိုက် တစ်တိုက်လုံး ကွန်ပျူတာ အပြည့်နဲ့
ဂိမ်းဆော့နေကြတာ
အဲ့ရှေ့မှာ ဆိုင်ကယ် ဘယ်တော့မှ မပြတ်
24/7 ပဲ
Nyein Nyein
July 17, 2013 at 6:55 pm
ဦးမာဃရေ… ကာတွန်းကိုတော့ ငယ်တုန်းကတင်မဟုတ်ဘူး။ အခုထိကို ကြိုက်တုန်းပဲ။ စာဖတ်ခြင်းကို ကာတွန်းနဲ့ စခဲ့တာဆိုတော့ ငယ်ချစ်ပေါ့နော်။ ဦးမာဃ ပြောလို့ ငယ်ငယ်တုန်းက ကာတွန်းခိုးဖတ်ခဲ့တာတွေတောင် သတိရသွားပြီ။
Mr. MarGa
July 17, 2013 at 7:18 pm
ဟီဟိ
ငယ်ချစ်မှ ငယ်ချစ် စစ်စစ်
ကာတွန်းကနေမှ အဆင့်တက်တာကိုး
အခုတော့
ကာတွန်းကားတွေကို အသည်းစွဲနေတယ်
(သိကြားမင်းလဲ အိုက်ဒါတွေ ကြိုက်တယ် သိလား )
TNA
July 17, 2013 at 7:36 pm
တဂျားမင်းရယ်။ ပြောမှပဲ ငယ်ငယ်က စွဲစွဲလမ်းလမ်းဖတ်ခဲ့ရတဲ့ ကာတွန်းတွေလွမ်းတာအေ။ တေ ဇ ရွှေသွေး ကတော့လပေးယူတာ။ ဦးစိတ်တိုမျောက်ညို တို့ ဦးကပ်စီးတို့ ဦးစံရှားဦးဒိန်းဒေါင် တို့ ပြာဂလောင်ပြာ လချောင်၊ တွတ်ပီ၊ နောက်မေ့ကုန်ပီအေ။ အများကြီးပဲနော်။ တို့ဖတ်ခဲ့ရတာ။ နဲနဲကြီးတော့ နန်းဦးတို့ ဘာတို့။ ဒို့ခေတ်ကကြည့်စရာတီဗွီဆိုတာလဲ ည ရ နာရီကနေ ၁ဝ နာရီပဲလေအေ။ ပိုတဲ့အချိန်စာဖတ်ဖြစ်တာပေါ့။ အခုကတော့ကလေးတွေက တီဗွီ ကြိုက်တဲ့အချိန်ကြည့် ဂိမ်းဆိုတာကလဲ အချိန်ပြည့်ဆော့လို့ရနေတော့ စာဖတ်ချိန်နဲသွားတာပေါ့။ နောက်ကျောင်း ကျူရှင်ကလဲမိုးလင်း မိုးချုပ်ဆိုတော့အေ။ စာမဖတ်ချင်တော့ ဘူး ပေါ့။ အဆိုးဆုံးကတော့ အခုထွက်တဲ့ ပုတက်တို့ဘာတို့ ငါလဲဖတ်ကြည့်တယ်အေ။ ကလေးတွေမပြောနဲ့ လူကြီးတွေတောင်နားမလည်ဘူးအေ။ ပုံတွေကလဲ ကလေးကြိုက်ရှင်းရှင်းလင်းလင်းမရှိဘဲ ရှုပ်ထွေးနေ အောင်ဆွဲထားတာ။ ကလေးတွေကကျောင်း စာ တွေနဲ့စိတ်ရှုပ်နေရတဲ့ကြားထဲ သူ့ပုံတွေစာတွေက ရှုပ်နေတော့ စိတ်မဝင်စား တော့တာလို့ထင် တယ်အေ။ နောက် အခုထွက်တဲ့ကာတွန်းတွေကလဲ ကိုယ်ပိုင်တီထွင်တာ မဟုတ်တော့ပဲ အခွေတွေကိုမှီးချတာဆိုတော့ ကလေးတွေက အခွေပဲကြည့်တော့တာပေါ့။ ဒို့ငယ်ငယ်တုန်းက ကာတွန်းမျိုးတွေသာပြန်ထွက်ရင် အခုကလေးတွေလဲသေချာပေါက်ကြိုက်မှာပဲ။ ကာတွန်းအသစ်တွေ ထက် အရင်အဟောင်းတွေပြန်ထုပ်နိုင်ရင်ပိုကောင်းမယ်လို့ထင်တယ်အေ။ ပညာလဲရ စိတ်လဲပေါ့ပါး ဆိုရင် ကလေးတွေဖတ်ဖြစ်မှာပါ။ ပြန်ဖတ်ချင်တယ်အေ ငယ်ငယ်ကကာတွန်းတွေ။ သားကိုလဲဖတ်စေချင်တယ်။ ဘယ်မှာများပြန်ရနိုင်မလဲမသိဘူးနော်။
Mr. MarGa
July 17, 2013 at 8:46 pm
မှန်ပါတယ်ဗျို့
အီး……….ပြောရင်းနဲ့ ဖတ်ချင်လာပြီ 🙁
ကျွန်တော်တို့ ငယ်ငယ်ကလဲ ကျူရှင် တက်တာပဲလေ
ဒါပေသိ မျောက်ရှုံးအောင်လဲ ဆော့တယ်
ထိုင်ရာမထလဲ စာဖတ်တယ်
အခု အဲဒီဘက်က တကယ် ဆုတ်ယုတ်လာတယ်ဗျာ 🙁
ကလေးတွေကို စာထိုင် ဖတ်စေချင်ပါဘိ
TNA
July 18, 2013 at 6:02 pm
ဒီနေ့ပဲ တော်ဝင်စင်တာက Tab Book Center ကိုရောက်ခဲ့တယ်။ အဲဒီမှာ ရွှေသွေးပေါင်းချုပ်စာ အုပ်တွေ့ခဲ့တယ်တော့။ အရင်ကရွှေသွေးတွေကို A3 ဆိုဒ်နဲ့ ပြန်ပြီးကာလာနဲ့ ထုပ်ထားပြီးပေါင်းချုပ် လုပ်ရောင်းနေတာတွေ့ခဲ့တယ်။ အထူအပါးပေါ်မူတည်ပြီး ၁၅၀၀ဝ မှ ၂၀၀၀ဝ တဲ့။ နောက်နေ့မှ သွားဝယ်အုံးမယ်အေ။ လွမ်းတာ။ ပြန်ကိုဖတ်အုံးမှာ။
Mr. MarGa
July 18, 2013 at 7:41 pm
ဂယ်ရီးလား…….
မိုက်တယ် မိုက်တယ်
နောက်မျိုးဆက်ကို လက်ဆင့်ကမ်းလို့ ရပီ 🙂
•*¨နန်းတော်ရာသူ •*¨
July 17, 2013 at 8:09 pm
သကြားဖတ်သမျှ တော်တော်များများယောက္ခမလည်းလက်မလွှတ်တမ်းဖတ်ဖြစ်တယ်။
အောက်ဖက်ကဇာတ်ကောင်တွေကိုတော့မသိတော့ဘူး။
ငယ်ငယ်ကအကြိုက်ဆုံးကတော့ ပိုးဇာ(လေးမွန်၊ထွေးမွန်)၊နဲ့ ဘယ်ကျော်(သူရ)၊။
ဆရာဦးအောင်ရှိန်ဇာတ်လမ်းများလည်းကြိုက်တယ်။
နောက်နည်းနည်းကြီးလာတော့ တွတ်ပီ။
ရုပ်ပြမှာတော့ တွမ်ခရုစ်ကားအကုန်နီးပါးနဲ့နိုင်ငံခြားကားပေါင်းစုံကိုရေးတဲ့ အာကာမင်းမင်းလည်းဖတ်တာပဲ။
အဆင်တော့ပြေသား။နိုင်ငံခြားကားတွေကအဲ့တုန်းကမြန်မာလိုစာတန်းမှမထိုးတာ။
တော်တော်များများကားကောင်းတာဆို အာကာမင်းမင်းကကိုယ့်ထက်အရင်ကြည့်ထားပုံရတယ်။
ဖတ်ပြီးသားဖြစ်နေတော့ အဆင်ပြေသား(နောက်တာပါ အက်ဂလိုလုပ်တာကောင်းပါဘူး)
နော်တူးအောင်ကတော့ ဘတ်ဂရောင်းတွေခိုလွန်းလို့ မကြိုက်ဘူး။
စိတ်ရှည်လက်ရှည်ဘတ်ဂရောင်းလှလှ၊ဖက်ရှင်လှလှနဲ့ဆွဲပေးတဲ့ ဆရာတင်မောင်ဝင်း(နေပိုင်) ကိုတော့ အကြိုက်ဆုံးပဲ။
ကိုယ့်ဦးလေးနဲ့မယားညီကိုတော်တဲ့ ဆရာမြိတ်ဝင်းထိန်ရဲ့ပန်းချီရုပ်ပြတွေကိုသဘောကျပေမယ့် သိပ်မမှီလိုက်ဘူး။
နောက် ဧရာကိုလည်းကြိုက်တယ်။
ကာတွန်းနဲ့ရုပ်ပြအကြောင်းပြောရမယ်ဆို တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်မယ်။
ငယ်ငယ်တည်းက ခုနှစ်အုပ်၊ရှစ်အုပ်၊ဆယ်အုပ် လောက်ကိုငှားပြီး
အိပ်ခန်းတံခါးပိတ်ပြီးခြင်ထောင်ထဲမှာ ဖယောင်းတိုင်နဲ့ညလုံးပေါက်ဖတ်တာ။
မီးဖွင့်ထားရင် အိမ်ကလူကြီးတွေသိမှာစိုးလို့။
ဟူးးးးးးးးဆက်ပြောချင်ပေမယ့် ပြီသီကွယ်…တော်ဒေးဘီ။ 😛
Mr. MarGa
July 17, 2013 at 8:49 pm
ယောက္ခမရေ
အခု ဒီစာ ရေးဖြစ်တာမှာ
ယောက္ခမ တင်တဲ့ ပုံလေးကြောင့်လဲ ပါပါတယ်
ကျွန်တော် စာဖတ်ရင်တော့
အဲဒီစာအုပ် မပြီးမချင်း မထတော့ဘူးပဲ
ညလဲ ညမို့
နေ့လဲ နေ့မို့
ပြောကို ယူရတဲ့အထိဗျ
ဦးကျောက်ခဲ
July 17, 2013 at 8:17 pm
ပြောရရင်တော့… ငယ်ဘဝ ဆရာကြီး ဦးဘကြည်ရဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့က စ စွဲတာပဲ…
မိဘများက စာဖတ်တာအားပေးလေတော့ ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား၊ မြဝတီ စုံလို့ပေါ့ဗျာ…
ကာတွန်းကနေ ပန်းချီမြိတ်ဝင်းထိန်တို့ ပန်းချီကိုကိုဝင်း (နေကျောက်ခဲ)တို့ ခေတ်ကိုရောက်တော့…
ပေး မဖတ်တော့ဘူး… အဲဒါ လူကြီးကာတွန်းဖြစ်သွားပြီတဲ့…
ဦးကပ်စီး တူတော်မောင် ခင်မောင်သိန်းထွန်းဝင်းနဲ့ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူတော့ အလွမ်းသား…
အသိဉာဏ်တိုးမည့် ခလေးဖတ်စာပေတွေ ထွန်းကားစေချင်စမ်းပါဘိ…
Mr. MarGa
July 17, 2013 at 8:53 pm
ဟုတ်တယ် ဟုတ်တယ်
အဲ့နာမည် မေ့နေတာ
ခင်မောင်သိန်းထွန်းဝင်း လား 🙂
ကျွန်တော် ဖတ်တုန်းကတော့
တွေ့တာ အကုန် ဆွဲဖတ်တာ
ဘယ်သူမှလဲ မတား
အဲသလို ဆိုတော့
ကောင်းကျိုးလဲ ရှိသလို
ဆိုးကျိုးလဲ ရှိသပေါ့
အဲဒါတွေ ကြုံရင် ရေးပါဦးမယ်လေ
ဦးကျောက် အဲ့စာအုပ်တွေ ရှိသေးရင် သိမ်းထား သိလား
ရှေးဟောင်းပစ္စည်း ဖြစ်လုဆဲဆဲ ဖြစ်နေပြီ
padonmar
July 17, 2013 at 9:05 pm
ကျန်း….
