တခါတုန်းက ဒို့ရွာမှာ
♫♪♫..♫♪♫..
ကိုကို .. နေ့တိုင်းလာ လျှော်. ..
မောင်မောင် ..နေ့တိုင်းလာ လျှော်…
(လျှော်အုံး .. လို့..)
ညှပ်ရုံလျှော်ရုံ မကဘဲ ..ညှပ်ရုံလျှော်ရုံ မကဘဲ ..
ဟိုဟာ များလည်း ရနိုင်ဘာဒယ် ..မောင်…။ (ဟိုဟာ= ကံစမ်းမဲ)
♫♪♫…♫♪♫…
၁။
ဟဲ့ဟဲ့ .. ဘယ့်နှယ့်ဟာဒွေတုန်း ကွယ်… ။ ဗြစ် ထွမ်…(ကွမ်းထွေးသံ)
ထိုသို့ ပြောချလိုက်သူကား ရွာသူကြီး ဦးခိုင် ….။ ဟုတ်သည် …။ ဟောင်ကောင်း ရွာက ဦး ဂဲ(Girl)ကြောက် ဆိုသော
လူပြိုကြီး SONI ဆိုနီ ဆိုပြီး အင်ထုရောင်းလိုက်သော LCD အပြားကြီး ဖြင့် တီဗီ ကြော်ငြာကြည့်ရင်း ထ အော်လိုက်ခြင်း ဖြစ်သည်။
မြင်ကွင်းကိုလည်း ရှုဦး မိတ်ဆွေ …ရှိုက်ဖိုကြီးငယ် အသွယ်သွယ် ရှိကြလေကုန်သော ဆိုးညီအစ်မ-၄ဖော်တို့..
ပေါင်လည် ပေါင်တို ပေါင်ပြတ် စကတ် တိုတိုလေးများဖြင့် မိတ်ဒင် ယိုးဒယား ရှမ်ပူ(shampoo) ကြော်ငြာနေကြခြင်းဖြစ်သည်။
မင့်တို့ ခေတ်ကာလ သားသမီးများ ဘယ်လိုတွေတုန်းကွယ် ..မျက်စိရှက်စရာ ..။
ထမီလေးနဲ့ ကြော်ငြာပါ့လား ..။ဘယ့်နှယ့် အတိုအပြတ်တွေနဲ့ ကွယ်…။
(တလောက ကိုရင် နီပေပါ ရှင်ပြု အတွက် ဆွမ်းကြီးလောင်းရန် မြို့တက်တုန်း ရွာသူားတွေမသိအောင်
ဝင်တွယ်ခဲ့သော အစိမ်းရောင် ဘီယာကြော်ငြာလိုမျိုး ပုံရိပ်များကို တောင့်တလေ သလားတော့ မဆိုနိုင်)
ပြီး ဘယ့်နှယ့် ယိုးဒယား ကလာတဲ့ ရှမ်ဗူ ဆိုလားဘာဆိုလား ခေါင်းလျှော်ရည် ထုပ် လို့ပဲ ..
တို့ဖြင့် တသက်လုံး တလျော်ကင်ပွန်းနဲ့ လျှော်လာတာ ဒီမှာ တွေ့လား သန်မှသန်…။
သူ့သျှောင်ထုံးကလေး ကို လက်ညှိုးနှင့် လက်မ ဖြင့် ညှပ်ပြပြီး ပြောသည်။
သျှောင်ထုံးတော်ကြီး ဇီးဖြူသီးမို့ တီဗီ လာကြည့်ကြသော ရွာသားများ ပြုံးစစဖြစ်ကုန်သည်။ သို့သော်
ထိပ်တုံးနဲ့ ပြူးနေသော၂လုံး ကိုကြောက်ရသဖြင့် တချို့ ချောင်းပဲ ဆိုးချသလိုလို ..မျက်နှာကို လက်ဖြင့် ပုဝါဖြင့် ကာပြီး တဖုံ
…ကျိတ်ပြုံးရလေသည်….။
သို့ရာတွင်ကား … ရွာသူတို့၏ အတွေးသန်တန် တွင်မူကား ..အကြောင်းအရာ ၃ခု အလျှင်မပြတ် စီးဆင်း သွားပြီ ဖြစ်လေသည်။
၁။ မိတ်ကပ်
၂။ စကပ်
၃။ ရှမ်ပူ
တို့တည်းးးး။
၂။
ရွာ၏ သရုပ်ကို ထုတ်နုတ် တင်ပြရသည်ရှိသော်..
အလံဖြူအလံနီနှင့် အနောက်ဘက်ခြမ်းမှ ရောင်စုံသူပုန် ခေတ်ကုန်ကတည်းက ရွာစည်းရိုး ကို ပြန်၍မပြင်တော့သော
ပွင့်လင်းမြင်သာမှု ရှိသော ရွာကြီး ဖြစ်ရကား ရွာသူားများသည် မိမိတို့ အလိုရှိတိုင်း (လုပ်ချင်ရာ လုပ်ချင်သလို လုပ်လေ့)
ရှိပေသတည်း။ အော်.. ငြိမ်းချမ်းတဲ့ သဘော ….။ ထို့ပြင် ရွှေမြို့တော်ကြီးကလူတွေ ဖယောင်းတိုင် မထွန်းခင်ကတည်းက
ထစ်ကနဲရှိ သဂျီးအိမ်ရှေ့ ဖယောင်းတိုင်ထွန်း လူစုပြီး အလိုရှိသည်များကို (ဥပမာ အမတော်ပွိုင့် အဲ့လေ အမတော်ကြေး ကိစ္စ တို့ဘာတို့)
ဒါမျိုးတွေ ဆို ပွင့်ပွင့်လင်းလင်း စနစ်တကျ စုရုံး တောင်းဆိုတတ်သည်မှာလည်း ဒီရွာ၏ အစဉ်အလာ ပင်ဖြစ်လေသည်။
အော်.. စည်းကမ်းပြည့်ဝ တဲ့သဘော..။
ဆက်ပါဦးမည် မိတ်ဆွေ…။
ရွာထဲတွင် မြို့တက် စီးပွားရေး တက္ကသိုလ် တက်ဖို့ လွှတ်လိုက်တာ ဒဿနိက ဗေဒက
စကီလေးတွေကို သွားသွားကြောင်ရင်း အတန်းလိုက်တက် စာကူကျက်ရင်း
ကိုယ့်စာမေးပွဲကိုယ်ဖြေကာနီးမှ ကိုယ့်စာကိုယ်ကျက်ရာ ဦးနှောက် ဟက်ဘွိုင်ဖြစ်ပြီး
အရူးလက်မှတ်ရကာ ပြန်လာသော .. ရွာသား မောင်ဂီ့ ဆိုသူရှိလေသည်..
