ဆူးလေစောရများ
ကြာပါပြီ.. ဘာမှလဲ မထုူးသေးပါဘူး
ဂျာနယ်မှာ လဲ ဖတ်ရပါတယ်.. ဖေ့ဘွက်မှာလဲ တွေ့ပါတယ်.. မပြောင်းလဲပါဘူး
ရေးထားပြီးသားလဲ ဖြစ်မယ်ထင်ပါတယ်. ဒါကတော့ ကျုုပ်ရဲ့ကိုယ်တွေ့လေးပါ
ဆူးလေက စောရဆိုတာတွေကတော့ ဆူးလေ မြို့တော်ခန်းမရှေ့၊ လွတ်လပ်ရေးပန်းဲခြံဘေး၊ ၃၅ လမ်း နားမှာ တွေ့တွေ့နေရတဲ့ လက်လှည့်ဝိဇ္ဖာ စောရများဖြစ်ပါတယ်.. အဲဒီနားက ဖြတ်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်တာနဲ့ လဲမလားအကို အစိမ်းလား ဈေးကောင်းတယ် နော် ဆိုပြီး လက်ထဲမှာ ပိုက်ဆံ ထပ်ကိုင်ပြီး မျက်လှည့် ပြစား နေတဲ့ သူတွေကို တွေ့ရမှာ ဖြစ်ပါတယ်..
အရင်တခေါက်ကလဲ ဆူးလေမှတ်တိုင်မှာ နိုင်ငံခြားသားတွေနဲ့ စကားများနေတာ တွေ့ခဲ့ရပါသေးတယ်.. မနေ့ကလဲ facebook မှာ နိုင်ငံခြားသားတွေကို လုပ်စားနေတာကို ဖတ်လိုက်ရပါသေးတယ်..
ကျုပ်လဲ မြို့ထဲ သွားရင်း အဲဒီကောင်တွေ လိမ်နေတာတွေကို မြင်ရတာ ၃ ခါလောက်ရှိပါပြီ.. ကျုပ်ကိုယ်တိုင် ကြုံတာကတော့ ၂ ခါ.. ဒါပေမယ့် ကျုပ်က လူလည်ကိုးဗျ.. သကောင့်သားတွေဘယ်ရသွားမလဲ ဟဲဟဲ
ပထမတခါက မြို့တော်ခန်းမဘေးမှာ ရောင်းမယ်ဆိုတော့ အနားက ကားတစ်စီးပေါ်တက်ထိုင်လိုက်တယ်.. သူတို့ပိုက်ဆံကိုရေမယ်ဆိုတော့ ရဲလာပြီ ဘာညာဆိုပြီး ပြန်လစ် သွားကြတယ်..
ဒုတိယတခါ ဈေးအဆင်ပြေတာနဲ့ ၃၅ လမ်းထဲက လက်ဘက်ရည်ဆိုင်ကို ခေါ်သွားတယ်.. ဆိုင်ထိုင်ရင်း ရှင်းကြတော့ ကျုပ်က ပိုက်ဆံ တစ်ရွက်ချင်း ရေကြည့်တော့ အရွက် ၁၀ဝ မှာ ၂၂ ရွက်လိုနေတယ်.. ဟိုနှိုက် ဒီနှိုက်နဲ့ ခဏဆိုပြီး ပြန်ထွက်သွားတယ်.. ပြီးတော့ ကျုုပ်ရောင်းတဲ့ ၁၀ဝ တန်က ခေါင်းကြီးတယ် သေးတယ် ဆိုပြီး ဈေးမကိုက်ဘူးလုပ်တာနဲ့ ကျုပ်လဲ မရောင်းတော့ ဘူး ဗျာ ဆိုပြီးပြန်ထွက်လာတယ်.. မြတ်လိုက်တာက လက်ဘက်ရည် တစ်ခွက် သောက်လာခဲ့ရတယ်.. ဒါပါပဲ နောက်ကျတော့ မရောင်းတော့ဘူး စိတ်ချရတဲ့ ဆီမှာပဲ ရောင်းဖြစ်ပါတယ်..
