C H A N G E !
Status Quo
ဒီစာလုံးကို ဘာသာပြန်ဖို့ လိုက်ရှာတော့ စကားပုံထဲမှာ သွားတွေ့လေရဲ့။ ဘာတဲ့ ပိုနေမြဲ ကျားနေမြဲ
ဆိုတာ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ စာဖတ်သူများ သိထားကြတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ လုပ်နေလို့မရတဲ့
လုပ်ငန်းတွေ အများကြီးရှိပါရဲ့။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ဖို့ မဖြစ်မနေ လိုအပ်လာကြပါတယ်။
ဒါဆို ကျနော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာကို တွေးမိရင်း Change အကြောင်းကို ရေးဖြစ်ပါတယ်။
တကယ်တော့ပြုပြင်ပြောင်းလဲရေး ဆိုတာ စီးပွားလုပ်ငန်း အဖွဲ့အစည်း တခုခုရဲ့ အရွယ်အစား ၊ စီးပွား နယ်ပယ်
နဲ့ ခေတ် စနစ် စတာတွေကိုလိုက်လို့ အချိန်နဲ့ တပြေးညီ ကျင့်သုံးသင့်တဲ့အရာဖြစ်ပါတယ်။
ယနေ့ ကမာ္ဘဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ် ဆိုရင် အဖွဲ့အစည်းတွေ အနေနဲ့လည်း
ဒါကိုလိုက်မီအောင် ပြုပြင်ပြောင်းလဲ နိုင်ဖို့ လိုပါတယ်။
ပြုပြင်ပြောင်းလဲရေးကို ကောင်းမွန်စွာ ပြုလုပ်နိုင်တဲ့ အဖွဲ့အစည်းဟာ သူ့ရဲ့ ရပ်တည်မှုအတွက်
ပူပန်နေစရာမလိုပါဘူး ။
“change management” ဆိုတဲ့အယူအဆက စီးပွားနယ်ပယ် အားလုံးအတွက် မဆန်းတော့တဲ့
အသားကျနေတဲ့ အရာတခု ဖြစ်လာတဲ့ ခေတ်ကို ရောက်ပါပြီ။
သို့သော် စီးပွားနယ်ပယ် ပုံစံ တို့၊ ပါဝင်ပတ်သတ်သူ တို့ နဲ့လိုက်ပြီးတော့ တခုနဲ့ တခုတော့ ကြီးမားတဲ့
ခြားနားချက်တွေ ရှိနေပါတယ်။
သော့ချက်ဖြစ်တဲ့ အပိုင်းကတော့ ပြုပြင်ပြောင်းလဲ ခြင်းမှာ ပါဝင်ပတ်သတ်နေသူတွေဟာ
ပြုပြင်ပြောင်းလဲခြင်း နဲ့ပတ်သတ်ပြီး ဘယ်လောက် နားလည်သဘောပေါက်ထားသလဲ ဆိုတဲ့အပိုင်းပဲ
ဖြစ်ပါတယ်။ (ဒါကပဲ ဟိုလူကြီးတွေ အပေါ်မှာပြောင်းပြီး အောက်ကမပြောင်း ဖြစ်နေသေးတာထင်ပါရဲ့)
ဒီအခြေအနေမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ Change Model တခုကတော့ ၁၉၄ဝပြည့်လွန်နှစ်တွေက
ပေါ်ပေါက်ခဲ့တဲ့ Kurt Lewin ရဲ့ Unfreeze – Change – Refreeze Model ဖြစ်ပါတယ်။
ဒါဟာ အဖွဲ့အစည်းတွေရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အဆင့်၃ဆင့် ခွဲပြီး ဖော်ပြထားတာဖြစ်ပါတယ်။
ရူပဗေဒ ပညာရှင်တယောက်လည်းဖြစ်သလို လူမှုသိပ္ပံပညာရှင်လည်းဖြစ်တဲ့ Lewin ဟာ ရေခဲတစ်တုံးကို
အရည်ဖျော် ပုံသစ်သွင်း တဲ့ ဥပမာနဲ့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

Understanding Lewin’s Model
တကယ်လို့ ကျနော်တို့ဆီမှာ လေးထောင့်ပုံ ရေခဲတုံးအကြီးကြီး ရှိနေတယ် ဆိုပါစို့..
ဒါကိုကျနော်တို့ က စက်လုံးချွန် (ကတော့ချွန်) ပုံ ပြောင်းချင်တယ် ပေါ့ .. ဘာလုပ်ကြရမလဲ ..
ပထမဆုံး အနှီ ရေခဲတုံးကို ပြုလွယ်ပြင်လွယ်တဲ့ပုံစံ (ရေ) ဖြစ်အောင် ဖျော်ချရပါမယ် (unfreeze)
အဲ့သည့်နောက်မှာ ပုံစံခွက်အသစ်ထဲကို လောင်းထည့်ရပါလိမ့်မယ်။
နောက်ဆုံးမှာတော့ ပုံစံသစ်မှာ အသားကျ ခိုင်မြဲစေဖို့အတွက် ပြန်လည် ခဲယူရပါလိမ့်မယ် (refreeze).

Lewin က ရေခဲလို ခဲနေမြဲနေတဲ့ အရာကို တင်စားခဲ့တာ အကြောင်းတော့ရှိပါလိမ့်မယ်။
အထက်ကဆိုခဲ့သလို Status Quo (ဝါ) equilibrium တခုမှာ မြဲနေ စွဲနေတဲ့ ဖွဲ့စည်းပုံ ၊ စရိုက်လက္ခဏာနဲ့
အလုပ်လုပ်ကိုင် ဆောင်ရွက်ပုံတွေ အသားကျနေမှု ကို တင်စားလိုဟန်ရှိပါတယ်။
ဒီလိုအဆင့်(၃)ဆင့်ခွဲခြား လေ့လာခြင်းအားဖြင့် အဆင့်တိုင်းမှာ လိုအပ်သမျှသော ပြင်ဆင်ဆောင်ရွက်ဖို့
ရှိတာတွေ။ ပြောဆိုဖို့ ညှိနှိုင်းဖို့ ရှိတာတွေ ထင်သာမြင်သာ လာမှာ ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါတွေ မမြင်တဲ့အခါ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလွဲတွေ အမှားတွေ ကို လုပ်ပစ်မယ့် စိုးရိမ်စရာတွေ
ရှိနေပါတယ်။ (ပြောင်းဖို့ ကြောက်ကြတဲ့အထဲမှာ လွဲမှာ စိုးတယ်ဆိုတဲ့အချက်ကလည်း ပါဝင်ပါတယ်။)
အောင်မြင်မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်
ဆိုတာကို နားလည်သိရှိ သဘောပေါက်ထားမှု နဲ့ စတင်ပါတယ်။
(ဒါဟာအလွန်အရေးကြီးတဲ့အချက်ပါ…)
Lewin ကတော့ စိတ်ဓါတ်တက်ကြွ မြင့်တက်မှုဟာ အပြောင်းအလဲ လုပ်ရာမှာ အရေးပါလွန်းတဲ့
တွန်းအား တရပ်လို့ ဆိုခဲ့ပါတယ်။
ဒီအချက်ကို ရဲရဲကြီး ထောက်ခံချင်တာကတော့ ..ဆိုပါတော့ ..အကောက်ခွန်က ဝန်ထမ်းတယောက်
လာဘ်စားတယ်.. သွင်းကုန် လုပ်ငန်းရှင်တွေကို ရစ်တယ် ကျစ်တယ် ..(မရလို့ မလုပ်တာပါဗျာ ပေါ့လေ..)
သည်လိုအခြေအနေမှာ သူကိုယ်တိုင်ရော ပြည်သူထဲကပြည်သူမို့ … အိမ်ဆိုင်တည်ထားတဲ့ သူ့အိမ်မှာ
ရဲ ရံပုံငွေ မဂ္ဂဇင်း မဝယ်ချင်လည်း ဝယ်ရ ..။ စည်ပင် က ဘာညာသာဒကာ လာတောင်းလည်းပေးရ။
မီးသတ် ကထိန် လည်း ပိုက်ဆံထည့်ရ ..သားသမီး ကို ထားတဲ့ ကျောင်းက ဝါဆို ဆိုလည်း ဝင်ရ ကူရ…။
ခေါင်းစဉ်ပေါင်းများစွာနဲ့ သူကိုယ်တိုင်လည်း အလှီး ခံနေရမှာ ရတာပဲ မဟုတ်လားဗျာ …။ ကိုယ်က ကိုယ့်ဂွင်
ဝင်ရင် ကိုယ်နိုင်သူကိုလှီး၊ ကိုယ် မကင်းနိုင်သူတွေက သူတို့ ဂွင်ဝင်လာရင် ကိုယ့်ကိုလှီးနဲ့ ပါတ်လည်လှီးတဲ့
သံသရာ ဖြစ်နေတာ မြင်ရမှာပါ…။ သည်တော့ ဖြစ်သင့်တဲ့ အပြောင်းအလဲ ဆိုတာ ကိုယ်ကလည်း မလှီးဖို့
ကိုယ့်ကိုလည်း အလှီးမခံဖို့ တွန်းအား တစ်ရပ် … ပြောင်းလဲချင်စိတ် တခု လိုအပ်နေတယ် မဟုတ်လားဗျာ..