ဒို့ရွာသားကြီး ကထူးဆန်းနဲ့ ခင်ချောစွိ ကိုတော့ သတိမရကြဘူးပေါ့လေ။
Mr. MarGa
July 17, 2013 at 9:10 pm
ဒေါ်လေး ဒေါ်လေး
ဒေါ်လေး ပြောတာ ခင်ဂွမ်းဂွိလား ဟင်
တကယ် မသိလို့
padonmar
July 19, 2013 at 10:03 pm
ပြာဂလောင် ပြာလချောင်တို့ အဖေနဲ့ အမေလေ။
အခု မန်းကီးကော်ဖီမစ် ကြော်ငြာပါ။
တောင်ပုလု မြို့စားကြီး သမီးရှင်ဂွမ်းဂွိက သမိန်ပေါသွတ်ရည်းစားလေ။(မောင်ဝဏ္ဏဆွဲတာ)
GARFIELD
July 23, 2013 at 10:52 am
ကထူးဆန်းနဲ့ ခင်ချောဆွိ အကြောင်းပြောတော့…
ကာတွန်းဆရာကြီးဘဘတင်အောင်နီနဲ့ ကျွန်တော်နဲ့အတော်လေးရင်းနီးပါတယ်…
အဲ့… ကထူးဆန်းရော… ခင်ချောဆွိရော… ကိုလေးပွရော… အကုန်လုံးအပြင်မှာ တကယ်ရှိပါတယ်တဲ့…
အတော်လေးစိတ်ဝင်စားဖို့ကောင်းလေစွ…
ခင်မင်လျက်-
ဂါဂါး
Min Zarni
July 23, 2013 at 11:05 am
တောက်ခ်..
Mr. MarGa
July 23, 2013 at 8:12 pm
အွမ်
ဘဇာကြောင့် မချင့်မရဲ ဖြစ်ပါသနည်း….
padonmar
July 17, 2013 at 9:14 pm
သူခိုးကြီး ငတက်ဖျား လည်းရှိသေးတယ်။
ကျမတို့ငယ်ငယ်ကတော့ ရွှေရိုးအပတ်စဉ်ထုတ်ဂျာနယ်ဆိုတာရှိတယ်။ရွှေစွန်ညိုဆိုတာလည်းရှိတယ်။
သိင်္ဂီရွှေစင်ဆိုပြီး သိပ္ပံစွန့်စားခန်းဇာတ်လမ်းတွဲတွေလည်းရှိတယ်။
နယ်ကအိမ်မှာ တေဇ အဟောင်း၊ရွှေသွေးအဟောင်း၊ဒို့ကျောင်းသား၊တိုင်းရင်းမေ၊ငွေတာရီ၊မြဝတီ၊မိုးဝေ၊တွေရှိသေးတယ်။
(ကြွားရတာ အရသာရှိလိုက်တာ)
Inz@ghi
July 17, 2013 at 9:20 pm
ဒန်တန့်တန်.
စာအုပ်ငှားဖို့ တအိမ်တိုးဘီ.
Mr. MarGa
July 18, 2013 at 12:46 pm
ဟီဟိ
ရတနာသိုက် တွေ့ရှိခြင်း
padonmar
July 19, 2013 at 10:14 pm
စာအုပ်ငှားချင် ကျုပ်နယ်ကအိမ်ကို ရောက်အောင်သွားကြအေ။
ခင်ခက်ခက်ခေါ အဘရဲ့ လက်ဖက်ရည်ဆိုင်နဲ့ ကပ်လျက်အိမ်လို့ မေးသွား။
candle .
July 19, 2013 at 12:47 pm
” ညွတ်ချွာဖျား ”
လို ့အမြဲယောင်တတ်တဲ့ သူ ့ကို
အရမ်းကြိုက်ခဲ့ဖူးပါတယ် အံတီ 🙂
ဘဆွေ
July 17, 2013 at 11:17 pm
ကျန်သေးတယ်…
မိုက်မိုက်ပြည် (ဘဝသရုပ်ဖော် ပညာပေး)
ကာတွန်းမောင်မောင်လေး (ဇာတ်ကောင် ကွီ၊ ပရုပ်ဆီ၊ နင်းပြား၊ငပြည့်)
မောင်လွင် (ငတက်ဖျား မြောက်နီတာ)
မောင်ဝဏ( လျက်ဆားပုလင်းအာဖျံကွီး၊ဂီတဘိုးအေကြီး)
Mr. MarGa
July 18, 2013 at 7:44 pm
မိုက်မိုက်ပြည်
မောင်ဝဏ္ဏ
အဲဒါပဲ လက်ရှိ မှတ်မိတော့သဗျ
အဓိက ကတော့
ဇာတ်ကောင်နဲ့ ကာတွန်းဆရာနဲ့ မတွဲမိတာဗျို့
ခင်ခက်ခက်ခေါ
July 18, 2013 at 2:04 am
ဆိုတော့ ဆြာ့ ဆြာဂျီးများ
ဆြာ့ ဆြာ ငယ်များ ….
ဝိကီပိုင်တဲ့ ဆြာများ ….
ခင်ညားတို့ ဟက်ဒစ်တွေ မမိုးရီတွေ … ဘာညာသရကာတွေမှာ … မရှိသော်လည်း ..
ကာတွန်းဦးဘဂျမ်း အကြောင်းလေးတော့ … မမေ့စကောင်း ..
တူးဆွကောင်းတယ် ရယ်လေဗျာ ….
အဟတ် …
ဟိုတလောကတောင် ကြော်ငြာတခု ဘာတဲ့ ခွေးတံဆိပ်ဆိုလား
….
ဒါမျိုး တူးဂျပါဗျ ..
တူးဂျပါ
2ဂျပါ ….
Mr. MarGa
July 18, 2013 at 7:45 pm
အဲ့ဒီ ကြော်ငြာကို ကြည့်ပြီး မျက်စိလည်နေတာ
အဲ့ဒီ လက်ရာက
ဦးဖေသိန်း လား
ဦးဘဂျမ်း လား ဆိုတာကိုဗျို့
(စကားမစပ် ခရက်ဒစ်ရော ပေးရဲ့လားမသိ)
ခင်ခက်ခက်ခေါ
July 18, 2013 at 2:05 am
ခေါက နည်းနည်းကြမ်းဒယ် …
ခွင့်လွှတ် ….
Mr. MarGa
July 18, 2013 at 7:47 pm
ရပါတယ် ခေါရယ်
ခေါက ခေါပဲဟာကို ဟာကို
ဗုံဗုံ
July 18, 2013 at 9:23 am
ငါကတော့ ကာတွန်းတွေအကုန်ကြိုက်တယ်
ပြာဂလောင်၊ ပြာလချောင် ကိုအကြိုက်ဆုံးဘဲ
ပြီးတော့လေသဂျား. ဟိုကာတွန်း နာမည်မေ့နေလို့
နဖူးပြောင်ပြောင်ကြီးပေါ်မှာ လေယာဉ်ပျံလေးဝဲနေတာလေ
အဲ့ဒီဇာတ်ဆောင်နာမည် မေ့နေလို့ နင်နဲ့လည်းတူတယ်လေဟယ်..
Garfield
July 18, 2013 at 2:58 pm
ဦးပြောင်ရှင်းးး လေ။
တူတယ်။ တူတယ်။
မောင်ဘလိူင်
July 23, 2013 at 12:29 pm
ကာတွန်းဆရာက ကျော်စံကေး ထင်ပါ့..
