ကျွန်မနဲ့ ရ နှစ်သက်တမ်း ပျိုးထောင်သူ
ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျွန်မဘဝမှာ ထူးထူးခြားခြား အမှတ်တရဖြစ်စေခဲ့တဲ့ ဘဝတစ်ဆစ်ချိုးတွေထဲက အမှတ်တရ နေ့လေး တစ်ခုပါပဲ ။ တစ်ခါမှ အကျွမ်းတဝင်ပတ်သတ်ခဲ့ ဖူးခြင်းမရှိတဲ့ ၊ ပတ်ဝန်းကျင်သစ်တစ်ခုနဲ့ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ နေ့လေးလို့ ပြောလျှင်လည်း မမှားနိုင်ပါဘူး ။ မတူညီတဲ့ စိတ်ဓါတ် ပိုင်ရှင်မျိုးစုံနဲ့ သိကျွမ်းခွင့်ရတဲ့ နေ့လေး တစ်နေ့အဖြစ်လည်း သတိတရရှိနေခဲ့ပါတယ် ။ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မရည်ရွယ်ပါပဲ ၊ မိမိဆန္ဒမပါပဲ မိဘ၊ ဆွေမျိုးများရဲ့ ထိန်းချုပ်မှုနဲ့ သွပ်သွင်းခြင်း ခံရလိုက်ရတဲ့ ပထမဆုံးအလုပ်ခွင်ဝင်ခဲ့ရတဲ့ နေ့လေးပါပဲ ။ ဘာလိုလိုနဲ့ (၇)နှစ် ပြည့်ခဲ့ပါပြီ ။
%%%%%%%%%%%%%%%
ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဘဝကို ဘာမှ အပူပင်မရှိ ၊ ခံယူချက်မပြင်းထန် ၊ အမေရှိလျှင် ငွေရှိတယ်လို့ကြွေးကြော်နေသူ အလုပ်မရှိ အကိုင်မရှိလူတစ်ယောက်အတွက် ၊ ပထမဆုံး အလုပ်ခွင်ထဲ စရောက်တဲ့နေ့လောက် စိတ်ညစ်စရာကောင်းတာမျိုး အရင်က မကြုံဖူးခဲ့ပါဘူး ။ အလုပ်မလုပ်ခင်က လွတ်လွတ်လပ်လပ် နေချင်သလိုနေခဲ့ရပြီး ၊ အိပ်ယာထချင်တဲ့အချိန်မှ ထ ၊ စားချင်တဲ့အချိန် ထစား ၊ သွားချင်လျှင် ထသွားလို့ ရနေတဲ့ ကိုယ်ပိုင်တဲ့ ကိုယ့်အချိန်တွေ ဖြစ်ခဲ့ဖူးပေမယ့် အလုပ်ခွင်ထဲလည်းရောက်ရော ၊ ကိုယ့်အတွက်ရယ်လို့ သတ်သတ်မှတ်မှတ်ထားပေးထားတဲ့ အလုပ်စားပွဲတစ်ခုမှာ အခြားသော လုပ်ဖော်ကိုင်ဖက်များ နည်းတူ ၊ အိန္ဒြေရရထိုင်ရပြီး ကွန်ပျူတာ မော်နီတာကိုပဲ မျက်စိညောင်းလောက်အောင် မကြည့်ချင်လည်း ကြည့် ၊ ကြည့်ချင်လည်း ကြည့်လို့ အလုပ်ချိန် 8 နာရီစလုံး နေခဲ့ရပါတယ် ။ အိမ်မှာနေတုန်းက ဂိမ်းဆော့ချိန်လောက်သာ မော်နီတာကို ကြည့်ခဲ့ဖူးတာကြောင့် အလုပ်နဲ့ပတ်သတ်လို့ အီးမေးလ်စာတွေဖတ်ရ ၊စာရင်းတွေတွက်ရတဲ့အခါ ဇက်ကြောတွေတက်လို့ ခေါင်းတွေမူးကာ မျက်စိတွေတောင် ပြာချင်ချင်ဖြစ်ခဲ့ရပြန်တယ် ။ မော်နီတာ ညာဘက်ထောင့်က နာရီလေးကို စက္ကန့် ခြားစီ တခါ ကြည့်ရင်း အချိန်တွေ ကုန်ခဲလိုက်တာလို့ ညည်းတွားခဲ့ဖူးတယ် ။ ရုံးတက်ရမယ့်နေ့တွေကို မုန်းတီးလွန်းလို့ ၊ နေမကောင်းဘူး အယောင်ဆောင်ပြီး လှိမ့်ပိတ် အိပ်ခဲ့ဖူးတယ် ။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းဘူးကိုယူပြီး ၊ ရုံးလစ်လို့ ရုပ်ရှင်သွားကြည့်ခဲ့ဖူးတယ် ။ အချိန်ပြည့်အလုပ်မလုပ်ချင်ခဲ့တဲ့စိတ်ကြောင့် အကြောင်းပြချက်များစွာပြပြီး ၊ အလုပ်ထုတ်ခဲ့ရလေမလားဆိုတဲ့အတွေးနဲ့ ၊ အလုပ်ဝင်ပြီး တစ်လတောင်မပြည့်သေးခင်ပဲ ဘယ်သူ့ခွင့်ပြုချက်မှ မတောင်းပဲ … ခွင့်ဆယ်ရက်ယူလို့ နယ်ကို ခရီးထွက်ခဲ့ဖူးတယ် ။ နေသားတကျ ဖြစ်မနေတဲ့ ပတ်ဝန်းကျင်မှာ အရာရာတိုင်းက စိတ်ညစ်စရာ၊စိတ်ရှုပ်စရာတွေချည်းပါပဲ ။
ရွေးချယ်ခွင့်၊ ငြင်းဆန်ခွင့်မရှိပဲ လက်ခံလိုက်ရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ရပေမယ့် ၊ ကျွန်မ အရမ်းကံကောင်းခဲ့ပါတယ် ။ ကျွန်မကို အလုပ်လုပ်နိုင်စွမ်းရှိအောင် အလုပ်မြဲအောင် ၊ တာဝန်သိတတ်အောင် ၊ တာဝန်ကြေတတ်အောင် ၊ အဖက်ဖက်ကနေ နည်းမျိုးစုံနဲ့ သင်ကြားပေးခဲ့တဲ့ အပြင် ၊ စိတ်ဓါတ်ရေးရာအရပါ အတိမ်းစောင်း နိမ့်ပါးမှုမရှိအောင် သင်ပေးနိုင်ခဲ့တဲ့ လူတစ်ယောက်လက်အောက်မှာ အလုပ်လုပ်ခွင့်ရခဲ့လိုပါပဲ ။ စိတ်ခွန်အားတွေပေးပြီး ၊ အလုပ်ကိစ္စအရာရာကို လုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခဲ့တဲ့ သူ့အရည်ချင်းကိုမှီဖို့ ကျွန်မ အများကြီး ကြိုးစားရဦးမှာပါ ။ ကျွန်မဆရာရဲ့ ပါးနပ်စွာ လေ့ကျင့် သင်ကြားပေးမှုအောက်မှာ အလုပ်တစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်ခွင့်ရခဲ့တယ် ။
လူတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု မဖြစ်မနေရှိသင့်တယ်ဆိုတဲ့ အသိမျိုးလည်း ရခဲ့တယ် ။ တာဝန်ယူတတ်မှု အခန်းကဏ္ဍ ၊ ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းတတ်မှု ၊ လျှင်ပါးစွာထိန်းချုပ်လုပ်ဆောင်နိုင်မှု ၊မှန်ကန် မြန်ဆန်စွာဆုံးဖြတ်ချက်ချ နိုင်မှုတွေကိုလည်း အမြဲတစေ သင်ခွင့်ရခဲ့ပါတယ် ။ ဒါတင်မကပဲ အလုပ်ခွင်မှာ နေတတ်ထိုင်တတ်စေရန်နှင့် ပြောဆို ဆက်ဆံတတ်စေရန်ပါ အလျဥ်းသင့်သလို သင်ပေးခဲ့ပါသေးတယ် ။ ဂျစ်ကန်ကန် ၊ ထင်ရာစိုင်း ပြန်မပြော နားမထောင်အကျင့် စွဲကပ်ခဲ့တဲ့ တပည့်ဖြစ်သူကိုလည်း ပရိယာရ်ကြွယ်ဝစွာနဲ့ မခံချင်စိတ်ကို တွန်းအားပေးပြီး လိုသလိုပုံဖော် သင်ကြားပေးနိုင်စွမ်းခဲ့သူပါ ။
ဆရာ့ရဲ့ ပါးနပ်တဲ့ လေ့ကျင့် ညွှန်ကြားပေးမှုတွေကြောင့် အလုပ်ပျင်းတစ်ယောက်ဘဝ ကနေ ၊ အလုပ်မှန်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ပြန်တယ် … အဲ့ဒီကနေ တဆင့် တဆင့်တိုးလို့ .. အလုပ်ပျော်ဘဝရောက်သွားခဲ့ပြီး ၊ အခုဆို တာဝန်ယူစိတ်နဲ့ အလုပ်ကို ချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ကျွန်မဆရာက တခြားသော အထက်လူကြီးများလို တပည့်တွေကို အကုန်ခိုင်းကာ ၊ အသာစီးက နောက်ဆုံး နာမည်ယူ လက်မှတ်ထိုးရုံလောက်သာ လုပ်ခဲ့သူမျိုးမဟုတ်ပဲ ၊ ဒိုးတူပေါင်ဘက်အလုပ်လုပ်ခဲ့ပြီး စံနမူနာအဖြစ်နေပေးခဲ့သူမျိုးပါ ။ ဘဝတစ်ဆစ်ချိုးမှာ လူရဲ့ အမူအကျင့်တင်မက ၊ စိတ်ဓါတ်ကိုပါ ပြောင်းလဲပေးနိုင်တဲ့ လူမျိုးရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရဖူးတာ ၊ ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ အတွေ့ကြုံကောင်းတွေပါပဲ ။ သူ့ရဲ့ လေ့ကျင့်မှုတွေအောက် ၊ အဆင်ပြေပြေ အလုပ်လုပ်နိုင်လာခဲ့တဲ့အချိန်မှာ သီးခြား တာဝန်ပေးခြင်းမျိုးခံခဲ့ရတာ အလုပ်ဝင်ပြီး နှစ်နှစ်လောက်အကြာမှာပါ ။ အဲ့ဒီအချိန်ကြမှ အလုပ်နဲ့ပတ်သတ်ပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ အလုပ်သမား တစ်ယောက်ရဲ့ ဘဝ နဲ့ တာဝန်ယူမှု အပိုင်းကို ဆရာသင်ပေးခဲ့တဲ့ အတွေ့ ကြုံတွေသုံးပြီး ဖြတ်သန်းနိုင်ခဲ့ပါတယ် ။ အခက်ခဲတွေကြုံရတိုင်းစိတ်ဖိစီးမှုတွေ အားငယ်မှုတွေ ရှိခဲ့ပေမယ့် စိတ်ခွန်အားတင်းပြီး ရုန်းကန်နိုင်ဖို့ ပျိုးထောင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါဘူးလေ ။
