Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထိုကောင်လေးနှင့် ၁ဝမိနစ်ခန် ့

moonpoemFebruary 13, 20131min62021

အစ်မ ဧည့်သည်တွေက ဘာလူမျိုးတွေလဲ။ ကျွန်မ လှဲနေသည်ဆိုသော်လည်း အိပ်ပျော်နေခြင်း မဟုတ်သည်ကို
သတိထားမိဟန်တူသောကြောင့် ထိုကောင်လေးက ကျွန်မကို မေးခြင်းဖြစ်ပါသည်။ သူကတော့ ထိုင်လျက်။
သူက ထိုင်ရင်းဟိုဟိုဒီဒီကြည့်ကာ မေးနေသည်ကို ကျွန်မက အိပ်ရင်းနဲ ့တော့ မဖြေချင်ပါ။ လူးလဲထပြီး
ဪ..ဂျပန်တွေလေ မောင်လေးဟု ဖြေလိုက်သည်။

အံ့ဩစရာနော် အစ်မ ကျွန်တော်ဖြင့် ဒီဘုရားကို အဖေနဲ ့လိုက်လာတာဖြင့် ဟိုးငယ်ငယ်ကလေးတည်းက။
ဒီလို ဘုရားစောင်းတန်းမှာ အိပ်ကြတာ မြန်မာလူမျိုးပဲတွေ ့ဘူးသေးတယ်။ နိုင်ငံခြားသားဆိုရင် ဘုရားပတ်ပြီး
ပြန်တာများပါတယ်။ အစ်မဧည့်သည်ဂျပန်တွေကျမှပဲ ဘုရားစောင်းတန်းလာအိပ်ကြတယ်နော်။ နေပူထဲ
လျှောက်သွားရတာ ပင်ပန်းလို ့လားအစ်မ။

ဟုတ်မှာပါလေ သန်လျင်က ဒီလောက်နေပူတာ ပင်ပန်းမှာပေါ့။ ကျွန်တော်က ဒီနှစ် ၁ဝတန်းဖြေမှာဗျ။
အိမ်ကတော့ စာကျက်ဖို ့ပြောတာပဲ။ကျွန်တော်ကတော့ စာကျက်ရမှာထက် ဘုရားမှာ လာနေရတာ
ပိုကြိုက်တယ်ဗျာ။ ဒီလ၁၈ရက်နေ ့ဆို ဘုရားပွဲကစပြီ။ အိမ်ကညဘက်ထွက်လို ့မရတော့ နေ ့ဘက်
မိုးကြိုးငှက်ငယ်ကိုပဲ လာကြည့်ရမှာဗျ။ မိုးကြိုးငှက်ငယ်ဆိုတာ အခြောက်မတွေနော် အစ်မ။
အခြောက်ဆိုလို ့အထင်မသေးနဲ ့ဟန်ဇာတို ့၊ဖိုးချစ်တို ့က ညဘက်ပဲ ကနိုင်တာ သူက နေ့ရောညရော
ဆွဲတာရယ်ဗျ။ အခြောက်တွေ၂ချီလုံးကတာ လူကြိုက်များလို ့ဒီနှစ်က နတ်မိမယ်ဆိုတဲ့ တစ်ဖွဲ ့တောင် အသစ်တိုးလာသဗျ။
နတ်မိမယ်ဆိုတာ အခြောက်အသစ်တွေပေါ့။
အသစ်တွေကို ထိုင်ကြည့်ဖို ့ထက် ကျွန်တော်ကတော့ မိုးကြိုးကိုပဲ စောင့်ကြည့်မယ်ဗျာ။

