ရယ်ရယုံ (၂၇)

etoneJuly 22, 20101min630

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

“ဟေ့ မင်းဘယ်သူလဲ”
“ဂျင်မီနီပါ သခင်”
“လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား”
“ဟုတ်ပါတယ် သခင်”
“ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း”
“ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်”

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
“ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။”
“ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ”
“ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ”
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရျ်လည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀ဝ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
“ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တဝက်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး”

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ”
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ တူတူ အိပ်လို့ပါ”
“ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း”
ကျ်သို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်”
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
“ဒါတွေ အားလုံး သူမြင်လိုက်လို့”

၄) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာ စကားထားတခု ဝှက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ”
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
“ဆရာ့အသက် ၂၄ နှစ်”
“မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ”
“ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တဝက် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ”

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
“ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်”
“အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ”
“အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး”

၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမာ္ဘ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။

“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
“ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁ဝ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ”