Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးဘားကမ့်၊ C.J နှင့် အဖြေညှိစရာလေးများ။

Swal Taw YwetFebruary 12, 20131min64713

ရွာထဲမှာပျောက်နေတဲ့ စွယ်တော်ရွက်တစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း ကိုယ်ထင်ပြတာပါဗျို့။ မန်း ဂဇက် ရွာသူရွာသားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေနော်။

ဇန္နဝါရီ ၂၆၊ ၂၇၊ ၂၀၁၃ စနေ တနင်္ဂနွေ တုန်းက မန္တလေးမြို့ ရွှေဖြူ ပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Mandalay BarCamp 3 ကိုတက်ရောက်ဆွေးနွေးလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျ။ ဘလော့ဂါ ကိုနေဘုန်းလတ် ရဲ့ The role of C J in future Myanmar ကိုလည်းတက်ရောက်နားထောင်ဖြစ်ခဲ့ပါတယ်၊ ဒီရွာရဲ့ ပင်မစာမျက်နှာ ညာဖက်ခြမ်းကနေ သူကြီးညွှန်ပြထားတဲ့ သတင်းတစ်ပုဒ်မှာပါဝင်ရန်လိုအပ်သော 5W1H ကိုတင်ပြသွားခဲ့ပါတယ်၊

သတင်းကောင်းတစ်ခုမှာရှိသင့်တဲ့ အရည်အချင်းတွေကိုလည်းရှင်းပြသွားခဲ့ပေမယ့် အချက်တွေကများပြား ဆလိုက်ထိုးပြတာကမြန်သွားခဲ့တာမို့ ဘာမှ မမှတ်မိလိုက်တာ ခွင့်လွှတ်ပေးပါဗျာ၊ အင်တာနက်ကျွမ်းကျင်သူများ အဲဒီ BarCamp 3 Mandalay ရဲ့ web site= www.barcampmandalay.org ကနေရှာဖွေပြီး ဒီရွာထဲမှာ ပြန်မျှဝေပေးဘို့တောင်းဆိုအပ်ပါတယ်။ Presentation File တွေတင်ပေးထားမယ်လို့ဆိုထားခဲ့လို့ပါ။

ကိုနေဘုန်းလတ်က အမှန်တရားကိုမြတ်နိုးသူတွေ မီဒီယာနဲ့ချိတ်ဆက်နိုင်ရင် မတရားမှုတွေကို ထိန်းချုပ်နိုင်မယ်လို့ဆိုပါသဗျ၊ကင်မရာတောင်မလို မျက်လုံးနဲ့ကြည့်နေရင်ကို  မဟုတ်တာလုပ်မည့်သူတွေ ရှိန်သွား ငြိမ်သွားကြောင်း သူကြုံတွေ့ခဲ့ရတဲ့ ဘူးသီးတောင်ထောင်အတွေ့အကြုံတွေနဲ့ ရှင်းပြသွားခဲ့ပါတယ်။

ကျနော် စွယ်တော်ရွက်လည်း တတ်သည့်ပညာ မနေသာ ဆိုသလို စနေနေ့ ညနေပိုင်းမှာ

“ မြန်မာနိုင်ငံ လျှပ်စစ်အကြောင်း တစေ့တစောင်း ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ ရွာထဲမှာ ကျနော်တင်ထားခဲ့တဲ့ ပို့စ်လေးတွေကို အခြေခံပြီးဆွေးနွေးဖြစ်ခဲ့တာပါ။

ပီတိဖြစ်ခဲ့ရတာလေးတစ်ခုက အဲဒီ့ပို့စ်လေးတွေကို အသေးစိတ် ဖတ်ကြည့်နိုင်ဖို့ www.myanmargazette.net website ကိုညွှန်းလိုက်တော့ ကျနော့်ဆွေးနွေးပွဲကို တက်ရောက်နေကြသူ တော်တော်များများက မန်းဂဇက်ကို သိနေခဲ့၊ ရင်းနှီးနေခဲ့ကြောင်း ပြောပြကြလို့ပါပဲ။

ကဲ… ကဲ.. ကိုနေဘုန်းလတ် ထောက်ပြခဲ့တဲ့ Role of CJ ထဲကအတိုင်း စွယ်တော်ရွက်ရဲ့ ပါတ်ဝန်းကျင်က အခြေအနေလေးတစ်ခုကို ရွာထဲမှာတင်ပြပါရစေ….

စွယ်တော်ရွက်ရဲ့ မိဘတွေက အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာမှာ နေထိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ရ ရက်နေ့ ညဦးပိုင်း ရန်ကုန်ပြန်ဖို့ကားမစီးခင် အမေတို့အိမ်ရောက်သွားတော့ အမေက သူ့ရဲ့သား ကျနော့်ကို အင်တာနက်သုံးတတ်သူမို့ အားကိုးတကြီး အကူအညီတောင်းခဲ့တဲ့ အခြေအနေလေးတစ်ခုပါ။ အဲဒါကတော့ဒီလိုပါခင်ဗျာ—-

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက မန္တလေးမြို့ စွယ်တော်မြတ်စေတီ နားမှာလောင်စာဆီဆိုင်တစ်ဆိုင် မီးလောင်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်ခင်ဗျ။ စာသင်ကျောင်းနဲ့ ကပ်လျက် စာသင်ကျောင်းမြေပေါ်မှာ ဖွင့်ထားတဲ့ဆီဆိုင် လောင်သွားတာမို့ အဲဒီ့ကျောင်းက ကျောင်းအုပ်ကြီးတောင် အရေးယူခံထားရပါတယ်။

အခုအဲဒီ့မီးလောင်သွားတဲ့ ဆီဆိုင်က သူ့ရဲ့လုပ်ငန်းအတွက် လိုအပ်တဲ့ လောင်စာဆီ သိုလှောင်မှုတွေကို နတ်ရေကန် ကျေးရွာရဲ့ တောင်ဘက်ထိပ်ရှိ ဘုန်းကြီးကျောင်း (ရွာအခေါ် ဗိုလ်ကျောင်း) ထဲမှာ လာရောက်လုပ်ကိုင်နေပါတယ်တဲ့ခင်ဗျာ။

ကျေးရွာ ရပ်မိရပ်ဖတစ်ယောက်က ရပ်ရွာအုပ်ချုပ်ရေးမှူး အသစ်ကိုရော၊ အဟောင်းကိုပါ တင်ပြ သတင်းပို့တဲ့အခါ ၂ ယောက်စလုံးက အဲဒီ့ဆီဆိုင်ပိုင်ရှင်ဟာ ရပ်ရွာအတွက် အလှူငွေ ထည့်ဝင်နေသူဖြစ်တာမို့ ဖယ်ရှားပေးခိုင်းဘို့ မဖြစ်နိုင်ဘူးလို့  အကြောင်းပြန်ပါတယ်တဲ့ခင်ဗျ။ အဲဒီ့တော့ စွယ်တော်ရွက်ရဲ့မိဘတွေအပါအဝင် နတ်ရေကန်ကျေးရွာနေ လူထုအနေနဲ့ မီးဘေးအန္တရာယ်ကို တထိတ်ထိတ် တလန့်လန့်ရှိနေရတော့တာပါပဲ။

လောင်စာဆီ၊ အထူးသဖြင့် ဓါတ်ဆီတိုင်ကီတွေ မီးလောင်ပေါက်ကွဲပြီး လွင့်ပျံပြန့်ကျဲခြင်းရဲ့ သာဓက မန္တလေးမြို့ရဲ့ ၁၉၈၁ ဦးကျားကြီးဝင်းက စတဲ့ မီးကြီးမှာ သက်သေရှိခဲ့ပြီးသားပါဗျာ။

သာသနာ့မြေမှာ လောင်စာဆီသိုလှောင် ရောင်းဝယ်မှု လုပ်ခွင့်ရှိမရှိ၊ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ လူနေအိမ်ခြေ တွေနားမှာ လောင်စာဆီသိုလှောင်နေတာကို ခွင့်ပြုပေးထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ရပ်ကို လက်သင့်ခံသင့်မခံသင့် (သူတို့ကတော့ တိုင်ချင်ရာတိုင် လို့ဆိုပါသတဲ့) မန်းဂဇက်ရဲ့ အားကို ယုံကြည်တဲ့ ရွာသားတစ်ယောက်အနေနဲ့ ဗျို့ဟစ်လိုက်ရပါတယ်ခင်ဗျာ။

အကြံဉာဏ်ကောင်းများကို မျှော်လင့်ရင်း စွယ်တော်ရွက်တွေ့ထားတဲ့ မေးခွန်းလေးတစ်ခု အတွက်ပါ အဖြေညှိကြည့်ကြရအောင်ပါ။

မန္တလေးအလုပ်သမားဆေးရုံကြီးရဲ့ နို့တစ်ဘုတ် အတော်များများမှာ ကပ်ထားတဲ့စာရွက်လေးပါ။ ရေးသူ ဦးကောဝိဒ (ဝစီပိတ်ဆရာတော်) လို့ဖေါ်ပြထားပါတယ်။ ဒီလိုလူမျိုးမဖြစ်စေနဲ့ လို့ခေါင်းစဉ်တပ်ထားပါတယ်။ ဖတ်ကြည့်ပေးပါဦး..

“ဒီလိုလူမျိုးမဖြစ်စေနဲ့”

ပြောတယ်                 နားမထောင်ဘူး

နားထောင်တယ်          မလုပ်ဘူး

လုပ်တယ်                 တလွဲ

လွဲတယ်                             မပြင်ဘူး

ပြင်တယ်                  လိုရင်းမရောက်ဘူး

လိုရင်းရောက်တယ်       မပြီးဘူး

ပြီးတယ်                             မသေသပ်ဘူး

သေသပ်တယ်            နှလုံးသားမပါဘူး

ဒီလိုလူမျိုးကို ဘယ်နေရာမှာ သုံးလို့ရမလဲ?

မေးခွန်းလေးနဲ့ အဆုံးသတ်ထားတဲ့ ဆုံးမစာလေးပါခင်ဗျ။ ဖတ်မိတာတော့ ကြာပါပြီ။ စွယ်တော်ရွက်ရဲ့ ရင်ထဲကို တဖြည်းဖြည်းစိမ့်ဝင်လာနေတဲ့ အဖြေတစ်ခုကြောင့်ရေးပြမိတာပါ၊ စာဖတ်သူရော ဘယ်လိုအဖြေရမယ် သိချင်သား။

မေတ္တာပို့သကြပါကုန်။

မန်းဂဇက်ရွာသားတစ်ယောက်ဖြစ်နေလို့ညံ့ခွင့်မရှိတော့သော—

With Respect,

Swal Taw Ywet.

 

13 comments

  • မဟာရာဇာ အံစာတုံး

    February 12, 2013 at 10:53 am

    ဒီလိုလူမျိုး မဖြစ်ပါစေနဲ့ ….
    ဆိုတာလေးကို ကြိုက်ပါတယ် …
    ဒါပေမယ့် ဝစီပိတ် ဆရာတော် တို့ သုံးနှုန်းထားတာကိုတော့ မကြိုက်ဘူး …
    ထားပါ ….
    ဒီထဲမှာ နှလုံးသား မပါဘူး လို့ ပြောသွားတာကို သဘောကျမိပါတယ် ….
    နှလုံးသား မပါတဲ့ လုပ်ရပ်တွေဟာ ဆားမပါတဲ့ ဟင်းလိုပဲလို့ ထင်မိပါတယ် …

    မန်းဘားကမ့် အကြောင်း ပြောမှ …
    ဒီရွာထဲက ဦးမာဃ တောင် မန်းဘားကမ့် မှာ ရှိခဲ့သေးလို့ သိရသဗျ …
    ဦးလေးနဲ့ တွေ့ခဲ့လား ဘာလားတော့ သိဝူးးး

