Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mr. MarGaJune 6, 20131min74626
– – – – – ၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။ ၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။ ၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။ ၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။ ********************************************************************* ဦးမာဃတို့ ရွာသူားတွေ ဒီစကားရပ်လေးတွေကို ရေးတေးတေးတော့ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းများစွာ မီဒီယာတွေပေါ်မှာ နေရာယူခဲ့သော စာသားများပါ။ ပြည်သူ့ သဘောထား ပါတဲ့။ ပြည်သူတွေရဲ့ သဘောထားအစစ်အမှန် ဟုတ်တာမဟုတ်တာတော့ ဦးမာဃ မငြင်းတော့ဘူးနော်။ လူ ဆိုတာ အတော်ခက်သဗျ။ ကိုယ် တွေ့နေကျ မြင်နေကျ အရာတစ်ခုကို မတွေ့ရ […]


Mr. MarGaMay 15, 20131min121853
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။ ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။ တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။ ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ […]


Mr. MarGaMay 1, 20131min161969
  လူတွေဟာလေ…………………. တစ်ခါတစ်ခါကျရင် လွယ်တာကို ခက်အောင် လုပ်တတ်ကြပါလားနော်…………. ဒီတစ်ခါတော့ ဦးမာဃ ခေါင်းထဲကို ဝင်လာတဲ့ အတွေးစလေးတွေက ကလေးငယ်တွေအကြောင်းပါ။ ရန်ကုန်မတော့ မသိဘူး( မသိဘူးသာပြောတာရယ် ရန်ကုန်မလဲ ရှိတာပါပဲလေ) မန်းမှာတော့ မီးပွိုင့်တွေမှာ……ပွိုင့်မိလို့ စောင့်ရပြီဆိုရင် အဲဒီမီးပွိုင့်နားမှာပဲ အခြေချလို့ တောင်းရမ်းနေကြတဲ့ ကလေးတွေကို တစ်ခါတစ်ခါ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါလို့ ပြောရတဲ့ အကြောင်းရင်းက အခုနောက်ပိုင်း နည်းသွားလို့ပါ။ အရင်ကဆို လမ်း ၈၀၊ ၂၆ မီးပွိုင့်နဲ့ ၇၈၊ ၃၅ထောင့်က မီးပွိုင့်တွေမှာ သူတို့လေးတွေကို ကြိုကြားကြိုကြား တွေ့ရတတ်တယ်။ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကြားထဲကနေ ဖြတ်လို့ တောင်းရမ်းနေကြတာတွေပေါ့။ ကလေးတွေပဲ များပါတယ်။ နောက် လူစည်တဲ့၊ လူသွားများတဲ့ နေရာတွေ မှာလဲ ရှိတတ်တယ်။ […]


Mr. MarGaApril 21, 20131min143958
“အိမ်” ဆိုတဲ့ စကားလုံးလေးဟာ တစ်လုံးတည်းနဲ့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပဲ။ အိမ်တွေကို အမျိုးအစားခွဲမယ်ဆိုရင် သစ်တစ်ပင် ဝါးတစ်ပင်အောက်ကစလို့ တိုက်ကြီးတာကြီးအလယ် စံအိမ် ရဲတိုက်တွေ အဆုံး အကုန်လုံးကို အိမ် ဆိုတဲ့ အမျိုးအစားထဲမှာ ထည့်နိုင်တယ်။ လူတစ်ယောက် ပိုင်ဆိုင်တဲ့ အိမ်ကိုကြည့်လို့ ဒီလူရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းကို ခန့်မှန်းကြသလို တစ်ချို့ကျပြန်တော့ သူ့ရဲ့အဆင့်အတန်းပေါ်မူတည်လို့ နေထိုင်ဖို့ အိမ်ကို ရွေးချယ်တတ်ကြတယ်။ ဘယ်လိုပဲ ရွေးချယ်ကြပါစေ လူအများစုကတော့ နေထိုင်တဲ့အိမ်ကို ကြည့်လို့ အဆင့်အတန်းကို ဆန်းစစ်ကြတာပဲမဟုတ်လား။ ဒီတော့ အိမ်ကို ဂုဏ်တွေ ပကာသနတွေနဲ့ ထုံမွှမ်းထားကြသူတွေကလဲ အများစုပါ။ အိမ်တစ်အိမ်အတွက် သူ့ရဲ့ ပတ်ဝန်းကျင်ဟာလဲ အရေးပါတဲ့ အရာတစ်ခုပါပဲ။ စိတ်ကူးယဉ်ကမာ္ဘထဲက တောအုပ်လေးတွေ ပတ်လည်ဝိုင်းလို့ စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ […]