ဦးဗြဲလရမ်း ဒေါ်ဗလပွ တို့ရဲ့သား ဗရမ်းဗတာ ဆိုတာ
ကိုလည်း ဆွဲသေးတယ် ထင်တယ်။ ကာတွန်း ဌေးဝင်းဇော်ရဲ့
ဖီးကြမ်း သီးမွှေး လည်း သတိရမိတယ်။
Mr. MarGa
July 23, 2013 at 8:34 pm
ဖီးကြမ်း သီးမွှေး ရဲ့ ကျောက်ခေတ်ပုံစံကိုတော့ သတိရဆဲပါ
စကားမစပ် ကျုပ် ဦးပြောင်ရှင်းနဲ့တော့ တူဘူး နော့
Mr. MarGa
July 18, 2013 at 7:49 pm
နာမည်ပဲ ပြောရင် ရတယ်
တူမတူ ပြောစရာမလိုဘူး သိလား
P.S အဲ့လောက်လဲ ပြောင်သေးဘူးရယ်
•*¨နန်းတော်ရာသူ •*¨
July 18, 2013 at 9:36 am
ဟယ် ဘာပုံတင်မိသတုန်း
အပေါ်မှာမန့်တာမှားလို့ပြင်ပြောရဦးမယ်
နိုင်ငံခြားကားတွေနဲ့ခရုကားတွေကိုပြန်ရေးတာ
ဒီရဲဂျာပါ။ မနေ့က အာကာမင်းမင်းလို့မှာရေးမိလို့ :p
Mr. MarGa
July 18, 2013 at 7:51 pm
ဂလိုကိုး…..
ရှိစေ ရှိစေ
awra-cho
July 18, 2013 at 2:55 pm
နဖူးပြောင်မှာ လေယာဉ်ဝဲနေတာ ဦးပြောင်ရှင်းလေ၊ ကာတွန်းဆရာက ကျော်စံကေးမှတ်တယ်၊ ကောက်ချိတ် ရေးတဲ့ ဌေးဝင်းရောပါဘူးလား၊ ဆရာကြီး ရမ်းဖြီးတို့ ဖီးကြမ်း သီးမွှေးတို့လေ၊ ကြီးမှ ဖလင်စတုန်း ကူးထားမှန်းသိတာ၊ မိုက်တာပဲဗျ၊ ညတ်ချွာဖြားလို့ အော်တတ်တဲ့ ငတက်ပြား ထဲက ကောင်မလေးတွေ ကြိုက်တာဗျ၊ နှာခေါင်းလေးကို ချွန်နေအောင်ဆွဲတာ မိုက်တယ်၊ ခဲနဲ့ ရှေးပုံတွေ ရေးတတ်တဲ့ ကာတွန်းဆရာ တစ်ယောက်ရှိတယ်လေ၊ နံမယ်တော့ မေ့သွားပြီ ၊လုံးဝ မှုန်နေအောင် အကုန်အပြည့် အသားအရေ ပါချယ်တာ တော်တော်ကောင်းတယ်၊ တကယ့်ပန်းချီ ဆရာဖြစ်မယ်၊ သူတို့ဆို သိပ်တောင် မထွက်လိုက်ရဘူး၊ ပြောရင်း မောင်တီထွင်တို့ ဖိုးဆိတ်ဖြူတို့ လွမ်းတာ၊သူတို့ကြောင့် အင်ဂျင်နီယာ ဘက်ကိုစိတ်ပါတာနေမှာဗျ၊
Mr. MarGa
July 18, 2013 at 7:54 pm
ငယ်ငယ်က ကာတွန်းတွေကနေ
နောင်တစ်ချိန်အတွက် ရည်မှန်းချက်တွေကိုလဲ ဖော်ဆောင်ပေးနိုင်တယ်
နောက်ပြီးတော့
စူးစမ်းလေ့လာချင်စိတ်ကိုလဲ နှိုးဆွပေးတာ ကိုယ်တွေ့ပါဗျာ
လုံမလေးမွန်မွန်
July 18, 2013 at 5:09 pm
အရင်ဆုံးပြောချင်တာက နီက လူနဲ့ စာနဲ့ မလိုက်ဝူး..နီ့စာကို ဖတ်ရင် အသက် (၄၀) ကျော်.. ကလေးအဖေကိုပြေးပြေးမြင်တယ်..အဟိ…
နာကြိုက်တဲ့ကာတွန်းတွေကတော့ မိမန်းလေး၊ ဝိဇ္ဇာ၊ တွတ်ပီ၊ အဲ..အချစ်ကာတွန်းဆိုရင် သက်ပိုင်ရဲ…
ဒါဗျဲ..
မှန်တိုင်းပြောရရင်..နာက ကာတွန်းဖတ်တာနည်းတယ်..ဝတ္ထုတွေပဲ ဖတ်တာ..အမေမသိအောင် ခိုးဖတ်တယ်… နောက်ကျ ငါဖတ်တာက ဟိုလိုဝတ္ထုတွေမဟုတ်တော့ အမေက ဘာမှမပြောတော့ဝူး..တရားဝင်ခွင့်ပြုချက်နဲ့ဖတ်တယ်… ကာတွန်းက မောင်လေးငှားလာရင် ဖတ်လိုက်တယ်…
Mr. MarGa
July 18, 2013 at 8:01 pm
ဂယ်ရီးလား……………
ဒါဆို ကျုပ်ရေးတာ အတော်မိုက်တာပဲ 😆
ဒါနဲ့
ဟိုလို ဝတ္ထု ဆိုတာ
ဘယ်လိုဟာပါလိမ့် 🙄
လုံမလေးမွန်မွန်
July 19, 2013 at 9:11 pm
ကွိစိကွစ အချစ်ဝတ္ထုတွေကို ပြောတာဟဲ့..ပိန်းပါ့.. 🙂
Mr. MarGa
July 22, 2013 at 4:42 pm
ကျုပ်တို့ သိတာ အဲ့ဒါ ဟုတ်ဖူး
ဦးကြောင်ကြီး
July 19, 2013 at 8:17 am
အောင်ရှိန်၊ သန်းကြွယ် စတဲ့ ဆရာကြီးတွေ ကာတွန်းဇာတ်ကောင်တွေနဲ့ ခလေးဘွ ဖြတ်သန်းလာတာဗျ…ကာတွန်းပိုးဇာဆိုလည်း ကြိုက်မှကြိုက်.. ကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်ဆို တခေတ်တခါပဲ…. တွတ်ပီပေါ်လာတော့ ကာတွန်း သိပ်မဖတ်ဖြစ်တော့ဝူး.. ဖတ်မိရင်တော့ ကြိုက်တယ်.. သို့ပေသိ တကူးတက ကာတွန်းဖတ်တဲ့ အရွယ်လွန်သွားပြီ… အခြားနာမည်ကြီး ဆရာတွေလည်း ရှိသေးတယ်…။ တေဇ၊ ရွှေသွေးတို့က သိပ်ငယ်သူတွေ အတွက်ပဲ ကောင်းတယ်ထင်တယ်.. ပညာပေးဆန်လို့….။ ကာတွန်းဆိုတာ ရယ်ရမှ၊ ဒါမှ မဟုတ်လည်း သဘာဝလွန်ဖြစ်မှ ကောင်းတာဂလား…
Mr. MarGa
July 22, 2013 at 4:45 pm
ဦးကြောင်ရေ့
ကာတွန်းကို အဲလို သတ်မှတ်ပြန်တော့လဲ
ဘဝသရုပ်ဖော်တွေ အောင်မြင်တဲ့ တစ်ခေတ်ကို ပြန် တွေးမိလာသဗျ
padonmar
July 19, 2013 at 10:13 pm
တေဇထဲက ကျမချစ်ချစ်ပါရှင့် အခန်းဆက်တွေရှိသေးတယ်။
ဖွားဖွား၊ဖေဖေ၊မေမေ၊အကိုလေးကိုစံခင်၊မမညို၊မောင်လေးအတွတ်၊ညီမလေးမိစု၊သူငယ်ချင်းအပါနဲ့အမာ +ချစ်ချစ် ပေါ့။
ကာတွန်းဦးအောင်ရှိန်ရဲ့ ဦးလူပေါ(RIT အဝင်ဂိတ်ကြီးတောင် သူ့ခေါင်းပုံပေါက်လို့ ဦးလူပေါဂိတ်တဲ့)ဦးလူချော ရှိသေးတယ်။
နောက်ပြီး စုံထောက်ကြီး ကြံ့ဗဟုံး၊စုံထောက် ပေါ်ဆန်းမွှေး ရှိတယ်။
ကာတွန်းအောင်အောင်ရဲ့ ရွှေဂေါင်းပြောင်တွေဆို ရုပ်ရှင်တောင် ရိုက်ခဲ့သေးတယ်။
Mr. MarGa
July 22, 2013 at 5:06 pm
အဲ့ဒီ အခန်းဆက်ကိုတော့ မသိတော့ဘူး……ဗျ
ရွှေဂေါင်းပြောင်တွေကတော့
အက်ရှင်တွေရဲ့ ခေတ်ဦးလို့ပြောလို့ ရမလားပဲ
ကိုပေါက်(မန္တလေး)
July 19, 2013 at 11:05 pm
မာဂရေ သူများရေးတဲ့စာထဲမှာ ဝင်ငံတယ်လို့တော့ မထင်စေချင်ဘူး မင်းရေးတာလေးဖတ်မိတော့ ကိုယ်ရေးခဲ့ဘူးတာလေးနဲ့ ပေးချင်တဲ့ စကားက တူနေတယ်ထင်လို့ပါ
“စာအုပ်ကိုင်မှ စာဖတ်တယ် ထင်ရင်မှားပါတယ်”
“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းနှစ်)
“ သတိ္တရှိလား ?
