ကိုရီးယားဇာတ်လမ်းတွဲတွေက ရတဲ့ အတွေး
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။
ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။
ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး
အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။
တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး
ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။
ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ ဦးမာဃ တကယ် ချီးကျူးမိပါတယ်။
အနုပညာကို အဓိကထားပြီး သူတို့ တိုင်းပြည်ရဲ့ နှစ်သက်ဖွယ်တွေ၊ စားသောက်ကုန်တွေ၊ ယဉ်ကျေးမှုတွေကို မားကတ်တင်း ဆင်းသွားလိုက်ကြတာ တကယ် ချီးကျူးဖို့ ကောင်းသဗျ။
တစ်နေ့ကပဲ သူငယ်ချင်းတစ်ယောက်က မှတ်ချက်ချသွားသေးတယ်။
ကိုရီးယားတွေ ဇာတ်လမ်းတွဲတွေထဲမှာ သူတို့ရဲ့ အစားအသောက်တွေကို မကောင်းဘူး၊ ညံ့တယ်လို့ ပြောတာတွေ လုံးဝ မပါဘူး တဲ့။
ဒါ သူ ပြောတာကို ပြန်ပြောပြတာပါ။
ဦးမာဃ ကြည့်မိသလောက် သိသလောက်လဲ တကယ်ပဲ မပါဘူးဗျ။
ဒါကတော့ သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့်လို့ပဲ ပြောရမယ်ထင့်။
ကဲပါလေ
လေရှည်နေတာ လိုရင်းကို မရောက်တော့ဘူး
ပြောလက်စလေး ပြန်ဆက်ရအောင်
သူတို့ဆီက မသင့်တော်တဲ့ အရာတွေကို ခဏ ကျော်ပြီး အတုယူသင့်တာလေးတွေ၊ အတုယူသင့်တယ်လို့ တွေးမိတဲ့ အရာကလေးတွေကိုပဲ ပြောကြပါစို့
ဒီပို့စ်ကလဲ အဲဒီအကြောင်းလေးတွေ ပြောဖို့ပဲကိုး။
အဆိုးတွေထဲက အကောင်းကို ထုတ်နှုတ်ရမယ် ဆိုရင်ဖြင့်
သူတို့ရဲ့ အနုပညာကို အရင်ဆုံး ချီးကျူးချင်မိတယ်။
ဘာကြောင့်လဲဆိုတော့ ဒီ လူမှုပတ်ဝန်းကျင်ကိုပဲ စိတ်ဝင်စားအောင် ဆွဲဆောင်လို့ အပိုင်းများစွာ ဆွဲခေါ်သွားနိုင်ကြတယ်လေ။
ဒီလိုပြောလို့ မြန်မာတွေဘက်က ပြန်တွေးပြီး ညံ့တယ်လို့ ပြောချင်တာတော့ မဟုတ်ဘူးပေါ့။
ဒါပေမင့် အတော်များများကိုတော့ သဘောမကျသေးတာ အမှန်ပဲဗျ။
ဘာကြောင့်လဲဆိုတော့ ဦးမာဃတို့တတွေက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားရာမှာ နားလည်မှု လွဲနေကြတယ်လို့ မြင်မိလို့ပါ။
အကုန်လုံးကိုတော့ မပြောလိုပါဘူး အနည်းစုကို အဓိက ပြောချင်တာပါ။
ဒါကြောင့်မို့ သူတို့ရဲ့ အနုပညာကို အတုယူစရာအဖြစ် မြင်မိ တွေးမိပါတယ်။
နောက်ထပ် အမှတ်ထင်ထင် ရှိနေတာကတော့ သူတို့ရဲ့ တာဝန်သိမှုပေါ့။
တကယ်တမ်းတော့ ဒီနေရာမှာ ဂျပန်က ပိုလို့ သာတယ်လို့ ပြောနိုင်ပေမင့် ကိုရီးယားအကြောင်း ပြောတာဖြစ်လို့ ဒါကလေးကိုလဲ ထည့်ပြောဖြစ်တာပါ။
ကြည့်မိတိုင်းမှာ ယှဉ်တွေးမိတတ်တာမို့ အခုလဲ ဦးမာဃတို့ဆီနဲ့ ယှဉ်လို့ ပြောမနော်။
တာဝန်သိမှုအပိုင်းမှာ ဦးမာဃတို့ဟာ အတော်လေးကို အားနည်းနေကြသလို အားမလိုအားမရဖြစ်မိတာ မကြာခဏပါပဲ (ကိုယ်တိုင်လဲ တစ်ခါတစ်လေ ပါမိပါရဲ့)
ဟို အရင်အချိန်တွေ အရင်ခေတ်တွေထက် အခုလက်ရှိမှာ ပိုလို့ အားနည်းတယ်ပဲ ပြောရမလား။
ကိုယ့်ရှေ့မှာ တစ်ခုခု အမြင်မတော်တာ တွေ့ရင်တောင် မျက်နှာလွှဲလို့ သွားလက်စနေရာကို ဆက်သွားတဲ့ မြင်ကွင်းတွေကို ပိုလို့ တွေ့လာရတယ်။
တိုးတက်မှုထဲက ဆုတ်ယုတ်မှုလို့ပဲ ပြောချင်မိတော့တယ်။
ဟိုအရင်ခေတ်တွေတုန်းက ဦးမာဃတို့ ဘိုးအေ ဘွားအေတွေဟာ ပတ်ဝန်းကျင်ကို ကူညီတဲ့၊ ပရဟိတစိတ် ပိုရှိတဲ့၊ တာဝန် ပိုသိတတ်တဲ့ သူတွေ ဖြစ်ခဲ့ကြပါတယ်။
အခုခေတ်မတော့ ဒီစိတ်ဓာတ်တွေ ပိုလို့ နည်းသွားသလိုပဲ။
အတော်များများက ပြည်သူတစ်ယောက် လိုက်နာရမယ့် အခြေခံ ကျင့်ဝတ်တွေကို မေ့ပစ်ထားကြတယ်။
အဲ အခြေခံ ရပိုင်ခွင့်တွေကိုလဲ အပြည့်အဝ မရသေးလို့ အစိုးရကို အတုံ့အလှည့်အနေနဲ့ ပညာပြတာလားတော့ မပြောတတ်ဖူးပေါ့။
ဒါကြောင့် ဒီလို တာဝန်သိမှု၊ ဥပဒေ လိုက်နာမှု၊ ပရဟိတစိတ် ရှိမှု တွေကိုလဲ အနည်းငယ် အတုယူမိပါတယ်။
ဥပဒေအကြောင်းပြောလို့ သူတို့တတွေ ဆီက အတုယူစရာ တစ်ခု ထပ်ထွက်လာပြန်တယ်။
ဘယ် ဇာတ်လမ်းတွဲကိုပဲ ကြည့်ကြည့် ကားမောင်းတယ်ဆိုတာနဲ့ ထိုင်ခုံခါးပတ် ပတ်ပြီးသားရယ်။
ဦးမာဃတို့ ဆီမတော့ အဲဒီအရာက အသုံးမလိုတဲ့ ပစ္စည်း ကျနေတာပဲ ပတ်တဲ့သူကို မတွေ့ဘူး။
အဲဒါလေးကလဲ သူတို့ဆီက အတုယူစရာ တစ်ခုလို့ ဦးမာဃ မြင်မိ တွေးမိပါတယ်ခင်ဗျာ။
နောက်ထပ် တစ်ခုကတော့
ဦးမာဃ ရုပ်ရှင်တွေ ကြည့်တိုင်း၊ ဇာတ်လမ်းတွဲတွေ ကြည့်မိတိုင်းမှာ မြင်မိတဲ့ အရာလေးပါ။
သူတို့တတွေ ကလေးသူငယ်တွေကို အရမ်းကို ဂရုစိုက်ကြတယ်။
ကလေးပြုစု ပျိုးထောင်ရာမှာလဲ ဝါယမစိုက်လို့ ကလေး ပျော်အောင်၊ စာသင်ချင်အောင် လုပ်ဆောင်သွားကြတာကို တွေ့ ရတယ်။
ကလေးငယ်တွေအတွက် အစီအစဉ်တွေ၊ ကလေးနဲ့ မိဘ၊ ကလေးနဲ့ဆရာကြား ဆက်ဆံမှုတွေကိုလဲ အထူး ဂရုစိုက်လို့ ဆက်ဆံပေးကြတာကို အမြဲ တွေ့ရတယ်။
ကလေးရဲ့ စိတ်မှာ ဒဏ်ရာ ရသွားမှာ၊ ကလေး အတုယူ မှားသွားမယ့် အပြုအမူတွေ လုပ်မိမှာကို အတော်လေးကို ဂရုုစိုက်လို့ ရှောင်ကြတယ်။
အဲဒါလေးတွေကို မြင်မိရင် ဦးမာဃတို့ရဲ့ မျိုးဆက်လေးတွေကို ပြုစုပျိုးထောင်ပုံတွေနဲ့ ယှဉ်လို့ အတုယူသင့်တယ်လို့ မှတ်သားမိတာ အခါခါပါ။
ဒီအချက် ကလေးတွေကတော့ ဦးမာဃ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်မိ မြင်မိတိုင်း တွေးမိတဲ့ ထွက်လာတတ်တဲ့ အချက်တွေပါပဲ။
အကောင်းနဲ့ အဆိုး ဒွန်တွဲလို့ ပြသတာ ဖြစ်ပေမင့် ပယ်သင့်တာပယ်လို့ အလယ်က အနှစ်ကို ထုတ်ကာ ယူတတ်ရင်ဖြင့် အရာရာတိုင်းဟာ မှတ်သားစရာ တွေးတောစရာတွေပဲ ဖြစ်နေတတ်တာကို သတိပေးရင်း ဒါလောက်နဲ့ပဲ ဦးမာဃရဲ့ မဖြစ်ညစ်ကျယ် ပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
53 comments
Myo Thant
May 15, 2013 at 12:47 pm
အနော်လည်း ကိုးရီးယားကားတွေကြိုက်တယ်၊
Yoona လေး ဇာတ်ကားဆို ထမင်းမစားပဲကိုကြည့်တာ ၊
သရုပ်ဆောင်ရွေးတာကအစ တော်တယ် ၊
သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းနဲ့လိုက်အောင် သရုပ်ဆောင်နိူင်တယ် ၊
ဒီမှာတော့ ဘာကားဖြစ်ဖြစ် ဒီရုပ်ပဲ ၊
Mr. MarGa
May 15, 2013 at 12:51 pm
ပြောသာပြောရတာရယ်
သူတို့ဆီမလဲ ဘာကားဖြစ်ဖြစ် ဒီရုပ်တွေ များပါသဗျာ
တစ်ခုပဲ
သရုပ်ဆောင်ပုံကတော့ ကွဲတယ်နော့
Myo Thant
May 15, 2013 at 12:56 pm
အဲဒါပြောတာပေါ့
ဒီမှာက ကြီးကြီးကျယ်ကျယ်သာ လျှောက်ပြောနေတာ
ရ ရက် တစ်ကားရိုက်နေတာ
ဇာတ်ညွှန်းဆိုတာမရှိ
Mr. MarGa
May 15, 2013 at 1:11 pm
ရှိတယ်တော့ ထားလိုက်ပါဗျာ
အဆင်ပြေသလို လုပ်နေတာလေး တစ်ခုတင်ပါ :hee:
kai
May 15, 2013 at 2:57 pm
တခေတ်က… သရုပ်ဆောင်ကောင်းပါတယ်ဆိုတဲ့.. ကျော်ဟိန်းကြီးက.. အရက်သမားအဖြစ်သရုပ်ဆောင်လည်း.. အရက်သမားကျော်ဟိန်းကြီးပဲ..။
သူဌေးကြီးအဖြစ်လုပ်ရင်လည်း.. သူဌေးကြီးကျော်ဟိန်းပဲ..
