“ရင်ထဲမှာဘဲ ကမ္ဗည်းထိုးလည်း ကျေနပ်ပါတယ်´´
“ရင်ထဲမှာဘဲ ကမ္ဗည်းထိုးလည်း ကျေနပ်ပါတယ်´´
တစ်ခါတုန်းကပေါ့ဗျာ
ခင်ခ နဲ့ မိတ်ဆွေသူငယ်ချင်းတို့ နှစ်ဦး ညနေခင်း လဘက်ရည်ဆိုင်တစ်ခုမှာ လက်ဘက်ရည်သောက်ဖြစ်ကြ တယ်လေ။ အဲဒီနေ့က ခင်ခ အစိုးရထီအက္ခရာတူ နံပါတ်တစ်ချို့တူလို့ အခုလေးတင် ထီဆုငွေ တစ်သိန်းထုတ် ထားတဲ့ စဲစဲပေါ့။ ခင်ခ တို့ထိုင်သောက်နေတဲ့ လဘက်ရည်ဆိုင်ရဲ့ လမ်းတစ်ဖက်မှာ အသံချဲ့စက်နဲ့ ဘုရားပြင်ဖို့ အလှုခံနေတယ်လေ။ ဒါနဲ့ဘဲ အတူထိုင်နေတဲ့ မိတ်ဆွေသူငယ်ချင်းက
“မင်း ထီပေါက်တဲ့ဆုငွေနဲ့ ဦးဦးဖျားဖျား ဟိုမှာအလှုခံနေတဲ့ထဲ သွားလှုလိုက်ပါလား သူတို့က လှုတဲ့သူတွေကို ဘုရားပြုပြင်ပြီးရင် ကျောက်စာနဲ့ ကမ္ဗည်းထိုးပေးမှာတဲ့´´ အဲလိုဆိုလာလို့
“သူငယ်ချင်းရယ် ခင်ခ အဲလိုမျိုးလှုပြီး ကမ္ဗည်းထိုးခံရတာထက် အများမမြင်သာရင်နေပါ ရင်ထဲမျာဘဲ ကမ္ဗည်း ထိုးဖြစ်သွားကြတဲ့ သူတွေကိုပေးရတာမျိုးကို ပိုကျေနပ်တယ်လေ လှုတယ်လို့မဆိုဘူးနော်´´ သူငယ်ချင်းက
“မင်းစကားက အဆန်းပါလား ရှင်းဆန်းပါအုံး´´ ရှေ့ကချထားတဲ့ လက်ဘက်ရည်ကို တစ်ငုံလောက်မော့ပြီး
“ဒီလိုကွာ မင်းမြင်သာအောင် ဥပမာပေးရရင် ငါတစ်ခါက ကန်တော်ကြီးပတ်လမ်းကနေ စစ်ကိုင်းဖက်ကို ငါ့မဒမ်နဲ့ ကားမောင်းသွားတော့ လမ်းတစ်နေရာရောက်တော့ ငါတို့သွားတဲ့ လမ်းဖက်ပိုင်းက လမ်းထပ်ပိုးပြီး ခင်းမှာမို့ ကျောက်တွေချနေတယ်လေ၊ အဲဒါနဲ့ တဖက်လမ်းလွဲကမောင်းနေရင်း တစ်နေရာအရောက်မှာ ငါ့ ကားလေးကိုရပ်လိုက်တယ်၊ ပြီးတော့ နေပူထဲမှာ ကျောက်တွေသယ်မပြီးချနေတဲ့ မလှမ်းမကမ်းက အလုပ် သမား အုပ်စုကို လက်ခုပ်တီးပြီး လှမ်းခေါ်လိုက်တော့ သူတို့ထဲက တစ်ယောက်က ငါ့ဆီကိုရောက် လာပြီး ဘာများဖြစ်လို့လဲဗျ လို့မေးတော့ ဘာမှ မဖြစ်ပါဘူး ငါ့တူရေ မင်းတို့ နေ့လည်နားချိန်ကျရင် လဘက်ရည် သောက် မုန်စားဖို့ မုန့်ဖိုးလေးပေးချင်လို့ပါ ယူပေးပါဗျာဆိုပြီး ၅၀၀ဝ တန်တစ်ရွက်ထုတ်ပေးလိုက် တယ်၊ အဲဒီအလုပ်သမားလေးလည်း ငါပေးတဲ့ ပိုက်ဆံကိုယူပြီး ကျေးဇူးတင်ပါတယ်ဗျ ဆိုကာ သူတို့ အဖွဲ့ဆီကို အဲဒီပိုက်ဆံလေးထောင်ကာ ပြန်ပြောပြတော့ အလုပ်သမားတွေထဲက တစ်ချို့ဆို ဝမ်းသာသွားလို့ ခုန်တောင် ခုန်လိုက်တယ်လေ။ အဲဒီလိုမြင်ကွင်းကိုကြည့်ပြီး ငါ့စိတ်ထဲကျေနပ်ပိတိ ဖြစ်ကာ ကားကိုဆက်မောင်း ခဲ့တယ် ပေါ့၊အဲဒီတုန်းက ငါ့အတွေးမှာ ငါတို့ကတော့ အဲကွန်းကားလေးနဲ့ သွားနေတဲ့အချိန် သူတို့မှာ နေပူထဲ အလေးအပင်တွေမ ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာလေဆိုပြီပေါ့၊ နောက်တစ်ခုက ဒီဆိုင်မှာဘဲ ငါလက်ဘက်ရည်လာသောက်နေတုန်း အခုပေါက်ထဲ့ ထီကို ကလေးလေး တစ်ယောက်က လေးလေးရယ် ထီလေးအားပေးပါအုံးလို့ လာရောင်းတယ် ဒါနဲ့ဘဲ ၁ဝ စောင်တွဲကဘယ် လောက်လဲဆိုပြီးဈေးမေးတော့ အဲဒီကလေးက ဈေးပြောတယ်၊ သူပြောတဲ့ဈေးက ဒီလက်ဘက်ရည်ဆိုင်နားက ထီဆိုင်ထက် ၂၀ဝ များနေတယ်၊ အဲဒါနဲ့ မင်း ထီဈေးနှုန်းက ၂၀ဝ တောင် ဆိုင်ထက်များနေတယ် လျော့ပေး အုံးကွာဆိုတော့ ကျွန်တော်က အဲဒီဆိုင်က ယူရောင်းတာပါ အဲဒီအမြတ်လေးဘဲ စားရတာပါဗျ အားပေးပါ လေးလေးရယ်တဲ့၊ သူ့ကိုကျောင်းနေလားမေးတော့ နေတယ် ၆ တန်းတဲ့ ကျောင်းဆင်းရင် အခုလိုထီရောင်းပြီး အိမ်ကို ညနေမှ ပြန်တာဆိုဘဲ ဒါနဲ့ဘဲ ဆိုင်ထက်များတဲ့အမြတ်က သူရဲ့လုပ်အားဘဲလေ ဆိုပြီး အားပေးက ၁ဝ စောင်တွဲ တစ်တွဲ ကံစမ်းကာထိုးလိုက်တယ်၊ ပြီးတော့ အဲဒီကလေးကိုပြောလိုက်သေး တယ် ထီပေါက်ရင် တကယ် အကြောင်းကြား ပေး မင်းကိုမုန့်ဖိုးပေးမယ်ပေါ့၊ အဲဒါမနေ့က သူဖုန်းဆက် လာတာ ထီပေါက်တယ် ဆုငွေတစ်သိန်းရမယ်ဆိုလို့ ခုနကဘဲ ဒီဆိုင်ရှေ့မှာ အဲဒီကလေးကိုချိန်ပြီး ဟိုနားကထီဆိုင်မှာ ပေါက်တဲ့ထီ လက်မှတ်ပေးရင်း ထီပေါက်တဲ့ဆုငွေထုတ်လိုက်တယ် အဲဒီထဲက တစ်သောင်းကို ရော့မင်းကို လေးလေးက မုန့်ဖိုးပေးတာလို့ဆိုရော ကျေးဇူးဘဲလေးလေးရယ် သားအိမ်ကိုပြန်လိုက်အုံးမယ်ဆိုလို့ ဟင် မင်းထီ မရောင်း တော့ဘူးလားဆိုတော့ ပြီးမှလာပြန်ရောင်းမယ်တဲ့ အခု အမေကို ထီပေါက်တဲ့လေးလေးဆီက မုန့်ဖိုးတစ်သောင်း ရတယ်ဆိုတာပြေးပြောရင် ဒီပိုက်ဆံကို အမေ့ဆီသွားပေးလိုက်အုံးမယ် အမေလည်း အရမ်း ပျော် မှာလေးလေး ရာ ဆိုပြီးအပြေးလေးသွားတာကိုကြည့်ပြီး ငါ့မှဘယ်လိုစိတ်ကြည်နူးသလဲ မမေးနဲ့ သူငယ် ချင်းရေ၊ တစ်ခါက လည်း ၈၃ လမ်းဘက်က ထမင်းဆိုင်တစ်ခုမှာ ဘဏ်သွားရင်းထမင်းစားနေတော့ အသက် ၇ဝလောက်အရွယ် အဖိုးကြီးတစ်ဦးက ငါးကျည်းကျော်လေး ၃ ကောင်လောက်ဆိုပြီး ပါဆယ်လာဝယ်တော့ ဆိုင်က ကလေးကို အဲဒီငါးကျော်ဖိုးမယူနဲ့ ကျွန်တော်စားပြီးရင် ပေါင်းရှင်းမယ်ပြောလိုက်တယ်၊ ဒါနဲ့ဘဲ အဲဒီအဖိုး ကြီးက ကျွန်တော် အနားလာပြီး ကျေးဇူးပါငါ့မောင်ရယ် အဖိုးကဒီနေ့ပင်စင်လာထုတ်လို့ အိမ်ကအမေကြီး ကြိုက်တတ်တဲ့ ငါးကျည်းကျော်လေးဝယ်သွားပြီး သူကိုကျွေးမလို့ပါဟုဆိုကာ ဆုတွေတောင်းပေးနေတဲ့ သူ့ မျက်နှာကို ကြည့်ပြီး ငါ့လေစိတ်ထဲ တစ်မျိုးဘဲကွာ၊ အဲဒီလိုပေါ့ သူငယ်ချင်းရာ မင်းပြောသလို ဘုရားတည် တာ တို့ ပြင်တာ တို့က နောင်သံသရာမှာ အကျိုးပေးတာတွေရှိချင်လည်းရှိမှာပေါ့ ငါ့တော့သေချာမသိဘူး ဒါပေမယ့် လက်ရှိ လူတွေ အသက်ရှင်ရပ်တည်နေကြတဲ့ လက်ရှိမြင်ကွင်းမှာ ကိုယ်က သူတို့ကို ကိုယ်နိုင်သလောက်ပေး လိုက်လို့ သူတို့စိတ်ထဲ ဝမ်းသာသွားတာမျိုး တစ်ခုကျေနပ်တဲ့ ခံစားမှု့ရသွားတာမျိုး အဲလိုမြင်တဲ့ ပေးကမ်း ထောက်ပံမှု့မျိုး ကို ငါ့က ပိုသဘောကျတယ်ကွာ မင်းပြောသလို အများမြင်နိုင်တဲ့ ကမ္ဗည်းတော့ ထင်ထင်ရှာရှား မထိုးနိုင်ပေ မယ့် သူတို့တွေရဲ့ ရင်ထဲမှာဘဲ ကမ္ဗည်းထိုး လည်း ကျေနပ်ပါတယ် သူငယ်ချင်းရေ´´ လို့ ရှင်းပြပြီး လက်ထဲက သောက်လက်စ စီးကရက်ကို တစ်ဖွာလောက်ရှုရှိက်ကာ လဘက်ရည်ကိုလည်း တစ်ငုံလောက် ထပ်မော့မိလိုက် ပါတော့တယ်လေ။
ဖတ်ရှု့သူများကျေးဇူးပါ။
ခင်ခ။
24 comments
mamanoyar
February 28, 2013 at 1:46 pm
လေးခင်ခ စေတနာကို ချီးကျူးပါတယ်
ဒါနဲ့ ငါ့မဒမ်နဲ့ဆိုတော့ လေးခင်ခက ဘာလူမျိုးလဲဟင်
တစ်မျိုးမထင်ပါနဲ့နော် သိချင်လို့မေးကြည့်တာပါ
ခင်ခ