%%%%%%%%%%%%%%%
အမှတ်တရနေ့တွေများထဲက တစ်နေ့ဖြစ်တဲ့ ဒီနေ့လေးမှာ ကျေးဇူးတင်ထိုက်သူတစ်ဦးအကြောင်းကို ရွာထဲက ကျွန်မဘဝတစိတ်တပိုင်းထဲမှာ ကျန်ရစ်နေစေဖို့ ရည်ရွယ်ပြီး အစီစဉ်တကျမရှိတဲ့ စာတိုလေးတပုဒ်ကောက်ရေးမိပါတယ် ။ အလုပ်ဝင်ခဲ့တာ (၇) နှစ်ပြည့်တဲ့ အထိမ်းမှတ်ကို ရည်ရွယ်သလို ၊ အရမ်းတော်တာတောင် လူပျိုဂျီးဖြစ်နေရတဲ့ အသက်လေးဆယ်ဝန်းကျင် ကျွန်မဆရာကို သွယ်ဝိုက်ပြီး ကြော်ငြာဝင်သွားခဲ့ပါတယ်နော် … စိတ်ဝင်စားတဲ့ အပိုရီး ၊ အပိုလတ်၊ အပိုလေးတို့ ဆက်သွယ်ကြပါကုန် … ခိခိ .. 😆
33 comments
nozomi
February 22, 2013 at 5:11 pm
ခါးသီး ခဲ့တဲ့ အတွေ့အကြုံတွေက နောင်တချိန်ကျ ပို ချို တတ်တယ်
အဲဒီ အချိန်တုန်းကတော့ ထွေး ထုတ်ဘို့ပဲ စဉ်းစားနေခဲ့မိတာပေါ့
ရွာထဲ အပိုကြီး ဖြစ်ကြောင်း ကြေငြာထားတာတော့ မတွေ့မိဘူး
ဆိုင် မဆိုင်တော့ မသိ ဦးကျောက်လဲ လူလွတ်ကြီး လို့ ပြောတာပဲ
မိတ်ဆက်ပေးကြည့်ပါလား
etone
February 22, 2013 at 6:36 pm
ဦးနိုရေ အူးကျောက်ကိုသိပ်မပြောရဲဘူး သူ့သက်ဆိုင်သူက ဖတ်မိလျှင်စိတ်ကောက်သွားဦးမယ်
ဒီနှစ်ထဲ အစွံထုတ်မယ်ဆိုလား ဘာဆိုလားပဲ
တော်ကြာ သူဘာသာသူ ဘူပိတ်နေတာ ပတ်ရမ်းခံနေရဦးမယ် :kwi:
မောင်တင့် တယ်
February 22, 2013 at 5:36 pm
အလုပ်မှာ ကျွမ်းကျင်လာရင်.. အလုပ်မှာ ပျော်တတ်တာကထုံးစံပါပဲ..
ကျွန်တော် မောင်တင့်တယ်လည်း ထို ့နည်းလည်းကောင်းပါပဲ ခင်ဗျ…
ဒါနဲ ့.. ဆရာ ကိုတော့ စိတ်ဝင်စားဘူး…
(တပည့် ဆိုရင်တော့ တစ် ညိုးပေါ့ယေ.. ဟဲဟဲ..
နောက်တာနော်..မောင့်တင့်တယ်က နတ် လူနဲ ့တည်းဝူး..ဟီး..)
etone
February 22, 2013 at 6:48 pm
တပည့်ကလည်း အပိုရီးပါချင့်
နတ်လည်းမဟုတ် လူလည်းမဟုတ်ပါဘူး ကြောင်ပါချင့်
ချိတ်ဝင်ဂျားလျှင်ပုစွန်ထုတ်ကြော်ဖြင့် တင်တောင်းပါ ခွိခွိ :harr:
Wow
February 22, 2013 at 5:38 pm
ခုတ်ရာတခြား ရှရာတလွဲတော့ဖစ်ပီ..
