ဪ…အနိစ္စ…. အ နိပ် စ…
“မောင်စိန်…. ဒီကို ခဏလာအုံးကွ”
“ဟုတ်ကဲ့ အဖေ လာပြီခင်ဗျ”
မောင်ကျောက်ရဲ့ ဖခမည်းတော်လည်း ယောက္ခထီးကြီးက အခေါ်တော်ရှိတော့ လုပ်လက်စ အလုပ်တွေကို အသာရပ်၊ မနှေးအမြန် ချီတက်လာပေမယ့် ဘုရားခန်းထဲမှာ သားတော်မောင် မောင်ကျောက်ကိုပါ အခန့်သားတွေ့လိုက်ရတော့ အတော်မျက်နှာပျက်သွားပါတယ်။ ဟုတ်တယ်လေ…. သူ့ခမျာ မယားလည်းကြောက်ရ၊ ယောက္ခမ ယောက္ခထီး လည်းကြောက်ရ၊ သည်ကြားထဲ သားလုပ်တဲ့ မောင်ကျောက်က ရောကြပ်တာပါခံရတော့မယ် ဆိုတော့ ဘယ်… မျက်နှာသာယာနိုင်ပါ့။
“မောင်စိန်…မင်း တရားသဘောကို အခြေခံမသိဘဲ ဘာမှန်းညာမှန်းမသိ မနက်စောစောထပြီး ဘုရားရှေ့ ငုတ်တုတ် ထိုင်မနေနဲ့။ အိပ်ရေးပျက်တာပဲ အဖတ်တင်မယ်။ မင်း… ငါ့မြေးလောက် တရားအသိ ရှိအောင်အရင်လုပ်။ လူကလေး ခုနက အဖိုးကိုပြောပြတဲ့ သစ္စာလေးပါးအခြေခံ မင်းအဖေကို ပြန်ပြောပြလိုက်စမ်း”
အဟဲ…ဟောသည့် မောင်ကျောက်လည်း ချောင်းကလေးဟန့်လို့ လည်ချောင်းကိုရှင်း၊ ဓမ္မကထိက မျက်နှာပေးနဲ့ မွေးသဖခင် ဒယ်ဒီ ပါပါးကို ရုပ်တည်နဲ့ ကြပ်တာပေါ့ခင်ဗျာ။
“သည်လို အဖေရဲ့… သစ္စာလေးပါးဆိုတာ အဆက်အစပ်ရှိတယ်ခင်ဗျ။ သမုဒယကြောင့် ဒုက္ခဖြစ်၊ ဒုက္ခဖြစ်တော့ ငြိမ်းချမ်းရာ မဂ်ကိုရှာ၊ အဲသည့်မှာ အဆုံးတော့ နိဂြောဓသစ္စာထိ ရောက်သွားတဲ့ အမှန်တွေပေါ့ဗျာ။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းမှာဆိုရင် ………။”
မောင်ကျောက်လည်း ခပ်တည်တည်နဲ့ ဖတ်ထားသမျှတွေကိုဖြီး၊ အဖိုးက သာဓုခေါ်၊ အဖေက အသက်တစ်လကြီးတဲ့သားကို အောင့်သက်သက် မျက်နှာပေးနဲ့ပေါ့ခင်ဗျာ။ မောင်ကျောက်လား…. ပျင်းလို့ ကြပ်တာလေ၊ ပျော်တာပေါ့။ ရယ်ချင်တာမှ စိတ်ထဲမှာ ကလိကလိ ဖြစ်နေတာပဲ။ အဲ…. အဖေကတော့ ကွယ်ရာမှာ အဖိုးကို သွားပွားရင် သိမယ်လို့ ဘယ်လိုကြိမ်းကြိမ်း၊ ပျင်းလို့စချင်လာရင် အဖိုးနားကပ်ပြီဆိုတော့ သူ့ခမျာ ပြာယီးပြာယာနဲ့ လွတ်ရာလွတ်ကြောင်းကို ရှာရတာပေါ့ခင်ဗျာ။ အဖိုးက အဘိဓမ္မာသမား၊ အဖေက ဝိပဿနာ၊ မောင်ကျောက်က ဗိုက်နာလာရင် အိမ်သာထဲ စာအုပ်မပါပဲထိုင်ရမှာပျင်းလို့ မကြီးရဲ့ဗေဒင်စာအုပ်ကစလို့ အဖိုးရဲ့ တရားစာအုပ်ပါမကျန် တွေ့ရာစာအုပ်ဆွဲ၊ ဟင်းအိုးမွှေတဲ့ယောင်းမလို မွှေသာမွှေ အရသာမသိ၊ ဖတ်သာဖတ် ထဲထဲဝင်ဝင်မသိတဲ့ ငဖြီးပါခင်ဗျာ။
တကယ်တန်း စကားစပ်လို့ အတိတ်ကိုပြန်ဆောင်ရရင်တော့ အဖေနဲ့ မောင်ကျောက်၊ ခရစ်ယာန် ဖြစ်ဖူးပါတယ်။ အဖေ့ကိုမွေးပြီး အဖွားက မီးတွင်းထဲမှာ ကွယ်လွန်သွားတာမို့ အဖေငယ်စဉ်က အများအနှိမ်ခံ၊ ဘုန်းကြီးအဆော်ခံရတဲ့ ဘုန်းကြီးကျောင်းသားတစ်ပိုင်းဘဝနဲ့ ကြီးပြင်းလာခဲ့ရတာ သူ့စိတ်ထဲ အနာတရဖြစ်ခဲ့ဟန်ရှိပါတယ်။ အဲ… ရွှေအကြောင်း ဖယောင်းသက်သေ၊ ဘုန်းကြီးအကြောင်း ကျောင်းသားနဲ့ကပ္ပိယသက်သေဆိုတော့ ကောင်းကြောင်းဆိုးမွေ သူပိုသိလိမ့်မှာပါ။ အဲသည်လို လူနဲ့တရားခွဲခြားလို့ မသိတတ်သေးခင် အလုပ်ထဲမှာ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေအများစုက ကရင်နှစ်ခြင်းခရစ်ယာန်တွေဆိုတော့ ဘုရားကျောင်းကို အလည်လိုက်သွားရင်းနဲ့ နောက်ဆုံးတော့ ဘာသာပြောင်းသွားတဲ့အထိပါ။
မောင်ကျောက် မေ့မရတဲ့ နေ့စွဲများစွာထဲမှာ အဖေ ဘာသာပြောင်းတဲ့နေ့လည်း ပါပါတယ်။ အဲသည့်နေ့က အဖေ ဘာသာပြောင်းမယ့်အကြောင်း ထမင်းဝိုင်းမှာ အမေ့ကို အသိပေးလိုက်တော့ အမေ စိတ်အကြီးအကျယ်ဆိုးပြီး အဖေ့ထမင်းပန်းကန်ကို လွှင့်ပစ်တဲ့အထိပါ။ အဖေကတော့ အမေ့ဒေါသကို သိသူပီပီ ဘာမှခွန်းတုံ့မပြန်ဘဲ ပန်းကန်ကွဲစတွေသိမ်းရင်း ခပ်မဆိတ် နေပါတယ်။ နောက်ပိုင်းအဖေ့ရဲ့ ဘုရားကျောင်းကမိတ်ဆွေများ လိုက်တောင်းပန်လို့ ကျေလည်သွားပေမယ့် အဖေ့နောက်ကို မောင်ကျောက်က သားမို့ လိုက်လို့ရပါတယ်၊ အမေနဲ့အစ်မများကတော့ ဘုရားကျောင်းဘက် ခြေဦးတောင်မလှည့်ပါဘူး။ ဆိုတော့ကာ…. မောင်ကျောက်လည်း ငယ်စဉ်ကတည်းက ဘုရားကျောင်းမှာ အများယောင်သလို “ဟားလေးလူလျာ” ဟစ်ရင်း ဘိုနာမည်ကလေးလည်း အဆစ်ရခဲ့သေးတာပေါ့ခင်ဗျာ။
အဲသည်လို ဟိုမကျသည်မကျ အဖေ သင်္ဘောကပြန်လာရင် အဖေနဲ့ဘုရားကျောင်းတက်၊ အမေနဲ့ ဝါဆိုသင်္ကန်း မှန်မှန်ကပ်ရင်း နေလာလိုက်တာ အသက် တစ်ဆယ့်နှစ်နှစ်သားမှာတော့ အဖေ့ကို သူနဲ့သင်္ဘောလိုက်ဖော် မိတ်ဆွေတစ်ဦးက ဗုဒ္ဓဘာသာအကြောင်း ထဲထဲဝင်ဝင်ရှင်းပြပြီး ဝိပဿနာကမ္မဋ္ဌာန်းနည်းပါ ပေးလိုက်လို့ အဖေက ရဟန်းခံ၊ မောင်ကျောက်လည်း ကိုရင်ဝတ်ရ ပြန်ရော ခင်ဗျ။ အဲသည်ကတည်းက အဖေ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှာ မကြာမကြာ ရိပ်သာဝင်လိုက်၊ ရဟန်းခံလိုက် နေလာတာ သူကွယ်လွန်တဲ့အထိဆိုပေမယ့် ဟောသည့်မောင်ကျောက်ကတော့ ဟိုမရောက်သည်မရောက် ဘာသာလွတ်ဘဝကို ရောက်ရတာပေါ့ဗျာ။