ဟိုတလောကတော့ ၃၅ လမ်းထိပ်မှာ မြင်လိုက်တာလေးဖြစ်ပါတယ်.. ဝယ်မယ့်သူ ၂ ယောက် ဈေးပြောကြတယ်.. အဆင်ပြေတော့ သူတို့လူ ၃ ယောက်လောက် ရောက်လာ ပြီး ဘေးက ကပ်ရပ်လိုက်ကြတယ်.. ရုတ်တရက် မမြင်ရတော့ဘူးပေါ့ဗျာ.. ဝယ်တဲ့သူက ပိုက်ဆံပေးတယ် တစ်ထောင်တန် တစ်အုပ်.. ရောင်းတဲ့သူတစ်ယောက်က တစ်ထောင်တန်အုပ်ကို ဖြေပြီးစစ်တယ် .. စစ်ရင်းနဲ့ သူ့ဗိုက်နဲ့ တိုက်တိုက်ပြီး ပိုက်ဆံ အုပ်ကို ညှိတယ်.. ပြီးလဲပြီးရော ၂၃ ရွက်လိုနေကြောင်းပြောတယ်.. ဝယ်တဲ့ သူ ၂ ယောက်ကလဲ ယောင်တောင်တောင်ဖြစ်သွားပြီး သူတို့ ခုနကမှ စစ်ထားတာ ပြည့်တယ် ထင်တယ်ဆိုပြီးပြောတော့ ရောင်းတဲ့သူက သူတို့ပိုက်ဆံကို ပြန်စစ် ခိုင်းတယ်.. ပြန်စစ်တော့ တကယ် လိုနေပါတယ်.. ဒါနဲ့ပဲ လိုတဲ့ ပိုက်ဆံပေးသွားရတယ်ပေါ့.. ကျုပ်လဲ ဒီ အချိန်ထိ တကယ်လိုထင်တုန်းပဲ
ဒါပေမယ့် ဝယ်တဲ့သူ ၂ ယောက် ထွက်သွားပြီး ခဏကြာတဲ့ အခါမှာ ခုနက ပိုက်ဆံရေတဲ့သူရဲ့ အကျင်္ ီ ထဲက တစ်ထောင်တန်တွေ လျောကနဲ လျောကနဲ ထွက်လာပါလေရော ဗျို့.. ကျုပ်လဲ မတတ်သာတာနဲ့ ဒီ အတိုင်းပဲ ထွက်လာခဲ့ရတယ်ပေါ့လေ..
ဪ .. မြို့လယ်ခေါင်က စောရများပါတကား
(ကိုယ်တိုင်ကြုံတာရှိရင်လည်း မန့်ပေးကြပါ..)
11 comments
မဟာရာဇာ အံစာတုံး
March 12, 2013 at 3:32 am
ကိုယ်ဒိုင်ကဒေါ့ အဲ့လိုမျိုးတွေ မကြုံဖူးဘူး …
ဒါမယ့် ….
ရန်ကုန် ဆိုတဲ့ သိသိကြီးနဲ့ ပေါင်းပြီး လုပ်စားနေကြတဲ့ အရပ် ….
ရန်ကုန် ဆိုတဲ့ လူလိမ် လူညာတွေ ပေါတဲ့အရပ်မှာ …
ရန်ကုန် ဆိုတဲ့ လူလည် လူဝယ်တွေ ပေါတဲ့ အရပ်မှာ …
ကျုပ်လည်း အလိမ်ခံခဲ့ရဖူးပါတယ် ….
(((ဒါလေးဘဲ ပေါမယ်နော် … တိုတိုအုပ်)))
ရန်ကုန်ကို ရောက်ပြီး ဟိုသွားတတ်၊ ဒီသွားတတ် ဖြစ်ကာစ ကပေါ့ ….