Mr. MarGaApril 4, 20131min107065
ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။ သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။ တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။ တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။ ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။ တာဝန်ရှိသူ တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ […]


Mr. MarGaMarch 16, 20131min90136
ဆင်ဆာရယ် ပြန်လာခဲ့ပါ မြန်မာနိုင်ငံမှာ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာ နည်းနည်းတောင် ကြာပါပြီ။ ဆင်ဆာ ဖျက်သိမ်းလိုက်လို့ အားရဝမ်းသာ ကြိုဆိုမှုတွေလဲ တွေ့ခဲ့ပေါ့။ ဒါပေမယ့် အခုတစ်လော (ပြောရမယ်ဆိုရင်တော့ ဟိုအရင်ကတည်းကပါ။) တွေ့နေတာ မြင်နေ၊ ကြားနေတာကို အခြေပြုလို့ ထွက်လာတဲ့ အတွေးလေးတွေကို နည်းနည်း ပြောချင်မိတယ်။ အဖြစ်အပျက်လေး နှစ်ခုကို တင်ပြပါမယ်။ ပထမ အဖြစ်အပျက်ကတော့ ကြော်ငြာနဲ့ ပတ်သက်တာပါ။ ကျွန်တော်တို့အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်( ဒါများ ပြောနေစရာလားလို့ မမေးပါနဲ့ ရှေ့ဆက်ဖတ်ပါဦး) လာသမျှ၊ လွှင့်သမျှ အခမဲ့လိုင်းအစုံကို မနက်ကနေ ညနေထိ (အချိန်အတော်များများကြည့်ပါတယ်) အိမ်မှာက အဖွားရှိတယ်လေ။ ကျန်တဲ့သူတွေက အလုပ်သွား၊ ကျောင်းသွားနဲ့ အပြင်ရောက်နေတာများတော့ သူက ဒီ တီဗွီတစ်လုံးနဲ့ အပျင်းဖြေရသကိုးဗျ။ ညနေ […]


Mr. MarGaFebruary 19, 20131min96740
ယဉ်ကျေးမှု အမွေ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။ ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတိုင်းကလဲ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ အဲဒီလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားတဲ့အခါမှာ (Wikipedia အရ) သုံးမျိုးခွဲလို့ ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် (ဘုရားပုထိုး၊ ဂူ၊ ကျောင်းတွေ၊ ဝတ်စားဆင်ယင်မှုပုံစံ စတာတွေပေါ့) စိတ်ပိုင်းဆိုင်ရာ အမွေအနှစ် (စာပေ၊ ဂီတ စတဲ့ အနုပညာတွေ၊ နေ့စဉ်ဘဝမှာ သုံးစွဲနေတဲ့ ဘာသာစကား စတာတွေပေါ့) နောက်တစ်ခုက သဘာဝအမွေအနှစ် (သူကတော့ နည်းနည်း ကျယ်ပြန့်လာတယ်၊ ဘေးမဲ့တောတွေ၊ နိုင်ငံအတွင်းက သက်ရှိမျိုးစိတ်တွေ၊ သဘာဝအရ ထူးခြားဆန်းကျယ်တဲ့ နေရာတွေ ပါလာတယ်) ဆိုပြီးတော့ပါ။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းရာမှာလဲ […]


