အနှိုင်းမဲ့ရတနာ

ေလ ဒီMarch 3, 20131min1412

”  ရတနာ ” ဟူသည် “နှစ်သက်မွေ ့လျော်ခြင်းကိုဖြစ်စေတတ်ဧ။်” ဟူသောအနက်၊” အလေးအမြတ်ပြုအပ်” ဟူသောအနက်၊ “အဖိုးများစွာ ထိုက်တန်ဧ။်” ဟူသောအနက်၊ “အတုမရှိ” ဟူသော
အနက်များကိုဖော်ဆောင်သည့် ပါဠိစကားလုံးပင်ဖြစ်ဧ။် ။မြန်မာတို ့နေ ့စဉ် ဘုရား ရှိခိုးမှုပြုသောအခါ ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ဟူ၍ သုံးကြိမ်တိုင်အောင် ရှိခိုးကန်တော့ခြင်းသည်
ရတနာကဲ့သို ့အမြတ်တနိုးတန်ဖိုးထားအပ်သော ရခဲကြုံခဲလှသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းပင်။မိမိတို ့အမြတ်တနိုးတန်ဖိုးထားသော ရွှေငွေရတနာတို ့ကိုကိုင်တွယ်ရာတွင် တရိုတသေဖြင့်
အပွန်းအပဲ့ မခံနိုင်သကဲ့သို ့ပင် ဘုရား တရား သံဃာ ဤရတနာသုံးပါးကို ကိုးကွယ်ရာတွင်လည်း တရိုတသေ ဖြင့်တန်ဖိုးထားရပေမည်။မြန်မာ အများစုသည်မိမိတို ့ပိုင်ဆိုင်သည့် ရွှေထည် ငွေထည် ပွန်းပဲ့မည်သာစိုးရိမ်သည်။
ဘုရားရှိခိုးရာတွင် ထိခြင်းငါးပါးဖြင့်ညီစွာ ဦးချသူနည်းဧ။် ။
၁။ခြေဖြင့် ကြမ်းပြင်ကိုထိခြင်း။
၂။ဒူးဖြင့် ကြမ်းပြင်ကိုထိခြင်း။
၃။တတောင်ဖြင့် ကြမ်းပြင်ကိုထိခြင်း။
၄။လက်ဖြင့် ကြမ်းပြင်ကိုထိခြင်း။
၅။နဖူးဖြင့် ကြမ်းပြင်ကိုထိခြင်း။
ဤသို ့ လက်အုပ်ချီပုံမှအစ ထိခြင်းငါးပါးအဆုံး ကြည်ညိုစွာ တန်ဖိုးကြီးစွာ ရည်မှန်းလျက်ဦးချကန်တော့သင့်ပေသည်။သတိမမူ ဂူမမြင် ဟုဆိုသကဲ့သို ့ပင် မိမိတို ့ဧ။်ပင်ကိုယ်စိတ်ရင်းသန့်ရှင်းစင်ကြယ်သော်လည်း မေ့မေ့လျော့လျော့ဖြစ်နေတတ်ပေသည်။
မိဘ ဆရာသမားများကိုယ်တိုင်မှ ဤသည်ကိုမေ့လျော့နေခဲ့မည်ဆိုလျှင် အနာဂတ်သာသနာတွင် ထိခြင်းနှစ်ပါးသာကျန်ပေတော့မည်။ဤသာသနာသည် ဗုဒ္ဒမြတ်စွာဘုရားရှင် လေးအင်္သချေ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဆယ်ပါးအပြင် တစ်ပါးစီတွင်သုံးမျိုးခွဲပြီး ပါရမီတော်သုံးဆယ်
ကိုု ပင်ပန်းကြီးစွာဖြည့်ကျင့်ပြီးမှ ရခဲ့သော သာသနာဖြစ်ပေသည်။ဤမျှလောက် တန်ဖိုးကြီးသော သာသနာကို မိမိဧ။်ကြည်ညိုလေးစားမှုဖြင့် မှတ်ကျောက်တင်နိုင်ရပေမည်။မိမိတို ့သားစဉ်မြေးဆက် ရိုသေစွာကြည်ညိုတတ်စေရမည်။ဗုဒ္ဒဘာသာဝင်တစ်ဦးချင်းစီဧ။်
စိတ်သန္တာန်သည်သာ ဤသို ့ခိုင်မာမည်ဆိုလျှင် ကိုးကွယ်ဆည်းကပ်အပ်သော ပညာရှိမှားနိုင်မည်မဟုတ်ပေ။ ပညာရှိဟုဆိုသူများပေါများလှပါသည်။သို ့သော် လောကီအရာမှာသာလျှင်ပညာရှိချင်ရှိပေမည်။ကိုးကွယ်ဖို ့အရေး သင့်မသင့် ဗုဒ္ဒဘာသာဝင်တို ့ကိုယ်ပိုင်ဉာဏ်
ဖြင့်သာဆုံးဖြတ်နိုင်ပေသည်။မိမိကိုးကွယ်သောဘာသာတရားအပေါ်တွင် အခြေခံမှစ၍တန်ဖိုးထား ဂရုပြုမည်ဆိုလျှင် သာသနာသုံးရပ်ကိုပင်စောင့်ရှောက်နိုင်ပါသည်။ဘာသာခြားတို ့သည် မိမိတို ့ဘာသာပြန့်ပွားရေးကို အားတတ်သရောကြိုးစားကြသည်။စီးပွားရေး မှစ၍
ဦးစွာဝင်ရောက်သည်။ထိုမှ တဆင့် ဘာသာရေးဘက်သို ့ကူးပြောင်းကာ အခြေခံမှစ၍နားမလည်သော အခြေမဲ့အနေမဲ့မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များမှစ၍စည်းရုံးသိမ်းသွင်းကြပေသည်။ကိုးကွယ်သင့်သည်က အနှစ်သာရ။လူဦးရေမဟုတ်ပါ။သို ့သော်လည်း သာသနာကို
စောင့်ရှောက်ရန် ဤသာသနာဧ။် အနှစ်သာရ တန်ဖိုးများကို နောင်လာနောင်သားတို ့ခံစားရစေရန် ဤသာသနာတော်ကြီး မပျောက်ပျက် မယိုယွင်းအောင် ထိန်းသိမ်းကြရမည်သာဖြစ်ပါသည်။