ဘော်ဒါ တစ်ယောက်နဲ့ ရွှေတိဂုံ ကို ဘုရားဖူး ထွက်ခဲ့တယ် ….
ဘုရားလည်း ဖူးပြီးရော … တိရစ္ဆာန် ဥယျာဉ်ဘက်ကို ဆက်ချီတက်ခဲ့တယ် ….
ကားလမ်းထိပ်လည်း ရောက်ရော …
” ချိ … ချိ …” နဲ့ ကျုပ်တို့ကို လက်ယက် ခေါ်လိုက်သူ တစ်ယောက် …
ဘုမသိ၊ ဘမသိ နဲ့ပဲ … သူ့ဆီကို သွားခဲ့တယ် ….
အဲ့ဒီမှာ ဟိုလိုပြော၊ ဒီလိုပြောနဲ့ …. အုတ်ခဲ အရည် ဖျော်ထားတဲ့ ဖန်ပုလင်း အသေးလေးကို မတန်တဆ ဈေးပြောပြီး အတင်းကို ရောင်းပါလေရော …
အောင်မာ … ခွီးတား လူလိမ် က လိမ်နေတာတောင် မျက်နှာထားက ခပ်တည်တည်နဲ့ ဟောက်စား စတိုင်နဲ့ …..
ကျုပ်တို့ကလည်း ကလေး အရွယ်ဆိုတော့ ကြောက်တာနဲ့ ပေးလိုက်ရတာပဲ …
ဒါပေမယ့် … သူ ပြောတဲ့ ဈေးအတိုင်းပေး မပေးနိုင်ဘူး ….
ပေးလိုက်ရင်လည်း အပြန် လမ်းစရိတ် မရှိဘူးလေ …
မှတ်မှတ်ရရ … အဲ့ဒီတုန်းက ၅ဝ ပေးခဲ့ရတယ် …..။
သိတယ် မဟုတ်လား …
ရန်ကုန်မြို့ လမ်းဘေးက ဆေးမျိုးစုံ ရောင်းတယ်ဆိုတဲ့ လူလိမ်တွေကို ပြောတာပါ …
တစ်ခါတစ်ခါ သိမ်ကြီးဈေးက တံတားပေါ်မှာတောင် တွေ့ရတတ်သေးတယ် ….
အဲ့ဒီ တစ်ခါလိမ်ခံလိုက်ရ ကတည်းက စပြီး နောက်ပိုင်း အေးဆေး ဖြစ်သွားတယ် …
“ပြွတ် … ပြွတ်” ဆိုပြီးများ လာမခေါ်လေနဲ့ …..
စုပ်စရာ ပေးထားလိုက်မယ် …. ဘာမှတ်နေလဲ …
ဦးဖွတ်ကျား
March 12, 2013 at 6:28 am
မှောင်ခိုဈေးကွက်ဆိုတာ တရားဝင်ဈေးကွက်ရဲ့ ၆၃မကျတာတွေကို ဖြည့်ဆည်း
ပေးနေတဲ့ ဈေးကွက်လို့ ဆိုထားလေတော့ ဒေါ်လှ လက်ဝယ်တွေ့ရင်တောင်
တရားမဝင်ငွေကြေးကိုင်ဆောင်မှုနဲ့ နံရံလေးဘက်ကြားပို့တဲ့ ခေတ်စနစ်ဆိုးကြီး
ရှိနေခဲ့ဖူးလေတော့ …ဒီလို သူခိုးဂျပိုးဒွေကို ဟိုလူဂျီးဒွေ မွေးထားတာပါလို့ ပြောရင်
လွန်မလားဗျာ..
– စိ အနာပေါက်ပါဇီတော်..
(-= မျက်)
:kwi:
တရားဝင်ဈေးကွက် မြန်မြန်ပေါ်စေသတည်း။
သခင်မျိုးဟေ့ ဝူးတိန့်ချိန်..
P chogyi
March 12, 2013 at 8:22 am
မကျေနပ်လို့ money changer တွေသွားပြန်တော့လည်း
အချိန်ကကြာ ကြည်ကြည်သာသာမရှိ
ရောင်းဖို့ မကျန်တော့ဘူး
အဝယ်ရပ်ထားတယ်နဲ့
အဆင်မပြေပါဘူး
ဦးကြောင်ကြီး
March 12, 2013 at 8:24 am
သူတို့က ကုလားတွေများတယ် ပြောသံကြားတယ်။ ရဲမသိတာတော့ မဖြစ်နိုင်ဘူး။ တရားဝင် အင်ဖော်မာ ရဲသတင်းပေးလုပ်၊ တရားမဝင် လိုင်းကြေးပေး အကာအကွယ်ယူပြီး နယ်မြေခံရဲတွေနဲ့ ပေါင်းစားကြတာပေါ့ဗျာ..။ နယ်မြေခံစခန်းရဲတွေကလည်း အဆင့်ဆင့် ဆက်ကြေးပေးထားတာပဲ။ စီမံချက်ဆိုတာကလည်း အဝေမတည့်မှ ရှိတာဂလား….။ တိုင်းပျီဂျီး ပြောင်းတယ်ပြောင်းတယ်နဲ့ ယီးပြောင်းတာလားကွ… ဟေ…. :saut:
ကထူးဆန်း
March 12, 2013 at 8:51 am
ကိုယ့်လောဘ ကြောင့် ကိုယ့် ဒေါသ ဖြစ် ကြရတယ် မြင်မိကြောင်းပါ ။
ဘယ်လောက် သတိပေးပေး ။ exchange rate ပိုရမှာပါလား ဆိုတဲ့ လောဘ ကပ်တဲ့ တစ်ခဏ နဲ့ ငါလို လူ ဒင်းတို့ လိမ်နိုုင်မှာလား ဆိုတဲ့ မာန ကနေ ခံလိုက် ကြရတာဘဲ ။
တစ်ခေတ် တစ်ခါ က တရားဝင် မဟုတ်လို့ လမ်းဘေး လဲ ရလို့ ခံရပါတယ် ဆိုတာ ထားတော့ ။
အခု အလွယ်တကူ လဲ လို့ ရတဲ့ အနေအထား နဲ့ ဆူးလေတစ်ဝိုက် မလဲ ပါနဲ့ ပြောထားလဲ လဲကြတော့ ခံကြ ဟေ့ လို့သာ အော်လိုက်ချင်ပါတယ် ။
ဦးဦးပါလေရာ
March 12, 2013 at 9:06 am
အဲဒီကောင်တွေလိမ်တာက တစ်ရက်နှစ်ရက်မဟုတ်ဘူး
ဆယ်စုနှစ်နဲ့ချီပြီး မျိုးနဲ့ရိုးနဲ့လုပ်စားလာတာ
နယ်မြေခံရဲတွေတာဝန်ရှိပါတယ်။ ဖမ်းချင်ရင်လွယ်လွယ်လေးပါ။
ပြည့်တန်ဆာဖမ်းတော့ အသွင်ယူပြီး ဖမ်းတယ်ဆို…
ဒါမျိုးကျတော့ အသွင်ယူပြီးမဖမ်းပါလား…..
:kwi:
ဒါပေသိ ကထူးဆန်းရဲ့
ဥပမာ ကျုပ်က တောသား သို့မဟုတ် ငွေလဲဒိုင်တွေကို အဆက်အသွယ်မရှိတဲ့လူ ဆိုပါစို့…..
လောလောဆယ် အစိမ်းသုံးသောင်းလောက်ဝယ်ချင်ရင် ဘယ်မန်နီချိန်ဂျာမှာ ဘယ်လိုဝယ်ရမလဲဟင်….
ဒါမှမဟုတ် အစိမ်းနှစ်သောင်းလောက်ရောင်းချင်ရင် ဘယ်မန်နီချိန်ဂျာက ဝယ်ပေးမလဲဟင်…
????
နေဝန်းနီ
March 12, 2013 at 9:52 am
ဆြာ အုပ်ရေ့ စကားအတင်းစပ်ဗျာ အဲ ခန်းမရှေ့မှာ ညည ဆို ဘာညာဘာညာ တွေလည်းရှိဆိုဗျာ ကျုပ်က တောသားမို့ မသိလို့မေးတာနော် စိတ်တော့မဆိုးနဲ့
ကိုပေါက်(မန္တလေး)
March 12, 2013 at 12:47 pm
ရှိလဲရှိနေတယ် ရှိမှန်းလဲသိနေတယ်
သိလဲသိနေတယ် သိပါရဲ့နဲ့လဲကြတယ်။
လဲ လဲ လဲကြတယ် လဲတိုင်းလဲခံရတယ်။
ဒါပေမယ်လဲ လဲနေကြတာက အခုတိုင်ပါဘဲ။
ဦး ကျောက်ခဲ
March 12, 2013 at 1:27 pm
ဆြာအုပ်ရေ…
မှန်ရာကိုမရှက်တန်းပြောရရင်တော့ အိမ်နိမ့်စံမောင်ကျောက်ဘဝတုံးက ဝမ်းရေးအတွက်…
အဲသည်အရပ်မှာ ကျက်စားခဲ့ဖူးပါတယ်… ဒီလို အလိမ်အညာတော့မဟုတ်ပေါင်ဗျာ…
သံရုံးမှာ ဗီဇာကြေးသွင်းမယ့် သူများအတွက် ဒေါ်လာငွေအကြွေ ဝယ်ရောင်းလုပ်ခဲ့တာပါ…
အဲသည့်လိုမှန်မှန်ကန်ကန် လောကကို ဝင်ဖျက်သွားတာ…
သိမ်ကြီးဈေး “C” ရုံအောက်က ကုလားဒိန် တစ်သိုက်ပါ…
ပြောရရင် ဆက်ကြေးယူထားတဲ့ “ရဲကိုကို”များ ပါလာတော့မှာမို့…
:harr:
လုံမလေးမွန်မွန်
March 12, 2013 at 2:59 pm
ကိုယ်တွေက ဒေါ်လှစားတွေမဟုတ်တဲ့ အပြင် ဒေါ်လှလည်း မကိုင်တော့ သိပ်မသိဝူးရယ်.. (ဘောနပ်စ်ရရင်လည်း ရုံးကိုပဲ ပြန်ရောင်းပစ်လိုက်တာပဲ.. 🙂 )
ဒါမယ့် အခုလို official exchange counter တွေ မပေါ်ခင်တုန်းကတော့ ဧည့်သည်တွေက ပိုက်ဆံလဲချင်တယ်ဆိုရင် (တစ်ခါတစ်လေ ရုံးမှာ မြန်မာငွေနည်းနေတတ်တဲ့အခါမျိုးမှာ) black market မှာပဲလဲဖို့ ရှက်ရှက်နဲ့ ပြောခဲ့ဖူးပါရဲ့… 🙂
ကိုသင်း
March 14, 2013 at 12:32 am
ဒိကောင်တွေ လုပ်စားနေတာ ကြာပြိ။ရန်ကုန်မြို့ရဲ့
ဘိန်းစားတန်း နဲ့ ဆူးလေ ချပ်ကျောင်းရှေ့မှာ
ကုလားဒိန်တွေချဉ်းပဲ၊သူတို့ ရဲ့ ဆရာကြိးက
ကျပ်စိ ဆိုတဲ့ကုလား၊ဆရာကြိးလို ပြောတာပါ ၊
လူကဖြင့် ခွေးပစ်တဲ့ ဒုတ်လောက်ပဲ ရှိတာ ။