မုန်တိုင်းကကြမ်းကြမ်း သင်္ဘောသီးကနုနု
ကိုယ်ပေါ်မှာ ဝတ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာထကြည့်ကြသည်….ကျွန်တော်တို့ ရဲ့ နောက်ဆုံးအချိန်ကို ရောက်လာပြီလား…မျက်ရည်များ က အလိုလို ကျလာပြန်သည်….
မှန်ပါသည် …. ကျွန်တော်သည် သဘောင်္တစ်စင်းပေါ်မှာဖြစ်ပါသည်… တိတိကျကျဆိုရသော် အရှေ့ အလယ်ပိုင်းနိုင်ငံ အိုမင်နိုင်ငံအောက် သမုဒရာထဲတွင် သွားနေသော သဘောင်္တစ်စင်းပေါ်တွင်ဖြစ်ပါသည်….. ထိုထက်တိကျရလျှင်…အိုမင်နိုင်ငံအောက်ဘက် သမုဒရာထဲတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တို်င်း၏ အလယ်တွင်ရောက်နေသည့် CHEMBULK VIRGIN GORDA သဘောင်္ပေါ်တွင်ဖြစ်ပါသည်……
နေ့လည်ခင်းက သာယာလွန်းနေသည်….. ဒီလိုပဲ သာသာယာယာ ဖြစ်ခဲ့သည်မှာ… ကိုရီးယားနိုင်ငံမှထွက်လာကတည်းကဖြစ်သည်… ဘာမှ ကို မထူးခြား…..ဘာမှ မထူးခြားသော နေ့ မို့ … ကျွန်တော ့ဂျူတီ… ၁၂ နာရီ မှ ၄ နာရီကို ယူရန်ကျွန်တော်နေ့လည် ၁၁း၃ဝ တွင် အိပ်ယာမှထ ရွှေ့ ထမင်းစားခန်းသို့ ဆင်းလာခဲ့ သည်…. ထမင်းစားခန်းတွင် ကျွန်တော့ အရာရှိ ဒုတိယ လက်ထောက်အင်ဂျင်နီယာ (2 A/E)…က ရောက်နေပြီဖြစ်သည်…. နှစ်ယောက်တူတူထမင်းစားနေစဉ်….လက်ထောက်ကုန်းဘက် အရာရှိချုပ် ( A C/O ) ကလည်း ဆင်းလာသည်… သူလည်း ကျွန်တော်တို့ လို ၁၂ ~ ၄ သမားပဲဖြစ်သည်…
( ဘယ်လို လဲ အေစီအိုကြီး…. ရာသီဥတုအေးဆေးပဲ မဟုတ်လား…. )
ကျွန်တော်က မေးလိုက်ခြင်းဖြစ်သည်…ကျွန်တော်တို့ ဆီမှာက ရာထူးနဲ့ ပဲ ခေါ်တတ်ကြသည်… ရာထူးတစ်ခုတည်းမှ သုံးယောက်လောက်ဖြစ်နေလျှင်တော့ နာမည်ခေါ်ကြသည်…. ဥပမာ.. ဘိုဆင်တို့ … ဖစ်တာတို့ ….. ပန့်မန်းတို့ ဆိုလျှင် ရာထူးတစ်ခု မှာ တစ်ယောက်ဆီပဲရှိသည်.. ဒါကြောင့်နာမည်မခေါ်.. ဘိုဆင်ကြီး .. ကိုဖစ်တာကြီး … ကို ပန့် … စသဖြင့်ခေါ်တတ်ကြသည်… ကျွန်တော်တို့ လို ဆီလောင်းတွေကျတော့… သုံးယောက်လောက်ပါသည်… တပ်မကိုင်… (A/B ABLE SEAMEN) များကလည်း သုံးယောက်ပါသည်.. ဒါမျိုးကျ နာမည်ခေါ်ကြသည်….
(အေးကွ…. မနေ့ ညကတော့…. ရှေ့ မာ LOW PRESSURE တစ်လုံးရှိတယ်ပြောတာပဲ … အေးဆေးပါ..လွှတ်သွားမှာပါ.. ရှောင်မောင်းရမှာပေါ့… ဟဲဟဲ… အဖျားခတ်လည်း ပါးပါးပေါ့…. မင်းတို့ ဖတ်စ် အီး (1 A/E) သာ သွားမပြောနဲ့ သူက အသံကြားတာ နဲ့မူးချင်နေတာ…)
ဟုတ်သည်.. သူပြောလည်း ပြောစရာဖြစ်သည်… ကျွန်တော်တို့ ပထမလက်ထောက်အင်ဂျင်နီယာ(ဖတ်စ်အီး) က လှိုင်းအတော်မူးတတ်သည်… ဒါတောင် သဘောင်္လိုက်စားတာ… နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ… မူးတုန်းပဲဖြစ်သည်… LOW PRESSURE လို့ ကြားလိုက်တာနှင့်…. သူက အင်ဂျင်စက်ထိန်းချုပ်ခန်း( ENGINE CONTROL ROOM) ကြမ်းပြင်မှာ ထိုင်ရင်း.. မူးတယ် မူးတယ် ဆိုကာ ဘာမှ မလုပ်နိုင်တော့… ကျွန်တော်တို့ လည်း သူ့ ပဲ ပြုစု နေရတော့သည်…..
ဒါနဲ့ ကျွန်တော်တို့ … စက်ခန်းထဲဆင်းလာကြသည်….. သာဒ့်အီး (3 A/E) ကိုဂျူတီချိန်းရင်း…. LOW PRESSURE ရှိတာ ပြောပြလိုက်သည်……. ထို့နောက် စက်ခန်းလှည့်စစ်… ပြီးတော့ … LOW PRESSURE ရှိသည်ဆိုရွှေ့ ပြုတ်ကျ တတ်သည်များ.. ပစ္စည်း အလေးများအားလုံးကို ကြိုးနဲ့ သေချာလိုက်ချည်ထားလိုက်သည်….ပင်လယ်ထဲလည်းရောက်နေ အလုပ်က လည်း ခပ်ပါးပါးမို့ အေးအေးဆေးေးဆး ဟိုကြည့် ဒီကြည့် လုပ်ပြိးမှ…. ကွန်ထရိုးရွန်ထဲ ပြန်လာခဲ့လိုက်သည်…. အချိန်ကြည့်တော့ နေ့လည်… ၁၂း၄၅ ဖြစ်သည်…. ထုံးစံအတိုင်း တစ်နာရီလောက်ထိတော့ .. ဆက်ကန်း(ဒုတိယလက်ထောက်အင်ဂျင်နီယာ) နဲ့ အာလိုက်ဦးမည်.. အလုပ်မှ သိပ်မရှိတာပဲ…. သို့နှင့် နှစ်ယောက်သားလေကောင်းနေစဉ်…
ကရင်ရင်ရင် ကရင်
ဟုတ်ပါသည်… တယ်လီဖုန်းလာခြင်းဖြစ်သည်…. ကျွန်တော်ပဲကိုင်လိုက်ပါသည်… အပေါ် BRIDGE (တက်မကိုင်ခန်း) မှ အေစီအိုကြီးထံမှဖြစ်သည်… ဆက်ကန်းကို ပေးလိုက်ဟုပြောသည်… ဆက်ကန်းမှ
(ဟုတ်လား.. အာ ဒုတ်ခပါပဲ ဒီကုလားကတော့… အိုကေ အေစီအိုကြီး ကျွန်တော် တို့ တော့ ဒီမှာကြိုးချည်စရာတွေရှိတာတော့ ချည်ထားပြီးပါပြီ… အင်ဂျင်ကိုတော့ တစ်ချက်စစ်လိုက်မယ်လေ.. အိုကေ အစ်ကို ဟုတ်ကဲ့) ဟုဆိုကာ ဖုန်းချလိုက်ပြီး
(အော်ဇီရေ…. မိန်းအင်ဂျင်ကို တစ်ချက်လောက်ပတ်ကြည့်စမ်းကွာ….ရှေ့မှာ မုန်တိုင်းက ကြီးနေတယ်တဲ့ သူကြီးကမရှောင်ဘူးလို့ ပြောတယ်…..ဒီအတိုင်းသွားရင် နောက်တစ်နာရီဆို မုန်တိုင်းထဲရောက်မှာ… သူကြီးက သူ့ဟာသူ တွက်ပြီး အဖျားခတ်တာလောက်တော့ဘာမှ မဖြစ်ဘူးလို့ ပြောတာပဲ…… ရှောင်ပြီး ပတ်မောင်းသွားရင် အချိန်ကြာလို့ လို့ပြောတယ်….. ဒီကုလားသူကြီးနဲ့တော့ ခက်တာပါပဲကွာ)
ဟုတ်ပါသည်.. ကျွန်တော်တို့ ၏ ကပ္ပတိန်မှာ… အိန္ဒိယလူမျိုး… ဖြစ်ပါသည်… နာမည်သိပ်မကောင်း… လုပ်လိုက်လျှင် အလွဲလွဲအချော်ချော်တွေက များသည်….အမှားဖြစ်သွားလျှင်လည်းသူများကို အပြစ်ပုံချတတ်သည်…. အိနိ္ဒယကုလားမို့ ENGLISH ကကောင်းသဖြင့် ရုံးကို နည်းမျိုးစုံဖြင့်စာရေးတိုင်ကြားတတ်သည်….ဒါကြောင့် ဒီကုလားသူကြီးနဲ့တော့ ဒုတ်ခပါပဲ ဖြစ်နေရခြင်းဖြစ်သည်…
ကျွန်တော်လည်း.. လက်နိုပ်ဓာတ်မီးယူပြီး စက်ခန်းထဲပြန်ဆင်းကာ..မိန်းအင်ဂျင်ကို ပတ်စစ်လိုက်သည်…. အားလုံးအိုကေပဲဖြစ်သည်… ဒါနဲ့ တက်မကြိးထားရာ… စတီယာရင် ဂီယာ ခန်းသို့ သွားစစ်လိုက်သည်… ဆီအယိုအပေါက်မရှိ … အဆင်ပြေသည်….ဒါနဲ့ ကွန်ထရိုးခန်းထဲသို့ ပြန်တက်လာလိုက်သည်…..အချိန်ကြည့်တော့ တစ်နာရီခွဲနေပြီ…. ဆက်ကန်းအီး (2 A/E) က စက်ချုပ် (အင်ဂျင်နီယာချုပ် C/E)ကိုပါအကြောင်းကြားထားလိုက်သည်….
