Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတို့ပြောတဲ့သူတို့စကား

ကူမားရ္February 16, 20132min102835

ပြီးခဲ့တဲ့နှစ်က….. သူတို့ပြောတဲ့ အင်္ဂလိပ်စကား ဆိုပြီး … ပိုစ့်တစ်ပုဒ် တင်ထားဘူးပါတယ်…
မအားတာ၊ပျင်းတာ၊ စာရေးမသွက်တာ…. စတဲ့ အကြောင်းအမျိုးမျိုးတွေ ကြောင့်…
ခေါင်းထဲမှာ ရေးဖို့စိတ်ကူးရှိပေမယ့် ….ချမရေးဖြစ်တဲ့ …
အဲဒါရဲ့ အဆက် အင်္ဂလိပ်တွေပြောတဲ့ အိမ်သုံး အင်္ဂလိပ် စကား လို့ပဲမှတ်ကြပါစို့နော…
အင်္ဂလန် တစ်ခွင် နေရာစုံအောင် သွားပြီး အလုပ် လုပ်ဘူးတဲ့အတွက် ဒေသစုံက ပြောဆိုကြတဲ့ အင်္ဂလိပ်စကားပြော လေသံအမျိုးမျိုး ကို ကြားနာ မှတ်သားဘူးခဲ့ရပါတယ်။
တောင်ပိုင်းယောက့်ရှိုင်းယား South Yorkshire ….မှာ အနေများတဲ့ အတွက် အဲဒီဘက်ကပြောတဲ့လေသံ က အကျင့်ပါနေ တော့ ဝက်စ်မစ်ဒ်လန်းဒ် West Midland (ဘာမင်ဂမ်)birmingham ဘက်ရောက်တဲ့အခါ လေယူလေသိမ်း လွဲတဲ့အတွက် နားလည်မှု လွဲ ပြီး ဂွ ကျခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်…။
ကျွန်တော်တို့စာသင်ခဲ့တဲ့ကျောင်းမှာ၊ အလုပ်ထဲမှာ မပြောဘူး မကြားဘူးတဲ့ စကားအသုံး အနှုန်းတေ၊ွ လေယူလေသိမ်းတေ၊ွ ဘန်းစကားတွေ အရပ်သုံး စကားတွေ…
အများကြီး ပြောဆိုသုံးနှုန်းကြပြီး… ဒီထဲကမှ
တောင်ပိုင်းယောက့်ရှိုင်းယား South Yorkshire ဘက်မှာ ပိုပြီး..လူမျိုးစုံ… လေသံ စုံတဲ့အတွက် အဲဒီဘက်က အင်္ဂလိပ် လူမျိုးတွေ( အစပ်တွေလည်း ပါ တယ်) ပြောဆိုကြတဲ့ သာမန်ကျွန်တော်တို့သုံးလေ့ထမရှိတဲ့ အင်္ဂလိပ် စကားလုံးအချို့ကို ဖောက်သည်ချ ပါရစေနော…
ဆိုကြပါစို့…
ကျွန်တော်တို့ သင်ထား သိထားခဲ့တာက ……မိတ်ဆွေ အချင်း ချင်းတွေ့ကြပြီး နောက်နေ့ကိစ္စရှိလို့ အိမ်မှာ တွေ့ကြမယ်….. မင်းအိမ်ကို ဝင် လာခဲ့မယ်ဆိုရင်-

I will come and see you tomorrow. သို့မဟုတ် I will come to your house tomorrow. လို့
စသဖြင့်ပြော ကြမယ်ပေါ့။

သူတို့အင်္ဂလိပ် ကတော့ အဲဒီလိုမပြောဘဲ
I will call in tomorrow. သို့မဟုတ် I will pop in tomorrow. ပါတဲ့….

အဲ ..အဲ့ဒီလူပေါ်မလာခဲ့ဘူး ဆိုရင် ကျွန်တော်တို့က..
He didn’t come yesterday. သို့မဟုတ် He didn’t show up yesterday. ဒီလို ပြောကြမယ်ထင်တယ်။

ဒါပေမယ့် ဒီကလူတွေကတော့
He didn’t turn up yesterday. လို့ ပြောဆိုကြပါတယ်။

နောက် တစ်ခု..
ငါဆေးလိပ် သွားသောက်လိုက် ဦးမယ် ဆိုရင် ကျွန်တော်တို့က..
I am going for a smoke. သို့ မဟုတ် I am going for a cig. လို့
ပြောပေမယ့် ….သူတို့ကတော့….
I am going for a fag . လို့ပြောပါတယ်။

မင်းမှာဆေးလိပ်များမရှိဘူးလား၊ ဆေးလိပ်လေးများ မမျှနှိုင် ဘူးလား ဆိုရင်
Have you got a fag on you? Can you spare me a fag? တဲ့….

မစ္စတာ ဆိုင်မွန်များမရှိဘူးလားလို့မေးမယ်ဆိုကြပါစို့…
Is Mr. Saimon in? (သို့) Is Mr. Saimon around?
ဒီလို မေးကြမှာပေါ့..နော့…..ဒါပေမယ့်သူတို့ က ….
Is Mr. Saimon about? လို့ပဲ မေးတယ်။

What time you close? မင်းတို့ ဘယ်အချိန ်ပိတ်လဲ ဆိုတဲ့စကား အစား..
What time you shut? လို့ပဲ ဒဲ့သုံးတယ်။

What do you like? ဆိုတဲ့ စကား အစား What do you fancy?
Stop it . အစား Give up

I am tired . အစား I am neck cut .(or) I am shutted.

Next week Friday အစား A week Friday

This old man အစား this geezer

Do you understand? အစား Do you comprehend?

That is good အစား That is sound

I am broke အစား I am skint

Too expensive အစား too dear

စသည်ဖြင့် ……ကျွန်တော်တို့ပြောလေ့ ပြောထမရှိတဲ့ စကားလုံးတွေ သုံးကြတာ များပါတယ်။
ဘန်းစကား တွေကိုလည်း အများအပြား သုံးစွဲကြတာ ကြုံရပါတယ်..