အစ်မတို ့အလုပ်လုပ်ရတာ နေ ့ပူထဲထွက် သူတို ့နဲ ့လျှောက်လည်နဲ ့အတော်ပင်ပန်းမှာပဲနော်။
ကျွန်တော့်အဖေလို မပင်ပန်းတဲ့ အလုပ်ရှာလုပ်ပါလား။ တစ်လကို ၄သောင်း ဒီနယ်ကလူကြီးတွေက
အလုပ်ပေးထားတာ။ ရာထူးလည်းရှိသဗျ။ ကျိုက်ခေါက်ဘုရား ဂေါပက အသင်းဝင်လူကြီးပေါ့။
မနက်အိပ်ရာထ မုန် ့စားပြီး ဘုရားပေါ်တက်လာ ဒီရောက်တော့ လူကြီးတွေစုပြီး ဟိုဟိုဒီဒီပြောကြ
နေ့ခင်းတရေးတမောအိပ် ပြီးရင် ပြန်ဒါပဲ။ ဘယ်လောက်အဆင်ပြေလိုက်သလဲ။ အစ်မလုပ်ချင်ပြောနော်
ကျွန်တော့်အဖေကို ပြောပေးမယ်။ခုနက အစ်မအိပ်နေသလို နေ ့တိုင်းအိပ်ပြီး တစ်လငွေ၄သောင်းရမှာ။
အစ်မအခုလုပ်နေရသလို မပင်ပန်းဘူး။

ကျွန်မတစ်နေကုန်ဧည့်သည်တွေကို ထိုင်ပြီး စကားပြောရှင်းပြရင်းဂိုက်လိုက်ခဲ့တာ အခုတော့ အမောလည်းပြေ၊ ရယ်လည်းရယ်ရသော ၁၅နှစ်သားကောင်လေးရဲ ့တစ်ကိုယ်တော်စီးရီးကို နားထောင်နေမိဧ။် ။ ကိုယ်နှင့် မသိမကျွမ်းပါပဲ အစ်မကြီးတစ်ယောက်ပမာပြောဆိုဆက်ဆံနေသော ကောင်လေးကိုလည်း ခင်မင်မိပါဧ။်
ခဏနေတော့ ဧည့်သည်တွေနိုးလာသဖြင့် ကောင်လေးကို နှုတ်ဆက်ကာ ပြန်ခဲ့ဧ။် ။ သူ ့နာမည်က
နာမည်ကျော်အဆိုတော် နနစိုင်းဆိုပဲ။ ကောင်လေးရေ ၁ဝတန်းအောင်ပါစေ။ မင်းအစ်မကိုဖြစ်စေချင်တဲ့
ဂေါပကအလုပ်ထက် ပင်ပန်းပေမယ့် ဝါသနာကြီးလှတဲ့ဂိုက်ဘဝမှာပဲ အစ်မပျော်နေပါရစေ။

21 comments

  • surmi

    February 13, 2013 at 2:13 pm

    သူ ့ဘက် ကိုယ် ့ဘက်
    သူ ့အကြိုက် ကိုယ် ့အကြိုက်
    မတူညီတဲ ့အမြင်လေးကိုပြသွားတာပဲ
    အင်းးးးး ဘုရားထက်ကြီးတဲ ့ ဘုရားလူကြီးကတော ့……..

    • moonpoem

      February 13, 2013 at 2:18 pm

      ကိုဆာမိရေ ပထမဆုံးကွန်မန် ့အတွက် ကျေးဇူးပါ။ မန်းဂေဇက်က ရွာသူရွာသားတွေစုပြီး ကိုရင်ဆာမိကို လွွှတ်တော်မှာ အဆိုတင်သွင်းမယ်ဗျာ။ ဂေါပက လုပ်ဖို ့:P

  • Myo Thant

    February 13, 2013 at 2:20 pm

    ( မနက်အိပ်ရာထ မုန် ့စားပြီး ဘုရားပေါ်တက်လာ ဒီရောက်တော့ လူကြီးတွေစုပြီး ဟိုဟိုဒီဒီပြောကြ
    နေ့ခင်းတရေးတမောအိပ် ပြီးရင် ပြန်ဒါပဲ။ ဘယ်လောက်အဆင်ပြေလိုက်သလဲ။ )

    ဒီတစ်ခေါက် မီတင်မှာ ဒါရိုက်တာတွေနဲ့ ဖိုက်ရဦးမယ်ဆိုရင် အဲဒီပြောင်းတာကောင်းမယ်ထင်တယ် ၊ 🙂

