Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝေဖန်အကြံပြုသူနဲ့ အပြစ်တင်သူ

Wai Aung Chan MyoMarch 18, 20131min4879

လူတိုင်းလူတိုင်းမှာ အမြင်ကိုယ်စီ ရှိကြမှာဘဲ။ စပြောရင် ကလေးတယောက်မှာလဲ သူ့အမြင်နဲ့ သူရှိတယ်။ စီးပွားရေးသမားရဲ့ အမြင်နဲ့ နိုင်ငံရေးသမားရဲ့အမြင် တူမှာမဟုတ်ဘူး။ ထို့နည်းတူ ခေတ်ပညာတွေ မသင်ယူထားတဲ့သူရဲ့ အမြင်နဲ့ သင်ယူထားတဲ့သူ အမြင်ချင်းမတူနိုင်ဘူး။ သင်ယူထားသူ အချင်းချင်းတောင် ကွဲပြားကြသေးတာပဲ။ ဒီတော့ ကလေးတယောက်ကို သွားပြီး ဘွဲ့တွေ အထပ်ထပ်သင်ယူထားတဲ့သူက သူ့လောက်မသိဘူးဆိုပြီး အထင်သေးစရာမလိုသလို သူ့ရဲ့အမြင်ကို လျစ်လှူရှုလို့မရပါဘူး။ ဒီကလေးဟာ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ သူ့အတိုင်းအတာ သူ့ပတ်ဝန်းကျင်အနေနဲ့ သူမှာ ထင်မြင်ယူဆပိုင်ခွင့်ရှိတယ်။ ဒါဟာ သူ့ရဲ့ အခွင့်အရေးပဲ။ ဒီတော့ ဒီကလေးဟာ သူ့ရဲ့ထင်မြင်ချက်အပေါ် Action ပါလာပြီဆိုရင်တော့ မေးစရာရှိလာတယ်။ အဲ့ဒီ Action မှာ မနောကံ၊ ဝစီကံ၊ ကာယကံဆိုပြီးရှိတဲ့အထဲမှ ကျနော်တို့ သိနိုင်တာ ဝစီကံနဲ့ ကာယကံ။ ဒီကံ ၂ပါးကလည်း မနောကနေလာတယ်ဆိုတာ နားလည်ထားဖို့လိုမယ်။ ဒီတော့ ဒီ ကံ၂ခု ဟာ သူကိုယ်တိုင်၊ ဒါမှမဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်မှုရှိသလဲ။ ဆိုလိုတာ ဥပမာအနေနဲ့ ပြောရရင် ဒီကလေးဟာ အသက် ၁၂၊ ၁၃နှစ်အရွယ်ဆိုပါစို့။ သူ့အနေနဲ့ ဆေးလိပ်သောက်တာဟာ ကောင်းတယ်လို့ ထင်မြင်မယ်။ လူကြီးမိဘတွေ မသိအောင် ခိုးလုပ်နေရတာကိုလဲ အရသာတွေ့ကောင်းတွေ့မယ်။ စိတ်ငြိမ်တယ်။ ဖီလင်ရှိတယ်။ စတိုင်လာတယ် ဘာညာပေါ့။ ဒါက သူ့ရဲ့ထင်မြင်ချက် ယူဆပိုင်ခွင့်လေ။ သူ့အရွယ်မှာ ဆေးလိပ်သောက်ခြင်းကြောင့် သူကိုယ်တိုင် ကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက်စေတာကို နားမလည်သေးဘူးလေ။ ဒီတော့ လူကြီးတွေက သိတော့ ဆဲဆိုဆုံးမပြီးတဲ့ပြောရင်ပြောမယ်။ ရိုက်နှက်ကြိမ်းမောင်းပြီးတော့လဲ ပြောမယ်။ အဲ့ဒီမှာ ဒီအရွယ်ရဲ့ထုံးစံအတိုင်း မလုပ်နဲ့လို့ ပြောတာကို ပိုလုပ်ချင်ကြတယ်။ ကွယ်ရာမှာ ခိုးပြီးသောက်တယ်။ ပြီးတော့ အရင်ထက်ပိုသောက် လာမယ်။ နောက် အသက်အရွယ်ရလာတဲ့အချိန်အထိ သူသောက်တုန်းပဲ။ အဲ့ဒီအချိန် ဆေးလိပ်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေအကြောင်းသူဘယ်လောက်တောင် သိနေပါစေ။ သူဖြတ်လို့မရတော့ဘူး။ သူစွဲသွားပြီလေ။ နောက်ဆုံးဒါနဲ့ နိဂုံးချုပ်သွားနိုင်တယ်။ အဲ့ဒီမှာ ဘာသွားတွေ့ရသလဲဆိုရင် သူစစွဲလမ်းစဉ်မှာ သူ့မိဘသော်၎င်း၊ အုပ်ထိန်းသူသော်၎င်း၊ ဆရာ/ဆရာမတွေသော်၎င်း၊ သူတို့တတွေက သူ့ကို ပညာပေးအစီအစဉ်နဲ့ သေချာဖြောင်းဖျပြီး ဆိုးကျိုးကို နားလည်အောင် ပြောပြနိုင်ရင် သူအဲ့ဒီမှာ ဖြတ်ကောင်းဖြတ်နိုင်တယ်။ အဲ့ဒါကို ကောင်းသော ဝေဖန်အကြံပြုနည်းနဲ့ အသုံးချဖြောင်းဖြရမယ်။ ဒါကြောင့် ကျနော်ပြောလိုတာက ဝေဖန်အကြံပြုတာနဲ့ အပြစ်တင်ကဲ့ရဲ့တာနဲ့က တခြားစီ တလမ်းစီပါ။ ဒီတော့ ဘာဖြစ်လို့ ဝေဖန်လဲ ဘာဖြစ်လို့ အပြစ်တင်လဲ မေးစရာရှိတယ်။ နှစ်ခုစလုံးရဲ့ အရင်းခံကတော့ တဘက်သား ကောင်းစေချင်လို့ပါပဲ။ စေတနာဆိုတာ ကံပါ။ အရင်းခံစေတနာကတော့ ကောင်းပေမယ့် လုပ်တဲ့ပုံစံ လုပ်ရပ် နည်းမမှန်ရင် လွဲချော်သွားနိုင်ပါတယ်။ ကျနော်အရှေ့မှာပြောခဲ့ပါတယ်။ လုပ်တဲ့ကိစ္စရပ်တိုင်းမှာ ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ။ ကျနော်တို့ လူသားတွေဟာ တသီးတခြားစီနေကြတာမဟုတ်ဘူး။ အသိုက်အဝန်း၊ အဖွဲ့အစည်းစတာတွေနဲ့ နေကြတယ်။ ဒီတော့ ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းဟာ ကိုယ်တယောက်နဲ့တင် မပြီးဘူး။ အမြင့်ဆုံး ကိုယ့်အဖွဲ့အစည်း ကိုယ့်နိုင်ငံနဲ့တင်မပြီးဘူး။ လူသားတိုင်းအတွက် သက်ဆိုင်နေတယ်။ ဒါ ငြင်းလို့မရဘူး။ ဥပမာ လူတယောက်က ပလက်စတစ် အမှိုက်ကလေးတခု နေရာမဟုတ်တဲ့နေရာမှာ လွှန့်ပစ်လိုက်တယ်ဆိုပါစို့။ ဒါဟာ ကမာ္ဘပေါ်မှာရှိတဲ့ လူသားတိုင်းနဲ့ ဆိုင်နေတယ်ဆိုရင် ငြင်းမလား။ အဲ့ဒီလိုလူတွေ အဲ့ဒီလို လွှန့်ပစ်ရာကနေ တကမာ္ဘလုံးရင်ဆိုင်နေရတဲ့ ပလက်စတစ်တွေက မြစ်ချောင်းကမ်းပါးတွေ၊ စိုက်ပျိုးမြေတွေ၊ မြို့စည်ပင်နယ်နိမိတ်နေရာတွေမှာ သုံးစားမရအောင် ဒုက္ခပေးနေပြီ။ ဒါကြောင့် သေးသေးလေးလို့ထင်ရတဲ့ကိစ္စရပ်တိုင်းကို ပေါ့ပေါ့လေးမတွေးမိပါစေနဲ့။ ကိုယ့်ကြောင့် ပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်သွားနိုင်သလဲဆိုတာ လူသားဆန်တဲ့ လူသားတိုင်း မဖြစ်မနေ ထည့်သွင်း စဉ်းစားသင့် ပါတယ်။ ဒါက ကျနော်က ဥပမာအနေနဲ့ ဆွဲနှုတ်တင်ပြတာပါ။ အခုလက်ရှိဖြစ်နေတဲ့ လက်ပံတောင်းတောင် ကိစ္စကိုပဲကြည့်၊ တောင်သူတွေဘက်က သူတို့အနေအထားအခြေအနေတွေကြောင့် သူတို့ထင်မြင်ပိုင်ခွင့်၊ သူတို့ဆီမှာ ရှိမှာပဲ။ သူတို့ကို ခင်ဗျားတို့ မှားတယ်ဆိုပြီး FBက ထအော်နေလို့မရဘူး။ ဒါပေမယ့် သူတို့မသိနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးတို့ ရှိကောင်းရှိမယ်။ ဒါကို ဘေးက ချွန်ပေးသူတွေလဲရှိမယ်။ တခါ ဒေါ်စုဘက်က တင်ပြတဲ့ အစီအရင်ခံစာအနေနဲ့ကလဲ အားလုံးအတွက် ခြုံငုံစဉ်းစားပေးပြီး ဆက်လုပ်ရင်တော့ ဒါတွေဒါတွေလုပ်ရမယ် ဆိုပြီး ပြထားတယ်။ ဒါကိုလဲ အစိုးရအနေနဲ့ အကုန်လိုက်လျောချင်မှလဲ လိုက်လျောမယ်။ ဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ် ဝေဖန်အပြစ်တင်နေတာထက်စာရင် ဘယ်လိုရှေ့ဆက် အကောင်းဆုံးလုပ်သွား မလဲ ဒါကိုပဲ စဉ်းစားရမှာပါ။ ဒေါ်စုအနေနဲ့လဲ ဒါကို တင်ပြထားပါတယ်။ ပတ်ဝန်းကျင်ကို ပျက်စီးထိခိုက်စေနိုင်တဲ့ ပမာဏတွေထက် မကျော်လွန်အောင် လုပ်ဖို့ပါ။ ဒါက အစိုးရတာဝန်ပါ။ ဥပမာ ၃ခုပေးခဲ့တာကို ခြုံငုံကြည့်ရင် ဝေဖန်အကြံပြုသူနဲ့ အပြစ်တင်သူဆိုပြီး ၂မျိုးထွက်လာပါတယ်။ ဒီတော့ မိမိပြောဆိုပြုမူလိုက်တာဟာ ကိုယ်ကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ထိခိုက်နစ်နာစေတာမျိုး မဖြစ်မိစေဖို့ပါ။ ကိုယ့်ပြုလိုက်တဲ့ကိစ္စကတော့ ကိုယ်အသိဆုံးပါ။ ကိုယ်ရေးသားလိုက်တဲ့ မှတ်ချက်ကလေးတကြောင်းကို မရေးခင်တောင် ကိုယ့်စိတ်ထဲဒေါသပါမိရင် အပြစ်တင်သလိုဖြစ်သွားပါတယ်။ ကျနော်ဖတ်ဖူးတဲ့ ဆရာတက်တိုးရေးတဲ့စာအုပ်ထဲကအတိုင်း ပြောရရင် အကောင်းမြင်သမားက လူတွေသွားရေးလာရေး အဆင်ပြေမြန်ဆန်စေဖို့ဆိုပြီး လေယာဉ်ပျံထွင်တယ်။ အဆိုးမြင်သမားကျတော့ လေယာဉ်ပျက်ကျခဲ့ရင်ဆိုတဲ့အတွေးနဲ့ လေထီးထွင်ပေးတယ် တဲ့၊ အဲ့ဒီတော့ လေယာဉ်ပျံထွင်ခြင်းအပေါ် ပျက်ကျခဲ့ရင်ဆိုတဲ့ အဆိုးမြင်ခဲ့ရင်တောင် လေယာဉ်ပျံကို မထွင်နဲ့လို့ ဆန္ဒပြမတောင်းဆိုဘဲ အဲ့လိုဆိုရင် ဘယ်လိုလုပ်ပေးရမလဲ ဘယ်လိုလုပ်ရင် ကာကွယ်နိုင်မလဲ ပိုကောင်းလာမလဲ ဆိုတဲ့အတွေးကို ဆက်တွေးပြီး လေထီးထွင်ပေးတဲ့အထိ စိတ်ထားမွေးနိုင်ခြင်း ရှိကြပါစေလို့ ဆုတောင်းရင်း ကျနော့်စာကို နိဂုံးချုပ်အပ်ပါတယ်။

ဝေအောင်ချမ်းမျိုး

9 comments

  • အရီးခင်လတ်

    March 18, 2013 at 4:04 am

    ကိုဝေအောင် ရေးပြသွားတဲ့ အချက်တွေ အားလုံး က မှန်ကန်ဘက်မျှပါတယ်။
    ဆရာတက်တိုး ရဲ့ စာ အညွန်း ထဲက အကောင်းမြင်သမား နဲ့ အဆိုးမြင်သမား နှစ်ဦးလုံး ရဲ့ လူအများကောင်းကျိုး အတွက် ဆိုတဲ့ ရည်ရွယ်ချက် က တူညီတော့ ၂ခုလုံးကို အကျိုးရှိစွာ ပေါင်းသုံးနိုင်လိုက်တာပါဘဲ။
    အဓိက ကတော့ ရည်ရွယ်ချက် ပန်းတိုင် တူဖို့သာပါဘဲ။
    အဲလိုတူလို့ကတော့ အချင်းချင်း အမြင်မတူလဲ ညှိနှိုင်းလိုက်ဖို့ ဝန်လေးကြမှာ မဟုတ်ဘူးလေ။
    အတွေးအမြင်လေးတွေအတွက် ကျေးဇူးပါ။

    • Wai Aung

      March 18, 2013 at 5:23 am

      ဟုတ်ကဲ့ပါ အခုလို အမြင်လေး တင်ပြပေးတဲ့အတွက် ကျေးဇူးပါ

  • ဦးကြောင်ကြီး

    March 18, 2013 at 6:35 am

    သိပ်ကောင်းတယ်ဗျာ.. ဒီစာကို တရုတ်လို ဘာသာပြန်ပေးစမ်းပါ။ တရုတ်ကူမြူနစ်ပါ ကွန်ဂရက်မှာ သွားဝေချင်လို့..။ ဒင်းတို့က ကမာ္ဘလှည့်ပြီး ဂုတ်သေးစုပ် အမြတ်ထုတ်နေကြတာ။ ကဝေအောင် စာဖတ်ပြီးမှ အသိတရား ဝင်လာလာဂျမယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်နဲ့ဗျာ.. တရုတ်ပြည်မှာ ဖေ့စ်ဘွတ်ကို မဝင်ရအောင် လုပ်ထားတယ်။ ကူမြူနစ်အစိုးရကို ဆန့်ကျင်တဲ့စာ ရေးမှာဆိုးလို့တဲ့လေ…။
    မဟုတ်တရုတ်.. အပြုတ်ခုတ်… ဂလုပ်ဂလုပ်…. အရှုပ်ထုပ် :harr:

  • KZ

    March 18, 2013 at 8:56 am

    ကျနော့ အမြင်ကတော့ ၃ ခုမတူသလိုပဲ။
    ဝေဖန်နဲ့ အကြံပြုတောင် မတွဲချင်ဘူး။

    အပြစ်တင်တာ လူတိုင်းတတ်သပေါ့။ :mrgreen:
    ဝေဖန်ချင်တာကလည်း လူတိုင်း လိုလို လုပ်ချင်ကြတာ။ :mrgreen:
    အကြံဉာဏ်တောင်းရင်သာ ကောင်းကောင်းကန်းကန်းထွက်မလာတာ။ :mrgreen:
    (ကျနော် အပါအဝင်။)
    :kwi:

    အဟမ်း။
    အပြစ်တင်တာ ဟုတ်ဘူးနော်။
    ဝေဖန်တာ လည်း ဟုတ်ဘူး။
    အကြံပေးတာ။

    စာပုဒ်လေးတွေခွဲ လိုက်ပါ့လားဟင်။ :mrgreen:
    ရေးထားတဲ့ ရည်ရွယ်ချက်ရယ်, ရေးတာရယ် ကောင်းပြီး ဖတ်ရတာ တစ်ပြုံကြီးဖြစ်နေသလားလို့။
    စိတ်ဆိုးနဲ့နော်။ အကောင်းပြောတာ။