အူးကျောက်နဲ့သာ မိတ်ဆက်ပေးလိုက်ပါအေ… :kwi:
ခင်ခ
February 22, 2013 at 7:24 pm
ကိုကျောက်တစ်ယောက်လည်း ဂဇက်ဆုံတွေ့ပွဲပြီး
စန်းထနေပါလား။
ကြည့်ရတာ ကိုကျေက်တို့ ခေတ်ဆန်းချိန်ရောက်ပြီနဲ့တူတယ်ဗျ။
မောင် ပေ
February 22, 2013 at 7:45 pm
ကကြီးကိုကို ဆရာပျို
အသက်ကလေးက လေးဆယ်အို
အပျိုတွေ ့တော့ ရွေးမယ်ဆို
မနမမပေးပါဗျို
မောင် ပေ
February 22, 2013 at 8:19 pm
ကကြီးကိုကိုဆရာပျို
အသက်ကလေးလေးဆယ်အို
အပျိုကလေးရွေးမယ်ဆို
မနမမပေးပါဗျို
garuda
February 22, 2013 at 8:48 pm
:eee: :eee: ဟမ်မလေး…ကြည့်လည်းလုပ်ကြပါအုံးဂျာ…..ကျောက်ကျောက်ချင်း တွေ့ရင် မီးပွင့်
ကုန်မယ်နော :528: :528: :528: အင်း ဖူးစာရှိရင်တော့ ဘယ်တတ်နိုင်ပါ့ မလဲပေါ့နော်..နော်။
ဒီအတိုင်းဆိုရင် ကျောက်ခေတ်လူသားကြီးတော့ စွံပြီဟေးးးးးး :harr: :harr:
kyeemite
February 23, 2013 at 10:18 am
မနှစ်က ၆နှစ်ပြည့်ပို့စ်လေးတင်တာသတိရမိပါတယ်…
အဲတုံးက ကျွန်သက် ဆိုတဲ့အသုံးအနှုံးကြောင့် ကသိကအောင့်
ကြီးဖြစ်လို့ အဲလိုမသုံးဖို့ပြောမိသေးမှတ်တယ်…..ဒီလိုပါပဲဗျာ…
ကျနော်တောင် နက်ဖန်ထွက်တော့မယ် သန်ဘက်ခါထွက်တော့မယ်နဲ့
ဒီအလုပ်မှာ၃နှစ်နဲ့ ၃လရှိလာပြီ…တတိယမြောက်အလုပ်ဆိုပါတော့…
အခုတော့ နောက်ဆုံးဝန်ထမ်းအလုပ်လို့လည်းသတ်မှတ်ထားလိုက်ပါပြီလေ..
အသက်ကလည်းဂိမ်းဘောဆိုက်ခါနီးပီမဟုတ်လား…..
အမှတ်တရတွေ နှစ်ရှည်ပြီးပျော်ရွှင်အောင်မြင်ပါစေဗျာ… :hee:
etone
February 23, 2013 at 11:04 am
အဟီး .. အူးမိုက် မှိတ်မိတယ်တော့ … ဟုတ်ပါအိ ပြီးခဲ့တဲ့ နှစ်က တင်းတင်းနဲ့ ကျွန်သက်ခြောက်နှစ်တာ ဆိုပြီး ရေးခဲ့ဖူးပါတယ် .. ဒီနှစ်တော့ … စန်းထတဲ့ မြွေနှစ်ဖြစ်တာကြောင့် လူပိုရီးများ အစွံထုတ်ပေးမလားတွေးရင်း …. ကြော်ငြာ မိတွားပါအိ .. ခိခိ 😆
padonmar
February 23, 2013 at 10:01 pm
မဟုတ်မှလွဲရော
တေးကလုံရဲ့ ဆရာက ဦးကျောက်ပဲ ဖြစ်ရမယ်။
kokothandar
February 24, 2013 at 10:37 am
ကိုယ်ဘဲစိတ်ဝင်စားလိုက်ပါတော့ ကျေးဇူရှင်ကို အချစ်နဲ့ ကျေးဇူဆပ်တာ တာဝန်ကျေရာရောက်ပါတယ်
etone
February 24, 2013 at 4:11 pm
သူတောင်းစားရဲ့ ခွေးစကားမပြောနဲ့ နင့်အစ်မတွေ ညီမတွေကိုသာ အဲ့နည်းနဲ့ ကျေးဇူးဆပ်ခိုင်း 👿
ဦးကြောင်ကြီး
February 24, 2013 at 11:15 am
လူပိုဂျီး
အူတိုငြီး
ဘူဆိုအီး
ဂူလျှိုဟီး
ဖြူအိုကြီး
သူယိုပြီး
ခြူလိုတီး
ယူဂိုနည်း..။
ခိုင်ဇာ
February 25, 2013 at 10:15 am
Etone ရေ။ ဖတ်မိတာတော့ ရေးတင်တဲ့ နေ့ကတည်းကပါ။
)
လာပြောတာ နောက်ကျလို့ ခွင့်လွှတ်ပါကွယ်။