အရုးလုပ်ပြလည်း.. အရူးကျော်ဟိန်းပဲ..
ကျုပ်အတွက်ကတော့.. ဘာကားထဲပါပါ.. ကျော်ဟိန်းဟာ..ကျော်ဟိန်းပါပဲ..။
ဆိုတော့…
ရုပ်ရှင်သရုပ်ဆောင်ဟာ.. သရုပ်ဆောင်(တကယ်)ကောင်းရင်.. (အပြင်က)မူရင်းသူ့ရုပ်ပျောက်သွားပြီး.. ဇတ်ထဲကလူအတိုင်း.. ရောနှောဖြစ်သွားသင့်တာပေါ့… :harr:
Mr. MarGa
May 15, 2013 at 3:02 pm
သဂျီး သဂျီး
အိုက်ဒါကို အနုပညာမှော်ဝင်သွားတယ်လို့ ပြောလို့ ရတယ်မလားဟင် :kwi:
အရီးခင်လတ်
May 15, 2013 at 3:36 pm
ကျုပ်အထင်တော့ သူကြီးပြောတာ သူစိတ်ထဲမယ် ကျော်ဟိန်း သရုပ်ဆောင် မကောင်း ဘူးလို့ ပြောနေတာ ထင်တာဘဲ။
ကိုရီးယားကားတွေကတော့ အရီး ရှိတုန်း မပြသေးဘူး။
အရီး ရှိတုန်းက နိုင်ငံခြားကား တွေပြတဲ့ အထဲက ဂျပန်ကားလေး (တစ်ရာ့တစ်ကြိမ် မြောက် ချစ်ခွင့်ပန်ခြင်း – 101st Marriage Proposal- 101回目のプロポーズ) တစ်ကားကိုတော့ အခန်းဆက် တွေပေမဲ့ စွဲစွဲလမ်းလမ်းကြည့်ဖူးခဲ့တယ်။
အဲဒီမင်းသားက အရုပ်ဆိုးသမ အလွန်ဆိုး။
ဒါပေမဲ့ သူရုပ်ဆိုးတာကို ရုပ်ဆိုးကြီးလို့ လို့ မမြင်မိဘဲ ကိုယ်တောင် အလွန်ကြိုက်သွားတာ။
အဲဒီအထဲ က သီချင်းက လဲ အလွန်နားထောင်ကောင်းပါ့။
http://wiki.d-addicts.com/101st_Marriage_Proposal
http://www.youtube.com/watch?v=PFzLoEZxUc8
အရီးခင်လတ်
May 15, 2013 at 3:37 pm
မြတ်စွာဘုရား၊
ဘိုလို ဖစ်ပြီး ဒီလိုကြီး တိုက်ရိုက်ပေါ်လာပါလိမ့်။
ကိုရင်စည်သူ
May 15, 2013 at 5:04 pm
အဲ့ ၁၀၁ကြိမ်မြောက် ခြစ်ခွင့်ပန်တဲ့ မင်းသားက ဆံပင်တိုလိုက်ရင်
ရွာထဲ က အံစာတုံးနဲ့များ သွားတူနေလားလို့.. :kwi:
သူ့ကို အဖြေမပေးလို့ လေယာဉ်ဘီးအောက် သွားလှဲပြီး
နိုပြတယ်ဆိုဘဲ.. ကြားတယ်.. 🙄
kai
May 15, 2013 at 11:12 pm
@ဦးမာဃ
ကျော်ဟိန်းသရုပ်ဆောင်..အသုံးမကျတာကိုပြောတာဗျ..
ဒုက်ခွပါလား..။
မြန်မာရုပ်ရှင်အနုပညာသည်တွေ သရုပ်ဆောင်ပညာ.. ကမ္ဘာတန်းမပြောနဲ့.. အာရှတန်းမှာတောင်.. ဘိတ်ချီးက..။ :buu:
@အရီးလတ်
101回目のプロポーズကမင်းသားကို.. ဂျပန်မှာ.. Takeda sensei လို့တောင်ခေါ်ခဲ့တာခင်ဗျ..။ sensei ဆရာကိုနာမယ်နောက်ကတတ်ထားတာ..။ သရုပ်ဆောင်ကောင်းလို့တဲ့..။ :kwi:
Mr. MarGa
May 16, 2013 at 11:29 am
ရွှဲ့ပြောတာ သဂျီးရေ
သိပလား :harr:
အလင်း ဆက်
May 15, 2013 at 12:56 pm
ကိုရီးယား ဇာတ်လမ်းတွဲတွေ ကို မကြည့်ဖြစ်တာ ကြာပါပြီ။
အရင် က ကြည့်မိခဲ့တုန်းကတည်းက
တွေးမိတာက တော့
ဇာတ်လမ်း အရှည်ကြီးကို
စကားလုံးတွေ အမုူအယာတွေနဲ့
မငြီးငွေ ့အောင် ဆွဲဆောင် အား
ခပ်ပြင်းပြင်းနဲ့ ဆွဲခေါ်သွာားတဲ့ ပညာပါမှု ကို အားကျတာ
သရုပ်ဆောင်တွေ ကလည်း အမူအယာ တော်ကြတယ်။
ဇာတ်ကောင် စရိုက် ပီပြင်အောင်
လုပ်ပြ သွားနိုင် တဲ့
သရုပ်ဆောင်တွေ နဲ ့ ဒါရိုက်တာ
တွေ ကို ချီးကျုူး မိတာပါ။