လက်လန်တယ်လို့ ဆိုတဲ့စကား …ဆိုပါတော့ ….ဒါကို …….. flipping hack

သောက်ရေးမပါတာ ဆိုရင် ……. Chaffing hell

ညောင်းကွာ လိမ့်တော့ လို့ပြောရင်…… chaff off, pissed off

ငတုံး ငအ လို့ခေါ် ချင်ရင် ……. you deaf butt

ဖုန်းတစ်ချက်လောက် တောက်ကြည့်လိုက်…. give a buzz

ကျေးဇူးပဲ သူငယ်ချင်း…….. ta mate (or) cheers mate

ပါးစပ်ပိတ်နေစမ်း………. shut your gob

တာ့တာ…… ta tar (မြန်မာ တာ့တာ နဲ့ အင်္ဂလိပ် တာ့တာ ဒီနေရာမှာ သွားတူတယ် မွေးစားဖြစ်မယ် နော်)

မင်းကိုယ်မင်း ပြန်ပြီး ဟဝှာ ပြုလိုက်ပါလား…… go forth and multiply your self

ဒီကောင် အခြောက် မိန်းမရှာ….. he’s a poof

တစ်ယောက် ယောက် တော့အီးပေါက်လိုက်ပြီ….. someone trump here

You alright cock? ( ဟေ့ကောင် လဒကြီး နေကောင်းလား)

Thank you cocker. (ယောက်ဖ ရေ ကျေးဇူး ကွာ)

That cost me a fortune.( ငါတော့ တစ်သက်စာ လုံး ပေးရတော့ မယ်)

I love her to a bit. (ငါ ဒီမိန်းမကို တုန်နေအောင် ချစ်တာ ပါ)

I give you a tenner and you refund me a fiver.( ငါက ဆယ်တန် တစ်ချပ် ပေး တော့ မင်း ပဲ ငါးကျပ်တန်ပြန် အမ်းတယ်လေ)

စသဖြင့် မကြားဘူးတဲ့ ဘန်းစကားလုံးမျိုးတွေ နဲ့ ပြောဆိုကြပါတယ်။
အသံထွက်တဲ့ အခါ ကြပြန်တော့လည်း လေးလေး ကြိးတွေခင်ဗျ……
စကားကိုအာလုပ်သံ နဲ့ပြောကြတာများပါတယ်…
ဥပမာ-
(Cut the crap and put that bucket in there I will sort out the rest later.)
ဆိုတာ ကို သူတို့လေသံနဲ့ ပြောရင်…
(ကွတ် သည် ခရပ် အန်ဒ် ပွိတ် သည် ဗူးကတ် အင် သီးယား အ ဝယ်လ် ဆောတ့် အောက် သ ရက်တ်စ် လိတ်အား… ) ……..ဒီလိုထွက်တာပါ။

များသောအားဖြင့် “တီ” သံနဲ့ “ အယ်လ်” သံကိုဖျောက် ပစ်ကြတယ်။
Salmon ကို ဆယ်မန်
Always ကို အောဝေစ့်
Butter ကို ဘတ်အာ
Letter ကို လက်အာ
I will ask ကို အိုင်လ်အက်စ် (ဝယ်လ် သံ မပါ)
အဲလို..အဲလို အချောင်ခိုလေသံ နဲ့ပြောကြပါတယ်။

အစား အသောက် အခေါ်အဝေါ် လည်း နဲနဲ ကွဲတယ် ပေါ့နော။

အာလူး အချောင်းကြော် ကို ကျွန်တော်တို့က french fries လို့ခေါ်ပေမယ့် သူတို့ဆီမှာတော့ chips တဲ့..
ကိုယ် သိထားတာက chip ဆိုရင် အပြားပါးပါး လေးပေါ့..
အဲ…….. ကျွန်တော်တို့ chips လို့ခေါ်တဲ့ အာလူးကြော် အပါးလေးတွေကိုကျတော့ သူတို့က crisps တဲ့ခင်ဗျ။

ဘူးသီးကို gourd လို့ ကျွန်တော်တို့ သိထားတာ ကို ဒီမှာ duri
ရုံးပတီသီး ladies’ finger ကို okra
Egg plant ခရမ်းသီးကို aubergine
Radish မုန်လာဥ ကို muli လို့ ခေါ်တာ သိရပြန်တယ်။

အသောက်မှာတော့ သိပ်မကွဲ ဘူး …
ဒါပေမယ့် ဘီယာ သောက်ရင်တော့ နဲနဲ ပြသ၁နာရှိ တယ်….
ကျွန်တော်တို့သောက်နေကျ ဘီယာ အရောင်ခပ်ပျော့ပျော့ ဆိုရင်( lager) လို့ခေါ်ပြီး အရောင် ခပ်နောက်နောက် နဲ့ခပ်ပြင်းပြင်း ခါးခါးဆိုရင်( smooth ) လို့ခေါ်တယ် ….
ဒါကို မှဘီယာ လို့ဒီမှာခေါ်ကြတာ
ဘီယာတစ်ခွက် ပေးပါဆိုပြီး….. မှာရင် အဲဒီ ခါးခါးကြီး ကို သောက်ပေတော့ပဲ။
သာမန်ဘီယာ သောက်ချင်ရင် give me a pint of lager လို့ မှာ ရမယ်။

ဝီစကီမှာတော့ သောက်နေကျ Glen Fiddich “ဂလန်းဖစ်ဒစ်ချ်” ကို “ဂလန်းဖစ်ဒစ်ခ်” လို့ အသံထွက်ခေါ်တယ် ( Zurich “ ဇူးရစ်ချ်” ကိုလည်း “ဇူးရစ်ခ်” လို့ အသံထွက်တယ်)
Drambuie “ဒရမ်ဘူရီ” ကို “ ဒရမ်ဗြူရီ”
Sambuca “ဆမ်ဘူးကား” ကို “ဆမ်ဗြူးကား’
Cuba Libre “ကူးဘား လစ်ဘရာ” ကို “ကယူးဘားလစ်ဘရယ်လ်
Stupid ကို” စတ်တျူးပစ်”…ရယ်လို့
u “ယူ” သံကို အပြည့်ထွက်ကြပါတယ်။