    လကဗျာရေ
    လူတွေက ဒီလိုပါပဲ ၊ ကိုယ့်အနီးအနားက အကြောင်းရာတွေနဲ့ပဲ စခန်းသွားနေရတဲ့အခါ
    ဒါကိုပဲ ဟုတ်ပြီထင်မပေါ့ ၊ သူ့အရွယ်ကလည်း ပါပါသေးတယ် ၊
    ပေါ့ပေါ့ပါးပါးလေးလို ရေးသွားပေမယ့် နောက်ကွယ်မှာ တွေးစရာပေါင်းက မြောက်မြားစွာ

    • moonpoem

      February 13, 2013 at 2:28 pm

      ဟုတ်ပ ကိုမျိုးသန် ့ရေ။ ရုံးလုပ်ငန်းမှာ သည်းခံရတာတွေများလွန်းလို ့စိတ်ရှူပ်ရတဲ့အခါ တစ်ခါတစ်ရံ အလုပ်မလုပ်ချင်တော့တဲ့စိတ်၊ ရွာပြန်ချင်စိတ်တွေ ဖြစ်ဖြစ်လာတယ်။ စိတ်ဖိစီးမှုမရှိတဲ့ အလုပ်၊စိတ်ဖိစီးမှုမရှိတဲ့ဘဝကို လိုချင်မိတယ်။အင်း….ကိုမျိုးသန့်ဂေါပကလုပ်ချင်ပြောလေ ကျွန်မအဲဒီကောင်လေးကို ရှာပြီး ပြောပေးမယ် ဟိဟိ။

      • Myo Thant

        February 13, 2013 at 2:57 pm

        ဒါပေမယ့် လှည်းတန်းကနေ ကျိုက်ခေါက်ကို အလုပ်ဆင်းရမယ်ဆိုရင်တော့
        လစာက ဘတ်စ်ကားခနဲ့ ကုန်မယ်ထင်တယ်နော်
        အောင်ချမ်းသာလောက်ကို ပြောင်းနေမှဖြစ်မှာ 🙂

  • ခင်ခ

    February 13, 2013 at 2:43 pm

    ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့စကားရပ်ကလေး သတိရမိတယ်။
    ( မင်းအစ်မကိုဖြစ်စေချင်တဲ့ ဂေါပကအလုပ်ထက် ပင်ပန်းပေမယ့် ဝါသနာကြီးလှတဲ့ ဂိုက်ဘဝမှာပဲ အစ်မပျော်နေပါရစေ။ ) လကဗျာလည်း ကျွမ်းကျင်ရာ လိမ္မာပေါ့။
    ( အစ်မလုပ်ချင်ပြောနော် ကျွန်တော့်အဖေကို ပြောပေးမယ်။ခုနက အစ်မအိပ်နေသလို နေ ့တိုင်းအိပ်ပြီး တစ်လငွေ၄သောင်းရမှာ။ အစ်မအခုလုပ်နေရသလို မပင်ပန်းဘူး။ ) ဒါလည်း ကလေးရဲ့ ကျွမ်းကျင်ရာ လိမ္မာဘဲ။
    တကယ်တော့ မိမိ ကျင်လည်ရာဝန်းကျင်နဲ့ အလုပ်သည် မိမိရဲ့ကျွမ်းကျင်ရာ ဖြစ်လို့ လိမ္မာစွာ ရပ်တည် လုပ်နေကြရတာလဲ ဘဝအစိတ်ပိုင်းတစ်ခုပါဘဲလားလို့ ………။

  • moonpoem

    February 13, 2013 at 3:00 pm

    လူတွေကတော့ ကိုယ်လည်ပတ်နေရတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းကို ပိုပြီး ကျွမ်းကျင်ကြတာအမှန်ပါပဲ။ ဒါကြောင့်လည်း
    ကောင်လေးက သူ ့အတွေးနဲ ့သူပြောတာဆိုပေမယ့် တနည်းတဖုံတော့လည်း မှန်နေပေသားလို ့ကိုခင်ခထင်သလို ကျွန်မလည်း တွေးမိပါတယ်။

  • Wow

    February 13, 2013 at 3:03 pm

    ဘုရားကြီးမှ ဂေါပကအဖွဲ့ အား ပေးရန်ကျန်ငွေ.. ဆိုတာလေးသတိရမိတယ်…
    ဘုရားကြီး ထီးတင်ဖို့ ဂေါပကအဖွဲ့က အလှုငွေကောက်.. ပြီးတော့ ဂေါပက အသုံးစရိတ်၊ လော်ငှားခ၊ မဏပ်ဆောက်ခ…. နှုတ်လိုက်တော့… ဘုရားကြီး အကြွေးတင်သွားတာပေါ့ :mrgreen:

  • ဦး ကျောက်ခဲ

    February 13, 2013 at 3:42 pm

    တောက်…. ဒီခေတ်ခလေးတွေများ ထက်မြတ်ချက်…

    သင်းတို့လိုမပါးနပ်လို့ ခုလို ပင်ပင်ပန်းပန်း ရှာစားရတာ…
    ဦးကျောက်နဲ့ ဂေါပက အလုပ်နဲ့ အံကိုက်ပဲ…
    မိုက်ကလေးခဲပြီး ပွါးချင်ရာပွါး… ရှယ်ပဲ…
    ကိုင်း…. ဂဇက်ရွာဦးမှာ ဘုရားတည်ဗျာ…
    ဦးကျောက် ဂေါပကလုပ်မယ်… ဟီ ဟိ.. နိပ်ဟ…
    :harr:

    • Foreign Resident

      February 14, 2013 at 7:29 am

      ” မိုက်ကလေး ခဲပြီး ပွားချင်ရာပွား… ရှယ်ပဲ ”

      ယုံပါတယ် ဦးကျောက် ရယ် ။ ယုံပါတယ် ။ 😛

  • MaMa

    February 13, 2013 at 4:00 pm

    အတုမြင် အတတ်သင် တယ်ဆိုသလို ကလေးလေးက လူကြီးတွေရဲ့ လုပ်ရပ်တွေကို အတုယူပြီး နောင်တစ်ချိန် လူကြီးဖြစ်လာရင် ဘယ်လိုများ စဉ်းစားတွေးခေါ်လိမ့်မလဲလို့ စိတ်ပူမိတယ်။ :buu:

  • ၁၅ နှစ်သား ထိုကောင်လေးနဲ့ …
    ဆယ်မိနစ် မို့နော် …. ဟဲဟဲ …
    တစ်နာရီလောက်သာ ဆိုရင် … ဟဲဟဲ ..
    အော် .. ဒီထက် ပိုပြီး ရီစရာ … အကြောင်းအရာ တွေ …
    ပိုရေးနိုင်မှာပါလို့ … ပြောတာပါ … ဟဲဟဲ … :mrgreen:

  • P chogyi

    February 13, 2013 at 4:58 pm

    ကလေးက ကလေးအတွေးနဲ့ပြောသွားလို့ပါ။
    တစ်ကယ်တမ်း ဂေါပကအလုပ်ကလည်း လုပ်ချင်တဲ့သူတိုင်း
    လုပ်လို့မရဘူးဗျ။ လမ်းကြောင်းရှိတယ်။ အလွတ်ဝင်လို့မရဘူးနော်။

  • မောင်ပေ

    February 13, 2013 at 7:03 pm

    မွန်းလေးအတွက်
    ၁၆နှစ်မ အစား
    ၁၅နှစ်မောင် ဆိုပြီး သီချင်းဖွဲ ့ရတော့မယ် ထင်ပါရဲ ့
    ဟီဟိ

  • Mr. MarGa

    February 13, 2013 at 7:34 pm

    ဂေါပက ဂေါပကနဲ့ လွယ်တယ်များ ထင်နေလား
    အရည်အချင်းတွေ အတော်ပြည့်ပြီးတော့ မျက်နှာလဲ ပြောင်နိုင်မှ ဂေါပကဖြစ်တာ သိလား :mrgreen:

