Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမာ္ဘကျော် အလွဲများ

Mr. MarGaMarch 4, 20131min102936

ကနေ့ facebook  ကို မွှေရင်း ဒါလေးတွေ့မိလို့ ရွာထဲကို ဆွဲလာပါသဗျ

ကမာ္ဘတောင် ကျော်သွားတဲ့ အလွဲတွေလို့ ပြောရမှာပေါ့

MMU Trollers Page က ယူလာတာ ဖြစ်ပါတယ်။

ဘေးက ကွင်းစ ကွင်းပိတ်လေးများကတော့ ဦးမာဃရဲ့ ဆင့်ပွား အတွေးများပါဗျ။

ဖတ်ကြည့်ကြပါဦး

 

ကမ္ဘာကျော်အလွဲများ ================

၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။ (နာမည်ကိုသာ megasoft လို့ ပေးခဲ့ရင်တော့ ဘယ်လိုဖြစ်သွားမယ်မသိဘူးနော်)

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။  (နယူတန်က ပန်းသီးခေါင်းပေါ် ကြွေကျလို့ ကမာ္ဘ့ ဆွဲအားကို တွေ့တာ၊ သူခေါင်းပေါ် အုန်းသီးပြုတ်ကျရင်တော့ ဘယ်လိုနေမယ်မသိသလို ဒီလူကြီးကိုလဲ ပန်းသီးမပေးဘဲ မင်းကွတ်သီးသာ ပေးခဲ့ရင် နာမည်က mangosteen လို့တောင် ဖြစ်သွားနိုင်တယ်ထင်ပါ့)

၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square (အခုတော့ Square Enix ပေါ့ ) ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။ (နေရင်းထိုင်ရင်း ကံကောင်းတယ်ပဲ ပြောရမလားမသိ)

၄။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ (အရှင်းဆုံးက အဆန်းဆုံးလို့ ပြောရမှာပေါ့နော)

နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။ (မှတ်သားဖွယ် အမှားတစ်ခုပါလားနော်)

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။ (ဒီနေရာမှာတော့ သူ့ကို color blind လို့ပဲ ပြောရမလားမသိ)

၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။ (ကွန်ပူတာသမားများ ကော်ဖီ အတော်စွဲကြတာပဲ)

ဒါတွေ ဖတ်ပြီးတော့

တွေးမိတာလေးက

တစ်ခါတစ်လေမှာ လွဲချော်မှုလေးတွေက အဆင်ပြေသွားတာတွေလဲ ရှိပါသေးလား ဆိုတာပါပဲဗျာ

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

36 comments

  • Ghi Ghi ThE KiD

    March 4, 2013 at 9:10 pm

    မိုက်ကရိုဆော့ဖ် က ဘီလ်ဂိတ် ဟန်းနီးမွန်းထွက်တော့ သူ့ကိုသူ့မိန်းမပေးလိုက်တဲ့ နာမည်လို့တော့ ကြားဖူးသလားရယ်ပါ အာ ဟိ
    :kwi:

    • Mr. MarGa

      March 6, 2013 at 3:17 pm

      ကိုဂီ
      အိုက်သဟာတော့ သေချာ မရှာမဖွေရသေးလို့ မသိဘူးလို့ ပြောရမယ်ထင်တယ်
      ဒါပေမင့် မဖြစ်နိုင်ဘူးလို့လဲ မပြောနိုင်
      အောက်က ဦးကြီးမိုက် ခန့်မှန်းသလိုလဲ ဖြစ်ချင် ဖြစ်နေမှာဗျ :mrgreen:

  • uncle gyi

    March 4, 2013 at 10:17 pm

    မှန်တာပေါ့ဗျာကိုမာဃရဲ့
    ဒါကြောင့်လည်းထူးအိမ်သင်ကလွဲလွဲလေးလည်းကောင်းပါတယ်သီချင်းဆိုသွားတာလေ

    • Mr. MarGa

      March 6, 2013 at 3:20 pm

      အဲဒီသီချင်းကို ကျွန်တော် စာသားလေးတင် တစ်ပိုင်းတစ်စပဲ ကြားမိကတည်းက ကြိုက်မိတာဗျ
      အခုထိလဲ လွဲလွဲလေးက ကောင်းနေဆဲပါပဲဗျာ

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 1:11 am

    ဂေဇတ်မှာလဲ
    ဦးမာဂ ဆိုပီး နာမည်ပေးခဲ့တဲ့အတွက် တစ်ဖက်မှာ နတ်သမီး ၁၀၀ဝ စီနှင့် နတ်ပြည်က
    နတ်သားဆိုပီး လူသိများလာခဲ့တယ်………….
    အကယ်၍သာ အူးဂါမ ဆိုပြီးနာမည် ပေးခဲ့မယ်ဆိုရင်တော့ တစ်ဖက်ကို မိန်းမ သုံးလေးယောက်စီနှင့်
    လူ့ပြည့်က နှာဗူးကြီး ဆိုပီ လူအများက သိကြပေမပေါ့………..
    ဒီလိုပဲ နောက်တစ်ယောက်က
    မိုဘိုင်း လို့နာမည်ပေးခဲ့မိလို့ တွေ့သမျှဆော်တွေက ငမ်းငမ်းတက်လိုက်ကြိုက်ကြတာကို ခံရသတဲ့ဗျ….
    အကယ်၍ ဘိုင်းမို လို့သာ အမည်ပေးခဲ့ပါက တွေ့သမျှဆော်တင်မက ဦးမာဂ ၏တူမမျာဂပါ ငမ်းငမ်းတက်
    လိုက်ကြိုက်ခြင်းကို ခံရနိုင်တာပေါ့…………..
    ဒါလေးတွေက မဟုက်သော်ရှိ မဟုက်သော်ရှိ ကျုပ်သိထားတဲ့ အလွဲးလေးတွေပါ……..

    • Mr. MarGa

      March 6, 2013 at 3:38 pm

      အင်းးးးးးးးးးးးး
      တော်သေးတာပေါ့
      မိုဘိုင်းမို့လို့ နာမည်နဲ့လိုက်အောင် ပတ်ပြေးနေရပေလို့ပဲ
      ဘိုင်းမို သာဆိုရင် ထိုင်ငိုရတဲ့အထိ အဆော်ခံရနိုင်တယ်
      အဲဒါလဲ အလွဲလေးပါပဲနော :hee:

  • ခိုင်ဇာ

    March 5, 2013 at 8:33 am

    တူညား လွဲတာတွေများ ကဘာ ကျော်သွားတာ။

    နာ့ လွဲချက်တွေကတော့ အိမ်ရှေ့က ရေမြောင်းကိုတောင် မကျော်နိုင်ခဲ့ပါဘူး သကြားရယ်။

    :byae:

    • Mr. MarGa

      March 5, 2013 at 11:31 pm

      သကြား လည်း ဒီလိုပါပဲ မခိုင်ဇာရယ် …
      ပိုတောင် ဆိုးသေးတယ် ပြောရမယ် …
      မခိုင်ဇာ ကမှ အိမ်ရှေ့က ရေမြောင်းကို မကျော်နိုင်တာ …
      သကြားက အိမ်နံရံကိုတောင် မကျော်တာ ….
      ကိုယ့်ကိုယ်ကိုလည်း ဝန်ခံရရင် သကြားက ငကြောင်၊ အရူး ပါ …
      ကမ္ဘာကျော်မယ့် အလွဲဆိုလည်း သကြားရဲ့ အအေးဆိုင်က နဖူးစာကပဲ အလွဲကြီး ဖြစ်မှာပါ …
      တော်ဘာဘီလေ …. ထပ်ပြောရရင် မကောင်းဒေါ့ဘာဘူး ….

      • ခိုင်ဇာ

        March 6, 2013 at 8:48 am

        ဟယ်။ ဒီမှာလည်း သကြားက သွားကျိုးကြီးနဲ့တော့။

        ဟို တစ်ယောက် ခြောက်မျက်နှာ က ပုံ ၆ ခုမပြောင်းနိုင်ပဲ နာမည်တွေနဲ့ လုပ်စားကုန်ဘီ။

        သကြားရေ လာကြည့်လိုက်ဦး။ စာမွဲပြီးရင်။
        သကြားတု ထပ်ပေါ်နေပြန်ဘီ။ :mrgreen:

        • Mr. MarGa

          March 6, 2013 at 3:58 pm

          ကြည့်ရတာ နာမည်ကို မူပိုင်တင်မှ ထင်တယ်
          ဟိုခေတ်က ဦးသာဓု လုပ်သလို
          သိကြားရော မာဃရော သဂျားရော ဦးမာဃရော ကိုရင်ဃရော ကိုရင်မာဃရော

          နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃ

          ရော
          အကုန်လုံးကို မူပိုင်ခွင့် တင်ပလိုက်ရမလား

      • Mr. MarGa

        March 6, 2013 at 3:45 pm

        ဗျို့ အပေါ်က သိကြားကလုန်း
        ကိုုယ့်အကြောင်းကိုယ် အဲသလောက် လျှော့လျှော့ပေါ့ပေါ့ မပြောနဲ့လေ
        ခင်ဗျား ဒီထက် အများကြီး ပိုဆိုးမှန်း သိတယ်
        စကားမစပ်
        ခင်ဗျားက ဘယ်နတ်ဘုံကလဲ
        အားရင် လာပြီး အတင်းလေးဘာလေးတုပ် (အဲလေ) စကားလေးဘာလေး ပြောရအောင် သိလား
        ခင်ဗျားလဲ အားရင် တာဝတိံသာ ဝင်ခဲ့ပေါ့

    • Mr. MarGa

      March 6, 2013 at 3:39 pm

      ဒါဆို အိမ်တွင်းအလွဲများလို့ နာမည်တပ်လိုက်
      ပြီးရင် ရွာထဲမှာ လာတင်
      ကဘာမကျော်တောင် ရွာကျော်မှာ သေချာတယ် :mrgreen:

  • kyeemite

    March 5, 2013 at 10:55 am

    Ghi Ghi ThE KiD says:

    မိုက်ကရိုဆော့ဖ် က ဘီလ်ဂိတ် ဟန်းနီးမွန်းထွက်တော့ သူ့ကိုသူ့မိန်းမပေးလိုက်တဲ့ နာမည်လို့တော့ ကြားဖူးသလားရယ်ပါ အာ ဟိ

    :kwi:
    မောင်မာဃရေ…ဒါပိုဖစ်နိုင်တယ်ကွဲ့ …“သေးပျော့” ပေါ့နော်.. :harr:

    • ခိုင်ဇာ

      March 5, 2013 at 12:22 pm

      ဘီလ်ဂိတ် မိန်းမ : : (ဒေါက်) အဲဒါ ဆန်ပြုတ် မှန်မှန်မသောက်ခဲ့လို့။ :mrgreen:

      • Wow

        March 5, 2013 at 4:55 pm

        ဘီလ်ဂိတ်သာ ဆန်ပြုတ်မှန်မှန်သောက်ခဲ့ရင်… Microsft ကန်ပနီ ဖစ်လာပါ့မလား… :mrgreen:

        • ခိုင်ဇာ

          March 5, 2013 at 5:01 pm

          ဟိ။ အဲလာတော့ မသိ။
          နာ့ ကို ညှီအောင်လာမလုပ်နဲ့နော်။ :mrgreen:

        • Mr. MarGa

          March 6, 2013 at 4:20 pm

          ဝါး (သို့) ဝေါင်း (သို့) ဝိုး ရေ
          ဆန်ပြုတ်သောက်ကာ ကန်ပနီကို တည်ထောင်တယ်ဆို ဘယ်လိုနေမလဲဟင်
          ဘာပဲဖစ်ဖစ် ရှားရှားပါးပါး မြင်ရလို့ လာဖတ်တာ ကျေးကျေး

      • Mr. MarGa

        March 6, 2013 at 4:16 pm

        ခိုင်ဇာ
        ဆန်ပြုတ်လား ထမင်းရည်လား
        ဘာများ ဖြစ်ပါလိမ့်မလဲနော် :mrgreen:

    • Mr. MarGa

      March 6, 2013 at 4:00 pm

      ဦးမိုက်
      သေးလဲသေး ပျော့လဲပျော့ ဆိုတော့
      ဘယ်လိုလေး ပါလိမ့်နော် :mrgreen:

  • ဗုံဗုံ

    March 5, 2013 at 11:23 am

    နာ လည်း လွဲ ပြီပေါ့ သဂျားရယ် :byae:

    • Mr. MarGa

      March 6, 2013 at 4:08 pm

      အပေါ်ကဟာလေး ပြန်ဆိုပေးလိုက်မယ်
      နဲနဲလေးတော့ လွဲနေတယ်
      လွဲလွဲလေးပဲ ကောင်းပါတယ်
      စိတ်ကျေနပ်ရင် ပြီးတာပဲ
      နေတတ်ရင် အေးဆေး………………….

  • ကြည်ဆောင်း

    March 5, 2013 at 12:47 pm

    ကမာ္ဘကျော်အလွဲတွေတော့သိရပါပြီ…
    မြန်မာကျော်အလွဲတွေကရော….
    :harr:

    • Mr. MarGa

      March 6, 2013 at 4:23 pm

      မြန်မာကျော်တဲ့ အလွဲများကတော့
      ဖေ့စ်ဘုတ်မှာ ပေါပါပေ့ဗျာ
      ကြာတော့ မတော်တဆလား တမင်လားကို မသိအောင် လွဲနေကြတာရယ် :mrgreen:

  • ကိုမာဃ

    March 5, 2013 at 2:46 pm

    Mr.MarGa ဆေးလှုပ်သောက်ရန်လိုနေပြီဖြစ်ပါကြောင်း။

  • နေဝန်းနီ

    March 5, 2013 at 9:02 pm

    သူများတွေလွဲတာက ကမ္ဘာကျော်တယ် အောင်လည်းအောင်မြင်တယ် ကျုပ်တို့တွေလွဲတာက ကမ္ဘာ့အောက်ဆုံးရောက်တယ် သူများ ရယ်စရာ /စိတ်ပျက်စရာ ဖြစ်တယ် ကွာပါတယ် ကိုမာဃရယ်

    • Mr. MarGa

      March 6, 2013 at 4:33 pm

      ကို နေဝန်းနီရေ
      အခုအချိန်မှာ ဝါ နုသေးလို့ ရယ်စရာ/ စိတ်ပျက်စရာ ဖြစ်အောင် မှားနေတာ ဖြစ်မှာပါ
      နောက်ပိုင်းမှာ ကမာ္ဘကျော် အမှားလေးတွေ၊ အလွဲလေးတွေ တွေ့လာမယ် ထင်ပါကြောင်းးးးးးးးးးးးးးး

  • surmi

    March 6, 2013 at 12:46 am

    များများလွဲလေ
    မြန်မြန် ကွဲလေ တဲ့ ….
    ကဲ သဂျားမင်း …
    ဒီနှစ် ဘာစီးပြီးဆင်းမှာလဲ ….

    • Mr. MarGa

      March 6, 2013 at 4:37 pm

      အဟဲ
      ဖေ့စ်ဘုတ်က ဟောစာတမ်းအတိုင်း ပြောရရင်

      သိကြားမင်းသည် ချယ်ရီဝက်ဂွန်ကိုစီး၍ နံပါတ်တုတ်ကို ကိုင်ပြီးလျှင် လူ ့ပြည်သို့ ကြွချီတော်မူ၏။

      တဲ့ဗျ
      နည်းနည်း သက်သက်သာသာဖြစ်အောင် ချောင်ထိုးထားတဲ့ Air Force One နဲ့ ဆင်းမလားလို့တော့ တွေးထားတယ် :mrgreen:

  • တိမ်မည်း

    March 6, 2013 at 8:55 am

    Legendary Fault………… 😀

    ဂန္တဝင်အမှားများပေါ့နော်…………………. :harr:

    • Mr. MarGa

      March 6, 2013 at 4:40 pm

      ဂန္တဝင် ဆန်ဆန် မှားခဲ့တာ ဆိုတော့
      ဂန္တဝင် အမှားများ ပေါ့ဗျာ
      ဆိုးဆိုးရွားရွား မှားခဲ့ရင်တော့
      သမိုင်းဝင် အမှား ဖြစ်မလားပဲနော် :mrgreen:

  • kai

    March 6, 2013 at 4:43 pm

    မြန်မာကျော်အလွဲကတော့.. သူဖာသူရှိနေတဲ့.. Burmaကို.. Myanmar ဆိုပြီး.. ဗိုလ်စောမောင်တို့ထလုပ်လိုက်တာ… မြန်မာအပါအဝင်.. ကမ္ဘာ့နိုင်ငံ..ကုလသမဂ္ဂအပါအဝင်.. ကျောင်းသင်ရိုးတွေပြန်ရိုက်.. ရုံးစာတွေပြင်… စတာတွေနဲ့.. ဒေါ်လာဘီလီယံချီ.. လူသူမသိ.. ပြုတ်သွားပါသတဲ့ကွယ်.. :kwi:

    • Mr. MarGa

      March 6, 2013 at 4:55 pm

      အင်းးးးးးးးးးးးးးး
      ဒီ Burma နဲ့ Myanmar ကိစ္စက အခုအချိန်ထိ အဆုံးမသတ်သေးပါလား
      လူမသိ သူမသိ ဒေါ်လာ ဘီလီယံချီ ပြုတ်တာ ဆိုတော့ကာ
      နောက်တစ်ခါ ထပ်ပြောင်းရင်အဲလောက် ထပ်ပြုတ်မယ့် သဘောရှိတယ်
      ဆိုတော့
      ထပ် မပြောင်းဘဲ ဒီအတိုင်းလေး နေလိုက်ရင် ကောင်းမားးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • MaMa

    March 6, 2013 at 5:52 pm

    ကမာ္ဘကျော်တဲ့အလွဲမို့ စာတင်လောက်တာတွေ ဘယ်လောက်များတယ် မသိပေမယ့်…
    ကမာ္ဘမကျော်ပဲ အပြိုပြို အလဲအလဲ လွဲခဲ့တဲ့ အလွဲတွေကတော့ မရေတွက်နိုင်အောင် များမှာ သေချာတယ်။

    • Mr. MarGa

      March 6, 2013 at 6:58 pm

      ဆရာကြီး လုပ်ကာ ပြောရမည်ဆိုပါလျှင်
      အခု အလွဲများမှာ ကံကောင်းထောက်မစွာဖြင့် အကောင်းဘက် ရောက်သွားခြင်းကြောင့်သာ
      ကမာ္ဘ ကျော်သွားခြင်း ဖြစ်ပါကြောင်း
      အကယ်၍ ပို ဆိုးသွားမည် ဆိုပါက
      စာမျက်နှာထက်ပင် ရောက်လာမည် မထင်ပါကြောင်းးးးးးးးးးးးးးးးး :mrgreen:

  • ရဲစည်

    March 6, 2013 at 10:34 pm

    ကျုပ်ကြားဖူးတာကတော့ ဘုတ်အုပ်ထဲမှာလဲ ပါတယ်ပြောတယ်
    ဒုတိယဂဘာစစ်တုန်းက နားကြားလွဲတာလား ဘာသာပြန်လွဲတာလား မသိဘူး .. နူကလီးယားဗုံးကြဲပလိုက်သတဲ့
    ဟုတ်မဟုတ်တော့သိဝူးဗျ …

    • Mr. MarGa

      March 7, 2013 at 7:55 pm

      ပြောလို့တော့ မရဘူးပေါ့ဗျာ
      ဟုတ်ချင်လဲ ဟုတ်နေမှာရယ်
      ဒီအလွဲတွေက အလွဲကောင်းလေးတွေကိုပဲ သီးသန့်ထုတ်ထားတဲ့ပုံ
      နောက်ထပ် ကမာ္ဘကျော်တွေ ထပ်ရှာရင် အဲဒါတွေပါ ထွက်လာမယ်ထင်တာပဲ

Leave a Reply