သည်လိုနဲ့ ကံဇာတ်ဆရာအလိုကျ ပျော်ရာမနေ တော်ရာနေရတဲ့ဘဝမှာ စလုံးကျွန်းပေါ် တတိယမ္ပိအကြိမ် ခြေချစဉ်တုန်းကအကြောင်းလေး ပြောပါရစေဦး။ ဒီလိုပါခင်ဗျာ… ကျွန်တော်ဦးကျောက်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က မြေအောက်ရထားလမ်း ဖောက်တာဆိုတော့ အသက်အန္တရာယ် အလွန်ကြီးပါတယ်။ တစ်ယောက်မှားလည်း မဆိုင်တဲ့အသက်အများကြီး ကြားကပေးရတာမို့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသည်ပထမ ဆိုတော့ ဦးကျောက်နဲ့ အထက်အရာရှိ အချိန်ရတိုင်း ဆိုက်ထဲ ဆင်းစစ်သလို ဆိုက်ထဲက တာဝန်ခံများကလည်း ဦးကျောက်တို့ကိုမြင်ရင် အကြွေးရှင်ကို တွေ့လိုက်ရတဲ့ မျက်နှာပေးနဲ့ပါ။
အဲသည့်နေ့ မနက်ကလည်း ထုံးစံအတိုင်း ဆိုက်ထဲဆင်းအစစ်မှာ အတော့ကိုစိတ်တိုစရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်၊ ဘယ့်နဲ့ဗျာ…ဒီဇယ်ပေပါတွေ ထားတဲ့အနား ဆေးလိပ်ခိုးသောက်ရတယ်လို့။ ဦးကျောက်လည်း စိတ်မြန်လက်မြန် အနားသွားလို့ ဆေးလိပ်ကို ဆွဲဖြုတ်ပြီး မီးသတ်၊ မျက်နှာထားမာမာနဲ့ ကြည့်လိုက်တော့၊ ဦးကျောက်နဲ့သက်တူရွယ်တူ ဟိုတစ်လောကမှ အလုပ်ဝင်တဲ့ မြန်မာအင်ဂျင်နီယာပါ။
“ဆရာရယ်… ခံတွင်းချဉ်လို့ တစ်ဖွာ၊နှစ်ဖွာ ဖွာတာပါ။ နောင်… မသောက်တော့ပါဘူး”
“ခင်ဗျားဗျာ… သောက်စရာနေရာရှားလို့။ ဒီထဲမှာမီးလောင်ရင်… အကုန် မသာပေါ်ကုန်လိမ့်မယ်”
“ဒါကတော့ ဆရာရယ် အနိစ္စ… မြဲတာမှမဟုတ်တာ။ သေနေ့စေ့ရင် သေမှာပေါ့”
“ဟာ.. ဒီလူ၊ ခင်ဗျားဘိုးအေကြီး အနိစ္စ၊ သိပ်တရားရနေရင် ဘုန်းကြီးဝတ်၊ လာအလုပ်မလုပ်နဲ့”
ဦးကျောက်လည်း တင်းတင်းနဲ့ အားရပါးရကလော်အပြီး ရုံးခန်းထဲ ပြန်ရောက်လို့ ဒေါသပြေသွားတော့ ကိုယ့်လူမျိုးချင်း၊ အသက်တူချင်း ဆူမိဟောက်မိတာ စိတ်ထဲမကောင်းလှတာမို့ နေ့ခင်း ကော်ဖီဆိုင်မှာတွေ့ကြဖို့ အနှီသတို့သားကို လှမ်းခေါ်လိုက်ပါတယ်။ ဆိုင်ရောက်တော့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့ ဘဝတူ မြန်မာအချင်းချင်း ဆရာ မခေါ်ဖို့ တောင်းပန်အပြီး…
“ကဲ… ကိုယ့်လူ၊ ဟောသည်မှာ ဆေးလိပ်၊ လက်ဖက်ရည်နဲ့မုန့်၊ သဘောရှိသလို သုံးဆောင်”
“ဟာ…. ပြည့်စုံပါပြီ ဒကာ၊ အဲ…ဆရာ”
“ဘာလဲဗျ…. ခင်ဗျား ကျုပ်ကိုရွဲ့တာလား”
“ဟာ… မဟုတ်ရပါဘူးဗျာ၊ ဆရာခေါ်တာက အကျင့်ပါနေလို့ပါ။ နောက်ပြီး ကျုပ်က လူပြန်တော်ခင်ဗျ”
“အမ်… ခင်ဗျား တကယ်ပြောတာလား”
ဟုတ်ပါတယ်ခင်ဗျာ။ အနှီသတို့သား လူနာမည် ကိုအောင်ဝင်းဟာ လူပြန်တော် အညာသားပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ဘကြီးဘုန်းကြီးကျောင်းမှာနေ၊ နွေကျောင်းပိတ်ရင် ကိုရင်ဝတ်လို့ စာဝါတက်၊ ကျောင်းဖွင့်ရင် အတန်းကျောင်းတက်၊ အဲသည်လိုကနေ အေ.ဂျီ.တီ.အိုင်(မြို့ပြ) နဲ့ ကျောင်းပြီးလို့ ၁၉၉၅ ကနေ ၁၉၉၈ အထိ စင်ကာပူမှာ အလုပ်လာလုပ်ဖူးသူပါ။ ၁၉၉၈ အာရှစီးပွါးရေးပျက်ကပ်မှာ သူလည်းအလုပ်ပြုတ်လို့ သူ့ရပ်သူ့ရွာပြန်၊ ရာသက်ပန် ဘုန်းကြီးဝတ်မယ်လို့ ရွယ်စူးကာမှ၊ သူ့ခမည်းတော်ကြီး အတော်မမာမကျန်းရှိလို့ ရဟန်း ၉ဝါအရ ပထမကြီးတန်းအောင်ပြီးမှ လူထွက်ပြီး စင်ကာပူမှာ တစ်ကျော့ပြန် အလုပ်လုပ်ရသူပါ။
အညာလေဝဲဝဲကြီးနဲ့ စကားပြောတတ်တဲ့ အနှီလူရိုးကြီး ကိုအောင်ဝင်း၊ များမကြာခင်မှာပဲ ဦးကျောက်နဲ့ အတော်ရင်းနှီးသွားတာမို့ ပိတ်ရက်ဆို အိမ်ကိုဖိတ်၊ လူပြန်တော်ကြီးကို ဆွမ်းကပ်ပြီး စိတ်ထဲမှာ အစာမကြေ သိချင်သမျှ ဗုဒ္ဓဝါဒ တရားဓမ္မကို ဆွေးနွေးကြတာပေါ့ဗျာ။ အဲသည်တုံးက ပလန်းနက်ဖိုရမ် (planet.com.mm) မှာ ဘာသာရေးပွဲဆူနေတဲ့အချိန်ဆိုတော့ ဖိုရမ်က မရှင်းတဲ့အစတွေ လူပြန်တော်ကြီးကို ထမင်းဖိတ်ကြွေးပြီး ရှင်းခိုင်းတာပေါ့။ ခေတ်ပညာတတ်က ပထမကြီးတန်းအောင်ထားတာဆိုတော့ ငယ်ဖြူဘုန်းကြီးတွေလိုမဟုတ်၊ အဋ္ဌကထာဆရာများ ချဲ့ကားလွန်းလို့ ဗုဒ္ဓဝင်က သဘာဝနဲ့ကင်းကွာသွားပြီး ရုပ်ပျက်ရတဲ့အကြောင်း၊ သမိုင်းကြောင်းနဲ့တကွ ပွင့်ပွင့်လင်းလင်း ရှင်းပြသလို ဗုဒ္ဓဝါဒအနှစ်ချုပ်ကို ကျန်တဲ့ဗုဒ္ဓဘာသာဂိုဏ်းတွေရဲ့အယူနဲ့ နှိုင်းယှဉ်ဘုံထုတ်လို့ အကျေအလည်ရှင်းပြပါတယ်။
အဲ… အချို့သော ကိုယ်တော်များရဲ့ စားလမ်းထွင် အလှုခံကြမ်း၊ ကွယ်ရာမှာငွေတိုးပေးလို့ စီးပွါးလုပ်၊ လောင်းကစားလည်းမကင်း၊ ညစာခိုးဗျင်း ကြတာတွေလည်း ဟုတ်တိုင်းမှန်ရာ မကွယ်ဝှက်ရှာပါဘူး။ အဟဲ..ရယ်စရာ ဖြတ်ပြောရရင် တရားအကြောင်းပြောကြပြီဆို လူပြန်တော်ကြီး နဂိုစိတ်ပေါက်လို့ ဆိုဖာပေါ်မှာ တင်ပျဉ်ချိတ်၊ စက္ခုနှစ်ကွင်း စုံမှိတ်လို့ ဟဲတော့တာပဲခင်ဗျ …. ဟီး ဟီး။ ဆိုရရင်တော့ ဦးကျောက်ရင်ထဲက ဝိနိစယတွေကို အတော်ရှင်းပေးသွားတဲ့ ပလန်းနက်က ဆွေးနွေးကြတဲ့ ဆရာတွေကိုရော၊ လူပြန်တော်ကြီးကိုရော ကျေးဇူးတင်လိုက်တာဗျာ၊ သာဓုသုံးကြိမ်တောင် ခေါ်မိပါရဲ့။
ဟမ်း… ခုတော့ဖြင့်ဗျာ..ပိတ်ရက်မို့ အပျင်းပြေ ဆွေးနွေးရအောင်လို့ စလုံးကျွန်းကို ဖုန်းခေါ်မိပါတယ်၊ လူပြန်တော်ကြီးက ကလေးအနှီးတွေ လျှော်နေရသတဲ့လေ။ ဪ…. ပါဠိလိုတော့ အနိစ္စ၊ ဗမာလို အသံထွက်တော့ အ နိပ် စ။ သူ့ ရဟန်းဒါယကာကြီးရဲ့သမီး အနိပ်ကလေးက “စ” လို့ သံသရာဝဲဩဃထဲ မြုပ်သွားရှာတဲ့ ဦးကျောက်ဘော်ဘော် လူပြန်တော်ကြီးကို နှမြောလှသလို၊ ဘုန်းကြီးလူထွက်လောက်မှ အဖြစ်မရှိတဲ့ ကိုယ့်ဘဝ ကိုယ်တွေးလို့ ပိတ်ရက်မှာ ရှက်အားပိုမိပါတယ် ဆိုတဲ့အကြောင်း။
စာကြွင်း။ ။ ဗာလင်တိုင်းမှာ စိတ်ထိခိုက်အောင် လာလာမမေးကြပါနဲ့ဗျာ…. အား…ဟင့်
81 comments
ဦးကြောင်ကြီး
February 14, 2013 at 10:01 am
အနိပ်စ
သိပ်လှ
ဝိတ်မ
ဒိတ်ရ
စိတ်ထ
ရိပ်ပြ
အိပ်ခွ
ကြိတ်ပ..။
ဦး ကျောက်ခဲ
February 14, 2013 at 10:19 am
သိပ်လှ ရင် စိတ်မချ
ဝိတ်မ ရင် ဟိုသင်းကျ
ဒိတ်ရ ရင် ဟိုဟာဆောင်
စိတ်ထ ရင် ကိုပုဆီကိုပြေး
ရိပ်ပြ ရင် အကောင်ထင်
အိပ်ခွ ရင် ဖက်ခေါင်းအုံးပြင်
:harr:
ခိုင်ဇာ
February 14, 2013 at 10:09 am
ဂလောက် ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရောဝင်ဖူးတဲ့ ဦးကျောက် မစွံတာတော့ဖြင့် ဘယ်သူကို အပြစ်တင်ရမတုန်း။ (ဆိုင်ဆိုင်၊ မဆိုင်ဆိုင်
)
ဦးကျောက်မစွံတာသိနေပေမဲ့လည်း အဲဂလိုမစွံတာကို မစွံရကောင်းလားလို့လည်း မနှိမ်ချင်ဘာဖူးလေ။ :kwi:
ဒါပေမဲ့ ဂနေ့လို နေ့မျိုး မှာ သူများတွေကို ဖုန်းဆက်မဲ့ အစား ကုတင်အောက်မှာ ဝင်ပုန်းနေရတာက ဝေဒနာ သက်သာနိုင်ပါတယ်။
အနှီးလျှော်မဲ့သူကို ဖုန်းဆက်မဲ့ အစား မင်ဂါဆောင် သတို့တမီး တစ်ယောက်ကို ဖုန်းမဆက်ချင်ဘူးလားဟင်။
:harr: :harr:
Ghi Ghi ThE KiD
February 14, 2013 at 10:17 am
ပြောပါတယ် အခန်းနံရံပေါ်က ငွေရောင်အသားလှီးဓား ပါဆို …
:byae:
ခိုင်ဇာ
February 14, 2013 at 10:21 am
ဒီဓားက တုံးနေဘီ။ ဘာကိုမှ မခွဲနိုင် မလှီးနိုင်တော့ပါဘူးအေ။
ငိုနဲ့။
တိတ်တိတ်။
နာ့ မောင် BRC လေးအတွက် ခု ရွာမှာ ကြင်ယာဖက် ရှာထားပါတယ်အေ။
ပူပါနဲ့။
:harr:
ဦး ကျောက်ခဲ
February 14, 2013 at 10:26 am
ပြောရက်လိုက်တာ ဇာဂျီးရယ်
အခါလွန်တဲ့မိုး အငြိုးနဲ့ရွာ…
ဦးကျောက်ရဲ့ မျက်ရည်တွေကို ဇာဂျီးဘွစိုပြေစေဖို့…
ပေါက္ခရဝတ်သမိုးလို ရွာသွန်းဖြိုးလိုက်ပါရဇေ….
ဇာဂျီး မင်္ဂလာပွဲမှာ ပရိသတ်ကို ထီးယူလာဖို့ သတိပေးလိုက်ပါနော်… အ ဟင့်.ရွှတ်..ဖတ်..
:byae:
ခိုင်ဇာ
February 14, 2013 at 10:29 am
အခု မိုးဒေရွာနေတာ ဒါကြောင့်ဂိုး။
ဪ။ လွန်ခဲ့ဘီ။ ဝေးတွားမှာ ပြန်တွေးကာ။
:byae:
Ghi Ghi ThE KiD
February 14, 2013 at 10:34 am
ကျနော်လည်း ဘာထူးလဲဗျာ ..အချစ်လို့ တံဆိပ်ကပ်ထားတဲ့
ပါကင်ဗူးလှလှလေး ကို အငမ်းမရ ဖွင့်မိပါတယ်….
အသားလှီးဓားတစ်ချောင်း ခုန်ထွက်လာပြီး ရင်ဘတ်ကို ခွဲတော့တာပဲ…
ဒါပေမယ့် လက်ခံလိုက်ပါတယ်လေ … ဒါဟာ အချစ်ပဲ လို့ ….
:byae:
ယောက်ျားတို့ရဲ့ မာန .. သူမိန်းကလေးတို့ သဘာဝ …
ရင်ထဲက ပန်းတပွင့် သော့ခတ် လုံခြုံသွား ….
ခိုင်ဇာ
February 14, 2013 at 10:41 am
အဲဂလာ ခက်တာပေါ့။
နိတို့က ပါကင်ဘူးမြင်တိုင်း ဖွင့်ချင်ကြတာကိုး။
ဒီလို လူမျိုးဒွေကြောင့် ပန်ဒိုရာ ဘောက် ပွင့်ရရာနေမှာ။
:harr:
ခင်ခ
February 14, 2013 at 10:10 am
အသက်ငယ်ငယ် ဦးကျောက်အရွယ်
ရနိုင်ပါသေးတယ်၊
ပြင်စရာတစ်ခု ပြောမယ်အခု
ရီကာပြောတာ တည်ကာစုလို့
ဟီလာတောတွေ လျော့ကာပြု
မဒီကညာချောတွေ ဝိုင်းလာကာစု။
ဦး ကျောက်ခဲ
February 14, 2013 at 10:35 am
ဟီလာတောတွေ လျော့ကာမပြုနိုင်လို့
မဒီကညာချောတွေ ဝိုင်းလာကာမစုရင်လည်း
ရယ်ခါမောခါနဲ့ သံသရာတစ်ကြောမှာ
ဒီလိုပဲ မျောပါရစေ ဆရာခရယ်…..
:kwi:
Ghi Ghi ThE KiD
February 14, 2013 at 10:15 am
အော်.. ဖအေအရင်းတောင် အလွတ်မပေးဘဲ ကြပ်ခဲ့သူကိုး …
ဒီလိုလူမျိုး တော်ကီမှ စကီလေးဒွေမကြွေရင် ဘယ်လိုလူမျိုးတော်ကီ ကြွေ စမ်းပါလိမ့်
သိဂျင်ဇမ်းဘာဘိဗျာ …။
စကားမစပ် ရောငိုသွားပါကြောင်း..။
:byae:
ဦး ကျောက်ခဲ
February 14, 2013 at 10:43 am
ဟုတ်ပါ့ ကိုဂီရယ်
လောကကြီးဂို ချိတ်နာဒယ်ဆိုတာ အဲသာပေါ့…
ဦးကျောက်မှာတော့ စကီလေးဒွေကြွေစေဖို့…
ဖတ်လိုက်ရတဲ့စာဒွေ ကဗျာဒွေ…
ခုတော့ဖြင့်… ငိုချင်းချဖို့ ဖြစ်နေပြီ…
:byae:
P chogyi
February 14, 2013 at 10:31 am
ဪ ဦးကျောက်..ဦးကျောက်
အနိပ်ကလေးတွေသွားစရင်
ပုလိပ်ကလေးမသွးတာ ခံရမယ်နော်။
လူပြိုကြီးပဲကောင်းပါတယ်။
P chogyi
February 14, 2013 at 10:32 am
ဪ ဦးကျောက်..ဦးကျောက်
အနိပ်ကလေးတွေသွားစရင်
ပုလိပ်ကလေးမသွားတာ ခံရမယ်နော်။
လူပြိုကြီးပဲကောင်းပါတယ်။
ဦး ကျောက်ခဲ
February 14, 2013 at 10:49 am
အနိပ်ကလေးတွေလည်း မ စ ရဲပါဘူး အကိုချိုရယ်…
ပုလိပ် မ မ ခင်… သူရို့က အရင် မ မှာခင်ဗျ…
စိနပြည်ကြီးမှာက ရုပ်ဝထ္ထူသာကြည့်တတ်ကြတာမို့…
လူပြိုကြီးဘဝနဲ့ ကြေကွဲလို့သာနေပါရစေ…
အဲ… အဂျစ်စစ် မတွေ့မချင်း… ဟီ ဟိ
:harr:
Wow
February 14, 2013 at 10:32 am
အူးကျောက် လူပြန်တော်လောက်မှ အဖြစ်မရှိ မစွံတာကို မစွံဝူးလို့ … မစွံကြောင်းထပ်ခါ ထပ်ခါပြောရင်.. အခုလိုနေ့မျိုးမှာ မစွံတဲ့ အူးကျောက် မစွံတဲ့အဖစ်ကို တွေးပြီး ပိုလို့ဆွေးရမှာမို့ သမီးက ဘယ်တော့မှ အူးကျောက်မစွံဘူးလို့ … လေသံတောင် မဟဝူး .. စိတ်ချ..