    • ဗုံဗုံ

      February 14, 2013 at 9:30 am

      (ဂေါပက ဂေါပကနဲ့ လွယ်တယ်များ ထင်နေလား
      အရည်အချင်းတွေ အတော်ပြည့်ပြီးတော့ မျက်နှာလဲ ပြောင်နိုင်မှ ဂေါပကဖြစ်တာ သိလား) အဲ့ဒါဆို အူးမာဃဆို ပြိုင်ဘက်မရှိ ဖြစ်နို်င်တယ်ပေါ့နော် :mrgreen:

  • kai

    February 14, 2013 at 5:56 am

    ကုန်ထုတ်စွမ်းအားမရှိပဲ.. ထိုင်စားနေသူတွေစာရင်းထဲ.. တမျိုးတိုးလို့ရသွားသမို့.. ကျေးကျေး..
    ဆိုတော့…
    ရွှေတိဂုံဂေါပကဆို.. တော်တော်ထောမှာပဲနော.. :kwi:

  • ခိုင်ဇာ

    February 14, 2013 at 8:47 am

    ဘော်ဘော်တွေ စုံပြီ ဆိုရင် မိုက်ခဲမယ်။

    ဒီကလေး ဂလောက် ညွှန်းတဲ့ အလုပ် ကောင်းကြောင်း ကိုသိရတော့ အလုပ်ပြောင်းရရင်ကောင်းမလားပဲ။
    အဲ့ အလုပ်နဲ့ မိတ်ဆက်ပေးပါ ကဗျာလေးရယ်။
    ရာထူးရှိ၊
    နေ့တိုင်း အိပ်နေရင်း ပိုက်ဆံရ၊
    ဟိုပြောဒီပြော ပြောလို့လည်းရ၊

    :harr: :harr:

  • weiwei

    February 14, 2013 at 9:10 am

    ကောင်လေးက ကလေးအတွေးနဲ့ပြောတာမို့လို့ လွယ်သလိုထင်ရပေမယ့် တကယ်တမ်းကျတော့ မလွယ်ပါဘူး … ကျွန်မသိသလောက်တော့ ဂေါပကအဖွဲ့ဝင်တွေမှာ ၂ မျိုးရှိပါတယ် … ပိုက်ဆံချမ်းသာပြီး ရာထူးဂုဏ်ထူးကြီးတဲ့သူတွေက အဓိကနေရာကပါဝင်ပေမယ့် နေ့စဉ်ရုံးလုပ်ငန်းလိုမျိုးလုပ်ဖို့ အချိန်မရကြဘူး … ရုံးကိစ္စတွေအတွက် ဝန်ထမ်းခန့်ထားကြရတယ် … ဝန်ထမ်းခန့်တဲ့နေရာမှာလဲ အထူးသဖြင့် ရုံးလုပ်ငန်းကနေ ပင်စင်ယူထားတဲ့ ရုံးအုပ်ကြီးပင်စင်လိုလူမျိုး (အကျင့်စာရိတ္တကောင်း) ကို လစာအနဲငယ်နဲ့ ခန့်ထားကြတာဖြစ်ပါတယ်။ နေ့တိုင်း ဘုရားကိုသွားပြီး ရုံးတက်ရတာနဲ့တင် လွယ်တဲ့ကိစ္စမဟုတ်တော့ပါဘူး ..

  • ဦးကြောင်ကြီး

    February 14, 2013 at 11:18 am

    ဘုရားဝေယျာဝစ္စ တာဝန်ယူထားတာ ငွေလေးသောင်း အဆရာထောင်မက တန်တာတာပေါ့။ လခထက် အသုံးစရိတ်လို့ မြင်ရင်ပိုသင့်တော်မယ်ထင်တယ်။ မသူတော်တွေလည်း အများဂျီးရှိမှာပါ သို့သော် အမြတမ်း ဂေါပကတာဝန်ယူထားပြီး ပုံမှန် ဝေယျာဝစ္စ အုပ်ချုပ်ရေး လုပ်ပေးနေရင် သာဓုခေါ်ရပါမယ်။

  • ရွှေ ကြည်

    February 14, 2013 at 4:17 pm

    ဪ ကိုယ့်အတွေးနဲ့ကိုယ့် ကယ်ဆမ်ကွေကာကိုသောက်ကြသည် ပေါ့။

Leave a Reply