ဇာတ်လမ်းရှည်ကြီးကို ကြည့်တဲ့လူ ရိုး မသွား အောင် ဆွဲဆောင် နိုင် တာက
ဝတ္ထုရှည်တွေ ရေးချင်သူ တွေ အတွက် အတုယူစရာ တစ်ခု
ကြုံလို ့ဝင် ပေါသွားပါတယ် သဂျားမင်း ရေ ့
Mr. MarGa
May 15, 2013 at 1:10 pm
ကြားမိတာ ဖတ်မိတာ တစ်ခုကတော့
သူတို့တတွေ ရေးတာက တစ်ခါထဲ အပြီးမဟုတ်
ရိုက်ရင်း ရေးရင်း မှတ်ချက်တွေ နားစွင့်ရင်း
အဲသလို ရေးသတဲ့ အလက်ဆင်းလေးရေ့
TNA
May 15, 2013 at 4:47 pm
ဟုတ်တယ် တဂျားမင်းရေ။ ဂျူမုံကားဆိုရင်း တည်တုန်းကတော့ ဒယ်ဆိုမင်းကြီးအကြောင်း။ ဂျူမုံက ဒုတိယမင်းသားပေါ့။ နောက် ဂျူမုံကပေါက်သွားတော့ ဇာတ်ညွန်းကို ဂျူမုံဇာတ်ပြင်လိုက်ရတာတဲ့။ သူတို့က နောက်ခံကိုပါ လေးထားတာကိုး။ ဖြတ်လျှောက်တောင် မကြိုက်ရင် နေ့ဝက်လောက်ရိုက် တာတဲ့။
jujuma
May 15, 2013 at 1:00 pm
ကိုရီးယားဇာတ်ကားတွေ ကို ဘောလုံးပွဲလောက် ကြိုက်ဘူးဗျာ … :kwi:
Mr. MarGa
May 15, 2013 at 1:06 pm
ဘောလုံးပွဲက စိတ်လှုပ်ရှားစရာ တစ်မျိုးကောင်းတယ်
ဇာတ်လမ်းတွဲက စိတ်ဝင်စားစရာ တစ်မျိုးကောင်းတယ်ကွယ် :hee:
ခင်ခ
May 15, 2013 at 1:52 pm
ငွေကြေးအကုန်အကျခံတာချင်းလည်းကွာမယ်ထင်ပါတယ်။
နိုင်ငံခြားရုပ်ရှင်ကားတွေက ဆက်တင်ကို သဘာဝကျအောင် သေချာအကုန်အကျခံပြီး ပြင်ဆင်ကာ ရိုက်ကြတာ၊ မြန်မာက အဲလို ပြင်ဆင်ကာရိုက်ရင် ပိုက်ဆံကုန်မှာစိုးလို့ အကျဉ်းခြုံးကာရိုက်ကြတာပေါ့။
ကိုရီးယား ဂျုမုံ ကားဆို တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခန်းတွေဆို လူအင်အားဆို ရာထောင်ချီသုံးခဲ့ပြီး စက်အင်အား ပစ္စည်းအင်အား သေချာ သဘာဝကျရိုက်ထားပေမယ့် မြန်မာဇာတ်ကားတစ်ခုဖြစ်တဲ့ သူကျွန်မခံပြီ ကားမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခန်းမှာ လူ ၅ဝ တောင်မပြည့်ဘူး မန်း နန်းတွင်းရှေ့မှာ ဟိုပြေးဒီပြေး ကွက်ကွက်လေး ရိုက်ခဲ့တယ်လေ။ အဲဒီတော့လည်း ကြည့်ရတဲ့ ရသာခံစားမှု့က ကွာခြားပေတာပေါ့။
Mr. MarGa
May 15, 2013 at 3:00 pm
ဒါကလဲ တစ်ပိုင်းပေါ့ဗျာ
မြန်မာရုပ်ရှင် အခြေအနေကတော့ ဆန်းစစ်ဖို့တောင် မဝံ့မရဲပဲလေ။
သူတို့ဘက်ကလဲ အကြောင်းအမျိုးမျိုးရှိမယ်လို့တော့ ယုံကြည်မိပါတယ်။
ရုပ်ရှင်ရုံတွေကို စိတ်ဝင်စားမှု လျော့သွားတာကလဲ အကြောင်းတစ်ခု
ဗီဒီယိုတွေ ဖြစ်သလို ရိုက်တာကလဲ အကြောင်းတစ်ခု လို့ပဲ ပြောပါရစေတော့
မင်းမင်း
May 15, 2013 at 2:19 pm
ဟုတ်ပါတယ်။သူတို့နိုင်ငံရဲ့ပြယုတ် ယဉ်ကျေးမူ့ ဓလေ့ အစရှိတာ
တွေကိုဇာတ်လမ်းတွဲတိုင်း ညီညီညွတ်ညွတ်နဲ့တင်ပြပေးတာ မြန်
မာ့အနုပညာတင်ဆက်သူများယူသင့်တယ်ထင်ပါတယ်။
Mr. MarGa
May 15, 2013 at 3:03 pm
ပညာ……….ဆိုတာက
ဘယ်နေရာက၊ ဘယ်သူ့ဆီကပဲ ဖြစ်ပါစေ
ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်
ယူသင့်ပါတယ်ခင်ဗျာ
Myo Thant
May 15, 2013 at 2:29 pm