ဦး ကျောက်ခဲ
February 14, 2013 at 10:55 am
ချိတ်နာဒယ်
နာ မစွံတာကို မစွံဝူးလို့ … မစွံကြောင်းထပ်ခါ ထပ်ခါပြောပြီး သတိပေး…
ပါးပါးလေး နံဘေးကို နှက်သွားတဲ့ ဂျီးဒေါ် Wow…
ဗာလင်တိုင်းနေ့မှာ ပန်းခွေကြီးကြီးပို့ချင်လို့…
လိပ်စာ ပေးဘာ…
:kwi:
ရဲစည်
February 14, 2013 at 10:34 am
တောက်စ် ….
အူးလေးအတွက် ရှယ်ကွန်းမင့်ဂျီး ရေးထားပီး တင်လိုက်တော့မှ
အေပေး … ဘယ်ဆာဗာ ဒုတ်ခပေးတာတုန်းမသိ ပျောက်သွားတယ်ဗျာ …
ကိုယ့်ဘာသာ လွှတ်သဘောတွေ ကျနေတာ
အခုတော့ ပျောက်သွားတော့ ဒေါသစိတ်တွေ ဝင်လာရော …
အဲ့ဒါ လောကဓံဘဲလေ
ဆင်ခြင်ပယ်သတ်နိူင်ရမယ် …
ဆိုတော့ ..
သင်္ကန်းတစ်စုံ ဝယ်ပို့လိုက်မယ်လို့
ဦး ကျောက်ခဲ
February 14, 2013 at 11:12 am
တောက်စ် လွတ်တဲ့ငါးကြီးသတဲ့
မရဘူး ကရဲစည်…
ပြန်စဉ်းစားပြီး ပြန်ရေးပေး…
ညှင်း…ညှင်း ဘိန်းစားချင်း တစ်ရှိုက် ပိုမရှုချင်ပါနဲ့လေ…
ကျုပ် ဘုန်းကြီးဝတ်ရင် ခင်ဗျားလည်း ဝတ်ဖို့ပြင်ထား… ဟဲ ဟဲ..
:kwi:
ဗုံဗုံ
February 14, 2013 at 10:37 am
အော် ဖစ်မှဖစ်ရလေ ဦးကြီးကျောက်ရယ်… ဒီလောက်ခံစားနေရမှန်းသိရင် မိဗုံ အဒေါ်အပျိုကြီးနဲ့ ပေးစားပါတယ် မိဗုံအဒေါ်က ချောလိုက်တာမှ ငါးမြွေထိုး ဆီသုတ်ထားသလား အောက်မေ့ရတယ် ဘယ်လိုလဲ ဦးကျောက် အချိန်မှီသေးတယ် နော စိတ်ဝင်စားရင် အကြောင်းပြန်ပါ
ဦးကြီးကျောက်ကို စွံစေချင်တဲ့
တူမလေး မိဗုံ
မဟာရာဇာ အံစာတုံး
February 14, 2013 at 11:11 am
ဟက်လို .. တက်စတင်း ..
တက်စတင်း .. ဟလို …
ကျားလား .. ဆင်လား .. သမင်လား …
ကျားဆို အကျောင်းပြန် … ကျားဆို အကျောင်းပြန် …
ဥကျောက် က ပြောဒယ် .. ဥကျောက် က ပြောဒယ် ..
မိဗုံ အဒေါ်ဂျီးကို စိတ်ဝင်စားဒယ် .. မိဗုံ အဒေါ်ဂျီးကို စိတ်ဝင်စားဒယ် …
ကျားလား .. ဆင်လား .. သမင်လား …
ကျားဆို အကျောင်းပြန် … ဒါဗျဲ …
ဦး ကျောက်ခဲ
February 14, 2013 at 11:21 am
အောင်မငီး ရက်စက်ပါပေ့ မိဗုံရယ်…
ညည်း အဒေါ်အပျိုကြီး ဒီလောက်ချောနေမှတော့ ဘယ်လိုလုပ် ဖမ်းလို့မိနိုင်ပါ့…
ဦးကျောက်ကို အမောဆို့ပြီး အသက်တိုအောင် လုပ်ကြံတယ်…
ဟမ်း… ကိုအံစာရဲ့ အဒေါ်အပျိုလေးဆို ဟုတ်တုတ်တုတ်… ဟီ ဟိ
:harr:
မဟာရာဇာ အံစာတုံး
February 14, 2013 at 11:43 am
ဂလိုဆိုလည်းဂျာ …
ကျုပ်အဒေါ် အပျိုလေးနဲ့ ..
ခညား တူမလေး နဲ့ လဲရအောင် …
ဘယ့်နှယ်လဲ …
မကျေနပ်သေးရင် .. နောက်ထပ် အဒေါ်နှစ်ယောက်ပါ ထပ်ပေးအုံးမယ် ..
ဟဲဟဲ ..
:kwi:
ဦး ကျောက်ခဲ
February 14, 2013 at 11:51 am
နာနေဦးမယ် ကိုအံစာ
သေသေချာချာစဉ်းစားပြီးမှပြောဘာ…
လေးတိုင်စင်သားများနဲ့ ရေစက်ကိုမကုန်နိုင်ဘူး…
တောက်စ်…. (ခွက်ဒစ်တူ ကရဲစီ)
:kwi:
Moe Z
February 14, 2013 at 11:26 am
အဟမ်းးး ပို့စ်တစ်ခုလုံးကို အပြန်ပြန်အလှန်လှန်ဖတ်ပြီးသကာလ
ဆိုလိုရင်းကတော့ “ကျွန်ုပ်မောင်ကျောက် မစွံသေးသောကြောင့် ကူညီကြပါကုန်” တဲ့
စိတ်မကောင်းပါဘူး အူးကျောက်ရယ် သူများတွေချောကလက်မစားရလို့ ငိုချင်းချနေချိန် မိုးစက်စားပွဲပေါ်မှာ ချောကလက်တွေရော နှင်းဆီပန်းတွေရော အများးးးးးကြီးပဲ
ညနေ လမ်းထဲမှာ ရီဆိုင်ကယ်ကလေးတွေကို ပေးပစ်မလို့
ဦး ကျောက်ခဲ
February 14, 2013 at 12:00 pm
အဲဂလို ပညာရှိနည်းနဲ့ သွယ်ဝိုက်လို့ မကြွားပါနဲ့အေ
ဦးကျောက်ဆိုရင် ရှိနေတဲ့ ချောကလက်တွေကုန်အောင်မစားနိုင်သေးလို့…
ထပ်ကိုအသစ် မဝယ်သေးဘူး…
ပန်းစည်းတွေလား…ရုံးရှေ့ကပန်းဆိုင်မှာ အောလပုံ (ခွက်ဒစ်တူ ကိုပု)…
အလဟသ ဖြစ်မှာစိုးလို့ မဝယ်တာ…
အ ဟင့်… စိတ်ထိခိုက်အောင် မလုပ်ကြပါနဲ့လို့ဆိုမှပဲ….