ရှိရင်မောင်ကမ ္ဘာနဲ့လဲဖတ်မယ် “
ဒါလေးက ကျွန်တော်တို့ငယ်ငယ်က ကလေးအချင်းချင်းစ တဲ့စကားလေးပါ။
ကျွန်တော်ဘယ်အရွယ်က စပြီး အပြင်စာတွေဖတ်လဲမေးရင် လေးတန်းကျောင်းသား ဘဝလောက်ကတည်းကဖတ်တယ်ပြောမှ မှန်မယ်ထင်ပါတယ်။
ဘာတွေဖတ်သလဲမေးရင် “ကာတွန်း”ပေါ့။
ကျွန်တော်တို့ငယ်ငယ်က ကလေးတွေဖတ်စရာကာတွန်းစာအုပ်တွေပေါပါတယ်။
စုံထောက်ကြီးဦးရှံစားနဲ့ ဒိန်းဒေါင်တို့၊
သူခိုးကြီးငတက်ပြားတို့၊သတိ္တတို့ မောင်ကမ္ဘာတို့၊ဗလကြီးဗလလေးတို့ိုဆိုတဲ့ကာတွန်း
စာအုပ်တွေက ကျွန်တော်တို့တော်တော်လေးသဘောကျခဲ့ကြတဲ့ ဟီးရိုးဇာတ်ကောင်တွေပါဘဲ။
နောက်ကျွန်တော်တို့ငယ်ငယ်က ကလေးဂျာနယ်ဆိုပြီးတော့ စာအုပ်လေး
ထွက်ခဲ့ဘူးပါတယ်။အဲဒီထဲမှာပုံပြင်တွေ ကလေးကဗျာတွေ ကာတွန်းတွေပါ ပါတယ်။
(အခုခေတ် တေဇတို့ ရွှေသွေးတို့ထက်ပိုထူပါတယ် မဂ္ဂဇင်းဆိုက်မျိုးပါ။
မှတ်မှတ်ရရပြောရရင် ဒီစာဖတ်တာနဲ့ပါတ်သက်ပြီး တစ်ခါ အဖွားကဆူတာခံရဘူးပါတယ်။
ကျွန်တော်တို့ငယ်ငယ်က အခု 84လမ်း 34-35 ကြားမှာဝင်းလိုက်ရုပ်ရှင်ရုံဆိုတာရှိပါတယ်။
အဲဒီရုပ်ရှင်ရုံရှေ့မှာ ပလပ်စတစ်လေးခင်းပြီး ကာတွန်းငှားစားတဲ့ဆိုင်လေးတွေရှိပါတယ်။
သူတို့ငှားတာက ရုပ်ရှင်လာကြည့်တဲ့သူတွေကိုအငှားများပါတယ်။
အိမ်ကိုတော့ယူသွားလို့မရပါဘူး အဲဒီဆိုင်နားမှာတင်ဖတ်ရတာပါ။
တစ်မတ်(25ပြား)ကိုလေးအုပ်ဖတ်လို့ရပါတယ်။
တစ်ရက်အိမ်က ကျွန်တော့ကို မုန့်စားဘို့ 15ပြား စာအုပ်ဖတ်ဘို့တစ်မတ်ပေးပြီးလွှတ်လိုက်ပါတယ်။
ခက်တာက ကျွန်တော်က စာဖတ်တာမြန်ပါတယ်။
အဲတော့ခဏလေးနဲ့ တမတ်ဘိုးကုန်သွားပါတယ်။
ဖတ်ရတာကလဲ မဝသေးဘူး ပိုက်ဆံကလဲကုန်သွားပြီ။
အဲတော့ သူများငှားဖတ်နေတာကို နောက်ကနေလိုက်ဖတ်ပါတယ်။
သူများဖတ်နေတာက ဖြည်းဖြည်း ကျွန်တော်က မြန်မြန် ဖတ်ပြီးသွားတော့ ဇွတ်ကျော်ပြီးစာမျက်နှာလှန်ဖတ်ခိုင်းတော့ ကလေးချင်းစကားများရပါတယ်။
အဲဒါကိုအဖွားသိသွားတော့ ကျွန်တော့်ကိုနောက်အဲဒါမျုးိမလုပ်ဘို့ရယ် နောက်ဒါမျိုးအသံကြားရရင်
ကာတွန်းသွားမဖတ်ရဘူးဆိုုပြီး အမိန့်တွေထုတ်ပါတယ်။
ကျွန်တော် ခြောက်တန်းလောက်ရောက်တော့ တစ်ရက်အိ်မ်မှာချထားတဲ့ဝတ္တုစာအုပ်တစ်အုပ်ကိုကောက်ဖတ်ရင်းအရမ်းကြိုက်သွားပါတယ်။
စုံထောက်စွန့်စားခန်းဝတ္တုလေး “မင်းအသက်ငါ့ပေး ဆရာကြီးမြခိုင် “ပါ။
အဲဒီကစပြီး အိမ်က ဦးလေးတွေ အဒေါ်တွေ ဖတ်ပြီးချချထားတဲ့စာအုပ်တွေကို လူကြီးအလစ်မှာ
ကောက်ကောက်ပြီးဖတ်ပါတယ်။
အဒေါ်တွေတွေ့ရင် ခေါင်းခေါက်ပါတယ် “ဝတ္တု “ ဆိုတာ ကလေးမဖတ်ရဘူးပေါ့။
ဒါပေမယ့် အဖေက ရှစ်တန်းဖြေပြီးရင် ဝတ္တုပေးဖတ်မယ် အခုတော့ ကာတွန်းလောက်ဘဲဖတ်ပေါ့။
အဲဒီတုန်းက အိမ်မှာရှိတဲ့ ကာတွန်းစာအုပ်တွေကတော့ ဗုဒ္ဓဝင်ပန်းချီစာအုပ်ရယ် လူထုအောင်သံလို့ထင်ပါတယ်
(ထင်ပါတယ်လို့ပြောရတာ သိပ်အတိအကျကြီးမမှတ်မိလို့ပါ)ကိုသိပ်ကြိုက်ပါတယ်။
ပုံပြင်စာအုပ်တွေလဲပေးဖတ်ပါတယ်။
လူထုဦးလှရေးထားတဲ့ ပုံပြင်စာအုပ်တော်တော်များများ အိ်မ်မှာရှိပါတယ်။
အဲဒါတွေဖတ်ရင်မဆူပါဘူး ဝတ္တုစာအုုပ်တော့ အထိမခံပါဘူး။
ဒီလိုနဲ့ဘဲရှစ်တန်းစာမေးပွဲဖြေပြီးသွားတဲ့အချိန်မှာ ဦးလေးတစ်ယောက်ကစာအုပ်လေးတစ်အုပ်
ကျွန်တော်ဖတ်ဘို့ယူပေးပါတယ်။
ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။
မုဆိုးကြီးအလန်ကွာတာမိန်းရဲ့တောတွင်းစွန့်စားခန်းဝတ္တုလေးပါ။
ဖတ်ရတာ အရမ်းကိုအရသာရှိပါတယ်။
ဒီလိုနဲ့ဘဲ မိုးဝေ၊စုံထောက်၊ ရူ့မဝ၊ ငွေတာရီ၊ မြဝတီ ၊စန္ဒာမဂ္ဂဇင်းတွေကိုဖတ်ခွင့်ရလာပါတယ်။
အမှန်အတိုင်းပြောရရင်တော့ အဲဒီတုန်းက ဝါးစားသလိုသာဖတ်တာ ရင်ထဲမှာတင်မကျန်ခဲ့သလို
ဖတ်ခွင့်ရလို့ဖတ်တယ်ဆိုတာထက်ဘာမှ မပိုဘူးလို့ပြောရင်ရပါတယ်။
အခုအချိန်မှာအဲဒီတုန်းက ဖတ်ခဲ့တာတွေကို မမှတ်မိသလို ပြန်လဲမပြောနိုင်ပြန်ပါဘူး။
တကယ်စာတွေဖတ်ရတဲ့အချိန်က ကျွန်တော်ဆယ်တန်းရောက်တဲ့အချိန်ပါ။
ကျွန်တော်ဆယ်တန်းတက်တဲ့နှစ်မှာ ကျောင်းတွေက ခဏခဏပိတ်ပါတယ်။
အဲတော့ ကျောင်းတက်လိုက်ပိတ်လိုက်ဆိုတော့ ကျွန်တော်ဖတ်ချင်တဲ့စာတွေကို ဖတ်ရပါတယ်။
တစ်ရက် သတင်းစာမှာ “ကွက်လပ်ကလေးဖြည့်ပေးပါ – မစန္ဒာ”ဆိုတဲ့ကြော်ငြာလေးတွေ့လိုက်ပါတယ်။
ဖြစ်ချင်တော့ ညစာအုပ်အငှားဆိုင်မှာ အဲဒီစာအုပ်လေးကို တွေ့မိတော့ ဘာရယ်မဟုတ်ဘူးငှားဖတ်လို်က်ပါတယ်။
မေတ္တာငတ်မွတ်တဲ့ကလေးတစ်ယောက်ရဲ့ဘဝအကြောင်းပေါ့။
ဖတ်ရင်းနဲ့စိတ်ထဲမှာအတော်လေးခံစားလိုက်ရပါတယ်။
“ကိုကိုတူး”ဆိုတဲ့အသံလေးကို အဲဒီညက အိပ်ယာထဲလူကရောက်သွားတာတောင် နားထဲမှာ ကြားနေရတဲ့ထိကို ခံစားလိုက်ရပါတယ်။
အဲဒီအချိန်ကစပြီး မစန္ဒာရဲ့စာအုပ်မှန်သမျှကိုရှာဖတ်မိသလို အသစ်ထွက်မှာကိုလဲမျှော်မိပါတယ်။
“ဂျီဟောသူ” စိမ်းရွက်သစ်တဝေဝေ”လေရူး”ပုစ္ဆာ”ငယ်သူမို့မသိပါ”ဆိုတဲ့စာအုပ်လေးတွေဆက်တိုက်ဖတ်မိပါတယ်။
တစ်ရက်မှာတော့ စာအုပ်ဆိုင်ရောက်တဲ့အချိန်မှ နေခြည်ဖြာမှနွေးသောကြောင့်ဆိုတဲ့စာအုပ်ကလေးကို
နာမယ်လေးသဘောကျတာနဲ့ငှားလာခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် အဲဒီစာဖတ်လိုက်မိချိ်န်မှာ “ခင်ဆွေဦး”ဆိုတဲ့ ဆရာမရဲ့အရေးအသားတွေက
သူ့ဇာတ်ကောင်တွေရဲ့အတွေးတွေက ရင်ထဲကိုရောက်သွားပါတယ်။
အဲဒီနောက်တော့လဲ“ခင်ဆွေဦး”စာအုပ်တွေလိုက်ရှာဖတ်လေ အယူအဆ
တွေကို ကြိုက်လေနဲ့ အပြင်မှာနေတဲ့လူပုံစံကလဲ သူ့စာအုပ်ထဲက ဇာတ်ကောင်လို မဟုတ်မခံပုံစံလေး
ပေါက်သွားတာကလဲအမှန်ပါဘဲ။
နောက်အဲဒီအချိန်တုံးက ကျွန်တော်နှစ်သက်တဲ့စာရေးဆရာကတော့ မောင်မောင်မြင့်လွင်ပါဘဲ။
အချစ်ဝတ္တုရေးတဲ့သူပေါ့။
သူ့စာအုပ်အသစ်ထွက်ရင် အရင်ဆုံးဖတ်ရမှ စိတ်ကျေနပ်ခဲ့တာ။
သူ့ကိုဘယ်လောက်ထိနှစ်သက်လဲဆိုရင်တောင် သူသုံးနေကျ “ချစ်၍ချစ်သော……………”
ဆိုတဲ့ စာကလေးကိုတောင် ကိုယ်က သူများဆီကို စာရေးရင်အဆုံးမှာထည့်သုံးတဲ့အထိပါဘဲ။
နောက်အဲဒီတုန်းက အောင်မြင်နေတုံးမှာလူ့ဘဝကိုစွန့်သွားတဲ့ “ဆွေလှိုင်ဦး”ရဲ့ရင်သိမ့်တုန် ဝတ္တုတွေကြိုက်သလို
ဝင်းမောင်ထွန်းဆိုတဲ့ မြန်မာစုံထောက်(ထောက်လှမ်းရေး)ဝတ္တုတွေကိုလဲ တော်တော်လေးကိုကြိုက်ခဲ့ပါတယ်။
ကျွန်တော်တို့ကျောင်းသားဘဝတုံးက စစ်တက္ကသိုလ်တက်တဲ့အတွေ့အကြုံတွေရေးထားတဲ့ တင်သန်းဦးရဲ့ စာအုပ်တွေကိုလည်း ဖတ်ပြီးနှစ်သက်ခဲ့ရပါသေးတယ်။
တစ်ရက်ကျွန်တော်စာကျက်တဲ့ခုံလေးပေါ်မှာ စာအုပ်လေးတွေရောက်နေပါတယ်။
တစ်အုပ်က “ကတ္တီဖိနပ်စီးရွှေထီးဆောင်း” ရယ် “မဟူရာမေတ္တာ”ရယ် နာမယ်ခပ်ရှည်ရှည်နဲ့ “ဓါးတောင်ကိုကျော်၍မီးပင်လယ်ကို ဖြတ်မည်”နဲ့ “ရေနံသာခင်ခင်ကြီး” ပါ။
စစခြင်း ဓါးတောင် ကိုဖတ်လိုက်ပါတယ်။
ကျွန်တော်တို့ခေတ်ကို ထင်ဟပ်နေတဲ့ လမ်းသူရဲတို့ နံပါတ်ဖိုးတို့နဲ့ ပါတ်သက်နေတဲ့စာကလေးဆိုတော့
စိတ်ဝင်တစားနဲ့ဆက်ဖတ်လိုက်ပါတယ်။
ပင်လယ်ထဲ သင်္ဘောပျက်တာတွေ အခက်အခဲတွေ ကောက်ကျစ်တာတွေ ခွင့်လွှတ်အနစ်နာခံတာတွေ အစုံပါဘဲ။
ဒါပေမယ့် ဖတ်ရင်းနဲ့စိတ်ထဲမှာကျန်နေခဲ့တာကတော့ သံချောင်းပါဘဲ။
အခက်အခဲကိုဖောက်ထွက်နိင်တဲ့သတ္တိရှင်ကို အားကျတာပေါ့။
ရေးသူက ကွယ်လွန်သူ “ မြသန်းတင့်“
နောက်တအုပ်ဆက်ဖတ်တယ် “မဟူရာမေတ္တာ “ ငယ်ကတည်းက အိပ်ယာဝင်ပုုံပြင်လိုကြားဖူးခဲ့တဲ့ဇာတ်လမ်းပေမယ့်
လက်ထဲကမချချင်လောက်အောင်ကို အရေးအသားက ရင်ထဲကိုညိလာပါတယ်။
ပြန်လည်ဖော်ထုတ်သူက “နိုင်ဝင်းဆွေ “
နောက် ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ကိုယ့်မန်းလေးသားတွေနဲ့ဆက်စပ်ပါတ်သက်နေတဲ့ တန်ဆောင်တိုင်ညနဲ့စစ်ကိုင်း
စဖတ်ဖတ်ခြင်းတော့ ရှေ့ရောက်လိုက်နောက်ရောက်လိုက် နားမလည်ရင်း ပြန်ဖတ်ရင်းနဲ့ စာအုပ်လဲဆုံးရော ရင်ထဲမှာ
ထိရှတဲ့ခံစားမူ့လေးက ကျန်နေခဲ့ပြန်ပါတယ်။
ရေးဖွဲ့မူ့ပုံစံအသစ်နဲ့မိတ်ဆက်ပေးသူက မန္တလေးသား “ မောင်သာရ“
နောက်တစ်အုပ ် “ရေနံသာခင်ခင်ကြီး “စာအုပ်ကအထူကြီးဆိုတော့ ဖတ်ရမှာလက်တွန့်သလို။
ဒါပေမယ့်လည်းဖတ်ရင်းဖတ်ရင်းနဲ့ မသိဘူးသောအကြောင်းအရာ ဆွေဂုဏ်မျိုးဂုဏ်မာ မာနတွေ
နဲ့ယက်ဖောက်ထားတဲ့ ခမ်းနားတဲ့ဇာတ်အိမ်ထဲက ဇာတ်ကောင်တွေခေါ်ရာနောက်ကိုတကောက်ကောက်ပါသွားပြန်ပါတယ်။
ဆွဲဆောင်သူက “မောင်သိန်းဆိုင်”
အရင်က စာအုပ်အထူကြီးဆိုရင်ဖတ်ရမှာပျင်းတဲ့ကျွန်တော်က ဇာတ်အိမ်ကြီးကြီးနဲ့စာအုပ်တွေ လူ့ဘဝသရုပ်ဖော်စာအုပ်တွေကို ဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။
အဲဒီအချိန်လဲရောက်ရော ကျွန်တော့်ဦးလေးကို အပူကပ်ရပါတော့တယ်။
သူက စာသမားကိုးဗျ။
သူကလဲ ကျွန်တော်စိတ်ဝင်စားတယ်ဆိုတာလဲသိရော ရှာပေးပါတယ်။
အဲဒီအချိန်ကစလို့ အငမ်းမရစာတွေဖတ်ပြန်တော့တာဘဲ။
မောင်သာရရဲ့ မျိုးမမပကာသနီ၊ မောင်သိန်းလွင်ရဲ့မစန်းစန်းဝင့်၊တောလယ်မောတယ် အပြောကြွယ်၊
အသားနက်မအောင်လံကြီးထူ၊ပြီးတော့ လူကိုပါယူသည်၊မတ်တတ်ရပ်လို့လမ်းမှာငို၊ကျဉ်တုတ်ခံဝံ့မခံ့ဝံ့၊
မောင်သိန်းဆိုင်ရဲ့ ပုဆစ်အိမ်၊ပု စ္ဆာဆန်သောမိန်းကလေး၊
မြသန်းတင့်ရဲ့လိုက်ခဲ့တော့ မြနန္ဒာ၊မာယာဘုံ၊
နိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါ၊နွေတစ်ည၊
နတ်နွယ်ရဲ့မြန်မာပြည်မြောက်ပိုင်း၊အပြာနဲ့အဝါ။
ရန်ကုန်ဘဆွေရဲ့နန်းဟာဗီး၊ချစ်ဇနီးသို့ ၊မြန်မာပြည်သား၊ရွှေဝါပြည်၊
သိန်းဖေမြင့်ရဲ့တက်ဘုန်းကြီး။တက်ခေတ်နတ်ဆိုး၊အရှေ့ကနေဝန်းထွက်သည့်ပမာ။
လိုစာတွေကို မြည်းစမ်းခွင့်ရလာပါတယ်။
နောက်မှ ခင်နှင်းယု ရဲ့မွှေး၊သခွတ်ပန်း၊ပန်းများကိုပွင့်စေသူ
ဂျာနယ်ကျော်မမလေး၊ရဲ့သွေး။မုန်း၍မဟူ
တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်၊မိုးညအိပ်မက်မြူ၊တပြည်သူမရွှေထား၊
အောင်လင်း ရဲ့အရိုင်းစံပယ် စတာတွေကို ဖတ်လာရပါတယ်။
အဲလိုဖတ်နေရင်းက နိုင်ငံခြားစုံထောက် ဘာသာပြန်တွေကိုလဲ ဖတ်ရင်းနှစ်သက်လာသလိုရှိပါတယ်။
နောက် မောင်သိန်းဆိုင်တို့လို နိုင်ငံခြားဇာတ်လမ်းတွေကိုမှီးပြီးမြန်မာအဝတ်တွေဆင်ပြီး
ဇာတ်လမ်းဖွဲ့တတ်တဲ့ ကျွန်တော်မျက်နှာနဲ့လူလို့ဆိုတဲ့ ကျော်မင်းဦးတို့ မောင်သက်နောင် တို့ ရဲ့နိုင်ငံခြားဆန်ဆန် ဇာတ်လမ်းတွေကိုလဲ စွဲမက်ခဲ့ရပါတယ်။
တစ်ခါတစ်လေတော့လဲ မူရင်းတစ်အုပ်ထဲကို နှစ်ယောက်ဝိုင်းဘာသာပြန်လို်က်မိတော့ နံမယ်မတူပေမယ့်