    :harr:

    • ဦးကြောင်ကြီး

      March 18, 2013 at 9:12 am

      အဲ့လူဂျီး သစ်မွှေးတွေကို ကျပ်ညှပ်နေအောင်စိုက်တာ အကျင့်ပါနေလို့ပါ။ အခုလည်း လက်ပံတောင်းမှာ မြေကွက်ရမလား ချောင်းနေလေရဲ့.. သွားအလုပ်နဲ့ ကဝေအောင် အဲဒီမြေတွေက မိုင်းတူးပစ်မှာ။ ကျနော် တရုတ်နံနံပင် စိုက်ချင်လို့ အဲဒါ ကဝေအောင် သစ်မွှေးခြံမှာ နေရာလွတ် ရှိလား။ မရှိလည်း သစ်မွှေးပင်ကြားထဲ စိုက်ပါရစေ။ ကဝေအောင် မနစ်နာစေရလို့ အာမခံတယ်။ ကျုပ်ရီးဇားကြေးမုံဂျီးက တရုတ်ကူမြူနစ်ပါတီမှာ အကောင် အကောင်… :harr:

  • Wai Aung

    March 18, 2013 at 10:56 pm

    ဟုတ်ကဲ့ ရေးတုန်းကတော့ MS Word မှာ အပိုဒ်ခွဲရေးလိုက်တာပါပဲ၊ နောက် copy paste လုပ်ပြီး တင်လိုက်တာ အဲ့ဒီလိုဖြစ်သွားတယ်ဗျာ။ ဆောရီးဗျာ နောက်ဆို သေချာပြန်စာစီပြီး တင်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် အကြံပေးတဲ့အတွက် ကျေးဇူးပါ။

  • kai

    March 19, 2013 at 3:35 am

    မျဉ်းပါးပါးလေးတွေပေါ့…

    “There is a fine line between genius and insanity. I have erased this line.”
    Oscar Levant quotes (American Actor, Pianist and Composer. 1906-1972)
    ==
    “There is a very fine line between loving life and being greedy for it.”
    Maya Angelou quotes (American Poet, b.1928)
    ==
    “There’s a fine line between character building and soul destroying.”
    Colin Hay quotes
    ==
    “There’s a fine line between character building and soul destroying.”
    Colin Hay quotes
    ==
    “There’s a fine line between being sweet and innocent and being a tough broad”
    Phyllis George quotes

  • မောင် ပေ

    March 19, 2013 at 1:47 pm

    ရှေ ့ကို တစ်ကွက် ကျော်မြင်သူသည် ထမင်းနပ်မှန်အောင် စားနိုင်မည်
    ရှေ ့ကို နှစ်ကွက်နှင့်အထက် ကျော်မြင်သူသည် စီးပွားဖြစ်သည် ဟု သတ်မှတ်နိုင်မည်
    ရှေ ့ကို သုံးကွက်ခန် ့ ကျော်မြင်သူသည် သူဌေးဖြစ်နိုင်မည်
    လေးကွက်ခန် ့ မြင်နိုင်သူသည် အောင်မြင်သော နိုင်ငံရေးသမား ဖြစ်နိုင်မည်
    အပေါ်က လေးမျိုးထက် ပိုမြင်ပြီး နှုတ်ဆိတ်တတ်သူသည် နိုင်ငံ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးမားစွာဖြင့် ထမ်းဆောင်နေသူများ ဖြစ်နိုင်မည်

    • mobile

      March 19, 2013 at 3:00 pm

      ကပေရဲ့ ကော့မန်း လေးကို နှစ်သက်လို့ ကူးယူထားလိုက်ပါတယ်… ဒဂယ်ပါ…..
      ++++++++++++++++++
      ပို့စ်လေးထဲက ……………
      အကောင်းမြင်သမားက လေရင်ထွင်တယ်……..
      အဆိုးမြင်သမားက လေထီးထွင်တယ်(လေရင်ပျက်ကျရင်ဆိုပီး)
      ကျုပ်အမြင်တော့ အဆိုးမြင်သမားလို့ မပြောစေချင်ဘူး……….
      သူလည်းအပြုသဘောဆောင်တဲ့ အတွေးတွေးပီး… အကောင်းဖက်ကနေ လေထီးထွင်တာပါပဲ……

Leave a Reply