Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်တို့ နှစ်ယောက်တွေ့ကြရာဝယ်။

ခင္ခMarch 12, 20131min64328

ကျွန်တော်တို့  နှစ်ယောက်တွေ့ကြရာဝယ်။

 

ခင်ခ က ရွာအပြင် ဇနပုဒ်မှာ ညညဆို မီးကလေးမှိန်တုတ် ( ရွာစွန်ဆိုတော့ မီးအားက မပြည့်လို့လေ ) နဲ့ နေထိုင်ကာ လုပ်ကိုင်စားသောက်နေရသူပေါ့၊ တစ်နေ့ ညနေခင်း နေစောင်းလေးမှာတော့ ရွာထဲက ကာလသား ခေါင်းဆောင် ကာလသမီးများကတော့ ဝေးဝေးရှောင်တဲ့ ဦးကျောက်ခဲ တစ်ယောက် ခင်ခ နေတဲ့ ရွာပြင် ဇနပုဒ် တဲဆီသို့ ရောက်ရှိလာပြီး၊

ဦးကျောက်ခဲ – ဟေ့ ကိုခင်ခကြီး နေကောင်းတယ်ဟုတ်စ

ခင်ခ – နေကောင်းပါဗျ၊ ဘယ်ကဘယ်လို ရောက်လာပြန်တာလဲ လာထိုင်အုံးလေ ရေနွေးကြမ်း နဲ့ လဖက်လေး စားပါအုံး

ဦးကျောက်ခဲ – နည်းနည်းပျင်းသလိုရှိတာနဲ့ ဟိုဟိုဒီဒီ လမ်းလျှောက်ထွက်လာတာလေ ကိုခင်ခကြီးရေ အတော်ဘဲ ရေနွေးလေးသောက်ပြီး စကားစမည်ပြောရတာပေါ့

ခင်ခ – ဟုတ်ပဗျာ၊ ဒါနဲ့နေပါအုံး လာလည်တဲ့သူကို ပြောလွှတ်တာတော့မဟုတ်ပါဘူးဗျာ ကိုကျောက် ခင်ဗျ အတော်ဆိုးတဲ့သူဗျာ

ဦးကျောက်ခဲ – ဘာလဲဗျ အစမရှိ ခင်ဗျကလည်း ( ရေနွေးဌဲ့ရင်း ပြန်ဆိုလေ၏)

ခင်ခ – ဟိုတလောက ရွာပြန်လာတာလေ ရွာထဲက ကာလသမီးတွေအများစုနဲ့ ရွာလူကြီးတွေကို ဖိတ်ပြီး ထမင်း ကျွေးပါရောလား

ဦးကျောက်ခဲ – ဪ အဲဒါလား ကိုခင်ခကြီးကလည်း အထင်မလွဲပါနဲ့ ကျွန်တော် ကိုခင်ခကြီးကိုလည်း ဖိတ်ခိုင်း လိုက်ပါ ကိုခင်ခကြီးက မြို့တက်ပြီးဈေးဝယ်သွားတယ်ဆိုလား အဲလိုကြောင့်ပါ

ခင်ခ – အဲဒီထမင်းစားပွဲကို ဖိတ်ပါတယ်၊ ကျွန်တော်က မရှိတာပါ၊ အဲဒါပြောတာမဟုတ်ဘူး အဲဒီ ထမင်းစားပွဲမှာ ဟိုတလောကလုပ်သွားတဲ့ ရွာဆုပေးပွဲက ခင်ဗျရဲ့ မိုက်ကြီးကိုင်တဲ့ ဓာတ်ပုံကို ပုံနှိပ်ထားတဲ့ ပလပ်စတစ်ဆိုလား ဖိုက်ဘာဆိုလား ယက်တောင်တွေကို လက်ဆောင်အဖြစ်ဝေတယ်ဆို ( လက်ဖက်စားလက်စ ဇွန်းကို ကိုကျောက်ခဲတစ်ယောက် အသာချကာ )