မြန်မာကား ဘာတိုးတက်လာသလဲဆိုတော့
မျက်လုံးလေးကလယ်ကလယ် ကိုသာ ကြည့်ကြပါ
ဘယ်တုန်းကတည်းက ရိုက်ချင်နေမှန်း မသိဘူး
ငယ်ငယ်က ဇာတ်ကားတွေကိုပဲ လွမ်းတယ်ဗျာ
ဪ ပန်းတွေနဲ့ဝေ ပန်းတွေနဲ့ဝေ
Mr. MarGa
May 16, 2013 at 11:38 am
အဲဒီ ပန်းတွေနဲ့ဝေ သီချင်းကို
ဆရာမင်းလူ ဝတ္ထုထဲမှာလားမသိ
ထည့် ဖျက်ထားသေးတယ်လေ
ပန်းတွေနဲ့လောင် ဆိုပြီးတော့
ကျွန်တော်တော့ အဲဒါ ဖတ်ပြီးကတည်းက ပိုလို့စွဲသွားတာပါပဲဗျာ
ပန်းစံပါယ်
May 15, 2013 at 2:40 pm
” အတော်များများက ပြည်သူတစ်ယောက် လိုက်နာရမယ့် အခြေခံ ကျင့်ဝတ်တွေကို မေ့ပစ်ထားကြတယ်။
အဲ အခြေခံ ရပိုင်ခွင့်တွေကိုလဲ အပြည့်အဝ မရသေးလို့ အစိုးရကို အတုံ့အလှည့်အနေနဲ့ ပညာပြတာလားတော့ မပြောတတ်ဖူးပေါ့။ ” အဲဒါနဲ့ပတ်သက်ပြီး ကျမရဲ့ ထင်မြင်ယူဆချက်လေး နည်းနည်းလောက် ပြောပါရစေ။
အမှန်က မိမိက အရင်လုပ်ပေးရမှာပါ။ ဥပမာ-အမြတ်အစွန်းရချင်ရင် မိမိမှာရှိတဲ့ငွေကို အရင်စိုက်ထုတ် ရင်းနှီးပြီးမှ အမြတ်ဆိုတာ ရလာတာမျိုးပါ။ ငွေမစိုက်ထုတ်ရတဲ့ အကျိုးဆောင်ဆိုလည်း ပြောဆိုခြင်း သွားလာခြင်းဆိုတဲ့ နှုတ်အား ကာယအင်အားကို အရင်စိုက်ထုတ်ပြီးမှ မိမိအတွက် တစ်စုံတစ်ခုရလာတာမျိုးပါ။ လခစား အလုပ်သမားဆိုလည်း တစ်လလုံး (တစ်ချို့လည်း လဝက်) သူ့အလုပ်ကို အရင်လုပ်ပေးပြီး လကုန်မှ ကိုယ့်လုပ်အားခ ရသင့်တာကို ရတာမျိုးပါ။ မိသားစုအရေးမှာလည်း ဒီလိုပါပဲ မိသားစုဝင်တိုင်းက သူသာတယ် ငါနာတယ်ဆိုတဲ့ စိတ်မျိုးမမွေးပဲ ကိုယ်စီတာဝန်သိတတ်မှုနဲ့ မိသားစုကြီးပွားတိုးတက်ရေးအတွက်ပဲဦးတည်ပြီး တတ်အားတဲ့ဘက်က ဝိုင်းကူလုပ်ဆောင်မှ ဒီမိသားစုကြီး တိုးတက်လာမှာပါ။ အဲဒီလို မဟုတ်ပဲ သူသာတယ် ငါနာတယ်တွက်နေလို့ကတော့ စိတ်ဝမ်းကွဲပြီး ဖယိုဖရဲဖြစ်ကုန်မှာ အမှန်ပါပဲ။ ကိုယ့်မိသားစုတာဝန် ကိုယ့်တာဝန်ကို ကိုယ်တိုင်ကမှ မထမ်းရင် ဘယ်သူကလာထမ်းပေးမှာပါလဲ။ ကိုယ်ကတော့ မိသားစုအတွက် မိဘ၊ ညီ၊ ညီမ၊ မောင်လေး၊ ညီမလေး၊ အစ်ကို၊ အစ်မ၊ တူ၊ တူမ စသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ဘာမျှ တာဝန်မယူခဲ့ပဲနဲ့ မိမိအတွက်တာဝန်ကို သူများကို ယူစေချင်နေတာ၊ ရပိုင်ခွင့်ပဲရချင်နေပြီး ရဖို့ပဲတောင်းဆိုနေတာ နည်းလမ်းတော့ မကျလှဘူးလို့ထင်ပါတယ်။
Mr. MarGa
May 16, 2013 at 12:50 pm
ပန်းစံပါယ် ရေ
ကိုယ့်ဝန် ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်လျှောက် ရမှာ မှန်ပေမင့်
အခု အခြေအနေမှာ ဖြစ်နေတာကတော့
အခြေခံ ရပိုင်ခွင့်တွေလဲ မရ
နောက် လိုက်နာစောင့်သိရမယ့် ကျင့်ဝတ်တွေကိုလဲ မသိ ဖြစ်နေတော့
ဒီ ကျင့်ဝတ်တွေကို သိအောင် လုပ်ပေးဖို့က အဓိကကျတယ်လို့ တွေးမိတာကြောင့် အဲဒီလို ပြောတာ ဖြစ်ပါတယ်ဗျာ
MaMa
May 15, 2013 at 3:27 pm
အတုယူသင့်တာတွေကို အတုယူတတ်ရင်….