ကျောင်းမှာ.. အလုပ်မှာ..စာအုပ်ထဲမှာ ကိုယ်သိထားခဲ့တာ နဲ့ ဖတ် မှတ် ထားတဲ့ အင်္ဂလိပ် စာနဲ့ စကား တွေ ဟာ..တစ်ခါတစ်ရံတစ်ကယ့် အပေါ် အထက်အဆင့်ထိ ရောက်အောင် တတ် တာလားဆိုတော့
….. အဲဒီ လောက်လည်းမတတ်…..အောက်ဘက် အခြေခံ ရပ်ကွက် က အင်္ဂလိပ် အရပ် စကား နဲ့ ကျပြန်တော့ လည်း မဝင်ဆံ့ …အလယ် အလတ် သူလို ငါလို အင်္ဂလိပ် နဲ့ဆိုတော့လည်း အဖြစ်မရှိ..
စတဲ့ အရည် အချင်းတွေနဲ့ ပြည့်စုံ ကုံလုံ ကြွယ်ဝနေတဲ့ ဘဆွေတို့ ကိုယ့်ကိုကိုယ် တတ်လှပြီ ထင်နေခဲ့တာမှာ…

တစ်ခါ သားတော့ .. ကျောင်းမသွားချင်လို့ ..ပေကပ်ကပ် လုပ်နေတဲ့ ခလေးကို သူ့ အမေ အင်္ဂလိပ် မကြီးက အခု လို….ငေါက်ငန်းနေတာ ကိုကြားဘူးခဲ့တယ်…

ဟဲ့ကောင် …..ခု ရပ်စမ်း….နင့် ကုတ်နဲ့ လည် ရှေ ဘိနပ် က်ို ခု ဝတ်စမ်း..ကျောင်းကားလာဖို့ ဆယ့်လေး မိနစ် ပဲလိုတော့တယ်… အိမ်စာမပြီးလို့ ကျောင်းမသွားချင်ဘူး လို့ညည်းနေတဲ့ နင့်အပေါက် ကို ခုပိတ်လိုက်..( မြန်မာလို ဒီလို အနီးစပ် ဆုံး အဓိပ္ပါ.ယ် ရှိတဲ့ စကားကို)

You twat ,..give up!!!!! Put your coat and boots now. Your school bus will be here in fourteen minutes , shut your gob and moaning about your home work.(ဒီလို အင်္ဂလိပ် လိုပြောပြီး)

ယူ တွာတ်.. ဂိဗတ်ပ်.. ပွိတ် ရွာ ကွိတ် အန်ဒ် ဘွိတ်စ် ဏောင်း.. ရွာ စကောလ် ဘွပ်စ် ဝယ်လ် ဘီ ဟီးယား အင် ဖော်အိင်း မိတ်နိတ်စ် ရွှတ် ရွာ ဂေါ့ဗ် အန် မုန်းနင်း အ ဘောက်တ် ရွာ ဟုမ်း ယွာက့်။
(ဒီလို အသံထွက် ကြပါတယ်)
ရွတ်ကြည့် ကြပါလား ……ဘယ်လို အသံထွက်မလဲဆိုတာ …
ကြားဘူးနားဝရှိတဲ့ …..အင်္ဂလိပ်တွေ ပြောတဲ့ သူတို့ စကားပါ ခင်ဗျားးးးး။

ဘဆွေ။

35 comments

  • ဗဟုသုတ အဖြစ် …
    ဖတ်ရှုသွားပါတယ် ဘဂျီးဆွေ ခညား …

    သူဒို့ ပေါဂျဒါ …
    အီးမှန်ပေမယ့် … :mrgreen:
    ကျုပ်တို့ဆီက တစ်နယ်နဲ့ တစ်နယ်
    အသုံးစကားတွေ နည်းနည်း ကွဲနေကြသလို
    အီး ကွဲ သဘောမျိုးပေါ့နော် …

    ဒါ့ထက် .. အိုက်ဒါဒွေကို အီဒီယမ် ဆိုလား ဘာလား ..
    အဲ့ဒီလိုရော ပေါလို့ရဒလားဟင်င်င် …

    • ဘဆွေ

      February 17, 2013 at 5:41 pm

      ဇာဇာ ရေ..
      ကျွန်တော် တို့ သိထားတဲ့ အီးနဲ့ မတူတဲ့ အီး ပါ ခင်ဗျာ တစ်နည်းအားဖြင့် အီးတော့ အီးပေါ့ ဒါပေမယ့် အီးမူကွဲ လေးတွေပေါ့ နော..
      ဒီစကားတွေက အီဒီယမ် လို့ ဆိုတာထက် စလန်းဂ် ဆိုရင်ပို မှန် မယ် ထင်ပါတယ် .. မြန်မာ လို ဆို .. ဘန်းစကားပေါ့နော..
      လာရောက် မန်း သွားတာ ကျေးဇူး အကြီးကြီး တင်ရှိ ပါကြောင်း…
      ခင်တဲ့
      ဘဆွေ။

      • padonmar

        February 17, 2013 at 6:38 pm

        ဒေသသုံးစကားဆိုတော့ DIALECT လို့ခေါ်မယ်ထင်တယ်။
        ပုဆိုးတစ်ထည်ကို မြိတ်သားတွေက ပုဆိုးတစ်လုံးခေါ်သလိုများ ဖြစ်မလား။

      • ခုလို ပြန်ပြောပြပေးတာ …
        ကျေးဇူးအထူးပါ ဘဂျီးဆွေ ခညာ …

        ဘန်းစကားဆိုမှ ကြုံတုံး ပေါလိုက်အုံးမယ်ဂျ ..
        ကျုပ်တို့ ရွာဘက်မှာ ထမင်းစားတယ် ဆိုတာကို ..
        ထမင်းခဲတယ် … လို့ သုံးကြသဗျ …
        ဟဲဟဲ .. ကျုပ်တော့ ထမင်းခဲပြီးသွားပြီ …. :mrgreen:

  • မောင်ပေ

    February 16, 2013 at 7:09 pm

    အူးဘားဂျင်းဆီပြန်နှပ်လေး စားချင်စိတ်ပေါက်သွားသဗျို ့

    • ဘဆွေ

      February 17, 2013 at 5:51 pm

      ကိုပေ ရေ…

      အူးဘားဂျင်းဆီပြန်နှပ်လေး က အော်ကရာ ရခိုင် ချက် ငပိငြုပ်သီး ဆီကျန်ရေကျန်လေးနဲ့ဆို လိုက်မှလိုက် ခင်ဗျာ့..
      စကားမစပ် …ဘောပွဲတွေ လောင်းချင်တာ မလောင်းတတ် လို့ နဲနဲ လောက် တစ်ပ် လေးပေး ပါဂျာ…ဒဲ့ပေးနော်
      ကိုပေရေးတာ တွေ က စေ့စပ်ပေမယ့် ကျွန်တော်က ပိန်းတော့ ဘာကို လောင်းလိုက်ရမှန်းမသိ ဘူးဖြစ်နေတယ်…
      ကိုပေသာ ဒီမှာ နေရင် ဘာမှ မလုပ်ပဲ ဘောရောင်းပြီး.အဲ..မွားလို့…. ဘောလောင်းပြီး ထိုင်စားလို့ ရတယ်ဗျာ..
      ခင်တဲ့
      ဘဆွေ။

  • pooch

    February 16, 2013 at 7:10 pm

    for ages, i am neck cut because of heavy training. and i am skint too.
    you know hiking stuff is too expensive like ” NorthFace” :mrgreen:

    • ဘဆွေ

      February 17, 2013 at 6:31 pm

      မယ်ပုချ် ရေ..
      သမီးလည်း အီးကောင်းတာ အဘ သိပါတယ်…
      မန်းလေးမှာ သမီး အီး နဲ့လုပ်စားနေတာ အဘ ကြားဘူးနားဝ ရှိထားတယ်…
      လက်ရှိ အီး တောင် ဒီလောက် ကောင်းနေတာ အင်္ဂလန် မှာ သာလာပြီး ကျောင်းတက်လိုက် လို့ကတော့ သမီး အီးတွေ မိုးပျံ သွားမယ်…

      Don’t be so moangy my flower, I am also shutted and skint too. Yes, things are getting dearer and cost you a fortune what ever you touch but you still keep on call in to those posh shops.
      ခင်တဲ့
      ဘဆွေ။

  • အရီးခင်လတ်

    February 16, 2013 at 8:36 pm

    တန်ဖိုးရှိတဲ့ စာစကားလေးတွေ အတွက် ကျေးဇူးပါ မောင်လေးအဘဆွေ ရေ။
    ဆက်ရေးပါ။ အားပေးနေပါတယ်။ 🙂

    • ဘဆွေ

      February 17, 2013 at 6:36 pm

      အရီးရေ…
      အားပေးသွား တာ ကျေးဇူးပါနော..
      စာတွေ့ နဲ့ လက်တွေ့ မှာ စကား အသုံး အနှုန်း မတူတာ လေးတွေ ကို ချပြ ချင်တာပါ.. အရီးတို့ ဘက်က ပြောတဲ့ လေသံ နဲ့ စကားလေး တွေလည်း ကြားချင်ပါတယ်..အချိန်ရရင် မျှပါဦး အရီးရေ..
      လေးစားလျှက်
      ဘဆွေ။

  • padonmar

    February 16, 2013 at 10:33 pm

    မလတ်လိုပဲခေါ်လိုက်မယ်
    မောင်လေးအဘကိုဆွေ
    သူတို့ပြောတဲ့ အင်္ဂလိပ်စကားဖတ်ပြီးကတည်းက သူများ အသံထွက်မှားတယ်ထင်ရင် ပြင်တတ်တဲ့ အကျင့် ဖျောက်ထားရတယ်။
    ဟုတ်တယ်လေ၊
    တကယ့် အင်္ဂလန်က ယော့ရှိုင်းယားသားတွေတောင် ဝှဲယား၊သဲယား၊အဲယားတယ်လို့ ပြောထားတယ်မလား။
    ဟိုတနေ့က တီဗွီမှာပြတဲ့ အင်္ဂလိပ်စာတန်းထိုး မြန်မာကားမှာ ရဲအောင်ကို မင်းမော်ကွန်းက ခင်ဗျား ကျနော်ညီမလေးကို သဘောကျနေတယ်မလားလို့မေးတာ Do you fancy my little sisiter? လို့ ဘာသာပြန်ပေးတော့ ကျမက fancy အသုံးသစ်ကို အံ့ဩနေမိသေးတယ်။
    That is good အစား That is sound
    ဒါတော့ သုံးဖူးတယ်။
    It looks sound ကောင်းပုံရတယ်လို့။

    Too expensive အစား too dear

    ဒါလေးတော့ မှတ်သွားပြီ၊ဈေးဝယ်ရင် ဈေးသည်မသိအောင် အတင်းအုပ်ချင်ရင် သုံးမယ်။
    ကျန်တာတွေလည်း အသုံးတဲ့တယ်။
    ရှဲ့ရှဲ့ သိုင်းကျူး Ta Tar

    • ဘဆွေ

      February 17, 2013 at 7:12 pm

      အစ်မ ကြီး ပဒုမ္မာ ခင်ဗျား..
      ကျွန်တော့စာဖတ်ပြီး ပေါက်ကရတွေ ကို နားမယောင်ပါနဲ့ နော….
      ဒါတွေက ဒီနယ်တစ် ဝိုက်မှာ သာ သုံးကြတာ များပါတယ် လူတိုင်းမဟုတ်ကြပါဘူး..ဆိုတော့
      ကလေးတွေ အသံ ထွက်တာ မှားရင် ပြင်သာ ပြင်ပါ နော …queen’s english(ဘီဘီစီ သုံး) က မှ တစ်ကယ် တတ်သင့်တာပါ။
      sound အသုံးကတော့ တော်တော် တွင်ကျယ်တယ်..ဥပမာ အလုပ်ခေါ်စာ ဆိုရင်..must have sound knowledge, must have sound experience, should have sound back ground လို့ သူတို့ အလိုရှိတဲ့ အရည်အချင်း ကို ထည့်ပြီးကြေညာတယ်။
      dear ကိုလည်း အဓိပါယ် အမျိုး မျိုး နဲ့သုံး ကြတယ် Ohhh, dear me.(သနားစရာကောင်းတဲ့ငါပါလား), How are you my dear(နေကောင်းလား အချစ်လေး), We are very dear(တို့တွေသိပ်ခင်ကြတယ်),
      Don’t be too dear to him.(သူ့ကို သိပ် အလိုမလိုက်နဲ့) စသဖြင့် သုံးကြတာပါပဲ။
      ကော်မန့်နဲ့ အားပေးသွားတာကို ကျေးဇူးပါခင်ဗျာ။

  • niki ta

    February 17, 2013 at 11:04 am

    ဗဟုသုတ စာသားတွေမို့လို့ ကော်ပီကူးပြီး သိမ်းသွားပါတယ်…

    • ဘဆွေ

      February 17, 2013 at 7:20 pm

      နီကီတာ ရေ.. လုံကလေး မွန်မွန် ရေ…
      ကိုယ့် အတွေ့အကြုံလေးတွေ ကို မျှတာ ပါ နော..ဒါကို တန်ဖိုးထား ပြီး ယူသွားတယ် ဆို လို့ အရမ်းကို သဘောကျ တာပဲ..
      အဲဒီလို ကော်မန့်လေးရေးလိုက်တာ ကို က အဘကို ပီတိဖြစ်စေပါတယ် ဆိုတာ…
      ခင်တဲ့
      ဘဆွေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 17, 2013 at 12:05 pm

    အပေါ်ကဘွားဒေါ်နှစ်ယောက်လိုဘဲခေါ်လိုက်ပါမယ်
    ညီယေးအဘဆွေ :mrgreen:
    အဲ့သည်လိုအသုံးနှုံးတွေပြောင်းလဲနေတာကိုတွေ့ရတော့ မူရင်းစကားဆိုတာတွေက
    ဘယ်ဟာလို့ပြောရမှာတောင်ခက်သလိုဘဲ
    ဆိုလိုတာက မူရင်းပါလို့ပြောနေတဲ့အကြောင်းတွေက ဒီလိုပြောင်းလဲနေတာကိုထောက်ရှု့ပြီး
    မူရင်းလို့ပြောနေတာဟာလည်းဟာသတစ်ခုလို့တောင်ဆိုနိုင်မလားဘဲ
    ပညာရှင်အဆင့်တွေးခေါ်ပြီးပြောရရင်တော့
    လူသားတွေရဲ့မူလစကားဟာ
    ဝူးဝူးဝါးဘဲဖြစ်ဖြစ်မယ်ထင်ဘာဒယ်
    စကားမစပ်
    အင်္ဂလန်ကလူတွေ ဒညင်းသီးအိုးစိမ်ကို ဘယ်လိုခေါ်ကြသဒုံးဗျ

    • ဘဆွေ

      February 17, 2013 at 8:13 pm

      ကိုယီး ဘပုခင်ဗျား..

      “အဲ့သည်လိုအသုံးနှုံးတွေပြောင်းလဲနေတာကိုတွေ့ရတော့ မူရင်းစကားဆိုတာတွေက
      ဘယ်ဟာလို့ပြောရမှာတောင်ခက်သလိုဘဲ
      ဆိုလိုတာက မူရင်းပါလို့ပြောနေတဲ့အကြောင်းတွေက ဒီလိုပြောင်းလဲနေတာကိုထောက်ရှု့ပြီး
      မူရင်းလို့ပြောနေတာဟာလည်းဟာသတစ်ခုလို့တောင်ဆိုနိုင်မလားဘဲ”

      သိရသလောက်ကတော့ ……ဘီစီ ၅၅ လောက် က ဂျူးလိယက်ဆီဇာ အင်္ဂလန်ကို ကျူးကျော် သိမ်းပိုက်တဲ့ အချိန်က
      ဆဲလ်တစ်ရှ် ဆိုတဲ့ ရိုမန်ဘာသာ စကားကို သုံးစွဲခဲ့ကြတယ်….
      အဲဒီနောက်ပိုင်းပြောကြတဲ့ အင်္ဂလိပ်စာ နဲ့ စကား ဟာအနောက် ဂျာမနီ ဘက်က မြစ်ဖျား ခံတယ် လို့ဆိုပါတယ် ၊အနောက်မြောက် ဘက်က ဂျာမန် ကျူးကျော် လာသူတွေနဲ့ နယ်သာလန် ဘက်က လူတွေ သယ်လာတဲ့ အန်ဂလိုဖရီရှန်း ဒိုင်ယာလိက် ပါတဲ့..
      အေဒီ ၁၀၀ဝ လောက်က သုံးတဲ့ အဂ်လိပ် စာနဲ့ စကားဟာ ရှေးဟောင်း ဂျာမန် စကားနဲ့ အတူတူ ဆိုတာ သိရပါတယ်….
      နောက်ပိုင်း မှာ တော့ ဒတ်ချ် ၊လက်တင်၊ရှေးဟောင်းဂရိ၊နော်မန် နဲ့ ပြင်သစ် စတာတွေ ကနေ ငှားသုံးပြီး ဒီနေ့ ပြောနေကြတဲ့ အင်္ဂလိပ်ဖြစ်လာတာ လို့ ကြားဘူးနားဝရှိခဲ့ ပါတယ်..လောလော ဆယ်မှာကို ပဲ…
      အော်စတေးလျ အင်္ဂလိပ်၊ နယူးဇီလန် အင်္ဂလိပ်၊ကနေဒီယမ် အင်္ဂလိပ်၊တောင်အာဖရိက အင်္ဂလိပ်၊ အင်ဒီးယန်း အင်္ဂလိပ်၊ကာရစ်ဘီယန် အင်္ဂလိပ် ဆိုပြီး လေသံကွဲ အသုံးကွဲတွေ သူ့ဟနဲ့သူ ရှိနေတော့ ဘယ်ဟာ က မူရင်းဆို တာ …
      ညီယေးရဲ တိတော့ဘူး…
      အဲ ….ဒညင်းသီး အိုးစိမ်တော့ … ဒါးဂျင်းနိစ် သံစော်နေး ဆိုလားမသိ ခေါ်တာ ကြားဘူးသလိုပဲ..
      ကိုယီး ကိုအဘပု စိတ်ချမ်းမြေ့ပါစေ ခင်ညား
      တားတား ညီယေး အဘဆွေ။

