တစ်ခန်းရပ်
18th June 2006
“မိုင်ခိ”
“အင်း::”
ဖြိုးခေါ်သံကို အင်း လိုက်ပြီး ရေ လက်စ ပိုက်ဆံ ဆက် ရေ နေလိုက်တယ်။
“ဟဲ့၊ ငါ ခေါ်နေတာ မကြားဘူးလား။”
ဒီကလေးမလည်း ပြောမှာဖြင့် ပြောတာမဟုတ်။ စိတ်ရှုပ်ပြီး သူ့ကို ဘာသဘောလည်း မေးဆတ်ပြလိုက်တော့ မျက်စောင်းဒဏ် အရင်ခံလိုက်ရသေးတယ်။။
“ဒီမှာပြောမလို့ဟာကို နင့်ပိုက်ဆံတွေက နောက်မှ ရေ လေ။”
ဘယ်လောက်ရောက်နေပြီလို စိတ်ထဲမှတ်ပြီးမှ……
“ပြောလေကွယ်၊ ရေ နေရင်းနားထောင်လို့ရတာပဲ။”
“ဟိုကောင် မိန်းမယူတော့မယ်တဲ့။”
ရုတ်တရက် ကိုယ့်နားတွေ အူသွားသလိုပဲ။ မျက်လုံး က ဘာမှ မမြင်ရတော့။ ပိုက်ဆံတွေ ဘယ်လောက်ရောက်သွားပြီလဲ စိတ်က လွတ်သွားတယ်။
သတိနဲ့ပြန်ထိမ်းပြီးသာ ဆက် ရေ နေမိတယ်။ ဘယ်လောက်မှန်းတော့မသိတော့။
လုပ်နေကျအတိုင်း အသက်ကို မှန်မှန်ပြန် ရှု/ထုတ် လုပ်မိတော့ လက်ရှိအချိန်ကို စိတ်ပြန်ရောက်လာတယ်။
ဘယ်ဘက်ရင်ဘတ်ထဲက မီးစနဲ့ထိုးသလိုပဲ။ မဆီမဆိုင် စာအုပ်တွေထဲက တင်စားချက် တွေ သွားသတိရလိုက်သေးတယ်။ တကယ်ဆိုတာလည်း လက်ခံလိုက်ရတယ်။
“ဟဲ့။ ဪ….။ မတုန်မလှုပ်နဲ့၊ ငါ ပြောတာကြားသလား။”
“ကြားပါတယ်၊ ဖြိုးရယ်…။ ရော့။ ပိုက်ဆံပြန်စစ်လိုက်ဦး။”
“ထားပါ..။ ဒါက အရေးမကြီးပါဘူး..။ နင် ဘာမှ မဖြစ်ဘူးလား..။ ငါ ကျုံးဘေး လိုက်ပို့ရဦးမလား။ အားရပါးရ ငိုရအောင်လေ။”
“ဟင်းဟင်းဟင်း”
ကိုယ့် ရီသံ ကို ကိုယ် ပြန်လန့်သွားတယ်။ ရီ နိုင်သေးတယ်ကိုး။
ဖြိုးက အသဲကွဲတတ်လွန်းလို့ သူ့ ကို ကိုယ် နှိပ်ကွပ်နေကြ စကားကို ဇွတ်ယူသုံးသွားတာ ရီချင်လို့။
“ဟယ်။ ရီနိုင်တယ် ဟုတ်လား….။ ဒါဆို အဲ့ကောင်ပြောတာမှန်တာပေါ့။ နင် ဒီသီတင်းကြားလည်း အရီ အပြုံး မပျက်နေနိုင်ဦးမှာပဲတဲ့။ တကယ်ပဲ။ နင် တို့ ၂ ယောက်တော့။ မနိုင်ဘူး။”
“ဟားဟားဟား”
ဒုတိယ အကြိမ်။ ဒီ တစ်ခါတော့ အော်ရီမိတာပဲ။။
“ဖြိုးရယ်။ ငါ မ ရီလို့ ငို ရမှာလား။ ငါ တို့ ခန့်မှန်းပြီးသားပဲဟာ…..။
မှန်းထားတဲ့ အချိန်ထက် စောနေတာပဲရှိတယ်။ ငါ ပြောဖူးပါတယ်။
သူ အရင် မိန်းမ ယူရင် ယူ။ မ ယူရင် ငါရင်လည်း ယောင်္ကျားယူပါမှ လို့။
ဒါမှ ဒီ ဇာတ်မြောကြီးက လွတ်မှာလေ။ ခု ငါ ယူစရာမလိုပဲ သူ အရင် ယူသွားပြီ။ နင် တို့ ဝမ်းသာရမှာလေ။ မဟုတ်ဘူးလား။”
“အေးပါ။ ငါ တို့ သူငယ်ချင်းတွေ အတွက်တော့ ဝမ်းသာစရာပေါ့။ ငါ က ဒီ သီတင်းကြားရင် နင် တစ်ခုခု မူပျက်မယ်မှတ်နေတာ။”
ကမ႓ာပျက်သွားတယ်လေ။ ရင်ထဲမှာ မို့ ဘယ်သူမှမသိလိုက်တာပါ။ စိတ်ထဲကပဲပြောရင်း…..
“ဖြိုးရေ၊ ငါ ပြန်တော့မယ်။ ဒီ နေ့ မေနဲ့ ဖေ ရောက်မယ်ကွယ်။ မနက်ဖြန် စာသင်ချိန်တွေ အစားဝင်ပေး။ သဘက်ခါမှ ပြန်လာတော့မယ်။”
“အေး။ သွားဟေ့။ အသည်းနှလုံးမရှိတဲ့ မိန်းမရဲ့။”
“ငါ့ကို နင့်လိုမှတ်လို့။ ဆဲ မနေနဲ့။ ပိုက်ဆံတွေ သိမ်းပြီး ဒီ သီတင်းလေး ကျန်တဲ့ ဟာတွေ ဆီ ဖြန့်လိုက်ဦး။ ဝမ်းသာရအောင်။”
ဖြိုး ကို သာ အနိုင်ပိုင်းပြောခဲ့ပြီး ပြန်လာတာ။ လမ်းတလျှောက် စိတ်ဗလာနဲ့ အိမ်ကို ဘယ်လို ပြန်လာမိမှန်းမသိ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ် ကို ရောက်တော့ မေ က အပြုံးလေးနဲ့ ပြေးဖက်တယ်။
“ပြောစမ်း၊ ဒီနေ့ ဘယ် တပည့်တွေကို ရိုက်ခဲ့၊ ဆူခဲ့တုန်း” ကျီစားနေကြ အတိုင်း ပဲ မေးတာလေ။
ကျောင်းပြီးတော့ ကိုယ် ဂျီတီအိုင်တန်းကို စာသင်ဖြစ်တယ်။
ကိုယ်တပည့်တွေက ကိုယ့်အရပ် ၂ ပြန်လောက်နဲ့ ဆရာမကို မလေးစားမှာစိုးလို့ မာမာထန်ထန်နေရတာကို မေ က အမြဲ စ နေကျ။
ကိုယ် ပြန်မဖြေဖြစ်ပဲ ပြုံးပြလိုက်တယ်။
“သမီး ဘာဖြစ်လဲ။”
“ဟင်! ဘာဖြစ်လို့လဲ မေ။”
“ပြုံးတာမှာ မျက်လုံးကျန်နေတယ်။ ဘာဖြစ်လာတာလဲ။”
အဲဒါ ကိုယ့် မေမေပဲ။ ဘယ်သူမှ မသိတဲ့ ကိုယ့်အပြုံးနောက်ကို မြင်နိုင်တယ်။
“ဟုတ်တယ်။ ဒီနေ့ သီတင်းတစ်ခုကြားခဲ့တယ်။ သမီးကလွဲရင် အကုန်ပျော်မဲ့ သီတင်းမျိုးပေါ့။ ဒေါ်နယ်လေး မိန်းမ ယူတော့မယ်တဲ့”
(သူ့ကို နှုတ်ခမ်းထော်ထော်လေးမို့ ကိုယ့် အိမ်က donald duck လို့ ချစ်စနိုးခေါ်ကြတာ။)
ဒီစကားကိုလည်း အပြုံးမပျက်ပြောလိုက်တာပါ။ မေ က ကိုယ့်ကို ဖက်ပြီးတော့မှ …..