ဦးကျောက်ခဲ – အေးလေ လာတဲ့သူတွေကို အမှတ်တရပေါ့ဗျာ၊ ကိုခင်ခကြီး မရလို့ငြီးတွန်တာလားဗျ

ခင်ခ – မရလို့မဟုတ်ပါဘူးဗျာ၊ ကျွန်တော် အလုပ်က ဒီနွေရာသီလေးဘဲ အားထားပြီး ရောင်းရတာလေ ခင်ဗျ က အဲလို အကောင်းစားခေတ်မှီ ပစ္စည်းတွေရွာထဲ ဝေလိုက်တော့ ဒီနှစ် ကျွန်တော် ပစ္စည်းတွေ မနှစ်ကလောက် ဒီရွာက သိပ်အားမပေးကြတော့လို့ ခုဆို ဟိုဘက်ရွာထဲဆီ သွားရောင်းနေရပါရောလားဗျာ၊

ဦးကျောက်ခဲ – ကိုခင်ခကြီးက ဘာလုပ်ရောင်းလို့လဲ

ခင်ခ – ဝါးလေးတွေကို ခွဲခြမ်းကာ နှီးအဖြစ်လုပ်ပြီး နှီးယက်တောင်လေးအဖြစ်ယက်ကာ ဆေးလေးလှအောင် သုတ်လို့ နွေဆို ကမ္ဘာကြီးပူနွေလာလို့ ပူအိုက်နေတဲ့ လူကြီးမင်းတို့ မီးပျက်မှာမပူရ မီးစက်နိုးကာဆီမကုန်ရဘဲ လွယ်ကူစွာသယ်သွားနိုင်သော ပေါ့ပေါ့ပါးပါး ယက်တောင်လှလှလေးတွေ ဆိုပြီး ကျွန်တော်က နွေရာသီ ရောင်းကုန်ဖြစ်တဲ့ နှီးယက်တောင်လေးတွေရောင်းတာဗျ

ဦးကျောက်ခဲ – ဟုတ်လား ကျွန်တော် ဆုပေးပွဲမတိုင်မှီ ရွာတစ်ခေါက်လာတုန်းကလည်း ကိုခင်ခကြီးရဲ့ နှီးယက်တောင်လုပ်တာမတွေ့ပါဘူး၊ အဲဒီတုန်းက တိုင်းရင်းဆေးနည်းတွေ မျှဝေပွဲဆိုလား အဲဒါလုပ်တာဘဲတွေ့ သလိုဘဲဗျ

ခင်ခ – ဟာ ကိုကျောက်ကလည်း အဲဒီတစ်ခေါက် ပြန်လာတဲ့အချိန်က ဆောင်းတွင်းကြီးလေ ကျွန်တော်ဆောင်း တွင်းအေးအေး နှီးယက်တောင်လိုက်ရောင်းကြည့်ပါလား ရွဲ့တာလားဆိုပြီး လိုက်ရိုက်လို့ပြေးနေရမှာပေါ့

( ဟား…. ဟားးး လို့  ကိုကျောက်ခဲတစ်ယောက် ရယ်မောကာ နှစ်ယောက်သား လက်ဖက်ကလေးစားလိုက် ရေနွေးကြမ်းလေး သောက်လိုက် လုပ်နေကြရင်း ခင်ခ အိမ်ရှေ့က အုတ်ကန်ကို ဦးကျောက်ခဲ တစ်ယောက်တွေ့ လိုက်တယ်ဆိုရင်ဘဲ

ကိုကျောက်ခဲ – ကိုခင်ခကြီး ခင်ဗျအိမ်ရှေ့မှာ“ မီးလောင်လျှင်အသုံးပြုရန် ရေဂါလံ ၇၂ဝ ဆန့်ကန်´´ ဆိုပါ လား ဝင်လာတုန်းက အုတ်ကန်တော့တွေ့တယ် အခုလို အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးနဲ့ ရေးထား တာမမြင်ဘူးဗျ ခုမှဖတ်မိတယ်