ကိုရီးယားဇာတ်လမ်းတွဲတွေလို မြန်မာဇာတ်ကားတွေလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်မှာပဲ။
Mr. MarGa
May 16, 2013 at 1:02 pm
နိုင်ငံတကာ အဆင့် မီချင်ရင်တော့
နိုင်ငံတကာ အဆင့်နဲ့ ရိုက်မှ ရမယ်လို့တောင် ပြောရမလို ဖြစ်နေပြီ :buu:
Good™
May 15, 2013 at 3:29 pm
ကိုရီးယားတွေ ဇာတ်လမ်းတွဲတွေထဲမှာ သူတို့ရဲ့ အစားအသောက်တွေကို မကောင်းဘူး၊ ညံ့တယ်လို့ ပြောတာတွေ လုံးဝ မပါဘူး တဲ့။
တခါတလေ တော့ လဲ ဇာတ်လမ်းသဘောအရ ရှိပါတယ်။
ဘယ်နေ့ည ဘာဇာတ်လမ်း ဆိုတာ မသိတော့ ပေမဲ့ အဲဒီနေ့ည ခဏ ကြည့် လိုက်ရတဲ့ ဇာတ်သွားလေး က ဒီလိုပါ။
ခပ်ရွယ်ရွယ် အမျိုးသမီး တယောက် ကလေးတယောက်ကို လက်ဆွဲ ပြီး နိုင်ငံခြားကနေ ကိုရီးယားပြန်လာ တာ ပေါ့ဗျာ။
ဆိုင်တဆိုင် ဝင် အစားပဲ ဆိုပါတော့ အဲဒီမှာ သူမှာတဲ့ အစားအစားတွေ ကို ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကွန်ပလိန်း မျိုးစုံ ပေါ့။ အဲဒီမှာ နာမည်ကြီး ခေါင်းဆောင် စဖိုမှူး က နောက်ဆုံးမှာ တဲ့ ဟင်းပွဲ ကို သူကိုယ်တိုင် ယူလာပြီး စာသုံးသူနဲ့ ဂျက် ကျ လက် ကျ အပြော၊ စားသုံးသူးကလဲ ပြန်ရန်တွေ့ ချိန် ဆိုင်ရှင် ကိုယ်တိုင် ဆင်းလာတော့ မှ ဆိုင်ရှင်နဲ့ စားသုံးသူဟာ သားအမိတွေ ဖြစ်နေတဲ့ ဇာတ်လမ်း လေးပါ။
ကြည့်ဖူးသူတွေသိမှာ ပါ။ ဒါပေမဲ့ သူတို့အစားအသောက်တွေ ကို မကောင်းဘူးလို့ အငြင်းဝါကျ ထုတ်ထားတဲ့ ရိုက် ကွက်ကတော့ အတော်ရှားပါတယ်။
Mr. MarGa
May 16, 2013 at 2:12 pm
ဇာတ်လမ်းသဘောအရ ရှိတာမှန်တယ်
သို့သော် ပါခဲ့ရင်တောင် ဘယ်လောက်ဆိုးနေနေ customer is always right ဆိုတဲ့ပုံစံ ချချင် ချပြသွားသေးသဗျ :hee:
Shwe Ei
May 15, 2013 at 4:24 pm
အွန်း ကိုရီးယားဇာတ်လမ်းတွဲရော ဗမာ ဇာတ်ကားတွဲရော
မကြည့်ဖြစ်တာ နှစ်ပေါက်နေဘီဆိုတော့ ဝေဖန်နိုင်လောက်အောင် မနီးစပ်တော့ဝူး။
သများကြိုက်တာ တရုတ်ဆို သိုင်းကား..ထိုင်းဆို သရဲကား..
ယင်းဂလိပ်ဆို ပစ်ခတ်ဗုံးကြဲနေတာမျိုးမှ…
Mr. MarGa
May 16, 2013 at 2:15 pm
ကျွန်တော်ကတော့ မြန်မာကားတွေလဲ မကြည့်ဖြစ်တာ များပါတယ်
ကိုရီးယားဇာတ်လမ်းကတော့ မျက်စိရှေ့တင်ကိုး
သရဲကားကတော့
လုံးဝလုံးဝ (တစ်ယောက်ထဲ) မကြည့်ပါ
ရွှေ ကြည်
May 15, 2013 at 7:20 pm
နောက်သူတို့က မိဘကို အရမ်းအလေးထားတဲ့သရုပ်ကိုရိုက်တယ် ဆိုးသွမ်းတဲ့စရိုက်ကိုပုံဖေါ်ချင်မှ
မိဘကိုမရိုသေတာကိုထည့်ရိုက်တာ။ တို့မြန်မာကားတွေမှာတော့ မင်းသားနဲ့မင်းသမီးက မိဘဆိုလည်း ဆရာလုပ်တယ် နိုင်တယ် ဇာတ်ပို့ သူငယ်ချင်းတို့ အစ်ကိုတို့ဆိုလည်း ဘာနိုင်သလဲမမေးနဲ့ :harr:
Mr. MarGa
May 16, 2013 at 2:26 pm
ဒေါ်ရွှေကြည်
ဒီအကြောင်းကို ငြင်းချက်ထုတ်မယ်
သူတို့တတွေ မိဘကို အလေးထားတာကနောက်
နင်ပဲငဆ အော်တာတွေ ရန်ဖြစ်တာတွေက အရင်လေဗျ :harr:
ရွှေ ကြည်
May 16, 2013 at 6:52 pm
အဲ သိပါဘူးတော်
ရွှေကြည်ကြည့်ဖူးသလောက်မှာတော့ အမေ အဖေ တွေကို သိပ်အလေးထားသလားလို့
မကြည့်ဖြစ်တာလည်းကြာပြီလေ 😆
ဦး ကျောက်ခဲ
May 15, 2013 at 8:23 pm
ကိုမာဃရေ… ယုံလားလို့ပဲမေးလိုက်ချင်ပါတယ်…
ဦးကျောက် ကိုရီးယားတွေနဲ့တွဲပြီး သုံးနှစ်လောက် အလုပ် လုပ်ဖူးပါတယ်…
ယဉ်ကျေးသူ တစ်ဦးစ နှစ်ဦးစ တွေ့ဖူးပေမည့် အများစုကတော့ ရိုင်းလိုက်တာလည်းကမ်းကုန်ပါပဲ…
အဖြူတွေ ဂျပန်တွေကို ဖင်တုန်အောင်ကြောက်ပေမည့် အာရှသားအချင်းချင်းကြတော့ အနိုင်ကျင့်…
သူတို့ကိုယ်သူတို့ “အာရိယာန်” မျိုးနွယ်ဆိုပဲ… ဟာ ဟ
အဲဒီဇာတ်လမ်းတွဲတွေကို ရိုက်ဖို့ ဈေးပေါပေါနဲ့ဖြန့်ဖို့ လုပ်ငန်းရှင်ကြီးတွေက စပွန်ဆာပေးတာပါ…
ဆိုတော့… သူတို့လူမျိုးကောင်းကြောင်း အစားအသောက်ဘယ်လိုအရသာရှိကြောင်း…
မီဒီယာကိုသုံးပြီး ပါးပါးလေးနဲ့ ကြော်ငြာ “ကိုလိုနီ” လုပ်သွားတာ ရန်ကုန်မှာ ကိုရီးယားဆိုင်တွေပွလို့…
တကယ့် အဇ္ဈတအမှန်ကိုသိချင်ရင် ကိုရီးယားပြန်တွေကို မေးကြည့်ဗျာ…
ဦးကျောက်ကတော့ “ပဲခေါက်ဆွဲ”လည်းမစား၊ ကိုရီးယား ဓာတ်ရှင်လည်း မကြည့်တာ အတော်ကြာပြီဗျို့…
:harr:
Foreign Resident
May 16, 2013 at 8:22 am
” ကိုရီးယားတွေနဲ့တွဲပြီး သုံးနှစ်လောက် အလုပ် လုပ်ဖူးပါတယ်…
ယဉ်ကျေးသူ တစ်ဦးစ နှစ်ဦးစ တွေ့ဖူးပေမည့်
အများစုကတော့ ရိုင်းလိုက်တာလည်းကမ်းကုန်ပါပဲ ”
ဦးကျောက် ပြောတာကို အထူး ထောက်ခံပါ၏ ။ ရိုင်း၏ ။
Mr. MarGa
May 16, 2013 at 2:35 pm
ဦးကျောက် ပြောတာကို ယုံတယ်လို့သာ ပြောချင်တယ်
ဘာကြောင့်လဲဆိုတော့
ဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့လဲ ထွက်လာတာပါပဲ။
ဒါကြောင့်
တစ်ခါ တစ်ခါမှာတော့ အဲဒါတွေ မြင်မိတယ်
ပလတ်စတစ် ဆာဂျရီ အပါအဝင်ပေါ့လေ
S@i S@i Fin K@i
May 16, 2013 at 7:17 am
စကားမစပ်
ကိုရီးယားကား ကျိဂျသေးလို့လားဗျ..