  • မောင်ပေ

    February 12, 2013 at 11:59 am

    ဦးကောဝိဒ ရဲ ့ဆုံးမစာလေးကို ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်

  • (သာဓက မန္တလေးမြို့ရဲ့ ၁၉၈၁ ဦးကျားကြီးဝင်းက စတဲ့ မီးကြီးမှာ သက်သေရှိခဲ့ပြီးသားပါဗျာ။)
    မိတ်ဆွေကြီးရေ
    1981 မေလ 10မှာလောင်တာက မန်းလေးဆိုင်းတန်းမီးဖြစ်ပြီး
    1984 မတ်ချ်လမှာလောင်တာကမှ ဦးကျားကြီးဝင်း ပါခင်ဗျာ
    အမှတ်လွဲသွားတာလေးကို ပြင်ပေးလိုက်ပါတယ်။

    • Swal Taw Ywet

      February 24, 2013 at 12:35 pm

      ကိုပေါက်ရေ
      အမှားကို အမှန်ရောက်အောင်ပြင်ပေးတာကျေးဇူးပါဗျာ။
      မန္တလေးမီးကြီးတွေဆက်သွားခဲ့တဲ့ နှစ်တွေမို့ ရောသွားတာပါ။
      အခုလဲ သင်္ကြန် အြကြိုကာလမို့ တွေးပြီးလန့်နေမိလို့ပါ။
      ကိုပေါက်တို့ က ကိုယ်တိုင်ကြုံ။ ဆုံးရှုံးခဲ့ရသူတွေမို့ ပိုရင်နာခဲ့ရမှာပါ။
      With repect,
      Swal Taw Ywet.

  • Mr. MarGa

    February 12, 2013 at 4:45 pm

    အဟမ်းးးးးးးးးးးးး
    တကယ်ဗျာ ဘားကမ့်မှာ ဗော်လုုံးတစ်ရာ (အဲလေ ဗော်လန်တီယာ) လုပ်ခဲ့ပါရဲ့နဲ့ လွဲဖြစ်အောင်လွဲသွားသေးတယ်
    စနေနေ့က ကျောင်းကိုပြေးလိုက်ရတော့ ညနေ မှ အဲဒီကိုပြန်ရောက်တာဗျ
    လွဲချင်ရင် အဲဒီအတိုုင်းပဲ
    အပေါ်က ကဗျာလေးကို ဖတ်ပြီးတော့
    သူ့ကို သုံးနိုင်ဖို့ နေရာလေး စဉ်းစားသွားပါတယ်ဗျာ

  • kai

    February 12, 2013 at 4:56 pm

    ကိုနေဘုန်းလတ်နဲ့က.. ပြီးခဲ့တဲ့ နိုဝင်ဘာလထုတ်သတင်းစာထဲ.. အင်တာဗျူုးထည့်ထားတာ..
    အဲဒါနဲ့.. သူလုပ်နေတဲ့.. သံလွင်အိပ်မက်တောင်.. အောက်ဆုံးမှာ လင်ခ့်ပေးထားသေး..
    အင်တာဗျုးတင်ပေးပါဦးမယ်..။

    ဆိုတော့..
    ကိုစွယ်တော်ရွက်က.. “ မြန်မာနိုင်ငံ လျှပ်စစ်အကြောင်း တစေ့တစောင်း ” ပြောပြလိုက်တယ်ပေါ့..
    သင်တန်းလေးအခြေအနေကရော.. ဘယ်လိုလည်းဟင်..
    စာတွေရေးပါဦး.. ပညာတွေဖြန့်ပါဦးလို့… :harr:

    • Swal Taw Ywet

      February 24, 2013 at 12:47 pm

      သူကြီးရေ။
      ကျနော့် သင်တန်းလေးအကြောင်း တခုတ်တရ မေးခဲ့တာ ကျေးကျေးပါ။
      လောလောဆယ်တော့ ရွာထဲမှာ မပြောပြချင်တဲ့ မိသားစုကျန်းမာရေးကိစ္စ တစ်ခုနဲ့ မန္တလေးရောက်နေရပါတယ်။ ငှားထားတဲ့တိုက်ခန်းကိုသော့ခတ်ပြီး ပိတ်ထားခဲ့ရပါတယ်။
      မေ လ ကုန်လောက်မှ သင်တန်းလေးပြန်စနိုင်မှာပါ။
      ကိုဂီပြောခဲ့ဘူးတဲ့ ဂျပန်ငါးရာ ငါးခါ ဆိုတာလေးကိုရင်ဆိုင်ဘို့ ပြင်ဆင်နေမိပါပြီ။
      ကျနော်က ယောကျားလေးဆိုတော့ ဂျပန်မလေး ငါးရာကို ငါးခါစီ……ပြောနိုင်ဘို့
      ဂျပန်စကားပြောသင်တန်းတက်ချင်နေပါတယ်ခင်ဗျ။
      With respect,
      Swal Taw Ywet.

  • padonmar

    February 12, 2013 at 10:41 pm

    လူနေအိမ်ခြေနားမှာ လောင်စာဆီ သိုလှောင်တာ ခွင့်ပြုဖို့ မသင့်တာတော့ လူတိုင်းသိပါတယ်။
    ရပ်ကွက်ကို အလှူငွေထည့်လို့ မဖျက်ခိုင်းရဲဘူးဆိုရင် မီးဘေးရင်ဆိုင်ရတဲ့အခါ မီးကတော့ အလှူငွေတွေ ကြည့်နေမှာမဟုတ်ပါဘူး။
    (ဒါ ရပ်ကွက်လူကြီးတွေ ဆန္ဒာဂတိ လိုက်တာပါ)
    သာသနာ့မြေပေါ်မှာ စီးပွားရှာတာတော့ မလုပ်ထိုက်ဘူးလို့ မြင်ပေမယ့် ကျမ်းကိုးမတွေ့သေးပါ။
    ရှာကြည့်ပါအုံးမယ်။

  • kyeemite

    February 13, 2013 at 2:54 pm

    ကိုစွယ်တော်ရေ..ရန်ကုန်ရောက်စနေ့က လူချင်းဖြတ်ကနဲတွေ့လိုက်ပေမဲ့
    စကားတောင်ကောင်းကောင်းမပြောဖြစ်သေးဘူး..မပြန်ခင်တစ်ရက်
    ဆုံကြမယ်လေ..

  • awra-cho

    February 13, 2013 at 4:24 pm

    ဦးကောဝိဒ (ဝစီပိတ်ဆရာတော်) ဆိုတာ ကျိုင်းတုံမှာ သီတင်းသုံးတာပါ၊ သိရသလောက်က ရှမ်းအရှေ့က ဆိုတော့ ထိုင်းဆန်တယ်၊ မဟာယန နွယ်တယ်၊ စာတွေ ကဗျာတွေရေးတယ်၊ စာညွန့်တွေ ကျောက်ပြားပေါ် ပရင့်ထုတ်ပြီး နှင်းဆီပင်တွေနဲ့စိုက်ထားတာ ရာကျော်တယ် ၊ နောက်မှ ပုံတင်ပေးပါအုံးမယ်ဗျာ၊

  • uncle gyi

    February 14, 2013 at 8:51 am

    အဲလိုလူမျိူ းသုံးတတ်သူတွေသုံးနေလိုက်ကြတာကြာပေါ့ကိုရင်

    • Swal Taw Ywet

      February 24, 2013 at 12:51 pm

      ဟုတ်ပါ့အန်ကယ်ကြီးရေ။
      ကမ္ဘာမကြေ………..ဆိုတာလေးကြားယောင်လာမိတာက ကျနော်မြင်နေမိတဲ့….
      အ…….ေြ………ဖ…….
      ပြေးပြီဗျို့။
      With respect,
      Swal Taw Ywet.

Leave a Reply