Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ့် အတ္တ!

ဇီဇီMarch 7, 20132min118342

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ် မပိုင်ဆိုင်နိုင်တဲ့ သူ့ ကို မစွန့်လွှတ်နိုင်တာ
ကိုယ့် အတ္တ!

 

ကိုယ် လက်မခံနိုင်တဲ့ သူ့အချစ် သူများကို မရစေချင်တာ
ကိုယ့် အတ္တ!

 

ကိုယ်နဲ့ မတွေ့နိုင်တဲ့ သူ့ကို တခြားလူတွေနဲ့ မတွေ့စေချင်တာ
ကိုယ့် အတ္တ!

 

ကိုယ်နဲ့ မပြောနိုင်တဲ့ စကားတွေ သူ တခြားမှာပြောနေတာကို မကြိုက်တာ
ကိုယ့် အတ္တ!

 

ကိုယ့်ဆီ မလာရောက်နိုင်တဲ့ သူ့ကို တခြားကိုမသွားစေချင်တာ
ကိုယ့် အတ္တ!

 

ကိုယ်မနေနိုင်တဲ့ သူ့ အနား တခြား ဘယ်သူမှ မရှိစေချင်တာ
ကိုယ့် အတ္တ!

 

သူ့ အတွေးထဲ ကိုယ်ပဲ အမြဲ မင်းမူနေစေချင်တာ
ကိုယ့် အတ္တ!

 

ကိုယ်ကလွဲပြီး သူ ဘယ်သူ့ကိုမှ မချစ်စေချင်တာ
ကိုယ့် အတ္တ!

 

 

42 comments

  • amatmin

    March 7, 2013 at 3:29 pm

    ဪ..ဒါက ကြီးဒေါ်ဆွိ အတ္တတွေကိုးးး
    ထိပ်ဆုံးက အချက်ကို ပြောင်းပြန်လှန်ရင်တော့..
    ကျုပ်အတ္တဗျ.. 🙂
    မရမှန်းသိနေမှ မယူဘူးပေါ့ ရယ်.
    ကျန်တာဒွေတော့ စာသင်ပေးမှ ဆက်ပြောကြမယ်ဗျာ..
    :harr:

    • ခိုင်ဇာ

      March 7, 2013 at 4:17 pm

      ဟင်။ !!
      အဲဒီ အချက်မှာကို စိတ်ချင်းပြောင်းပြန်ဆိုရင်တော့
      ဒီစာသင်သား လက်မခံတာကောင်းသေးတော့။

      :harr:

  • Myo Thant

    March 7, 2013 at 3:40 pm

    ( ကိုယ်နဲ့ မပြောနိုင်တဲ့ စကားတွေ သူ တခြားမှာပြောနေတာကို မကြိုက်တာ
    ကိုယ့် အတ္တ! )

    အဲဂလိုဆို ကျွန်တော်လည်း အတ္တရှိနေပြီ

    • ခိုင်ဇာ

      March 7, 2013 at 4:18 pm

      မပူနဲ့။
      နောက် ပိုဆိုး/ပိုများလာမှာရယ်။ :mrgreen:

  • “အချစ်” ဆိုတာနဲ့ ဆက်နွှယ်နေတဲ့
    “အတ္တ” ဆိုတဲ့ အရာတွေဟာ
    ရိုးရိုးသာရှိတတ်တဲ့ အတ္တဆိုတာတွေထက် ကြီးမား နေတတ်ကြတယ် ….
    အချို့များ ဒီအတ္တကိုပဲ အချစ်လို့ ယူဆကြပြန်တယ် …
    ပြောရရင်တော့ဗျာ …
    အင်းး ဟိုလိုပေါ့ … ဒီလိုပေါ့ …
    ဟဲဟဲ .. ဒါဘာဗျဲ … :mrgreen:

    • ခိုင်ဇာ

      March 7, 2013 at 4:22 pm

      အဟင့်။ 🙁
      အဲဒီလို အတ္တကို အချစ်လို ယူဆတဲ့ထဲမှာ ကျုပ်မပါပါဘူးကွယ်။
      ခွဲခြားသိပါရဲ့။

      ဟီး။ နဲနဲလွတ်သွားတဲ့ အချိန်လောက်ပါပဲ။ :mrgreen:

  • ဦး ကျောက်ခဲ

    March 7, 2013 at 4:08 pm

    များလိုက်တဲ့… အတ္တ…
    “ဗန်းမော်တင်အောင်” စကားကိုငှါးပြောလိုက်မယ်…
    ကျုပ် အတ္တက တစ်ခုထဲပါ..
    :harr:

    • ခိုင်ဇာ

      March 7, 2013 at 4:24 pm

      ဟုတ်ရဲ့လား။
      ဟုတ်ရဲ့လား။

      :harr:

  • ခင်ခ

    March 7, 2013 at 4:38 pm

    ကိုယ်မန့်လိုက်တဲ့ အကြောင်းအရာကို ပိုစ့်ရေးသူက ပြန်ပြီးမန့်စေချင်တာ ကိုယ့်အတ္တ၊
    ဒါပေမယ့် ကန့်သတ်ချက်ရှိတယ် ဂဇက်ရွာ only တဲ့။ ဟဲ ဟဲ ……….။

    • ခိုင်ဇာ

      March 7, 2013 at 4:44 pm

      အဲဒါ အမှန်ပါပဲဗျာ။
      :mrgreen:

      ကိုကြီးခ အတ္တကြောင့် ပြန်တဲ့ ရီပလိုင်းဟုတ်ဘူးနော်။ :mrgreen:

  • ညလေး

    March 7, 2013 at 5:24 pm

    အွန်…..ငါစာဖတ်နေတာပါလားးးး…
    :hee: မှန်ကြည့် နေတယ်မှတ်လို ့….

    • ခိုင်ဇာ

      March 7, 2013 at 5:40 pm

      ဟယ်။
      ကိုယ် လို လူချည်းပဲလား။

      :hee:

  • မောင်တင့် တယ်

    March 7, 2013 at 5:36 pm

    အော်..ကိုယ်ကချစ်သလောက်ကိုယ်ပြန်မရတာလည်း..
    အဲဒါ့ပဲထင်တယ်.. အရပ်ကတို့ရေ…

    • ခိုင်ဇာ

      March 7, 2013 at 5:41 pm

      အဲဒါက တော့ အသွား အပြန် ကိစ္စ ဖြစ်ကုန်ပြီကွယ်။

      :mrgreen:

  • ဗုံဗုံ

    March 7, 2013 at 5:50 pm

    ကိုယ်အတ္တကြီးသလို သူ့ကို အတ္တမကြီးစေချင်တာ ကိုယ့်အတ္တ :mrgreen:

    • ခိုင်ဇာ

      March 8, 2013 at 7:37 am

      အလို။
      သူ့ အတ္တက ပိုလို့ ဆိုးနေပါရော့လား ဗုံကလေးရယ်။ :mrgreen:

  • garuda

    March 7, 2013 at 6:00 pm

    ♪ငယ်စဉ်တည်းက ရိုးသားဖြူစင်ခဲ့ :hee:
    ♪ရေလိုကြည်လင်အေးမြလို့ သာယာနေတဲ့ကိုယ့် ဘဝကို
    ♪ဘယ်သူဝင်ကာဆေးဆိုး လိုက်ပြီလဲ :chee: :chee:
    ♪အိုး….အိပ်လို့မရတော့ဘူး ည ည တွေ
    ♪ရင်မောကာနေရတာ စိတ္တဇလိုပဲ
    ♪ကူညီကြပါဦး ဒီမှာ ကယောင်ချောက်ချားအတွေးများနဲ့ရူး ရူး.. :byae:
    ♪ဆန္ဒများနဲ့ စိတ်ဓါတ်ကို ဖိစီး :eee:
    ♪ခန္ဓာကိုယ်ကသွေးဆဲလ်နဲ့ တည်ငြိမ်နေတဲ့နှလုံးသားကို
    ♪ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ :bar: :bar:
    ♪အိုး…ထိန်းလို့မရတော့ဘူး ကိုယ့်စိတ်တွေ
    ♪လေထဲမှာလွင့်မြောကာ စိတ္တဇလိုပဲ
    ♪ကူညီကြပါဦး ဒီမှာ ကယောင်ချောက်ချား အတွေးများနဲ့ရူး ရူး…. :byae:
    ♪အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ
    ♪ကိုယ့်အရိပ်ကိုရန်သူထင်တယ် ဦးနှောက်ထဲမှာ လိုချင်တာပဲသိ..
    ♪ဘယ်အရာတွေဘယ်လို အို ကောင်းသလား ဆိုးမှာလား :bar: :bar:
    ♪ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး
    ♪အတ္တများနဲ့ အဆိပ်တက်လို့ အခန်းကျဉ်းထဲမှာ
    ♪ကိုယ်တစ်ယောက်ထဲရူး……..
    ♪ဆန္ဒများနဲ့ စိတ်ဓါတ်ကို ဖိစီး
    ♪ခန္ဓာကိုယ်က သွေးဆဲလ်နဲ့ တည်ငြိမ်နေတဲ့ နှလုံးသားကို
    ♪ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ :bar: :bar:
    ♪အိုး….အိပ်လို့မရတော့ဘူး ည ည တွေ
    ♪ရင်မောကာနေရတာစိတ္တဇလိုပဲ
    ♪ကူညီကြပါဦး ဒီမှာ ကယောင်ချောက်ချားအတွေးများနဲ့ရူး ရူး…. :byae:
    ♪အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ
    ♪ကိုယ့်အရိပ်ကိုရန်သူထင်တယ် ဦးနှောက်ထဲမှာ လိုချင်တာပဲသိ..
    ♪ဘယ်အရာတွေဘယ်လို အို ကောင်းသလားဆိုးမှာလား :bar: :bar:
    ♪ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး
    ♪အတ္တများနဲ့ အဆိပ်တက်လို့ အခန်းကျဉ်းထဲမှာ
    ♪ကိုယ်တစ်ယောက်ထဲရူး…….. :byae: :byae: :byae:
    အတ္တ (ရေး-ဖိုးခွား၊ဆို-မေဆွိ)

    • အော် … အော် …
      ဥလေးဂါဝန် ဂျီးက မေဆွိ သချင်းကို အလွတ်ရနေဒါဘဲ …
      ဟဲဟဲဟဲ ….
      ငယ်ငယ်ဒုန်းက အသီးကွဲရင် အဲ့သချင်း ဟဲခဲ့ဒါထင့် …

      • garuda

        March 10, 2013 at 8:47 pm

        အံကပ်ကြီးရယ်…အလွတ်..ရပါဝူးရယ်…သူညားဆီက..ရတာဘာ။
        ဟဲဟဲဟဲ…
        အသဲကွဲဓယ်…စိုဒါ သီချင်းဟဲလို့ ရဝူးလေ..နားထောင်လို့လဲ…ရဝူးလေ…ကဗျာတွေ..အချစ်အကြောင်းတွေ
        ဖတ်လို့..ခံစားလို့ရဝူးလေ…ဘာဂိုမှ ခံစားလို့ဂို ရဒေါ့ဒါ….လို့….ကြားဖူးတယ်….အဲ…အေ…တူမောင်ဂျီး
        ဒါတွေလုပ်လို့/ခံစားလို့ ရနေရင်တော့…အဲဒါ အသီးကွဲဒါဟုတ်ဖူးအေ့…ခံစားရဒါ အရသာရှိလို့ ခံစားနေကြဒါ…
        မှတ်ထား….အဂုလိလို ကျောရင်တော့ rock bottom ထိ/ရောက်သွား ဒါပေါ့လေ။

        အဲဒါဂြောင့် တီချို့ဂ ကျောက်ပါတဲ့ နာမည် မဲ့ထားဒါပေါ့ကွယ်….. :harr: :harr: :harr:

    • ခိုင်ဇာ

      March 8, 2013 at 7:39 am

      :byae:

      ဘာမှဟုတ်ဘူး။ ပြန်ဆိုပြမဲ့ သီချင်းစာသားမရှိတော့လို့။ :mrgreen:

  • Mr. MarGa

    March 7, 2013 at 7:09 pm

    အတ္တ
    အီးလိုပြောရင် ego ဆိုလား ega ဆိုလားပဲ
    ego လို့ ထင်တာပဲ
    ကောင်းတယ်လဲ ပြောလို့ရ ထိုအတ္တ
    ဆိုးတယ်လဲ ပြောလို့ရ ထိုအတ္တ
    အလို……………………………
    အတ္တဟူဘိ ထိုပါဠိသည်
    မရှိမကောင်း ရှိမကောင်းတည်းးးးးးးးးးးးးးးးးးးးးးးးးးး
    :hee:

    • ခိုင်ဇာ

      March 8, 2013 at 7:43 am

      ထိန်းတော့ ထိန်းနေတာပဲ သကြားရယ်။
      လွတ် လွတ်သွားလို့ပါ။
      :kwi:

  • မောင် ပေ

    March 7, 2013 at 7:57 pm

    ကိုယ့်ဘေးရောက်ရင် အာဗွားပေးတာ
    ကိုယ့်ရဲ ့ချစ်အတ္တ
    ဟီဟိ

    • ခိုင်ဇာ

      March 8, 2013 at 7:44 am

      အဟမ်း။
      ကပေ အတ္တက တညိုးကြီးနော်။
      :kwi:

  • အလင်းဆက်

    March 7, 2013 at 8:36 pm

    မှန်လိုက်ထှာ….အေ…
    စကားလုံးတွေ…ပြောင် / မျောက် ….နေဒယ်

    :kwi:

    • ခိုင်ဇာ

      March 8, 2013 at 7:46 am

      ဆီသုတ် ပြီး ထခုန်တဲ့ အတိုင်းပေါ့နော်။

      :kwi:

  • ဦးဖွတ်ကျား

    March 8, 2013 at 7:56 am

    ငါ့ အတ္တကို ထိလာခိုက် အကုန် သွင်းပစ်လိုက်မယ် မီးလောင်တိုက်…
    ရန်သူတွေပေါ် ဓားသံလျက် ကြင်နာသူအပေါ် ပျားရည်ဇက်..။

    :kwi:

    • ခိုင်ဇာ

      March 8, 2013 at 8:04 am

      ပျားရည်တွေ ကုန်ဘီ။
      ဓား သံလျက် တွေပဲ ကျန်တော့တယ်။
      ဓာတ်ဆီနဲ့ မီးခြစ်လည်း ချန်ထားတယ်။

      :kwi:

  • ကြည်ဆောင်း

    March 8, 2013 at 9:08 am

    အင်း …..
    အတ္တပေါင်း (၉) ခုနဲ့လူပါလားနော်…
    ဒီလို အတ္တမျိုးတော့ကိုယ်အတွက်ဆို ကြိုက်သင့်ပါရဲ့..
    :buu:

    • ခိုင်ဇာ

      March 8, 2013 at 9:24 am

      အဟမ်း။
      ကျန်သေးတယ် ကြည်ဆောင်း။
      အများကြီးပဲ။
      ခွဲခြားထားတဲ့ ကတ်အဂိုရီ အရ ဒီ အမျိုးအစားအတွက် ဂလောက်ပဲမို့။

      :kwi:

  • Shwe Ei

    March 8, 2013 at 10:29 am

    မပိုင်ဆိုင်နိုင်ဝူးဆိုတာတော့မဖစ်သင့်ဝူး…..
    ပိုင်ဆိုင်ချင်ဘီဆိုရင်တော့ ရအောင်ယူရမာဘဲ ဟွင်းးးဟွင်းး..
    ဘွဲ့တေ ဒစ်ပလိုမာတေ ပျောဘာဒယ်. . . :mrgreen:

    • ခိုင်ဇာ

      March 8, 2013 at 11:01 am

      အဲဒီလိုတွေ ရအောင် ကြိုးစားခဲ့လို့ အများကြီးရခဲ့ပြီးပါပြီလေ။
      စာတီဖီကိတ်တွေ ပြောတာပါ။
      :kwi:

  • ဦးကြောင်ကြီး

    March 8, 2013 at 11:08 am

    မချုပ်တတ်ဘဲ အပ်တ နေတာ အတ္တ
    အပ်ချုပ်ဆိုင်ရှိလျက် အပ်တ နေတာ အတ္တ
    သောက်ဆေးရှိလျက် အပ်တ နေတာ အတ္တ
    အနုပညာဆိုပြီး artတ နေတာ အတ္တ
    ဂျီတော့မှာ ဖေ့စ်ဘွတ်မှာ addတ နေတာ အတ္တ
    ……အတ္တ ……အတ္တ ……အတ္တ

    • ခိုင်ဇာ

      March 8, 2013 at 11:21 am

      အောင်ကြူး အတ္တတွေက ပိုမိုက်နေပါ့လား။
      :hee:

  • kyeemite

    March 8, 2013 at 4:01 pm

    အတ္တ မရှိရဘူးတော့မဟုတ်ပါဘူး
    ပရလေးလည်းအထိုက်အလျှောက်ရှိရမှာပေါ့…
    ဒါမှလူဟာ balance ဖြစ်တာ…
    ဒီလိုမဟုတ်ပဲ…အတ္တကြီး သက်သက်ကြီးနေရင်
    ကိုယ်ကသာ တဲ့တဲ့ ရပ်နေတယ်ထင်ရပေမဲ့
    ကိုယ့်ကိုမြင်ရတဲ့လူတွေမျက်လုံးမှာတော့
    အဲဒီလူဟာ စောင်းငန်းငန်းကြီးဖြစ်နေမှာပဲ…
    (ထင်ရာ မြင်ရာဝင်ပွားသွားတာပါ…အတည်မယူကျေးနော်..) :hee:

    • ခိုင်ဇာ

      March 8, 2013 at 4:04 pm

      ဟင့်အင်း။
      သိဘူး။
      ကိုကြီးမိုက်နော်။
      အနော်တို့က မုန့်ကိုပဲ ဝေစားနိုင်မယ်။
      ဒါပဲ :mrgreen:
      (အနော် ပြောတာလည်း အတည်မယူနဲ့နော်)
      :hee:

  • Moe Z

    March 8, 2013 at 4:12 pm

    မမခိုင်ဇာရဲ့ တစ်စုံတစ်ယောက်နေရာကနေခံစားပြီး ဖတ်ကျိလိုက်မယ်
    မှန်းးးးးး နည်းနည်း အသက်ရှူကြပ်တယ် .. အဟိ :mrgreen:

    • ခိုင်ဇာ

      March 8, 2013 at 4:14 pm

      ဟီး။ :mrgreen:
      ဟုတ်မယ်။
      အဲဒီအတိုင်းပဲ ပြောတယ်။ :mrgreen:
      မိုးဇက်လေး တော်ချက်။

    • amatmin

      March 8, 2013 at 5:13 pm

      အဲ့ဒါပြောမလို့ပဲ..ရယ်
      မနေ့ကရုံးအပြန် အသက်ရှုကြပ်ချက်များ..
      ဘာမှန်းစဉ်းစားမရခဲ့ဘူးး .
      ကျန်းးးးးး
      မိုးစက်ပြောမှ အဖြေပေါ်တယ်..
      ဪ..အတ္တ…အတ္တ 🙂

      • ခိုင်ဇာ

        March 8, 2013 at 5:20 pm

        ဟယ်။
        နေရင်းထိုင်ရင်း ကိုယ့် ပို့(စ)နဲ့ ကိုယ် တရားခံဖြစ်ပြီ။
        :buu:

        ကိုဂျီးမတ် အသက်ရှုကြပ်တာ တက်စီပေါ်မှာမှန်ပိတ်မိလို့ ကြပ်လို့ထင်တယ်နော်။
        နောက်ခါ မှန်ဖွင့်စီးပါရယ်။ :mrgreen:

        ကျန်း:::::::
        ကိုယ့် အတ္တတွေနဲ့ တစ်စုံတစ်ယောက် အသက်ရှုကြပ်သွားပါရောလား။
        (ရော မတွေးရ)

        :harr:

        • amatmin

          March 8, 2013 at 5:33 pm

          အဟွတ်..အဟွတ်
          အဲ့လိုပဲ ကျော်က ခါတလေ .ချောင်းဆိုးတတ်တယ်..
          အိမ်ကိုက လမ်းလျှောက်ပြန်တာပါ ဆိုမှ..
          တစုံတယောက်ကို တွေးရင်းနဲ့လေ….
          ( ထင်ယောင်ထင်မှား မကြုံရင်လုံးဝမလုပ်ပါ..) 🙂

  • အလင်းဆက်

    March 8, 2013 at 7:32 pm

    မြင်ရတာ စိတ်ချမ်းသာလိုက်တာဗျာ ။
    စိမ်းနေတာပဲ ။
    ကောင်းပါလေ့
    ကောင်းပါလေ့
    :kwi:

Leave a Reply