ထိုင်နေရင်း… ဆယ်ငါးမိနစ်ပင်ပြည့်မည်မထင်… သဘောင်္က စလှုပ်လာပါပြီ…. ဘယ်ဘက် ၅ဒီဂရီ.. ညာဘက် ၈ဒီဂရီလောက်ပါနေသည်… ဒါလောက်က ပြသနာမရှိ…. ဆက်သွားနေကြရင်းမှ… နှစ်နာရီ…… ခွဲလောက်တွင်… လှိုင်းက အသေပေးတော့ သည်…… ခံရပြီ…. သဘောင်္ က ဘယ်ဘက်ကို ၃ဝဒီဂရီ ညာ ဘက် ၃၅ လောက် ပါနေပြီ…..
သုံးနာရီထိုးခါနီးမှ စက်ချုပ်က ဆင်းလာသည်… အခြေ အနေကို မေးသည်… .. ဆက်ကန်းက BRIDGE မှ ဖုန်းမဆက်သေးကြောင်းပြောသည်…. စက်ချုပ်က အပေါ်ပြန်မတက်တော့…. စက်ခန်းထဲမှာပဲထိုင်နေတော့သည်….. လှိုင်းက သိသိသာသာကို ပေးနေပြီဖြစ်သည်…ကျွန်တော်က တော့… စက်ခန်းထဲမှာပဲပတ်ကြည့်နေလိုက်သည်…. တုပ်ထားသော ကြိုးများ ခိုင်မခိုင်ကိုလည်းစစ်ဆေးရသည်… ..
ဒီလို အခြေအနေမျိုးများ.. သဘောင်္ဝမ်းပေါက်ရွွှေ့ရေဝင်လာတတ်သဖြင့်…. သဘောင်္ အောက်ခြေများ(TANK TOP)ကို လည်း လိုက်စစ်ရပြန်သည်…. လိုက်လံစစ်ဆေးပြီး အပေါ်တက်လာတော့ .. တိုက်တိုက်ဆိုင်ဆိုင်ပဲ BRIDGE မှ တယ်လီဖုန်းဆက်တာနှင့်ကြုံသည်… သူတို့ ရှေ့ ကို ဘာမှ မမြင်ရတော့ ကြောင်း…. ရေမှုန်တွေ… ပိတ်နေသဖြင့် သဘောင်္ အလယ်နားလောက်ကို ပင် မမြင်ရတော့ ကြောင်း …မုန်တိုင်းက လမ်းကြောင်းပြောင်းပြီး ကျွန်တော်တို့ ဘက်ကို တန်းလာနေပြီဖြစ်ကြောင်း…. ကျွန်တော်တို့ သဘောင်္နောက်တွင် လည်း သဘောင်္တစ်စင်းပါလာသေးကြောင်း… သူတို့ နဲ့ တော့ အဆက်အသွယ်မပြတ်ကြောင်း…လှမ်းပြောခြင်းဖြစ်သည်…..
တွေးရင်းတွေးရင်း လန့်တော့ လန့်လာသည်…. အရင် မုန်တိုင်းများ ကြုံဖူးသော်လည်း ဒီလောက်မဆိုး…. ဒါပေမယ့် ပြီးသွားမှာပါလေ ဟု သာ တွေးထားလိုက်သည်….ကြောက်စိတ်ကတော့ ပျောက်မသွား….
ညနေလေးနာရီကျတော့ .. ကျွန်တော့ဂျူတီပြီးပြီဖြစ်သည်…ဖတ်စ်အီးနှင့် သူ့ ဆီလောင်း တို့ ၏ဂျူတီဖြစ်သည်… . ဆင်းလာသော… ဆီလောင်းကို ဂျူတီလွှဲစရာရှိသည်များ လွှဲသည်… ဖတ်စ်အီးမျက်နှာကတေ့ .. ဖြူဖတ်ဖြူလျော်ဖြစ်နေပြိ….ဖြစ်မယ်ဆိုလည်း ဖြစ်စရာပင် ကျွန်တော်တို့ လို လှိုင်းမမူးတတ်သူတောင် ကြောက်တာက တစ်မျိုး မူးတာ က တစ်မျိုးနဲ့…. အိလည်လည်ကြီးဖြစ်နေချိန်မှာ.. ဖတ်စ်အီးလိုမူးတတ်သော သူ အတွက်က မူ ဆိုဖွယ်ရာပင်မရှိ…. သူ နှစ်ခါ အန်ပြီးကြောင်းလည်း ကြေငြာသေးသည်…
ကျွန်တော် ကျွန်တော့ အခန်းထဲ ပြန်ရောက်ချိန်တွင်.. အခန်းထဲမှ ပစ္စည်းတွေ အားလုံးက ဗျောင်းဆန်နေပြီ… တီဗွီက .. ကြမ်းပြင်ပေါ်မှာ မှောက်လျက်…. ဘီယာဘူးတွေ.. (သံဘူး) တွေတောင်… နံရံနှင့်ရိုက်ပါများလို့ ကွဲတဲ့ ဘူးက ကွဲကုန်ပြီဖြစ်သည်… ဆပ်ပြာမှုန့်တွေလည်း မှောက်ကုန်.စပီကာတွေလည် းကြမ်းပြင်ပေါ်.. ဒီဗီဒီ စက်လည်း… ကြမ်းပြင်ပေါ်….. အိုး… တစ်ခန်းလုံးကို … မွထနေတော့ သည်…. ကံကောင်းလို့ လက်ပ်တော့ လေးက… တော့ ကုတင်ပေါ်မှာ ရှိနေသေးသည်….
အခန်းကို တတ်နိုင်သမျှပြန်ရှင်းရသည်… ကွဲလွယ်ရှလွယ်သော… လက်ပ်တော့.. တီဗီ..အစရှိသည်များကို မွှေ့ရာပေါ်တွင် စုပြီး တင်ထားရသည်… အားလုံး သိမ်းဆည်းပြီးတော့ ထမင်းစားခန်းထဲသို့ ပြန်ဆင်းလာခဲ့သည်… ကိုယ်ဟာကိုယ်တစ်ယောက်တည်းနေရမှာ ကြောက်လို့ဖြစ်သည်….
ညနေစာစားရန်သွားမေးကြည့်တော့ … ချိဖ်ကွတ် (ထမင်းချက်) ကြီး က.ချစ်ဖို့ အတော်ကောင်းပါသည်… ဘဲသားဆန်ပြုတ်တစ်အိုးပြုတ်ပေးထားသည်… မှန်ပေသည်.. လှိုင်းမူးနေချိန်တွင် အကောင်းဆုံးမှာ .. နွားနို့နှင့် ဆန်ပြုတ် နှစ်မျိုးထဲဖြစ်သည်… အစာကြေလွယ်သည်…. ပြန်အန်လျှင်တောင်..
အန်တဲ့လူသိပ်မခံရ.. သက်သာသည်ဟုဆိုရမည်…. ကျွန်တော်လည်း ဗိုက်ဆာဆာနှင့် ဆန်ပြုတ်နှစ်ပန်းကန်လောက်သောက်လိုက်သည်…..ထိုအချိန်တွင်…. တက်မကိုင် (A/B) နှစ်ယောက် ထမင်းစားခန်းထဲဝင်လာသည်… ကိုပန့်လည်းနောက်က ပါလာသည်… မျက်နှာတွေက သိပ်မူမမှန်… ဘီယာသောက်ထားပုံရသည်… ထိုနောက်တီဗီဖွင့် … ဒီဗီဒီ ဖွင့်ကာ ဘာမဆိုင်.. ညာမဆိုင်.. ကာရာအိုကေဆိုပါလေတော့သည်….. ကတဲ့လူကလည်း ကွေးနေအောင်ဘေးနားကနေကသည်…. လှိုင်းက ပေးနေတာမို့ က လိုက်.. သဘောင်္စောင်းလျှင်လဲကျသွားလိုက်…ပြန်ထ ကလိုက်လုပ်ကြသည်….. ကိုပန့်ကတော့ .. ထိုင်ခုန်မှာ ထိုင်ရင်… အားပေးနေသည်… သီချင်းလိုက်ဆိုသည်….
ကျွန်တော်နည်းနည်းတော့ ကြောင်သွားသည်… သူတို့ ကို လည်း သွားမမေးရဲ…. ရုပ်တွေ က မူမှန်တာမဟုတ်… ဒါနဲ့…အခန်းကို ပြန်ဖို့.အ ပေါ်တက်လာတော့… BRIDGE မှ ဆင်းလာသည့် ကုန်းဘတ်အရာရှိချုပ်(ကုန်းချုပ် C/O)နှင့်လှေကားမှာသွားဆုံသည်…
(ချိဖ်.. အခြေအနေ)
(မကောင်းဘူးညီလေး… အနောက်ကအကို တို့ နဲ့ ပါလာတဲ့ သဘောင်္သိတယ်မဟုတ်လား. သူတို့ တော့ abandon ship လုပ်သွားပြီ…ဒီရေဒီလေနဲ့တော့ တစ်ယောက်မှ ရှင်မယ် မထင်ဘူး… လေက လည်း တစ်နာရီကို မိုင်၁၂ဝ လောက်တိုက်နေတာကွ….ကုလားသူကြီးကွာ.. ငါတို့ ကို သက်သက်ဒုတ်ခပေးတာ… ရှောင်မယ်ဆို လွတ်ရဲ့သားနဲ့… တောက်… ကိုယ်တို့ အတတ်နိုင်ဆုံးကြိုးစားတာပေါ့ကွာ.. သိပ်လည်း မစိုးရိမ်ပါနဲ့… ) ဟု ဆိုကာထွက်သွားသည်….