“ဝမ်းသာပါတယ်လို့ တော့ မပြောရက်ပေမဲ့ မေ့ စိတ်ထဲက အပူက ခုမှပဲ အေးသွားတယ် သမီးရယ်။ သူ့ကို ဘယ်လောက်ချစ်တယ်ပြောပြော၊ သူဆိုးတာကို ဘယ်လောက်သည်းခံနိုင်တယ်ပြောပြော ကိုယ့်သမီး က သူငယ်ချင်းအဆင့်ကနေ ဘယ်အချိန်အဆင့်တိုးပေးမလဲ ရင်ပူနေရတာလေ။
သမီး ဒီအချိန် စိတ်ထိခိုက်လည်း ခဏပါ။ အပိုင်မလိုချင်တဲ့ အရာ သူများနောက်ပါသွားတယ်လို့ပဲ သဘောထားလိုက်ပါကွယ်။ခု မိုးကုတ်ပြောင်းမှာ လိုက်ခဲ့လိုက်။ စိတ်ပြေလက်ပျောက်။ မေ့ နားမှာရှိရင် စိတ်ညစ်တာသက်သာတယ်ဆို။”
ကိုယ် စိတ်ညစ်နေကြားက ရီချင်သွားတယ်။ ဒါဆို ဒီ ဇာတ်လမ်းမှာ ကိုယ် ငို လို့ မရတော့ဘူးပဲ။ ရပါတယ်လေ။ လက်ခံရုံပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့် စာသင်တန်းက ခွင့်ယူပြီး မိုးကုတ်ကို လိုက်သွားတယ်။ ပထမရက်တွေကတော့ ပစ္စည်းတွေအရွှေ့အပြောင်းနဲ့ စိတ်အေးလက်အေး စိတ်ညစ်ချိန်မရခဲ့။
အလုပ်တွေ ရပ်လိုက်တိုင်း ရင်ထဲမှာ နာနေတာတော့ သတိထားမိနေတယ်။
နောက်တစ်ရက်တော့ ဖြိုး ဖုန်းခေါ်တယ်။
“မိုင်ခိ။ နင့် ကို ဖုန်းဆက်ပါတဲ့…. ဟိုကောင် မနေ့က ဖုန်းဆက်သဟဲ့။”
“ဟင်။ ဒီ ဖေဖေ့ ဖုန်းနံပတ် သူလည်း သိတယ်လေ။ သူ ဆက်လို့ ရတာပဲ။”
“ဟာ။ နင်ကလည်း မကပ်ပါနဲ့တော့ဟာ။ သူက နင် စိတ်ကြည်ကြည်လင်လင်နဲ့ ဖုန်းဆက်တာမျိုးဖြစ်စေချင်တာတဲ့ဟ။ နောက်ဆုံးအကြိမ် လိုက်လျောလိုက်ပါအေရဲ့။”
“အေးပါ။ ဆက်လိုက်မယ်။ ခဏနေ။ ခက်တယ်အေ။ ခုထိကို ငါ့ ကို အနိုင်ရချင်တုန်းပါလား။”
“ဟင်း။ နင်တို့ ၂ ယောက် အဲ့ဒါတွေနဲ့ မဖြစ်လိုက်၊ ပြတ်လိုက်၊ မဖြစ်လိုက်၊ ပြတ်လိုက် ဖြစ်နေကြတာ။ ဒါပဲ။ ဖုန်းသာ ဆက်လိုက်တော့။”
အဲဒါနဲ့ ကိုယ်လည်း အလွတ်ရပြီးသား နံပတ်လေးကို လက်က နှိပ်မလို့လုပ်နေရင်း မျက်လုံးထောင့်စွန်းကနေ မေမေ့ရဲ့ စိုးရိမ်မကင်း ကြည့်နေတဲ့ ပုံစံကို သတိထားလိုက်မိတယ်။
အကျင့်ပါနေကြအတိုင်း လှမ်းပြုံးပြလိုက်ပြီးမှ ……
“စိတ်မပူပါနဲ့ မေရဲ့။ ကောင်းမွန်အေးဆေး ပြောမှာပါ။ စိတ်ကို အရှည်ဆုံးဆွဲဆန့်ပြီးမှ ပြောမှာနော်။ ဒီနားမှာပဲနေ။ သိလား။”
မေ က ဘာမှမပြောပဲ ခေါင်းပဲ ညိမ့်ပြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နံပတ်တွေနှိပ်ရင်းနဲ့မှပဲ တွေးမိတယ်။
ဒီ လေးနှစ် အတွင်း ကိုယ်တို့ စကားကောင်းကောင်း ဘယ်နှစ်ခါပြောဘူးပါသလဲ။
နေ့တူနံတူ၊
ခေါင်းမာတယ်၊
စကား အတင်မခံတတ်၊
ငြင်းပြီဆိုလည်း နိုင်ရမှ၊
ရွဲ့တတ်တာကလည်း ဒီ ၂ ယောက် အပြင်မရှိ…
စိတ်တိုလွယ်..
ထင်ရာစိုင်း..
… စတဲ့ မကောင်းတာတွေ တော်တော်များများ တူတာမှာ သူ က ဒေါသဖြစ်တဲ့အချိန် အရမ်းငြိမ်သွားတတ်ပြီး ကိုယ်က ပေါက်ကွဲပြီး သူများ စိတ်နာအောင်ပြောတတ်တာမှာ ပဲ ကွာတယ်။ မိသိဘသိ၊ ရပ်သိရွာသိ ရန်ပွဲတွေကလည်း အားကြီးပဲကိုး။
စကား ပြောရင်း ၂ ခွန်းမပြည့်ခင်မှာပဲ စငြင်းရတတ်ပေမဲ့ တစ်ဖွဲ့ထဲ သူမရှိ ကိုယ်လိုက်ရှာ၊ ကိုယ်မရှိ သူမနေတတ်မို့ သူငယ်ချင်းတွေကကို “တကျက်ကျက်နဲ့ တသက်သက်” လို့ ခေါ်ကြရတာ။
ကိုယ် တို့ ၂ ယောက် ၁ ယောက် ကို ၁ ယောက် ချစ်တယ်ဆိုတာ ဘယ်သူမှ မယုံချင်ချင်။
ကိုယ်တိုင်တွေကလည်း သံသယအသီးသီးနဲ့မို့ ဒီ သူငယ်ချင်း ဆိုတဲ့ အခြေအနေကနေ မတက်။
အချိန်တိုအတွင်း အတွေးကနောက်ပြန်သွားတာ ဟိုဘက်ကို ဖုန်းဝင်သွားမှပဲ စိတ်က လက်ရှိအချိန်ကို ပြန်ရောက်တယ်။
“ဟယ်လို”
မေသွယ် အသံပဲ။ သူ့ မေမေလေ။
“မေသွယ်”
“ဟင်။ သမီး ခိုင်။ သမီးလားဟင်။ သမီး သူငယ်ချင်း အကြောင်း ကြားပြီးပြီလား သမီးရယ်။”
မေသွယ် ပြောရင်း ငိုသံပါလာတယ်။
ကွယ်!!!!