ဇာတ်လမ်းတူတဲ့ စာအုပ်တွေကိုလဲဖတ်မိရပါတယ်။
အဲဒီတုံးက တင်ထွေးဘာသာပြန်တဲ့စာတွေကိုလည်းမြည်းစမ်းခွင့်ရခဲ့ပေမယ့် စန္ဒာမှာ အခန်းဆက်ရေးခဲ့တဲ့
ဟန်မြစ်ပြောသောချစ်ပုံပြင် အချစ်ဝတ္တုကိုပိုကြိုက်ပါတယ်။
မြန်မာပြည်မှာ ပထမဆုံးသော ကိုရီးယားအချစ်ဇာတ်လမ်းရေးသူလို့ မှတ်တမ်းတင်နိုင်ပါတယ်။
တစ်ရက်မှာ ညဈေးတန်းက စာအုပ်အဟောင်းဆိုင်လေးမှာသွားထိုင်ရင်းက အဖုံးမပါတဲ့စာအုပ်လေးတစ်အုပ်ကို
အမှတ်မထင်ကောက်ဖတ်လိုက်မိတာ စိတ်ထဲမှာ သူ့အရေးအသားကိုစွဲသွားပါတယ်။
ဆောင်းပါးလိုလို ဝတ္တုလိုလို အတိုလေးတွေပါ။
စာအုပ်ဆို်င်က အကိုအောင်ဝင်းကိုမေးကြည့်တော့ အရင်ကကျောင်းသုံးစာအုပ်လေးပါတဲ့။
ရေးသူက တော့ ခေတ်စမ်းစာပေကို အစပျိုးခဲ့တဲ့ မောင်လူအေးတို့အဖေ လွေဇောတို့ အာမိတ်တို့ရဲ့သခင် သိပ္ပံမောင်ဝပါတဲ့။
အဲဒီကစလို့ ဆရာဇော်ဂျီတို့ မင်းယုဝေ တို့ မင်းသုဝဏ်တို့ ဦးဖိုးကျားတို့ရဲ့တိုတိုနဲ့ထိမိတဲ့ စာပန်းခင်းထဲကို
တစ်ခါရောက်သွားပြန်ပါတယ်။
နောက်တစ်ခါ ဆရာမတစ်ယောက်က ကျွန်တော့ကို စာအုပ်လေးတစ်အုပ်လက်ဆောင်ဝယ်ပေးပါတယ်။
“သောင်းပြောင်းထွေလာ ရေးချင်ရာရာ”တဲ့ရေးသူက လူထုဦးလှ တဲ့။
အကြောင်းအရာပေါင်းစုံ ဗဟုသုုတပေါင်းစုံ ။
အဲဒီစာအုပ်ကနေတစ်ဆင့် ကျနော် …………နဲ့အစပြုတဲ့ လူထုဦးလှရဲ့စာအုပ်တွေကို ရှာဖတ်ဖြစ်ပါတော့တယ်။
(မိုက်မဲတဲ့ကျွန်တော်က အရင်က လူထုဦးလှဆိုတာ ပုံပြင်လောက်ဘဲရေးသူလို့ထင်ခဲ့တာကိုး)
အဲဒီကနေဆက်နွယ်ပြီးတော့ လူထုဒေါ်အမာရဲ့ရွှေဒေါင်းတောင်ဆောင်းပါးများတို့ “အိုယန်းကီး……..တို့”
“ ပြည်သူချစ်သောအနုပညာသည်များ“ကနေဆက်ပြီးအများကြီး ဖတ်ဖြစ်သွားပါတော့တယ်။
အဲဒီအချိန်လောက်မှာဘဲ သို်င်းဇာတ်လမ်းတွဲတွေ ခေတ်စားလာပါတယ်။
ကျွန်တော်က စာဖတ်တာမှာ ရသစာပေကိုပိုနှစ်သက်ပါတယ်။
ဒါပေမယ့် ကျွန်တော့်အဖေကတော့ လင်းယုန်မောင်မောင်ရဲ့ သွေးစွန်းသောနေ့ရက်များနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးရာက
အစ ဟစ်တလာတို့ချေခွေဗားရားတို့ ဟိုချီမင်းတို့ အစရှိတဲ့ လေးစား အားကျဘွယ်အတုယူဘွယ်ရာ အထုတ္တပတ္တိစာအုပ်တွေနဲ့ရင်းနှီးလာရသလို တို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ဆိုတဲ့ ကျော်အောင်နဲ့လဲမိတ်ဖွဲ့ပေးပြန်သလို “ကျွန်တော်လက်နက်ချ “လို့ဆိုဘူးတဲ့ ကျော်မြသန်းရဲ့ကြိုးစင်ပေါ်မှနောက်ဆုံးနေ့များ ကိုလည်း လက်ထဲထိုးထဲ့ပေးသွားပါတယ်။
တစ်ခါရန်ကုန်ကနေမန်းလေးအပြန်မှာ လူကြုံပါးလိုက်တာကတော့စာအုပ်အထူကြီး၊
ရွှေဥဒေါင်း ရဲ့စုံထောက်မောင်စံရှားပါ။
ဖြစ်ချင်တော့ အဲဒီနေ့ညက ရန်ကုန်ကနေ ညနေလေးနာရီလောက်ထွက်မယ့်ရထားက ဘာကြောင့်မှန်းမသိမထွက်ပါဘူး။
ပျင်းပျင်းရှိတာနဲ့ အဲဒီစာအုပ်ကြီးကိုချဖတ်လိုက်တာ့ တပုဒ်ပြီးတပုဒ်ဆက်ဆက်ဖတ်လိုက်တာ ညဆယ့်တစ်နာရီရထားပေါ်တက်ရမယ်ဆိုမှ ဖတ်တာရပ်ပါတယ်။
အဲဒီကစလို့ ဆရာရွှေဥဒေါင်းရဲ့စာတွေကို ရှာလို့ဖတ်ဖြစ်ပါတယ်။
ရွှေဥဒေါင်းရဲ့စာတွေက ဘာသာပြန်အမှီးတွေဆိုတော့ သူစာတွေဖတ်ရင်းကနေ ဒဂုန်ရွှေမျှားစာတွေကိုပါဆက်ဖတ်မိပါတော့တယ်။
အဲဒီအချိန်လောက်မှာဘဲ နံမယ်အရှည်ကြီးတွေပေးတဲ့စာရေးဆရာတစ်ယောက်ရဲ့စာအုပ်တွေကိုတွေ့လာရပါတယ်။
အရင်က မြန်မာစာအုပ်တွေမှာ မောင်သာရလောက် လူစိတ်ဝင်စားအောင်နာမယ်အပေးမကောင်းဘူးလို့ စိတ်ထဲမှာ
မှတ်ထားပါတယ်။နာမယ်အရှည်ကြီး ပေးထားတော့ မောင်သာရကို အတုခိုးတယ်ဆိုပြီး အစကတော့ မဖတ်ပါဘူး။
အချစ်မြို့ဟောင်း၏နောက်ဆုံးတူးဖော်ချက်အစီရင်ခံစာ ဆိုတာလို အရှည်ကြီးနာမယ်ပေးထားတာကိုပြောတာပါ။
အဲဒီထဲက အတိတ်လွင်ပြင်ကိုဖြတ်သန်းလာသောအကြင်နာမျက်နှာစိမ်းတို့ မိုးသောက်မှောင်မိုက်အရိပ်မပြေးမီဆိုတဲ့
နာမယ်လေးကိုတော့ သဘောကျသလိုရှိပေမယ့် မဖတ်ဖြစ်ခဲ့ဘူး စစချင်းကပြောတာပါ။
သူကတော့ ငြိမ်းကျော် ပါ။
တစ်ရက်တော့ မိန်းထဲကသူငယ်ချင်းတစ်ယောက်အဆောင်ကိုသွားတော့ သူရေချိုးနေတုန်းသူ့ကုတင်ပေါ်လှဲအိပ်နေရင်း
ခေါင်းအုံးဘေးနားမှာချထားတဲ့ စာအုပ်လေးကို ကောက်ဖတ်မိပါတယ်။
ပဉ္စမမြောက်သမ္မာကျမ်းစာသစ်ရဲ့အမိန့်တော်ပြန်တမ်းပါ။
အဲဒီထဲက ပဉ္စမမြောက်ဆောင်းရက်များကို ဖတ်ရင်း အရမ်းကို ဟတ်ထိလို့ ညိသွားပါတယ်။
အဲဒီအချိန်ကစလို့ ငြိမ်းကျော်မှ ငြိမ်းကျော်ဖြစ်သွားပါတယ်။
သူ့စာတွေကို အရင်က အချစ်သက်သက်ထင်ခဲ့တာမှားတယ်ဆိုတာကို သိလာပါတယ်။
ဘဝအကြောင်းတွေ အနစ်နာခံတတ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ နိုင်ငံနဲ့ပါတ်သက်တဲ့ရှိရမယ့် အမျိုးချစ်စိတ်ကို ပါးပါးလေး ထည့်ပေးထားတာတွေ လူတစ်ယောက်မှာရှိသင့်သော ကောင်းမြတ်တဲ့စိတ်ထားတွေကို ဖတ်သူရဲ့ရင်ထဲကို
ရောက်မှန်းမသိရောက်အောင်ထည့်ပေးသွားတာတွေကတော့ ရှာမှရှားပါဘဲ။
ပန်းတွေနဲ့ဝေတဲ့မောင်ဝဏ္ဏ သစ်ပင်မှာကြိုးတွေချည်ခိုင်းတဲ့ အချစ်တစ်နှစ်သုံးဆိုတဲ့သုမောင်
စာတွေကလည်း ကျွန်တော်နှစ်သက်ခဲ့ရတဲ့ အချစ်ဝတ္တုတွေပါ။
နောက်အချစ်ဝတ္တုဖတ်နေရင်းက မြန်မာတပြည်လုံးက ဒေသန္တရဗဟုသုတတွေပါ ရစေတဲ့ယုဝတီခင်စိန်လှိုင်