:byae:
panpan
February 14, 2013 at 1:36 pm
အူးကျောက်လည်း သူ့ဖလိုးလေးအတိုင်းလို်က်ပါလား
အရင်ဆုံးဘုန်းကြီး၉နှစ်ဝတ်လိုက်ပါ…. :harr:
ဦး ကျောက်ခဲ
February 14, 2013 at 1:49 pm
အဲဒါတော့သီးခံ ဒကာမလေး
နောက် ၉နှစ်ဆိုရင် ဘကြီးကျောက်လည်း ငါးဆယ်ကျော်လို့…
ဟိုနေရာကို ခြေတစ်ဖက်လှမ်းနေရပြီ…
အဲသည်တော့… ၂နှစ်အတွင်း ၂နှစ်အတွင်း…
:harr:
ဆူး
February 14, 2013 at 1:39 pm
ပိုစ်ကတော့ ဖတ်လိုက်တယ်.. အောက်က ကွန်မန်းတွေ ကြည့်ရင်းနဲ့ အတွေးတခု ဝင်သွားမိတယ်။
အကုန်လုံး အငိုသန်နေကြတာ.. ဥကျောက် တူးတဲ့ လှိုင်းခေါင်းကြီး ရေလျှံသွားမှာတောင် စိတ်ပူနေရတဲ့ အခြေအနေပါလား.. ကြည့်ငိုကြပါကွယ်. ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းပါတယ်တဲ့။
ဦး ကျောက်ခဲ
February 14, 2013 at 1:56 pm
ဂလောက်လည်း မပူပါနဲ့ဘွားဆူးရယ်
အဖြေက စင်းစင်းလေးပါ…
ဦးကျောက်သာ ကြင်ယာစုံရင်ပြီးပြီ… ဟီ ဟိ
မပေါရရင် မနေနိုင်လို့ပါဗျာ…
:harr:
panpan
February 14, 2013 at 3:36 pm
၂နှစ်အတွင်းဘုန်းကြီးဝတ်တော့မယ်လား
သာဓုပါချင့် သာဓုပါ
ရွာထဲကအပျိုတွေ ဝမ်းသာလွန်းလို့ပစ္စည်းလေးပါးကို အလုအယက်လှူကြမယ်ထင်ရဲ့ :kwi:
Ghi Ghi ThE KiD
February 14, 2013 at 3:49 pm
ရိုမန်းမတစ်လိုက်တာအေ…
မစွံလို့ညစ်နေပါတယ်ဆိုမှ…
ဗယ်လင်တိုင်းမ်ဒေးမှာ ဘုန်းကြီးဝတ်ခိုင်းရဒယ်လို့ …
ဝတ်ချင်းဝတ် ဇိမ်ဖုံးဂျီးပဲ ဝတ်မကွီ
:byae:
Mr. MarGa
February 14, 2013 at 2:36 pm
ဪ ဦးကျောက် ဦးကျောက်
စေ့စေ့တွေးမှ ရေးရေး ပေါ် ဆိုသလို အပေါ်ကသာ ပြောချင်ရာပြောလာတာ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်တာပါလားနော်
အားမငယ်ပါနဲ့ ဦးကျောက်ရယ်
အဖေထက် သားတစ်လကြီးပြီးသားပဲကို
ဒီတော်ကီမျိုးနဲ့သာဆိုရင် များလွန်းလို့ ခါထုတ်နေရမယ်ဗျ
ဆက်သာ ကြိုးစားထား
ရကို ရမှာ သိလား
ချွင်းချက်အနေနဲ့ ဒီနေ့တော့ ကုတင်အောက်သာ ဝင်နေပေါ့ဗျာ
ဦး ကျောက်ခဲ
February 14, 2013 at 3:06 pm
ဟမ်မလေး ဦးမာဃရယ်
ဒီနေ့တော့ ဗာလင်တိုင်းမို့ ခုတင်အောက် ဝင်ပုန်းရမယ့် အတူတူ…
နဲနဲအသောကလေးနဲ့ အဆုံးသတ်မိတာပါဗျာ…
ဒီဘူတာကို မဆိုက်ဘူး လို့ မပြောရပါဘူးဗျာ… ဟီ ဟိ..
:harr:
Shwe Ei
February 14, 2013 at 2:40 pm
အန်ကယ်ကျောက် ကြော်ငြာဝင်တာများဘီ။
ဂလိုဘဲ ကြည့်နေကြတော့မှာလား အရပ်ကတို့။
ကူနိုင်သူရှိရင် အမြန်ကူလိုက်စေလိုဂျောင်းးးးးးးးးး (ပေး…တသိန်း… ကြော်ငြာခ) :harr:
ဦး ကျောက်ခဲ
February 14, 2013 at 2:55 pm
ရွှေအိ ရယ်…
ဦးလေး မကြော်ငြာရပါဘူး…
စာလေးတစ်ကြောင်း ရေးလိုက်မိတာ…
တံဆိပ်ကပ်ခံလိုက်ရသူပါ… အ ဟင့်
အဲ ဒါ ပြောတာပေါ့…. လူပြိုကြီးဆို ဘယ်သူမှ မလေးစားပါဘူးလို့…
ဒီဘွကလွတ်အောင် မြန်မြန်သာ ရှာပေးကြပါတော့အေ…
:kwi:
MaMa
February 14, 2013 at 3:52 pm
ဦးကျောက် ဦးကျောက်….
(အမောတကောလေသံဖြင့်ဖတ်ပါ။)
မိစံက အခေါ်ခိုင်းလိုက်တယ်။
သူ့ကိုတော့ ထားခဲ့ပြီး ဒီမှာလာပြီး ကြော်ညာဝင်နေလို့တဲ့။ :kwi:
ဦး ကျောက်ခဲ
February 14, 2013 at 5:30 pm
ဟီး ဟီး တိုက်တိုက်ဆိုင်ဆိုင် အန်တီမမရယ်
မနက်ကတင် အဆဲခံချင်လို့ မိစံကို ဖုန်းဆက်လိုက်သေးတယ်…
မလုပ်ပါနဲ့ဗျာ… မောင်ကျောက် “မကြော်ညာ”ရပါဘူး…
ထုံးစံအတိုင်း ရယ်စရာမပါရင် ပေါ့တယ်ထင်လို့ပါ…
:kwi:
နွေဦး
February 14, 2013 at 4:23 pm
ကံကောင်းလို့ လူပြိုကြီး ဖြစ်ရတာများ အားငယ်ရတယ်လို့..။
ကျုပ်တို့တွေ လွန်ခဲ့ပြီးမှ သိရတာ ပြန်အမ်းမရလို့ ကြိတ်ခံနေကြရတာ..။
တချို့က ကိုယ်အလို့ ကိုယ်ခံခဲ့ကြရတာကို ခတ်တည်တည်နဲ့ အင်မတန်ကောင်းနေတဲ့ပုံနဲ့ ဟန်ဆောင်ပြောနေတာ ..နားမယောင်မိစေနဲ့ ။
ဦး ကျောက်ခဲ
February 14, 2013 at 5:38 pm
အကိုကြီး ကိုနွေဦး
အကိုကြီးတို့က ဟန်ဆောင်ကောင်းကြတော့…
မောင်ကျောက်တို့က သာယာမလားလို့ အထဲဝင် စူးစမ်းချင်မိတာပေါ့…
ဟမ်…ဝိရောဓိတော့ မဖြစ်သေးဘူးခင်ဗျ…
ပြောမယ့်သာပြောတာပါလေ အားငယ်တာ တစ်နှစ်မှာ ဒီတစ်ရက်ပဲရှိတာပါ… အား ဟိ
:harr:
ကြည်ဆောင်း
February 14, 2013 at 4:51 pm
ဦးကျောက် က ဘယ်အနိပ်ကလေးကိုမှ ဘယ်အချိန်မဆိုမှ မစဘူးဖူးလား ..

ဒါကြောင့်မစွံတာလား
ဦး ကျောက်ခဲ
February 14, 2013 at 5:47 pm
မကြည်ဆောင်းရေ
ဘယ်နေပါ့ အနိပ်ကလေးတွေကို စ မိတိုင်း…
တောရှုံးပြီး အောင်ဖျာလိပ်လာရတာများပြီမို့…
အနိုင်နဲ့ပိုင်းလို့ ခပ်စိမ်းစိမ်းပဲနေလာတာပါဗျာ…
:kwi:
garuda
February 14, 2013 at 5:17 pm
အင်း..ဟင်း..ဟင်း. မြစ်တို့၏မာယာ ဆိုလား…
ဦး ကျောက်ခဲ
February 14, 2013 at 5:53 pm
ငါ့ရှင် garuda
မြစ်တို့၏မာယာ မဟုတ်၊ အချစ်တို့၏သစ္စာ ဖြစ်သည်ဟု…
ကဏှာဟိ…. နှလုံးသွင်းပါလေ…ဟီး ဟီး
:kwi:
garuda
February 14, 2013 at 6:22 pm
အင်းလေ..ဦးကျောက်အတွက်ကတော့ မျှစ်တို့၏မာယာပေါ့ဗျာ.ာ.ာ။ နှလုံးကတော့ အားနာလို့..ဦးကျောက်ပဲ သွင်းလိုက်ပါလေ… :kwi:
ရွှေ ကြည်
February 14, 2013 at 6:58 pm
ဪ အူးကျောက် အူးကျောက် ဟိုမရောက် ဒီမရောက်နဲ့ အဖေနောက်လိုက်ရင်းဗျာများခဲ့ရတာကိုး။
အိုက်လိုစိတ်များလို့ မပြတ်သားလို့ ရဲဇားမရတာ :harr:
ဦး ကျောက်ခဲ
February 15, 2013 at 8:48 am
မိရွှေကြည်ရေ
ဦးကျောက်ကတော့ စိတ်သိပ်ပြတ်တာပေါ့…
မပြတ်တာက မြှားနတ်မောင်ခင်ဗျ…
ဒီမောင် လက်မတည့်တာနဲ့ပဲ…ဂလိုဖစ်နေတာလေ..