  • သကြားလုုံးကြော်

    February 17, 2013 at 5:19 pm

    အင်္ဂလိပ် အသုုံးအနှုံးတွေက အတော်ထူးဆန်းတာပဲ။ ဒါကြောင့် အမေရိကန်တွေက British တွေပြောတဲ့ အင်္ဂလိပ်စကားကိုု အမြဲသရော်နေတာဖြစ်မယ်။ ဟယ်ရီပေါ်တာဖတ်တုုန်းက British အသုုံးအနှုန်းတွေတော်တော်မှတ်မိလိုုက်သေးတယ် ။ အခုုတော့ မေ့ကုုန်ပြီ။ ဘာတဲ့ ” Do you reckon …..” ဆိုုလား။ Blimey! အပြင်မှာရော ဒီလိုုပြောကြလား။ ကောက်ကောက်ကွေးကွေးနော်။

    ဟိုုတလောကကြည့်တဲ့ ရုုပ်ရှင်ထဲမှာ အမေရိကန်ကလေးလေးတစ်ယာက်က အင်္ဂလိပ်လူကြီးတစ်ယောက် စကားပြောတာနားထောင်ပြီး “You sound like Harry Potter” လိုု့ပြောတယ်။

    တချို့ ဗြိတိရှ် အသံဝဲပုုံက နားထောင်လိုု့တော့ကောင်းသား။ လန်ဒန်က ပြန်လာခါစက ရောဂါထလာပြီး British accent ပြောဖိုု့ကြိုးစားလိုုက်သေးတယ်။ တပတ်လောက်ပဲခံပြီး အာလေးလျှာလေးလုုပ်ပြောရတာ ပင်ပန်းလိုု့ ပျောက်သွားရော။

    • ဘဆွေ

      February 17, 2013 at 8:46 pm

      သကြားလုံး လေးရေ…
      ဟုတ်ပါတယ် ကွယ်… အင်္ဂလိပ်နဲ့ အမေရိ ကန် က တစ်ယောက်ကို တစ်ယောက် အမြဲ အပြစ်တင် သရော် နေကြတာပါ..
      အမေရိကန် က နင်တို့အင်္ဂလိပ် ကို… နင်တို့ အင်္ဂလိပ်စကား က လျှာရှည်တယ် စကားရှုပ်တယ် ဝေ့လည်ဂျောင်ပတ် နိုင်တယ် ပေါ့…
      အင်္ဂလိပ် ကလည်း အမေရိကန် ကို….ငါတို့စကားကိုဖျက်တာ နင်တို့.. အကုန်ချူံ့ပြစ်တယ် ဂလမ်မာတွေ လည်း ပြောင်းပြစ်တယ် …
      အရင်းမရှိ အမြစ်မရှိ ခွေးဝင်စားတွေတဲ့…
      English says: I hired a taxi and went there.
      American says: I taxied there. ( taxi = noun ကို taxied = verb လုပ်ပြစ်လိုက်တာ ..တိုလည်းတို ရေးရလည်း သက်သာ)

      လန်ဒန် နေဘူးတယ် ဆိုတော့ အဲဒိဘက် ကအဝဲတွေလည်း ကြားဘူးမိ မှာ ပေါ့ နော..တောင်ပိုင်းသားတွေ အရမ်း ဝဲတယ်ကြားတယ် ကြုံတော့ ကြုံဘူးသေးဘူး… reckon ကတော့ အတော်လေးကို သုံးကြတယ် insist လို့လည်း သုံးတယ်…
      ကော်မန့်နဲ့ အားပေးသွားတဲ့ အတွက် ကျေးဇူးပါနော…

      ခင်တဲ့
      ဘဆွေ။

      • သကြားလုုံးကြော်

        February 18, 2013 at 1:00 am

        အဘဆွေရေ၊ လန်ဒန်မှာ မနေဘူးပါဘူး။ ရောက်ဖူးတယ် ကြွားလိုု့ရရုုံလေး ရောက်ဖူးတာပါ။ ဒါကြောင့် အင်္ဂလိပ်ဝဲသံကိုု တော်တော်နားထောင်ယူရတုုံးပါ။ အိုုင်းရစ်ရှ်တိုု့ စကော့ ၊ တောင်ပိုုင်းအမေရိကန် လေသံ တိုု့ဆိုု အခုုထိ နားမလည်ဘူး။ James Bond နဲ့ True Blood ကြည့်ရင် အောက်က စာတမ်းထိုုးကြည့်ရတယ်။

  • ဦး ကျောက်ခဲ

    February 17, 2013 at 6:49 pm

    ဟီ ဟိ အပေါ်က ကပုလေလိုက်နင်းမယ် ညီယေးအဘဆွေ

    ခီညားတို့ အဂ်လန်ပြည်က ထွင်လိုက်ရင် စကား အဆန်းကြီးပဲ…
    အကျိုးနဲ… ကောက်ကနီယန်မို့ စကော့မို့ အပြင်သူကသူတို့ကိုပြန်နားလည်ပေးနေရတာ…
    အဲသာတော့ မနိပ်ပေါင်ဗျာ…
    ဘာပဲပြောပြော… ကိုရင် တိုးတိုးစကားတွေချန်ခဲ့သေးတယ်…
    အဲသာတွေပါ ထပ်ဖြည့်ပြောပါဗျ…. ဟီ ဟိ
    :harr:

