Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီ စကား {မင်း ကိုချစ်တယ် (၂)}

ဇီဇီFebruary 28, 20132min67333

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မင်း ကိုချစ်တယ်။

ဒါ ကိုယ် အရမ်းပြောချင်နေတဲ့ စကားဖြစ်တယ်။

 

မင်း ကိုချစ်တယ်။

ဒါ ကိုယ် ပြောဖို့ အရမ်းနောက်ကျနေပြီဖြစ်တဲ့ စကားလည်းဖြစ်တယ်။

 

မင်း ကိုချစ်တယ်။

ဒါ ကိုယ် မပြောသင့်တော့တဲ့ စကားလည်းဖြစ်တယ်။

 

မင်း ကိုချစ်တယ်။

ဒါ ကိုယ် မင်းကို ပြောခွင့်မရှိတော့တဲ့ စကားလည်းဖြစ်တယ်။

 

မင်း ကိုချစ်တယ်

ဒါ မင်း မကြားချင်တော့တဲ့ စကားလည်း ဖြစ်တယ်။

 

မင်း ကိုချစ်တယ်။

ဒါ ကိုယ် နောက်ထပ် ဘယ်တော့မှ ထပ်မပြောမဲ့ စကားလည်းဖြစ်ပါတယ်။

 

33 comments

  • koaung

    February 28, 2013 at 3:01 pm

    ငယ်ငယ်တုန်းကထက်ပိုချစ်မယ် ဪ အိမ်ကမိန်:မကိုပြောတာပါ :mrgreen:

    • ခိုင်ဇာ

      February 28, 2013 at 3:09 pm

      ဟွန့်။ ဒီလူကြီး သူ့ ချစ်ချစ်ကို ကြော်ငြာဝင်တာ များပြီနော်။ :mrgreen:

  • Wow

    February 28, 2013 at 3:04 pm

    မပြောခဲ့ပါဘူး .. နာကျင်စွာနဲ့ ပြောမထွက်ခဲ့ပါဘူး.. နာကျင်စွာနဲ့…
    ချစ်ခဲ့တဲ့နေ့တွေ မေ့လို့မရတဲ့အခါ.. နှလုံးသားထဲ တသိမ့်သိမ့်ဆူး..

    • ခိုင်ဇာ

      February 28, 2013 at 3:11 pm

      မမုန်းခဲ့ပါဘူး။ (ကြင်နာစွာနဲ့)
      မမုန်းရက်ခဲ့ပါဘူး။ (နာကျင်မှုများနဲ့)
      ချစ်ခဲ့တဲ့ နေ့တွေ အစားထိုးမရတဲ့အခါ
      နှလုံးသားလေး တသိမ့်သိမ့်လူး။

      :mrgreen:

  • amatmin

    February 28, 2013 at 3:05 pm

    အော်..နောက်ကျနေဘီပေါ့.. 🙁
    သိပ်ပြောချင်လွန်းနေလို့..ပြောခွင့်မရှိတော့လို့..
    လူသူမကြားအောင်ပြောချင်တယ် ဆို..
    ဒီစကား က ဒီမှာပြောလို့ကောင်းဘူးဆိုရင်..
    နှစ်ကိုယ်ကြား နားထောင်ပေမဲ့..တပည့်လေးရှိပါတယ် နော့..

    အမတ် မင်း 🙂

    • ခိုင်ဇာ

      February 28, 2013 at 3:17 pm

      ကျန်း။
      ကျုပ်က ရှင့်ကို လူတည်ကြီး အမတ် မင်း မှတ်တာရယ်။
      :harr:

      မကြောက်ပါနဲ့လေ။
      ၂ ကိုယ်ကြားပြောတယ်ဆိုတာ ဆရာမ အသံဝင်နေလို့ပါ။
      :mrgreen:

  • we R one

    February 28, 2013 at 3:48 pm

    မင်းအတွက် မကောင်းတဲ့ကိုယ့် ကမာ္ဘကို မေးသွားလည်း အနာဂတ်သစ်ထဲက မင်းရဲ့ အပြုံးကြောင့် ဝမ်းသာတယ်…။ အချိန်တွေလှည့်ခွင့်ရရင် ငါ ကြိုး စား ကြည့် ချင် ဒယ်…….။ 😀

    • ခိုင်ဇာ

      February 28, 2013 at 3:54 pm

      If I could turn back time ……
      If I could find a way ….
      I’d take back those words that have hurt you ….
      And you’d stay…

      :mrgreen:

  • ခင်ခ

    February 28, 2013 at 3:56 pm

    နှစ်ကိုယ်ကြားဘဲ
    ပြောမှာဆိုပြီး
    ဖုန်းဆက်ကာခေါ်
    ပြောမယ်ဆိုလည်း
    ဖုန်းလိုင်းမရ
    ထိုတစ်ညက
    လင်းအာရုဏ်လာ
    ထိုအချိန်ခါမှ
    ဖုန်းကလိုင်းဝင်
    မြည်သံပြလို့
    တစ်ဖက်ထူးသံ
    အိပ်ချင်ဟန်နဲ့
    ဘာပြောမလို့တုန်း
    ဆောင့်ကာအပြော
    လန့်ကာမောလို့
    ဖုန်းပိတ်ကာဘဲ
    အိပ်တော့မယ်
    နောက်များဘယ်တော့မှ
    မပြောဖြစ်ခဲ့ပါ။

    • ခိုင်ဇာ

      February 28, 2013 at 4:01 pm

      ဟယ်။
      ကိုယ့်အဖြစ်ထက် ဆိုးနေပါ့လား။
      အဲလာဆိုလည်း ကာယကံရှင်ကလွဲရင် အကုန်သိတဲ့နည်း
      ဒီရွာထဲမှာပဲ ဖွင့်ပြောလိုက်ပါလေ။
      :harr:

  • ဗုံဗုံ

    February 28, 2013 at 4:18 pm

    အံမယ် ချစ်တယ်လို့ ပြောတာကို ဟိုက မကြား ချင်ဘူးတဲ့လား မကြားချင်ရင် ကြားချင်တဲ့သူကို ပြောလိုက်မမခိုင်ဇာ နားထောင်ချင်တဲ့ မင်း တွေဒီထဲမှာအများကြီးရယ် မြန်မြန်ပြောလိုက်တော့ (ငါ့မမခိုင်ဇာကိုများဘာမှတ်နေလဲ ) :mrgreen:

    • ခိုင်ဇာ

      February 28, 2013 at 4:24 pm

      ဟယ်။
      အင်မတန်အားကိုးရသော ဗုံကလေး မြည်သံပါလား။
      :mrgreen:

      ကြားချင်တဲ့အချိန် မပြောမိတော့ လည်း ဂလိုပဲ အော်ရတော့တာပေါ့ကွယ်။

      မုန်းတယ် ဆိုပဲ။

      :byae:

      :kwi:

  • ရွှေတင်မောင်

    February 28, 2013 at 4:41 pm

    မင်း ကိုချစ်တယ်
    ဒါ မင်း မကြားချင်တော့တဲ့ စကားလည်း ဖြစ်တယ်။

    မင်း ကိုချစ်တယ်။
    ဒါ ကိုယ် နောက်ထပ် ဘယ်တော့မှ ထပ်မပြောမဲ့ စကားလည်းဖြစ်ပါတယ်။

    ခံစားချက်တွေ သိပ်တူတယ် …
    ရင်နဲ့ အားပေးသွားပါတယ် ……။

    • ခိုင်ဇာ

      February 28, 2013 at 4:44 pm

      ဟုတ်။ ကိုရွှေတင်မောင်။
      ကျေးဇူးတင်ပါတယ်။

      (သူအတည်ပေါက် ဆိုတော့ ကိုယ်လည်း အတည်ပေါက် ပေါ့။) :mrgreen:

  • Anonymous

    February 28, 2013 at 4:47 pm

    ကိုယ်အရမ်းပြောချင်ပေမဲ့ …
    ပြောဖို့အရမ်းနောက်ကျနေလို့ ….
    ပြောလဲမပြောသင့် ပြောလဲပြောခွင့်မရှိတော့တဲ့စကားဖြစ်သလို …
    မင်းဖက်ကလဲ ကြားလဲမကြားချင် ….
    ကိုယ်လဲနောက်ထပ်ဘယ်တော့မှပြောမဲ့စကားလဲဖြစ်တယ် …..ပေါ့နော်

    • ခိုင်ဇာ

      February 28, 2013 at 4:50 pm

      ဟုတ်ပါ့။ ဟုတ်ပါ့။
      အဲဒီ အတိုင်းပဲ။ အမှန်ပဲရယ်။
      :hee:

  • Ghi Ghi ThE KiD

    February 28, 2013 at 5:36 pm

    အဘိုးကလည်းအဘွားကို လန့်တယ်လန့်တယ် နဲ့
    အဖေကလည်းအမေ့ကို ထိတ်တယ် ထိတ်တယ်တဲ့.
    ကိုယ်ကလည်းမင်းကို. ပြောပါမယ်. ကြောက်. အဲ့လေ. ခြစ်ဒယ်

    Copied:

    :harr:

    • ခိုင်ဇာ

      February 28, 2013 at 5:57 pm

      ရဲရဲကြီး ခြစ်ကြောက် ရုိုသေ လိုုက်စမ်းဘာာာာာာ။
      :harr:

  • ဦး ကျောက်ခဲ

    February 28, 2013 at 5:45 pm

    မင်းကိုခြစ်မယ် ပြောချင်တယ်
    မင်းကိုခြစ်မယ် နောက်ကျတယ်
    မင်းကိုခြစ်မယ် မပြောသင့်တယ်
    မင်းကိုခြစ်မယ် ခွင့်မပိုင်တယ်
    မင်းကိုခြစ်မယ် မကြားဝံ့တယ်
    မင်းကိုခြစ်မယ် မဆိုတော့ဘူးကွယ်….

    အင်း… အုန်းသီးက အရမ်းရင့်သွားပြီ၊ ခြစ်လို့မရတော့ဘူး…
    မီးဆိုက်ပစ်လိုက်တာ အသုံးတဲ့ပါသေးတယ်လေ….
    :harr:

    • ခိုင်ဇာ

      February 28, 2013 at 6:04 pm

      ကျမ်းးးးး
      ဒါတွေကြောင့် အထီးကျန်ကျောက်ဖြစ်ပေတာပဲ အရပ်ကတိုု့။
      တော့ ခြစ်လိုု့ မရတဲ့ ဟာကြီး တော့ ဟာတော် မီးစိုုက်ပစ်။
      ကျုပ်ခြစ်စရာက အနုုလေးရယ်။ ထင်းမဖြစ်သေးဘူး။
      :kwi:

  • ဦး ကျောက်ခဲ

    February 28, 2013 at 5:46 pm

    မင်းကိုခြစ်မယ် ပြောချင်တယ်
    မင်းကိုခြစ်မယ် နောက်ကျတယ်
    မင်းကိုခြစ်မယ် မပြောသင့်တယ်
    မင်းကိုခြစ်မယ် ခွင့်မပိုင်တယ်
    မင်းကိုခြစ်မယ် မကြားဝံ့တယ်
    မင်းကိုခြစ်မယ် မဆိုတော့ဘူးကွယ်….