Mr. MarGaFebruary 9, 20131min84028
သုံးတတ်လျှင် ဆေးဖြစ်ပါသတဲ့   အခုတစ်လောမှာ အစိုးရပိုင်းက အပြောင်းအလဲတွေ အတော်များများကို တွေ့လာရတယ်။ အပြောင်းအလဲ ဆိုရာမှာ ကောင်းတဲ့ဘက်ကို ပြောင်းတာတွေ့ရသလို အဆိုးဘက်ကို တစ်ခါတစ်လေရောက်သွားတာတွေကိုလဲ တွေ့ရပါတယ်။ အကောင်းဘက်က အပြောင်းအလဲပဲ ဖြစ်ဖြစ် အဆိုးဘက်က အပြောင်းအလဲပဲဖြစ်ဖြစ် အကုန်လုံးကို ပြည်သူတွေ(အတော်များများ) က အချိန်နဲ့ တစ်ပြေးညီ သိနေရပါပြီ။ ဒီနေ့ခေတ်မှာ သတင်းစာ နေ့စဉ်ဖတ်မှ၊ ဂျာနယ် အပတ်စဉ်ယူမှ သတင်းတွေကို သိရတာ မဟုတ်တော့ပါဘူး တိုးတက်လာတဲ့ လူမှုရေးဝက်ဘ်ဆိုက်တွေ၊ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနေတဲ့ သတင်းဌာနတွေ၊ရေဒီယိုတွေ ကြောင့် သတင်းအတော်များများကို သိနေကြပါပြီ။ ဒီအခြေအနေမျိုးဟာ နိုင်ငံအတော်များများမှာ တွေ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ ဖြစ်လာတာ သိပ်မကြာသေးပါဘူး။ တစ်နှစ်၊တစ်နှစ်ကျော်ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ facebook ကို လူတွေ […]


Mr. MarGaJanuary 25, 20131min87033
ပြင်ဖို့တော့ ကောင်းနေပြီ   ဟိုတစ်ရက်ကပေါ့ဗျာ ဦးမာဃ လူ့ပြည်မှာ လုပ်စရာရှိတာလေးတွေ လုပ်ရင်းနဲ့ လမ်းကြုံလို့ ဘုရားကြီးကို ရောက်သွားတယ်။ ဟုတ်ပါတယ် မန်းလေးက မဟာမြတ်မုနိပါ။ မရောက်တာလဲ နည်းနည်းကြာလို့ နောက်ပြီးတော့ တာဝန်အရ လိုတာလေးတွေလဲ ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုပြီးတော့ ဝင်သွားတာ။ လမ်းကလဲ ကြုံနေတာကိုး ဘုရားရောက်တယ်ဆိုတော့လဲ အများစုလို ပန်းလေး ရေချမ်းလေးကပ် ပုတီးလေးစိပ် ပေါ့လေ။ ပြောသာပြောတာ သိကြားမင်းဆိုတော့ အဲဒါတွေ လုပ်တယ်ဆိုတာ ခပ်ရှားရှားရယ်။ ဒီအတိုင်း ဘုရားဝတ်ပြု လေ့လာကြည့်ရှု စစ်ဆေးပြီး ပြန်တာပါပဲ။ ပန်းရေချမ်းတွေတော့ ကပ်လေ့ကပ်ထ မရှိဘူးရယ်။ ဦးမာဃကသာ မကပ်တာလေ ကျန်တဲ့ ဘုရားဖူးတွေက ကပ်ကြတော့ ဘုရား အာရုံခံတန်ဆောင်း မရောက်ခင်၊ ကားဆိုင်ကယ် အပ်တဲ့နေရာတွေကစပြီးတော့ ပန်းသည်တွေ၊ တခြား […]