    • ဘဆွေ

      February 17, 2013 at 9:50 pm

      ကိုယီး ကိုကျောက်…
      (ဟာ..ကိုယ့်ဟာကိုယ်ရေးပြီးမှ အသံထွက် ခေါ်ကြည့်တော့ နဲနဲ စတွန့်သွားတယ် ဒါပေမယ့် ဒီတိုင်းပဲထားလိုက်တော့မယ်)
      ဘာ….. ခီညား တို့ အင်္ဂလန်လည်း…သူပဲ ဒီမှာ လာမွှေ ပြီးလို့ ဝမှပြန်သွား တာများ…ဟွင်းဟွင်း နော် ဖွလိုက်ရမလားးးးးးးးးးး
      အေးဗျ…… ကိုကျောက်ပြောတာ ဟုတ်တယ်…ကျွန်တော် တို့တွေကို နိူင်ငံခြားသားမို့ လျော့ ပေးမယ်မရှိဘူး….သူတို့ပြောသမျှနားလည်ရမယ် လို့မှတ်ထားကြတာ..ပြောတော့လည်း တက်လိုက် ကျလိုက် ဝေ့လိုက်ဝဲလိုက် နဲ့ ကိုယ်တွေ ကပဲ ကြိုးစားပြီးနားလည်ပေးရတယ်..တစ်ကယ် မနိပ်ဘူး..
      ကိုကျောက်ရာ …အတူတူ တွေဟာကို ..တစ်ရှိုက် ပိုရှူ ချင်နေပြန်ပြီ(ခရက် ဒစ်တူ ကိုကျောက်)
      ဘာမှတိုးတိုး စကားတွေ မရှိရပါဘူး..ဗျာ.သိသလောက်လေးရေးရတာပါ နော..
      စကားမစပ်..ရွာထဲမှာ လိုက်ပြီး မိန်းမတောင်းနေတယ်ကြားတယ်…ဆက်သာချ ဗျာ အားမငယ်နဲ့…
      ကျွန်တော်လည်း ကြံရာမရတာနဲ့ သူငယ်ချင်း တစ်ယောက် ရဲ့ နှစ်မတွေ ကိုကြံနေတယ်..သူလည်း နားငြီးလွန်းလို့လားမသိဘူး ဒီတစ်ခေါက်ရန်ကုန် ပြန်ရင် သွားတွေ့တဲ့…အခွင့်ပေးလိုက်ပြီ…နှစ်ယောက်တောင်ရှိတာဗျ..အကြီးရရ အငယ် ရရ ပဲ..ဘာမှအားမငယ်နဲ့
      ကျွန်တော် ရွေးပြီးရင် ကျန်တာ ကိုကျောက် အတွက်ကြီးပဲ….ပွဲခတော့ ပေးရမယ်နော်…သိပ်အဆိုးကြီးတွေ မဟုတ်ဘူးဗျ..ကိုယ်လုံး ကိုယ်ပေါက်နဲ့ ရုပ်ကလေးတွေကတော့ မလှရှာကြဘူး… ဒါပေမယ့် ပညာမတတ်တာ အသုံး အဖြုန်းကြီးတာ အိမ်မှုကိစ္စ မနိုင်နင်းတာ မိဘရိုသေသမှုမရှိတာ အပျင်းနဲနဲကြီးတာ စီးပွားမရှာတတ်တာ ဘာသာရေးမကိုင်းရှိုင်းတာ နှစ်လုံးသုံးလုံးလေးတွေဝါသနာပါတာ အစားသောင်းကျန်းတာ မိန်းမတန်မဲ့အိမ်မကပ် အလေလိုက်တာ လေးတွေက လွဲရင်ဘာမှအပြစ်ပြောစရာမရှိဘူး……အဲ ပေါ်တာလေးတွေ ဝယ် ဝတ်ပြီး ဖုန်းအသစ်ပေါ်တိုင်း ဝယ်ကိုင် ကားတစ်ဝီဝီနဲ့ ဗေဒင်မေး နတ်ကနားပေးတာလေးတွေတော့ ကိုယ်တွေဘက်က နားလည် ခွင့်လွှတ်ပေးရမှာပေါ့ လေ…ဒါလောက်ဆိုရပြီမလား…
      ညီအကိုတော်ကြမယ်ဗျာ နော့….
      ချစ်တဲ့
      ညီယေး ဘဆွေ။

      • ဦး ကျောက်ခဲ

        February 18, 2013 at 7:51 am

        ဟမ်မလေး ကိုဆွေ…

        တော်ပါပြီလို့ သုံးခါမဟုတ် လေးခါပြောရမယ့် “တော်လေးဝ” ဝင်မဒီများကို ကိုရင်မို့ မကြောက်မရွံ့…
        ဟီ ဟိ… ဖတ်ရတာနဲ့တင် ကြက်သီးမွေးညင်းထမိတာမို့…
        “တော်ပါဘီစိတ်ကုန်တယ်… ပန်းခြံထဲကသစ်ပင်ပေါ်မှာ သွားနေမယ်”
        ဟိ… အတွဲချောင်းဖို့…
        :harr:

      • Foreign Resident

        February 18, 2013 at 10:22 am

        ကောင်းလိုက်တဲ့ သတို့သမီးလောင်း အရည်အချင်းတွေ ၊
        ဦးကျောက်ရေ ၊ လက်မလွတ်စေနှင့်ဗျ ။ 😛

        • ဘဆွေ

          February 18, 2013 at 9:50 pm

          ဟုတ်ပါ့ အဘဖော ရယ် နဲနဲလောက်ကြည့်ပြီး ကိုကျောက် ကို တွန်းအားပေးလိုက်ပါဦး…
          ဒါမျိုးက ရခဲတယ် နော….ဟီဟိ..