:harr:
Foreign Resident
February 14, 2013 at 8:25 pm
ဦးကျောက် ။
ကုသိုလ်ကံ ပါလာရင် ဘယ်လိုမှ ရှောင်လို့မရဘူး ၊ ရလိမ့်မယ် ။
ကိုယ်ကတောင် အပင်ပန်းခံပြီး ရည်းစားစကား ပြောစရာမလိုဘူး ။
မိန်းကလေးက စပြီး ရေလာမြောင်းပေး ရည်းစားစကား စပြောလိမ့်မယ် ။
ကိုယ်ချစ် ကို မရှာနှင့် ၊ ပင်ပန်းတယ် ။
သူချစ် ကို သာရှာ ၊ သက်သာတယ် ။
kai
February 15, 2013 at 2:46 am
အဲလိုနဲ့.. ကိုယ်ချစ်ရဲ့သားနဲ့မပြောရဲ မစရဲတဲ့ မြန်မာမိန်းမတွေကြောင့်..
မင်းကိုနိုင်တို့.. ကိုကိုကြီးတို့.. လူပျိုကြီးများဖြစ်နေကြသတည်းပေါ့..
အဘဖောစကား.. မယုံနဲ့ဟေ့..
ကြီုက်ရင်..
ရအောင်ယူ.. ကားတင်ပြေး.. :kwi:
Foreign Resident
February 15, 2013 at 5:16 am
” ကိုယ်ချစ် ကို မရှာနှင့် ၊ ပင်ပန်းတယ် ။
သူချစ် ကို သာရှာ ၊ သက်သာတယ် ”
” အဘဖော စကား.. မယုံနဲ့ဟေ့..
ကြီုက်ရင်.. ရအောင်ယူ.. ကားတင်ပြေး ”
သူကြီး ထောက်ပြသွားတာ မှန်ပါတယ် ။
အင်း ၊ အဘ လဲ ကိုယ့်ရဲ့ စိတ် နှင့်နှိုင်းပြီး ၊
ရုတ်တရက် ပြောလိုက်တော့ ၊
အဓိပ္ပါယ် မပြည့်စုံဘူး ဖြစ်သွားတယ် ။
အင်း ၊ သေသေချာချာ ပြန် ရှင်းပြရတော့မှာပဲ ၊
အဘ က နှလုံးသား ရေးရာ ကိစ္စတွေမှာ ၊ သိပ်စိတ်ဝင်စားမှု မရှိပါဘူး ။
အဘ ရဲ့ နှလုံးသား ဟာ ဒီကိစ္စတွေမှာ ခံစားချက် အားနည်းပါတယ် ။
အဲဒီတော့ အဘ တစ်သက်တာ ၊ အဘ ဖက် ကနေ စ ပြီးတော့ ၊
ဘယ် မိန်းကလေး တစ်ယောက်ကိုမှ ၊ စပြီး ချစ်ကြိုက်ခဲ့တာ မရှိခဲ့ပါဘူး ။
အဲဒါကြောင့် ၊ အဘ အပေါ်က ” သူချစ် ” ဆိုတဲ့ စကား ပြောမိသွားတာပါ ။
အဘ က သတ္တိ သိပ်မနည်းပဲ ၊ ပွင့်လင်းတတ်သူပါ ။
တကယ်လို့ ၊ အဘ ဖက်ကသာ စ ပြီး မိန်းကလေး တစ်ယောက် ကို ၊
အမှန် တကယ် ( အမှန် တကယ် ) ချစ်ကြိုက် မိသွားရင်တော့ ၊
( အဲဒီ မိန်းကလေး ဟာ သူတောင်းစားမ ပင် ဖြစ်နေစေအုံးတော့ )
အဘ ကနေ စပြီး ၊ ရည်းစား စကား ပြောဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး ။
အဘ က မိန်းကလေး တစ်ယောက်ကို စပြီး ချစ်ကြိုက်လေ့ မရှိတာကတော့ ၊
အဘ လည်း ၊ ဘယ်တတ်နိုင်ပါ့မလဲကွယ် ။
အဘ နှလုံးသား ရဲ့ အားနည်းမှု တစ်ခုလို့ပဲ ပြောရမှာပေါ့လေ ။
ဦး ကျောက်ခဲ
February 15, 2013 at 8:59 am
အင်း… အဘဖောပြောတာဖတ်ပြီး အတိတ်မြို့ဟောင်းတော့တူးမိတော့မယ်
မှန်ပါတယ်ခင်ဗျာ… ဘယ်လိုမှ ရှောင်လို့မရခဲ့ပါဘူး…
ခုတော့လည်း အလွမ်းဇတ်သိမ်းမို့ မြေမြှုပ်ခဲ့တာ နှစ်နှစ်ဆယ်ပါ…
သူကြီးပြောသလို ကားတင်ပြေးဖို့ဆိုတာလွယ်လွယ်မှတ်လို့…
လိုက်မယ့်သူက လိုက်ပါ့မယ်ဆိုခဲ့တာတောင်မှ….
:byae:
kai
February 15, 2013 at 5:01 pm
ခက်မှာပေါ့..
…. လူဆိုးတွေနဲ့မှမတိုင်ပင်ခဲ့တာကွယ်… :kwi:
garuda
February 15, 2013 at 7:47 pm
“ဒီမယ်ဟေ့ ရာမ… လွယ်သလား ခက်သလား ရာမ…” ဆိုတာလေး ကိုဆက် စဉ်းစားကြည့်ရင်..မင်းတို့ငါ့လောက် မပစ်တတ်သေးပါဘူးတဲ့… :kwi: အေးဗျာကျွန်တော်ကတော့ အရိပ်ပြ အကောင်ထင်ပါတယ်ဗျာ။ ထိအောင်သာပစ်ဗျာ ဦးကျောက်ရာ..ကိုကို ET ကကျောတယ် ဦးကျောက်ပစ်ရင် လွဲခဲပါတယ်တဲ့။ ဦးကျောက်က စနိုက်ပါနဲ့ ပစ်တာလဲကျွမ်းတယ်တဲ့ ဗရင်းဂမ်းနဲ့လည်းဆွဲတတ်တယ်တဲ့ နောက်ဆုံးမရရင် လောင်ချာနဲ့ပါထုတာဆိုပဲ။ :harr: :harr:
အားပေးတယ် ဦးကျောက်ရယ်။ ဗိတ်ဆုံးမရရင်..ရေချိုးပြီးပြန်သွားဖို့တော့ မေ့နဲ့နော်…နော်..နော်..လို့။
စကားမစပ် ကုသိုလ်ကံ လို့ပြောမယ့်အစား ချစ်ဖို့ကံပါလာရင်လို့ ပြောသင့်တယ်ထင်တယ်နော်…အချစ်က ကုသိုလ်ကံနဲ့တော့ဆိုင်လောက်ဘူးထင်တယ်။ ဆိုင်တယ်လို့ထင်ရင်တော့ အကုသိုလ်ကံလည်း ဖြစ်နိုင်တယ်နော်။ ဘုန်းကြီးကိုစာချတယ်လို့တော့မထင်ပါနဲ့။ ဖိုးသူတော်ကို ဆွမ်းခို်းစားနည်းလေး ပြပေးတဲ့ သဘောသက်သက်ပါ ငါ့ရှင် အရည်းကျောက်…. :kwi:
ဦး ကျောက်ခဲ
February 16, 2013 at 9:23 am
အရည်း garuda
ရှူး…တိုး တိုး
ငယ်ကျိုးငယ်နာတွေ မဖော်ကြေး ငါ့ရှင်…
ဒီတစ်ခါ ခင်ဗျားတို့ကျွန်းကြီးပေါ်ကို အလည်လာရင်…
ဘီဘီတိုက်ပြီး ပြုစုပါ့မယ်… ဟီ ဟိ
:harr:
မောင်ပေ
February 14, 2013 at 9:02 pm
ဆြာကျောက်ရေ
ဘာမှမဘူနဲ ့ဗျ
မြန်မာနိုင်ငံမှာ
မဒီကညာလေးတွေက တစ်နေ ့တစ်ခြား ပိုပိုလန်းလာသဗျား
အာရကေသာ ခိုင်အောင်ရှာထား
အနိပ်စ သိပ်လှ မှိတ်ချ ဆိုသလို ဖြစ်လာမှာ မလွဲဧကန် မုချ
ဦး ကျောက်ခဲ
February 15, 2013 at 9:04 am
အ ဟဲ ဆြာပေ…
ဂလိုတော့ ဖျာမရောင်းနဲ့လေ…
အလန်းလွန် မဒီကညာနဲ့အကြောင်းပါမှ…
ကျုပ်ရဲ့ အိုနာစာ ရံပုံငွေလေးပြောင်မှာ ခင်ဗျ…ဟိ
:harr:
Mobile
February 14, 2013 at 10:07 pm
အနိတ်စ အမြဲးမရှိခြင်း
ဒုတ်ခ ဆင်းရဲခြင်း
အနတ်တ အစိုးမရခြင်းသည် ကျွန်ုပ်တို့၏ ခန်ဒါကိုဂျီးပင် မဟုက်ပါလော……..