ဘယ်လိုတွေတုန်း။ ခုထိ ကိုယ် ငို ကလှည့်ကို မရောက်သေးပါလား။ စိတ်မောလိုက်တာ။
“မေသွယ်။ မငိုနဲ့လေ။ ဒါ မင်္ဂလာကိစ္စပဲကို။”
“မေသွယ်မငိုချင်တော့ပါဘူး ခိုင်ရယ်။ သမီးကို လက်လွှတ်ရတာပဲ နှမြောတယ်။”
ဘုရား၊ ဘုရား ဒီစကား အကြားမှာ အော်ငိုချင်လာတယ်။ ကိုယ် သူ့ဆီက အမက်မောဆုံး အခြေအနေပါ။ မေသွယ် ကိုယ့် ကို တော်တော်ချစ်တာ လူတိုင်းသိတာပဲ။ ဖြိုးကတော့ မေသွယ်က နင့်ကို လူဆိုး ထိန်း ရာထူး လွှဲပြောင်းပေးချင်တာနေမှာတဲ့။ နောက်ပြောင်ပြောဖူးတယ်။
“စိတ်လျှော့ပါ မေသွယ်။ ဖြစ်လာတဲ့ အခြေအနေအတိုင်းပေါ့ ဘာတတ်နိုင်မှာလဲ။။”
“သမီး။ သူ့ တို့ အခြေအနေကို မသိသေးလို့ပါကွယ်။ မေသွယ် ရင်နာလွန်းလို့။ လည်လွန်းတဲ့ ဘီး ဘာဖြစ်ဆိုတာ ကိုယ့်သားကို မပြောချင်တော့ပါဘူး သမီးရယ်။”
အဲဒီ အချိန်မှာပဲ၊ ဖုန်းထဲကနေ ဟိုဘက်မှာ သူ့ အသံကြားလိုက်တာပဲ။
“အမေ။ ဘယ်သူ ဆက်တာလဲ။ ခိုင် လား။” တဲ့။
“လျှောက်ပြောမနေနဲ့နော်” တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခဏ နေတော့ သူ ဖုန်း လာ ကိုင်တယ်။
“ခိုင်။ ငါ ကလေးတစ်ယောက်ရပြီး မှ ဖုန်းဆက်ပါ့လားကွယ်။” ဒါ စစချင်းပြောတဲ့ စကားတဲ့လား။
“အင်း…။ ဒါဆို ငါ ဆက်တာ စောတာပေါ့နော်။ တော်သေးတယ်။ ကြားကြားချင်း ဆက်လိုက်မိရင် မှားဦးမှာ..”
“နင် … စကားအကောင်းပြောလို့မရဘူးလား။ ဒါ ငါ တို့ နောက်ဆုံးပြောရတဲ့ ဖုန်း ဖြစ်နိုင်တယ်မှန်း နင် သတိမထားမိလို့လား။”
“ဟ…။ အဲလို သတိထားမိလို့ ငါ စိတ်ကောင်းဝင်ပြီး နင့် ဆီ ဖုန်းဆက်တာမဟုတ်ဘူးလား။ ဘယ်သူက စ တဲ့ ရန်လဲ။”
“အေးပါ။ ဟုတ်ပြီ၊၊ ဒါဆို ငါ အရင် ပြောမယ်။ နင် လိုက် နားထောင်။”
စိတ်လျှော့။ စိတ်လျှော့။ ဒီ အချိန်လေးပြီးရင် တစ်ခန်းရပ်မဲ့ ဇာတ်လမ်း တစ်ပုဒ်အတွက် စိတ်လျှော့လိုက်လို့ ကိုယ့်ကိုယ်ကို သတိပေးထားလိုက်တယ်။
“ငါ ဩဂုတ် လ ထဲမှာ မင်္ဂလာဧည့်ခံပွဲလုပ်မလို့။ အဲဒါ ရန်ကုန်ကို နင်လာခဲ့။”
“မေမေရော၊ လိုက်လာနိုင်ရင် ခေါ်ခဲ့။”
“အဲဒီအချိန် နင့် ကျောင်းသားတွေ စာမေးပွဲ ပြီးပြီမဟုတ်လား။ ငါ့ ကောင်မလေးက အရမ်းသဝန်တိုတတ်တာ၊ သူမသိအောင် ငါ တွက်ပြီး အချိန်ကိုက်ထားတာ။ လာဖြစ်အောင်လာခဲ့။ ကြားလား။”
မကြားဘူး။ ဒီ လို မင်္ဂလာဆောင်ဖိတ်တာမျိုးလည်း တစ်ခါမှ မကြားဖူးဘူး။ စိတ်ထဲက ပဲ အော် မိလိုက်ပြီးတော့…
“အဲဒီ အချိန် ငါ အားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ မလာနိုင်ဘူးဟ။”
“သီလရှင်ဝတ်မှာလို့ ပြောထားတယ်လေ။ မေ့ပြီလား။ ခုမှ သတိရတယ်။ နင် က မင်္ဂလာဆောင်၊ ငါ က သီလရှင် ဝတ်ဆိုရင် အပြောခံရဦးမှာ။ ခက်ပြီကွယ်။”
“ငါ မှတ်မိပါတယ်။ မဝတ်နဲ့ဦးလေ။ ရန်ကုန်က အပြန်မှ ဝတ်။”
“ပိုဆိုးမှာပေါ့ဟာ။ နင်က လည်း အမိန့်ပေးချင်တုန်းပဲ။ မလာချင်ပါဘူးဟ။ နင့် မင်္ဂလာဆောင်ထဲ ငါ အော် ငို မိရင် ဘယ်လိုလုပ်မတုန်း။”
သူ ငြိမ်သွားပြီးမှ…..
“နင် ငိုတတ်ရင်၊ နင့်မှာ ငို စရာ မျက်ရည်ရှိရင် ငိုပေါ့ဟ။ နင် ငိုတာ ငါ ကြည့်ချင်ပါသေးတယ်။”
“စိတ်ကောင်းကောင်းထားပါကွယ်။ မိန်းမယူခါနီးကြီး။ သူများလည်း သိပ်မပြောပါနဲ့။ ဝဋ်ဆိုတာ လည်တတ်သတဲ့။”
“ဟားဟား။ မလည်တာ။ ခု ငါ့ ကောင်မလေးကလေ စိတ်ထား အရမ်း နု တာ။”
“မျက်ရည်က လွယ်သလားမမေးနဲ့။ ချော့ရတာ မောလို့။”
“ပြီးတော့ မာန်မရှိဘူး။ မာနမကြီးဘူး။ ပညာကတော့ နင်တို့ စံနဲ့ တိုင်းရင် မမှီဘူးပေါ့ဟ။”
“ငါ့ ကို တော့ တော်တော်သည်းခံတယ်။သိပ်ချစ်သတဲ့လေ။ ခဏ၊ ခဏ ပြောတယ်။”
“လှ လည်း အတော်လှတယ်။ မော်ဒယ်(လ) လေ။”
အဲဒီ နေရာ အရောက်မှာ ကိုယ် စိတ် တော်တော် ပေါက်ကွဲသွားပါပြီ။ ဒါ ကိုယ့် အားနည်းချက်ကို လာထိတာပေါ့။
“နင်က ချစ်စရာကောင်းတာကလွဲပြီး မလှပါဘူးတဲ့” သူ အမြဲ ပြောတဲ့ စကား.။
သူ အလှ ကြိုက်မှန်းလည်း ကိုယ်တွေ အသိ ဆိုတော့ …..