ခင်ခ – ဒီနှစ်နွေရဲ့ ခင်ခ ကံမကောင်းချက်ပေါ့ဗျာ၊ ကိုကျောက်က ခေတ်မှီယက်တောင်လက်ဆောင်ဝေလို့ နှီးယက်တောင်က အရောင်းကျ၊ အဲဒီအုတ်ကန်ကလည်း ကျွန်တော်လုပ်ထားပြီးမှ မီးသတ်ကန်အဖြစ် သတ်မှတ် ခံရပေါ့

ကိုကျောက်ခဲ – ဟင် ကိုခင်ခကြီး လုပ်ပြီး မီးသတ်ကန်အဖြစ်သတ်မှတ်တာမဟုတ်ဘူးလား

ခင်ခ – ဒီလို ကိုကျောက်ခဲရေ ဆောင်ရာသီကုန်ခါနီး ကျွန်တော် နှီးယက်တောင်အတွက် ဝါးစုရင်းနဲ့ အလုပ် သမား တွေ ညနေ အလုပ်ဆင်းတဲ့အခါ ရေပေါပေါလေးချိုးရအောင် ရေပေးရေး ရေလာတဲ့အချိန်မှာ အဲဒီလို အုတ်ကန်ထဲ ဖြည့်ထားလိုက်မယ် စိတ်ကူးနဲ့ အုတ်ကန်လေး အိမ်ရှေ့ကွက်လက်က အပင်ရိပ်လေးအောက် လုပ်လိုက်တယ် ရွာပြင်ဆိုတော့လည်း သူကြီးတို့ ရပ်ရွာလူကြီးတို့ဆီ ခွင့်ပြုချက်မတင်မိဘူးပေါ့ဗျာ၊ အဲဒါနဲ့ ရေကန်လုပ်ပြီး သိပ်မကြာပါဘူး ကိုဆာမိတစ်ယောက် ခရီးကပြန်လာတော့ သတိထားမိသွားပြီး သူကြီးနဲ့ စကား စပ်မိတော့ ပြောလိုက်ပါရော၊ အဲဒီမှာ သူကြီးက အုတ်ရေကန်ကို ရွာလူကြီးတစ်ယောက်သက်သေအဖြစ် ကိုကြီးမိုက်နဲ့ လာကြည့်ပြီး ကိုကြီးမိုက်ရဲ့ထုံးစံအတိုင်း အပြောကောင်းနဲ့ နွေရာသီမှာ မီးရေးထင်းရေးဆို အသုံး တည့်တယ် မီးသတ်ကန်သတ်မှတ်သင့်တယ် ရွာထဲမီးလန့်ရင် ရေစည်ကားတစ်စီးနဲ့ ကန်ထဲကရေဖြည့်ပြီး အပြေးမောင်း သွားရင် မီးငြိမ်းဖို့ရေအတွက် အဆင်ပြေနိုင်တယ် အဲဒီလိုပွားလိုက်တော့ သူကြီးလည်း နောက်နေ့မနက်မှာ ဆေးသုတ် နဲ့စာလုံးရေး ဆရာခေါ်ပြီး အခုလိုမီသတ်ရေကန်သတ်မှတ်သွားပါရော ကိုကျောက်ရေ ( လို့ ပြောပြီး ရေနွေးလေး တစ်ငုံလောက်မော့လိုက်တယ်)

ကိုကျောက်ခဲ – အဲလိုလား ကိုဆာမိတော့ ပြန်မလိုက်လာဘူးပေါ့

ခင်ခ – အဲဒီကန်လာကြည့်တဲ့နေ့တော့ ပြန်မလိုက်လာဘူး၊ နောက်နေ့ဆေးသုတ် စာလုံးရေးတဲ့အခေါက် သူကြီးနဲ့လိုက်လာပြီးတော့ ကိုခင်ခ ခင်ဗျက ရွာထဲနွေရာသီမီးလန့်ရင် အလုပ်သမားလည်း ၃-၄ ယောက်နဲ့မို့ ကန်ထဲကရေကို ရေစည်ထဲထဲ့ပြီး အပြေးသာလာခဲ့ပေါ့ဗျာ ရွာသာရေးအဲဒီလောက်တော့ ကူမယ်မလားလို့ အဲ အုတ်ကန်လေးတော့ ရေမပြတ်လေးလည်း ဖြည့်ပေးပေါ့ဗျာ သူကြီးရှေ့ပြောတော့ ခင်ခ ဘာပြောရမလဲ ဟုတ်ကဲ့ ကူပါ့မယ် လုပ်ပါ့မယ်ပေါ့ ဒါနဲ့ဘဲ ရွာထဲမီးလန့်ရင် ရေစည်အရောက်နောက်ကျတဲ့အခါ သူကြီး ကြိမ်းမောင်းမှာကြောက်တာနဲ့ အရမ်းတွန်းပြီး အရောက်သွားလို့ အရမ်းမီးသတ်ဗိုလ် ဆိုပြီး ခင်ခ ကင်းမွန်း တပ်ခံရပါရောလားဗျာ

( ဟား ဟား ဟားးးးးးးးးးးး ကိုကျောက်ခဲ တစ်ယောက်အတော်ကို သဘောကျစွာရယ်ပါလေရောပေါ့ဗျာ)

ကိုကျောက်ခဲ – ကဲ ကိုခင်ခကြီးရေ စကားလည်းပြောကောင်း လဖက်လည်းကုန်ပြီ နေလည်းအတော်စောင်းလို့ မှောင်ရီတောင်ပျိုးတော့မယ် ပြန်အုံးမယ်ဗျို့ ( လို့ ထိုင်ရာကထရင်း နှုတ်ဆက်တာမို့ ခင်ခ လည်း ထိုင်ရာမှာ ထလိုက်ကာ )

ခင်ခ – ဖြေးဖြေးနော် ဖြေးဖြေး

( လို့  ပြန်နုတ်ဆက်လိုက်ရပါတော့တယ်လေ )။

 

( စာကြွင်း – ဒီပိုစ့်လေးက ကိုဆာမိရေးခဲ့တဲ့ ရွာထဲမီးလန့်တဲ့ပိုစ့်မှာ ခင်ခ ကို အရမ်းမီးသတ်ဗိုလ် လို့ထဲ့ရေးခဲ့ တာကိုအခြေပြုပြီး ဟိုတွေးဒီတွေးကာ ရေးလိုက်မိတာပါ၊ ကိုကျောက်ခဲ၊ ကိုကြီးမိုက်၊ ကိုဆာမိ တို့နဲ့ သူကြီး ကိုလည်း  ပိုစ့်ထဲမှာ ထဲ့လို့ ရေးထားခြင်းအတွက်လည်း စိတ်ဆိုးတော်မမူကြပါရန် ခင်ခ မှ တောင်းပန်လိုက်ပါ တယ်ခင်ဗျ။ )

 

 

ဖတ်ရှု့သူများကျေးဇူးပါ

ခင်ခ။

28 comments

  • Myo Thant

    March 12, 2013 at 11:29 am

    အဲသလိုရေးတတ်တာလေးတွေ ကြိုက်တယ်ဗျာ
    ဒါနဲ့ ဒီနွေ အတော်ပူတယ်နော်
    မီးသတ်ဗိုလ်ဆိုတော့ သတိထားဗျို့

    🙂

  • ခင်ခ

    March 12, 2013 at 11:37 am

    ဦးဆုံးကွန်မန့်အတွက်ကျေးဇူးဗျာ။
    အကျွန်ုပ်တို့ရွာရဲ့ မီးရေးထင်းရေးအတွက်တော့ သိပ်စိတ်မပူနဲ့ ကိုမျိုးသန့်ရေ၊
    ဒီရွာ မီးမလောင်ဘူး အဲ လေပြင်းတော့ တစ်ခါတရံ ကျတတ်တယ်လေ။ အဲလို အဲလို ပေါ့ …..။

    • Myo Thant

      March 12, 2013 at 12:14 pm

      ပြောရင်းဆိုရင်း ရန်ကုန် လှိူင်မြို့နယ်မှာ လောင်နေပါပြီ သီရိမြိုင်ဘက်လို့ပြောတယ်

  • ဦးဖွတ်ကျား

    March 12, 2013 at 11:37 am

    မင်းသား ၂ယောက်ထဲနဲ့ တကားရိုက်သွားတာကိုး…
    :harr:

    • ခင်ခ

      March 12, 2013 at 11:45 am

      ပိုက်ပိုက်မရှိတော့လည်း နှစ်ယောက်ထဲနဲ့ ရိုက်ရရှာတာပေါ့ ဦးဖွတ်ကျားရေ။
      ခေါင်းစဉ်ကိုက ကျွန်တော်တို့ နှစ်ယောက်တွေ့ကြရာဝယ်လေ။

  • ခိုင်ဇာ

    March 12, 2013 at 11:45 am

    မင်းသမီးမပါရင် ဘာကားမှ မကြည့်ချင်ဘူးရယ်။
    :kwi:

    အဲနီးဝေး…. ဖေကျောက် (ခ) ဒယ်ဒီကျောက် မင်းသား ပါဝင်တဲ့ ကားတွေ ရမ်းရမ်းများနေပြီ။
    ဒီ လ အကယ်ဒမီချိန်တယ်ထင်တယ်နော်။
    ဟောင်ကောင် ဝီလစမစ် ကို အင်တာဗျူးပါရစေနော်။

    :harr: :harr:

    • ခင်ခ

      March 12, 2013 at 12:01 pm

      မင်းသမီးထဲ့ရေးမလို့ဘဲ ဒါပေမယ့် စိတ်ဆိုးတော်မူရင် ချော့ရတာက ပိုကြေးကြီးမှာဆိုလို့ပါ။
      မင်းသားက စိတ်ဆိုးတော်မူရင် ဘော်ဘော်ရေ ဘီယာဆိုင်လာခဲ့ဆိုပြီးသွားနိုင်လို့ပါဗျ မခိုင်ဇာရေ။
      ကိုကျောက်က ရွာဆုပေးပွဲလာရင်းနဲ့ ဇာတ်ကားပေါင်း ဘယ်လောက်ဆိုလား သဘောတူသွားတာမို့ပါ
      သူ့ရဲ့ စန်းထချိန်ပေါ့ဗျာ။

  • ရွှေတိုက်စိုး

    March 12, 2013 at 12:41 pm

    အခုတော့ လေးခ မီးသတ်ဗိုလ်ကြီး ရွာထဲ မီးချိတ်၊မီးကဒ်၊ရေပုံး၊ သဲအိတ် လိုက်စစ်နေလေ့…. ဟေဟေဟေး

    • ခင်ခ

      March 12, 2013 at 12:48 pm

      မီးချိတ် ရှိဘူးလား လုပ်ပေးမယ် သုံးထောင်
      မီးကဒ် ရှိဘူးလား လုပ်ပေးမယ် သုံးထောင်
      ရေပုံးကို အနီရောင်သုတ်ရမှာ သုတ်ပေးရမလား သုံးထောင်
      သဲအိတ်တွေမချိတ်ဘူးလား ချိတ်ပေးခဲ့မယ် သဲဖိုး သုံးထောင်
      အဲဒါတွေ လုပ်မပေးရဘူးဆို အခုလုပ်ထားတာမတွေ့လို့ ဒါဏ်ငွေ သုံးသောင်း ဆောင်ရမယ်၊
      ကဲ ဘယ်လိုလဲ ဦးရွှေတိုက်စိုး ရေ။