(အထက်မှာပြောင်းပြီး အောက်မှာ ဒုံရင်း ဆိုတာ အဆိုပါ Motivation မရှိနေသေးလို့ ရှာမတွေ့သေးလို့)
လို့ ယူဆမိချင်ပါရဲ့ဗျို့…။ဆက်ပါဦးမယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ ဒီအပြောင်းအလဲရဲ့ သက်ရောက်မှု ခံစားရသူ တစုံတယောက်
ချင်းစီကို ကြည့်ရမယ့်အပြင် တစုံတယောက်ချင်းစီရဲ့ အချင်းချင်း ပတ်သတ်ဆက်နွယ်မှု ကိုလည်း
စဉ်းစားထားဖို့ လိုအပ်မယ် လို့ ဆိုပါတယ်။
ဆိုလိုသည်မှာ ဥပမာဗျာ မီးပျက်တယ်… မီးပျက်တော့ ထုတ်လုပ်မှု လုပ်ငန်းဆို ကုန်ချောအထွက်ကျမယ်။
ကုန်ချောအထွက်ကျတဲ့အတွက် ကုန်ကြမ်း အဝင်နှေးကွေးလေးလံမယ်။ ကုန်ကြမ်းတင်သွင်းသူ supplier
အရောင်းထိုင်းမယ်။ ဆိုတော့ အချုပ် ပြန်ပြောရရင် မီးပျက်တာ= supplier ထိတာ ဖြစ်လာမယ်ပေါ့..။
Unfreeze
Status quo လို့ခေါ်တဲ့ ကန်ရေပြင်လို တည်ငြိမ်နေတဲ့ အနေအထားကို စတင်ဖြိုခွင်းတဲ့ အဆင့်ဖြစ်ပါတယ်။
အသစ် ပြုပြင်ပြောင်းလဲမှု မလုပ်ခင် အဟောင်း (သမားရိုးကျ) ခေါက်ရိုးကျိုး နေတဲ့ အဖွဲ့အစည်းရဲ့
လုပ်ငန်းဆောင်တာ တွေကို ရိုက်ချိုးတာလို့လည်း ခေါ်နိုင်ပါတယ်။
အရေးပါတဲ့အချက်တခုကတော့ အရင်လို ဆက်လုပ်နေလို့ မဖြစ်တော့ဘူး မဆင်မပြေတော့ဘူး
ပြုပြင်ပြောင်းလဲဖို့ လိုလာပြီ ပြုပြင်ပြောင်းလဲလိုက်ရင် ဘယ်လို ကောင်းကွက်တွေ ရရှိခံစားလာရမယ်
ဆိုတာကို သေသေချာချာ ရှင်းလင်းတင်ပြနိုင်ဖို့ လိုအပ်ပါတယ်။
ဆိုပါစို့ .. ရုံးတစ်ရုံးမှာ မနက်ရုံးတက်ရင် ရုံးရောက်တဲ့အချိန်ကို ဝန်ထမ်းတွေကို လယ်ဂျာစာအုပ်မှာ
အချိန်နဲ့ လက်မှတ် ရေးထိုးစေတဲ့စနစ် သုံးတယ် ဆိုပါစို့။ ရုံးတက်ချိန် ၉နာရီဆိုရင် ဝန်ထမ်းတိုင်း
ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် လက်နဲ့ ရေးထည့်ရတာမို့ ၅မိနစ်နောက်ကျလည်း ၉နာရီ
၁ဝမိနစ်နောက်ကျလည်း ၉နာရီ ပျော်ပျော်ကြီး ရေးထည့်နေကြတယ် ပေါ့…။ ဟုတ်ပြီ နောက်လက စပြီး
timecard machine ဝယ်သုံးမယ် ..အားလုံးအတိအကျပဲ ရောက်တဲ့အချိန် ကို အသေအချာမှတ်တမ်းတင်မယ်။
ဘယ်သူက အချိန်မှန်ပြီး ဘယ်သူက နောက်ကျတတ်တယ် .. မတိကျဘူး ဆိုတာ ကွဲကွဲပြားပြား သိလာမယ်။
နှစ်ချုပ်လို့ ရုံးချိန်အမှန်ဆုံး ဝန်ထမ်းကို ဘယ်လိုဆုပေးမယ် ဆိုတာမျိုး လုပ်လို့ရလာမယ်။လေးစားအားကျစရာ
ဝန်ထမ်းကောင်းကို ဖော်ထုတ်လာနိုင်မယ် .. စတဲ့ message တွေကို ပြောပြ ဆွေးနွေးပြီး အသစ်ပြောင်းမယ့်
နည်းလမ်းရဲ့ ကောင်းကွက်တွေကို ဖော်ထုတ်ရပါမယ်။
အဲ့သည့်အပြင် အခြားသော ကိန်းဂဏန်းတွေဖြစ်တဲ့ အရောင်းစာရင်းတွေ အမြတ်ငွေ ဇယားတွေ
ဖောက်သည်တွေရဲ့ အသံနဲ့ complaint တွေ ကို ပြပြီးတော့လည်း ဘယ်လိုပြောင်းမှ ဘယ်လိုကောင်းမယ်
ဆိုတာကို အားလုံးနားလည် သဘောပေါက်လာအောင် လက်ခံလာအောင် ဆွေးနွေး ပြောဆိုနိုင်ပါတယ်။
အဖွဲ့အစည်းတခု အောင်မြင်မှု ရဖို့ ဆိုရင် လက်ရှိ လက်ခံကျင့်သုံးနေတဲ့ .. တန်ဖိုးထားတဲ့အရာတွေ
(Values) ယုံကြည်မှုတွေ (Beliefs) ခံယူချက်တွေ(Attitudes) နဲ့ အမူအကျင့်တွေ(Behaviors) ကို
စိန်ခေါ်ကြည့်ဖို့ လိုပါတယ်။
လက်ရှိ လူထုဆက်ဆံရတဲ့ အစိုးရဝန်ထမ်းတွေ ငါက အရာရှိကွ ..ဆိုတဲ့ စိတ်ထားမျိုး အကျင့်စရိုက်မျိုး
ပြန်လည် ချိန်ညှိဖို့ လိုပါတယ်။ ဟုတ်တယ် ငါက အရာရှိ ကွ..ရိုရိုသေသေဆက်ဆံစမ်း ဆိုသည်မှ
ဟုတ်တယ်.. ငါကအရာရှိ သို့သော် မင်းက ငါ့ထမင်းရှင် ..ငါတို့ကို အလုပ်ပေးထားတဲ့ အခွန်ထမ်း မင်းသည်
ငါ့ Customer ငါသည် မင်းကို Service ပေးရမယ့်လူ ။ Service ကောင်းမှ ငါသည် လူကောင်းလို့ ဆိုနိုင်မယ်။
Service ကောင်းမှ ငါတို့ ဌာနကောင်းမယ်။ ငါတို့ ဌာနကောင်းမှ ငါ့ထမင်းအိုး မကွဲမယ် …။
(ထမင်းအိုးကွဲတာမကွဲတာထား သေတဲ့အခါ အရှက်တရား မပိုက်သွားချင်ဘူး နောင်တတရား မပိုက်သွားချင်ဘူး)
ဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်လာအောင် ပေါ်လာအောင် စိန်ခေါ်ဖို့ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။
ဆိုပါစို့ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဟာ ခေတ်နဲ့အလိုက် .. အသစ်အသစ်တွေ ထပ်ဖြည့်လို့ မရတော့ဘူး။
procedure အရ ရှည်လွန်းကြာလွန်းနေမယ်.. ချောမွေ့မှု မရှိတော့ဘူး ဆိုတာ ထင်သာမြင်သာ ဖြစ်လာရင်
သေချာပါတယ် .. အလုံးစုံ ပြုပြင်ပြောင်းလဲရေးကသာ အဖြေဖြစ်တယ် ဆိုတာ …။
ဆိုပါတော့ ကျနော်တို့ Passport လုပ်ကြတယ်.. (အသစ် စလုပ်ရင်ပဲထား) ၃-၄-၅ စုံလောက်သော
စာရွက်တွေမှာ အချက်အလက် အတူတူကို ထပ်ခါထပ်ခါ ဖြည့်ရတယ်.. အချို့ အစုံတွေဆိုရင် ပထမ မျက်နှာ
လည်း ဒါပဲ ဒုတိယမျက်နှာလည်း ဒါပဲ … သိပ် အချိန်ကုန်တယ် ..လက်ပေါက်ကပ်တယ်။ မင်ခံ ပါတဲ့
စာရွက် တွေ အစားထိုးသုံးတာမျိုး .. webpage ကနေ ဒီ document အလွတ်တွေကို တင်ထားပေးပြီး
ကိုယ့်ဟာကိုယ် download ချ print ထုတ်.. ကြိုတင် ရေးဖြည့်ပြီး စာရွက်ထပ်ရုံ လာထပ်စေတာမျိုး
ဘာကြောင့် မလုပ်ကြသေးသလဲ မသိဘူးဗျာ..။ လူတွေကြိတ်ကြိတ်တိုးနေမှ .. ပွဲစားတွေ ခြေချင်းလိမ်နေမှ
အလုပ်ဖြစ်နေတဲ့ သဘောကို ဆောင်သလား .. ကြိုက်သလား တော့ မပြောတတ်ဘူး …။ ကျုပ်သိတာကတော့
Passport ရုံးရဲ့ အလုပ်သည် Passport လာလျောက်သူတွေကို Passport ထုတ်ပေးနိုင်ရေးပဲ…။
တိကျရမယ် မှန်ကန်ရမယ် မြန်ဆန်ရမယ် .. ဒါသည်သာ ဒီဌာနရဲ့ တန်ဖိုး အစစ်အမှန်ပဲ … ။ တန်ဖိုးရှိဖို့တော့
Change သင့်တာ Change ရမှာပါပဲ ..။
Change ဖို့ အတွက်တော့ ပထမဆုံး အဆင့်တွေမှာ ခက်ခဲမယ် ဖိအားများမယ် ဆိုတာ အမှန်ပါပဲ …။
လက်တလော တည်ဆောက်ထားတဲ့ မျှခြေကိုလည်း အတိုင်းအတာ တခုထိ ထိခိုက်စေမှာ အမှန်ပါ။
(မျှခြေလို့ သုံးထားတာ ရှေးကတည်းက တောက်လျှောက်လုပ်လာကိုင်လာ အသားကျလာတာကို သာ
ဆိုလိုပြီး မှန်ကန်မှု လို့ မဆိုလိုပါခင်ဗျား … မှားမှားကြီးနဲ့ မျှခြေရနေတာတွေများ ပုံလို့..)
ပြင်းပြတဲ့ တုန့်ပြန်မှုတွေလည်း တွေ့ကြုံရမှာ မလွဲပါဘူး ..။
new equilibrium ခေါ်တဲ့ မျှခြေ အသစ်တခုကိုရောက်ဖို့ မျှခြေဟောင်းကို (ထိန်းချုပ်မှုရှိတဲ့) ပြိုပျက်စေမှုနဲ့
ရိုက်ချိုးရမယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပြီး
အဖွဲ့အစည်းရဲ့ ရပ်တည်မှု ဆိုင်ရာ အခြေခံ အကြောင်းအရာကို ပြန်လှန်စောကျော စေနိုင်မှာဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ စိတ်တက်ကြွလှုပ်ရှားမှု ၊ ထက်သန်မှု သာ မပါရင် အဓိပ္ပါယ်ပြည့်ဝသော
ပြုပြင်ပြောင်းလဲရေး မဖြစ်လာနိုင်ဘူး ဆိုတာ သိသာစေအပ်ပါတယ်။
အဓိက ကျတာကတော့ ကိုယ့်အလုပ်ကိုယ်လုပ် ဖို့ ကိုယ်နေတဲ့ အဖွဲ့အစည်း ဌာန ရဲ့အလုပ်ကို
လုပ်ဖို့ ..သိဖို့ တန်ဖိုးထားဖို့ ပဲ ဖြစ်ပါတယ် …။ ဆက်ပြီးတော့ ခိုးမယ် ခိုမယ် ရစ်မယ် ကျစ်မယ် ဆိုရင်တော့
ပြန်စဉ်းစားစေချင်ရဲ့ .. ငါဘာအတွက် အသက်ရှင်သလဲဆိုတာ … ထမင်းရှင် Customers တွေအတွက်လည်း
မကောင်းဘူး နိုင်ငံအတွက်လည်း မကောင်းဘူး … ငါကောင်းတာ ငါ့မိသားစုအတွက်သက်သက်
ဆိုတာလောက်နဲ့ Change ကို ဖင်ပိတ်ငြင်းနေရင်တော့ ..အင်းးးးးးး…..
(အတည်ပြောမယ်. မနောက်ဘူး ..လမ်းပေါ်တက် ခေါင်းစည်းစည်းလက်သီးလက်မောင်းတန်းနေကြသူတွေရေ
မပင်ပန်းဘူးလား ..ပါးစပ်-ခြေ-လက် ..တကိုယ်လုံး လှုပ်ရှားရတာ …အဲ့သည့်အစား လက်ကလေးပဲ လှုပ်ဗျာ..