အင်း…… ကိုယ်ဘယ်စကား ကို နာကျင်မယ်ဆိုတာ သူ အသိဆုံးပေါ့လေ။ ခုချိန် ဝင်လိုက်တဲ့ စကားက ကိုယ့်အမှားဖြစ်တော့မယ်။။
“အင်းပေါ့။ နင် ကံကောင်းတာပေါ့ကွယ်။ အဆင်ပြေရင် ဓာတ်ပုံလေး ပို့ပေးလိုက်လေ။ တီဗီက ကြော်ငြာမှာတော့ မြင်ဖူးတယ်လေ။ လှပါ့။ နင် အရွေးတော်တာပေါ့။”
ကိုယ့် ကြားထားတဲ့ သီတင်းတွေ၊ ခုန က မေသွယ် ရင်ဖွင့်တာတွေကို စိတ်ထဲက ဖျောက်ထားပြီး ကောင်းကောင်းမွန်မွန်ပဲတုန့်ပြန်လိုက်တယ်။
“ခိုင်၊ နင့် စိတ်ထဲ တကယ် ဘာမှမဖြစ်ဘူးလားဟင်။ ဘာတစ်ခုမှ မခံစားရဘူးလား။”
“မဖြစ်ပါဘူး။ ငါ နင့် အတွက် တကယ် ဝမ်းသာပါတယ်။”
“ငါ့ ကို ဘာမှ ပြောစရာကို မရှိတော့ဘူးပေါ့နော်။”
“ဆုတောင်းပေးစရာရှိတယ်လေ။ တကယ် ဆောင်ဖြစ်တဲ့ အချိန်ကျမှ တကယ် တောင်းပေးမဲ့ ဆု ရှိသေးတယ်။”
“ဒါ ဆို ငါ့ ပြောစရာ စကားလည်း ကုန်ပြီ။ ဪ။ ဒါနဲ့ နင့် ကို ချစ်လှစွာသော သူငယ်ချင်းတွေကိုပြောလိုက်တော့။
ခုချိန်ကစပြီး နင့် နား ကပ်နေတဲ့ အကောင်တစ်ကောင်ကို သူတို့ အောင်မြင်စွာ ခွါနိုင်ပြီလို့။
မေမေ ရှိသလား။ မေ နဲ့ ပြောမယ်။”
ဘာဆိုင်လို့လဲ။ သူ့ဟာသူ အိမ်ထောင်ကျတာ ကိုယ့်သူငယ်ချင်းတွေ လုပ်လို့မှမဟုတ်ပဲ။
နောက်ပြီး ကိုယ့် သူငယ်ချင်းဆိုတာ သူ့သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား။
သူ ဆိုး လွန်းလို့ သူ့ကို ကိုယ့်အနားမနေစေချင်ကြတာပဲရှိတာပါ။ ကျန်တာ အကုန်လုံး ဘာမှ ပြောထားတာမဟုတ်ပါဘူး။
ကိုယ့် သူငယ်ချင်းတွေဘက်က နာ တဲ့စိတ်နဲ့ ပြန်ပြောမယ်လုပ်ပြီးမှ ကိုယ့် အပြောကို အမြန်ချွန်းအုပ်လိုက်မိတယ်။ အမှန်တော့ ပြိုင်ပြောချင်စိတ်လည်း မရှိတော့ပါလေ။
မေမေ့ကို ဖုန်းလေးလှမ်းပေးပြီး တဲ့ နောက် ကိုယ့် ခန္ဓာကိုယ်ထဲက ရှိသမျှ အားကုန်သွားသလိုပဲ လူ က မလှုပ်နိုင်တော့။
သိပြီးသား ဇာတ်သိမ်းတစ်ခုပဲလေ…… ။
ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာလဲ တွေးခဲ့ပြီးသား၊ သရုပ်ဆောင်ခဲ့ပြီးသားပဲ…။
ကျွံသွားတဲ့ အချစ်တစ်ခု ကို နှုတ်မရခဲ့တာကလွဲလို့ပေါ့။
ခုချိန်တော့ ဒီ ဇာတ်လမ်း တစ်ခန်းရပ်ပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
72 comments
GZ
March 21, 2013 at 8:25 am
ဟုတ်တယ်.. အပြုံးအစစ်တွေက နှုတ်ခမ်းကစတာမဟုတ် မျက်လုံးကစတာ..
ခေသူမဟုတ်..
ဘယာကြော်..(ဂလိုလေးလည်း ပင့်ပေးအုံးမှ)
(ပင့်ပီးဘီ ဆိုတော့ ခုတ်ပီ.)
ဇာတ်လမ်းက ဘာဂျီးဒုံး ..
Context က ဒီ့ထက်ပို များများပါသင့်တယ်..ထင်တာပဲ…
နောက်ခံအကြောင်းအရာ ပါးလျတယ် ထင်ရရဲ့..။အုံးကျွန်း လို့တော့ယူဆဒါဘာဘဲလေ..
နောက်ခံအကြောင်းအရာကို ကိုယ်က အလုံးစုံ သိနားလည်ပီးသားဖြစ်ပေမယ့်
ဖတ်တဲ့လူက ဘယ်သိနိုင်ပါ့မဒုံးကွယ်…။
စကားမစပ် ဂလိုဇာတ်မျိုး .. မော်ဒန်ရော့ခ် ဆြာသမားတယောက်ယောက်လက်ထဲ ရောက်သွားရင်
ဘိုဖစ်သွားမယ် ထင်သတုံး …. ။ နိကိုလည်း သတ်မယ် ..နာ့ကိုယ် နာလည်း သတ်မယ် ပီးရင်
မီုးခိုးဂျင်း ပေါင်းဂျမယ် …ဆိုပီး..သီချင်းတပုဒ် ထွက်ကျလာလတ္တံ့…
ဟီဟိ…
:byae:
KZ
March 21, 2013 at 8:58 am
အပြည့်အစုံရေးရရင် ဝတ္ထုရှည် တစ်အုပ်စာလောက်ရောက်သွားမှာပေါ့ဟဲ့။
:kwi:
ဇာတ်လမ်းကမှမထူးတာကို။
ဒီ ထက်ပို ရေးလို့ မရတော့ဘူး။
တစ်ခန်းရပ်ပါဆိုမှ။
ဒီ တစ်ခန်းကို ပဲဖတ်တော့။
ဒါလေး ရေးရတာကို နာ့ ဦးနှောက်လည်း တစ်ခန်းရပ်တော့မလိုဖြစ်နေတာ။
မီးခိုးချင်းပေါင်းမဲ့ထဲတော့ ဒီ တစ်သက် အားမပေးဘူး။
အချစ် ဟူ သည် ပြန်လည်ရှင်သန်တတ်သော အမျိုးအစား မဟုတ်တုံ့လော။
:harr: :harr:
ဦး ကျောက်ခဲ
March 21, 2013 at 8:29 am
ကိုယ်တိုင်ရေးပုံတူ ဖြစ်မယ်ထင်ရဲ့…
ဖူးစာဆိုတာဦးရာတဲ့… ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့တဲ့…
ကဲ… ဘယ်ဟာကိုရွေးမှာလဲ… ဘာကိုဖြစ်စေချင်တာလဲ…
ရှင်းရှင်းပြောဘာအေ…
လူဆိုးထိန်းတော့ မလုပ်ပါနဲ့… လူကြီးထိန်းပဲလုပ်…ဟီ ဟိ
:harr:
KZ
March 21, 2013 at 9:03 am
ရွေးခဲ့တယ်လေ။ သူငယ်ချင်းတွေဘက်။
ဖြစ်ခဲ့တယ်လေ။ ရန် တွေ။
ခုတော့ လူဇိုးထိန်းရာထူးမျိုးမလိုချင်တော့ ပဲ လူဇိုးပဲဖြစ်နေပြီ။
အချိလေး…….။
ကိုယ်ဟာ လူဇိုးလေးဘာ….။
:harr:
ဦးကြောင်ကြီး
March 21, 2013 at 9:43 am