ပါရာဒိုင်းတခုတော့ ချိန်းနေပြီ ယူဆတာပဲ …
အိုဘယ့်
ကော့စမိုပေါ်လစ်တင်န်..
:harr:
Mr. MarGa
May 16, 2013 at 2:37 pm
ပါရာဒိုင်း ချိန်းနေပေမင့်
လောလောဆယ်တော့ မြန်မာက ရုပ်သံလိုင်းတွေမှာ သူတို့ ပေါ်ပြူလာ ဖြစ်ဆဲပါပဲ။
ဗုံ ဗုံ
May 16, 2013 at 9:55 am
တွေးတွေး.. နင်များများတွေးလေ နာ နှစ်ဆယ်ရလေဘဲ.. နောက်ထပ်တွေးအုံးးးးး
Mr. MarGa
May 16, 2013 at 2:42 pm
နှစ်ဆယ်မရတော့ဘူး
ဆယ့်နှစ်ကျပ် ဖြစ်သွားပြီ
သူကြီး
May 16, 2013 at 7:37 pm
ခညားတို့ ဘာပဲပြောပြော ကျုပ်ကတော့ မြန်မာကားတွေကိုပဲ သဘောကျသဗျာ။
Mr. MarGa
May 17, 2013 at 7:21 pm
ကိုယ်ထင် ခုတင်ရွှေနန်း ပေါ့ဗျာ :hee:
မဟာရာဇာ အံစာတုံး
May 17, 2013 at 4:51 am
ကိုရီးယား ဇာတ်ကားဆိုရင် …
((ချစ်စံအိမ်)) ဆိုတဲ့ ဇာတ်ကား ကြည့်ပြီး ကတည်းက
မကြည့်တော့ဘူး ….
ဒီသဂျား လျှာလို အတော် ရှည်တဲ့ ဇာတ်ကားတွေ ….
သဂျားရဲ့ အတွေးကလည်း တွေးသင့်ပါတယ် …
ဒါပေမယ့် …
နိုင်ငံခြား ဇာတ်ကားတစ်ကား ဖြစ်တဲ့ အတွက်
အကုန် အမှန်ယူလို့ မရနိုင်ဘူး …
ကောင်းကွက်တွေ အများစုကို ဦးစားပေးထားကြမှာပါ …
ပြောချင်တာ ဒါလေးပါ …
Mr. MarGa
May 17, 2013 at 7:29 pm
အိမ်း……….
ကောင်းကွက်တွေကို ဦးစားပေး ပြမှသာ
သူတို့အနေနဲ့ ဒီ နိုင်ငံအပေါ် စိတ်ဝင်စားမှုကို တိုးမြှင့်နိုင်မှာကိုး
ဒါဟာ ခေတ်သစ် ယဉ်ကျေးမှု ချဲ့ထွင်ခြင်းလို့ ပြောချင်တယ်ကွယ်
အသေအချာ သိချင်ရင် ဒါကလေးကို သွားဖတ်ကွယ်
https://myanmargazette.net/167636
:hee:
TNA
May 17, 2013 at 3:56 pm
လာဗင်ဒါပန်းခင်းလေးထဲရောက်တွားဒလိုပဲ။ အနံ့လေးဘဲလိုဒေါ့ဒယ်။
Mr. MarGa
May 17, 2013 at 7:31 pm
ကျွန်တော်တော့ အနီပဲမြင်ရတာ
ရဲရဲကို နီ လို့
ကောင်းမှကောင်း :byae:
KZ
May 18, 2013 at 8:13 pm
ဂလို သကြားရဲ့။
ဟိဟိဟိ။
ကျုပ်တို့က ဘာကိုကြည့်ကြည့်၊ ဘာကို ဖတ်ဖတ်၊ ဘာပဲကြားကြား ကောင်းတာလေးကို ပဲ ယူနိုင် စစ်ထုတ်နိုင်တဲ့ စိတ် ဇကာလေး ကို တပ်ထားမှရမယ်။
အဲလိုမှမဟုတ်လို့ကတော့ ဘယ်သူက ဘာကို ဘယ်လောက်ကောင်းအောင် ရိုက်ပြပြ၊ အကျိုးရှိအောင် ဘယ်လောက် စဉ်ထားတယ်ပြောပြော လူဆိုတာ ကိုယ်ယူချင်တဲ့ အပိုင်းကို ယူကြည့်တာ အတုယူတာမျိုး ကလား။
အဟွတ် ဟွတ်။
ကျုပ် ရဲ့ ဇကာမှာဆိုရင်တော့ သူတို့လေးတွေ ပုံရိပ် ကျန်ခဲ့တာပေါ့လေ။
Jang Dong Gun :528:
Kim Hyun Joong :528:
Kang Dong Won :528:
Dennis O Neil :528:
Song Seong Heon :528:
Jang Geun Suk :528:
Kim Nam Gil :528:
ဒါပဲ နော်။
တဂျား ပို့(စ) မို့ ညက်နာ လာပြောင်တွားတာ ခွင့်လွှတ်ရမယ်နော်၊
မဆူရဘူးနော်။
ဟွန့်။
:harr:
Mr. MarGa
May 21, 2013 at 7:21 pm
တိန်