တိုင်စာလေးတွေ ရေးဇမ်းဘာ … အနည်းဆုံးတော့ စာသင်ခန်းထဲမှာတောင် အတိုင်အတောထူတဲ့ ကလေး
ရှေ့ အဆော့သန်တဲ့ ကလေးတွေ ကိုယ်ရှိန်သတ်တတ်ကြသေးတယ်မဟုတ်လား … ဂလိုပဲ …)
ဒီလောက်ဆိုရင် Unfreeze သဘောကို သိမယ်ထင်ပါရဲ့ဗျာ..
ထပ် ကွန့်ရရင်တော့ အထက်က လက်မှတ်ထိုးရုံးတက်တာရဲ့ caseမျိုးမှာ
လတလရဲ့ နောက်ဆုံးပတ် ..လက်မှတ်ထိုးတဲ့ လယ်ဂျာစာအုပ် သိမ်းထားမယ်
ယနေ့ကစ လက်မှတ်ထိုး ဖို့မလိုအပ် တခြားတခု အစားထိုးမယ် ကြေငြာမယ်..
နောက်လဆန်းကျမှ timecard machine ကို ချပြပြီး ယနေ့မှစ ဒါသုံးစေ(Change)
ပေါ့ဗျာ.. လုပ်မယ် ဆိုပါစို့ … တပါတ်တိတိခွာထားတာက Unfreeze period ဗျ..
ဇရိုက်အို အကျင့်ဟောင်းတွေ ဖျက်နိုင်ဖို့ အခွင့်ပေးတဲ့ စောင့်ဆိုင်းကာလ သဘော…။
မနေ့ကထိ လက်မှတ်ထိုးခိုင်းပြီး ဒီနေ့မနက်မှ ဘွားကနဲ ရော့ဒီမှာစက် ဒီနေ့ကစ ဒါနဲ့ သုံး
ဆိုတဲ့ ချက်ခြင်းလက်ငင်း ပြောင်းတဲ့ Change method ထက် ညက်ညောမှု ရှိတာ အမှန်လို့ ဆိုချင်ပါရဲ့…။
Change
လုပ်ငန်းဆောင်တာ ဆောင်ရွက်ကြတဲ့ နည်းလမ်းအသစ် တွေ စတင်ကျင့်သုံးတဲ့ အချိန် လို့ ခေါ်ရပါမယ်။
အောင်မြင်မှု ဆီသို့ သွားတဲ့ ပိုကောင်းတဲ့ လမ်းကြောင်းအသစ်ပေါ် ခြေချမိပြီလို့ အားလုံး ယုံကြည်လက်ခံလာဖို့
လိုအပ်တဲ့ အဆင့်လည်းဖြစ်ပါတယ်။
unfreeze အဆင့်ကနေ တကယ်တမ်း ပြုပြင်ပြောင်းလဲမှု ရောက်ရှိဖို့ နေ့ချင်းညချင်းတော့ ဖြစ်လာမှာ
မဟုတ်ပါဘူး ..။ တဖြည်းဖြည်းနဲ့ သွားရမယ့် စိတ်ပါလက်ပါ နဲ့ စူးစိုက် ကြိုးပမ်းရမယ့် အဆင့်ဖြစ်ပါတယ်။
the Change Curve ရဲ့ သဘောသဘာဝအရ .. သက်ရောက်မှု အားတွေဟာ သက်ဆိုင်ရာ ရပ်တည်မှု
လူပုဂ္ဂိုလ် နဲ့လိုက်လို့ ရှိနေ တွန်းကန်နေမှာ အမှန်ပါပဲ…။ ဒါကို အတိအကျ နားလည်ပြီး ထိန်းချုပ်နိုင်ဖို့
လိုအပ်ပါတယ်။ ဆိုပါစို့ ကားကန်ပနီတခု .. SUV Seden Truck စသည်ဖြင့် ထုတ်ကုန်အမျိုးအစားအလိုက်
Department တွေခွဲပြီး business do တယ်ဆိုပါစို့ …။ တကယ်တမ်းမှာ ထုတ်ကုန်အမျိုးစားအလိုက်
Department ခွဲတာထက် ဒေသအလိုက် Division တွေခွဲပြီး ရောင်းတာ ပိုထိရောက်မယ် ပိုကိုက်မယ် ဆိုတာ
တွေ့လာရတယ် ဆိုပါစို့..။ ဒီအခါမှာ ရာထူးအရ ဘတ်ဂျက်အရ ဖွဲ့စည်းပုံအရ ပိုလာ တိုးလာနိုင်စရာတွေ
ရှိသလို လျော့ကျသွားမယ် လျှော့ချပစ်ရမယ့် နေရာတွေလည်း တွေ့လာရမှာ မလွဲပါ…။ အနှီ အလျှော့ခံ
ရမယ့်နေရာတွေမှာ ရပ်တည်နေသူတွေကိ ဒီ Change ကို ဆန့်ကျင်မှာ လည်း မလွဲပါဘူး …။ ဒါကို
မြင်ထားနိုင်ဖို့ လိုပါတယ်။
တယောက်ချင်းစီဟာ အားလုံးကောင်းဖို့ အတွက် Change လုပ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်လို့
ထပ်ပြီး ပြောပါရစေ..။ အထက်က ကား ကန်ပနီ ကေ့စ် ကိုကြည့်ရင် ..ဟုတ်တာပေါ့ Manager တယောက်က
ဖွဲ့စည်းပုံအသစ်အရ သူတဆင့်ကျမယ့် ကိစ္စ ဒါမှမဟုတ် အရင်လောက် သူအရေးမပါအရာမရောက်မယ့်
ကိစ္စ ဖြစ်လာမှာမို့ ဆန့်ကျင်ရင်တောင် အခြား Manager တွေရဲ့ အားနဲ့ တွန်းအား(တခါတလေ ဖိအားပေါ့လေ)
ကိုသုံးပြီး အလုံးစုံခြုံကြည့်ရင် အားလုံးကောင်းဖို့ လုပ်ရတာ မဖြစ်မနေလုပ်ကြစို့ ..ဆိုတာမျိုး လုပ်ဖို့လိုအပ်ပါရဲ့
အများစု နားလည်လက်ခံဖို့ ..အများသဘော ကိုရဖို့က အရေးပါတယ်…ဆိုတာ သည်နေရာမှာ ပေါ်လွင်ပါရဲ့..။
ကံမကောင်းစွာနဲ့ ပြုပြင်ပြောင်းလဲရေးမှာ လူတချို့ ထိခိုက်နစ်နာမှုရှိမှာ အသေအချာပါပဲ…။ ဒီလူတွေကို
လေ့လာကြည့်ရင် တည်ငြိမ်နေခဲ့တဲ့ ပုံစံဟောင်း status quo မှာ အကျိုးအမြတ်ရရှိနေ ရယူနေသူတွေ
ဖြစ်တာ တွေ့ရပါတယ်။ ဆိုပါစို့ဗျာ စေတီတော် တဆူမှာ ဓာတ်ပုံရိုက်ရင် ၅၀ဝမျိုး ၁၀၀ဝ မျိုး ကင်မရခွန်
ကောက်တယ်.. အဲ့သည့်ပိုက်ဆံနဲ့ ဘုရားမှာ သန့်ရှင်းရေးဝန်ထမ်း ပြန်ငှားပြီး သုံးတယ်။ အဲ… ဘုရား
ဂေါပကအဖွဲ့က ကြာလာတော့ သိလာတယ်… ။ ကင်မရာအခွန်မကောက်သင့်ဘူးဆိုတာ .. ဘာကြောင့်လဲ
ဆိုတော့ ခရီးသွားတွေ ဒီဘုရားမှာ ဓာတ်ပုံတွေများများရိုက် များများ Print များများ online ပေါ်တင်ကြလေလေ
ဒါတွေဟာ Promotion items တွေ ဖြစ်လာလေလေ လူများများတွေ့လေလေ လူများများ ဘုရားကိုလာကြ
လေလေ ဆိုတာ ကိုသိလာလို့ပဲ..။အခွန်ကောက်လို့ ပုံအရိုက်နည်းရင် ရှဲတာ နည်းရင် ရတဲ့ ၅၀၀-၁၀၀၀
ဟာ မဖြစ်စလောက်ပဲ … အနှီ Promotion items ကို ဝယ်ယူလို့မရစကောင်းဘူးဆိုတာ နားလည်လာမယ်
ဆိုပါတော့ …။ ဂေါပကအဖွဲ့ထဲကပဲ လူကြီးတယောက်ယောက်က အခွန်မကောက်ရင် ခင်ဗျားအိတ်ကပ်ထဲက
စိုက်ထုတ်ပေးပြီး သန့်ရှင်းရေး ဝန်ထမ်းငှားမလား လို့ အငေါ်တူးတာလည်း ရှိချင်ရှိလာမယ်။ သို့သော်
အများ နားလည်သဘောပေါက် လက်ခံမယ်ဆိုရင် ဒီအခြေအနေကို ကျော်လွှားနိုင်မှာပါ။ အခွန်နေ့စား
ကောက်ပေးတဲ့ချာတိတ်တော့ အလုပ်ပြုတ်မပေါ့ဗျာ ..သို့သော်အလုံးစုံခြုံကြည့်တဲ့အခါထိခိုက်မှုထက် အကျိုးက
များမယ် ဆိုရင် လုပ်ကို လုပ်သင့်တဲ့ Change မဟုတ်ပါလား…။ ဒီသဘောပါပဲ..။
အချိန်ယူမှု နဲ့ ဆက်ဆံရေး ကောင်းမွန်မှု တို့က အဓိက သော့ချက်၂ခု လို့ ဖော်ပြပါရှိတယ်ခင်ဗျ။
အကူးအပြောင်းကာလဟာ သိပ်ကို သိမ်မွေ့လွန်းပြီး ထိရှလွယ်တာ အားလုံးလည်း သိကြမှာပါ။
ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ရင် ပြိုပျက်သွားဖို့ အန္တရာယ်အလွန်များတဲ့
ကာလဖြစ်ပါတယ်။
ပြင်ဆင်မှုမှာ အချိန်ယူရမှာဖြစ်သလို တကယ်တမ်း ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရာမှာလည်း အချိန်ပေးရမှာ
ဖြစ်ပါတယ်။ ဒါသည်သာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါလိမ့်မယ်။
Refreeze
အဖွဲ့အစည်းတခုဟာ ပြုပြင်ပြောင်းလဲထားတဲ့ ပုံစံအသစ်နဲ့ စတင်အလုပ်လုပ်ကိုင်နေပြီ ဆိုပါစို့..