စိတ်ရှည်ရှည်ထား သီးညည်းခံ ဖတ်လိုက်တယ်…။ မဆိုင်ပေမဲ့ ဆိုင်တာတခုပြောမယ်… ပိုက်ဆံပေးတဲ့အခါ ရော့ဆိုပြီးပြောပေးရင် အယူသည်းသူများ မနှစ်ခြိုက်ဘူး… အထူးသဖြင့် ဖဲဝိုင်းမှာ…။ ခိုင်ဇာလေး သိပ်ခံစားနေရရင် ဦးကြောင် အခြစ်ခံလိုက်ပါ…။ အစင်းရာ ထင်မကျန်စေရ.. :harr:
KZ
March 21, 2013 at 9:50 am
ဟယ်။
အောင်ကြူးရယ်။
စိတ်ရှည်သည်းခံဖတ်သွားတယ်ဆိုလို့ ကျေးဇူးပါ။
တင်ချင်လို့ကို တင်လိုက်တဲ့ ပို့(စ) မို့ ဝင်ဖတ်သွားတာကို တကယ် ကျေးဇူးတင်ပါကြောင်းရယ်။
:528:
ပိုက်ဆံနဲ့ ပတ်သက်ပြီးကတော့ ကျနော်တို့က အဲဒီ အယူမရှိဘူးဗျ။
နောက်ပြီး အဲဒါ ဖဲဝိုင်းမဟုတ်ဘူးဆိုတော့လေ။
ဒါပေမဲ့ မှတ်ထားမှပဲ။
ဘယ်သူတွေနဲ့ ရိုက်ဖြစ်ဦးမယ်မသိ ဆိုတော့ကာ။
:harr: :harr:
ဦးကြောင်ကြီး
March 21, 2013 at 10:22 am
အခြစ်ကြောင်းများ သိခဲ့ဘူး ငယ်စဉ်က (ခုချိန်ထိ) ခုအရွယ်မှာ.. ဒါကြောင့် သီးခံဖတ်ရတာပါ…။ ဦးကြောင်ဖတ်တာ အပစ်အခတ် အညှစ်အသတ် အကြမ်းအရမ်း အပွေ့အဖတ် အဟောအသော အညှီအဟောက်တွေကွဲ့….။ အဲသာမိုး ရေးချင်ဗူးလား… မင်းသမီးလေးက ရေချိုးဆင်းနေတုံး မင်းသားကြောင်ကြီးက ခွီး..ညောင်.. ဂရား.. ဆိုပီး.. ချောင်းနေရာကနေ စိတ်မထိန်းနိုင်ဘဲ တခါထဲ ခုန်အုပ်…. 😳
KZ
March 21, 2013 at 10:39 am
ကျန်း:::::
ပြောလို့မဆုံးခင် ဇာတိကပြလာပြီ။
အဲဒါမျိုး ရေးတတ်ဘူး။
မင်းသမီးက ကြောင်ကို ရေနှစ်သတ်တဲ့ ဇာတ်လမ်းမျိုးပဲ ရေးတတ်တယ်။
:harr:
ရာမည
March 21, 2013 at 12:07 pm
အရေးအသားများ ကောင်းလှပါသည်။
ပိုက်ဆံနှင် ့ပါတ်သက်သောအယူအဆများမှာ ကျွန်တော့်တွင်မရှိသလို ၎င်းအယူမျိုးကိုလည်း ခေတ်မမှီတော ့ဟူ၍မှတ်ထင်ပါသည် ။
အရောင်များထည် ့သုံးလို ့ရကြောင်းသိသော်လည်း
ကျွန်တော်မလုပ်တတ်သေးပါ ။
မွန်းမံမှုကောင်းသောရင်တွင်းဖြစ်ဟုထင်မိပါသည်ခင်ဗျာ
KZ
March 21, 2013 at 12:44 pm
ဒီ ကော်မန့်လေး အတွက် ကျေးဇူးတင်ပါတယ် ရာမညရေ။
:hee:
Mr. MarGa
March 21, 2013 at 12:33 pm
ကိုယ်တိုင်ရေး ပုံတူလို့ (ထင်ပါတယ်)
အရင်က ဇာတ်ကြောင်းတွေ ပြန်လှန်ပြီးတော့ ခံစားမနေနဲ့တော့နော်၊
ငိုလဲ ငိုမနေနဲ့ သိလား (မျက်ရည်ကတော့ ကုန်ပြီထင့်)
ဒါ လွမ်းပြီးပြီဆိုတော့ ရှေ့သာ ဆက်တော့
ရင်ထဲက ခံစားချက်တွေ ဖျောက်ပလိုက်။
နည်းနည်း တောင် ချန်မထားနဲ့ (ပြန် အစဖော်ပြီး ခံစားနေရမစိုးလို့)
ပစ္စုပ္ပန်ကို တည့်တည့်ရှုလို့
ဆက်လျှောက်ကွယ့် :hee:
KZ
March 21, 2013 at 12:41 pm
သကြားရေ။
စိတ်မပူပါနဲ့။
မငိုပါဘူး။ အစကတည်းက ကျစရာ မျက်ရည်ကိုမရှိလို့။
အစတော့ဖော်ပါရစေ။ အဲဒါမှ ပို့(စ) ရေးလို့ရမှာကိုး။
Moe Z
March 21, 2013 at 1:06 pm
သည်ရိုက်ထ်ချွိုက်စ်
ကုန်ကြမ်းတွေ အများကြီးရှိသေးတယ်မလား 😉
“တိုင်းမ်အစ်စ်သည်ဂရိတ်ဟီလာ” တဲ့ အချိန်တွေကြာတာနဲ့အမျှ အရင်ကအကြီးကြီးက ပိစိလေးဖြစ်သွားမှာပဲလေနော.. အခြစ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ရ ကြိမ်ဖြစ်ပေါ်တယ်ဆိုလား ဖတ်ဖူးတယ်… ခွိခွိ
KZ
March 21, 2013 at 1:37 pm
ကုန်ကြမ်းက တစ်ခါဖော် တစ်ခါမော တစ်ခါသောက် (ရေ)။
အဲဒီ တိုင်း(မ) ဆိုတဲ့ ဘက်(စ) ဖီဇစ်ရှင်ကြီး ကို အားကိုးပြီးမိုက်လာတာလည်း ဘယ် ၂ ခါရှိပြီတုန်းမသိ။
ဒါနဲ့ ရ ခါ တော့ နည်းနည်း များသလားပဲ၊။
:harr:
GZ
March 21, 2013 at 1:40 pm
အချိန် အကြောင်း မပျော့ဂျဘာနဲ့ …ရင်ဘတ်ထဲက အောင့်အောင့်လာလို့ဘာ..
:byae:
KZ
March 21, 2013 at 1:46 pm
ဘာဆိုင်လို့တုန်း။
အဲဒါ နှလုံးရောဂါနေမယ်။။
ရထားအစီးများ၊ တံတားအဖြတ်များလို့။
ဒါမှမဟုတ် “အချိန်” ဆိုတာ မတော်လိုက်ရတဲ့ ယောက်ခမလားဟင်???
:kwi:
awra-cho
March 21, 2013 at 1:48 pm
ဆုတောင်းပေးစရာရှိတယ်လေ။ တကယ် ဆောင်ဖြစ်တဲ့ အချိန်ကျမှ တကယ် တောင်းပေးမဲ့ ဆု ရှိသေးတယ်။”
ဘာလဲသိဘူး၊ အရေးကောင်းပဲ။ ဆက်ရေးပါအုံး တခန်းမကလို့ အကုန်ပျက်ပျက် နော၊
KZ
March 21, 2013 at 1:55 pm
ဟယ်။
ရက်စက်တယ်။
ဦးနှောက်ပျက်ရင် ပျက်ပါစေပေါ့နော်။။
ဆု ကတော့ ဘာရယ်ဟုတ်ပါဘူး။
ခုချိန်ဆိုရင်တော့ သီချင်းပဲ ဆိုပြလိုက်မယ်။
“ဘုရားကို သွားတိုင်း တောင်းတဲ့ ဆုက မင်းရဲ့ နောက်လူ ကောင်းပါစေ။”
:harr:
GZ
March 21, 2013 at 2:09 pm
ဟိုကရော ပြန်ဆုမတောင်းပေးသွားဘုလား..
နောက်လူမြည်းရင် ချိုဘာဇီ ..