February 28, 2013 at 2:00 pm
ကနဦးလာအားပေးမန့်လို့ကျေးဇူးပါဗျ။
ရွာထဲမှာရေးသမို့ ရွာအခေါ်အရ ငါ့မဒမ်လို့ ပြန်သုံးနှုန်းရေးတာပ၊
အပြင်မှာသူငယ်ချင်းတွေနဲ့ပြောရင်တော့ ငါ့အမျိုးသမီး နဲ့ ပေါ့ မမနိုရာလေးရယ်။
ခိုင်ဇာ
February 28, 2013 at 2:03 pm
ဒါပေါ့လေ။
ရယူရတဲ့ ပီတိနဲ့ ပေးရတဲ့ ပီတိနဲ့ ကြည်နူးစရာကောင်းတာတော့ မတူဘူးပေါ့။
:hee:
ဒီမယ် ကိုခ။
ကျုပ်ကတော့ အချစ်ကိုပဲ ဝေစားနိုင်မယ်။
မုန့်ကိုတော့ ဝေမစားနိုင်ဘူးရယ်။
(အယ်။ နာ ဘာဒွေ ပြောမိနေပါလိမ့်။)
ခင်ခ
February 28, 2013 at 2:09 pm
အဲလ် အစားကောင်း အရသာကောင်းတွေ စားတတ်တဲ့
မခိုင်ဇာဆီက မုန့်ကို ဝေစားဖို့ ကျွေးခိုင်းမလို့ဟာ
အခုတော့ ဝေစားမယ့် အချစ်ကိုဘဲ တောင်းမရလိုဖြစ်ရပြီ၊
ဒါလည်းဟုတ်သေးပါဘူးလေ။
ကွန်မန့်လေးအတွက်ကျေးဇူးပါ။
ဗုံဗုံ
February 28, 2013 at 2:43 pm
မမခိုင်ဇာ အန်ကယ်ဂျီးကတော့ ထီပေါက်တာ တရားဝင် ကြေငြာပြီးသွားပြီ မန်းလေးမြန်မြန်ပြန်ခဲ့တော့ ဗိုက်ဆာလှပြီ :kwi:
ခိုင်ဇာ
February 28, 2013 at 2:56 pm
ခဏနေဦး ဗုံကလေး။
ဒီ အန်ကယ်ကြီးက ကျုပ်ကို အဝစားဆိုင်မှာပဲ ကျွေးမယ်ပြောထားတာရယ်။
သူ့ဆီက ကတိစကားတစ်ခွန်းကို မြေလှန်ရှာပြီးမှ ပြန်လာနိုင်မယ်ရယ်။
:kwi:
ခင်ခ
February 28, 2013 at 3:59 pm
ဆန္ဒမစောကြပါနဲ့
အဲဒါ တစ်ခါတုန်းကမို့
ဟိုး လောင်းလောင်း အဂိုးမှာ
ကျန်ခဲ့ပါပေါ့ကွယ်။
ကွန့်မန့်ရှင် မိဗုံ နဲ့ မခိုင်ဇာရေ။
Wow
February 28, 2013 at 2:30 pm
လက်ယာဘက်လက် က လှုတဲ့ အလှုကို လက်ဝဲဘက်လက် က မသိစေရ.. ဆိုတာလေးကိုဖြင့် ဘယ်လိုသဘောကျမိမှန်းမသိပါဘူး.. အခုတစ်လော အသံချဲ့စက်တွေကြောင့် ခံစားထားရတွေလဲ များနေဘီ…
ဘုရားကြီး ထိုင်ရွှေချနေမဲ့ အစား တဂယ်လိုအပ်တဲ့ သူတွေ လှုပေးတာက ပိုမွန်မြတ်ပါတယ်…
ဒါပေမဲ့ အိုက်လို ပိုက်ဆံရော့ အင့် ဆိုပီးပေးလိုက်တာ က စိတ်ဓာတ်ဖျက်စီးရာ ရောက်သလားလို့ပါ… တတ်နိုင်ရင်ဖြင့် အခွင့်အလမ်းလေးတွေ ဖန်တီးပေးမယ်ဆိုရင်….