ဒါဟာ ပုံစံသစ်မှာ အသားကျအောင် ခိုင်မြဲအောင် တည်ဆောက်ရမယ့် refreeze လုပ်ရမယ့် အချိန်ပါပဲ..။
ဖွဲ့စည်းပုံအသစ် ၊ လုပ်ငန်းဆောင်တာ တာဝန်အသစ် စတာတွေကို အသားကျအောင် လုပ်ရမယ့် ကာလ
ဖြစ်ပါတယ်။
ဆိုပါစို့ ကန်ပနီတခုဟာ Admin Department ကနေပြီး ဝန်ထမ်းရေးရာကို ကိုင်တယ်
Sales & Marketing ဆိုပြီး Sales Manager က ကိုင်တယ်..။ Change အနေနဲ့ ဝန်ထမ်းရေးရာအတွက်
Human Resource Division ဆိုပြီး အသစ်ဆောက်မယ်။ Marketing Department အသစ်ထည့်မယ် .ဆိုပါစို့
Unfreeze လောက်မှာ Admin ရော Sales ကရောပါ သူတို့ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးရလို့
(ဝါ) ပြိုင်ဘက်သဖွယ် အဆင့်တူ Dept: တွေပေါ်လာလို့ ငြင်းဆန်ကောင်း ငြင်းဆန်မယ်
ဒေါသဖြစ်ကောင်းဖြစ်မယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့မယ် ပေါ့လေ…။ တကယ်တမ်း Change ပြီဟေ့
ဆိုရင်တော့ အလုပ်တာဝန် အသစ်မှာ အသားကျအောင် လုပ်ရပါတော့မယ်။ ဆိုလိုသည်မှာ
ဝန်ထမ်းရေးရာ ကို HR က ကိုင်လို့ အဲ့သည့်အတွက် ပေးရမယ့်အချိန်ပိုတွေ ထွက်လာမယ့် Admin
ဟာ New Business Planning တွေ လုပ်လာနိုင်ရပါမယ်။ Sales ဟာလည်း Market ကို စီမံခန့်ခွဲဖို့
မပူရတော့လို့ တကယ့် day-to-day အရောင်း ကဏ္ဍကို မြှင့်တင်လာနိုင်ရပါမယ်…။ အဲ့သည့်
အနေအထားတွေကို Refreeze အသားကျအောင် လုပ်ဖို့ အရေးကြီးတာပါ။
တည်ငြိမ်မှုအသစ် တခု ရရှိပြီ ဆိုတဲ့ အာရုံ ကို ဝန်ထမ်းတွေ ခံစားသိရှိလာပြီဆိုရင်တော့ မိမိကိုယ်ကို
ယုံကြည်မှု ၊ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ သက်တောင့်သက်သာဖြစ်မှု တွေကို အကျိုးရလာဒ်အနေနဲ့
ရရှိမှာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုဆိုတာ တခါတည်း တကြိမ်တည်းနဲ့ ရပ်တန့်မနေတတ်ပါဘူး။ နောက်ထပ် ဆင့်ကဲပြောင်းလဲမှု
အသစ်တွေအတွက် ပြင်ဆင်ရမှာ ဖြစ်လို့ လက်ရှိပြောင်းလဲထားတဲ့ နေရာမှာ အသားတကျ ရှိဖို့က အရေးကြီး
ပြန်ပါသေးတယ်။ 1+1 ဟာ 2 ဖြစ်တယ်ဆို 2 မှာ မမြဲဘဲနဲ့တော့ နောက်ထပ် 1 ထပ်ပေါင်းလို့ 3 ဖြစ်လာမယ်
မဟုတ်ပါဘူး ..။ ပြန်လည် လိမ့်ဆင်းခဲ့ပြီး 1 ပြန်ဖြစ်သွားတော့မှ 1 ထပ်ပေါင်းရင် ဆိုပါတော့ ..
စိတ်ဓာတ်ထက်သန်မှု မရှိဘဲ ယနေ့ ကြုံတွေ့နေရတဲ့ အသစ်အသစ်သောအရာတွေ ရောက်မလာဘူးဆိုတာ
အားလုံး သိဖို့ လိုအပ်ပါတယ်။
Refreezing process ရဲ့ တစိတ်တပိုင်းအနေနဲ့ကတော့ ပြုပြင်ပြောင်းလဲမှု ကိုအောင်ပွဲခံဖို့ပါပဲ …။
ဝန်ထမ်းတွေ ပါဝင်ပတ်သတ်သူတွေကို ပြုပြင်ပြောင်းလဲရေးကာလ နာကျင်ခံစားရမှုများကို နှစ်သိမ့်ပေးပါ..။
အနာဂါတ်မှာ အောင်မြင်မှု ရရှိမယ်ဆိုတာ အားလုံးသိအောင်လုပ်ပါ။ ဒါဟာ ခြေလှမ်းမှန်တခု အစစတင်ကြောင်း
သိသာထင်ရှားပါစေ။
Practical Steps for Using the Framework:
Unfreeze
1. ပြုပြင်ပြောင်းလဲရမယ့် အရာတွေ ဟာ ဘာတွေလဲ ဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။
လက်ရှိအနေအထားကို သိရှိဖို့ အဖွဲ့အစည်းအတွင်း ဆန်းစစ်လေ့လာမှု ကို ပြုလုပ်ရပါမယ်။
ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာ နားလည်လက်ခံသဘောပေါက်မှုရှိပါစေ။
2. ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ဌာန ၊ဌာနစိတ် အတွက်ကတော့ အထက် က အားကောင်းမောင်းသန်
ထောက်ခံမှု ထောက်ပံ့မှု ရရှိဖို့ သေချာအောင် ဆောင်ရွက်ဖို့ပါ။
သက်ဆိုင်သူအသီးသီး ကို ဆန်းစစ်တဲ့ Stakeholder Analysis ကိုပြုလုပ်ပြီး သင့်တင့်လျောက်ပတ်တဲ့
Stakeholder Management လုပ်သင့်ပါတယ်။ ဒါမှသာ အဖွဲ့အစည်းရဲ့ key people တွေဆီက
လုံလောက်တဲ့ ထောက်ခံမှုရမှာပါ။ အဲ့လိုရလာပြီ ဆိုရင်တော့ ဒီပြုပြင်ပြောင်းလဲရေး စီမံချက်ဟာ
ကိုယ့်ဌာန ကွက်ကွက်ကလေးမဟုတ်ဘဲ အဖွဲ့အစည်းအဆင့် အရေးပါ တဲ့ issue ဖြစ်လာစေမှာ ဖြစ်ပါတယ်။
3. ပြုပြင်ပြောင်းလဲရေးအတွက် အကြောင်းပြချက်ကောင်း ကို ဖန်တီးမှု
“why” ဆိုတဲ့ မေးခွန်းကို ဖြေဆိုနိုင်ဖို့ လိုပါတယ်။
ဘာကြောင့်ပြောင်းရသလဲဆိုတဲ့ အကြောင်းပြချက် ဆိုပါတော့။
အဲ့သည့်နောက်မှာတော့ “how” ဆိုတဲ့ ဘယ်လိုပြောင်းမယ် ဆိုတဲ့ Strategy က ကပ်လိုက်လာမယ်
ဖြစ်ပါတယ်။
4. မရေရာမှုများ နဲ့ သံသယများ ရှိနိုင်တာ ကို နားလည်ပါ ။ စီမံခန့်ခွဲပါ။
ဝန်ထမ်းတွေဟာ သူတို့ရဲ့ ပူပန်မှု သောက ကို ထုတ်ပြောခွင့်ရှိနေပါစေ။ တံခါးဖွင့်ထားပြီး
လက်ခံဆွေးနွေးသင့်ပါတယ်။
Change
1. ဝန်ထမ်းတွေကြား ပြောဆိုဆက်ဆံမှု များများစားစား ပြုလုပ်ပါ။
ဒါဟာ စီမံဆဲကာလ planning နဲ့ အမှန်တကယ် ဆောင်ရွက်မှု implementation ကာလတွေ
တလျောက်လုံးလုပ်ရမှာပါ။
ရလာနိုင်တဲ့ အကျိုးကျေးဇူး တွေကို ထုတ်ဖော်ပြောပါ။
တယောက်ချင်းစီအတွက် ဘယ်လိုဘယ်ပုံ သက်ရောက်မှုရှိလာနိုင်တယ်ဆိုတာ ရှင်းလင်းပြောကြားပါ။
တယောက်ချင်းစီအတွက် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားပါ။
2. အတင်းအဖျင်းများကို လစ်လျူရှုပါ။
မေးခွန်းတွေအားလုံးကို ရိုးသားပွင့်လင်းစွာဖြေဆိုပါ။
ပေါ်ပေါက်လာမယ့် ပြဿနာရပ်တွေကို ချက်ခြင်းလက်ငင်း ရင်ဆိုဖြေရှင်းပါ။
ပြုပြင်ပြောင်းလဲရေးနဲ့ လုပ်ငန်းဆောင်တာပိုင်း ကို ထိစပ် ဆက်နွယ်နေပါစေ။
(အဲ့ဒါ အဲ့ဒါ …)
3. အင်အားပြည့်ဝသော ဆောင်ရွက်မှု
ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အတွက် အခွင့်အလမ်းများကို ဖန်တီးပေးထားပါ။
line managers တွေရှိမယ်ဆိုရင်တော့ နိစ္စဒူဝ ကွပ်ကဲမှု ပြုလုပ်ဖို့အတွက် အလေးပေးပါ
4. လူအများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
ရည်မှန်းချက် အတို အသေးလေးများစွာခွဲပြီး အနှီ အသေးလေးများကို တဆင့်ခြင်းစီ အောင်မြင်စေခြင်းဖြင့်
ရှေ့ဆက်တက်ပါ။
လိုအပ်ရင် ပြင်ပက အကျိုးခံစားသူများ (ဖောက်သည်များ၊ သွင်းကုန် လုပ်ငန်းများ ၊ unions များ စသည်)
နဲ့ တွေ့ဆုံ ဆွေးနွေးပါ။
Refreeze
1. အသစ်ပြုပြင်ပြောင်းလဲထားသမျှ ကို ရိုးရာတစ်ရပ်လို စွဲမြဲသွားအောင် ဆောင်ရွက်ပါ။
ပြုပြင်ပြောင်းလဲမှု ကို အားပေးစေတဲ့အရာတွေရော အဟန့်အတား ဖြစ်စေတဲ့အရာတွေရောကို
ဝေဖန်ဆင်ခြင်ပါ။
2. ပြုပြင်ပြောင်းလဲထားသမျှကို ထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်ပါ။
ဦးဆောင်ဆောင်ရွက်သူကို အားပေးမှုပြုပါ။
ဆုပေးတဲ့ စနစ်တခု တည်ထောင်ပါ။
ပြန်လှန် ဆွေးနွေးပြောဆိုတဲ့ အလေ့အထကို ထူထောင်ပါ။
လိုအပ်ရင် ဖွဲ့စည်းပုံကိုပါ မွမ်းမံယူပါ။
3. အားပေးကူညီမှု နဲ့ လေ့ကျင့်သင်ကြားမှု ပြုပါ။
အားလုံးကို စဉ်ဆက်မပြတ် သတင်းပို့စေပြီး လိုအပ်သမျှကို အားပေးထောက်ကူပါ။
4. အောင်မြင်မှုကို ခံစားမျှဝေပါ ။
Key Points
အချုပ်အားဖြင့်တော့ Lewin’s ရဲ့ မော်ဒယ်ဟာ Change Management အတွက် အလွန် နားလည်ရလွယ်ပြီး
အသုံးတည့်လှတဲ့ framework ဖြစ်ပါတယ်။
အဆင့် သုံးဆင့်ကို ခွဲခြားမြင်ပြီဆိုတာနဲ့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုကို ဘယ်လို လက်တွေ့အကောင်အထည်
ဖော်ရမယ်ဆိုတာ သိသာမှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးအတွက် စိတ်ဓါတ်မြှင့်တင်မှု ပြုလုပ်ပါ။ (unfreeze).
ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ဆက်ဆံရေးကောင်းမွန်စွာနဲ့ လုပ်ပိုင်ခွင့် ပြည့်ဝစွာ ပေးပြီး
တက်တက်ကြွကြွ လုပ်ဆောင်ပါ။(change).