မီးကိုမထိကြလေနဲ့ကွဲ……………………………..
ဦး ကျောက်ခဲ
February 15, 2013 at 9:17 am
ကိုရင် မိုဘိုင်းရေ
ကျုပ်တို့အဖြစ်က တရားသိပြီး တရားမရှိတာဗျ…
မီးဆိုတာပူမှန်းသိပါရဲ့ ဒါပေမယ့်…ပိုးဖလံ အမျိုးကိုဗျ…
“တိုးမှာပဲ…တိုးမှာပဲ…ငါ့ကိုတော့ မတားနဲ့”
:kwi:
kyeemite
February 15, 2013 at 9:32 am
ကိုကျောက်ရေ..သည်းခံဦးလော့
အကြင်သူသည် မိန်းမကို အမှန်လိုချင်အံ့
အကြင်သူသည် လုံ့လလည်း စိုက်ထုတ်သူဖြစ်အံ့
ထိုသူသည် မိန်းမ ရမည်ဧကံမလွဲတည်း။
ပုံ- မူလ ပထမ လက်ဟောင်း ဦးဖိုးလူ၏မြေး၊ ဦးလူကလေး၏သား ဗေဒဝိဇ္ဖာ ကြီးမိုက်။ :kwi:
ဦး ကျောက်ခဲ
February 15, 2013 at 10:05 am
ဗေဒဝိဇ္ဖာ ဆြာမိုက်ရယ်
ကျားကိုက်ပါတယ်ဆိုမှ နာတာရှည်လားမေးနေသေးတယ်… ဟီ ဟိ
အဟမ်း….မခံချင်စိတ်နဲ့ကြိုးစားနေပါတယ်ဆိုတော့…
ရွာထဲမှာ ဖိတ်စာတက်လာမှ မအံ့ဩပါနဲ့လေ… အား ဟိ
:kwi:
nozomi
February 15, 2013 at 5:31 pm
ငယ်ငယ်ကတော့ အတွဲချောင်း ဝါသနာ သိပ်ပါတာလား
ကြီးလာတော့ မှင် ကြီး နဲ့ နေနေရတော့ မချောင်းရတာတောင် ကြာပေါ့
ဦးကျောက် မင်္ဂလာဆောင်မှပဲ မရ ရအောင် ချောင်းဦးမှ ပါ
အဲဒီအချိန်ကျ သိပ်မဆိုးနဲ့နော မူဗီ ရိုက် ရွာထဲ တင်ပလိုက်မယ် ဟင်း
ဦး ကျောက်ခဲ
February 16, 2013 at 9:17 am
ကိုရင်နို…လူဇိုး
ကြည့်စမ်း ငယ်ကျင့်တွေပေါ်လာပြီ…
ကိုရင်ပြောမှ ကျောင်းသားတုံးက တောင်ငူဆောင်အနောက်ဖက်…
TE တွေဘက်မှာ အတွဲချောင်း ဗရုပ်ကျခဲ့တာ အမှတ်ရမိတယ်…
အ ဟီး… မောင်ကျောက် မင်္ဂလာဆောင်ရင် ကိုရင့်ကိုတော့ သတိထားမှ…
:harr:
surmi
February 15, 2013 at 11:23 am
ဇေယျတုသဗ္ဗမင်္ဂလံ ………..
အောင်ကြောင်းလည်းဖျာ ၊ အောင်ဖျာလည်းလိပ် ၊ အောင် အတိတ် အောင်နိမိတ်နဲ ့ ကြိတ်ကြိတ် လွမ်းနေသော
ဒကာတော်ဦးကျောက်……..
ဂဇက်ရွာအပျိုတစ်စုမှ မေတ္တာတော်အနန္ဒဖြင် ့ မာပါစေဟောတု …….
သာပါစေဟောတု ……… စွံပါစေ ဟောတု ……..
မြန်မြန်ရပါစေ ဟောတု ….. ဂရုဏာ ထားမေတ္တာပွားလိုက်သည် မို ့
လက်တို ့၍သိစေအပ်သည် ဒကာတော်……..
အချစ်ဆိုသည်မှာ … ပရိဒေဝမီး အလောင်ကြီးလောင်တတ်သည်ကို
ဒကာတော်လည်း သိပြီးဖြစ်လေသည် …..
သမုဒယတောမှာ…. မောရမည်ကိုလည်း ၊ ဒကာကြီး သိပြီးဖြစ်မည်……
ဒုက္ခကို အရောင်ဆိုးထားသည်ကိုကားးး ….. အထူးပြောဖွယ်မရှိပြီ …..
ထိုထို ဤဤ ဒကာတော်သိပါလျက် …. ဘာအတွက်ညှိုးချုံး၍ ၊ ယူကြုံးမရဖြစ်နေသည်ကို …..
ဘယ်လိုမှမတွေးတတ် …..စုတ်တသပ်သပ် ဖြစ်ရသည် ့အတွက်….
တစ်ရွာလုံးအသည်း ၊ ဒကာတော် မောင်ကျောက်ခဲအား …. နှစ်သိမ် ့စေသောငှာ …
သတိပေးရပါကြောင်းးးးး
သင်္ခါရာ သင်္ခါရ တရားတို ့သည်
အနိစ္စ ….. ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏ …
ခဏလေးနော် အိမ်က သားတော်မောင်ဖုန်းဆက်လို ့ သွားလိုက်ဦးမယ်
:harr:
ဦး ကျောက်ခဲ
February 15, 2013 at 11:42 am
အူးဇင်း ဦးဆာမိ
အချဉ်ဖျားက လောကီစည်းစိမ်ခံစားလို့ ငြီးငွေ့ပြီး တောထွက်ကိုယ်တော်လုပ်…
လောကီမကောင်းကြောင်း တွင်တွင်ဟောပေမယ့်…
တပဲ့တော် မောင်ကျောက်က အူးဇင်းလို ငြီးငွေ့ဖူးချင်တာမို့…
မတားပါနဲ့ ဖလား… မတားပါနဲ့…
သမုဒယတောမှာ ချစ်စရာ ဒုက္ခလေးနဲ့…
မဂ်ဖိုလ် နိဗ္ဗာန်မရောက်သေးခင် ခဏဖြစ်ဖြစ် တဏှာနွံနစ်ပါရစေ… ဟီ ဟိ
:harr:
garuda
February 17, 2013 at 10:14 am
အိုးဟိုး..သီချင်းစာသားလေးတောင် “ဦးကျောက်ခဲ ချစ်ဒုက္ခ” လို့ ပြောင်းရမလိုဖြစ်နေပြီ :harr:
ဇာတ်ပေါင်းသော်…ဦးကျောက်ခဲသည် ရာဇဓာတုကျောက်ခဲ…ဦးကျောက်ချိန်နေသော..နှံပီစုတ် ကလေးသည်
မနူးမနတ်သျှင်နောင်… 🙂 ..အင်း…မင်းကြီးစွာကတော့ ဘယ်ရောက်နေသည် မသိ :kwi:
Novy
February 15, 2013 at 11:47 am
ဘုန်းကြီးလူထွက်လောက်မှ အဖြစ်မရှိတဲ့ ကိုယ့်ဘဝ ကိုယ်တွေးလို့ ပိတ်ရက်မှာ ရှက်အားပိုမိပါတယ် ဆိုတဲ့အကြောင်း။
နောက်ဆုံးတော့ ဒီဘူတာကို ဆိုက်တာပါဘဲနော် :harr:
ဦး ကျောက်ခဲ
February 15, 2013 at 11:55 am
ဪ..ဘွ..ဘွ
အဲသလို တင်ကြိုပြီး ဝန်ခံမထားရင်လည်း…
လာပြီး ဖဲ့ ကြမှာစိုးလို့ ဝန်ခံမိပါတယ်…
နောက်ဆုံး ဒီဘူတာပဲဆိုက်သတဲ့…
အား…ဟင့်… ဒီသံလမ်းပေါ်မောင်းမှ ဒီဘူတာပဲဆိုက်တော့မှာပေါ့…
သူကြတော့ ဒါလင်ကြီးရဲ့ဘူတာမှာ “ကိုဂျိ” ဆိုပြီး ဆိုက်ပြီးတော့…
:harr:
ကိုပေါက်(မန္တလေး)
February 15, 2013 at 4:47 pm
ဘိုကျောက် သင်္ကန်းဝယ်ထားလိုက်တော့မယ်နော်
မထူးဇာတ်ခင်းလိုက်ပါတော့
ဦး ကျောက်ခဲ
February 16, 2013 at 9:09 am
အားရစရာကောင်းလိုက်တာ အကိုပေါက်ရယ်
သင်္ကန်းစည်း ဘုန်းကြီးဝတ်ပြီး မထူးဇာတ်ခင်းရတော့မယ်တဲ့လား…
ထောင်မင်းကြီးကယ်ခါမှ ထောင်လုံးလုံးကျ…
အကိုပေါက်ကို အားကိုးမိမှ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုရမယ်ဆိုရင်တော့ မနိပ်သေးပါဘူးလေ…
:kwi:
panpan
February 16, 2013 at 9:45 am
လေးလေးပေါက်မှာ တူမတွေများကြီးရှိတယ်ဆိုလား…ဘာဆိုလား…အင်း..အဲ 🙄
ဆူး
February 16, 2013 at 2:37 pm
အနေအစားချောင်ပြီး အေးချမ်းစွာ အားထုတ်လို့ ရမည့် ဘုန်းကြီး ကျောင်းရှာပေးထားရမလား..