နိုင်ငံခြားသတင်းစာတိုက်တွေလို သက်ကြီးရွယ်အိုများကို တစ်ယောက် သတင်းစာ ဘယ်နှစ်စောင် ဆိုပီး ဝေပေး.. ရောင်းရတဲ့ ပိုက်ဆံကို ဘိုးဘွားတွေသုံး .. အိုက်လိုမျိုးဆိုရင်ဖြင့်…
ခင်ခ
February 28, 2013 at 4:04 pm
ကောင်းမွန်လှတဲ့ အကြံလေးရေးသူ Wow ရေ ကျေးဇူးပါနော်။
ကြီးကျယ်လှတဲ့ အလှမ်းကျယ်တဲ့ အစီအစဉ်တွေထိ လုပ်နိုင်သူမဟုတ်တာရယ် အဲလိုမျိုးက တစ်ဦးတစ်ယောက်ထဲကိုယ်တိုင်မလုပ်နိုင်တော့လည်း ပေးသူယူသူ မျှနေရင်းနဲ့ ကျေနပ်ပိတိသာ လုပ်ဖြစ်နေတာပါဗျာ။
ဗုံဗုံ
February 28, 2013 at 2:47 pm
အန်ကယ်ဂျီး ဦးလေးခရယ် သမီးဆီကနေ မြေပဲပြုတ် ပြောင်းဖူးပြုတ် လေးဝယ်ပါနော် ဒါမှမဟုတ်ထီထိုးပါ နော် တစ်စောင်မှ တစ်သောင်းရယ်ပါ ဒါလေးကုန်မှ ချစ်သူနဲ့ လျှောက်လည်ရမှာမို့မှာ ကျေးဇူးမမေ့ပါဘူး ရင်ထဲမှာ ကမ္ဗည်းထိုးထားပါ့မယ်နော်
မောင် ပေ
February 28, 2013 at 7:19 pm
ကောင်းလိုက်တဲ့ စိတ်ဓါတ်ပါပေတကား
လေးစားပါတယ် လေးခ
ဒီလိုစိတ်ဓါတ်မျိုးသာ ကျုပ်တို ့နိုင်ငံသားတိုင်းမှာ ထားနိုင်ရင်
ကျုပ်တို ့တစ်နိုင်ငံလုံးအေးချမ်းသာယာလာမှာ အမှန်ပါပဲ
htet way
February 28, 2013 at 7:38 pm
ဒါပေမယ့် လက်ရှိ လူတွေ အသက်ရှင်ရပ်တည်နေကြတဲ့ လက်ရှိမြင်ကွင်းမှာ ကိုယ်က သူတို့ကို ကိုယ်နိုင်သလောက်ပေး လိုက်လို့ သူတို့စိတ်ထဲ ဝမ်းသာသွားတာမျိုး တစ်ခုကျေနပ်တဲ့ ခံစားမှု့ရသွားတာမျိုး အဲလိုမြင်တဲ့ ပေးကမ်း ထောက်ပံမှု့မျိုး ကို ငါ့က ပိုသဘောကျတယ်ကွာ မင်းပြောသလို အများမြင်နိုင်တဲ့ ကမ္ဗည်းတော့ ထင်ထင်ရှာရှား မထိုးနိုင်ပေ မယ့် သူတို့တွေရဲ့ ရင်ထဲမှာဘဲ ကမ္ဗည်းထိုး လည်း ကျေနပ်ပါတယ်
“အားပေးလိုက်ပါတယ် ဆရာ”
padonmar
March 1, 2013 at 2:10 am
ထောက်ခံပါတယ် ကိုခင်ခ။
kyeemite
March 1, 2013 at 9:06 am
ကိုခင်ခရေ…ကျနော်လည်းခင်ဗျားနဲ့တသဘောတည်းပါဗျား..
ဒီ“ရင်ထဲမှာဘဲ ကမ္ဗည်းထိုး လည်း ကျေနပ်ပါတယ် ” ပို့စ်လေးအတွက်
ဗရာဗိုပါလို့… :hee:
ခင်တဲ့….
ခင်ခ
March 1, 2013 at 9:15 am
ကိုပေ၊ ကိုထက်ဝေ၊ အမပဒုမ္မာ နဲ့ ကိုကြီးမိုက်တို့ရဲ့ ကွန်မန့်ရေး အားပေးလို့ ကျေးဇူးပါဗျာ။
ရွှေတင်မောင်
March 1, 2013 at 9:17 am
ဟုတ်လိုက်လေဗျာ ..
ဒီလိုမျိုး ရင်ထဲမှာ ကမ္ဗည်းထိုးရလည်း ကျေးနပ်စရာပဲ ..
ပြောရရင် ပိုပြီးတောင် ကျေနပ်စရာကောင်းသေးတယ် ..
ကောင်း ကောင်း ကောင်း တဲ့တောင် မြည်သေး ..
ထီပေါက်ဒယ်ဆိုဒေါ့ ဖားထားမှ .. ဟီဟိ ..