နောက်ဆုံးမှာတော့ တည်ငြိမ်မှုရဲ့ အသိ sense of stability နဲ့ အထိုင်ကျအောင် လုပ်ပါ(refreeze)
ဒါဆိုရင်တော့ ဝန်ထမ်းတွေရဲ့ စိတ်ဇောထက်သန်မှု စိန်ခေါ်မှု ပြည့်ဝတဲ့ စနစ်အသစ်မှာ အခြေချနိုင်ပြီလို့
ဆိုနိုင်ပါလိမ့်မယ်။
ကိုးကား။
http://www.mindtools.com/pages/article/newPPM_94.htm
မဖြစ်ဘူး မဖြစ်နိုင်ဘူး မရဘူး မရနိုင်သေးဘူး ငြင်းချင် ကြည့်ငြင်းလို့ရအောင် Innovator’s Curve ကိုတင်လိုက်ပါတယ်…
Chasm ပါ.. အဲ့သည့် ထိပ်ဆုံးက လှိုင်းကြက်ခွပ် ကလေးလောက် ပြောင်းနိုင်ပြီဆို နောက်မှာ ..လှိုင်းလုံးကြီးတွေ
ပါလာမယ် ဆိုတာ မြင်ရမယ် ဖြစ်ပါတယ်။ ကိုယ်ဘယ်နားမှာ နေမလဲ ဆိုတာက အဓိက ကျပါလိမ့်မယ်..။
အနာဂါတ်ကိုတော့ အကောင်းဖြစ်စေဖို့ မျှော်လင့်ရင်း ဆန္ဒပြုရင်း တတ်နိုင်သလောက် ကြိုးစားရင်း..။
တော်သေးပြီ ..။
ခင်တဲ့
ဂီ
33 comments
ခိုင်ဇာ
March 5, 2013 at 8:28 am
အဲဒါတွေ၊ အဲဒါတွေ ကြောင့် ဆရာ ဂီ၊ ဆရာ ဂီ လို့ ခေါ်ရတာပါ ဆရာ ဂီ ရယ်။
ထပ်ခါဖတ်တာကို နားမလည်တဲ့ အပိုင်းရှိသေးရယ်။
ဒါပေမဲ့ လူသဘောဆိုတာ စောကြောမိရင် အပြောင်းအလဲဆိုတာကို ဦးစွာ ပထမ လက်မခံပဲ ငြင်းဆန်တတ်ကြတာများတာကလား။
အရင် နေထိုင်မှုပုံစံက ဒိန်ခဲတုံးကြီး ပျောက်သွားတာကို ထိုင်ငိုနေမဲ့ အစား အသစ်အသစ်နေထိုင်မှုပုံစံပြောင်းလဲ ပြီး လိုရာကို ရောက်အောင် သွားဖို့ လုံလောက်တဲ့ တွန်းအား ဘယ်နေရက ရနိုင်တုန်း တွေးမိပါရဲ့။
တစ်ချို့ကျပြန်တော့ ပြောင်းလဲရမယ်ဆိုတာကို မသိ။
သိတော့ ဘယ်လိုပြောင်းရမတုန်း နားမလည်။
နားလည်ပြီး ပြောင်းလဲနိုင်တော့ အသားမကျ။
ဘာပဲဖြစ်ဖြစ် Change ကို ဒီလို စံနစ်တကျလေး ဆန်းစစ်ရတော့ အရင် ဒွိဟဖြစ်နေတဲ့ အရာတော်တော်များများ ရှင်းလင်းတာပေါ့။
ကိုယ့် ဘဝမှာ Change နိုင်တဲ့ အရာတွေကို တွေးကြည့်ရင်း မ Change နိုင်တဲ့ အရာတွေ အတွက်ကတော့ … :byae:
ဟိ။
:kwi:
နောက်ဆုံး အကြံပေးချင်တာက ဒီစာ ကို ပြောင် (အဲလေ) တမဒဂျီး ဝူးတိန့်ရှိန် ဆီ နိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းများလုပ်ဖို့ မန့်နေမန့် ပိုင်းက လေ့လာနိုင်ရန် ပို့လိုက်ပါ့လားဟင်!!!!!!!!
Ghi Ghi ThE KiD
March 5, 2013 at 8:52 am
နောက်သလားကွယ်..
ကျုပ်တို့က who moved my cheese? လောက် စဉ်းစားနေတဲ့အချိန်
ခရိုနီတွေက i moved your cheese! လို့ ကြွေးကျော်သူ ကြွေးကျော်
ဘပြောင်ဘေးက ဆြာတွေက whose cheese can i move? လို့ တွေးသူက ဆက်တွေးနေ..
မောပါတယ်အေ…ဒါပေသိ တခုပဲ..မျှော်လင့်စရာဆိုလို့ 15% ..
အနှီ 15% သာ အကောင်းဘက် ဦးတည်ရင် နောက်က လှိုင်းကြီး လိုက်လာလိမ့်မယ်….။
ကျနော် critical mass ကို (ရှိုက်ကြီးတငင်) ယုံပါသည်။
:byae:
ကထူးဆန်း
March 5, 2013 at 10:02 am
မတ်လ အတွက် ဖတ်ရွေးစိတ်အေးသွားရ လောက်ပြီ ..
ဘရာကြော်ပါ ဂီ…
Foreign Resident
March 5, 2013 at 10:13 am
” အနှီ 15% သာ အကောင်းဘက် ဦးတည်ရင်
နောက်က လှိုင်းကြီး လိုက်လာလိမ့်မယ် ”
နောက်က လှိုင်းကြီး လိုက်လာလိမ့်မယ် တဲ့လား ။
အင်းးးးး ။ အဘ အခုတစ်ခေါက် ရန်ကုန် ရောက်တုန်း သိခဲ့ရတာတော့ ။
စက်မှု ( ၁ ) နှင့် စက်မှု ( ၂ ) နှစ်ခုပေါင်းထားတဲ့ စက်မှု ဝန်ကြီး ဋ္ဌာနကြီးက ၊
စက်ရုံ တစ်ဝက်ကျော် အရှုံးပြပြီး ရပ်နေပြီ ပြောတယ် ။
Toyota ကား ကုမ္ပဏီ လာပြီး မြန်မာပြည်မှာ ၊
Toyota ပစ္စည်းတွေထုတ် နိုင်ငံခြားကို export ပြန်ပို့တဲ့ စက်ရုံ ဆောက်ဖို့ ၊
အစိုးရ စက်မှု ဝန်ကြီး ဋ္ဌာန နှင့်ပါ ပူးတွဲပြီး ၊
Assessment ဖြစ်နိုင်ချေ လာတွက်ခဲ့ကြတယ် ။
အခုလက်ရှိ စက်မှုဇုံ မြေဈေး / ငှားခ ၊ လျှပ်စစ်မီး ၊ လုပ်သားခ ၊ အခွန် ၊
စတာတွေ တွက်ကြည့်ပြီး ၊ တွက်ချေ မကိုက်နိုင်ဘူး ဆိုပြီး ပြန်သွားကြတယ် ။
အခု လက်ရှိ ၊ မြန်မာနိုင်ငံ ကို ဝင်လာတာတွေက ။
၁ ။ သူတို့ ပစ္စည်းကို မြန်မာနိုင်ငံမှာပဲ ပြန် ရောင်းချမယ့် ကုမ္ပဏီ တွေ ။
( ကားထုတ်ပြီး ရောင်းမယ့် Mitsubishi ၊ အချိုရည် လာ ရောင်းမယ့် Coca Cola )
၂ ။ မြန်မာ နိုင်ငံထဲက သယံဇာတ တွေ လာတူးဖေါ်မယ့် ကုမ္ပဏီ တွေ ။
( ရေနံ ၊ ဂက်စ် ၊ ကြေးနီ ၊ ရေအား လျှပ်စစ် ကုမ္ပဏီ တွေ )
ဒါတွေပဲ တွေ့နေရတယ် ။
တိုင်းပြည် နှင့် ပြည်သူတွေ ကို တကယ် အကျိုးရှိစေမယ့် ကုမ္ပဏီ တွေ ၊
( export ပြန်လုပ်မယ့် ကုမ္ပဏီ တွေ ၊ နည်းပညာ ကျန်ခဲ့မယ့် ကုမ္ပဏီ တွေ )
တစ်ခုမှ ( တစ်ခုမှ ) လုံးဝ ( လုံးဝ ) မလာသေးဘူး ။
အဓိက သူတို့ မ ကြိုက်တာတွေက ၊
၁ ။ လျှပ်စစ် ။
၂ ။ ဆန္ဒပြတာတွေ ။
၃ ။ စက်မှုဇုံ မြေဈေး ။
၄ ။ ရင်းနှီးမြုပ်နှံမှု ဥပဒေ ။
လို့ကြားတယ် ။
အဓိက မကျတဲ့ sector တစ်ချို့ ( eg : Tourism ) ကလွဲရင် ၊
အဓိက ကျတဲ့ sector တွေမှာ အလုပ်လုပ်လို့ကို မရတော့ဘူး ကြားတယ် ။
စီးပွားရေး သမားတွေကလည်း လုပ်စရာ အကွက် မရှိသလောက်ဖြစ်နေပြီ ပြောကြတယ် ။
စီးပွားရေး တစ်ခုလုံး ခြုံကြည့်ရင် ရပ်နေပြီလို့ ပြောကြတယ် ။
အဘ ကတော့ ၊ တိုင်းပြည် အခြေအနေ ဆိုးနေပြီ ထင်တာပဲ ။
ဘယ်တော့ CHANGE မှာလဲ ။
သာမီးလေးတွေတော့ ဈေးကျတော့မှာပဲ ၊ ဟီဟိ ။
မရမက အကောင်းကို ရှာကြံ မြင်တတ်သူ ၊ အဘ ။
( အခု လောလောဆယ် မြန်မာပြည်ထဲ တကယ် ဝင်လာတာက L e T တစ်ဖွဲ့ပဲ ရှိတယ် )
( http://www.hindustantimes.com/India-news/NewDelhi/LeT-seeks-foothold-in-Myanmar/Article1-1004198.aspx )
( အဲဒီ L e T သတင်း ဘာသာပြန်ပေးလိုက်ရင် ကောင်းမလား မသိ )
Ghi Ghi ThE KiD
March 5, 2013 at 1:16 pm
ဘဏ်လုပ်ငန်း နဲ့ အပျော့ထည် ပိုင်းတော့ အကျိုးရမယ် မြင်မိတာပါပဲ အဘရေ..။
ဆက်သွယ်ရေး နဲ့ မီဒီယာ ကတော့ ဘယ်လောက် လုပ်ပိုင်ခွင့် ဖွင့်ပေးမယ် ပေါ်မူတည်မယ်ထင်ရဲ့..။
အခြေခံအကျဆုံး ဆောက်လုပ်ရေး ပိုင်းကတော့ အင်းးး.။