အနိစ်စ အနိပ်စ
လုံမလေးမွန်မွန်
February 17, 2013 at 12:58 pm
အော်.. နာ့အူးလေးတြောက်လည်း တနားပါလယ်…
ဒါမယ့်.. အပူတွေ မချာပါနဲ့ လေးကျောက်ရယ်…တစ်ကိုယ်တည်း လူပိုဂျီးက အေးချမ်းပါလယ်..တော်ကြာ အနှီးလျှော်ရုံမက.. ဟင်းချက်ကျွေး. နင်းပေး နှိပ်ပေးနဲ့ .. (အဲ့လိုတွေလုပ်ပေးချင်နေလားလည်း မတိပါဝူး..)
ယတြာပေးမယ်..
နှစ်နှစ်အတွင်းအမြန်စွံချင်လျှင်.. တနင်္ဂနွေသမီး.. ဗုဒ္ဓဟူးနံနဲ့စပြီး ကြာသပတေးနံနဲ့ဆုံးသော နာမည်ငါးလုံးပိုင်ရှင် မိန်းကလေးတစ်ဦးကို သူအကြိုက်ဆုံးမုန့်ဝယ်ကျွေးပြီး ဒါနပြုပါလေ..
ဦး ကျောက်ခဲ
February 18, 2013 at 8:04 am
တော်လိုက်တဲ့ နာ့တူမ ဘယ်အရပ်သူလဲဟင်…
ဦးလေးက အပူရှာချင်ပါတယ်ဆိုမှ ရေခဲရေပေးတဲ့သူတွေချည်းပဲ…
မရဘူး… ၂နှစ်အတွင်း အိမ်ထောင်ကျရေး ပရောဂျက်ဆွဲမှ.. ဟီ ဟိ
:harr:
ဘဆွေ
February 17, 2013 at 10:07 pm
အပေါ်က တနင်္ဂနွေ သမီးကတော့ စားလမ်းထွင် သွားပြီ ကိုယ်တွေလည်း ပွဲခလေးဘာလေး ရအောင်ကြံဦးမှ..
ကိုကျောက်..ဒီက သူငယ်ချင်း ပေါင်ဖြူ မ ကက်သရင်း တွေရှိတယ် ယူမလား..တစ်ခုတော့ရှိတယ်.. အိမ်မှာ ဘီယာ ဂေါက် တပ်ထားပေးရမယ်..ဆေးလိပ် တစ်နေ့ သုံးဘူး နဲ့ ဆေးခြောက် တစ်လ နှစ်ကီလို ထောက်ပံ့မယ် ဆိုရင်ရပြီ..ဘယ်လိုလဲ ..စပ်လိုက်ရမလား..
ဦး ကျောက်ခဲ
February 18, 2013 at 8:21 am
ဟီး ဟီး ကိုဆွေပြောမှ ကျောင်းတုံးက ကက်သရင်း ကိုပြန်အမှတ်ရမိတယ်…
ဂလို ဗျ… တစ်ကြော့ပြန်ကျောင်းသားဘဝ…
အဆောင်က အခန်းထဲမှာ ဂျိုးသိမ်း ဆေးပေါ့လိပ်ဖွာရင်း အိမ်စာလုပ်နေတုံး…
အခန်းနီးချင်း ပေါင်ဖြူ ကက်သရင်းမက မောင်ကျောက်အခန်းရှေ့ တဝဲဝဲတလည်လည်နဲ့လေ…
နောက်ဆုံးသူ့ခမျာ မအောင့်နိုင်တော့တာမို့ တံခါးခေါက် အခန်းထဲကို ဝင်လာပါရောဗျာ…
” ကျောင်းသူကျောင်းသားချင်း ရှိရင်မျှပါ နှုတ်လုံပါ့မယ် ဒီလိုတော့ အနံ့နဲ့မနှိပ်စက်ပါနဲ့ ” တဲ့…
ဟဲ့… နာ့ဘာရှိလို့ နင့်ကိုမျှရမှာတုံးဆိုတော့…
ဆေးပေါ့လိပ်ကို လက်ညှိုးထိုးပြီး… သူ့ကိုတိုက်ပါတဲ့…
ရယ်လိုက်ရတာဗျာ… သူ့ခမျာ ဆေးပေါ့လိပ်ကို ဆေးခြောက်မှတ်နေတာ…
နောက်ပိုင်း… သူလည်း ဆေးပေါ့လိပ်ကြိုက်တဲ့ စာရင်းထဲမှာ ပါသွားတယ်…
:kwi:
Foreign Resident
February 18, 2013 at 9:01 am
ဘဆွေ နှင့် ဦးကျောက် ပြောမှပဲ သတိရလာပြီ ။
ဟိုးအရင် အဘတို့ သင်္ဘောသားပေါက်စ ဘဝတုန်းက ၊
ဥရောပ ဆိပ်ကမ်းတွေမှာ ၊
သင်္ဘောတွေပေါ် အရက်လှည့်သောက်တဲ့ အဖြူမတွေရှိတယ် ၊
( သင်္ဘော ပေါ်မှာက အရက်ကို Duty Free ဈေးနှင့် ဝယ်လို့ရတော့ ဈေးပေါတယ်လေ )
သူတို့ကို အရက်တိုက်တဲ့ သင်္ဘောသားနှင့် အိပ်တာပဲ ။
ဒီ သင်္ဘော ထွက်သွားရင် ၊ နောက် သင်္ဘော တစ်စီး ပြောင်းသောက်တာပဲ ။
အခုရော ၊ အဲလိုမျိုးတွေ ရှိနေတုန်းပဲလား မသိ ။
အဘဆွေ တော့ သိလောက်မယ် ။ 😛
ဘဆွေ
February 19, 2013 at 12:01 am
အဘဖော ကတော့ လုပ်ချလိုက်ပြန်ပြီ.. “အဘဆွေတော့သိလောက်မယ်” တဲ့..သူများတွေ အထင်လွဲအောင်(လွဲကြပါစေ)
ဘုရားပေးပေး ကြမ်းပေးပေးပါ အဘဖောရယ် မသိရပါဘူး….ပြီးတော့ သူတို့တွေ ကို အရက်ဝယ်တိုက် ရအောင်..ကျွန်တော် အဲဒီလောက် မိုက်ပါ့မလား..အဘဖောရဲ့….ကျွန်တော်ကတော့ သူတို့ ဝယ်တိုက် မှ လိုက်အိပ်တာခင်ဗျ ခွိခွိ…းp
အရဂါးကျော တာ …မယုံနဲ့နော် အဘဖော..
weiwei
February 18, 2013 at 9:26 am
ဦးကျောက်က ဒီလောက်တောင် ကြေညာနေမှတော့ အကူအညီပေးချင်စိတ်ပေါက်လာပြီ …
သူငယ်ချင်းတွေထဲမှာ အပျိုကြီး ဆရာမတွေရှိတယ် … စိတ်ဝင်စားလား???
အသက်နဲနဲကြီး ဆရာအမြဲလုပ်တတ် ပစိပစပ်ပြောတတ်ပြီး ရုပ်မလှတာ ပိုက်ဆံမရှိတာ အိမ်ထောင်မှုမနိုင်တာကလွဲရင် … :kwi:
ဦး ကျောက်ခဲ
February 18, 2013 at 7:10 pm
ဟမ်မလေးမဝေရယ်…
အိမ်ကကျောင်းဆရာမ အပျိုကြီးအမနဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး စိတ်ကုန်လွန်းလို့ပါ…
ပွါးတာကလည်းမရပ် သူသိသူတတ် ကြံဖန်စိတ်ပူတတ်ကြသူတွေမို့…
ဒါလေး တစ်ခုတော့ ခွင့်လွှတ်စေချင်သည်… ဟီ ဟိ
:harr: ဒန်… တန်… တန်
မဟာရာဇာ အံစာတုံး
March 15, 2013 at 4:11 pm
ဦးရေးကျောက် … ဦးရေးကျောက် …
မတွေ့ဒါ ကြာဘီနော် …
နေကန်းလားဟင် … ဟီး …
ဒါက ပဏာမ နှုတ်ခွန်းဆက်ဒါ ….
ကျုပ် ဂျီးဒေါ် တစ်ယောက်က ဦးကျောက်ပုံကို မြင်ပြီး
သူ အရမ်းအရမ်း ခိုက်မိနေတဲ့ အကြောင်း ပြောလာရှာတယ် …
ဒါနဲ့ပဲ ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
ဖိတ်စာလေး ထားခဲ့ပါတယ် …..
ဘာမွှလည်း ဆိုင်ဝူးးးး
ဒု – အတွင်းရေးမှူး
မဟာအံ