စိတ်ဇကာ တပ်ထားရမယ် ပြောပြီး
သူပြောသွားတာက မင်းသားတွေချည်းပါလား
ကောင်းပါလေ့
မဆူရဘူး ဆိုလို့ ဆူတော့ပါဘူးလေ
:hee:
uncle gyi
May 18, 2013 at 10:55 pm
ယူတတ်ရင်ရတယ်တဲ့
မြန်မာကယူပါတယ်
ဝတ်စားဆင်ယင်မှု
မိန်းကလေးဘိီယာသောက်တာ
သူများရီးစားသူများလင်ရှိမယားပြစ်မှာတာ
မြန်မာဒါရိုက်တာတွေကလည်းဟိုတုန်းကမလွတ်လပ်လို့တဲ့
အခုလွတ်လပ်စွာရိုက်နိုင်ပြီဆိုကတည်းကလက်စွမ်းပြနေလိုက်ကြတာ
အားလုံးသိမြင်ကြားတဲ့အတိုင်း
မကြာမှိီကိုရီးယားမှာမြန်မာရုပ်ရှင်တွေ
အလုအယက်ဝယ်နေကြမှာမြင်ရောင်သေး
ှ
Mr. MarGa
May 21, 2013 at 7:23 pm
လူ့စိတ်သဘာဝ ကိုက
မကောင်းမှုမှာ ပိုသာယာတတ်တယ်လို့ ဆိုထားတာကိုး ဗျ
မြန်မာကားတွေကတော့
သေချာပါတယ်ဗျာ
ဒီပုံနဲ့သာသွားရင်
အတွင်းရန်ရော အပြင်ရန်ပါ ပေါင်း မှိုင်းတိုက်သလို ဖြစ်သွားမယ်ဆိုတာ
:buu:
nature
May 19, 2013 at 10:06 am
ကိုရီးယားဇာတ်ကားတွေမှာ သရုပ်ဆောင်တွေက ပီပြင်တော့ ဆွဲဆောင်မှုအားကောင်းတယ်။ မြန်မာတနိုင်ငံလုံးလိုလို ကိုရီးယားကား ကိုကြိုက်ကြတယ်လို့ပဲဆိုရမယ်။ ပဲခေါက်ဆွဲ တော့ပူကီတွေက ရုပ်ရှင်တွေကကြော်ငြာသွားတဲ့အောင်မြင်တဲ့ ကိုရီးယားအစားအစာတွေပါပဲ။ စားလို့လဲကောင်းပါတယ်။
ကောင်းတာတွေရှိသလို ဆိုးတာလဲရှိတယ်။ အခုလာတဲ့ကိုရီးယားကားတော်တော်များများဟာ လင်ငယ် မယားငယ်ယူခန်းတွေ အိမ်ထောင်ရေးဖောက်ပြန်မှုတွေမှာ မယားကြီးကမှားပြီး မယားငယ်ကမှန်တဲ့အကြောင်းတွေ ကြိုက်ရင်ယူသာယူဆိုတဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်မှုကို အားပေးနေတယ်ထင်မိတယ်။ အတုယူမှားတဲ့ လူငယ်တွေအတွက်ရင်လေးစရာပါ။ဒီလိုကားတွေကြီးပဲ လာတာများတော့ မနှစ်သက်မိတာတော့အမှန်ပဲ။
ခရီးသည်ကြီး
May 19, 2013 at 11:41 am
ကျုပ်က ငတုံး ဗျ
ပဲခေါက်ဆွဲရုပ်ရှင်ထဲတွေ့လို ့ဝယ်စားကြည့်တာ
အကျိုးနဲ … ပုန်းရည်ကြီးဖျော်ပြီး အသားတွေအသီးရွက်တွေနဲ့ချက်ထားတာကြီး
ဆမ်းပေးလိုက်တာ
ချိုချိုအီအီ ကြီး
ရန်ကုန်မှာပါ ကိုရီးယားမရောက်ဖူးပါဘူး 🙂
သူကလေး
May 22, 2013 at 10:44 am
အလို .. ကွန့်မန့်တွေကလည်းအများကြီးဆိုတော့ တစ်ထိုင်တည်းတော့အကုန်လုံးလိုက်မဖတ်ဖြစ်တော့ဘူးဗျို့
အလုပ်များနေရက်နဲ့ ခိုးဝင်တာဆိုတော့ကာ … သိကြားပြောတာလေးတွေပဲအဓိကထားပီးဖတ်သွားပါတယ်
ကမာဃပြောသလို ကောင်းတာလည်းရှိ၊ဆိုးတာလည်းရှိမှာ .. သဘောကျတာလေးကတော့
ဆင်းရဲသားဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ညထမင်းစားပီးဘီဆို … ဧည့်ခန်းမှာထိုင်ပီးစကားပြောကြတာပဲ
သူတို့ဆီမှာ တကယ်လုပ်မလုပ်မသိပေမယ့် အဲလိုအလေ့အထလည်းတော့ တကယ်ပဲရှိသင့်တယ်လို့
အဲဒါလေးကို အတုခိုးနိုင်ရင်တော့ကောင်းမယ်ကွယ် …