အမ လည်း ကိုယ့် ဂျုနီယာ ဘယ်လိုလာလာ ချေးမများတတ်ပေမဲ့ ကိုယ့် စီနီယာကိုတော့
ကိုယ်လေးစားရတဲ့ Charactor, Attitude, Confidence, Skills, Responsibilities & Apperance တွေ ရှိစေချင်တယ်။
ဒီလိုလူမျိုး နဲ့ အလုပ်လုပ်ရတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာလည်း ယှဉ်စရာရှိမှ၊ ကိုယ်တွေ့မှ သိတတ်တာမျိုးလေ။
ညီမလေး ပထမဆုံးအလုပ်မှာတင် ဒီလို စီနီယာမျိုးရတယ်ဆိုတော့ ကံကောင်းပါတယ်ကွယ်။
ဒီထက်ပိုပြီး အောင်မြင်ပါစေ။ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်ဆက်လုပ်နိုင်ပါစေ။
အခက်အခဲတွေ့ရင်လည်း ကျော်လွှားနိုင်ပါစေ။ (ဒေါသလေးတော့ လျှော့ပါ Etone ရယ်။
Ma Ei
February 25, 2013 at 12:35 pm
အိတုန်လေးရေ…
မနှစ်က ၆ နှစ် ၊ဒီနှစ် ရ နှစ် အတော်ရင့်ကျက်လာခဲ့ပြီဘဲ…
အန်တီအိ အလုပ်ဝင်စက လူသစ်ဆိုပြီး ပညာဝိုင်းပြကြတာ
ညနေ အိမ်ပြန်ရောက်ရင် မနက်မသွားတော့ဘူးဆိုပြီး ငိုမိတယ်။
မနက်ကျ ဘာလို့ အရှုုံးပေးရမလဲ ဆို အားတင်းပြီးသွားပြန်လာ ငိုလိုက်နဲ့…
သူတို့ မလုပ်နိုင်လို့ ၂ နှစ်လောက် ဖယ်ထားတဲ့ စာရင်းကိုရှင်းပေးလိုက်တော့ ပိုဆိုးကြပြန်ရော …
အဲ့ဒီမှာ ၂ နှစ်လောက်လုပ်ပြီးမှ ခု Co.,Group ကိုပြောင်းခဲ့တာ ကြာပြီ…ခုတော့
အလုပ်မှာ ဆရာကောင်း၊လုပ်ဖော်ကိုင်ဖက်ကောင်းများနဲ့ တွေ့ပါစေ လို့ ဆုပေးတတ်တဲ့
သဘောထားပြည့်ဝတဲ့ MD လက်အောက်မှာ အလုပ်လုပ်နေရပါတယ်…
:528:
etone
February 25, 2013 at 1:00 pm
မမခိုင်ဇာ .. thank you ပါချင့် .. တမီး လျော့နေလျှက်နဲ့ကို … လွတ်လွတ်ထွက်ပြီး ၊ ထိန်းမနိုင်ဖြစ်နေတာ .. ဟီး … မလိမ္မာ အခါတရာ မိုက်ပါချင့် … :kwi: တရားထိုင်နေရင်းတောင် … ခြင်လာကိုက်လို့ ဒေါကွီးမိသူပါ … ဟီး
အန်တီအိရေ .. အရင်ကတော့ … ရုံးမတက်ချင်လွန်းလို့ နည်းမျိုးစုံသုံးပြီး ဆန္ဒပြဖူးတယ် ဒါပေမယ့်လည်း မရပါဘူး … ဆန္ဒပြတဲ့ လူကသာမောတယ် … လစာ တပြားမရလျှင်တောင် အလကား လုပ်ပါစေဆိုပြီး … အိမ်ကပို့ကြတာ … ကံများ ဆိုးချက်က လန်ထွက်လောက်အောင်ပါပဲ … 😥
ဒါနဲ့ အန်တီ အိတို့ အလုပ်နေရာ ပြောင်းသွားပြီထင်တယ်နော် …
Ma Ei
February 25, 2013 at 2:19 pm
1.2.3 ပြင်နေတာ 4 ထပ်ကနေ 11 ထပ်ထိ ရုံးခန်းတွေ ရှိတယ်…
အန်တီအိကတော့ Entity တစ်ခုကို ပြောင်းပြီးတာဝန်ယူထားရတယ်…
အစ ဆိုတော့ အလုပ်များနေတာ၊ရုံးခန်းက 9 ထပ်မှာပါ…
etone
February 25, 2013 at 2:44 pm
အော .. အကုန်ပြန်လုပ်တာ မဟုတ်ဘူးပဲ .. ရှေ့က .. သံပြားတွေ ကာထားတော့ သမီးက .. အကုန်များ ပြန်ဆောက်သလားလို့လေ … ။
tester
February 27, 2013 at 10:12 am
ဘယ်သူမဆို ကွန်ပြစ်လို့ရပီလား?
etone
February 27, 2013 at 10:17 am
strange ဖြစ်တယ်နော်.. ကော့မန့် အခုရေ ဘယ်လောက်ရေးထားလဲ တွက်လို့မရဘူး … ကြယ်လေးလုံးလည်းပျောက်နေတယ် … ။ ဘာကြောင့်ပါလိမ့် … :bar:
tester
February 27, 2013 at 10:37 am
ကျွန်တော်က မန်ဘာမဟုတ်ဘူးဗျ
အပြင်လူတွေလဲ မန့်လို့ရနေတယ်
သဂျီးက သူ့စစ်စတန်ကို ပြောင်းထားတယ် ထင်တယ်
မန်ဘာမဝင်တဲ့သူတွေ ပြောချင်ရာပြောဖို့နှင့်တူတယ်
etone
February 27, 2013 at 11:05 am
ဟုတ်ပါတယ် … မန်ဘာမဟုတ်ပဲ ကော့မန့် ပေးလို့ရအောင် လုပ်ထားပေးထားလို့ပါ … ။
ခုနက ကျွန်မ လော့အင်မလုပ်ခင်က .. အဲ့လို မဟုတ်သေးတော့ မိနစ်ပိုင်းလေးတခုကြားမှာတင် မျက်စိလည်သွားတယ် … ။ ဒါ့ပြင် email ကလည်း ရိုက်ချင်တာ ရိုက်ထည့်လို့ ရတယ် ။ အခု browser သတ်သတ်တခုကနေ ဖွင့်ကြည့်မှ မန်ဘာမဟုတ်ပဲ ကော့မန့်ပေးလို့ရမှန်း သိသွားတာပါ ။
tester
February 27, 2013 at 11:11 am
သာမန်ပို့စ်တွေ အနေနှင့်တော့ လူတိုင်းမန့်တာ အရေးမကြီးပေမယ့်
ရှယ်မယ်နော် ဆိုတာမျိုး ဝင်ပြောနိုင်တာ ကောင်းပေမယ့်
ရွာဆူ ဆဲဆို ကြမယ့် ပို့စ်မျိုးဆိုရင်
သူဂျီးရဲ့ နှစ်၁၀၀ဝ ကျိမ်စာ
အေးလေ Private Only ပို့စ်ပဲတင်ပေါ့နော်…
etone
February 27, 2013 at 11:15 am
ဒီပို့စ်ကိုလည်း … ကလိပြီး မန်ဘာ only ပြောင်းကြည့်ဦးမယ် … မြင်ရသေးလား ..ဟပ်ချလောင်း … :kwi: browser တခုက ပတ်ချောင်းဦးမှ … ။
etone
February 27, 2013 at 11:17 am
ညင်ရဒေါ့ဝူးးးးးးးးးးးး မန်ဘာ အုန်းသီးပဲကွ ခိခိ :harr:
ကလစ်ဖြုတ်ပေးလိုက်လျှင် ပြန်ညင်ရဘီ
ဦး ကျောက်ခဲ
February 27, 2013 at 11:38 am
အဟိ ကူလီခေါင်းသင်တန်းတက်နေရလို့ ခုမှရွာထဲရောက်တယ်…
ပြောရရင်တော့ ကျွန်သက် ၁၈နှစ်လောက်ရှိပြီပေါ့ကွယ်…
တူမဆရာ လူပျိုကြီးကိုပြောလိုက်ပါ…
ဦးကျောက်အိမ်ထောင်မကျသေးပဲ ရွှေပြည်ကြီးမှာ မိုက်ကြေးလာခွဲရင်…
ကိုရီးယားသွားပြီး သွေးကြွေးဆပ်ပလိုက်မယ်လို့…
:harr:
etone
February 27, 2013 at 11:48 am
ဆရာ လူပိုရီး က မြန်မာပါ … ကကြီး ဟုတ်ပါဘူး အူးကျောက်ရဲ့ … GM လုပ်တဲ့ ကကြီးက နှစ်သားကျ အိမ်ထောင်ချိတယ် :hee:
Novy
February 27, 2013 at 3:05 pm
မနိုလဲ အလုပ်လုပ်ရတာ အနှစ်၂ဝ လောက်ရှိပြီဆိုတော့
တော်တော်လေးငြီးငွေ့နေပါတယ်
ဒါပေမဲ့လည်း အလုပ်မလုပ်ဘဲအိမ်မှာပဲနေပါဆိုတော့လဲမနေနိုင်ပြန်ဘူး
ဒီလိုပဲသံသရာ ရထားကြီးကို စီးနေမိတာပါပဲ…
ဆရာလူပိုကြီးအတွက်တော့
၄ဝမပြည့်သေးတဲ့သူငယ်ချင်းအပိုကြီးရှိတယ်မိတ်ဆက်ပေးရမလား :harr:
etone
February 27, 2013 at 3:38 pm
မနိုရေ .. အနှစ် 20ဆိုတဲ့ အိတ်စပီးရီးယန့်က နည်းနည်းနောနော တော့ဟုတ်ဘူးပဲ .. ။ (ခန့်မှန်းခြေအသက်တွက်ရလျှင် မနို အတော် အရွယ်တင်ပါလား ..
) အပြင်ထွက်ပြီး အလုပ်လုပ်နေရတာ ခေတ်နဲ ့မျက်ခြေမပြတ်ပဲ အမြဲတမ်းလိုလို အတွေ့ ကြုံဆိုတာမျိုးတွေ ရနေတာကြောင့် …ပင်ပန်းပေမယ့်လည်း သဘောကျပါတယ် ..။ အိမ်တွင်းအောင်းနေရတာ အပြင်ထွက် ပိုက်ဆံရှာဖို့မလိုပေမယ့် … အိမ်အလုပ်ကိစ္စတွေနဲ့ ချည်း တအိအိအချိန်ကုန်နေမှာလည်း ကြောက်တယ် ။ အခုကတော့ သွက်လတ်နေတုန်း လုပ်စားနိုင်တာ မသိသာပေမယ့် … အလုပ်မလုပ်နိုင်တော့တဲ့ အချိန် ထိုင်စားနိုင်ဖို့ … ခုကတည်းက ရုန်းကန်ရတော့မယ်လေ … အပိုရီးဖြစ်နိုင်ခြေ ရာခိုင်နှုန်း များနေတာကိုး … ခိခိ … 😆
မနိုရေ … အပိုရီး လူပိုရီးစွံ ဖို့ အရေး … ကမာ္ဘကြီးပိုလှသွားအောင် အကျိုးဆောင် လုပ်ပေးလိုက်လျှင် ကောင်းမလားပဲ .. ခွိခွိ ။ :harr:
mamanoyar
February 27, 2013 at 4:23 pm
အဲ မမအိတုန် အပိုရီး ၊အပိုလတ်၊အပိုလေးတို့က
ဘယ်လိပ်စာကို တွားဆက်တွယ်ရမှာဒုန်းးးးးးးးးးးးးးးးးး :kwi:
etone
February 27, 2013 at 4:26 pm
အင်ကွာရီ များလာလျှင်တော့ သူ့ ဖွဘုတ်လင့်ကောက်တင်ပေးလိုက်ရင် ကောင်းမလားပဲ .. ခွိခွိ …ပို့မယ့်ပို့ ကူးတို့ ရောက်အောင် ပို့မလို့ …….. ။ 😆