သူက ဘယ်မှာ ဘာအသစ်ရသလဲ လိုက်ရှာသူဖြစ်လေသည်။ အပေါ်က ကိစ္စရပ်တွေကို
သုံးသပ်ပြီးသကာလ .. ကြောင်ဝတုတ်ထန်းတော အတွင်း လက်ချာများကို မစားရဝခမန်း ရိုက်လေတော့သတည်း…။
ဂလိုနဲ့ ..ရွာသူားအပေါင်းတို့လည်း အသစ်ဖြစ်တည်လာသော ဝယ်လိုအား … ဆပ္ပလိုင်း ဒီမန်း ဂက်ပ် စတာတွေကို
ရွာ့နည်း ရွာ့ဟန်ဖြင့် နားလည် သဘောပေါက်ပြီးသကာလ …
ဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်၏ အနေအထားကို စောကျော နိုင်ရန်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်
မြို့တက် ပြီး တင်သွင်းစရာရှိသည်များကို တင်သွင်း လာကြပေတော့သည်…။
ပထမဆုံး ကတော့ လက်ချာအများဆုံး နားထောင်ရသော ထန်းတောပိုင်ရှင် ကိုရင်ကြောင်ဝတုတ်ဖြစ်လေသည်။
သူသည်ကား ဆူဖြိုးသော သူ့ခန္ဓာကိုယ်နှင့် ထန်းတက်ရတဲ့အလုပ် ဘယ်လိုမှ မအပ်စပ်တာ သိနေနှင့်မို့..
ထန်းတောကို ဘပုထံ ရောင်းချကာ ငွေထုပ်ပိုက် ကာမြို့တက်သွားလေသတည်းးးး..။(ထို့ကြောင့်ထန်းတောသည်
နောင်တွင် ဘပု ထန်းတော ဟု တွင်သလတ္တံ့)
၃။
ကိုရင် ဝတုတ် မှာကား မြို့တက်တုန်းက လက်၂ဖက်စာ ငွေထုပ် ပိုက်သွားသော်လည်း အပြန်တွင်ကား
လှည်း၂စီးတိုက်စာ ဘေထုပ်များဖြင့် ပြန်ရောက်လာလေသည်…။
ရွာ ဇရပ်အနီး သက်ကယ် တဲကြီးထိုးပြီး နံရံတွင် တံမြက်စီးကို ထုံးရည်စွတ် ကာ ဤသို့ ရေးချလိုက်လေ၏။
ဖက်-ဖက်ကတ်
ဘေ-ဘေထုပ်
သည်လိုနဲ့ နေ့ညမရွေး ဘုရားပွဲအလား ရွာလည်တွင် လူပျိုအပျို များသာမက ရွာလုံးကျွတ် တအုံးအုံးနှင့် စည်ကားနေလေတော့သတည်းးးး။
ကိုရင် ဝတုတ်ကား စီးပွားရေးအကွက်မြင်သူတည်း ….။ မြို့ ဆံသဆိုင်မှ ဘတ်လာသော မဂ္ဂဇင်းများထဲမှ သရီးကွာတား ဝတ် မော်ဒယ်ဘွိုင်း
ပုံတွေချည်း ဖြဲပြီး နံရံအနှံ့ ကပ်လေသည်။ ထို့အတူ တင်းနစ် ရိုက်သော ကလေးမများပုံကိုလည်း ဘောဂျာနယ်တွေမှ စုတ်ကာ ကပ်ပြန်၏။
အကြောင်းမှာမူကား အနားဖွာနေပြီဖြစ်သော ဘောင်းဘီရှည်များနှင့် ၃လွှာစကပ်များကို ဖွာနေသောအပိုင်းများ ဖြတ်တောက်ပြီး ..
တွေ့လား မြို့မှာ ဒါတွေပဲ ဝတ်တယ် ဆိုပြီး ရွာအတွင်း ရောင်းချခြင်းပင်ဖြစ်လေသည်။ မသိသော ရွာသူားများမှာကား ..
ကျား ဆို ကွာတား မ- ပေါင်လည် တွေချည်း ဝတ်ကုန်ကြလေသတည်း။ ဂလိုနဲ့ ရက်မှ နှစ်သို့ ပြောင်းတဲ့အခါ အိမ်သာပျက် ခရိုင်အတွင်း
မူလဘူတ ဂဇွတ် ရွာ ဆိုလျင် ဘယ်သူမှ မသိတော့ ။ ကွာတားပေါင်လည် ရွာ ဟု တွင်လေသတည်းးးးး။
နာ့သင်းလာ့စ်ဖော်အဲဗား နိယာမအရ …ကိုရင်ဝတုတ်၏ အောင်မြင်မှုတို့သည်လည်း ထာဝရမတည်မြဲခဲ့ပါချေ။
ညကြီးမင်းကြီး ရွာလူကြီး ဦးကျောက် တယောက် မီးဗျို့ မီး – မီး ဟု အသံပြဲကြီးနှင့် ပုဆိုးမပါဘဲ ရွာကို ပတ်နှိုးလေသည်။
ပုဆိုးမပါတာ သူသည်လည်း ကွာတားဖက်ရှင် နှင့်ကိုးးး(နောက်မှ ဝန်ခံတာက စွံမလားလို့ လုပ်ကြည့်တာပါ ဆိုပဲ)
ဟုတ်သည် ..ဘေထည်များထားရာ ကိုရင်ဝတုတ်၏ သက်ကယ်တဲကြီး မီးလောင်ခြင်းပင်တည်း…။
တချို့ကတော့ မနာလိုလို့ ရှို့မီး ဟု ဆိုကြသည်။ တချို့ကတော့ ပေါ့ဆမီး တဲ့ ..။ ဘာမီးလဲတော့မသိ
ရွာလယ် ကွင်းခေါင်ခေါင်ထဲမို့ ကံကောင်းထောက်မစွာ တရွာလုံးပြာမကျခဲ့သော်လည်း
ကိုရင်ဝတုတ် အရင်းပြုတ် တာကတော့အမှန် ။ ရွာ့ ရှေ့-နောက်-တောင်-မြောက် မှာလည်း ဘေဆိုင်
ပိစိပေါက်စတွေ ပေါ်လာတာအမှန် ။ မောင်ဂီ့ ကတော့ သူ့ဝသီအတိုင်း နို့ဆီခွက်လည်ဆွဲလျက်
တကိုယ်တည်း ဘာမှန်းမသိ ရေရွတ်နေလေသည်….။ ဘာတဲ့ … မိထူး .. မိထူး တဲ့ …။
၄။
နောက်တယောက်ကတော့ ကိုရင်မတ် ဖြစ်လေသည်။ သူကား ကြွယ်ပိုးကြွယ်ဝ ကုန်သည်မျိုးရိုး ဖြစ်လေသည်။
(စီးပွားပျက်သွားရှာသော ကိုရင် ဝတုတ်ကတော့ မြို့ဈေးစွန်တွင် အာပုံရောင်းနေရပြီ ဖြစ်လေသည်။)
မိဘများက သူငယ်စဉ်က ဘုံကျောင်းပို့ပြီး တီလုပ်စာ သင်ခိုင်းထားသောကြောင့် တီလုပ်လို ဖတ်တတ်ပြီး
လူရည်လည်သူဖြစ်လေသည်။
ရွာ၏ တလုံးတည်းသော ဆာဗာ မှားလို့ ..တီဗီ ရှိသော သဂျီးအိမ်တွင် တီရုပ်ဇာတ်ကားများ ပြသည့်အခါ
ရွာသူားများကို ဇာတ်ကြောင်းပြောပြပေးရသူဖြစ်ရကား ရွာတွင် လွန်စွာ မျက်နှာပွင့်လေသည်။
ဟော စပါပြီ … မနေ့တနေ့က မြို့မှ အသားမည်းမည်း မုတ်ဆိတ်ဖားဖားနှင့် လူ၂ယောက် မြွေရေခွံ အိတ်အကြီးတွေနှင့်
ဘာတွေ လာပေးသွားသည်မသိ ကိုမတ်တို့ မောင်ဂီ့ကို ထမင်းဖိတ်ကျွေးသည်လို့လည်းကြားသည်။ ဒါ တခုခုထူးခြားမယ့်
နမိတ် ဟု ရွာတွင်… တီးတိုးတီးတိုး သဖန်းပိုးကြလေသည်။ မကြာပါဘူး စပြီ ….။
ဂျင်ဆင်းကိုမတ်
အိပ်စတွင်း မိတ်ကပ်
JinSean KoMaT
eXTremE Make-Up
ဆိုပြီး …
တကယ်တော့ ကိုမတ် လည်း နားလည်လို့ မဟုတ် … ဟိုကောင် မြှောက်ပေးလို့ (ဂျင်ဆင်းတို့ အိပ်စတွင်း တို့ပါရင်
ရောင်းကောင်းတယ်ဆိုလို့) လုပ်ချလိုက်ခြင်းသာဖြစ်သည်။
တကယ်လည်း ရောင်းကောင်းပါသည်… မိတ်ကပ်ဆိုတာ ရွာ့ အပျိုချောများ ၏ အလိုလားတောင့်တဆုံးသော အရာ မဟုတ်ပါလား။