လို့
:kwi:
KZ
March 21, 2013 at 2:13 pm
ကျန်း:::::::::။
စိုင်း သီချင်းကို ဖျက်စီးပြန်ပြီ။
အဲ ဆုတောင်းမျိုး က ဂျာပွန်က အယက်နဲ့ မောင်းနှင်တဲ့ စက်ရုပ်မျိုးတွေပဲ တောင်းတတ်တဲ့ ဆု မျိုးပါကွယ်။
:kwi:
GZ
March 21, 2013 at 2:27 pm
နိ စိုင်းစိုင်းသန်းလှိုင်က မနေ့တနေ့ကမှ ထလုပ်တာ..
အဲ့ဒါ ကိုဃကြီး သီချင်းခွေ တိုင်တယ်လ်
အဲ့ခွေထွက်တုန်းက စိုင်းစိုင်းသန်းလှိုင်တောင် နို့ပြတ်သေးရဲ့လားမသိ
ခုလည်း ပြတ်မယ့်ပုံ မပေါ်ပါဘု
:harr:
ကထူးဆန်း
March 21, 2013 at 1:51 pm
ခုချိန်တော့ ဒီ ဇာတ်လမ်း တစ်ခန်းရပ်ပြီ။
ဆိုတော့နောက်ထပ်ဇတ်လမ်း ရှိသေးတယ် ဆိုတဲ့ သဘောဘဲ .. :hee:
KZ
March 21, 2013 at 1:58 pm
အဲ။
ဟီး။
ကထူးဆန်း၊
အဲလောက်ကြီး တဲ့တဲ့ မှန်အောင် မမှန်းရဘူးလေ။
စီဂျေကြီးနဲ့တော့ ခက်ပြီ။
:kwi:
Foreign Resident
March 21, 2013 at 2:07 pm
ဇတ်လမ်းလေး ကောင်းတယ် ။
ဒါပေမယ့် Comment လေးကို ပို သဘောကျတယ် ။
ဘာတဲ့ ။
” ခုတော့ လူဇိုးထိန်းရာထူးမျိုးမလိုချင်တော့ ပဲ လူဇိုးပဲဖြစ်နေပြီ။
အချိလေး…….။ ကိုယ်ဟာ လူဇိုးလေးဘာ….။ “
KZ
March 21, 2013 at 2:16 pm
ကောင်းတယ်။
(စိတ်ပျက်ဖို့) လို့ပြောချင်တာလားဟင် ဘဖော။
kai
March 21, 2013 at 2:19 pm
အဲဒီ”အချိလေး” ဆိုတာဘာလည်း.. အခုထိစဉ်းစားလို့မရဘူး..
အနိစ္စ… :buu:
KZ
March 21, 2013 at 2:23 pm
ဟယ်။ တဂျီးရယ်။
ချစ်ကောင်းသီချင်း ကြားဖူးဘူးလား။??
“အချစ်လေး၊ ကိုယ်ဟာ လူကြမ်းလေးပါ။”
အဲဒါလေ။ အဲဒီအလိုက်ကို ဆိုထားတာ။
:harr: :harr: :harr:
အရီးခင်လတ်
March 22, 2013 at 3:55 am
အဲဒါ ချစ်ကောင်း သီချင်းမှန်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နားနီး အနိစ္စ ဘဲ ရွတ်နေတဲ့ သူကြီးက ဘယ်လို သိပါ့မလဲ။
ဘေးမဲ့ပေးလိုက်ပါကွယ်။
😆
KZ
March 22, 2013 at 8:14 am
ဟမ်။
သိသင့်တယ် ဟုတ်ဘူးလား အရီးရယ်။
မှီမှာပါ။
မနေ့က သူကြီး ကော်မန့်ကြည့်ပြီး ရီလိုက်ရတာကို။
:harr: :harr: :harr:
amatmin
March 21, 2013 at 2:56 pm
ဒေါ်ဆွိ.ခင်ဗျ
ဂလိုတခန်းရပ်တွေ ခန ခနဖတ်ရရင်
ပညာတွေ တထောကြီး ရမှာမို့..
နောက်တခန်း မြန်မြန်ကူးပါနော့..
ဒါနဲ့ သီလရှင်လူထွက်ပုံလေး ပြရင်တော့ ပိုသနားမိမယ်ထင့် ..
:harr:
KZ
March 21, 2013 at 3:02 pm
ဟယ်။
ပညာပေးပို့(စ) မှတ်နေသလား။
နောက်တစ်ခန်းကူးဖို့ ဦးနှောက်တစ်ခန်း ထပ်ပျက်ရဦးမယ်။
ကုန်ကြမ်းပြတ်သွားရင်ရော ရှာလိုက်ရ မကောင်းရှိရော့မယ်။။
:kwi:
အဲ့ ဒီ သနားမှာ တွေကြောက်လို့ ဓာတ်ပုံတော့မတင်ပါရစေနဲ့တော့။
:harr:
amatmin
March 21, 2013 at 3:25 pm
ပြောတော့ ခုနှစ်ကြီမ်..ခုနှစ်ခန်း ပြည့်ဘီဆို !!!
ကုန်ကြမ်းကလည်း ..
အစပ်အဟပ် တည့်အုန်းမှရယ်. နော့
:kwi:
KZ
March 21, 2013 at 4:10 pm
သိတာတွေ မအော်ပါနဲ့။
အသာနေပါရယ်။
“အချစ်ကလွဲလို့ မင်း အတွက်ဘာမှ မရှိဘူး အချစ်ရယ်။ ဒါ နောက်ဆုံးအချစ်ပဲထင်ပါတယ်။”
:kwi:
ကြည်ဆောင်း
March 21, 2013 at 4:05 pm
အင်း…
ဒီတစ်ခန်းရပ်လိုက်တော့လဲ ကောင်းသားဘဲ..
နောက်တစ်ခန်း မြန်မြန်ကူး..
ပြီးရင် နောက်တခန်း..
:harr:
KZ
March 21, 2013 at 4:13 pm
နောက်တစ်ခန်းတော့ မကူးနိုင်တော့ပါဘူး ကြည်ဆောင်းရယ်။
မကူးပါရစေနဲ့တော့။
:harr:
ကိုရင်စည်သူ
March 21, 2013 at 4:35 pm
ခပ်ညံ့ညံ့ပြဇာတ်တောင် ပြီးဆုံးအောင် ကဗျရဒေးဒါပဲ..
ခပ်ညံ့ညံ့မဟုတ်တယ်.. အဂျစ်တွေတော့.. တီခန်းထဲနဲ့ ..မီရပ်ပရွစေ့လဲ့..
အမကီး ကေဇီစ် ဒလယ်..။
ကေဇွိလိုအပ်ရင်.. မတိုမလေးတဲ့ ကိုရင်ကဘွတ်အဲ.. ဘွက်အဲပါပဲတော်….။ :gee:
အချိလေး.. စီဟာ လူဂွမ်းလေးဘာ..
KZ
March 22, 2013 at 8:20 am
ကရင်စည်။
ကျုပ်နာမည်ကို ကောင်းကောင်းခေါ်ပါတော့။
:kwi:
“အချိလေး၊ ကိုယ်ဟာ လူဂွမ်းလေးပါ”
ဆိုတာမျိုး တော့မှတ်ထားလိုက်ပြီ။
ကျုပ်မလည်း ဂွမ်းတာတွေ များလွန်းလို့ နောက်တစ်ခါ ဒီစာသားကိုပဲ ဆို ရတော့မယ်။
တဂျီးမင်း လည်း သိသွားလောက်ပါပြီ။
:harr:
မဟာရာဇာ အံစာတုံး
March 21, 2013 at 8:27 pm
ဒီလို … ဒီလို …
ကြိတ်ပြီး ကြေကွဲရတဲ့ ဇာတ်တွေကို မဖတ်ချင်ဘူး …
ခံစားမိလွယ်လို့ …..။
ဒါပေမယ့် …. ကျုပ်ရဲ့ အမတော်ကြီး ကိုယ်တွေ့လိုလို ဆိုတော့ …
အမတော် အဖြစ်ကို သနား မိသလိုလို ….
ဖြစ်နိုင်ရင် အစတည်းက မာနတွေ ကာမထားဖို့ တိုက်တွန်း လိုက်ချင်ရဲ့ …..
ဟိုဘက်ကိုလည်း သိအောင် ပြောလိုက်ချင်ရဲ့ …
သူတို့ နှစ်ဦးရဲ့ ပေါင်းဖက်တဲ့ ဇာတ်ကိုသာ မြင်မိချင်ရဲ့ ….
ခုဒေါ့ … ခုဒေါ့ …..
အရာရာ လွန်လေပြီးခဲ့ပြီပဲ …….
ပြီးတော့လည်း ပြီးသွားတာပါပဲ ………….
KZ
March 22, 2013 at 8:09 am
အံစာရေ။
ငါ့မောင်နဲ့ စခင်ကတည်းက ခံစားချက်ခြင်း၊ စိတ်ထဲ ရှိတာချင်းတူတယ်လို့ သတိထားမိပါတယ်။
စိတ်မကောင်းမဖြစ်ပါတယ်နဲ့တော့အေ။
လွန်ခဲ့ပါပြီ။
ကျုပ်က ညည်းအတွက်စိတ်မကောင်းဖြစ်။
ညည်းက ကျုပ်အတွက် စိတ်မကောင်းဖြစ် နဲ့။
ဟီး။
ကျုပ်တို့မလည်း ဒုက္ခပဲ။
:hee:
GaviaGirl
March 21, 2013 at 8:45 pm
နေ့လည်က မန့်လိုက်တာ မတက်သွားဝူး.. 🙁
တစ်ခါတစ်လေတော့လည်း တစ်ချို့ခံစားချက်တွေက မေ့လိုက်ချင်ပေမယ့်လည်း (တကယ်တမ်းလည်း မေ့နေပေမယ့်လည်း) စာရေးချင်စိတ်ပေါ်လာတဲ့အခါ အဲ့ဒါတွေကို ပြန်အသက်သွင်းမိတယ်… (အလဲ့…)
ဒါပေမယ့် နောက်ဆုံးကျရင်တော့ စာထဲကိုထည့်ရေးဖို့မပြောနဲ..အတွေးထဲတောင် ထည့်စဉ်းစားချင်စိတ်မရှိတော့တဲ့ အချိန်ကို ရောက်သွားတော့တယ်… 🙂
ဘိုင်ဒဝေး.. အနော်လည်း နောက်တစ်ခန်းဖတ်ချက်တယ်… ဟိဟိ…
KZ
March 22, 2013 at 8:03 am
အမွန်။
နောက်တစ်ခန်းမဆက်တော့ဘူးလို့ အရင် ပြောမို့။
:kwi:
ခုလည်း မတွေးနိုင်တော့လို့ ပျောက်မသွားခင် စာရေးလိုက်တာ။
တစ်ဝက်နဲ့ရေးပြီး စာတွေ ပျောက်ကုန်လို့ ၂ ရက်လောက် ဂေါက်သွားသေးတယ်။
ရဲစည်
March 21, 2013 at 10:36 pm
တစ် ဖတ်တယ် ….
နှစ် ခံစားနားလည်ပေးလို့ရတယ် …
သုံး အကြီးအကျယ် စိတ်မကောင်းဖြစ်တယ်
လေး ………………………………………..
မိုင်ခိ …. အာဟင့် …. တသက်နဲ့ တကိုယ် သူ့ကို ကျနော်ကိုယ်တိုင် ဒီနာမည်ပေးပီး ဒီလိုခေါ်လာတာ … သူငယ်ချင်းတွေလဲ အဲ့လိုခေါ်တယ် … ဒါပေမဲ့ ခုတော့ လူမတူပေမဲ့ နာမည်တူနေကြောင်း … 🙁
အိုဘယ့် မိုင်ခိ… မိခိုင်
မှတ်ချက် ။ ။ အနော်က အမအောက် ၈နှစ်ငယ်တော့ ဘာပဲဖြစ်ဖြစ် …. အာဟင့် …. သူ့ကို ကြွားထားတာ ဒီလောကဂျီးမှာ နင့်ကို ဒီလို ခေါ်တာ ငါတယောက်ထဲလို့ ခုတော့ …. E ..he …he ကိုယ့်ထက်ဦးနေသူ ရှိသေး
KZ
March 22, 2013 at 8:06 am
သိတယ်။ သိတယ်။
ကရဲစည် လွမ်းသွားမှန်း။
လက်ဖက်ရည်ဆိုင်ထဲ ကျုပ်ကို အပြစ်တင်နေတာလည်း ကြားတယ်။
:harr:
တတ်နိုင်တော့ဘူးဗျ။ တောင်းပန်ရုံပေါ့။
ကျနော်တို့ သူငယ်ချင်း အမ တွေက နာမည် တစ်လုံးရှေ့မှာ မိ ထည့်ပြီး ပြောင်းပြန်ခေါ်တာ အကျင့်ပါနေလို့ပါ။
အဲနီးဝေး။
လာအားပေးလို့ ကျေးဇူးတင်ပါ၏။
:hee:
padonmar
March 22, 2013 at 12:32 am
မယ်ဆွိ
ကိုကိုလေး က ဘယ်ရောက်သွားလဲဟင်………
KZ
March 22, 2013 at 7:56 am
အာတီဒုံ။
ဒါက လွန်လေပြီးသော ၆/ရ နှစ်က ခံစားချက်ပြန်ဖော်ထားတာ။
အရီးခင်လတ်
March 22, 2013 at 3:53 am
ရနှစ် နီးပါးရှိမှတော့ နောက်တစ်ခန်းဖွင့်တာ ကြားချင်ပါပြီ ဗျို့။
အချိန်မဆွဲပါနဲ့။
ပရိတ်သတ်ကြီး စောင့်နေပြီ။
😛
KZ
March 22, 2013 at 8:00 am
အရီးလတ်။
လာအားပေးတာ ကျေးဇူးပါဗျ။
:hee:
နောက်အခန်းတွေကတော့ ဖွင့်လောက်စရာ မရှိလို့ မဖွင့်တော့ပါဘူး။
ဒီ တစ်ခန်းနဲ့ ရပ်ပါပြီ။
ဒီ မကာရဖွား အင်္ဂါသားကို စိတ်ထဲ ထည့်လာတာ ၁ဝ နှစ်တိုင်ပြီ။
ဖျောက်လည်း ဖျောက်သင့်ပြီမို့ ဒီနှစ်ပိုင်းမှာ ပျောက်လည်း ပျောက်နေပြီမို့ စာအဖြစ်ချရေးထားလိုက်တာပါ၊.
စိတ်ထဲမထားတော့ဘူးလားလို့။
🙂 🙂
MaMa
March 22, 2013 at 7:29 am
အရင်ဆုံး လက်တို့ချင်တာက ….
ပန်နိမ်း KZ ကို ဆင်တူရိုးမှား သတိထားလို့ ရွာထဲမှာ ကြေငြာဖို့လိုလာပြီ။ :kwi:
ကိုယ်တိုင်ခံစားချက်မို့ တမူထူးဆန်းတာကို ရေးဟန်ဆန်းဆန်းလေးနဲ့ ပေါင်းပြီး ပေးချင်တဲ့ ရသကို ပေးစွမ်းနိုင်ပါပေတယ်။ :hee:
KZ
March 22, 2013 at 7:54 am
ချစ်မမ။
အရင်က နာမည်တူရှိလို့လားဟင်။
ရှိရင် ပြန်ပြောင်းပေးမယ်လေ။
သိသလောက်ကတော့ မရှိဘူးရယ်။
ခု ဆင်တူတာ ရှိရင်လည်း….