သူ မစိုးရိမ်ပါနှင့်ဆိုမှပို စိုးရိမ်လာသည်…ဒီသတင်းကြားလို့ သာ ဟို အေဘီနဲ့ ပန့်မန်းတို့…. စိတ်ဓာတ်ကျပြီး ကာရာအိုကေလာဆိုနေကြခြင်းဖြစ်မည်ထင်သည်….. ကုန်းချုပ်မှာ ကုန်းဘက်ပိုင်းတွင် သူကြီးပြီးလျှင်သူ ပဲဟုဆိုသော်လည်း… ဒါသူ့၏ ပထမဆုံးကုန်းချုပ် အခေါက် ဖြစ်သည်… အသက်က နှစ်ဆယ့်ရှစ်နှစ်သာရှိသေးသည်… သူ့လက်အောက်မှ လူတွေ အကုန်လုံးက သူ့ ထက် အသက်ကြီး ကြသူတွေချည်းဖြစ်သည်….. အတွေ့ အကြုံအရဆို အတော်နည်းသေးသည်…ဒါမျိုး ဒုတ်ခတောထဲရောက်လျှင် အတွေ့ အကြုံ က အင်မတန်စကားပြောသည်… ခုတော့ သူကြီးကလည်း…. တလွှဲ .. ကုန်းချုပ်ကလည်း အတွေ့အကြုံ နုနှင့်.. ကျွန်တော်တို့ မှာမျှော်လင့်စရာဆိုလို့ အေစီအိုကြီးသာရှိတော့သည်…. အေစိအိုကြီးက တော့ အသက်ငါးဆယ်ခန့် … သဘောင်္လိုက်လာတာလည်း အနှစ်နှစ်ဆယ်နီးပါးမို့ … အတွေ့ အကြုံ အများကြီးသာနိုင်သည်……
အနောက်သဘောင်္မှ လူများကို တော့ ဘယ်လိုမှ ရှင်နိုင်စရာမရှိဟု သာ တွေးလိုက်တော့သည်…. ကျွန်တော်တို့ သဘောင်္မှာ တန်ချိန်သုံးသောင်းကျော်သော TANKER အမျိုးအစား သဘောင်္ကြီးဖြစ်သည်… TANKER များ ကို အလွယ်တစ်ကူမျက်စိထဲမြင်အောင်ပြောရလျှင် စည်ပိုင်း ကြီးကို ရေထဲမျှောထားသလို မျိုးဖြစ်သည်…. သဘောင်္က ခပ်ပြားပြားမို့… တော်ရုံလေလောက်ကို မမှု….. ကွန်တိန်နာ သဘောင်္များဆို သဘောင်္ကို က မြင့်ရသည့် ကြားထဲ.. ကွန်တိန်နာ များက ကပါ မြင့်သဖြင့် … လေတိုက်တာ နဲ့ တုံးလုံး လဲတော့ သည်….
စော စောက တွေးသလို… ဒိလောက် လှိုင်းလေ မကြောက်ပါဘူးဆိုသော… ကျွန်တော်တို့ လို တန်သုံးသောင်းကျော်သဘောင်္ကြီးတောင်… ဇကောထဲ ဇီးဖြူသီးထည့် လိမ့် သလိုဖြစ်နေလျှင်… အသက်ကယ်လှေနှင့် ဆင်းသွားသော…. အနောက်သဘောင်္မှ လူများ အတွက်ကတော့ မတွေးဝင့်စရာပင်….. ရှစ်မီတာ မှ ဆယ်မီတာလောက်အထိရှိတတ်သော ဒီလှိုင်းလုံးကြိးများ အောက်တွင်… သူတို့ ဘယ်နည်းနဲ့ မှ အသက်မရှင်နိုင်….. တွေးရင်း စိတ်လည်း မကောင်း…ကြောက်လည်းကြောက်လာမိသည်….
ကဲ ကျွန်တော်ဘာလုပ်ရမည်နည်း… အခန်းထဲ အမြန်ပြန်သည်… သိမ်းစရာရှိတာ သိမ်းမှရမည်… ကိုယ်နဲ့ တစ်ပါတည်း သယ်နိုင်တာ ပိုက်ဆံဖြစ်သည်… စားစရာက .. အသက်ကယ်လှေမှာပါပြီးသားမို့ .. သယ်စရာမလို… ပြီးလျှင် ကိုယ့်ဓာတ်ပုံနှင့်နာမည်ပါသော အထောက်အထားတစ်ခု..တော်ကြာ အလောင်းတွေ့မှ .. ဘယ်သူမှန်း ရှာမရဖြစ်နေမည်… တွေးသာတွေးနေသည်.. ဒီလောက်သမုဒ္ဒရာကြီးထဲ ဘယ်နားက အလောင်းကို ပြန်ရနိုင်ပါမည်နည်း.. ကဲထားလိုက်ပါလေ..
ဟုတ်ပြီ … သဘောင်္သားအသင်းဝင် ကတ်ပြား… ရှိသည်ပဲ… ပိုက်ဆံနှင့် ထိုကတ်ပြားနှစ်ခုကို တွဲရွေ့ ပလတ်စတစ်အိတ်တစ်ခု ထဲတွင် ရေလုံအောင် အထိ ချည်ပြီး… တိတ်များဖြင့် ကပ်လိုက်သည်… ပိုက်ဆံက သုံးလစာပဲရှိသေးသည်မို့ .. ထုပ်ရတာလွယ်ကူသည်… လက်တစ်စုဆုပ်စာ… အထုပ်ကလေးဖြစ်သွားသည်… ထို့ နောက် .. အင်းကျီအိတ်ကပ်ထဲထည့် ကာ အပ်ချည့်နှင့်ထည့်ချုပ်ထားလိုက်သည်… ပြေးရင်းလွှားရင်း ပြုတ်မကျရင်တော်ပြီ…. ပြီးတော့ ကျွန်တော်တို့ မိသားစု ဓာတ်ပုံ…. ကျွန်တော့ရည်းစားပုံ စတာတွေအိတ်ကပ်ထဲထည့်သည်… ဒါပဲဖြစ်သည်… အဲ.. ဆေးလိပ်တစ်ဘူးပါရေလုံအောင်ထုပ်ရွေ့ မီးခြစ်နှင့်အတူထည့်ထားလိုက်သည်….
ထုပ်လို့ပိုးလို့တော့ ပြီးသွားပြီဖြစ်သည်… ကျွန်တော်ဘာဆက်လုပ်ရမည်နည်း ..နာရီကြည့်တော့ ခြောက်နာရီထိုးကျော်နေပြီ…. သဘောင်္ကတော့ တစ်ဝုန်းဝုန်းနှင့် ရမ်းခါနေဆဲဖြစ်သည်… အပြင်မှာ မှောင်မဲနေသည်…. ကျွန်တော့ အခန်းပြတင်းဝမှ ကြည့်နေမိခြင်းဖြစ်သည်…. ပတ်ဝန်းကျင်ပတ်ပတ်လည်ကို ဘာမှ မမြင်ရ… ကျွန်တော့ အခန်းဘေးတွင်… အသက်ကယ်လှေ၏ လှေကားရှိသည်.. ထိုလှေကားကိုပင်မမြင်ရတော့…. တွေးနေရင်းနှင့်ငိုချင်လာသည်…. ကြောက်လည်း ကြောက်လာသည်… မဖြစ်.. ဒီလိုတစ်ယောက်တည်းနေလို့ တော့ လုံးဝမဖြစ်.. ကြာရင်ရူးသွားနိုင်သည်…
ဘာပဲဖြစ်ဖြစ် အင်ဂျင်ခန်းထဲဆင်းနေတာ ပိုကောင်းမည်…. သတင်းကို အမြဲရနေမည်…. အသက်ကယ်အင်းကျီကို ယူ…နံရံမှာ ချိတ်ထားသော ပုတီးကို ဆွဲ…. ဘုရားစင်ကို ဦးသုံးကြိမ်ချပြီးကာမှ အင်ဂျင်ခန်းထဲ ဆင်းလာလိုက်သည်…. ဆင်းတာတောင် လှေကားကို အတော်သတိထားဆင်းရသည်.. သဘောင်္က လက်နှင့် ကိုင်လှုပ်သလိုကို ရမ်းခါနေတော့ဘေးနားက ကိုင်စရာတစ်ခုခုကို မကိုင်ပဲ လမ်းလျှောက်လို့ မရ…. ပစ်လဲသွားလျှင်လဲ ရိုက်မိစရာ သံပြားများသာရှိသည်….. ဒီလိုနှင့်ဖြေးဖြေးချင်းထိန်းကာဆင်းလာရင်း .. စက်ခန်းထဲရောက်လာခဲ့ရသည်…
စက်ခန်းထဲရောက်ရောက်ချင်း… ကျွန်တော်အတော်အံ့အားသင့်ရပါသည်….
ရှိရှိသမျှ ကျွန်တော်တို့ အင်ဂျင်ပိုင်းမှ လူများ အားလုံး…. ကွန်ထရိုးခန်းထဲတွင် တုးန်လုံးပက်လက်ဖြစ်နေကြပြီ… အငယ်ဆုံးဖြစ်သော အင်ဂျင် ကဒက်…(အရာရှိလောင်း) မှာ တရှုံရှုံနှင့်ပင်ငိုနေပြီ….. အင်းလေ.. အသက်က နှစ်ဆယ်လောက်ပဲရှိသေးတာကိုးဟု ပင်တွေးထားလိုက်သည်…..ကျွန်တော့ ကို မြင်တော့ ကျွန်တော့ အနားတွင်လာထိုင်နေသည်.. ကျွန်တော်လည်း ပုခုံးကို ဖက်ထားလိုက်ပါသည်…
(အစ်ကို.. ကျွန်တော်နောက်ဘယ်တော့ မှ သဘောင်္မလိုက်တော့ ဘူးဗျာ…
ဒီပထမဆုံးတစ်ခေါက်နဲ့တင်အတော်မှတ်နေပြီ….. ဒီမုန်တိုင်းထဲမှာတော့ ကျွန်တော်တို့ မသေလောက်ပါဘူးနော်..)