ခင်ခ
March 1, 2013 at 9:46 am
ရွှေတင်မောင်ရဲ့ မန့်ချက်အတွက်ကျေးဇူးပါ။
ထီကတစ်သိန်းဘဲရပြီး အဲဒါလည်း လွန်ခဲ့တဲ့ ၂ နှစ် တစ်ခါတုန်းကပါဗျာ၊
Lin Loon
March 1, 2013 at 12:34 pm
စိတ်ဓါတ်ကလေး သဘောကျလွန်းလို့ အားပေးသွားပါတယ်.
ခင်ခ
March 1, 2013 at 1:32 pm
အားပေးကာကွန်မန့်ပေးလို့ ကျေးဇူးတင်တာပါ Lin Loon ရေ။
Lin Loon
March 1, 2013 at 5:49 pm
ဟုတ်ကဲ့.လင်းလွန်း ဒီဆိုဒ်မှာ ကွန်မန့်ပေးတာပထမဆုံးပါ.သူတပါးစိတ်ထဲက အလိုကိုသိပြီး ပေးပျော်တတ်တဲ့မွန်မြတ်တဲ့စိတ်ဓါတ်ကိုဂုဏ်ယူမိလို့ပါ.
Ma Ei
March 1, 2013 at 2:06 pm
ကိုခင်ခရေ…
ပီတိလေးတွေ မျှဝေခံစားခဲ့ရလို့
ကျေးဇူးတင်ကြောင်းပြောရင်း နဲ့
အားပေးလိုက်ပါတယ်…
ခင်ခ
March 1, 2013 at 2:26 pm
မအိရေ
တစ်ခါတလေ ကိုယ်ပေးလိုက်ရတာ တန်းဖိုးအားဖြင့် အများကြီးမဟုတ်ပေမယ့်
ကိုယ့်အတွေးနဲ့ ကိုယ့်မြင်ကွင်းနဲ့တော့ ကျေနပ်ပြီးပိတိဖြစ်နေတာဘဲလေ။
လုပ်သင့်၏ မလုပ်သင့်၏တော့ မစဉ်းစားဖြစ်ဘူး ဘာလို့လဲဆိုတော့ အများကြီးလည်း လှုနိုင်တဲ့ဘဝမျိုးမရောက်သေးတော့လည်း အဲဒါလေတွေနဲ့ဘဲ…….. ဖြေသိမ့်ရင်းပေါ့……။
ကွန်မန့်အတွက်လည်းကျေးဇူးပါ။
လုံမလေးမွန်မွန်
March 2, 2013 at 3:38 pm
လေးလေးရေ…Bravo ပါနော်… သမီးလည်း စိတ်ကူးကောင်းလေးတစ်ခု ရသွားတာပေါ့နော်…
နေဝန်းနီ
March 3, 2013 at 12:04 pm
ကိုခင်ခ ပို့စ်ဖတ်မိတော့ သူငယ်ချင်းတစ်ယောက်ပြောတာသွား သတိရတယ်…။ နေဝန်းနီတို့ အင်တာနက်အကောင်းပြောတော့
” ငါ ကမ္ဘာမကျော်ချင်ပါဘူးကွာ ကမ္ဘာကျော်ပုဂ္ဂိုလ်မဖြစ်ချင်ကြောင်း တစ်ကမ္ဘာလုံးက သူတွေသိအောင်လုပ်ပေးစမ်းပါ မင်းတို့ ဖေ့စ်ဘွတ်မှာဖြစ်ဖြစ်တင်လိုက်ကွာ ” ဆိုတာလို လူတွေဟာ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ကမ္ဗည်းလေးတော့ ထိုးလိုက်ရမှ လမ်းဘေးရေအိုးစင်လေးကအစ ….။ တစ်ချို့လိုက်ကြည့်မိတယ် …။ရေလှူချင်တာကနဲနဲ စာရေးချင်တာကများများ ဘယ်သူ ဘယ်ဝါ့ကောင်းမှုဆိုတာလေး တတ်နိုင်ရင်တတ်နိုင်သလောက် အပိုတွေ ချဲ့ လှူတာကနဲနဲ ကမ္ဗည်း ဘိုးကများများ အဓိက က ဘာလဲဆိုတာကို မတွေးတော့ဘူး ….။ ကိုခင်ခလိုလူမျိုးတွေများလာမှ ……………… ကောင်းမှာ