ခပ်လေးလေးအေးအေးနဲ့ ဘိုဆန်ဆန်အလွမ်းတွေပေးတဲ့ မိန်းမလှတွေအမုန်းကို ကြောက်တဲ့ဝင်းဦး
စိတ်ထဲမှာရင်တဖိုဖိုနဲ့ ဘယ်သူများပါလိမ့်လို့ ဖတ်ရင်းတွေးရတဲ့ အမြဲတမ်းလျှို့ဝှက်တဲ့ဇာတ်လမ်းတွေကိုရေးတတ်တဲ့ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊
ဇာတ်အိမ်ခိုင်ခိုင်နဲ့ရေးတတ်တဲ့ မဝင်းမြင့် ကိုလည်းကြိုက်ခဲ့တာပါဘဲ။
နောက်အကိုအောင်ဝင်းက ကျွန်တော့်ကို “လူ့လောကမှာ အချစ်မရှိလို့ မဖြစ်သလို ဘဝဆိုတာကလဲ မရှိမဖြစ်ဘဲ။
ဒီတော့ အချစ်အကြောင်းကိုသိသင့်သလို ဘဝထဲကလူတွေအကြောင်းကိုလဲ ကိုယ်ချင်းစာတတ်အောင် သိသင့်တယ်”
ဆိုပြီး ဘဝနဲ့ပါတ်သက်တဲ့စာအုပ်လေးတွေကိုပေးပါတော့တယ်။
ဗျုရိုကလနက်တို့ လှိူက်ဖိုသေနတ်လို့ သရော်ခဲ့တဲ့ ငဘ ရဲ့ဖန်တီးရှင်မောင်ထင်
လူပါးဝတာကိုတောင် အသံတွေထွက်ပြီးမှဗြောင်လူပါးဝတဲ့ သာဓု
သူမိတ်ဆက်ပေးလို့ ကျွန်တော်တို့ သိလာရတဲ့ အညာဒေသက လယ်သမားကြီး ကိုဆေးရိုးတို့ မကျည်းတန်တို့ ကို ဖန်တီးသူ ဆင်ဖြူကျွန်းအောင်သိန်း၊
ကိုဒေါင်း ဆိုတဲ့တံငါဘဝကို ဖော်ထုတ်ပေးတဲ့ ကြယ်နီ၊
“ဆူးလေးလမ်းကလေနုအေးရယ်”လို့ကြွေးကြော်ပြီးပျောက်သွားခဲ့တဲ့ နီဇော်
ခေါက်ထီးလေးကို မလုံတစ်လုံဆောင်းပြီး တစ်ကောင်ထဲပဲခြင်္သေ့လို့ ကြုံးဝါးတဲ့ စမ်းစမ်းနွဲ့သာယာဝတီ။
မှတစ်ပါးအခြားမရှိပြီလို့ ညည်းနေရင်း
ပျောက်သောလမ်းမှာစမ်းတဝါးဖြစ်နေချိန်မှာ အချစ်ကို ကိုးကွယ်နေတဲ့ညီမလေးကို ငပလီဇာတ်လမ်းကိုပြောပြနေရင်း ငြိမ်းကို ရှက်ပါလို့ တိုးတိုးလေးပြောပြသွားတဲ့ မိုးမိုးအင်းလျား တို့ရဲ့စာတွေကိုလည်းဖတ်ဖြစ်လာပါတယ်။
တစ်ခါမှာတော့ “ တဂိုးစာနုယဉ်” ဆိုတဲ့စာအုပ်လေးမှာ မိုးမိုး(အင်းလျား) နာမယ်လေးပါလာလို့ ငှားဖတ်ရာကနေ
နိုဘယ်ဆုရ ကမ္ဘာကျော် ဘင်္ဂလီစာဆိုကြီး ရာဘင်ဒြာနတ်တဂိုးစာတွေကို မြည်းစမ်းမိပါတယ်။
အဲဒီအခါမှာ အိန္ဒိယ စာရေးဆရာတွေကို စိတ်ဝင်စားလာတဲ့အခါ “ ပါရဂူ”ရဲ့ အိန္ဒိယ စာပေတွေဖြစ်တဲ့
စိတ္တရလေခါတို့ အမ္ဗပါလီတို့ လိုစာတွေကို ဖတ်ဖြစ်ပြန်ပါတယ်။
တော်တော်လေးလဲကြာရော စာအစုံဖတ်တဲ့လူတစ်ယောက်အဖြစ်ရောက်မှန်းမသိရောက်လို့
စာမဖတ်ရရင်မနေနိုင်သူတစ်ယောက်ဘဝကို ခံယူမိပါတော့တယ်။
သွားလေရာမှာ လက်ထဲမှာစာအုပ်တစ်အုပ်ယူပြီးဖတ်တဲ့အကျင့်ကိုလဲ မွေးမြူမိသလိုဖြစ်သွားပါတယ်။
နောက်တက္ကသိုလ်နဲ့ဆက်စပ်ပါတ်သက်တဲ့အရွယ်ရောက်ပြန်တော့လဲ သိန်းသန်းထွန်းတို့ အောင်ပြည့်
မင်းလူ ရှား နေနော်တို့ တို့ရဲ့အချစ်နဲ့ပါတ်သက်တဲ့စာတွေရော
နိုင်ငံရေး အငွေ့အသက်ယှက်နွယ်နေတဲ့စာတွေကို ပါပိုဖတ်ဖြစ်လာပါတယ်။
ဒီလိုစာတွေဖတ်နေရင်းက မင်းသိင်္ခဆိုတဲ့ ရှေးက ဆရာကြီးများရဲ့ လေသံ ကျွနုပ်ဆိုတဲ့ အသုံးအနှုံးလေးတွေနဲ့
ရေးလာတဲ့သူရဲ့ ဇာတ်ကောင်ဆားပုလင်းနှင်းမောင်ကိုရော ဂမ္ဘီရလိုုလို ဘာလိုလိုစာတွေကိုလည်းနှစ်သက်ခဲ့တာ
လည်းအမှန်ပါဘဲ။ဆားပုလင်းနှင်းမောင်ဇာတ်လမ်းတစ်ချို့က ရှားလော့ ဟုမ်းရဲ့ဝတ္တုတွေကို ဟိုနည်းနည်းဒီနည်းနည်းပေါင်းထားတာ မှန်ပေမယ့်လည်း အရေးအသားကတော့ ဆွဲဆောင်မူ့အားကောင်းလှပါတယ်။
ရာဇဝင်တွေကိုစိတ်မဝင်စားခဲ့ပေမယ့် ရာဇဝင်ကိုပြောင်းပြန်လှန်ခဲ့သူ ချစ်ဦးညိုရဲ့ရာဇဝင်စိတ်ကူးယဉ်ဝတ္တုတွေကိုလည်း
မဖြစ်မနေဖတ်ခဲ့ ကြိုက်ခဲ့စွဲမက်ခဲ့ရတာပါဘဲ။
ဒီလိုနဲ့အသက်အရွယ်ရလာပေမယ့်လည်းအလုပ်တစ်ဖက်နဲ့ဖြစ်လာချိန်မှာ ဝတ္တုတွေနဲ့ဝေးသွားပေမယ့်လည်း
မဂ္ဂဇင်းပေါင်းစုံက ဝတ္တုတိုတွေကိုပိုဖတ်ဖြစ်ပါတယ်။
မဂ္ဂဇင်းတွေက ဖတ်စရာ ကဏ္ဍအစုံပါတော့ ပိုပြီးသဘောကျပါတယ်။
ဖြူနီညိုပြာ ဟန်သစ် မဟေသီ ပေဖူးလွှာ စတဲ့ မဂ္ဂဇင်းတွေထဲက စာတွေကိုပိုကြိုက်လာသလို
ဖတ်ရင်းနဲ့ ဝတ္တုတို စာရေးဆရာတွေကို ပိုနှစ်သက်လို့လာပါတယ်။
သော်တာဆွေ ၊မောင်ညိုပြာ။ကိုဆွေ၊ဆောင်းဝင်းလတ်၊ဝင်းစည်သူ၊မောင်ရင့်မာကျောင်းကုန်း၊မောင်သာချို
ခြိမ့်သဲ၊လူမျုးိနော်၊နိုင်ဇော်၊ဂျူး။သဲအိမ်မောင်နေဝါ၊မင်းလူ၊မောင်သစ်၊နုနုရည်အင်းဝ၊ဝင်းဝင်းလတ်၊ညီပုလေး၊
ပိုင်စိုးဝေ၊ကိုငြိမ်း၊နေဝင်းမြင့်၊သရဝဏ်၊ပြေ(ဆေး-၂)၊သိုက်ထွန်းသက်၊မြနှောင်းညို၊ခင်ခင်ထူး၊ အစရှိသဖြင့် ရေတွက်မယ် ပြန်ပြောပြမယ်ဆိုရင် ကုန်နိုင်ဘွယ်ရာမရှိဘူးလို့ထင်ရတဲ့ မြန်မာပြည်က စာရေးဆရာပေါင်းများစွာရဲ့ ဘယ်အပုဒ်ကအကောင်းဆုံးလို့ဆိုတာကို မရွေးနို်င်လောက်အောင် ကောင်းတဲ့
ဆရာတွေရဲ့လက်ရာမွန်ကို ဖတ်နေတာအခုအချိန်အထိ ရင်ထဲမှာစူးယှစွာခံစားနေရဆဲပါဘဲ။
အခုအချိန်မှာတော့ နီကိုရဲလို လူနေလို အကြည်တော်လို မင်းခိုက်စိုးစံလိုတာရာမင်းဝေလူငယ်ကြိုက်စာရေးဆရာတွေကလဲ
အင်အားကောင်းကောင်းနဲ့ ရှိနေပါသေးတယ်။
ဒါပေမယ့် အခုခေတ်မှာလူငယ်တွေအတွက် ဖတ်စရာနေရာ ပိုလာတာကတော့အင်တာနက်ပါဘဲ။
အင်တာနက်မှာ မြန်မာစာလုံးနဲ့ရိုက်လို့ရပြီလဲဆိုရော ဖတ်စရာတွေကို ရေးပြမယ့် ဘလော့ဂါတွေပေါ်လာပြန်ပါတယ်။
အင်တာနက် မှာရေးရတဲ့အားသာချက်ကတော့ အယ်ဒီတာဆီတင်စရာမလိုတော့ ခုရေးတင် ခုမြင် ခုဖတ် ခုချက်ခြင်းထင်မြင်ချက်တွေပေးလို့ရတာပါဘဲ။