မြေကြီးတွေ ကစားနေတာနဲ့ပဲ … …. မြေမျိုကုန်သူတွေလည်း မနည်း..။
LeT အကြောင်းရေးပါဗျို့ …။ (မရေးတတ် / မရေးရဲ လို့ဘာ)
အားပေးပါယဇီ။
:harr:
Ghi Ghi ThE KiD
March 5, 2013 at 1:24 pm
15% ဆိုလို့ သီအိုရီ အရတော့ 15% ပဲအဘရေ …15% ရရင် နောက်ထပ် 30% ပါလာမယ်
45% ရောက်ရင် နောက်ထပ် (မပါချင့် ပါချင်) 30% ထပ်ရလာမယ်ပေါ့..။
ခက်တာက 15% ရဖို့က ချောက်ကမ်းပါးကြီးကို ဖြတ်ရတယ်…အဲ့သည့်ချောက်ကမ်းပါးထဲ လိမ့်ကျသွားတာများတယ်
(Case တွေက တော့ ၇၅% ၈၀%လောက်သော case တွေက ချောက်ထဲကျတာများတယ်ဆိုပဲ)
အားရှိစရာ …
ဆိုတော့ ၁၅% ရအောင်လုပ်ရင်လုပ် မလုပ်နိုင်ရင်တော့ ချောက်ထဲကျပြီ
ကြာသေးလို့လားဗျာ Windows Vista တောင် ထိပ်ဆုံး 3%ကနေ 15% သော developers တွေ
enthusiasts တွေကြောင့် ချောက်ထဲ ဒလိမ့်ခေါက်ကွေး ပြုတ်ကျပါရောလား ..။
:byae:
Foreign Resident
March 5, 2013 at 3:38 pm
” LeT အကြောင်းရေးပါဗျို့ …။ ( မရေးတတ် / မရေးရဲ လို့ဘာ)
အားပေးပါယဇီ ”
ဟင့် ၊ ရှော့ရှိတဲ့ အဲဒါမျိုးကျ အဘကို ရေးပါတဲ့ ။
ချက်ချင်းကို အားပေးတော့တာပဲ ။ လူဇိုး ။
Foreign Resident
March 5, 2013 at 3:29 pm
ဟုတ်ပါ့ ဂီဂီ ရေ ။
ရန်ကုန်က ငွေရှင် တွေ ကလည်း လုပ်စရာမရှိလို့ မြေဝယ်စုတယ်တဲ့ ။
မြေဝယ်စုတာက တိုင်းပြည်အတွက် အကျိုး မရဘူးလေ ။
မြေ ဈေးတက်ပြီး တိုင်းပြည်အတွက် ပိုတောင် ဆိုးလာသေး ။
အစိုးရ စက်ရုံတွေမှာက အရင် လူကြီးတွေက လာဘ်စားပြီး ၊
ခေတ်မမှီ မေါ်ဒါယ် အောက်သွားလို့ ၊ တွက်ချေ မကိုက်တော့လို့ ၊
တရုတ်ကတောင် မသုံးတော့တဲ့ စက်အဟောင်းတွေကို ၊
ဈေးကြီးပေးပြီး တပ်ထားမိတာ ။
အခု အဲဒီ စက်တွေနှင့် အမြတ်ထွက်အောင် ဘယ်လိုမှ Run လို့မရနိုင်လို့ ၊
ရပ်ထားရတယ် ပြောတယ် ။
တိုင်းပြည် ဘဏ္ဍာငွေတွေ ဒေါ်လှ သန်းချီပြီး ပလုံ တာပေါ့ ။
သာမာန်လူကကြားရင် တရုတ်ကြီးကို ထည့်တယ်ဆိုပြီး စိတ်ဆိုးအုန်းမယ် ။
ကိုယ့်ဖက်ကလူက ၊ အပေါက်ဝ တေ့ပြီး ၊ ဆီဆွတ်ပေးတာ လူမသိဘူး ။
အရင်လူတွေ တော်တော် ရက်စက်ကြတာပဲ ။
အခု လဲ လွှတ်တော် နှင့် အမေစု က ၊
New York Convention ကို လက်မှတ်ထိုးတော့မယ်တဲ့ ။
အဲဒါကြီး လက်မှတ်ထိုးပြီးရင်တော့ ၊
လက်ပန်းတောင်း တောင်မှာ အော်နေတဲ့လူတွေတော့ ၊
ပွဲပြီးတော့ ၊ အကြိတ်ခံရတော့ မှာပဲ ။
သဗ္ဗေ သတ္တာ ၊ ကမ္မသကာ ပဲ ။
Wow
March 5, 2013 at 11:17 am
ဆြာဂီတို့လိုပညာရှင်တွေ မန်းဂေဇက်မှာ အများကြီးရှိတော့.. သမီးတို့လို အသစ်လေးတွေ ပညာအများကျီးရလို့ ဆြာဂီ့ ကျေးဇူးဆပ်မကုန်ပါဘူးချင့်…
ဟီး.. နောက်ထှာပါအေ… အချိန်ပေးစေတနာထားရေးပေးထားတော့ ၄၄စားစား ဖတ်သွားပါဒယ်..
Ghi Ghi ThE KiD
March 5, 2013 at 11:55 am
နောက်တယ်လား ဆဲန်းပိုင်း 先輩 ???
:528:
Wow
March 5, 2013 at 12:11 pm
ဂျာပွန်လိုနားမလယ်ဘူးဆိုပီး မဆဲနဲ့အေ… :kwi:
ကြည်ဆောင်း
March 5, 2013 at 2:04 pm
အခုတော့ Bookmarks ဘဲလုပ်ထားနိုင်သေးတယ်..
အလုပ်တွေမှာ ငါ့လူ ဆိုတဲ့လူမွေးတဲ့အစွဲကြီးလဲ CHANGE နိုင်ဖို့လိုမယ်ထင်မိကြောင်း ….
:bar:
ပြုပြင်ပြောင်းလဲဖို့တာဝန်ရှိသူတွေနဲ့ ပြုပြင်ပြောင်းလဲချင်သူတွေ ဖတ်မိစေချင်ကြောင်း ….
:buu:
ဦးဖွတ်ကျား
March 6, 2013 at 7:28 am
JD (Job Description) နဲ့ Authority & Responsibility မျှခြေ ကို ကိုင်နိုင်ရင်
လူမွေးတာ မမွေးတာက သိပ်ပြဿနာရှိတဲ့ ကိစ္စ တခုမဟုတ်တော့ဘူးဗျ။
အတိအကျပြောပါဆိုရင် စက်ကပ်ကြေး ဟာ စက်ကပ်ကြေး လုပ်ပိုင်ခွင့်ထက်ပိုမရအောင်
ပီအေဟာ လူဂျီးနား နေရတယ်ဆိုပြီး ပီအေ လုပ်ပိုင်ခွင့်ထက်ပိုတဲ့ အရာတွေ မလုပ်နိုင်အောင်
စည်းကမ်းတွေ ဘောင်တွေ JD ပေါ့ဗျာ ကောင်းကောင်းချမှတ်ထားသင့်ပါတယ်။
စနစ်ကြောင့်မဟုတ် (စနစ်ကြောင့်မဟုတ်) ..လူကြောင့် ဆိုရင်
လူဆိုတာ ဖောက်ပြန်တတ်တဲ့ အသာခိုတတ်တဲ့ အချိုကြိုက်တဲ့ သဘောရှိတာကြောင့်..
စနစ်ကို တင်းတင်းကျပ်ကျပ် ရေးဆွဲထားသင့်ကြောင်း ရယ်ဗျို့. ..။
:hee:
pooch
March 5, 2013 at 10:57 pm
လှိုင်းကြပ်ခွပ်လား လှိုင်းလုံးလား လာမလာတော့ မသိဘူး
လောလောဆယ် တရက် ၄ နာရီတောင် ပြည့်အောင် အလုပ်မနည်းလုပ်နေရတယ်
စဉ်းစားနေတာ အိမ်က ဦးကြီးက ရှိတာတွေ အကုန်ထုတ်ရောင်းပြီး ဘဏ်တိုးနဲ့ပဲ ထိုင်စားကြရင် ကောင်းမလားလို့ စိတ်ကုန်နေလို့ တဲ့
တို့ကတော့ ထိုင်စားနေတဲ့သူဆိုတော့
ချိန်းချင်ချိန်း မချိန်းချင်နေ အေးဆေး ( နဂိုထဲက သုံးစားလို့ မှ မရတာ လေ )
မစ္စတာဂီ အားရင် Canon EOS 1100 D လေး ရေးပါလား ဟင်
ဦးဖွတ်ကျား
March 6, 2013 at 6:59 am
အိုက်ဒါ ခက်တာပေါ့ …
မိုးတွင်း မီးမှန်တယ် … နွေအတွက် ချွေတာကြမဟေ့တို့..
လိုသလောက်ပဲ သုံးကြမယ်ဟေ့တို့ … ကမ်ပိန်းလုပ်တယ်
မကြားဖူးဘူး ..နွေရောက်ရင် လမ်းပေါ်တက် ဖျောင်းတိုင်ထွန်းတာပဲ
ကြားဖူးတယ်..
လမ်းပေါ်တက်တာလည်း တောင်းတာသက်သက် …
အင်နာဂျီ ပေးပါပေးပါ ဆိုတာချည်း ..
ပုဂ္ဂလိက ထုတ်လုပ်ဖြန့်ဖြူးခွင့် တောင်းတာမဟုတ်..
(အဲ့လိုတောင်းဖို့လည်း စိတ်ကူးရှိပုံမပေါ်)
ဆြာသမားများရဲ့ ဖြေရှင်းပုံကလည်း သင်းတယ်..
လူတွေလမ်းပေါ်တက်ရင် လူတွေ ကျေနပ်အောင်
စက်ရုံတွေဖြတ်ပြီး ရပ်ကွက်တွေပေးတယ်..
ကုန်ထုတ်စွမ်းအားကျတာတွေ စီးပွားလုပ်ငန်းထိခိုက်တာတွေ
နောင်ခါလာနောင်ခါဈေး … လမ်းပေါ်ဖျောင်းတိုင်ထွန်းသူတွေ
ကိုယ့်အိမ်ကိုယ်ပြန် ကိုရီးယားကားကျိပြီး အေးဆေးနေဖို့ အဓိက …
ဖွတ်သထက်ညစ် ဆိုတာ အဲ့လာ ..အဲ့လာ..
ထားပါတော့..
ကနွန်း ကင်မလာ စိတ်ဝင်စားတယ်ပေါ့…
ထောင်ဂဏန်းက အနိမ့်ဆုံးပဲဗျ..(1000D, 1100D)
အဲ့သည့်နောက်မှာ ရာဂဏန်း (450D, 550D, 650D)
ဆီမီးပရို လောက် သတ်မှတ်တာက ဆယ်ဂဏန်းတွေ (50D, 60D)
flagship လို့ ခေါ်တာကတော့ ခုဂဏန်း (5D-fullframe, 7D-cropframe with dual processor)
fully-pro ကတော့ (1D Series) ပေါ့ဗျာ..