2 comments

  • မောင် ပေ

    March 3, 2013 at 7:54 pm

    ဒေါ်လေဒီရေ
    မှန်လိုက်လေချင်း….
    mirror follow air ginger
    ကျုပ်ငယ်ငယ်တုန်းက ပထမဆုံးအကြိမ် ကိုရင်ဝတ်ဖို ့ လုပ်တုန်းက ၊ မဝတ်ခင် တစ်ပတ်လောက်ကြိုပြီး ဘုန်းကြီးကျောင်းကို သွားရတယ်ဗျ ။ အဲ့မှာ ထိခြင်းငါးပါး နဲ ့ကန်တော့ဖို ့သင်ရတယ် ၊ သရဏဂုံသုံးပါးဆောက်တည်တာကို အသံထွက်မှန်မှန်နဲ ့ ရွတ်နိုင်ဖို ့သင်ပေးတယ် ၊ ငါးပါးသီလ ဆိုတာ ဘာတွေလဲ အသေးစိတ်သင်ရတယ် ။ နောက်ပြီး ကိုရင်ဝတ်ပြီး ရင် ဘယ်လို နေရမယ် ၊ ဆွမ်းခံသင်္ကန်းဘယ်လိုရုံရမယ် ဘာညာ အကုန်ကြိုသင်ခဲ့ရတာကလား ။
    ဒီနေ ့ခေတ် အချို ့ကိုရင်တွေ ၊ အချို ့အကျင့်ပျက် ရဟန်းတွေ လို ညစာ ခိုးတွယ်လို ့ရနေပါဦးမယ်ဗျာ
    လွမ်းစရာ ယဉ်ကျေးမှုလေးတွေနော

  • ဖြစ်စေချင်တဲ့ …. သာသနာ …
    ဖြစ်နေတဲ့ …. သာသနာ …

    အကုန်လုံးကိုတော့ဖြင့် မဆိုလိုပါ ….
    ဘုရားလောင်း ဆင်မင်းတောင်မှ …
    ကြမ်းကြုတ်တဲ့ မုဆိုးသော်လည်း သင်္ကန်းကို မြင်လို့ …
    သူ့အစွယ်ကိုတောင်မှ ရက်ရောစွာ လှူခဲ့ဖူးသေးတာပဲ ….
    သင်္ကန်း မြင်နေရတာလည်း တကယ့် ကုသိုလ်ထူးပါပဲ ……
    နောက်ပိုင်း ရဟန်း ဆိုတာ သင်္ကန်း အစလေးကိုပဲ ဆောင်ထားသူတွေကို သမုတ်ရတော့မယ်ဆိုပဲ …

    ရတနာ … ရတနာ …
    လောကရဲ့ တုနှိုင်းမဲ့ ရတနာ ….

    သောတာပန် မဖြစ်သေးသမျှ …
    ဒီရတနာ ရင်မှာ မစွဲဖူးဆိုပေမယ့် ….
    ဗုဒ္ဓဘာသာဝင် ဆိုတဲ့ အခိုက်မှာတော့ဖြင့် ….
    ဒီလို တုနှိုင်းမဲ့ ရတနာ …. ရှိခိုးထိုက် …
    ဦးခိုက်ထိုက် …. ကိုးကွယ်ထိုက် … ပင့်မြှောက်ထိုက် … ချီးမွမ်းထိုက် …
    အသေအချာ ကျင့်သုံးထိုက်ပါပေရဲ့ဗျာ ….

Leave a Reply