Mr. MarGaDecember 29, 20121min76727
စာပေဟောပြောပွဲမှတစ်ဆင့် ဆက်၍ထွက်လာသော အတွေးစများ တစ်နေ့က ဦးမာဃ နတ်ပြည်ကနေ တိုင်းခန်းလှည့်လည်ရင်း စာပေဟောပြောပွဲတစ်ခု ရောက်သွားတယ်။ သိတဲ့အတိုင်းပဲလေ နတ် ဆိုတော့လဲ နေရာတကာ လိုက် ကြည့်ရှုရသေးတာကိုး အဲဒီတော့ ဟိုလဲ စပ်စပ်စပ်စပ် ဒီလဲ စပ်စပ်စပ်စပ် ပါသလိုဖြစ်နေတယ် တာဝန်အရ(စိတ်မပါတာတော့ မဟုတ်ဘူးနော်)လဲ တရားပွဲတွေ လိုက်နာဖြစ်(နာရ)တယ် သိကြားမင်းဆိုတော့ သာသနာကို စောင့်ရှောက်ရဦးမယ်မဟုတ်လား တစ်ခါတစ်လေလဲ နတ်ပွဲတွေ သွား စစ်ဆေးရသပေါ့ ၃ရမင်းနတ်တွေထဲမှာ သိကြားပါ ထည့်ထားတာကိုး (လုပ်သမျှ နတ်ပွဲတိုင်းတော့ သိကြားမပါဘူး) ဒါပေမယ့် နတ်စာရင်းထည့်ထားတဲ့အတွက်(ထည့်တော့လဲ ထိပ်ဆုံးကရယ်) သွားတော့ သွားရသဗျ မနေ့ကတောင် ဟိုညီအစ်ကိုရဲ့ စစ်ထွက်ပွဲ သွားလိုက်ရသေး နောက်ပြီးတော့ ဘုရားပွဲတွေဆိုလဲ သွားရောက် စနည်းနာရ ကြည့်ရှုစစ်ဆေးရသေးသပေါ့ သာသနာရေးလေ ဘုရားပွဲတွေ သွားစစ်မှတော့ […]


Mr. MarGaMay 22, 20121min47913
အခုတလော ဦးမာဃတို့ မန္တလေးမှာ မီးတွေ ပျက်နေတယ်။ မန္တလေးတင် မကပါဘူး တစ်နိုင်ငံလုံးနီးပါး ပျက်နေတာပါပဲလေ။ အဲဒါကို ရန်ကုန်က လူထုတွေက စ ပြီးတော့ ဖယောင်းတိုင်လေးတွေကိုင်ပြီး ဆန္ဒပြကြတယ်။ အဲဒီမှာ မီးပြန်လာပေးတယ်ဆိုလားပဲ (ဦးမာဃ မှတ်မိသလောက် ပြောတာပါ ) အဲဒီဆန္ဒပြပွဲအပြီး သိပ်မကြာခင်မှာ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေကို ကြေညာချက်ထုတ်ပေးတယ်။ အဲဒီ ကြေညာချက်အရ ဦးမာဃ သိလိုက်တာက မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို အဓိက အားထားနေရgတယ်။ အခု နွေရာသီဆိုတော့ ဆည်တွေမှာ ရေကုန်ပြီ။ ရေမရှိတော့ ဘာနဲ့ပေးမလဲ။ သူတို့လဲ အတတ်နိုင်ဆုံး အများဆုံး ပေးနိုင်တဲ့နှုန်းနဲ့ ပေးနေတယ်။ အဲ မကြာပါဘူးဗျာ ရှမ်းပြည်က မဟာဓာတ်အားလိုင်းတိုင်တွေ မိုင်းခွဲခံရပြန်ပါရော။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဦးမာဃတို့ မန္တလေးကလဲ ရန်ကုန်ကို […]


Mr. MarGaApril 18, 20121min83814
ဦးမာဃ စဉ်းစားမိတာလေး တစ်ခုပါ။ ဦးမာဃတို့ မန္တလေးမှာ FM တွေ တော်တော်များများ ဖမ်းလို့ရပါတယ်။ သိသလောက် ပြောရရင် မန္တလေး FM ၊ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ ပြီးတော့ FM ပုဂံ စတာတွေ နားဆင်နိုင်ပါတယ်။ အဲဒီ အထဲက မန္တလေး FM ကို နည်းနည်း တောင်းဆိုချင်လို့ပါ။ မန္တလေး FM က သင်္ကြန်ရောက်ပြီဆိုရင် မြို့တော်ဝန် မဏ္ဏပ်မှာ နေရာယူပြီး ဖျော်ဖြေတင်ဆက်မှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။ အဲ အချိန် အကန့်အသတ်တော့ ရှိတာပေါ့ဗျာ။ ညပိုင်းဆိုရင် ည ရ နာရီလောက်ကနေ သူတို့ ပုံမှန်အသံလွှင့်ချိန် ည ၁၁ နာရီထိ […]