      • ရွှေတိုက်စိုး

        March 12, 2013 at 1:00 pm

        ဟာဗျာ ကိုကြီးကလဲ ကြည့်ကောင်းအောင်လုပ်လိုက်ပါ…. ရော့ရော့ (လက်ထဲတွင် စုပ်ထားတော့ အောက်ရှိ မန်းနီးအထပ်ကလေးအား မီးသတ်ဗိုလ်လက်ထဲသို အတင်း ထည့်ပေးဟန်)…
        ကဲ အဆင်ပြေတယ်မလား တိုဂျီး… ကြည့်ကောင်းအောင်လုပ်လိုက်ပါ…

        • ခင်ခ

          March 12, 2013 at 1:06 pm

          နောက်တာပါဗျ သူများတွေ တကယ်ထင်သွားအုံးမယ်နော်။
          ( လက်ထဲမှာတော့ တစ်ခုခု ရှိနေဟန် လက်ကလေးဆုတ်ကာပေါ့ )

  • ဦး ကျောက်ခဲ

    March 12, 2013 at 12:46 pm

    ဟီ ဟိ… မီးသတ်ဗိုလ် ဆေးဆရာကြီး ဦးခရေ…
    သွားကိုက်နေလို့ (အံဆုံးက အပြင်ကိုစောင်းထွက်နေတာ) ဒီတစ်နေ့တော့ ဆေးခွင့်ယူ…
    အခန်းပြန်နားပါမှ ဆရာခရဲ့ပို့စ်ကိုဖတ်ပြီး ရယ်လိုက်မိတာ…
    ဟမ်မရေးလို့ အော်မိရပါလေရော… (သွားနာလို့ ဟီ ဟိ)…
    အကိုပေါက်ကိုတော့ပြောပြီးပြီ… ဧပြီပထမပတ် မန်းကိုတက်ခဲ့မယ်…
    တွေ့ဆုံပွဲလေး လုပ်ကြမလား…
    အား ဟိ… ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်တော့ မရဘူးဆရာ…
    :harr:

    • ခင်ခ

      March 12, 2013 at 12:55 pm

      ိကိုကျောက် မန်းလာမယ်ဆို တွေ့ချင်ပါရဲ့ဗျာ။
      လက်ဖက်သုတ်တော့ ပါချင်ပါမယ်လေ ရေနွေးကြမ်းနဲ့တော့ ဟုတ်ဘူးရယ်…….။

    • ရွှေတိုက်စိုး

      March 12, 2013 at 1:04 pm

      ကျွန်တော်လဲ ဧလပယ် မန်းလေး ပြန်မယ်.. ဦးကျောက်လိုတော့ ဆေးဂွင် ယူရဲဘူး ကြောက်တယ်……….အဟီးးးးးးးးးးးး :kwi:
      ဦးကျောက်မန်းလေး သွားရင် ရေနွေးကြမ်း လက်ဖက်သုပ် တင်မဟုတ်ဘူး အသံပါ အစစ်ခံရမယ်နော်… လေ့ကျင့်သွားအုံး……. ခစ်ခစ်ခစ်

    • ဘိုကျောက်လာပါဗျ။
      လက်ဖက်ကြိုက်ပေမယ့် ရေနွေးကြမ်းတော့ ဘယ်သူမှမကြိုက်ဘူး၊
      ဘီဘီ ပြီးရင် ဆွီတီတွေဆီသွားပြီး ပကျိပကျိလုပ်မယ်ဗျာ။

      • Myo Thant

        March 12, 2013 at 3:03 pm

        ဆွီတီတွေဆိုပါလား အားကျလိုက်တာ
        ကျနော်က ဧပြီ ၁၁ ည မန္တလေးတက်မှာပါ ဒါပေမယ့် မြစ်ကြီးနားတိုက်ရိုက်လက်မှတ်နဲ့မို့
        အပြန်ကျမှ ကိုပေါက်နဲ့ ဘီဘီကြမယ်လေ ၊
        မီးသတ်ဗိုလ်ကြီးကိုလည်း တွေ့ချင်သဗျာ

        • ခင်ခ

          March 12, 2013 at 3:19 pm

          ဧပြီ သင်္ကြန်နဲ့ရုံးပိတ်ရက်တွေမှာတော့ မန်းမှာမရှိဘူးဗျ၊
          မွေးရပ်မြေ အမေဆီပြန်မှာမို့ အဲဒီကာလတွေမှာဆို တွေ့ဖြစ်လိမ့်မယ် မထင်ဘူးဗျို့။

  • kyeemite

    March 12, 2013 at 1:18 pm

    ကွန်မန့်ထဲမှာ ကျနော်က အရမ်းမီးသတ်ဗိုလ် လို့ထဲ့ရေးခဲ့တာ
    ပြန်ဖြည်တာပေါ့လေ…ဟားဟားဟား…ကောင်းပါလေ့ ကိုခရေ…
    (ဟုတ်တယ်ဗျို့..မီးလောင်နေတာ လှိုင်သာယာမှာတဲ့..တော်တော်ကြီးဆိုပဲ..)

  • kyeemite

    March 12, 2013 at 1:31 pm

    မီးလောင်မှု့ စက်ရပ်သတင်း(ရွာသူားများသိရအောင်ပါ)
    Eleven Media Group
    လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် ၆ မှ PPCL ဆီသိုလှောင် ဖြန့်ဖြူးရေး ကုမ္ပဏီတွင် မီးလောင်ကျွမ်းနေမှုအား မီးသတ်ယာဉ် ၅၂ စီးဖြင့် ငြိမ်းသတ်လျက်ရှိပြီး ယခုအချိန်တွင် မီးညွှန့်အား ထိန်းထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါမီးလောင်ကျွမ်းမှုသည် ဆီသိုလှောင်ကန်အတွင်းမှ ဆီထုတ်ယူစဉ် စတင်မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

    • ခင်ခ

      March 12, 2013 at 1:35 pm

      အခု မီးလောင်နေတဲ့သတင်း သိရအောင်ကွန်မန့်ရေးတဲ့ ကိုကြီးမိုက်ကို ကျေးဇူးပါ။
      ကျွန်တော်လည်း ဖေ့ဘုတ်မှာ အဲဒီသတင်းဓာတ်ပုံကို ဖတ်ရပေမယ့် အခုလို ရေးမျှဖို့ သတိမရလိုက်ဘူးဗျာ။

      • surmi

        March 13, 2013 at 10:58 am

        ဦးခ မီးသတ်ဗိုလ်ဖြစ်မှ လောင်လိုက်တဲ ့မီးဗျာ …..
        ဘာဘဲဖြစ်ဖြစ် လက်စွမ်းတော ့ပြခွင် ့ရတာပေါ ့ဗျာ နော
        ကဲ ကဲ ကျနော်လည်း ဘုမသိဘမသိဖြစ်နေတယ်
        ရွာအကြောင်းလေးပြန်လေ ့လာဦးမှ

  • အွန်..ရေချိုးကန်က မီးသတ်ကန် ဖြစ်သွားတယ်… ယပ်တောင်ရောင်းတဲ့ လေးလေးက မီးသတ်ဗိုလ်ဖြစ်သွားတယ်.. ဂလိုလား.. :mrgreen:

    • ခင်ခ

      March 12, 2013 at 3:21 pm

      ကိုဆာမိရဲ့ ရိုက်ချက်တွေ( ကွန်ပျုတာရိုက်တာပြောပါတယ်) ပေါ့ လုံမလေးရေ။

  • ဗုံဗုံ

    March 12, 2013 at 3:30 pm

    ကတောက်စ်… ငါ့ရဲ့ ထန်းလက်ယပ်တောင်တွေ ရောင်းလို့မကောင်းပါဘူး အောက်မေ့နေတာ ဒီဦးလေးကြီးက နှီးယပ်တောင်တွေ လုပ်ရောင်းနေတာကိုးးး စီးပွားတူရင် ရန်သူဖြစ်လိမ့်မယ် မဖြစ်ဘူး မဖြစ်ဘူး ဒီကနေ့ကစပြီး အဲကွန်းပဲ ရောင်းတော့မယ် အားပေးဦးနော် ဦးလေးကြီး(ခဲခြစ်ကံစမ်းမဲတွေလည်း ထည့်ပေးတားတယ် ) :mrgreen:

    • ခင်ခ

      March 12, 2013 at 3:49 pm

      အကြံတူရင် နောက်လူသာသတဲ့
      နှီးယပ်တောင်ကို ကံစမ်းမဲနဲ့ လိုက်ရောင်းတော့မယ်လေ မိဗုံရေ။

  • garuda

    March 12, 2013 at 7:47 pm

    အော်…အဘကျောက်..အတွက်..ယက်တောင်..ဝေပြီးသွားပြီကိုး…
    ..
    ..
    “ ဖြေးဖြေးနော် ဖြေးဖြေး” ဆိုတာကတော့..မပြောသင့်ပါဘူးဗျာ။ ဘကျောက်က..ခေါင်းသာဖြူရင်နေမယ်..ဒူးမတုန်သေးဘူးထင်တယ်ဗျ။
    :harr: :harr:

  • ခင်ခ

    March 12, 2013 at 9:38 pm

    ဖြေးဖြေးနော် ဖြေးဖြေး ဆိုတာ မန်းဒေသက သူတွေ သွားဖို့ နုတ်ဆက်ရင်
    ပြန်နုတ်ဆက်လေ့ရှိတဲ့ စကားရပ်လေးပါ။ အသက်ကြီး ဖြေးဖြေးသွားခိုင်တာ
    မဟုတ်ဘူးဗျ။ garuda က မန်းဒေသ ဓလေ့နဲ့ပက်သက်ပြီး ဗဟုသုတနည်းပုံထောက်တယ်နော်။

  • garuda

    March 13, 2013 at 3:15 pm

    ဆောရီးပါ..ဆြာခရေ…ကျွန်တော်က..အူးကြောက်..ကို..နောက်ချင်လို့ ပြောရုံသက်သက်ပါ..
    ဆြာခကို..တကယ်..”မပြောသင့်ပါဘူးဗျာ” လို့ပြောရတာ မဟုတ်ရပါဘူးဗျာ။ ဒါပေမဲ့ အဲသလို
    အသုံးအနှုန်းမျိုး ရန်ကုန်မှာလည်း..ပြောကြပါတယ်ဗျာ..
    အဲ…အခုခေတ် ဆယ်ကျော်သက်တွေကြားတော့..မသိဘူး
    ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့…ပြောလေ့ရှိကြပါတယ်။
    ဗဟုသုတနည်းတာကတော့ မန်းဒေသမှ မဟုတ်ဘူး။ ရန်ကုန်အကြောင်းလည်း မသိ
    မကွေးရောက်လည်း မကွေးအကြောင်းမသိ။ ဗဟုသုတ က အတော်ကိုနည်းတာ။
    အဲဒါကြောင့်လည်း ဂေဇက်ထဲ….ဂဟေဆက်စရာ များတွေ့မလားလို့…..
    အဲ..ဟုတ်ပေါင်…ဂေဇက်ထဲ….ဗဟုသုတများ တိုးပွား မလားလို့ ဝင်ဝင် လေ့လာနေတာပါ။
    🙂 🙂

Leave a Reply