မိတ်ကပ်ကလည်း သူကိုယ်တိုင် အပင်ပန်းခံပြီး ခေတ်မီနည်းပညာနဲ့ လေ့လာ ဖော်စပ်ထားတဲ့ သနပ်ခါး မိတ်ကပ် ဆိုတော့
ရှေးစွန်းစွဲ အမျိုးသမီးကြီးများကော ယနေ့ လွတ်ပျံ့စွဲ ခေတ်ရဲ့ လုံမပျိုလေးများပါ အားလုံး တခဲနက် ဝယ်ယူအားပေးကြလေသတည်း။
ကိုမတ်ကား သဘောမနောကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် သုံးပြီး မိတ်ကပ်ဗူးခွံ ၁ဝဗူး လျင် ဗူးသစ်တစ်ဗူး နှင့် လဲပေးသောကြောင့်တည်း။
ရွာ့ အပျိုချောများ ကြားတွင်မူ တမတ်တည်း မတ်နေလေသည်။ မောင်ဂီ့ တယောက်သာ ရွာရိုးကိုးပေါက်လျှောက်ရင်း ဂရင်း ဂရင်း ဟု
လူမသိသော စကားလုံးတလုံးကို တစ်ကိုယ်တည်း ရေရွတ်နေလေ့ရှိတော့သည်။
လူအများ သတိမထားမိသော အချက် ၂ခုရှိလေသည်။
ထိုအရာများမှာ ကိုမတ်၏ အလုပ်ရုံဟု မည်တွင်သော တိုက်အိုကြီးမှာ လူသူပြတ်သော ရွာမြောက်ဘက် ချောင်းနှဖူး တွင်
တည်ထားခြင်းဖြစ်ပြီး မုတ်ဆိတ်ဆြာများမှာလည်း တလကိုးသီတင်း တစ်ခေါက်ဆိုသလို ကိုမတ်ထံ အထုတ်ကြီးများနှင့်
ရောက်ရောက်လာတတ်ခြင်းပင်ဖြစ်လေသည်။
နာ့သင် လက်စ် ဖော်အဲဗားပါ။ ပြဿနာကား တက်ခြေပြီ ။ ကိုရင်မတ်နဲ့ ဘာဂလိုလို ဟု ထင်ကြသော ရွာ့ အလှပဂေး လုံမမကြည်ပြာ တယောက်
ကိုမတ်၏ အိပ်စတွင်း မိတ်ကပ်ကို ခြေဆုံးခေါင်းဆုံး လိမ်းခြယ်ပြီးသကာလ.. တကိုယ်လုံး နီမြန်းကာ အဖုအပိန့်များ ထွက်ပြီး အလွန်အမင်း
ယားယံနေလေသည်။ ရွာ့ ဆေးဆြာကြီး ဆြာခ ရော သမားတော် ဆြာ ထက်ကပါ … ဒါ မိတ်ကပ်နှင့် အလာ့ဂျစ် ဖြစ်တာ(ဓါတ်မတဲ့တာ) ဟု
အခိုင်အမာဆိုလေသည်။
မြို့ ဆေးရုံကို ပို့ပြီး ဆေးထိုးမှ အသက်ဘေးချမ်းသာရာရမည် ဆိုလို့ ရွာသူားများ အားခြင်း လှည်းပြင်သူပြင် နှင့် အလုပ်တွေများကြလေတော့သတည်း။
တိုက်ဆိုင်စွာပင် ကိုမတ်က ကုန်ကြမ်းဝယ်မယ် ဆိုပြီး မြို့တက်သွားတော့ သူ့ကို ချိတ်ဆက်ပြီး တခါတည်း ဆေးရုံကိစ္စ ရေလောင်း ..အဲ့လေ.
..ကြိုပြင်ခိုင်းထားရလေသည်။
သဂျီး ရဲ့ အမိန့်တော်စာ ထည့်ပေးလိုက်လေသည်။ စာ ပါ အကြောင်းအရာမှာကား …
သို့
ကိုရင် မတ်
ရွာ တောင်ပိုင်းက ဒေါ်ဂျမ်းတုန် သမီး လုံမကြည်ပြာတော့
အလ္လာကြီးနဲ့ ဖြစ်လို့ အခု အလွန်ယားနေပြီ ဆေးရုံတက် ဆေးထိုးရမယ်..။
မင့်တာဝန်မကင်းဘူး… လိုလေသေးမရှိ စီစဉ်ထားလိုက်ပါ။
ကိုရင်လည်း ရွာအမြန်ဆုံး ပြန်လာပြီး ကျုပ်ကို လာတွေ့လှည့်။
ပုံ
သဂျီး
မန်းဇက်ခိုင်
ကိုမတ်မျက်နှာ ဇီးကင်းခန့်သာ ကျန်တော့၏။ နောင်မှ ဆြာခ ရှင်းပြမှ အလာ့ဂျစ် Allergic ဖြစ်ကြောင်း သိပြီး ဟင်းတဝက်ချနိုင်လေသည်။
(ကျန်တဝက်က သူ့တာဝန်မကင်းတဲ့ မိတ်ကပ် ဖြစ်နေတာကိုး..)
ဂလိုနှင့် ကိုရင်မတ် တယောက် သဂျီးနှင့် ရင်ဆိုင် ဆွေးနွေး ဖြေရှင်းချက်ပေးရလေတော့သည်။
သဂျီး။ ကိုင်း ကိုရင် ဘာပြောချင်သေးတုန်း။ မသေကောင်းမပျောက်ကောင်းကွယ်။ ထွမ် ..(ကွမ်းထွေးသံ)
ကိုရင်မတ်။ ကျနော့်မိတ်ကပ်က လူတိုင်းလိမ်းနေတာပဲ ဘယ်သူမှမဖြစ်ဘူး။ သူ့ကျမှ ဖြစ်တာ ။
အခန့်မသင့်လို့ပါဗျာ။
လျှောက်လဲချက်ပေး၏။ သို့သော် ကိုမတ်ယခုတခေါက် ဝယ်ချလာသော သနပ်ခါးခဲများနှင့် ချဉ်ဆိုးဆေးပန်းရောင်
စတစ်ကာ ၁၅ချပ်နှင့် ပလတ်စတစ် အဝိုင်းပြား ခုရေ ၂၀ဝ ပရိုမီနာ ဗူးခွံများ တို့က လွန်စွာ သံသယ ဝင်စရာကောင်းသော အရာများတည်း…။
ကိုမတ်ကတော့ တွင်တွင်ငြင်းသည်။ သူက မိတ်ကပ်ဗူးအဖုံးမပိတ်ဘဲ သည်တိုင်းဖွင့်ထားလို့
ဖုန်တွေဝင် ဖုန်တွေတင်ပြီး အဲ့ဒါကြောင့် ယားယံတာ ဖြစ်ကြောင်း သာ အကြောင်းပြချက်ပေး၏။
ရွာ့ကာလသားများကြားတွင်ကား မကြည်ပြာ ဖုန်တင် မတင် လောင်းကြေးစားကြေးပင် ဖြစ်သည်အထိ
ရွှေပန်းစား .အဲ့လေ ..ရေပန်းစား လေတော့သတည်း…။
၅။
ခုဆို တရွာလုံး သူမနေရ ငါမနေရသည်မှာ ၂ခိရှာလို့ ၂ခါရှိလေပြီ
သဂျီးမင်း စိတ်အပူဆုံးကိစ္စ ကျန်နေသေးသည်။ ထိုအရာမှာကား ရှမ်ပူကိစ္စ။
ဒီကိစ္စ တော့ ငါကိုယ်တိုင် ကိုင်တွယ်မှ ဖြစ်ပေမည်။ ဟိုကောင်တွေကား စိတ်မချရ ဟု
တွေးပြီး သဂျီးကတော်နှင့် အပူတပြင်း တိုင်ပင်လေတော့သည်။
ဟုတ်သည် ။ ကုန်စုံ ဆိုင်လေးထောင်မည်။ အမြတ်အစွန်း အတွက်မဟုတ်။
မြို့မှ ပစ္စည်း အစစ်အမှန်များကို ယူပြီး အမှန်အကန် ရောင်းချမည်။ ရွာသူားတွေ
အဆင်ပြေစေရေး သာ အဓိကဖြစ်သည်။ ဟု ရည်စူးခြင်းဖြစ်လေသည်။
ထိုအချိန်မှစပြီး ရွာသူားများ လည်း တီဗီမှာ ပြသမျှ ရှမ်ပူများ ဆပ်ပြာများ ဖောဖောသီသီ
သုံးစွဲရတော့သတည်းးး။ သဂျီးပင်လျှင် နေ့တိုင်း ခေါင်းလျှော်နေသောကြောင့်
သျှောင်ထုံးတော်ကြီး ဇီးဖြူသီးမှာ မြေပဲစိလောက်သာ ကျန်တော့ ဟူသတတ်။
၆။
ထိုအခြေအနေကို ဒါသက်သက် ဘော်ချက်တာကွ ဟူပြီး ကြည့်မရဖြစ်နေသူကား
ကိုရင်ယွဲစီ …။ ဟုတ်သည်။ တခြားလူများ ကုန်စုံဆိုင် လိုက်တည်လျင်လည်း
ရွာသူားများက သဂျီးဆီသာ အားပေးကြမှာ မဟုတ်လား ဟု သူက ဆိုလာသည်။
ဒီတော့ သူက ကုန်စုံဆိုင်မဟုတ်ဘဲ ..ခေါင်းလျှော်ရည် တလိုင်းတည်းသာ ကိုင်မည်ဟု
သံဓိဌာန် ချထားသည်။ ထုံးစံအတိုင်း အရူးဂီမဲ ကို ဘပုထန်းတော ခေါ်ပြီး တိုင်ပင်ကြလေတော့သည်။
ဟုတ်သည် ရှေ့လူတွေလိုတော့ ပေါ့လို့မဖြစ် .. အမှန်အကန်လုပ်မည် ..အမှန်အကန် ရောင်းမည်။
မကြာပါ။ ရာဝင်အိုးကြီးတွေ အိမ်ရှေ့ထုတ်ခင်းပြီး
ဒို့ရိုးရာ
Smart စမာတ် တယော်ကင်ပွန်းယွဲ
ဆိုပြီး တယော်ကင်ပွန်းများကို အိုးတိုက်ဖွဲပြာ လက်ဆောင်ထည့်သွင်းပြီး ဈေးနှုန်းချိုသာစွာဖြင့် အကြီးအကျယ်ရောင်းချလေတော့သတည်း။
မောင်ဂီ့ကတော့ သူ့ဝသီအတိုင် းရက်အိုးရှင်း ရက်အိုးရှင်းဟု ရေရွတ်နေလေ၏။
ရွာသူားများ လည်း သဂျီး ဆီဝယ်လျင် အိုးတိုက်သံစ နှင့် ဆပ်ပြာ သပ်သပ် ဝယ်ရတာမို့ …
ခုကိုရင်ယွဲ ဆီကတော့ လက်ဆောင်အနေနဲ့ရတာမို့
ဘက်ကူးတော့သည်။ ရှမ်ပူမှ ရှမ်ပူ ခဲ့သူတချို့ ..ရိုးရာ အစဉ်အလာကို ထိန်းတာပါဟု ( ဖွဲပြာမျက်နှာဖြင့် ) ရိသဲ့သဲ့ပြောဖန်များလေတော့
ဆက်လက်ပြီး ရှမ်ပူမှ ရှမ်ပူဖြစ်သူများက အဆိုပါ တယော်ကင်ပွန်းသမားများကို ရှေးရိုးစွဲများ ဟူပြီးလည်းကောင်း ။ တယော်ဆြာများက လည်း
အစွန်းရောက် လွတ်ပျံ့စွဲများ ဟူ၍ တန်ပြန် ပြီး တဖုံ။
တရော်ကင်ပွန်း Vs ရှမ်ပူ
အစတည်ပြီး
ကွန်ဇာဗေးတစ် Vs လစ်ဘရယ်
အသွင်ဆောင်လာကာ ရွာ၂ခြမ်း ဗြန်းဗြန်းကွဲတော့လေသည်။
ဂလိုနဲ့ သဂျီးတယောက် ခုတလော တီဗီမှ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အစီအစဉ်မှ လာသည့်
ရှေးအဆိုကျော်ကြီး ပြွန်တန်ဆာ ကမ်းဝေး ရဲ့ သီချင်းဟောင်းတွေကို နားထောင်ပြီးသကာလ.. ငယ်ချစ်ကလေး တယော်ကင်ပွန်းကို
သတိရမိသွားပြီး သမီးဖြစ်သူကို ကိုရင်ယွဲဆီ တယော်ကင်ပွန်း အဝယ်ခိုင်းလေတော့သည်။
ကိုရင်ယွဲတယောက် မှာကား မလာစဖူး အလာထူးသော သမီးတော်ကလေးကို ငမ်းပြီးသကာလ…
လက်ဆောင်ထည့်ပေးသော ဖွဲပြာ လက်တဆုပ်ခန့် တယော်ခွက်ထဲ ထည့်လိုက်မိလေသည်။
ထိုနေ့က သဂျီး ခေါင်းလျှော်တော့ မည်သို့ မည်ပုံ ဓာတ်ပြုသွားသည်တော့မသိ ..။
နောက်နေ့မနက် အစောကြီး သဂျီး ၂လုံးပြူးဆွဲကာ ဘိုကေနှင့် ကိုရင်ယွဲ အိမ် ပေါက်ချလာတော့သတည်း။
သဂျီး ။ဟတ်ကောင် ငယွဲ ထွက်ခဲ့ဇမ်း….။
ယွဲ ။ ဗျ ဗျ ဗျာ သဂျီး …။
သဂျီး။ ဒီမှာ ကြည့်ဇမ်း…။
တယော်ခွက်ကို ကိုရင်ယွဲ ရှေ့သို့ ထိုးပြလိုက်သည်…။ အလို ဖွဲ ဖွဲပြာဒွေ…။
သဂျီး ။ အေး … မင်းတို့ကောင်တွေ လုပ်လိုက်ရင် တလွဲချည်းဘဲ..။ငါ့ သျှောင်ထုံး ဆုံးပြီ … ။
ဒီခေတ်ကြီးရောက်နေပြီ ဘာ တယော် ကင်ပွန်းမှ မလိုဘူး ။ အားလုံး ရှမ်ပူနဲ့ပဲေလျှော်ကြ..
သည်တော့ ငါအမိန့်ထုတ်မယ် ဒီနေ့ကစ ဒီရွာမှာ
ဘယ်သူမှ တယော်စာ မတည်ရဘူး …။ မင်း အိုးတွေ မင်းကိုယ်တိုင်သွန်ပစ်စမ်း။
ယွဲ။ ဟုတ် ဟုတ်..ကဲ့သဂျီး ။ …. ဟင့် ….။
သည်လိုနှင့် အဆိုပါတချက်လွှတ် အမိန့်အား သဂျီးကိုယ်တိုင် စာထုတ်ပြီး ရွာ့သင်ပုန်းတွင် ကပ်ထားရလေတော့သည်။
သဂျီးကား အသက်ကြီးပြီဖြစ်သောကြောင့် စာလုံးပေါင်း သတ်ပုံများကား မမှန်တော့ ..အကြင်သူသည် ဂဇွတ် ရွာသို့အလည်
လာအံ့။ ရွာ့သင်ပုန်းတွင် အဆိုပါ အမိန့်အား သဂျီး လက်ရေးမူဖြင့် ဤသို့ ဖတ်ရမည်ဖြစ်သည်။
ဤရွာတွင် မည်သူမျှ သရော်စာ မတည်ရ
ပုံ
မန်းဇက်ခိုင်
သဂျီး။
၇။
ဇာတ်ပေါင်းသော် ဖြစ်စဉ် ၃ခုလုံးအတွက် တာဝန်ရှိသူ အရူးဂီမဲ အား ရွာ့အရှေ့ဘက် လူသူမနီးသောသဲသောင်ကျွန်းတွင်
တကိုယ်တည်း တဲထိုးနေစေလျက်၊ အပြစ်ကိုယ်စီ ရှိကြသော ကိုရင်ဝတုတ်၊ ကိုရင်မတ် နှင့် ကိုရင်ယွဲတို့မှာ
ရွာဦးကျောင်းမှ ထမင်းကျန်ဟင်းကျန်များကို ဒင်းစားဖို့ လှေဖြင့် အလှည့်ကျ ပို့ရလေတော့သည်။ အသက်ထောက်လာသော
သဂျီးမှာလည်း သျှောင်ထုံးပြန်မရတော့သည့်အတွက် ဘိုကေသာ ထားရကာ ရသေ့စိတ်ဖြေ နှုတ်ခမ်းမွေး သာထားရရှာတော့သည်။
ရွာကို အလည်လာသူတိုင်း ဝေးဝေးမှပင် ဖြင်ဖြစ်အောင်မြင်ကြရမည်မှာ
သဂျီးကိုယ်တိုင် စိန်ဒိုင်းမွန်း သင်္ဘောဆေးဖြင့် စီရင်အပ်သော ရွာအဝင် ဆိုင်းဘုတ်ကြီးဖြစ်သည်။
ဤကား။
ဘားမန် ပြည်
အိမ်သာပျက် ခရိုင်
ဂဇွတ်ကျေးရွာစု
(သရော်စာ ကင်းမဲ့ဇုံ)
ဟုသတတ်။
28 comments
Shwe Ei
March 11, 2013 at 2:28 pm
ဝေးးးးးးးး ဒါမှ နာတို့ မန်းဒလေးဂွဇွတ် သဂျီးကွ..
(c/d ကိုရှုံး)
Char Too Lan
March 11, 2013 at 2:50 pm
ကျန်းးးး … ယွဲ ့နေဂျဒါယား…. မခံ့တာလား 😈
လုံမလေးမွန်မွန်
March 11, 2013 at 2:55 pm
ပြောတော့ ဒီမိုတဂျီးဆို.. ဗီဒိုအာဏာနဲ့ အမိန့်ထုတ်ရသလား… ဆန်ဒပျမယ်.. :kwi:
ခင်ခ
March 11, 2013 at 4:29 pm
သူကြီးရဲ့ ဗီဒိုအာဏာဆိုတာ အခြားမဟုတ်ပါဘူး လုံမလေးရေ၊
သူ့အဝတ်စားတွေထဲ့တဲ့ ဗီဒိုကို သူကလွဲလို့ အခွင့်မရှိဘဲ မဖွင့်ရလို့ တားမြစ်ထားတာပါ။
( အတွင်းပစ္စည်းတွေ တွေ့မှစိုးလို့နေမှာပေါ့)
အဲလို အဲလို ဗီဒိုအာဏာပါဗျ။
kai
March 11, 2013 at 3:23 pm
သရော်ကင်ပွန်း.. မလုပ်လိုက်ရပါဘူးဗျာ..
၂လုံးပြူးဆွဲယုံရှိသသေး.. လူသတ်နေပါပြီ.. သေလို့တောင်.. နတ်ပြည်ရောက်နေပါပြီ… မာဃဖြစ်သွားပါပြီ..။ နတ်သမီးတွေ လင်လုပြီးသတ်ကုန်ကြပါပြီ..။ ငရဲစည်ပိုင်းထဲကျပါပြီ.. အော်နေကြလို့.. မနည်းကိုယ်လွတ်ရုံးလာရတာ..
ဆိုင်းဘုတ်ကတော့..
ဖြစ်ချင်တာတွေ.. မဖြစ်တဲ့လောကမှာ..မဖြစ်ချင်တာတွေ..ဖြစ်ချင်သလိုဖြစ်ရအောင်.. မဖြစ်ညစ်ကျယ်နဲ့. ကညစ်ကို မှင်နက်မှာနစ်ပြီး.. သစ်သားမှာ.. ထစ်ထားတာ..။ :kwi:
Mr. MarGa
March 11, 2013 at 9:33 pm
သဂျီး သဂျီး
နောက်ထပ် မာဃတွေ ထပ်မထုတ်နဲ့လေ
နေရင်းထိုင်ရင်းတောင် ခုံက ခပ်လှုပ်လှုပ်ပါဆိုမှ
နတ်ပြည်ပို့ရင်လဲ နတ်သားပဲပို့
koaung
March 11, 2013 at 3:33 pm
သူကြီးက နှစ်လုုံးပြ ူးနဲ ့ဘဲ ချိန်ရသေးတယ် ရွာသားတွေက အေကေ47 တွေ အာပီဂျီ တွေ မီးလောင်ဗုုံ း
တွေနဲ ့ ပြန်ပစ်နေကြပါလား ကျောင်းဆရာကြီး ပါလား
စောခက်သူ
March 11, 2013 at 8:45 pm
သဂျီးဂ နင်ယူကလီးယားဘုံးနဲ့
ကျဲဒေါ့မှာ ဘူမှတိဘူူး
ကျုပ်ဒေါ့ပျေးဘီ
amatmin
March 11, 2013 at 4:00 pm
အတ်ဒါ..အတ်ဒါ
သရော်စာကို သရော်စာလိုပဲ တွေးပီး
သရော်တော်တော်ဖတ်တာပေါ့ ရယ်… 🙂
(သတိ..ဟိုဟာနဲ့ မရောရ)
ဒါနဲ့ ရွာမှာနေမှတော့ မကြည်ပြာဖုန်တင်တာ မဆန်းပါဘူးဗျာ..
:harr:
kyeemite
March 11, 2013 at 4:13 pm
ရေရေလယ်လယ်ဂွတ်တယ် ကိုရင်ဂီရေ့… :kwi: :hee:
ခိုင်ဇာ
March 11, 2013 at 5:37 pm
ဆိုး ကော(လ) ဆြာ ဂီ။
:hee:
padonmar
March 11, 2013 at 7:34 pm
ဒို့ရွာသူားတွေများတယ်ညီကြတာကိုး။
ဦးကျောက် တုံးကလည်း ဝိုင်းစုစကတ်လန်တဲ့ထိ တက်ညီလက်ညီ ဝိုင်းမကြတယ်။
အခုလည်း သဂျီးကို တက်ညီလက်ညီ ဝိုင်းတီးကြတယ်။
တံတွေးခွက်ထဲ ပက်လက်လန်ပြီး ရောင်ပေစူးလေးပွတ်နေတဲ့ သဂျီးပုံ မြင်ယောင်လာရော။
MaMa
March 12, 2013 at 5:52 am
တို့ရွာသားများ ဆိုသလေ…
:kwi:
ဦး ကျောက်ခဲ
March 11, 2013 at 8:26 pm
အဟီး… ကိုရင်ဂီတို့များ ရေးတတ်ချက်…
အဲဒါကြောင့် အဖေအရွယ်ဦးကျောက်၊ သားအရွယ် မောင်ဂီ ရေးသမျှ ကျွန်မ မကြည်ပါဆိုတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ခြင်သေ့ကျွန်းသူကြီးတောင် မန့်ရှာလေသကိုး…
အစပြန်ပွါး အမြစ်ကိုသွားရရင်တော့ အဲဒီလို “စတိုင်းယား” လေးများမရှိရင် ကျုပ်တို့ရွာမစည်သမို့ အိုဘယ့် ကယွဲစီ ကျုပ်ကိုတွေ့တိုင်း အယက်တိုက်… ဟီ ဟိ
:harr:”
ခိုင်ဇာ
March 11, 2013 at 10:33 pm
ကျန်းးးးးးးးးးးးး
ရှင်ကြီးတိုု့ ဒီစကား အတော် နာထားသလား။
ပြောပြန်ပြီ။
ဖားတစ်ပိုုင်း ငါးတစ်ပိုုင်း ပါစယ်နယ်မပါကြေး။
ကျောက်ကိုု ဒီရောက်မှတွေ့ ကြသေးတာပေါ့။ ဟွန့်။
:harr:
ဦး ကျောက်ခဲ
March 12, 2013 at 12:30 pm
အထင်တော်လွဲလို့ ရွှေစိတ်တော်မညိုလိုက်ပါနဲ့…
ဟောသည့်ဦးကျောက် ခွန်းဆင့်တော်ထောက်လိုက်ချင်တာက…
” ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း ” ပါအေရယ်… မွှားသွားလို့ပါဗျ…
ချိတ်ကြီးပဲ…
:harr:
ခိုင်ဇာ
March 12, 2013 at 2:31 pm
အဲဂလို လုပ်ပါအေ။
ကျုပ်က ဖား ကြောက်တတ်လို့ပါ။
:harr:
ဦးဖွတ်ကျား
March 14, 2013 at 2:05 pm
ဦးကျောက်ရေးလိုက်တာ ..ဟီဟိ မသိရင်မဇာယီးကပဲ
ဖြတ်ဖောက်ချုပ်ကြီးလိုလို… ဘာဂလိုလို ..အာ..ဟိ
:kwi:
ခိုင်ဇာ
March 14, 2013 at 2:31 pm
ဟမ်။
ဘာမှ မဆိုင်ဘူး။
ရမ်းရမ်း အားနေတာလား။ ဟလား။
မြန်မာလိုရေးထားတဲ့ ကော်မန့်တွေ လိုက်ဘာသာပြန်နေတာ။
ဘာသာပြန်ချင်ရင် ပို့(စ) ရေးဖို့ စုထားတာတွေ ပို့ပေးမှာပေါ့ ဆြာဂီရယ်။
:kwi:
ဦးကြောင်ကြီး
March 12, 2013 at 9:12 am
ရွှေပန်းစားရင် ဖုန်တင်တာ သဘာဝ နိယာမကွ… မတားကောင်းဗူး…။ မကြည်ပြာမှ မဟုတ် နင်လဲ ဖုန်တင်မှာပဲ… မယုံရင် လောင်းကြးစားဂျေးထပ်…
နေဝန်းနီ
March 12, 2013 at 10:27 am
သရော်စာတွေမှာ ရွာသူားတွေနဲ့နစ်နိမ်း မသုံးရဘူးဆိုကာမှ တက်လာ လိုက်တဲ့ တရော်စာတွေ ပဲကြီးလှော်နဲ့လဲစားလို့ရရင်ကောင်းမယ်နော်…။ ဟင်းဟင်းး… ဘယ်သူပဲကြီးလှော်ပေးမလဲ နာတရော်စာပေးမယ် :harr: ”
awra-cho
March 12, 2013 at 1:48 pm
အော် ချစ်ရပါသော မကြည်ပြာ၊ သူ့ဟာသူ တရော်စာ ဖြစ်ဖြစ် သရော်စာ ဖြစ်ဖြစ် နာတို့ ဖုန်တင်တာ ပဲ ကောင်းပါတယ်။
အလင်းဆက်
March 12, 2013 at 3:30 pm
သရော်စာ ဆိုတော့ သရာစော်ပေါ့ ။
ကိုယ့်ဘာသာ မူးနေတာပဲ..အေးတယ်ကွာ..။
:buu:
etone
March 13, 2013 at 4:44 pm
:kwi: မကြည်ပြာ ဖုံတင် မတင် လောင်းကြေးထပ်တာ ဘယ်ဘက်က နိုင်သွားပါလိမ့် …. 😆
ဦးဖွတ်ကျား
March 14, 2013 at 2:00 pm
လေထဲမှာ မမြင်ရတဲ့ အမှုန် (ဖုန်) လေးတွေရှိပါတယ်ဗျာ…
မမပြာကလည်း စလင်း လေး ဆိုတော့ .. နည်းနည်းတော့
တင်ကို တင်ပါတယ်ခညာ.. သည်တော့ ဖုန်တင်တဲ့ဘက်က
အနိုင်ရရှိသွားပြီး မမပြာကိုလည်း
မိုက်ခရိုဖုန်တင်
ဘွဲ့ ယနေ့ကစပြီး ချီးမြှင့်လိုက်ပါဂျောင်း
Shwe Ei
March 14, 2013 at 3:10 pm
အေး နိကို မတ်ခရို ဖုန်တင် ဘွဲ့ပျံပေးမယ်။
ကျိန်လုံးလေး သပ်ပီးစောင့်နေတယ် ဖုန်ခါပေးမလို့ :chee:
nozomi
March 13, 2013 at 6:38 pm
မရောက်တာကြာလို့ ရွာကြီး ဘာဖြစ်နေသလဲ
မနဲ ကို အမှီ လိုက်နေရတယ်
padonmar
March 14, 2014 at 11:56 pm
ရီချင်လို့ ပြန်တူးဆွပြီး စာရေးစာဖတ်ကို ယူသွားတယ်အေ။