ကျွန်တော်ကိုယ်တိုင်တောင်မသေချာသော မေးခွန်းမို့ ကဒက်ကလေးကို ပြန်မဖြေနိုင်… အတော်ကလေးအားယူရင်းသာ ပြုံးပြလိုက်မိသည်…. ဟုတ်သည်.. ငါတို့ကော အသက်ရှင်နီုင်ပါ့မလား…. မဲမှောင်ရွှေ့ နေသော … ဒီ သမုဒ္ဒရာ ကြီးထဲမှာ ကျွန်တော်တို့ အသက်ကောရှင်နိုင်ပါ့မလား… ကမ်းမမြင်လမ်းမမြင်…. ပိန်းပိတ်နေသော အမှောင်ကပင်…. ကျွန်တော့ ကိုအတော် ချိန်းခြောက်နေပြီ…………………ပြီးလျှင်ရေနစ်သည်ကလည်း … အတော်အခံခက်မည်ထင်သည်…. တွေးရင်းနှင့် ကြက်သီးမွှေးညင်းပင်ထလာသည်…..
ထိုအချိန်တွင်… ကွန်ထရိုးခန်းတံခါးပွင့်လာပြီး အပြင်မှ လူတစ်ယောက်ဝင်လာသည်….. အခြားလူမဟုတ်… ကုန်းချုပ်ပင်ဖြစ်သည်… မျက်နှာတစ်ခုလုံးဖြူလျှော်နေပြီ….. CD ပြားအလယ်က အဝိုင်းလေးက မှ သူမျက်နှာထက်ကြီးဦးမည်….
(အင်ဂျင်ခန်းက လူအားလုံး……ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်ကြပါတော့…… ကျွန်တော်တို့ သဘောင်္ မုန်တိုင်းရဲ့ အလယ်ဗဟိုထဲကို ပါသွားပါပြီ….. အချက်ပေးသံကို ပဲစောင့်နေပါ…. အချက်ပေးတာနဲ့ လေ့ကျင့်ထားတဲ့ အတိုင်း…. ကိုယ့်အသက်ကယ်လှေဆီကိုယ်သွားပြီး….
ကိုယ့်တာဝန်အတိုင်းဆက်လုပ်ကြပါ…. အသက်ကယ်အင်ကျီတွေဝတ်ထားလိုက်ကြပါ… အပြင်မှာ ညဘက်ဆိုတော့ အေးပါမယ်…. အီမားရှင်းဝတ်စုံတွေလည်း ယူထားပါ….. ကျွန်တော်တို့ ဘက်ကတော့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်…အေစိအိုကြီးလည်း ကြိုးစားနေပါတယ်… သူကြီးကတော့ ဗျာ… သူ့ အခန်းထဲပြန်ပြီး ဘုရားသွားရှိခိုးနေလေရဲ့ BRIDGE ပေါ်ကိုတောင်ပြန်တက်မလာတော့ ဘူး.. အတော်ကြောက်နေပြီထင်တယ်…. ကဲ သွားမယ်ဗျာ… ဂွတ်ဒ် လက်ခ်.. အော်ဒါက ခင်ဗျားတို့ ရဲ့ ပတ်စ်ပို့တွေပါ…ပြန်ယူထားလိုက်ကြပါတော့… ကိုယ်နဲ့ တစ်ပါတည်းဆောင်ထားပေါ့.. ဒါမှ တစ်ခုခုကိုယ့်ကို ရှာတွေ့တဲ့ အခါ.. အထောက်အထားပြနိုင်မှာလေ… ကဲကဲ.. သွားဥိးမယ်ဗျာ..)
အားလုံး တိတ်ဆိတ်စွာကျန်ခဲ့သည်…. စက်ချုပ်ကြီးကို ကြည့် တော့ မျက်နှာက အသေနှင့် မျက်ရည် ဝဲလျက်…. ကျန်လူများ အားလုံးလည်း သွေးဆုပ်သော မျက်နှာကိုယ်စီနှင့်… ကျွန်တော့ မျက်နှာလည်း … သူတို့ လိုပဲဖြစ်နေမည်ထင်သည်… ပတ်စပို့ ကို စောစောက ထုပ်ထားသော ပိုက်ဆံအိတ်ထဲသို့ .. ပြန်ထည့် လိုက်သည်…. အပ်နှင့်ချုပ်ထားတာဖြစ်သဖြင့် အတော်ပြန်ဖြေနေရသေးသည်…ပြီး မှ အပ်ချည်ဖြင့် တစ်ခါ ပြန်ချုပ်ပစ်လိုက်သည်….ကဲ… ကျွန်တော်တို့ ဘာတတ်နိုင်ဦးမည်နည်း…. ဒါနောက်ဆုံးနေ့ပဲဖြစ်ပါလိမ့်မည်.. ကျွန်တော်၏နောက်ဆုံးအချိန်သည်… ရေထဲမှာပင်ကုန်လွန်ရတော့မည်…..
အားလုံးတိတ်ဆိတ်ကုန်ကြပြီ…. ဘာဆိုဘာမှ မပြောနိုင်ကြတော့….. ရုတ်တရက် …စက်ချုပ်မှ
(အော်ဇီ… ဗိုက်ဆာတယ်ကွာ… နွားနိုတစ်ဘူးလောက်သွားယူစမ်း… ) ဟု ဆိုသဖြင့် ကျွန်တော်လည်း ထမင်းစားခန်းသို့ တက်လာခဲ့လိုက်သည်…..
ထမင်းစားခန်းသို့ ရောက်မှ အတော်အခြေအနေဆိုးနေတာ သိရတော့ သည်… စောစောက အေဘီ နှစ်ယောက် သီချင်းဆိုနေဆဲပဲဖြစ်သည်… သို့ သော် ရိုးရိုးမဟုတ်…. ခန္ဒာကိုယ်မှာ ဘာမှ မကပ်ပဲ…. ဘာဆို ဘာအဝတ်အစားမှ မရှိပဲ ကာရာအိုကေဆိုကာ ကနေကြခြင်းဖြစ်သည်…. သွေးပျက်တယ်ဆိုတာ ဒါပဲဖြစ်မည်ထင်သည်…. ကျွန်တော်ဝင်လာတာလည်း သူတို့ ဂရုမစိုက်…. လေးဖြူသီချင်းကို အားပါးတရသာ ဟဲနေတော့သည်… ကျွန်တော်မှ မဟုတ်ဒီ အချိန် သူကြီး ဝင်လာတောင် သူတို့ အဖတ်လုပ်တော့မည်မဟုတ်…. သွေးပျက်နေကြပြီမဟုတ်လား…
ရေခဲ သေတ္တာထဲမှ နွားနို့ ဘူးကို ယူပြီး စက်ခန်းထဲသို့ ပင်ပြန်ဆင်းလာခဲ့သည်…လှေကားတွင် ဘိုဆင်ကြီးက ငေါင်ငေါင်ကြီးထိုင်နေသည်….. ကျွန်တော့ ကို မြင်တော့ ခပ်အေးအေးပဲကြည့်သည်… မျက်နှာက လူသေတစ်ယောက်လိုပင်ဖြစ်နေပြီ…..
ကွန်ထရိုးခန်းထဲရောက်တော့ နာရီကိုကြည့်မိသည်… ရှစ်နာရီထိုးတော့မည်…….ထို အချိန်တွင်
(ကရင်ရင်ရင်.. ကရင်)
ရုပ်တရက် တယ်လီဖုန်းဝင်လာသည်….. BRIDGE မှ ဆက်ခြင်းဖြစ်သည်… သူတို့ တက်မကို ၃၅ ဒီဂရီအထိ အဆုံးချိုးမည် ဖြစ်ကြောင်း လှမ်းပြောခြင်းဖြစ်သည်…. သဘောင်္ကွေ့ သလိုဖြစ်မည် ဖြစ်ရွှေ့ မီးစက်များ သတိထားရန်….. ဝန်အရမ်းများ မည်ဆိုးရွှေ့ ပြောခြင်းဖြစ်သည်… .ဒိအချိန်တွင် .. မီးစက်များ ရပ်သွားလို့ မရ.. မိးစက်ရပ်တာနှင့် ပင်မစက်ကြီး.. (မိန်းအင်ဂျင်) ရပ်မည်… မိန်းအင်ဂျင်ရပ်တာနှင့်ကျွန်တော်တို့ အားလုံးပွဲပြီးပြီဖြစ်သည်…..ယခု သဘောင်္က စက်ကုန်မိုင်ကုန်ဖွင့်မောင်းနေကြခြင်းဖြစ်သည်… လေအားက အတော်ပြင်းသဖြင့် စက်ကုန်ဖွင့် ထား တာတောင်… တစ်နာရီကို နှစ်မိုင်နှုန်းဖြင့် နောက်ဘက်ကို ပြန်ပါနေသည်…..
ကျွန်တော်တို့ မှာ ဘာမှ လုပ်စရာမရှိပါ…လုပ်ယူလို့ လည်း မရပါ…..အချက်ပေးသံကို. ငုတ်တုတ်ထိုင်စောင့်နေရုံသာရှိပါတော့သည်…. ကိုယ်ပေါ်မှာ ဝတ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်..
အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သံဗုဒ္ဓေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….ကျွန်တော်သူတို့ နှင့်နောက်တစ်ခါ ဘယ်တော့ မှ တွေ့ ခွင့်မရှိနိုင်တော့ဘူးလား….. .