ဒီ နစ် နိမ်း က အနော် အရင် ပြောင်းထားတာ။ ခွိခွိ
:kwi:
လာရောက်အားပေးသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။
:hee:
ဖားသက်ပြင်း
March 22, 2013 at 8:02 am
အွန်း…
ဘယ်မှာ တူလို့တုန်း
တူပါဘု..
:harr:
KZ
March 22, 2013 at 8:10 am
အွန်။
သူလို့ လည်း ဘယ်သူက မှ
မပြောမိ၊
မစွပ်စွဲမိပါဘူးကွယ်။ 🙄
:kwi:
ကို ငြိမ်းမောင်
March 22, 2013 at 9:48 am
ရင်မှာခံစား သူမမြင်နိုင်တယ်
အသဲထဲကကြေ အတွင်းကြေ လို့
ဖြူဖြူကျော်သိန်းက အဲလိုဆိုတာ ကြားခဲ့ဘူးတယ်လေ။
KZ
March 22, 2013 at 9:56 am
ဒီ ဒဏ်ရာများ:::::::::::::::::::::
လူတွေ မသိနိုင်ပေ။
အသည်းထဲက …………………………
အတွင်းကြေ။
သူကလေး
April 8, 2013 at 1:45 pm
အဟင့် … ရွှတ်ဖတ် … ဗျဲ
ဗွီလိန်ထက် ဒါလေးကိုပိုကြိုက်တယ်
သနားချာ မိုင်ခိလေး .. အာဘွား မွှက်မွှက်
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 1:48 pm
ငိုပါနဲ့ကွယ်။
ရော ငို ချင်လာလို့။
သူကလေး
April 8, 2013 at 2:10 pm
ငိုနဲ့ တိတိ 🙂
မောင် ပေ
April 8, 2013 at 2:00 pm
တစ်ခန်းရပ်
အနမ်းပြတ်
မန်းဇရပ်
လမ်းအထွက်
သမ်းမနက်
စမ်းတဖက်
ရမ်းသဘက်
TNA
October 25, 2013 at 6:00 pm
အောင်မယ်လေးဟယ် ငါကြားထဲကငိုမိတော့မလို့။ အသည်းမာလိုက်တဲ့ ငါ့ချွေးမလေး။ 😥
KZ
October 25, 2013 at 8:43 pm
မမာပါဘူး သဲ ရာ။
ငို လို့ မရ လို့ ပါ။
😥
sorrow weaver
October 26, 2013 at 9:51 am
အပူရှာပါနဲ့ နာ့မမရယ်…တစ်ကိုယ်ထဲက အေးဆေးပါတယ်.ကိုယ်တွေ့…ခုခွိခုခွိ..
( .လေယဉ်မယ်ကြီးမမြင်စေရ )
KZ
October 26, 2013 at 1:34 pm
လေယာဉ်မယ်ဆီကို စကင်ရှော့နဲ့ ပို့လိုက်မယ်။
😀
ရွှေမိုးတိမ်
October 26, 2013 at 12:21 pm
တစ်ခန်းရပ်ဇာတ်လမ်းလေးဒွေ….
မင်းတား နဲ့ မင်းသမီး ပေါင်းရဒဲ့ တစ်ခန်းရပ်လေးဒွေလည်း ရေးဘာာလို့နော့
🙁 🙁
KZ
October 26, 2013 at 1:38 pm
မရှိလို့ မရေးနိုင်ပါဘူးးးး
အဟင့်!!
😥
Crystalline
October 27, 2013 at 9:08 am
😥
သူတို့အားလုံးကိုကျေးဇူးတင်လိုက်ပါချွိမမရယ်.. သူတို့တွေရဲ့ကျေးဇူးကြောင့် အခုအချိန်ထိ အနှောင်အဖွဲ့ကင်းတဲ့ပျော်ရွှင်မှုနဲ့ လောကရဲ့စည်းစိမ်ကိုအပြည့်အဝခံစားနေနိုင်တာ.. :))
KZ
October 27, 2013 at 10:48 am
အဲဒီတုန်းကတော့ ကျေးဇူးကို မတင်နိုင်ပဲ လူသတ်ချင်စိတ်ပဲ ပေါက်နေတယ် ခရစ်ရယ်
😛
pooch
February 28, 2015 at 1:31 pm
“ဒီအချိန် စိတ်ထိခိုက်လည်း ခဏပါ။ အပိုင်မလိုချင်တဲ့ အရာ သူများနောက်ပါသွားတယ်လို့ပဲ သဘောထားလိုက်ပါကွယ်”
အပိုင်ရချင်လားဆိုတော့လည်းမ ဟုတ်ဖူး ပါသွားတော့လည်း စိတ်က မသက်သာဘူး
ငိုရမှာလား ရီရမှာလား ဒီနေ့ ငိုမိရင် ဆွိကြောင့်ပဲ :cryy:
သူတို့ က အလှကြိုက်သလို နူးနူးညံ့ညံ့လည်း လိုချင်တာ
ကိုယ်တွေကတော့ အုန်းဒိုုင်းဂွမ်းပဲ စိတ်မထင်ရင် နားရင်းပါ အုပ်ချင်တာ
ခုတော့ ရင့်ပြီး ကျက်တာထက် ရင့်ထော်သွားလို့ :loll:
ခင်ဇော်
February 28, 2015 at 3:30 pm
😥
မြစပဲရိုး
February 28, 2015 at 4:59 pm
ဒီဇာတ်လမ်း ကို မှတ်မိပြီ။
တစ်ခါတစ်လေ လဲ လူ တစ်ယောက် နဲ့ တစ်ယောက် ပေါင်းဆုံဖို့ ဖြစ်လာပြီး မှ မပေါင်းဖြစ်တာ လဲ
လိပ်ပြာတောင်ပံခတ် တာ ခံလိုက် ရတာဘဲ ပေါ့။
Reason ရှိမှာပါ။
နောက်မှ ထသတ် ပြီး ကွဲ တာ ထက် စာရင် မပေါင်းခင် ကွဲ တာ ပိုပြီး အရသာ ရှိမှာပါလေ။ 😉
ဇာတ်လမ်းလေး ဆက်ပါဦး။
ခင်ဇော်
February 28, 2015 at 5:07 pm
မင်ဂါဆောင် ကို သူတို့ လင်မယား ပါ လာမယ် ဆိုလို့
ဟိုဘက်က ထက်လေး ကို မင်ဂါဆောင်ကို လိုက်ပါရေး အလျှင်အမြန် အားထုတ်ရတာ။
ဟီးးး
:mrgreenn:
မြစပဲရိုး
February 28, 2015 at 5:13 pm
တွေ့တော့ ဘာပြောတုန်း။
ဆက်ပါဦး။
တစ်ချို့ကတော့ မိန်းမ ကို ရပြီး ရင် depreciate လုပ်ပလိုက်တတ်တယ်။
ဒီတော့ ကိုယ့်မိန်းမ က လွဲ ရင် တစ်ခြား သူတွေ က ပိုပြီး လန်း နေတော့တာပေါ့။
မြစပဲရိုး
February 28, 2015 at 5:15 pm
ဂဇာကြောင့် ပြောတာ။
အပျိုကြီး ဆိုတာ မြေလိုဘဲ စိန်လိုဘဲ တန်ဖိုး ကျသည် မရှိလေ။ :))
ခင်ဇော်
February 28, 2015 at 5:24 pm
အဲဒီ တစ်ခန်းရပ် ကြီး ကို မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ နောက် တခြား အခန်းတွေ ဆက်ကုန်လို့
ခု ဘယ်က ပြန်ဆက်ရေးရမလဲ မသိ။
ခွီးခွီးးးး
ကိုယ် ဆိုး တာတွေပါ ပါမှာ ဆိုတော့ ဖော့ ရေးဖို့ ကြံစည်နေ။
:k: