ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၆)
၁ ရက်နေ့က အလုပ်ကိစ္စနဲ့ တောင်ကြီးကို စတုတ္ထ အကြိမ်မြောက်ရောက်တယ်..
အဝေးပြေးက ထွက်မဲ့ကားက တောင်ပေါ်သား ၆ နာရီ.. ဘောစိက ၆ နာရီကားနဲ့ သွားရမယ်ဆိုတာကို ၄ နာရီမှ ဖုံးဆက်တယ်.. ပထမစီစဉ်ထားတာက ရ နာရီ.. အိမ်ကို အသည်းအသန်ပြန်ပြီး ရေမိုးချိုး ၅ နာရီထွက်တယ် အိမ်က အရင် က နာရီဝက်လောက်ဆို ရောက်တာမို့လို့ အေးဆေးလို့ထင်ထားတာ.. ဝေဇယန္တာမှာ စပြီးပိတ်တယ်.. နောက် မြောက်ဥက္ကကလာ အဝိုင်း.. ၆ ကွေ့ တောက်လျှောက်ပိတ်လိုက်တာ အဝေးပြေးရောကတော့ ၆ နာရီ ၁ဝ မိနစ်.. ကားဂိတ်ကိုဆက်လိုက်တော့ ကားကထွက်နေပြီတဲ့ အိုကေ ဒါဆို အပြင်က စောင့်နေမယ်ဆိုပြီး ဇေကမ္ဘာဘုရားရှေ့ကစောင့်နေလိုက်တာ ၆ နာရီ ၄ဝ မှ ကားကရောက်လာတယ်. အထဲကနေ အပြင်ကို ထွက်တာ နာရီဝက်လောက်ကြာတယ်.. မိနစ် ၄ဝ လောက်ကို နောက်ကျတယ်..
အေးသာယာကို ရ နာရီရောက်တယ် ၂ ရက်လောက်ပဲကြာမယ့် အလုပ်က ၅ ရက်လောက်ကြာသွားတယ်.. ရတဲ့ အချိန်လေးကို ပဲ လိုက်ရိုက် ဖြစ်တာနဲ့ သိပ်တော့ ဘယ်မှ မရောက်ဖြစ်ပါဘူး.. မြစိမ်းတောင်ကို ညဖက် တက်ပြီး တောင်ကြီး ညရှုခင်းကို ကြည့်ကြတယ်.. စူဠာမုနိ ဒါပါပဲ..
နောက်ဆုံးညက ညောင်ရွှေလမ်းပေါ်က ပေါက်ကျော် ငါးကင်ဆိုင်မှာ သွားစားကြတယ်.. နောက်တစ်နေ့ နေ့ခင်း ပြန်မယ့် နေ့ ညောင်ရွှေကို ဆင်းလိုက်သေးတယ်.. အင်းထဲ သွားမလို့ကို နောက်ကျမှာ စိုးလို့ မသွား ဖြစ်တော့ဘူး












20.779902,97.038768

20.789204,97.043791




20.789204,97.043791





ISO 200, f22, focal length 11, Shutter Speed 1/119 sec (with cable release)
ေ

20.795158,97.053157

ISO 200, f11, shutter speed 1/25


26 comments
pooch
March 9, 2013 at 12:33 am
ဆြာအုပ် ညပုံတွေက ISO ဘယ်လောက်ထားရတာလဲ ဟင်
ဈေးပုံတွေ အကြိုက်ဆုံးပဲ
ချယ်ရီလမ်းက ပိုစ့်စကဒ် ထုတ်ရင် လှမယ်
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 1:30 am
ှုISO ကဘယ်လောက်ထားရတယ်လို့ သတ်မှတ်မထားပါဘူး
ကြိုက်သလောက် အဲ shade မဖြစ်အောင်တော့ထားပေါ့ဗျာ
အနော်က tripod နဲ့ ဆော်တာမို့လို့ အနည်းဆုံးထားပါတယ်
d90 မှာ အနည်းဆုံးက 200
အနည်းဆုံးထားရတာက noise လျှော့ အောင်ပါ
တကယ်လို့ tripod မပါဘဲ night shot ရိုက်မယ် ဆိုရင်တော့
ှုISO ကိုတင်သာတင်ပေတော့ဗျို့
mobile
March 9, 2013 at 12:46 am
ကိုစာအုပ်ရဲ့ လက်စွမ်းပြမှုလေးတွေက မိုက်လှပါ၏…..
ချယ်ရီပန်းပုံလေးကိုတော့ ကြိုက်လှပါ၏……
ချယ်ရီပန်းကို ကြားသာကြားဖူးတယ် ဘယ်လိုပုံစံမှန်း တစ်ခါမှ မမြင်ဖူးဘူးရယ်…
အခုမှပဲ ကိုစာအုပ်ကျေးဇူးကြောင့် ပုံလေးပါ သိမ်းထားခွင့်ရလိုက်တယ်………
ချယ်ရီပန်းတင်ပေးတာကို ကျေးဇူးတင်လွန်းလို့ ကိုစာအုပ်ကို ကျေးဇူးဆပ်ချင်လှပါတယ်..
အကယ်၍ ကိုစာအုပ်မှာ သမီးကညာအပျိုချောချောလေးများရှိပါဂ အနီးကပ်
ရာသက်ပန် အလုပ်အကျွေးပြုကျေးဇူးဆပ်ချင်ပါတယ်…………..
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 1:40 am
သမီးတော့မရှိသေးဘူးကိုကို
မီးပဲချိတယ်
မီးကိုဂယ်ရာသက်ပန်အလုပ်အကျွေးပြုချင်တာလား ကိုကို့စ်
Mလုလင်
March 9, 2013 at 1:29 am
ပုံ လေးတွေ လှ တယ်ဗျာ . အဲ့ ဒါ . ရေစာ မထည့်နဲ့ ဗျာ …. . .တစ်ပုံ လောက် အလကား ပေး နော် . . . . :kwi: . . . . . . (အပျော် . . . . ဝင်စ တာပါဗျာ . .) ကျောက်တန်း သွားဖြစ်ရင် လက်တို့ ဦးဗျ ..
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 1:45 am
ကလုင်ကတော့ လုပ်တော့မယ်
ကျောက်တန်းက သွားတော့သွားချင်တယ်
ဒါပေမယ့် ရွှေစက်တော် သွားမလို့ဗျ
Mလုလင်
March 9, 2013 at 1:48 am
အားကျ မိတယ်ဗျာ . . ကျုပ်တော့ ခြေချုပ် မိနေလို့ဗျို ့ . . . ဘယ်မှ ကိုမသွားနိုင်တာ . . ကျောက်တန်း သွားဖို့တောင် တော်တော် အားထုတ် ရမယ့် သဘော ပဲဗျ . .
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 1:57 am
ဟိုက် ရှလပတ်ရည်
အေးဗျာ ကျောက်တမ်းသွားဖြစ်တယ်ဆိုရင်တော့ ခေါ်ပါ့မယ်
အင်း အပူတွေ အပူတွေ
ဟိဟိ
ညလေး
March 9, 2013 at 8:28 am
ဆြာအုပ်တို့တော့ကြွားပြန်ပီ
ပန်းချီကားလေလားးး မှားရ လောက်အောင်ကို လက်ရာမြောက်တဲ့ ပုံတွေ
ပါးစပ် အဟောင်းသားလေး နဲ့ငေးသွားပါကြောင်းးးး
ဈေးပုံလေးတွေ အကုန်ကြိုက် ၊အခိုက်ဆုံးက ဈေး ၃ ပုံလေးပါ
တပည့်ခံပါရစေ ဆြာအုပ်ရယ်
ခိုင်ဇာ
March 9, 2013 at 10:18 am
စူဠာမုနိ
(နေ့/ည) ၂ ပုံကို ဘယ်လိုကြိုက်မှန်း မသိ ကြိုက်သွားကြောင်းပါ။
:hee:
ဗုံဗုံ
March 9, 2013 at 10:38 am
အောင်ပန်းက မုန့်ဆိုင်တန်းကို အကြိုက်ဆုံးပါဘဲကွယ်
kyeemite
March 9, 2013 at 11:08 am
ဆြာအုပ်ဓါတ်ပုံတွေက ထုံးစံအတိုင်း ရှယ်တွေပါပဲ..
ချယ်ရီပန်းကိုတော့ မမြင်တာကြာလို့ မှတ်တောင်မမှတ်မိတော့ဘူး…
ချယ်ရီပန်းပုံကြည့်ပီး ဇဝေဇဝါဖြစ်သွားတယ်… :ha:
စိတ်မရှိနဲ့နော်ဆြာအုပ်..ချယ်ရီပန်းပုံက တစ်ခြားပန်းတစ်မျိုးမျိုးနဲ့ များလွဲနေသလားလို့(အထင်) :buu:
kyeemite
March 9, 2013 at 11:41 am
ချယ်ရီက မပွင့်ခင် တပင်လုံးအရွက်တွေကြွေသွားတာ..
ပွင့်တော့ မှ ရွက်နုဖူးလေးတွေနဲ့အတူပွင့်တာ…
ဂူးဂဲ အင်းမေ့ မှာ ချယ်ရီဆိုပီး ရိုက်ကြည့်လိုက်တော့
ပန်းက မတူဘူးဖြစ်နေတယ်…:buu:
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 11:58 am
အင်း
တားတားလဲတိဘူး
တူတို့က ချယ်ရီ ဆိုလို့
မိုျး မတူတာ ဖြစ်မှာပေါ့
Foreign Resident
March 9, 2013 at 12:31 pm
ဟုတ်တယ် ။
အဘ မြင်ဘူးတဲ့ ချယ်ရီပန်း ကလဲ ၊
Sakura TV ရဲ့တံဆိပ်လိုမျိုးလေး ၊
ပွင့်ဖတ် အဝိုင်းလေး ငါးခု နှင့်ဟာ ။
ဆြာအုပ်ရဲ့ ချယ်ရီပန်းလို ပွင့်ဖတ် ရှည်လမျော နှင့် ဟုတ်ဘူး ။
အင်းလေ ၊ မြန်မာ ချယ်ရီ ဖြစ်မပေါ့လေ ။
( ဂျပန် ချယ်ရီပန်း နှင့် ဩဇီ ချယ်ရီပန်း ကတော့ ပုံစံ တူတူပဲ )
မဟာရာဇာ အံစာတုံး
March 9, 2013 at 1:20 pm
ဂိန်ဒါရီ ပြန်လာဘီ
ဆန်ခါညီ တိမ်သလ္လာနီ
ကုန်ဘာဘီ ရုံခါတီ …
ဟိုကျိဒီကျိ ကျိတွားဘာ၏ ….
အတုန် လှချေ၏ … ကွိကွိ …
ကိုပေါက်(မန္တလေး)
March 9, 2013 at 3:31 pm
ဘိုအုပ်ရာ ကျုပ်ကိုလွမ်းအောင်လုပ်
ချယ်ရီပွင့်ချိန်ရောက်ဘူးသေးဘူး။
အဆင်းလမ်းက အိမ်သာကြော်ငြာလေးရော မရိုက်ခဲ့ဘူးလားဗျ။
ကိုပေါက်(မန္တလေး)
March 9, 2013 at 3:44 pm
ဒါလေးကိုပြောတာပါ
https://www.facebook.com/photo.php?fbid=538089869555320&set=a.348499538514355.84605.100000629354342&type=1&relevant_count=1
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 7:52 pm
အဲရာတော့မတွေ့ခဲ့ဘူးဗျ
မိုက်တယ် ဟဟ
ချယ်ရီကတော့ အပင်တွေသိပ်မရှိတော့ပါဘူး
မြစိမ်းတောင် အတက်မှတော့ အပင်တွေရှိသေးတယ်
padonmar
March 9, 2013 at 7:37 pm
စာအုပ် …ငုစပ်ချယ်ရီတွေကို ရှမ်းချယ်ရီလုပ်နေတယ်။
ကသီဒရယ်ကြီး ကြိုက်သအေ။
တောင်ကြီးညလည်းကြိုက်တယ်။
စူဠာမဏိညလည်း ကြိုက်တယ်။
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 7:54 pm
အော် အဲရာ ငုစပ်ချယ်ရီလားတိပါဘူး အန်တီဘုံမာရယ်
ဒါဆို တကယ့်ချယ်ရီက ဘယ်မှာချိတာလဲဟင်
MaMa
March 9, 2013 at 9:07 pm
ချယ်ရီပန်းကို အနီးကပ်မမြင်ဖူးလို့ ဘဖောလို မပြောတတ်ပေမယ့်….
ဒီပုံအတိုင်းပဲဆိုရင် ပိတောက်ကို မမှီဘူး ပြောရမယ်။ :kwi:
ပုံလေးတွေ သွားရည်ကျသွားပါ၏။ :hee:
ကိုပေါက်(မန္တလေး)
March 9, 2013 at 10:03 pm
ဘိုအုပ် ဘုရားအရှေ့ဘက်က ကျောက်ချွန်းကြီးရောမဆော်ခဲ့ဘူးလား။
ဘုရားလမ်းဆုံလေးကနေ အနောက်ဘက်သွားရင်ကျောက်တောင်ကြီးရှိတယ်။
အဲဒီပေါ်က တက်ဆော်ရင်လှမှလှဗျာ။
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 10:40 pm
ရောက်သပဗျာ.. အချိန်မရလို့ သေချာမဆော်ခဲ့ရဘူး
water-melon
March 10, 2013 at 7:11 pm
အားကျပါ၏ အားကျပါ၏
ကင်မရာတောင်ဝယ်ချင်လာပြီ
ညရိုက်တာလေးတွေပိုကြိုက်တယ် အလင်းဖြာတဲ့ပုံလေးတွေက အနော့အကြိုက်ဂျာ့
Ma Ei
March 11, 2013 at 10:56 am
ညရှုခင်း ပုံတွေအတော်လှတာပဲ။
စာဖတ်ရတာမောပေမယ့် ပုံတွေကြည့်ရတော့ တန်ပါတယ်…
နောက်ဆို စောစောသွား၊ကြာကြာနေ၊များများရိုက်ခဲ့ပါ…