  • weiwei

    February 18, 2013 at 9:10 am

    ဗဟုသုတအနေနဲ့ မှတ်သားသွားပါတယ် အဘဆွေ ..
    ဘာသာစကားတွေကို လေ့လာလိုက်စားလိုက်မိရင် မဆုံးနိုင်လွန်းလို့ ကိုယ့်ဟာကို အဆုံးသတ်ထားလိုက်တာ ကြာပါပြီ … အထူးသဖြင့် အသံထွက်မှာ ဆရာတွေတောင်မှ တစ်ယောက်တစ်မျိုးထွက်နေကြလို့ ဘယ်ဟာမှန်မှန်းလဲ မသိတော့တာမို့လု့ိ ကိုယ့်ဟာကိုပဲ အမှန်လို့ ယူဆပစ်လိုက်တော့တယ် …

    • ဘဆွေ

      February 18, 2013 at 10:11 pm

      မဝေခင်ဗျား..
      ဘာသာစကား ကတော့ ဘယ်လောက် လိုက်လိုက် မဆုံးတာ အမှန်ပါပဲ…ဒါကြောင့်ကျွန်တော်လည်း ရပ်ထားတယ် ..ဆက်လိုက်လည်း ခွေးအိုမှ လက်ပေးသင် သလို ဖြစ်မှာပဲ..ဘာမှထပ်ပြီးတတ်မှာ မဟုတ်တော့ဘူး…
      အသံထွက် ကတော့ တစ်ကယ် ကို ရှုပ်ပါတယ်..
      ကျွန်တော် ငယ်ငယ်က သိထားတဲ့ ဦးနှောက် အစိတ်အပိုင်း တစ်ခု ကို (medulla) မဒါးလား လို့ တစ်သက် လုံးသိထားခဲ့တာ ပြီးခဲ့တဲ့ တစ်ပတ်က မှ ရုပ်ရှင်ကြည့်တော့ အဲဒီထဲမှာ ခေါ်တာ မဂျူလာ လို့အသံထွက်မှန်းသိလိုက်ရတယ်..အနှစ် အစိတ်ကျော်နေပြီ ဟီးဟီး

  • surmi

    February 18, 2013 at 11:08 am

    အဘဆွေရေ
    အခုမှအရင်ရေးထားတာပြန်ရှာပြီး ကူးရမှာ
    နောင်လည်း အချိန်ရရင် ရေးပါဦး ။အဘဆွေအပါအဝင်နိုင်ငံစုံက ရွာသူားမျုားက အတွေ ့အကြုံတွေ ရေးတာတွေဖတ်ရမှ ကျနော်တို ့ ့လည်း ဘာသာစကားကွဲပြားပုံတွေကို ကြာဖူးမှာပါ
    ကျေးဇူးပဲအဘဆွေရေ ….. မျှော်နေမယ်နော

    • ဘဆွေ

      February 18, 2013 at 10:22 pm

      ကိုဆာမိ ခင်ဗျား..
      လာရောက် ဖတ်ရှု အားပေး သွားတဲ့အတွက် နောက်ဆက်ရေးဖို့ ကို အားရှိသွားပါတယ် ခင်ဗျား ကျေးဇူး တင်ပါတယ်နော…
      ခင်တဲ့
      ဘဆွေ။

  • kyeemite

    February 18, 2013 at 1:19 pm

    အင်မတန် ဗဟုသုတရစေတဲ့ပို့စ်ကောင်းလေးပါ ကိုဘဆွေရေ..
    ကျနော်က အင်္ဂလိပ်စာခပ်ချာချာဆိုတော့ အထွေအထူးမဆွေးနွေးတော့ပါဘူး..
    ဖတ်မှတ်သွားပါတယ်ဗျို့… :hee:

    • ဘဆွေ

      February 18, 2013 at 10:42 pm

      ကိုမိုက်ရေ..
      အဲဒီလို မဆွေးနွေး တာ ကို က တော်ကြောင်း တတ်ကြောင်းပြသွား တာ ပါခင်ဗျ… ဗဟုသုတရတယ်ဆိုလို့ လာဖတ်သွားတာကို ကပဲကျေးဇူး ကြီးလှပါပြီခင်ဗျား …
      လေးစားခင်မင် ပါတယ်နော
      ဘဆွေ။

  • koaung

    February 18, 2013 at 1:31 pm

    ကိုဆွေရေ မှတ်သားသွားပါတယ် ဆက်ပါဦးဗျိုး ဘယ်နိုင်ငံရောက်ရောက် အီ:ကမားသားလမ်:ဂွစ်လိုထား
    ပြီ:သုံးနေရတာပါ မိုဘိုင်းတွေ ကွန်ပြူတာတွေလဲ အီ:နဲ့သုံးမှစိတ်ကျေနပ်တယ်

    • ဘဆွေ

      February 18, 2013 at 10:49 pm

      ကိုအောင်ခင်ဗျား…
      ဟုတ်ပါတယ် ခင်ဗျား…အီးက နေရာတစ်ကာမှာ အသုံးကျပါတယ်..တခြားလည်း ဘာ ဘာသာစကားမှ မတတ်တော့ ဘယ်ရောက် ရောက် ဘယ်နိုင်ငံ သွားသွား ဒီ အီးလေး ပဲ အားကိုးနေရတာပါ..အီးကောင်းလေ အခွင့်အရေး ပိုရလေပါ ခင်ဗျား…
      ခင်တဲ့
      ဘဆွေ။

  • Wow

    February 18, 2013 at 3:29 pm

    အဘဆွေစာကိုဖတ်ပြီး အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အပေါ်မရောက် အောက်မရောက် အလယ်ကျတော့လဲ အဆင်မပြေတဲ့ ကိုယ့်ဘွကို ကိုယ်တွေးပြီး မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားပါဂျောင်းးးး :byae:

    • ဘဆွေ

      February 18, 2013 at 11:03 pm

      ဝေါင်းရေ…

      အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အပေါ်မရောက် အောက်မရောက် အလယ်ကျတော့လဲ အဆင်မပြေတဲ့ ကိုယ့်ဘွကို ကိုယ်တွေးပြီး မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွား စရာ မလိုပါနော..တတ်ချင် တော်ချင်ရင် လေ့လာ သင်ယူဖို့ အတွက် ဘယ်တော့ မှ နောက်မကျ ပါဘူး နော…ပြီးတော့ အင်္ဂလိပ်စာ တတ်မှ ဘဝ မှာ အောင်မြင်တယ် လည်း မဟုတ်ပါဘူး နော..တတ်ထားရင်တော့ကောင်းတာပေါ့… အဓိက ကျတာက ဘာ အလုပ်ပဲလုပ်စားစား ကိုယ်လုပ်တဲ့ အလုပ်မှာ ကြွမ်းကျင် ဖို့သာ အဓိကပါနော..
      အားပေးလျှက်ပါ..
      ဘဆွေ။

Leave a Reply