စကိုင်မယ် ဆိုရင်တော့ pixel နည်းတဲ့ ထောင်ဂဏန်း(1000D, 1100D) ထက်
ဈေးသိပ်မကွာတဲ့ ရာဂဏန်း (450D, 550D, 650D) ကို စဉ်းစားစေချင်ပါတယ်
သူတို့က အတူနီးပါးထွက်တဲ့ ဆီမီးပရိုမော်ဒယ် ဒါမှမဟုတ် (တဆင့်နိမ့် fully pro)နဲ့ processor
တူညီတာကြောင့် ပါ
650D နဲ့ 1100D နဲ့ ဒေါ်လှ ၁၂ဝ လောက်သာကွာပေမယ့်
12.0 Mp Vs 18.0 Mp ဖြစ်ပြီး တန်းအရ တဆင့်နိမ့်သလို မျိုးဆက်အရလည်း တဆင့် နောက်ကျတဲ့
မော်ဒယ် မို့လို့ပါပဲ
ဒါ့ပုံရိုက်တယ် ဆိုတာ ပြန်မရနိုင်တော့မယ့် အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်တာမို့
ကိုယ့်ဘက်က သေချာဖို့တော့ လိုပါတယ်…။
(နောက်တာ အတည်)
တော်သေးဘီ
ခင်တဲ့
ဂီ
:kwi:
padonmar
March 6, 2013 at 2:41 am
ဘုရားပေါ်က ဓာတ်ပုရိုက်ခ ဥပမာလေး သဘောကျတယ်။
Change က ပြောတော့လွယ်တယ်အေ၊
ပြောင်းဖို့က တော်တော်ခက်ပါတယ်၊
ပြောင်းချင်စိတ်ရှိဖို့က ပိုခက်တယ်။
တခါတလေ အစတော့ ဟုတ်သလိုလိုနဲ့ အလယ်လောက်ရောက်ရင် ကိုယ့်နောက်မှာ လူမရှိတော့ဘူး။
ပြန်ခွေအိပ်နေကြပြီ။
လေပါတယ်အေ။
Motivation ဘယ်လို တက်အောင် လုပ်ရမယ်ဆိုတဲ့ အကြောင်းလေးရေးပေးပါအုံး။
ဦးဖွတ်ကျား
March 6, 2013 at 7:12 am
ဟုတ်ကဲ့ အန်ကယ်ဒုံ
ငယ်ငယ်က ကျိခဲ့တဲ့ ကျော်ဟိန်းကား တစ်ကား ပြန်သတိရမိရဲ့
အဲ့သည့်ဇာတ်ကားမှာ သူက ဘုန်းကြီးလူထွက် ..နေတာက တံငါရွာ..
အကုသိုလ်ကလည်း မလုပ်တတ် မလုပ်ချင်တော့ ကျောက်ကျိုကျောက်ကြား
(တံငါလှေတွေက သယ်လို့ ကျကျန်ရစ်တဲ့) ငါးအသေ ရှာစား ရင်း တူတူမတွေကို
လုပ်ကျွေးနေသတဲ့ …။
တနေ့သား အူးဇင်း လူထွက် က ရွာသူားတွေကို ဟောပြောစည်းရုံးရင်း
ဘောက်မဲ့ကြောင့် အကုသိုလ် အလုပ်နဲ့ တံငါလုပ်စားမတုန်း စပါး စိုက်စားမကွ
ဆိုပြီး လူစုပါသတဲ့ ..အချိန်ကြာလာတာနဲ့အမျှ ထမင်းချက်ရအုံးမယ် ကလေး ထိန်းရဦးမယ်နဲ့
ရွာသူားတွေ သူ့နောက်ပါသူ တစ တစ လျော့နည်းလာလိုက်တာ နောက်ဆုံး ..
တတ်သိနားလည်သူတယောက်က ဘုန်းဂျီးလူထွက်ကတော့လုပ်ပြီ ဒါ ပင်လယ်ကမ်းနား
မြေအောက်မှာ ရေငန်ဝင်တယ် စပါးစိုက်လို့မရဘူး မသိဘဲ ရမ်းမနေနဲ့ ဆိုပြီးပြောတော့မှ
လက်ကျန် လူတွေ လူစုခွဲလေဟူသတတ်။
ဆိုလိုချင်တာ သည်လိုပါ… Goal Setting အပိုင်းပါ။ Goal ဟာ S.M.A.R.T ဖြစ်နေရပါမယ်။
(Specific, Measurable, Achieavable, Realistic, Timed)
အဲ့ဒါကို အယုံအကြည်မရှိကြရင် ပြုပြင်ပြောင်းလဲရေးမှာ နောက်ကလိုက်တဲ့လူ ကြာလာတာနဲ့အမျှ
လျော့ကျသွားမှာပါ…
(အဟောအပြောကောင်းရင်တော့ ကနဦးလူစုနိုင်ပေမပေါ့လေ..)
ဒါကြောင့် တောက်လျောက် Communication ဟာ အရေးကြီးတယ် ဆိုတာ ဖြစ်မယ်ထင်ရဲ့…။
ပြုပြင်ပြောင်းလဲခြင်းရဲ့ အကျိုးကျေးဇူးကို သိအောင် နားလည်အောင် ပြောနိုင် ဆွေးနွေးနိုင်မယ်
ဆိုရင်တော့ Motivation ရဖို့ မခက်ဘူး လို့ ယူဆပါတယ်။ တကယ်ခက်တာက ရရှိပြီးသား
Motivation ကို ပြန်မကျသွားအောင်…။ လှည့်ကြည့်လို့ လူမကျန်တော့ မဖြစ်အောင် လုပ်တာပါပဲ..။
အပေါ်ကပြောတဲ့ Communication နဲ့အတူ အသေးစား Task လေးတွေကို တဆင့်ချင်း တဆင့်ချင်း
အောင်မြင်စေခြင်းကပဲ ထိန်းသိမ်းနိုင်မယ် ထင်ပါလိမ့်မယ်ဗျာ…။ အဲ့သည့်အကြောင်းပြောရင်
Game Theory ဘက်ရောက်သွားမှာမို့ .. အဆင်ပြေတဲ့အခါ သပ်သပ်ရေးပါဦးမယ်ခည…။
:harr:
ခင်တဲ့
ဂီ
kai
March 6, 2013 at 5:32 am
ပြောပါတယ်..
ဂီဂီပုံထဲက.. အလယ်မှာ ထောင်ပိတ်ကြီးရှိနေတဲ့.. “လိမ္မော်”ရယ်.. ခရမ်းရယ်ကိုဖြိုချ.. ဖျော်ပစ်လိုက်..
ဘေးကအဝါနု..စိမ်းနုလေးတွေ.. ကြီးထွားခွင့်ရလာလိမ့်မယ်..
အဲ..
ခရမ်းရောင်အစား.. “အစိမ်းရင့်”လို့.. သဘောပေါက်ဖတ်လိုက်နော… :kwi:
ဦးဖွတ်ကျား
March 6, 2013 at 7:20 am
Early Majority & Late Majority ကို ဖျော်ထုတ်ပစ်လို့တော့ မရစကောင်းပါဘူး သဂျီးရယ်..။
ရပ်ကွက်ထဲ လူတယောက် စမတ်ဖုန်းဝယ်မယ်ဆိုရင် အမျိုးထဲက အိုင်တီကျွမ်းကျင်သူကို
ရှာမေးတတ်သလိုမျိုးပေါ့ ..။
ဆိုပါတော့ အသစ်တခုခု ထွက်မယ်ဆိုရင် ဒဘလော့ပါ က ချီးမွမ်းမှ အန်သူရေးဇစ်ဗ် က သုံးမယ်
အန်သူရေးဇစ်ဗ် က ရီကော်မန်းလုပ်မှ ဆီမီးပရိုလောက်က သုံးမယ် ဆီမီးပရိုလောက်က ထောက်ခံမှ
ယူဇာ စစ်စစ်က သုံးမယ်..။ ဆီမီးပရိုနဲ့ ယူဇာ ကို ဖျော်ထုတ်လို့တော့ ဒဘလော့ပါ ပမာဏ
အန်သူရေးဇစ်ဗ် ပမာဏ မတိုးလာပါဘူး ..။ ဖြစ်ခြင်းဖြစ်ရင်တော့ ဒဘလော့ပါ နဲ့ အန်သူရေးဇစ်ဗ်ကို
အန်ပါဝါ လုပ်ပေးခြင်းပါပဲ ..။ အဲ့ဒါ ထရစ်ဒစ်ရှင်နယ် မီဒီယာ နဲ့ ဆိုရှယ် မီဒီယာ တွေ ဖြစ်ပါလိမ့်မယ်။
တိုးတက်တဲ့တိုင်းပြည်တွေမှာ မှန်တဲ့လူက မှားတဲ့လူ မမှန်တဲ့လူကို အထင်သေးတဲ့ မျက်လုံးတွေနဲ့
ကြည့်ခွင့်ရှိပေမယ့်.. ဘာမန် တွေကြားမှာတော့ မှန်တဲ့လူက ပဲ တုံးသယောင်၊ အသယောင်၊ ထူသယောင်၊ နွားကျသယောင်၊ ပိန်းသယောင် မမှန်တဲ့လူတွေက ဝိုင်းပြောကြ ကြည့်ကြ ဝေဖန်ပြစ်တင်ကြလေတော့ ..
၁၅% ရောက်ဖို့ ကတော့ … အင်င်င်င်င်င်င်းးးးးး။
:byae:
ဦးကြောင်ကြီး
March 6, 2013 at 11:04 am
စာမှာတော့ ပြောတာ အစုံပဲ။ အပြောင်းအလဲဆိုတာ များသောအားဖြင့် အခြေအနေက တောင်းဆိုလာမှ မလုပ်မဖြစ် ပြောင်းကြတာ။ ရှုံးလို့ ရှယ်ယာဈေးကျလို့ ဥပဒေနဲ့ ညှိစွန်းလို့ စသဖြင့်ပေါ့။ ပုံမှန်အခြေအနေမှာတော့ လည်နေတဲ့ဘီး အသစ်လဲဖို့ မဖြစ်နိုင်သလောက်ပဲ။ ရုတ်ခြည်းပြောင်းလို့ မလွယ်ဆိုပြီး တဆင့်ပြီးတဆင့် သွားတဲ့အခါ စီမံကိန်းလည်းပြီးရော မူရင်းနေရာမှာ ပြန်ဆုံးတယ်။ step by step မဟုတ်ဘူး circulation လည်နေတာ။ များသောအားဖြင့် စီအီးအို အသစ်ခန့်၊ ဘုတ်ဒါရိုက်တာ အပြောင်းအလဲလုပ်တယ်။ စီအီးအိုအသစ်က သူ့ခြေသူ့လက် ဖြစ်ဖို့ ဒုတိယဥက္ကဌတွေ ဒီပါ့မန့်ဟဒ်တွေကို ဖြုတ်ထုတ်သတ် ပြောင်းရွှေ့ပစ်တယ်။ လူသစ်ထည့် နောက်လူမွေး နောက်ပုံစံတခု တည်ဆောက်တယ်။
အစိုးရဌာန အန်ဂျီအိုတွေမှာကြတော့ ချိန်းလည်း change ကနေ chain ပဲဖြစ်လိမ့်မယ်၊ culture ကိုယ်၌က ပြောင်းဖို့အတော်ခက်တယ်။
ကုမ္မဏီတွေကြတော့ လစာ၊ ခံစားခွင့် အကျိုးအမြတ် ခွဲဝေမှုစနစ် ပြင်လိုက်ရင်ကို အတော်ဟုတ်သွားပြီ။ ဝန်ထမ်းအင်အား လျော့တာလည်း ထုံးစံပဲ။ လူကြားကောင်းအောင်တော့ restructuring လုပ်တယ်၊ reorganizing လုပ်တယ်ပေါ့ဗျာ။ ဂဇက်မှာလည်း ပြောင်းချင်ရင် သဂျီးကို အရင်ဆော်ရမယ်။ သမီးဒေါ်ဂလေးကို စီအီးအိုခန့်၊ ကြောင်ကြီး အတွင်းရေးမှူးထီးလေး လုပ်မည်…
မိုက်ကယ်ဂျော်နီအောင်ပု
March 6, 2013 at 11:57 am
( Lewin ဟာ ရေခဲတစ်တုံးကို အရည်ဖျော် ပုံသစ်သွင်း တဲ့ ဥပမာနဲ့ ရှင်းပြခဲ့တာဖြစ်ပါတယ် )
ဟုတ်ပါတယ် ဆြာဖွတ်ကျား ဒါတွေကို စစ်အစိုးရတွေဟာ ကြိုမြင်ခဲ့ဟန်ရှိပါတယ်
ဒါ့ကြောင့် စစ်အစိုးရက သစ်တောတွေခုတ်ပီး ပိုက်ဆံလုပ်
တွင်ထွက်ပစ္စည်းတွေတူးပီးပိုက်ဆံလုပ်
မြစ်တွေမှာ ဆည်တွေတည်ပီး ပိုက်ဆံလုပ်နေတာကို ဆန်ဒပျဂျသဒဲ့
( ဟုတ်ပြီ နောက်လက စပြီး timecard machine ဝယ်သုံးမယ် )
ဟုတ်ပါ့
လက်ရေးနဲ့ရေးတော့ လာခြင်တဲ့အချိန်လာပြီး ရေးခြင်တဲ့အချိန်ရေးလို့ရတယ်
သူများကိုရေးခိုင်းရင် လည်း မန်နေဂျာဆိုတဲ့ လူဂျီးဂ လက်ရေးတွေမှတ်မိတော့ အခက်သား
ကတ်နဲ့ကျမှ တစ်ယောက်ထဲက အားလုံးတွက် ကတ်ထိုးပေးလိုက်
ဘယ်သူသိတာမှတ်လို့ တစ်ယောက်တစ်နေ့ ကတ်ထိုး လာခြင်တဲ့အချိန်လာ အဟေဟေး
…………………………..