ကော်နက်ရှင်တော့ကောင်းဘို့သလိုတာပေါ့နော်။
ဆိုးတာကတော့ ကိုယ်တတ်သလို သိသလို ကိုယ့်ခံစားချက်တွေကို ကိုယ်ထင်သလိုရေးတော့
ဖတ်မကောင်းတဲ့စာတွေလဲပါလာတာပေါ့။
ဘယ်လိုဘဲပြောပြော လူငယ်အများစု က စိတ်ဝင်စားတာကို ဖတ်ခွင့်ရသလို ရေးခွင့်လဲရတာတော့အမှန်ပါဘဲ။
ကျွန်တော်တို့ငယ်ငယ်က စာအုပ်လက်ထဲကိုင်မှ စာဖတ်တယ်ဆိုတာမှန်ပေမယ့်
တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာတော့ စာအုပ်ကိုင်တာမမြင်တာနဲ့စာမဖတ်ဘူူးလို့ပြောရင်လုံးဝကိုမှားပါတော့မယ်။
ခက်တာက အပြင်က ပုံနှိပ်စာအုပ်တွေက ဈေးမြင့်တာကြောင့် ဝက်ဆိုက်တွေမှာရှာပြီးဖတ်တာ ဒေါင်းလုပ်ဆွဲပြီးဖတ်တာ
ပိုများသထက်များလာပါတယ်။
ဒီအင်တာနက်ပေါ်လို့လဲ ကျွန်တော် ကိုပေါက် တစ်ယောက် ခံစားချက်တွေကို ဖွင့်အံနိုင်တာကိုတော့ ဝန်ခံပါတယ်။
အဲတော့ ခုခေတ်လူငယ်များ မှာ အလွန်ကောင်းတဲ့ အခွင့်အရေးကတော့ အင်တာနက်ဝက်ဆိုက်များမှာ လွယ်ကူလွတ်လပ်
စွာ စာဖတ်ခွင့်စာရေးခွင့်ရနေတာပါ။
ဒါကို ကောင်းကောင်းအသုံးချဘို့တော့လိုမယ်ထင်ပါတယ်။
အသုံးချနေသူလဲအများကြီးပါ။
ဒီတော့လူငယ်များကို စာမဖတ်ဘူးလို့ ထင်နေသူများ ရှိရင် မှားပါတယ်လို့ဘဲဆိုချင်ပါတယ်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
2011က ရေးပြီး မန်းလေးဂေဇက်မှာတင်ခဲ့ဘူးပါတယ်
Mr. MarGa
July 22, 2013 at 5:46 pm
လေးပေါက်ရေ…………
ဝင်ငံတယ်လို့ လုံးဝ မထင်တာပါဗျာ
ပိုပြီး အသက်ဝင်အောင် အားဖြည့်တယ်လို့ပဲ ကျေးဇူးတင်စွာနဲ့ ခံယူမိပါတယ်။
ဒီစာလေးကို ကျွန်တော် ပုံနှိပ်စာမူ အဖြစ်နဲ့ (shade မှာလား မသိ) ဖတ်ခဲ့ဖူးပါတယ်။
ဂျာနယ် ဖတ်တာ နည်းနေတဲ့ ကျွန်တော်၊ မန်းက ဂျာနယ်ဆို ပိုလို့တောင်ဝေးတဲ့ ကျွန်တော် မှတ်မှတ်ရရ ဖတ်ဖြစ်လိုက်တဲ့ ဆောင်းပါးလေးပါ။
ဖတ်ပြီးတော့လဲ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျ အားရမိတဲ့ စာတစ်ပုဒ်ပါ။
ကျွန်တော်တို့ လူငယ်တွေ ကို တိုက်ရိုက် ပြောပြထားတာကိုး။
လက်ရှိ ဒီပို့စ်ကို ရေးတော့ ဖြစ်မိတဲ့ ခံစားချက်လေးက
ကိုယ့်ထက်ငယ်တဲ့ ကလေး ပုစုကွေးလေးတွေ
လက်ထဲမှာ ဖုန်းကလေးတွေ ကိုယ်စီကိုင်လို့ ဂိမ်းဆော့နေတာတွေ
နောက် ဂိမ်းဆိုင်မှာ အားရပါးရ ဆော့နေတဲ့ ကလေးတွေ ကို တစ်ခုခု လုပ်စေချင်တဲ့ ခံစားချက်
နောက် အဲဒီအချိန်က ကိုယ်တွေ စွဲမက်ခဲ့တဲ့ အရာတွေကို ပြန် လွမ်းမိတဲ့ အတွေး
အဲဒါနဲ့အတူ
သူတို့လေးတွေအတွက် ဖတ်စရာနေရာ (လတ်တလောမှာ) နည်းနေတာကို မြင်မိသွားတာပါ။
ebook တွေကို သူတို့ ဆော့နေတဲ့ ဖုန်းတွေနဲ့ ဖတ်နိုင်ပါတယ်။
အင်တာနက်နဲ့ အထိအတွေ့မှာ မစိမ်းလို့ ရှာလို့ ဖွေလို့လဲ ဖတ်နိုင်ကြပါလိမ့်မယ်
ဒါပေမင့် သူတို့ကို စာဖတ်ချင်စိတ်ကလေး၊ စာပေကို တန်ဖိုးထားမယ့် စိတ်ကလေးကို ထည့်မပေးနိုင်ရင်
စိတ်အာဟာရအတွက် စာဖတ်ကြမှာ မဟုတ်ဘူးလို့ တွေးမိတယ်။
သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာကိုမှ စိတ်ဝင်တစား ရှာကြဖွေကြ ဖတ်ကြမှာလေ။
စာဖတ်ကြရာမှာလဲ သုတ၊ရသ စုံနေတဲ့အထဲက
သုတကိုပဲ အားပေးလွန်းပြီး ရသစာပေနဲ့ ဝေးသွားကြမလားလို့ စိုးရိမ်မိတယ်လို့ ဆိုရမလား…
အဲဒီလို အတွေးပေါင်း မြောက်များစွာနဲ့ ချာချာလည်နေတာကတော့ အခုထိပဲ လေးပေါက်ရေ………
.
စကားမစပ် စာအပြန် နောက်ကျတာ ခွင့်လွှတ်ပါဗျ
manawphyulay
July 23, 2013 at 8:22 am
မနောကတော့ တို့ကျောင်းသားစာစောင်လည်း အရမ်းသဘောကျနှစ်ခြိုက်ခဲ့သလို တေဇလည်း မလွတ်တမ်းဖတ်ခဲ့ရတယ်။ ကာတွန်းကတော့ ဦးဘဂျမ်းပုံတွေဆို အရမ်းသဘောကျတယ်။ ပုံမှာကို အသက်ဝင်ပြီး ရယ်လည်း ရယ်ရလို့ပါ။
Mr. MarGa
July 23, 2013 at 8:37 pm
ဦးဘဂျမ်းရဲ့ ကာတွန်းတွေကို ဖတ်မိတော့
အခုထိ ခေတ်မီနေတာကို သွားသွား တွေ့မိသလိုပဲ
သူ ရေးတဲ့ ကိုပြူးနဲ့ မပြုံး စာအုပ်ကလေးများရရင် ဖတ်ချင်စမ်းပါဘိ
အရီးခင်လတ်
July 24, 2013 at 2:00 pm
သိကြားမင်း ဆိုတော့ ခပ်ဖိုင့်ဖိုင့် ဝဝ ဖြစ်ရမယ် မှန်းတာ။
ဒီ သိကြား က ပိန်ရှည်ရှည် ဖြစ်နေတော့ ကာတွန်းတွေ ရဲ့ သမိုင်း စာမျက်နှာ တွေ ပြန်ပြင်ရမယ်။
😉
Mr. MarGa
July 24, 2013 at 3:11 pm
သမိုင်းကို ဒီအတိုင်းထားပြီး
ကျွန်တော်ပဲ ပြင်ပေးလိုက်ရင် ကောင်းမလား လို့ 🙂
မြစပဲရိုး
October 8, 2014 at 8:26 pm
ဆိုတော့ကာ
တစ်နှစ်ကျော် ကြာအပြီး ……
ဖိုးသိကြား တစ်ယောက် သိကြားမင်း ပုံစံ ပြင်လိုက်ကာ ပြောင်းပြီး မပြီး သိချင်စမ်းပါဘိ။ lol:-)
Mr. MarGa
October 9, 2014 at 2:53 pm
ကိုယ်ပိုင် အမြင်အရတော့ ပိန်ပိန်ပါးပါးနဲ့ လူရည်သန့်ရုပ်
သူများတွေ အမြင်တော့ ညှင်းသိုးသိုး မှုန်ကုပ်ကုပ်နဲ့ သူပုန်ရုပ်
အခုလက်ရှိ ဖြစ်နေတာ အဲ့လိုပဲ အရီးရေ.. :mrgreenn:
Myat Pearl Phyu
January 8, 2015 at 3:52 pm
ကာတွန်းလား သိ်ပ်ကြိုက် ငယ်ကထဲက ခုထိ
ငယ်၂ကတော့စာအုပ်ဖတ်
ခုတော့ ရုပ်ရှင်ကြည့်ပေါ့
Mr. MarGa
January 9, 2015 at 11:24 am
ကာတွန်းတွေ ဖတ်လိုက် ကာတွန်းကားကြည့်လိုက်နဲ့
ခုထိတော့ ကာတွန်းနဲ့ မကင်းကွာသေးဘူး ပြောရမပေါ့