ထိုအချိန်ဒုန်းကနဲအသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာထကြည့်ကြသည်…တော်ပါသေးသည်….စက်ခန်းအနောက်စတို ခန်းထဲမှ စပါယ်ယာ သေတ္တာများ… သဘောင်္လှုပ်သဖြင့် ပြိုကျလာခြင်းဖြစ်သည်…. စက်ချုပ်က
(ထားလိုက်တော့ကွာ..ပြီးမှပဲသွားရှင်းတော့… ကွဲနိုင်ရှနိုင်တာတွေလောက်သာဖယ်ထားလိုက်) ဟု ဆိုသဖြင့် ဘယ်သူမှ မထကြတော့… ထလည်း မထနိုင်ကြတော့…..ကျွန်တော်တို့ အားလုံးအားကိုးစရာဘုရားသာရှိတော့သည်…. ပုတီးစိပ်သူက ဆိပ်… မေတ္တာပို့ သူက ပို့ ဂုဏ်တော်ရွတ်သူက ရွတ်နှင့်…. ဖြစ်သည်… သေခြင်းတရားသည်… ကျွန်တော်တို့ ၏လက်တစ်ကမ်းမှာပဲဖြစ်သည်…. အရင်ကလည်း လက်တစ်ကမ်းမှာပင်ရှိခဲ့ပါလိမ့်မည်… သို့သော် ကျွန်တော်တို့ သတိမထားမိခဲ့လို့ဖြစ်မည်…ယခု သတိထားမိတဲ့ အချိန်တွင်တော့… အတော်လန့်ဖြန့်နေပြီ……သူခေါင်းပြူပြတာ က အတော်ကြောက်ဖို့ ကောင်းပါသည်…. အတွေးတွေက ပေါင်းစုံအောင်ခေါင်းထဲဝင်လာသည်…တုန်လှုပ်ခြောက်ခြားဖွယ်ရာကော… ဝမ်းနည်းဖွယ်ရာကော…. အားငယ်ဖွယ်ရာကော.. စသဖြင့် အချိုးကျ ရောစပ်ပြီး ခေါင်းထဲဝင်လာသည်….
(ကရင်ရင်ရင် ကရင)်
တယ်လီဖုန်းလာရင်ကို ကျွန်တော်အတော်ကြောက်နေပါပြီ… တစ်ခါလာတိုင်းတစ်ခါ သတင်းဆိုးကိုသာကြားနေရသောကြောင့်ဖြစ်သည်… ဖတ်စ်အီးကိုင်လိုက်သည်…
(အိုကေ .. အို်ကေ… ကျွန်တော်တို့ ဘက်က တော့ အဆင်သင့်ပဲ…. အကောင်းဆုံးဖြစ်အောင်လုပ်ကြတာပေါ့ဗျာ)
ဖုန်းချလိုက်ပြီး စက်ချုပ်ဘက်လှည့်ကာ…
(အေစီအိုကြီးဆက်တာဗျ…. သူတို့ ဒီ အတိုင်းတက်မကို ဆက်ခေါက်ထားမယ်တဲ့… မုန်တိုင်းဗဟိုထဲအထိမပါအောင်လေအားကို သုံးပြီး ပြန်ကွေးထွက်နိုင်ဖို့ ကြိုးစားမယ်ပြောတယ်. အင်ဂျင်ကို FULL SPEED နဲ့ ပဲလိုချင်တယ်တဲ့… ရအောင်လုပ်ပေးပါလို့ ပြောတာပါ)
(ဟုတ်ပြီ ဒါမျှော်လင့်ချက်ပဲ… ကဲ.. အားလုံးစိတ်ဓာတ်လည်းကျမနေကြပါနဲ့… ဒါလမ်းစတစ်ခုတွေ့တယ်လို့ပြောရမှာ…. အောင်မြင်မှာပါ… မင်းတို့ က အောက်မှာ သွားပြီး စက်အခြေအနေ ဘာညာကို သေချာကြည့်ပေးဟုတ်လား.. ဆီလိုရင်ဆီ…အကုန်လုံး အဆင်သင့်ဖြစ်အောင်သာလုပ်ပေး . ငါတို့ ဒီကနေ ထွက်သွားနိုင်မှာပါကွာ)
ဒီတစ်ခါ တယ်လီဖုန်းက သတင်းကောင်းမို့ အားတက်ဖွယ်ဖြစ်ပါသည်.. ကျွန်တော်တို့ လည်း သူ့ ဂျူတီကိုယ့်ဂျူတီ မခွဲနေတော့…. တစ်ထပ်ကို တစ်ယောက်နှုန်းဖြင့် .. ဆီလောင်းသုံးယောက်.. ကဒက်တစ်ယောက် လေးယောက်လုံး .. လိုက်စစ်ပါတော့သည်..အချိန်က ည ၁၂ ခန့် ကို ရောက်နေပြီဖြစ်သည်….
ည… ၂ နာရီခန်းတွင်ဖုန်းထပ်ဝင်လာသည်… ကျွန်တော်တို့ မုန်တိုင်း ဗဟိုမှ… အတော်ကလေး ဝေးလာပြီဖြစ်ကြောင်းပြောခြင်းဖြစ်သည်…
ဝမ်းသာလိုက်သည်ဖြစ်ခြင်း…. မျက်ရည်ပင်ကျမိသည်… ခြေဖျားလက်ဖျားတွေလည်း အေးစက်နေသည်…. သဘောင်္ကတော့ အတော်ကလေး လှုပ်နေတုန်းပဲဖြစ်သည်….
မနက် ငါးနာရီခန့်တွင်တော့ အတော်ကလေး သက်သာလာပါသည်…. အပေါ်ထပ်မှာ သီချင်းဆိုနေသူများလည်း.. နည်းနည်းသွေးအေးလာကြပြိ….. အင်ကျီတွေဘာတွေပြန်ဝတ်ထားပြီဖြစ်သည်….
မနက်ခြောက်နာရီတွင်တေ့ာ
ကျွန်တော်တိုံ့ သဘောင်္ မုန်တိုင်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပါသည်…ထိုအခါမှပဲ … ကျွန်တော်လည်း အခန်းထဲပြန်အိပ်နိုင်တော့သည်….. အခန်းထဲရောက်ရောက်ချင်းပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်တော့ ဘာမှ မမြင်ရသေးပါ….. အကြောင်းမှာ ကျွန်တော့ အခန်းပြတင်းဝတွင် မှုန်တိုင်းနှင့်အတူပါလာသော…. အသက်ကယ်အင်းကျီကြီးတစ်ခု လာကပ်နေသောကြောင့်ဖြစ်သည်…
မုန်တိုင်းကျပြီး နောက်တစ်နေ့ မနက်တွင်…ကုန်းဘက်ပေါ်မှ ပစ္စည်း အတော်များများ … လေနှင့်ပါသွားကြပြိဖြစ်သည်… အသက်ကယ်အင်းကျီ… အစုံ နှစ်ဆယ်လုံး မရှိတော့…. ဆေးပုံးများ… ဓာတုဗေဒ ပစ္စည်း ပုံးများ လည်း ပင်လယ်ထဲ ကျတဲ့ဟာတွေ ကျကုန်ပြီ…. ကျွန်တော်တို့ တတ်နိုင်သမျှ ရှင်းလင်းကြပါသည်….
မုန်တိုင်းထဲမှ ထွက်လာလာချင်း….. သဘောင်္သားများ အားလုံး အိမ်တွေဆီ အသီးသီးဖုန်းဆက်ကြပါသည်… သဘောင်္ပေါ်တွင်ဖုန်းက တစ်လုံးတည်းရှိသဖြင့်… တန်းပင်စီနေရသည်….ငိုတဲ့သူက ငိုယိုဖုန်းဆက်သည်…. သေကံမရောက် သက်မပျောက်မဟုတ်လား….. ကျွန်တော်လည်း အမေတို့ ဆီဖုန်းဆက်ပါသည်…. ချစ်သူဆီလည်း ဖုန်းဆက်ပါသည်… ( အမေရေ…တော်သေးတာပေါ့အမေရယ်… အမေတို့ ကို သားပြန်မတွေ့ရတော့ဘူးတောင်အောင့်မေ့တာ… မနေ့ညကလေ.. မုန်တိုင်းကျတာ……)စသဖြင့်ရှင်းြ့ပပါသည်….. ထိုအချိန်တွင် အားလုံးတူညီသည့် အချက်မှာ….. ကျွန်တော်တို့ အိမ်များ အားလုံးမှ…. ဘယ်လိုဖွဲ့ နွဲ့ပြောပြော… ဘယ်လောက်ငိုငို…(အော်ဟုတ်လား.. တော်သေးတာပေါ့.. နောက်ကို သတိထားလေ… ဘုရားတရားမမေ့နဲ့ ပေါ့) ဆိုတာလောက်မှ လွဲရွှေ့ ဘယ်သူမှ သည်းသည်းလှုပ်မဖြစ်ကြခြင်းပင်ဖြစ်သည်…. အင်းပေါ့လေ… သဘောင်္သားဘဝကို သဘောင်္သားချင်းမှ လွှဲရွေ့ စာနာနားလည်နိုင်ဖို့ အတော်ခဲယဉ်းတာပဲဖြစ်ပါလိမ့်မည်….. စိတ်ထဲတော့ အတော်မကောင်းတာအမှန်ဖြစ်သည်… အသက်နှင့်ရင်းခဲ့ ရတာမဟုတ်လား…..
မုန်တိုင်းကျပြီး နောက်ပိုင်းတွင်း ကျွန်တော်တို့ သဘောင်္ပေါ်တွင် အပြောင်းအလဲ အတော်များများ ဖြစ်လာကြသည်….အားလုံးက တော့ကုလားသူကြီးက ို ဝိုင်းမေတ္တာပို့ ကြပြီး အေစီအိုကြီးကို ကျေးဇူးတင်ကြသည်… လူပေါင်း နှစ်ဆယ့်သုံးယောက်လုံး၏ အသက်ကို ကယ်ခဲ့သူမဟုတ်လား….ကုန်းချုပ်ကလည်း သဘောကျပါသည်..သူ့ အတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ ကြီးတစ်ခု ရလိုက်သလိုဖြစ်နေသည်…ဖတ်စ်အီး…. ကတော့ .. နောက်က်ို လှိုင်းမူးလိမ့်မယ်မထင်တော့ ကြောင်း ကျွန်တော်တို့ ကို အရွှန်းဖောက်တတ်ပါသည်………ကျွန်တော့ ကဒက်ကလေးကတော့…. သဘောင်္ဆက်လိုက်မည်ဟုပြောပါသည်…
ဒီလောက်ဒုတ်ခကို သူခံနိုင်သွားပြီဆိုလျှင်သူဘာကို မှ မကြောက်တော့ ကြောင်းပြောပါသည်…. ဒီမုန်တိုင်းက သူ့ စိတ်ဓာတ်ကို မာကျောအောင်လုပ်ပေးလိုက်ပေပြီ…. အင်းကျီချွတ်ကာ သီချင်းဆိုကြသူ အေဘီများ အကြောင်းကတော့…. ပြောမဆုံးပေါင်ပင်ဖြစ်နေသည်…. နောက်ပိုင်း ပါတီလုပ်လို့ သီချင်းဆိုတိုင်း သူတို့ နှစ်ဦးကို အင်းကျီချွတ်ရွေ့ က ခိုင်းရမည်ဖြစ်ကြောင်း အားလုံးက သဘောတူကြသည်… ကုလားသူကြီးကတော့ …. ရုံးသို့ စာပို့လိုက်သည်… အခုလို မုန်တိုင်းနှင့်ကြုံရခြင်းမှာ သူ့ အပြစ်မဟုတ်ကြောင်း…. အေစီအိုက WEATHER REPORT ကို သေချာ မစစ်လို့ ဖြစ်ကြောင်းလှမ်းပို့ လိုက်ပါသည်…. သို့သော်သူ့ အကြောင်း သိသော ရုံးမှ ဆူပါဗိုက်ဆာမှ…. ရှေ့လာမည် ့ ဆိပ်ကမ်းတွင် ဆင်းရမည်ဖြစ်ကြောင်း စာပြန်လာသည်…အဓိပါယ်ကတော့ အလုပ်ဖြုတ်လိုက်ခြင်းဖြစ်သည်…. ကျွန်တော်တို့ တစ်စင်းလုံးပျော်ကြပါသည်….. ဝမ်းနည်းစရာကောင်းသည်က တစ်ခုပဲဖြစ်သည်.. ကျွန်တော်တို့ အနောက်သဘောင်္မှ သဘောင်္သားများ သတင်း လုံးဝ မကြားရခြင်းပင်ဖြစ်သည်… အစအနပင်ရှာမရဟု ဆိုပါသည်….