အရဂါးနောက်တာဘာဂျာ
မမှီဘူးဗျို့
ဒါပေသိ
( သော့ချက်ဖြစ်တဲ့ အပိုင်းကတော့ ပြုပြင်ပြောင်းလဲ ခြင်းမှာ ပါဝင်ပတ်သတ်နေသူတွေဟာ
ပြုပြင်ပြောင်းလဲခြင်း နဲ့ပတ်သတ်ပြီး ဘယ်လောက် နားလည်သဘောပေါက်ထားသလဲ ဆိုတဲ့အပိုင်းပဲ
ဖြစ်ပါတယ်။
(ဒါကပဲ ဟိုလူကြီးတွေ အပေါ်မှာပြောင်းပြီး အောက်ကမပြောင်း ဖြစ်နေသေးတာထင်ပါရဲ့) )
အဲ့သည်အပိုင်းမှာတော့
( (ဒါကပဲ ဟိုလူကြီးတွေ အပေါ်မှာပြောင်းပြီး အောက်ကမပြောင်း ဖြစ်နေသေးတာထင်ပါရဲ့)
ဆိုတာကတော့ သပ်သပ်ဆွေးနွေးသင့်တယ်လို့ ရန်းပြီးဝေဘံလိုက်ဘါဒယ်
ဆြာဖွတ်ကျားခင်ဗျား
Moe Z
March 7, 2013 at 12:17 pm
(((ကတ်နဲ့ကျမှ တစ်ယောက်ထဲက အားလုံးတွက် ကတ်ထိုးပေးလိုက်
ဘယ်သူသိတာမှတ်လို့ တစ်ယောက်တစ်နေ့ ကတ်ထိုး လာခြင်တဲ့အချိန်လာ အဟေဟေး)))
ရုံးမှာတော့ အဲတိုင်းကဒ်မရှင်းရှေ့မှာ security camera ကြီးက ပြူးကြည့်နေလေရဲ့ ..
amatmin
March 6, 2013 at 3:15 pm
Change ..Change ..Change!!
အကျယ်ကြီးကို ပို့စ်နဲ့လိုက်အောင်ပဲ အော်ရဲပါတော့တယ် ..
တယောက်ချင်းစီဟာ အားလုံးကောင်းဖို့ အတွက်ကို
Change လုပ်တယ်ဆိုတာ နားလည်ဖို့ လိုတယ် ဆိုတာလေးရယ်.
အကယ်လို့ Change ထဲမှာ ကိုယ်တိုင်ပါဝင်ပီဆိုရင်.
နေရာလေးပျောက်မှာထက် Change ထဲမှာ ရှင်သန်ဖို့ ကြိုးစားရမယ် ဆိုတာရယ်.
နောက်ဆုံး ကိုယ်တိုင်လိုက်မChange နိုင်ရင်လည်း Change တဲ့သူကို လက်သီးလက်မောင်းမတန်းဖို့လိုပါလား ဆိုတာလေးကို
မမှီမကန်း ညဏ်လေးနဲ့ ဝင်အားပေးရင်းးးး
ကိုယ်ဘယ်နားမှာ နေမလဲ ဆိုတာကအဓိက
ကျပါလိမ့်မယ်ဆိုတဲ့ဇဂါးကို လွှတ်သဘောကျတယ်ဗျို့..
အိုဘယ့် Change :hrrr:
ခိုင်ဇာ
March 6, 2013 at 3:27 pm
ဘာတဲ့ !!
ဘာ သစ္စာဖောက် ဆိုလား။
ဘာ နောက်ကျောဓားထိုး ဆိုလား။
အဟမ်း။ ဘာတွေကိုရော ပြောင်းချင်တယ်ဆိုလား။
:harr: :harr:
amatmin
March 6, 2013 at 3:36 pm
ဪ.ရယ်…
သမ္မတကြီးကို သစ္စာဖောက်တဲ့သူတို့..
ကြီးမေနောက်ကျော ဓါးနဲ့ ထိုးမဲ့သူတို့..
အဲ့လိုလူဒွေကို Change !! လို့ပြောချင်တာပါ..
ကျန်တာဒွေ ပြောင်းတာ ကျော်နဲ့ ဆိုင်ဘူးရယ်..
:harr:
ခိုင်ဇာ
March 6, 2013 at 3:40 pm
ကျန်း:::::
နာ တွန်းမဲ့ချောက်ထဲ မကျအောင်နေနိုင်တာ အတော် ဆြာကျတာပါလား။
:harr:
MaMa
March 7, 2013 at 5:00 pm
အဲ-
စာဖတ်နေတာနဲ့ မန့်ဖို့ နောက်ကျနေတယ်။
Change တော့ အော်နေကြတာပဲ။
ပုံစံခွက်ထဲ အသားကျနေကြတာ….
အရည်ဖျော်ပြီးတော့ပဲ ပုံပြောင်းရမှာလား။
ခုတ်ထွင်ရှင်းလင်းပြီး ပုံပြောင်းမှပဲ ရမှာလားမသိ :eee:
kai
March 8, 2013 at 7:17 am
C H A N G E
ကြိုက်သလိုလုပ်.. မရဘူးအာမခံတယ်..
တယောက်စီက..တခုပဲ..လိုက်နာ ပြောင်းကြည့်လိုက်..
လိုချင်တာတွေ.. အကုန်ရမယ် အာမခံတယ်.. :kwi:
“ခွင့်တူညီမျှ”
“သခင်မျိုးဟေ့.. ဒို့ဘားမန်င်း..”
“မြန်မာသည် မြန်မာအပေါ်..(သွေးတို့ဖြင့်ချင်းချင်းနီစေကာမူ) ခေါင်းမညွှတ်..မာန်မချရ”
Article 1.
All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
ဦးဖွတ်ကျား
March 8, 2013 at 7:55 am
ဂျုံးဂျုံးဂျက်ဂျက် အဘကတော့ သယံဇာတ အကျိုးအမြတ် ခွဲဝေမှု ကို
ဘလားဘလားဘလား တော်ကီတော့ ရောင်းသွားတာပဲ …
အာ..ဟိ..
သူလည်း ချိန်း သိပ်အော်တဲ့လူ .. စကားမစပ်
နေပူတော် ခေတ်ဦးကတည်းက သမီးဒေါ်ဂလေးက နေပူတော်မှာ
တနေ့ရောင်းအား သိန်း၄-၅ဝ ဂဏန်းရှိတဲ့ ဟီးနေတဲ့
စူပါမားကတ်ပိုင်နေတာကလွဲလို့ပေါ့…
ငယ်ဘွက အဘတယောက် သိမ်းထုတ်သေချာ စုဆောင်းရင်းနှီး တာ လိမ္မာခဲ့တာဖြစ်မှာပါဗျာ..
အိုဘယ့် ဂျုံးဂျုံးဂျက်ဂျက် ဝန်ဂျီး ဘွ..
အဟမ်း..
ကိုဘုန်းကျော်စကား ကိုးကားရရင် မြန်မာပြီ ရထား အစင်း၂ဝ လောက်ပဲရှိဒါ
ဝန်ဂျီး ခန့်တယ်ဆိုရင် စီးရေ သိန်းချီအောင်ရှိတဲ့ ကားဝန်ဂျီး နွားလှည်းဝန်ဂျီး
က ပိုရှိသင့်တယ်ဆိုဗဲ …။
သခင်မျိုးဟေ့ ဒို့ ဘာမန်…။
ဂိန် ဃိန် ကိန်..။
:byae:
Shwe Ei
March 8, 2013 at 12:01 pm
ဟိ နှုတ်စီးပါဇီတော်
အခုချိန်ထိ စက္ကူဖိုင် အစုတ်ပလုတ်တေနဲ့ အရေးကြီး စာရွက်စာတမ်းတေကို ဖစ်သလိုတွဲထားပီး လိုအပ်တော့မှ ပိုးဟပ်ပျံ ပရွက်ပျံတေကျားက ဆွဲထုတ်တဲ့ စတိုင်ရှိနေတုန်းမို့ ကိုယ်တွေ့လေးတပုဒ် ရေးတင်အူးမယ်ဖြစ်ကြောင်း :byae:
awra-cho
March 8, 2013 at 2:21 pm
ဖတ်စရာတွေ အားကြီးပဲ ကိုယ်တိုင်တော့ မ ချိန်းနိုင်ဘူး ဗျို့၊အဆင့်က အနည်းဆုံး ဒီဂျီ လောက်မှ ချိန်းလို့ ရမယ်ထင်တာပဲ၊ ဝန်ကြီးတောင် ဘာမှ မလုပ်ရဲတဲ့ ခေတ်ကြီးမှာ အင်း သူကြီး ပြောသလို မရဘူး အာမခံ တယ် ဖြစ်နေပါပြီလေ။
အရီးခင်လတ်
April 14, 2013 at 9:36 pm
BIG Congratulations Gi Gi!!!
Yes…

CHANGE!
We can believe in. (credit to – Barack Obama)
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 15, 2013 at 3:24 am
ကျေးကျေးပါ အရီး
ဆုတံဆိတ်တွေလားးး
တခုကလွဲလို့ ကျန်တာမမက်ပါဘူး
မကြည်ပြာက ကျနော် ရဖူးသမျှထဲမတော့ အထူးခြားအကောင်းမွန်ဆုံး ဆုတခုပါပဲ
ကျေးကျေးပါ မကြည်ပြာ
အာဟိ
ဒက်ဂလောက်က