အိသော ရေမြှပ်မွေ့ယာ

maypearlJuly 21, 20101min2112

လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် တနေကုန်ပင်ပန်းထားသမျှ ညအိပ်ယာဝင်ချိန်တွင် ကောင်းမွန်စွာ အိပ်စက်အနားယူရန်လိုအပ်ပါသည်။ လူအတော်တော်များများဟာ မွေ့ယာကို အိရုံဖြင့် အိပ်လို့ကောင်းသည်ဟူသော အတွေးအခေါ်အမှားများရှိနေတတ်ပါသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ထိုထင်မြင်ယူဆချက်မှာ မှန်သည်ဟုတွေးရန် အလွန်ခက်ခဲပါသည်။  ပုံမှန်အားဖြင့် မွေ့ယာအမျိုးအစား သုံးမျိုးရှိပါသည်။ စပရိန်၊ရေမြှပ်နှင့် မှို့တို့ဖြစ်သည်။ ထိုအပေါ်တွင်မှ ထပ်ဆင့်ပြီး အမျိုးအစား များ ကွဲပြားသွားခြင်း ဖြစ်သည်။

မြန်မာလူမျိုးတော်တော်များများသည် ဈေးနှုန်းသင့်တင့်ပြီး အိပ်စက်ရ အိသော ရေမြှပ်မွေ့ယာများကို မင်္ဂလာအခမ်းအနားများ၊ ဟိုတယ်များ နှင့် အိမ်များတွင် သုံးလေ့ရှိကြပါသည်။ ရေမြှပ်ဆိုသည်မှာ ဓာတုဗေဒနှင့် ပြုလုပ်ထားသဖြင့် ပုံမှန်သတ်မှတ်ထားသော အထူထက် လွန်ကဲပါက လူ့ကျန်းမာရေးကို အနည်းနှင့် အများထိခိုက်နိုင်ပါသည်။ရေမြှပ်မွေ့ယာသုံးမည်ဆိုပါက 2လက်မ၊4လက်မထုလောက် သာ သုံးသင့်ပါသည်။ 4လက်မထက် ကျော်လွန်သွားပါက အိပ်စက်ရန်အဆင်မပြေတော့ကြောင်းတွေ့ရှိရပါသည်။ ထူတာကြိုက်သဖြင့် 6လက်မထုသုံးချင်တယ်ဆိုလျှင် ကိုယ့်ကျန်းမာရေးကောင်းမွန်ပါက ပြသနာမရှိနိုင်သော်လည်း အခန့်မသင့်လျှင် ခါးညောင်းတာ၊ ခါးနာတာမျိုးဖြစ်တတ်ကြောင်းတွေ့ရှိရပါသည်။

ရေမြှပ်မွေ့ရာသုံးလျှင် 8လက်မထုလုံးဝမသုံးသင့်ကြောင်း အကြံပြုပြောကြားချင်ပါသည်။ရောင်းချသော ဆိုင်များမှလည်း ရေမြှပ်မွေ့ရာအား 8လက်မထု ထုတ်လုပ်ရောင်းချမှု မရှိပါ။ 8လက်မထုမွေ့ရာ သုံးချင်ပါက မှို့မွေ့ယာ (သို့မဟုတ်) စပရိန်မွေ့ယာများကို အစားထိုးသုံးနိုင်ပါသည်။ ပုံမှန်အားဖြင့် မှို့မွေ့ယာမှာ ရေမြှပ်မွေ့ယာနှင့် ဈေးနှုန်းကွာခြားမှု့ သိပ်မရှိပါ။ မှို့မွေ့ယာမှာ ရေမြှပ်မွေ့ယာကဲ့သို့ အိစက်မှု့မရှိသော်လည်း သဘာဝမှထုတ်လုပ်ထားခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ မှို့မွေ့ယာတွင် အမျိုးအစားပေါင်း 4မျိုး၊5မျိုးခန့် ထုတ်လုပ်ကြောင်း သိရှိရပါသည်။မှို့မွေ့ယာတွင် ပိုမိုအိစက်သောအမျိုးအစားကိုလိုချင်ပါက B အမျိုးအစားကိုရွေးချယ်ရပါမည်။

2 comments

  • etone

    July 22, 2010 at 2:04 am

    maypearl ကမွေ့ယာဆိုင်ဖွင့်ထားတာလား ။ 😛

  • maypearl

    July 22, 2010 at 4:49 am

    မွေ့ယာဆိုင်တော့မဖွင့်ထားပါဘူး။သိသလောက်လေးတွေကို ပြန်ပြီးမျှဝေပေးတာပါ

Leave a Reply