အဖေမသိတဲ့သား နဲ့ အမေမရှိသောသား
တစ်ခါက သားအဖနှစ်ယောက်ရှိလေသည်
ကြီးပါပြီဆိုသူခမျာ အဖေဆိုတာ မမြင်ဖူး
အချစ်ထူးသည့် အမေ့လက်ပေါ်မှာ
နှစ်များစွာ ကြာတဲ့အထိ လိုလေသေး မရှိလာ
သားမဟာ အခါမလင့် ဖြစ်သင့်ပြီလို့ယူဆ
ချွေးမ ချွေးမ
ဖေးမလိုက်ရတာအမော
သားဇော သားဇော
မမောဘူးလို့ မြိုချပေမယ့် အပျိုထက်လှချင်
လင်ကို လင်လိုမထင် မီးထက်ပင် ပူတဲ့သားရှင်ဘဝ
ယောက္ခမကြားဝင် မဆင်ခြင်ဘူး ထင်မှာစိုး
ငမျိုးရယ် . . . . လို့ပဲ စိတ်ထဲတွေး
သွေးဆေးလေးသောက် ရောက်လိုက်ရတဲ့ဒုက္ခ
သေလိုက်ချင်ပဟ လို့ အထင်ရ
ဒင်းက သားမွေးပါသတဲ့
ဒတ်ဖရင်ရဲ့ ဈေးသည်တွေကြားမှာ
ဒီအဖွားကြီးဟာ တော်တော်အဖြစ်သည်းရှာလို့
ဘယ်သို့ ဘယ်သူတွေးတွေး
ငါ့မြေးလေး ငါ့မြေးလေး
ရှေးကဆိုတဲ့ စာချိုးမှာ မြေးကိုဖျက်တာ အဖွားပါ တဲ့
ဘယ်လိုတဲ့ပဲဆိုဆို ဗိုလ်လုကြတဲ့ မိဘကြား
အဖွားနားကိုလာ မြေးမသိရှာတဲ့ သားနှစ်ယောက်အကြောင်း
အဖွားကောင်းကောင်းပြောပါ့မယ်
ငါ့မြေးရယ်
ဘဝဆိုတာ ဝယ်လို့မရသလို ချိုတာချည်းပဲ မရှိတဲ့အခါ
ခါးလာပြန်တော့လည်း မာန်တင်း ခံပြင်းချင်စိတ်နဲ့ ကြိုးစား
အဖွား အားကိုးပါရစေလား သားတို့ရယ် ။
12 comments
kyeemite
March 12, 2013 at 1:25 pm
ကိုမျိုးသန့်တစ်ယောက်လူလုံးပြပီဟေ့..
ရာထူးတိုးတော့မယ်.. :kwi:
amatmin
March 12, 2013 at 1:39 pm
ကဗျာ လေးနဲ့ လိုတိုရှင်း ပြောလိုက်တာ ရှင်းကနဲပဲ ရယ်..
ကိုယ့်ဘာသာပြန်ပြောင်းခံစားလိုက်တယ်.
ချစ်ဖို့ကောင်းတဲ့သားနဲ့ စာရေးကောင်းတဲ့ အဖေ .. 🙂
ခိုင်ဇာ
March 12, 2013 at 2:46 pm
အဟမ်း၊
အားကျသံကြီးကြားမိလိုက်သလိုပဲ။
ကိုမျိုးသန့် ရေ။ ကဗျာလေးကို ဖတ်သွားပါတယ်။
(သူများလို အားတော့မကျတော့ဘူး။ အားနည်းတဲ့ ရောဂါရှိလို့ပါကွယ်။)
:kwi:
ဗုံ ကလေး ရဲ့ ယောက်ခမနဲ့ ကောင်းကောင်း ဓာတ်ပုံလေးကိုလည်း ကြည့်သွားပါတယ်။
amatmin
March 12, 2013 at 2:53 pm
အဟမ်း အဟမ်း
ဒီပို့စ်မှာ ဇဂါးမများချင်ဘူး ဗျာ..
ကိုယ့်ဘာသာ အားကျတာတောင်
နောက်က ဆလိုက်ထိုးမဲ့သူ ရှိသေး… 🙂
ဗုံဗုံ
March 12, 2013 at 3:54 pm
ဟွန်းနော် မမခိုင်ဇာ ကြည့်ရုံပဲ ကြည့်သွား ဒီထက်အဆင့်ကျော်ဖို့ စိတ်မကူူးပါနဲ့ ဝက်သားဒုတ်ထိုးနဲ့ ဝေးသွားမယ် ကောင်းကောင်းကိုထိ ဒုတ်ထိုးကိုကြည့်
ခိုင်ဇာ
March 12, 2013 at 3:57 pm
မလဲ နိုင် ပါဘူးကွယ်။
ဝက်သား ဒုတ်ထိုးကိုပဲ ရွေးပါ့မယ်။
ဦးဖွတ်ကျား
March 12, 2013 at 2:55 pm
သိင်္ဂ ါရ ရသတွေ ပြည့်နေတဲ့ကြားက
လင်္ကာမြောက်ထပ်တူပြု သရော်သံကလေးကို
သွားတွေ့မိ နှစ်သက်မိကြောင်း ….
ခင်တဲ့
ဂီ
garuda
March 12, 2013 at 6:12 pm
ဟာ…သားအဖကလည်း…ညီအကိုလား..အောင့်မေ့ရတယ်.
မောင် ပေ
March 12, 2013 at 8:53 pm
ကိုမျိုးသန် ့ကို ၃၅ပတ်ချာလည် လောက်ပဲ မှတ်နေတာ
၄ဝကျော်ဖြစ်နေတာကိုး
ပန်းပုထုတာတော်တယ်ဗျို ့
Myo Thant
March 13, 2013 at 12:54 pm
ဪ ဆရာပေရယ်
ဘဝ ဆိုတာ ၄ဝ မှ စတာတဲ့
အခု ဘဝအသစ် စ ဖြစ်ဖို့ တာစူနေတယ်ဗျို့
ရွာသူတွေ သတိသာထား ( ဟဲ ဟဲ ဒါလည်း စတာနော် )
MaMa
March 13, 2013 at 7:46 am
အမေရဲ့ ခံစားမှုကို အခုလောက် ရေးဖွဲ့နိုင်တယ် ဆိုကတည်းက …
အမေကိုအတော် ချစ်တဲ့သား ဖြစ်ရမယ်။
အမေဖြစ်သူကလည်း သားအတွက် မြေးအတွက် တစ်သက်လုံး ပေးဆပ်လာခဲ့ရပေလိမ့်မယ်။
mobile
March 14, 2013 at 7:21 pm
အီ….
ဘကြီးမျိုးသန့်ရေ…..
ကျုပ်ကခီညားဂို လူငယ်ဗဲမှတ်နေဒါ……..
ခီညားသားနဲ့ ကျုပ်နဲ့မှ ရွယ်တူလောက်ပဲ……..
နောက်ဆိုရင် ဘကြီးမျိုးသန့် လို့ခေါ်ဒေါ့မယ်…………..