    အင်း… အုန်းသီးက အရမ်းရင့်သွားပြီ၊ ခြစ်လို့မရတော့ဘူး…
    မီးဆိုက်ပစ်လိုက်တာ အသုံးတည့်ပါသေးတယ်လေ….
    :harr:

  • Mr. MarGa

    February 28, 2013 at 6:33 pm

    မင်းကို ချစ်တယ်
    မင်းကို ချစ်မယ်
    မင်းကို ရစ်တယ်
    မင်းက ညစ်မယ်
    ဘယ်လို ဘယ်လောက် အရွယ်တွေ ပြောင်းသွားပါစေ
    ဒီစကားလေးဟာ အနှစ်သာရ ပြည့်ဝနေမြဲ ဖြစ်မယ်လို့ ထင်မိပါကြောင်းးးးးးးးးးးး
    သိကြားမင်း

    • ခိုင်ဇာ

      February 28, 2013 at 8:04 pm

      သကြား နာ့ကို ထောက်ခံတာ ရှားရှားပါးပါးရှိတုန်းလေး။ ။
      :kwi:

  • မောင် ပေ

    February 28, 2013 at 7:00 pm

    ဇာ က အခုလို အတိအလင်း ပြောလာပြီ ဆိုမှတော့
    ပေ့ ဘက်ကလဲ ဇာ့ကို
    မညာတော့ဘူး မင်းကို ခြစ်မည်

    • ခိုင်ဇာ

      February 28, 2013 at 8:06 pm

      စိတ်ထိမ်း ကပေ။ စိတ်ထိမ်း။
      ကပေ့ကို ပြောတာဟုတ်ဘူးလေ နော်။

      :harr:

  • padonmar

    February 28, 2013 at 9:37 pm

    မယ်ဆွိ
    ရွာထဲမှာလေ
    အမတ်မင်း၊သိကြားမင်း၊ဇော်မင်း၊မင်းဇော်၊မင်းကောင်….
    ဟာ မင်းတွေ အများကြီးနော်.
    သူကြီးမင်းလည်းရှိတယ်။

    • ခိုင်ဇာ

      February 28, 2013 at 10:02 pm

      ပိုု့ ၂ပိုုင်း လုုံးက စာကြောင်းတွေ ကိုု ခွဲပေးလိုုက်ပါ့ မယ် အာတီဒုုံရယ်။
      ဟိုုတစ်ခေါက်က နင်/ငါ တွေ သုုံးမိလိုု့ ခုုစာကိုု မင်း/ကိုုယ် သုုံးလိုုက်တာရယ်။
      :harr: :harr:

  • ရာမည

    March 1, 2013 at 12:57 am

    ဘာမှ သိပ်မပြောတတ်
    ခံစာလို့ရတယ်
    ခံစားမှုကိုမြင်ရတယ် …
    ရင်နှင့် အမျှပေါ့ …
    ဒီလောက်ဘဲပြောတတ်တယ်ဗျာ ။

  • မင်း.. မင်း…. မင်း…
    ဒီနောက်ပိုင်း “မင်း” ပါတဲ့ သီချင်းကို ဆိုရမှာတောင် လန့်နေရတယ်ကွယ်….

    • ခိုင်ဇာ

      March 3, 2013 at 4:13 pm

      ရဲရဲ ဆို ပါ မွန်မွန်ရယ်။
      ဒါ နာမည် မင်း မဟုတ်ဘူး။
      မင်း နဲ့ ကိုယ်နဲ့ ပြောတဲ့ မင်း အဖြစ် ဆို ပါ။
      မင်း ပါတာရှောင်ရရင်လည်း ဘယ် သီချင်း မှ ဆိုစရာရှိမှာ ဟုတ်ဘူးရယ်။
      :hee:

  • ရွှေ ကြည်

    March 3, 2013 at 6:49 pm

    အဟမ်း အဟမ်း…..
    မင်းကို လွမ်းတယ်
    ဒါ ကိုယ် မင်းကို ပြောချင်နေတဲ့စကား။
    မင်းကို လွမ်းတယ်
    ဒါ ကိုယ် မင်းကို မပြောသင့်တဲ့စကား။
    မင်းကို လွမ်းတယ်
    ဒါ ကိုယ် မင်းကို ဘယ်တော့မှမပြောတော့မယ့်စကား။
    :mrgreen:

Leave a Reply