ကျွန်တော့နေသော အခန်းပြတင်းဝမှကြည့်လျှင် ပင်လယ်ကြီးကို မြင်နေရပါသည်….နေရောင်အောက်တွင် ပင်လယ်သည်….လှိုင်းသံ လေသံ တစ်အေးအေးဖြင့်.. ပြာမြဲပြာဆဲ…. လှမြဲလှဆဲပင်…ဟိုတစ်နေ့ ညက သူစိတ်ဆိုးပြီး လုပ်မိလုပ်ရာ လုပ် ပြောမိပြောရာပြောပြီးသွားမှ…. လာချော့နေသော … လူငယ်လေးတစ်ယောက်နှင့်ပင်တူနေပါသေးသည် …. သူူဒီလို ချော့လို့ ကျန်လူများ ကခွင့်လွှတ်ကြပါမည်လားတော့ မသိ………….
ကျွန်တော့ အဖို့ တော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ပင်လယ်ကို ချစ်ပါသည်…
copyright by Ozzy Win ( MSU )
30 comments
မဟာရာဇာ အံစာတုံး
March 20, 2013 at 11:17 pm
ဥူးကရင်စီဂျီးရေ …
လောလောဆယ် စာတော့ အပြီး ဖတ်ရသေးဘူး …
ပုံကြီး ကြည့်ပြီးတော့ နည်းနည်း လန့်တွားဒယ် …
ကျောက်ချရာဂျီးဘဲဂျ … နော့ …
တော်ဘီ .. နောက်ခါ ရေလမ်းခရီးဆို တွားဒေါ့ဝူးးး ….
အရီးခင်လတ်
March 21, 2013 at 4:58 am
ကိုရင်စည်လေးရေ
ကိုယ်ချင်းစာနာစိတ်များစွာနဲ့ ဖတ်သွားပါတယ်။
သူများကိုယ်တွေ့ ထင်ရဲ့။
မြန်မာ သဘောင်္သား တွေ နာမည်ရတာ ဒီလိုအကြောင်းတွေကြောင့်ပါဘဲ။
အေစီအိုကြီး ကိုလဲ ဦးညွတ်အလေးပြုသွားပါတယ်။
ကျန်တဲ့အဖွဲ့သားတွေ ကိုလဲ ချီးကျူးပါတယ်။
ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လို့ အသက်ဘေးကလွတ်တာပါ။
ကံကောင်းလိုက်တာလို့ ပြောရင် သူကြီးစက်ကွင်းမလွတ်မှာမို့ အသက်ဉာဏ်စောင့်လို့ ဘဲ ပြောလိုက်ပါမယ်။
KZ
March 21, 2013 at 8:24 am
ကရင်စည်…
မနက် နိုးနိုးချင်း ဒီစာဖတ်မိပြီး စိတ်မောသွားတယ်။
အဲဒါ အရင်လာပြောတာ။
ဘဝတစ်ခုဆီ တစ်ခုဆီ မှာလည်း ကိုယ်မသိနိုင်တဲ့ အန္တရာယ်တွေ၊ အခက်အခဲတွေ အများကြီးပဲလို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်ရသေးတယ်။
နို့မို့ ကျုပ်ကလည်း ကျုပ်ဒုက္ခမှ ဒုက္ခလို့ ထင်တတ်တာရယ်။
“””ထိုအချိန်တွင် အားလုံးတူညီသည့် အချက်မှာ….. ကျွန်တော်တို့ အိမ်များ အားလုံးမှ…. ဘယ်လိုဖွဲ့ နွဲ့ပြောပြော… ဘယ်လောက်ငိုငို…(အော်ဟုတ်လား.. တော်သေးတာပေါ့.. နောက်ကို သတိထားလေ… ဘုရားတရားမမေ့နဲ့ ပေါ့) ဆိုတာလောက်မှလွဲရွှေ့ ဘယ်သူမှ သည်းသည်းလှုပ်မဖြစ်ကြခြင်းပင်ဖြစ်သည်…””” တဲ့။
အဲဒီ စာသားလေး ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတာ။ 🙁
“ယောင်္ကျား ဖောင်စီး” ဆိုတဲ့ စကားအတိုင်းပေါ့နော်။
ဒီ ခေတ်မှာတော့ ဖောင်စီးရတဲ့ ဖြစ်ရပ်ထက် ဒီ လိုပဲ သင်္ဘောသီးတွေရဲ့ စွန့်စားမှုတွေက အကျုံးဝင်မယ်ထင်ရဲ့။
ဘာပဲပြောပြော ပျော်ပျော်နေတတ်တဲ့ အူးစည်တစ်ယောက် ဘယ်ရောက်ရောက် ကံကောင်းခြင်းတွေနဲ့ပဲ တွေ့နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါ၏။ 🙂
ဦး ကျောက်ခဲ
March 21, 2013 at 9:11 am
ဟမ်မလေး…ကိုရင်စည်ရယ်…
အန္တရာယ်ကလွတ်လာမှန်းသိပေမယ့် အခုမှသက်ပြင်းချနိုင်တယ်…
ကျုပ်မှာ သွားလေသူဖခင်ကြီးကို သတိတယနဲ့ဖတ်မိတာ…
ဇာတ်အလယ်လောက်ရောက်တော့ မခံစားနိုင်လို့ နားပြီးကော်ဖီတစ်ခွက်သောက်လိုက်ရသေးတယ်…
တကယ့်ကို “ဘယာနက” ရသပေးတဲ့ ကိုယ်တွေ့ဇာတ်လမ်း… ဗရာဗိုပါဗျာ…
:eee:
ကြောင်ဝတုတ်
March 21, 2013 at 9:32 am
ကိုရင်စည်ရေ…
ကျုပ်ကတော့ ရေကြောက်တဲ့လူဆိုတော့…
ဘယ်တုန်းကမှ သင်္ဘောသားလုပ်ဖို့ မစဉ်းစားခဲ့ဘူး…
ငယ်ငယ်တုန်းကတော့ လေယာဉ်မောင်းချင်ခဲ့ဖူးတယ်…
အသက်နဲ့ရင်းပြီး လုပ်ကိုင်စားသောက်ကြသူတွေကို ကိုယ်ချင်းစာပါတယ်ဗျာ…
ပြန်လာရင်တွေ့ကြမယ်… ဘဝအမောတွေဖြေကြမယ်လေ…
ဘယ်တော့လောက်ပြန်ရောက်မလဲ… မောင်ဂီတော့ ဒီလထဲပြန်ရောက်မယ်တဲ့…
ခင်မင်လျက်-
ဖက်ဖက်ကက်
ဦးဦးပါလေရာ
March 21, 2013 at 9:40 am
အကြိုက်ဆုံးကတော့-
ကံကောင်းလို့ပါလား ကရင်စည်ရယ်…
(ကံ=အလုပ်)
ဦးကြောင်ကြီး
March 21, 2013 at 10:00 am
အော်ဇီဝင်း
စော်ကြည်သင်း
မော်စီလင်း
ဖျော်ရည်ဗျင်း… :kwi:
မောင် ပေ
March 22, 2013 at 8:03 pm
အကြော်ဆီ ဝင်း
ဂေါ်မည် နှင်း
လျှော်ညှီ သင်း
ပျော်သည် ကမြင်း
ကို ငြိမ်းမောင်
March 21, 2013 at 10:55 am
သင်္ဘောသားတွေရဲ့ ရင်ဆိုင်ရတဲ့ အဖြစ်လေးကိုရေးပြပေးတာ
ဖတ်ရတာကောင်းပါတယ်။
ယောက်ျားဖောင်စီးဆိုတဲ့ စကားကို သတိမိသွားတယ်။
amatmin
March 21, 2013 at 11:10 am
ဖတ်ပီးစိတ်မောသွားတယ် ကိုရင်မိုးတိမ်.ရေ
ဘော်ဒါတွေ ပင်လယ်ပြင်မှာ စီးပွားရှာရတာ မလွယ်မှန်းသိပေမဲ့..
အဲ့လောက်ထိ မမြင်မိဘူးရယ်..
တကယ့်ကို ကွက်ကွက်ကင်းကင်းကြီး ကိုယ်ချင်းစာလို့ ရပါ့ဗျာ..
ကိုယ်ဘော်ဒါဒင်းတို့များ ပြန်ရောက်လာရင် သောက်ဖို့ စားဖို့ ကဲဖို့ပဲ တွေးနေတတ်တာ..
ဒီတခါတော့ သူတို့ဘဝကိုလည်း မြင်တတ်ပါဘီ..
ကြောင်ဝတုတ်
March 21, 2013 at 11:46 am
အော်… အစ်ကိုကြီးကိုမတ်ကြီးတောင် တွင်းတူးနေရာက အမြင်မှန်ရစပြုလာပြီပဲ…
သာဓုပါဗျာ… သာဓုပါ… သာဓုပါ…
ခင်မင်လျက်-
ဖက်ဖက်ကက်
MAUNG
March 21, 2013 at 11:27 am
ညွတ်ချွတ်ဖျား အတော် ကြောက်စရာကောင်းတဲ့ မုန်းတိုင်းပါ လား။ အသက် နဲ့ရင်းပြီး အလုပ်လုပ် ရတာကို၊ ကိုယ်ချင်းစာပါ တယ်ဗျာ။ သေချာတာ တစ်ခုကတော့ မိဘကို လုပ်ကျွေးတဲ့ သူတွေဟာ လွယ်လွယ်နဲ့ ဘယ်တော့မှ ဒုက္ခ မရောက်ပါဘူး ။ တစ်ခြား အတွေ့ အကြုံကောင်း လေးတွေရှိရင် လဲ ရှယ်ပါဦး ။ စောင့်မျော် အားပေးနေပါတယ်
P chogyi
March 21, 2013 at 11:30 am
ဖတ်လို့တော့ကောင်းပါတယ် ဒါပေမဲ့
“ အိုမင်နိုင်ငံအောက် သမုဒရာထဲတွင် သွားနေသော သဘောင်္တစ်စင်း” ဆိုတော့
ရေငုပ်သင်္ဘောလား
ဒါမှမဟုတ် အိုမင်နိုင်ငံ မြေကြီးအောက်မှာ မောင်းတာလား
ရွှေတိုက်စိုး
March 21, 2013 at 11:33 am
ကိုရင်စည်သူရေ ကောင်းတယ်ဗျာ…
တကယ့် ရုပ်ရှင်ကားတကားကို ကြည့်နေရတဲ့အတိုင်းပါပဲ… ကိုယ်ပါ အဲဒီ သင်္ဘောပေါ်ရောက်သွားသလိုပဲဗျာ..
တကယ်ကြုံတွေ.ရသူတော့မသိဘူး…….စာဖတ်နေရင်းနဲ. ခြောက်ခြားလာတယ်ဗျာ..
ခေါင်းဆောင်တစ်ယောက် ရဲအမှားဟာ ဘာမှမဟုတ်ပေမယ့် သူလက်အောက်ငယ်သားတွေ အသက်စွန်.ရမယ့်အဖြစ် က တော်တော် ရင်နာဖို.ကောင်းတယ်ဗျာ… တော်သေးတာပေါ့ အတွေ.အကြုံရင့် သူပါလာပေလို.ပဲ….
ကိုရင်စည်သူရေ ဒီပို.စ်လေးကို မြန်မာနိုင်ငံ ပြန်ရောက်လို.သင်္ဘောဆင်းရင် ဗီဒီယို ရိုက်ဗျာ… မိုက်တယ်..
ကြောင်ဝတုတ်
March 21, 2013 at 11:51 am
ရန်ကုန်မြစ်ထဲမှာ လှေလေးပေါ်မှာ စက္ကူပုံးလေးတွေတင်ပြီးတော့ရိုက်မှာလားဟင်…ဟိ…
ကထူးဆန်း
March 21, 2013 at 11:42 am
မုန်တိုင်း အဖျားခတ်ရင်တောင် လူးလိမ့် အောင် ခံနေရတာ ။
သဘောင်္တစ်ဘက် ကနေ တစ်ဘက် ရေလှိုင်းတွေ ကျော်သွားတာ
သဘောင်္ က လှိုင်းထဲ တိုးဝင်တော့မလိုဖြစ်နေတာ
သဘောင်္ ပန်ကာကြီး ရေထဲ ကနေလွတ်သွားပြီး တဂီးဂီး နဲ့ အော်
လှိုူင်းပုတ်လိုက်လို့ သဘောင်္ဆန့်ငင် ဆန့်ငင် ဖြစ်တာ ။
သမုဒ္ဒရာ ထဲမှာ သဘောင်္ကြီးတွေ ဆိုတာတောင် ကလေး ကစားစရာလိုဖြစ်နေတာတွေက
တကယ်တော့ သဘောင်္လိုက်ဖူးသူများသာ သိတာပါ ။
လူကလည်း သိုင်းကွက်နင်းလျှောက်ရ ဘေးတန်းကိုင်လျှောက် ရနဲ့
ထမင်းစားရင် ပုဂံ ကိုင်ထား ။ တစ်ခါတစ်လေ လူပါ မြောက် သွား ပြန်ကျတာ ပါးစပ်နဲ့ ထမင်းလုပ် လွဲခဲ့တာ တွေ ။ သိတဲ့ သူ နည်းမှာပါ ။
သဘောင်္သီးတွေ မကောင်းတာလုပ်တာတွေဘဲ သိကြတာ လေ … သဘောင်္သီးတွေက လည်း အဲ့ဒါဘဲ အရသာ ခံ ကြွားကြတာ ကိုး ….. ဟိဟိ .. :kwi:
Mr. MarGa
March 21, 2013 at 12:49 pm
သဘောင်္သားတွေရဲ့ ဘဝနဲ့ တွေ့ကြုံခံစားရပုံတွေပါလား
တကယ် မလွယ်ပါလားနော်
တကယ့်တကယ် ကိုယ်တွေ့ကြုံရင်
ကျွန်တော်တို့ အဲဒီလောက်တောင် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုုင်ပါ့မလား မသိဘူး
Moe Z
March 21, 2013 at 12:59 pm
ဒီစာကိုရေးနိုင်တယ်ဆိုကတည်းကမုန်တိုင်းထဲကထွက်လာနိုင်ခဲ့တယ်လို့တော့ သိပေမယ့် ရင်တထိတ်ထိတ်နဲ့ဖတ်ရတာ ..ဘေးအန္တရာယ်ကင်းပါစေဗျာ
အော်ဇီဝင်းကတော့ ကိုရင်စည်သွပ်မဟုတ်ဘူးမလား..
Foreign Resident
March 21, 2013 at 1:05 pm
အခု ဇတ်လမ်းက ကိုရင်စည်သူ ရဲ့ ဇတ်လမ်း မဟုတ်ပါဘူးကွယ် ။
သူ ကူးလာတာပါ ၊ အောက်မှာ သူ credit ပေးထားပါတယ် Ozzy Win တဲ့ ။
ကရင်စည် ရေ ။
ဒီကိစ္စမှာလဲ ၊ သူကြီး အပြစ်ပဲပေါ့လေ ။
သူကြီး က ETA နောက်မကျ ၊ Schedule အမှီ ရောက်ချင်နေတာကိုး ။ အင်းးးး ။
ပြီးခဲ့တဲ့ လ ပိုင်းကပဲ ဖီလစ်ပိုင် နားမှာ သင်္ဘောနစ်ပြီး ၊
ဗမာ ၁၄ ယောက် သေသွားတာ ၊ အဘ အသိတွေ တော်တော် ပါသွားတယ် ။
အဲဒီ Company မှာ ၊ အဲဒီ Cargo ကိုပဲတင်ပြီး ၊ အဲဒီ Route အတိုင်းပြေးနေတဲ့ ၊
အဲဒီ Company သင်္ဘော က ဆင်းလာတဲ့ Captain တစ်ယောက် နှင့် စကားပြောခဲ့တယ် ။
အဲဒီမှာမှ ၊ အဲဒီ သင်္ဘော နစ်တဲ့ ကိစ္စ ကို သေချာသိလိုက်ရတယ် ။
သင်္ဘော နစ်ရတာ အဓိက ၃ ချက်ပေါ့နော် ။
၁ ။ Cargo Liquification ( ကုန် အရည်ပျော် သွားခြင်း )
၂ ။ Main Engine Failure ( စက်ပျက် သွားခြင်း )
၃ ။ Heavy Weather ( လှိုင်းကြီး ခြင်း )
အဓိက အဆိုးဆုံး ကတော့ ၊
Cargo Liquification ( ကုန် အရည်ပျော် သွားခြင်း ) ပေါ့ ။
Heavy Weather မှာ စက်ပျက်တယ် ။ လှိုင်းဒါဏ် ကို Broad Side ခံလိုက်ရတယ် ။
လှိုင်းရိုက်တဲ့ ဒါဏ်ကို ၃ ချက်ပဲ ခံလိုက်ရတယ်တဲ့ ။
ပထမ တစ်ချက်မှာ သင်္ဘော ၅ ဒီဂရီ စောင်း သွားတယ် ။
ဒုတိယ တစ်ချက်မှာ သင်္ဘော ၁၅ ဒီဂရီ စောင်း သွားတယ် ။
တတိယ တစ်ချက်မှာ သင်္ဘော တုံးလုံးလဲပြီး နစ်သွားတယ် ။
သူကြီးလည်း TML ( Transportable Moisture Limit ) ကိုသိတာပေါ့ကွယ် ။
ဒါပေမယ့် ၊ သင်္ဘော Owner နှင့် Cargo Owner က တစ်ယောက်တည်းတဲ့ကွယ် ။
ဆိုလိုတာက ဒီ ကုန် ကို မတင်ရင် / ငြင်းရင် ၊ သူကြီး အလုပ်ပြုတ်မယ်ပေါ့ကွယ် ။
( အဲဒီ လိုင်းမှာ သူကြီး လစာ က ၈၀၀ဝ တဲ့ )
အဲဒါ နှင့်ပဲ ၊ အဲဒါ နှင့်ပဲ ။
ကိုယ့် အလှည့်ကျရင် / ကိုယ် သူကြီး ဖြစ်ရင်သာ ၊
ဘာလုပ်ကြမလဲ ၊ စဉ်းစား / ပြင်ဆင်ထားပါကွယ် ။
အဘ ဆိုရင်တော့ မလုပ်ဘူးလို့ စဉ်းစား မိတာပဲလေ ။
သို့ပေမယ် ၊ အဘ မှာက လုပ်ကိုင် ကျွေးမွေးရမယ့်လူ မှ မရှိပဲကိုး ။
အဘ ကို လုပ်ကိုင် ကျွေးမွေးမယ့်သူလည်း ရှိနေတာကိုး ။ မာ နိုင်တာပေါ့ ။
အခု ဆုံးသွားတဲ့ သူကြီးမှာက မိန်းမ နှင့် ကလေး ၂ ယောက် ရှိတယ် ။
အင်းးးးးး ၊ သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ။
မိုက်ကယ်ဂျော်နီအောင်ပု
March 21, 2013 at 1:52 pm
( ကိုယ့် အလှည့်ကျရင် / ကိုယ် သူကြီး ဖြစ်ရင်သာ ၊
ဘာလုပ်ကြမလဲ ၊ စဉ်းစား / ပြင်ဆင်ထားပါကွယ် )
ကိုရင်စည်သူ
March 21, 2013 at 3:08 pm
အဘဖောရေ.. အခုလို မအားတဲ့ကြားက လာပြီး ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက်..
ဖတ်ရင်းနဲ့ ဝမ်းသာမိပါတယ်။ ဖားကျွန်းနားမှာ မြုပ်သွားတဲ့ သင်္ဘောသားတွေအတွက်
သတင်းရရခြင်း စိတ်မကောင်းပါ။ Abandon Ship တောင် သူရို့မှာ လုပ်ချိန်မရ
လိုက်ပါလားလို့..။ တဆက်တည်း အစိုးရရဲ့ သင်္ဘောသားတွေအပေါ် တားထားတဲ့
ကြိုးနီ စနစ်တွေကို လျော့ပေါ့ပေးစေချင်ပြီ။ 👿
အရင်တုန်းက သက်ကုန်တော့မယ် သင်္ဘောနှင့် ကုန်၊ သဘောင်္သားတွေကို
insurance တွေအများကြီးတင်ထားပြီး မုန်းတိုင်းထဲမှာ မြုပ်ပစ်တဲ့အပြင် လစာမမှန်တာ၊ ဘာညာတွေတော့
သဂျီးနဲ့ စီးပွားရေးသမားတွေရဲ့ အရင်းရှင်စနစ်တွေကို ခံဖူးတဲ့လူတွေတော့
ကောင်းကောင်းသိမှာပါ။ သင်္ဘောကုမ္ပဏီတွေက သူရို့အကျိုးစီးပွားပဲ ကြည့်ကြတော့
တကယ်လို့များ ကိုရင်သာ အဲ့သဂျီးနေရာမှာဆိုရင် သူလိုပဲ လုပ်ရမှာပါ။ 🙄
အဘလိုတော့ မာနိုင်မယ်မထင်ပါဘူး..။ သင်္ဘောသား သင်္ဘောတက်အလုပ်လုပ်နေတုန်းသာ ငွေရလို့သာ မာမာနေရတာ၊
အလုပ်ပြုတ် ဂုတ်စုတ် မလုပ်တတ်တော့ရင် မိန်းမနဲ့ကလေးတွေတောင်
လူပိုကြီးထင်ချင်ထင်မှာ..။ ၁ဝလထဲဝင်နေပြီ..။ ဘယ်သူမှမလေးစားလဲ..
ကိုယ့်ကိုယ်လေးစားသောအားဖြင့် ကိုယ့်ရွေးချယ်ခဲ့တဲ့လမ်းကို ကိုရင်တော့
ဆက်လျှောက်လိုက်ဦးမယ်.. 🙂
အင်းးးးးး ၊ သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ။ (ခွက်ဒစ်တူ.. အဘဖော)
kai
March 22, 2013 at 1:48 am
ကံဆိုတာ လူလုပ်သမျှ… တဲ့..
ဆိုတော့…
ကုန်နဲ့သင်္ဘောပိုင်ရှင်.. တနေ့သောအခါက.. မနက်လမ်းလျှောက်ရင်း ခွေးလေးတကောင်က သူ့ကိုထိုးမဟောင်လိုက်ဖူးဆိုရင် ဒီလိုဖြစ်ကြမှာမဟုတ်..
တကယ်တော့ ခွေးပါပီလေး သူ့ကိုဟောင်တယ်ဆိုတာကလည်း.. သူ့အပေါ်လာနားတဲ့ လိပ်ပြာလေးကို လန့်ပြီးဟောင်တာပါတဲ့..
အိုဘယ့်..
ကံ.. ဘုရားသခင်အလိုတော်နဲ့.. ခေးယော့စ် သီအိုရီ… :kwi:
=
The Butterfly Effect – Windows to the Universe
http://www.windows2universe.org/physical_science/…/Butterfly.htm...
Nov 16, 2005 – The tiny amount of air moved (or not moved) by the butterfly may set off a chain reaction which could effect weather all over the Earth. This is …
TTCG
March 22, 2013 at 4:46 pm
What does “Cargo Liquifaction” mean?
Foreign Resident
March 22, 2013 at 7:06 pm
“ Cargo Liquification ” ဆိုတာ ၊
တင်လာတဲ့ ကုန် ( ရေစိုနေတဲ့ မြေကြီးတုံး တွေ ) ဟာ ၊
လမ်းမှာ သင်္ဘောစက်ကလှုပ် ၊ လှိုင်းကလှုပ်ခါပေးနေတော့ ၊
တစ်ဖြေးဖြေး အတုံး အခဲ ကနေ ရွှံ့ရေ အဖြစ် ပြောင်းသွားတာပါ ။
အဲဒီလို ရွှံ့ရေ အဖြစ် ပြောင်းသွားပြီဆိုရင် ၊ ပြဿနာက ၊
၁ ။ သင်္ဘော ညာဖက် နဲနဲ စောင်းသွားရင် ၊
အဲဒီ ရွှံ့ရေတွေက ညာဖက်ကို နဲနဲ စ စီးသွားတယ် ။
၂ ။ အဲဒီလို ရွှံ့ရေတွေက ညာဖက်ကို ထပ် စီးသွားတဲ့ အတွက် ၊
သင်္ဘော ညာဖက်ကို များများ ပို စောင်းလာတယ် ။
၃ ။ အဲဒီလို ၊ သင်္ဘော ညာဖက်ကို များများ ပို စောင်းလာတဲ့ အတွက် ၊
ရွှံ့ရေတွေက ညာဖက်ကို များများ / မဟားဒယား ကို စီးလာတယ် ။
၄ ။ အဲဒီမှာ သင်္ဘောက ညာဖက်ကို ပက်ပက် စက်စက် ကို စောင်းကျသွားရော ။
၅ ။ အဲဒီလို နှင့် သင်္ဘောကို မမှောက် မချင်း ဆွဲလှဲပြစ်ပါတယ် ။
အဲဒါကို အဘ တို့က Free Surface Effect လို့ ခေါ်ပါတယ် ။
kyeemite
March 21, 2013 at 2:55 pm
ကရင်စည်ရေ…
မုန်တိုင်းကကြမ်းကြမ်း လှိုင်းထန်လေထန်ကြားက
ဘဝကိုရုန်းကန်နေတာကို ဖတ်ရတော့ ရင်ထဲမကောင်းဘူး
ဒါပေမဲ့ ဘဝဆိုတာ ထာဝရ မုန်တိုင်းထန်မနေပါဘူးလေ…
မုန်တိုင်းပီးရင် လေပြေလေညှင်းလေးတွေ လာမှာပါ…
သင်္ဘောသီးကနုနု
သင်္ဘောကြီးကလုလု
ဒေါ်လာတွေကစုစု
ချစ်သူလေးကပြုစု
မိဘတွေက တယုယု
ဘော်ဒါတွေက ဂလု..ဂလု..(ရေးရင်းတောင်သောက်ချင်လာပြီ :harr: )
ပြန်လာရင်ဂလုဖို့စောင့်နေမယ်နော…
ခင်တဲ့..
ကြိုက်မီး။
ဗုံဗုံ
March 21, 2013 at 3:41 pm
ဒီလိုအန္တရယ်မျိုး ကိုရင် မကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ်ရှင်
uncle gyi
March 21, 2013 at 10:31 pm
ကြုံတဲ့သူဘယ်လိုခံစားရမယ်မသိဖတ်ရတာနဲ့တင်အတော်မောသွားတယ်
ပေးရေတခွက်
ရှောင်လို့ရရက်သားနဲ့ဝင်တိုးတဲ့သူကြီး
ဘယ်သူနဲ့တူပါလိမ့်
min min san
March 21, 2013 at 10:40 pm
ko yin
look scary but in the end safe!
wish that you will never face this kind of situation !
padonmar
March 22, 2013 at 1:08 am
ဒို့ကိုရင် ဒါမျိုးဘယ်တော့မှ မကြုံရပါစေနဲ့။
အော်ဇီဝင်းကိုတော့ ချီးကျူးပါတယ်။
သူတော်တော် စိတ်ဓာတ်ခိုင်မာတာပဲနော်။
MaMa
March 22, 2013 at 7:14 am
သဲထိတ်ရင်ဖိုဇာတ်လမ်း ဖတ်ရတာထက်တောင် ရင်တထိတ်ထိတ်ဖြစ်ရသေးတယ်။
(အခန်းထဲရောက်ရောက်ချင်းပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်တော့ ဘာမှ မမြင်ရသေးပါ….. ) ဆိုတော့ အသက်ဘေးက လွတ်တာ ဟုတ်ရဲ့လားလို့ စိတ်ပူသွားတယ်။
(အကြောင်းမှာ ကျွန်တော့ အခန်းပြတင်းဝတွင် မှုန်တိုင်းနှင့်အတူပါလာသော…. အသက်ကယ်အင်းကျီကြီးတစ်ခု လာကပ်နေသောကြောင့်ဖြစ်သည်…) ဆိုတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။
ရုပ်ရှင်တွေထဲ ဝတ္ထုဇာတ်ကောင်တွေထဲ ကနေ သိထားတဲ့ သဘောင်္သီးအင်းမေ့ချ်နဲ့
တကယ့်လက်တွေ့သဘောင်္သီးတွေရဲ့ အင်းမေ့ချ် တခြားစီပါပဲလား။
အန္တရာယ်ကင်းပါစေ သဘောင်္သီးကိုရင်ရေ။