မုဆိုးကျော် ဆရာဂီအတွက် စိုင်
ညတုန်းက မန်းဂွဇွတ် (ခွက်ဒစ်တူ ကိုရှုံးလူ) ဖွင့်တော့ အလက်ဇင်းရဲ့ ပို့စ်ကလေးမှာ မုဆိုးကျော်ကြီး ဆရာဂီ မန့်သွားတာဖတ်ရပါတယ်။ ဒါနဲ့ ၁၉၈၄ နဲ့ပတ်သက်ပြီး အတွေးလမ်းကြောင်းလေး ( way of thought ) လေး ဖောက်ပေးမှ ဆိုပြီး ပို့စ်တစ်ပုဒ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ဒါပေမယ့် ကိုပေါက်ရဲ့ နာဒယ်ကွာ ပို့စ်ကို ဖတ်အပြီးမှာ၊ ဘဖောရဲ့ အတိုအထွာ ကိုဖတ်အပြီးမှာ လူက မလှုပ်နိုင်တော့အောင် ဖြစ်ခဲ့ရတယ်။ သတင်းတွေ ဖတ်နေရ၊ စိတ်ထဲသိနေရပေမယ့် အခုလို ဒဲ့ကြီး ပြောထည့်လိုက်တော့ လူက ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ဘာမှ ဆက်မဖတ်နိုင်တော့ဘူး။ ဘာမှ မလုပ်နိုင်တော့ဘူး။ ဘဖောက ဓာတ်ပုံလေးတွေ တင်ထားတာ အထာကလေးနဲ့။ ရိုးရိုးတင်ထားတာ မဟုတ်ဘူးနော်။ ဟိုအရင်တုန်းကလို စဉ်းစားကြစေလိုပါဒယ် ပုံစံကလေးနဲ့ တင်ထားတာ။ ဘဖောရဲ့ ဓာတ်ပုံတွေက ဇာတ်လမ်းလေးတစ်ခုလို အစဉ်လိုက်ပြသွားတယ်။ ထားပါတော့နော်။ အခုကတော့ မျှစ်ကြော်ပြုံးလည်း စိတ်က ကပေါက်ကရောက်ဖြစ်နေတာနဲ့ တောင်တစ်လုံးမြောက်တစ်လုံး အလွတ်သဘော ရေးကြည့်ချင်လို့ပါ။
ဆရာဂီ မန့်ထားတာက ဒီလိုပါ။
နိနဲ့နာ ဟိုနေ့ကပြောတဲ့
ဟိုစာအုပ်က ရူးလောက်တယ်ဆိုတာ လက်ခံလို့မရသေးဘူးဗျ.ယုတ္တိဗေဒ ကခွင့်မပြုဘူး ရယ်.
စာရေးဆြာက နှစ်လေးဆယ်လောက်သောအနာဂတ်ကို ကြိုရေးထားတာဖြစ်နေလေတော့
နောင်အနှစ်လေးဆယ်မှာ တကယ်ဖြစ်လာတဲ့ သွေးထွက်အောင်မှန်လိုက်လေခြင်း ဆိုတာတွေရော.
သူထည့်ရေးထားတာ ထက်ပိုမို မြင့်မား ကောင်းမွန်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရော.
သူပြောထားသလောက် ဖွံ့ဖြိုးမှုမရှိခဲ့သေး(ထိုအချိန်က) နောက်ကျနေသေးတာတွေကိုရော
ရောရာမြင်တွေ့ရလို့ ဒါဟာ စိတ်ကူးသက်သက်ပါလား ဝတ္ထုပါလားဆိုတဲ့
အစွဲမကျွတ်တာ ဆိုပါတော့
အဲဒီလို ဆရာဂီ မန့်ထားတာမြင်တော့ ပြောချင်တာလေးတွေ ရှိနေပြန်ပါရော။
ဂျော့အိုဝဲကို နိုင်ငံရေးပရောဟိတ်လို့ တင်စားခဲ့ကြပါတယ်။ ဒါဟာ သူပြောတဲ့အတိုင်း နောင် အနှစ်လေးဆယ် အနာဂတ်မှာ ဒီလိုဖြစ်မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ တကယ်တော့ ဂျော့အိုဝဲဟာ သူ့ခေတ်တုန်းက သူက ရီပတ်ဘလင်ကင်၊ ကွန်မြူနစ်တွေကို တိုက်နေတဲ့ နိုင်ငံရေးသမားပါ။ နိုင်ငံရေးမှာ သူ စွန့်စွန့်စားစား လုပ်ခဲ့ပုံတွေဟာ သမိုင်းမှတ်တမ်းဝင်ပါတယ်။ ၁၉၈၄ ကတော့ သူ့ရဲ့ အပြောင်မြောက်ဆုံး၊ တစ်ပါတီအာဏာရှင်စနစ်ကို အသရော်နိုင်ခဲ့ဆုံး၊ ကမာ္ဘလုံးဆိုင်ရာ နိုင်ငံရေးပညာကို ချပြခဲ့တဲ့၊ တစ်ကမာ္ဘလုံးကို ဆုံးမခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ယနေ့ ကမာ္ဘကြီးရဲ့ တိုးတက်ဖြစ်ထွန်းမှုမှာ သူ့လို နိုင်ငံရေးသမားတစ်ယောက်ရဲ့ စွန့်လွှတ်စွန့်စား စိတ်ဓာတ်ရယ်၊ ဒီလိုစာအုပ်မျိုးကို ချရေးရဲတဲ့ မြင့်မားတဲ့ ဉာဏ်ရည်ရယ် ပါဝင်တယ်လို့ဆိုရင် အလွန်အကျွံပြောရာ မရောက်ပါဘူး။
၁၉၄၄ ခုလောက်ကနေ ၁၉၈၄ ကို စိတ်မှန်းနဲ့ရေးထားတဲ့နေရာမှာ သေချာတွေးကြည့်ရင် မှန်သင့်သလောက်မှန်နေတယ်။ ဝတ္ထုထဲမှာ နိုင်ငံကြီးသုံးနိုင်ငံ အားပြိုင်ခဲ့ကြသလို တကယ်လည်း ၁၉၈၄ ပတ်ဝန်းကျင်မှာ NATO, SEATO, WASAW စသဖြင့် စစ်အုပ်စု၊ နိုင်ငံရေးအုပ်စုတွေ အားပြိုင်ခဲ့ကြတယ်။ ကမာ္ဘကိုချုပ်ကိုင်ဖို့ အထူးသဖြင့် အနောက်အရင်းရှင်အုပ်စု၊ ဆိုဗီယက်၊ တရုတ်၊ အဲဒီလိုရှိခဲ့ကြပါတယ်။
တစ်ကမာ္ဘလုံးကို – မင်းတို့ တစ်ပါတီအုပ်ချုပ်ချင်ရင် ဒီပုံမျိုးနဲ့မှ ရမယ်လို့ ဆရာကြီးက ချပြခဲ့တယ်၊ ကမာ္ဘ့နိုင်ငံရေးစနစ် ကိုဦးတည်ရေးသားခဲ့တယ်လို့ မြင်ပါတယ်။
ဆရာကြီးရေးခဲ့သလိုပဲ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဆိုးမွေဟာ ဒီကမာ္ဘပေါ်က တစ်ပါတီအာဏာရှင်အပီသဆုံးတိုင်းပြည်ဖြစ်တဲ့ မြန်မာပြည် နဲ့ လာတူနေတယ်လေ။ တိုက်ဆိုင်မှု ဘယ်ဟုတ်ပါ့မလဲနော်။ နိုင်ငံရေးအတွေးအခေါ်ရဲ့ ရလဒ်အမှန်ကို သက်သေပြခဲ့တာပါ။ ဆိုးမွေတွေကတော့ စာအုပ်ထဲကလိုပဲ၊ ၂လုံး ၃လုံးလို ကိစ္စမျိုးတွေ၊ လူကောင်လေးတွေ သေးညှက်လာတာ၊ သုတ်သီးသုတ်ပြာ ခြေထောက်လေးတွေ၊ လူတွေ ဘာအတွေးအခေါ်မှ မရှိတော့တာ။ ဆိုးမွေတွေတူတာကို ကြည့်ရင် မြန်မာပြည်နဲ့ အိုရှင်းနီးယား အတူတူပဲပေါ့နော်။
၁၉၈၄ ထဲမှာ အစ်ကိုကြီး တည်ရှိဖို့အတွက် ဂိုးစတိန်းကို ဖန်တီးထားရတယ်။ ဒါလေးကတော့ မျှစ်ကြော်ပြုံး အတွေးရဆုံးကိစ္စလေးပါ။ ဆန့်ကျင်ဘက်အားနှစ်ခု တွန်းကန်ခြင်းနဲ့ ဆွဲငင်ခြင်းကြောင့် အားနှစ်ခုလုံး တည်မြဲနေတယ်။
၁၉၈၄ထဲက တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုကို အခုဒီခေတ်မှာ တူသလားဆိုပြီး ဆွဲယူကြည့်ရမှာ မဟုတ်ဘူးလေ။ ဆရာဂီ ပြောသလိုပဲ မော်ဒယ်ရဲ့ လှတဲ့အပိုင်းကို ယူပြီး မလှတဲ့အပိုင်းကို ပယ်လိုက်တဲ့သဘော။ စာအုပ်ကို ဂျော့အိုဝဲက သင်္ကေတနဲ့ရေးထားတာဆိုတော့ စာအုပ်ထဲက ဇတ်ကောင်တွေ၊ ဇတ်လမ်းတွေဟာ ဘာမှအရေးမကြီးဘူး။ ဉာဏ်ကောင်းတဲ့ ဆရာဂီတို့ပိုသိမှာပါနော်။
ဖေဖော်ဝါရီလဆန်းရက်က အင်းလျားလိတ်မှာ အိုဝဲခေါင်းစဉ်နဲ့ ဧရာဝတီစာအုပ်စာပေပြပွဲ လုပ်ခဲ့ကြသေးတယ်။ အဲဒီပွဲကို အမေစု လာတယ်။ ပြုံး အစ်မသွားတော့ သူပြောပြလို့ သိတာလေ။ လူတွေ တအားများတာနဲ့ တံခါးပိတ်လိုက်ရတယ်တဲ့။ နိဂုံးစကားကတော့ Orwell never die ပါတဲ့။ ဂျော့အိုဝဲနှစ်သက်သူများအဖွဲ့ဟာ ဂျော့အိုဝဲ နေခဲ့တဲ့ မြောင်းမြ၊ တွံတေး၊ သံလျင်၊ မေမြို့၊ ကသာ၊ မော်လမြိုင်တို့ကိုသွားပြီး အိုဝဲရဲ့ အငွေ့အသက်ကို ၁၉၈၄ ဖြတ်သန်းမှုနဲ့ ရှာဖွေကြဖို့ အစီအစဉ်ရှိပါတယ်။
ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ Mr.Alain Mazars ကတော့ မြောင်းမြကိုအသွားမှာ ပြုံးနေတဲ့ မအူပင်ကို လာပြီး ပြုံးကို အင်တာဗျူးမယ်။ documentary အတွက် ဗီဒီယိုရိုက်မယ်ဆိုပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ မအူပင်ကို ပေါက်ချလာပါတယ်။ ပြုံးနေတဲ့ နေရပ်လိပ်စာကို မသိဘဲ ဒီအတိုင်း သင်္ဘောစီးပြီး လာခဲ့ကြတာ။ မြို့ကိုရောက်တော့ ည၁ဝနာရီရှိပြီ။ သူတို့ဖာသာ ဆိုက်ကားငှားပြီး တစ်မြို့လုံးပတ်ပြီး တည်းခိုခန်းရှာကြတယ်။ ဘယ်တည်းခိုခန်းကမှ သူတို့ကို လက်မခံခဲ့ဘူး။
တည်းခိုခန်းမှာ တည်းခိုတာက ဆိုင်ရာရုံးတွေကို အသိပေးရတယ်။ ကြိုတင်လုပ်ထားရတယ်။ ဒီအချိန်ကြီး တစ်မြို့လုံးမှောင်ပိန်းနေပြီဆိုတော့ ဘယ်မိတ္တူဆိုင်ကမှလည်း ဆိုင်ဖွင့်မှာ မဟုတ်ဘူး။ ဒီတော့ တည်းခိုခန်းတွေက လုံးဝလက်မခံတော့ဘူး။ ပြင်သစ်တွေကို လမ်းဘေးအိပ်ခိုင်းတယ်။ ပြင်သစ်တွေခမျာမှာလည်း လမ်းဘေးအိပ်ရတော့မယ့်အလုပ်မှာ ကံကောင်းလို့ မြို့ပေါ်က NGO တစ်ဦးနဲ့တိုးပြီး သူကပဲ အိပ်စရာနေရာ စီစဉ်ပေးခဲ့ပါတယ်။ မနက်ရောက်တော့ NGO က ပြုံးတို့ဆီကို ဖုန်းဆက် အသိပေးပြီး တွေ့ကြဖို့ စီစဉ်ပေးပါတယ်။ ပြုံးနဲ့ ၁နာရီကြာ ဗျူးပြီးတော့ ပြင်သစ်တွေကို အဲဒီ NGO ကပဲ ဒီပုံနဲ့တော့ မြောင်းမြဆက်သွား လို့ မဖြစ်ပါဘူးဆိုပြီး သူတို့ကို ရန်ကုန်အပြန်ကားပေါ်တင်ပေးလိုက်ပါတယ်။
သူတို့က ဗြုန်းစားကြီးရောက်လာကြတယ်။ ကားလည်းငှားမလာကြဘူး။ မြန်မာပြည်ကို သူတို့ခုမှ ရောက်ဖူးကြတာတဲ့။ ဧည့်သည်တွေကို လမ်းဘေးအိပ်ခိုင်းရတဲ့အဖြစ်ကတော့ အားနာစရာကြီးပါ။ ပြုံးလည်း ဘာမှမတတ်နိုင်ဘူး။ ဧည့်သည်တွေပြန်သွားတော့မှ ဖြစ်ခဲ့ပုံ ဇာတ်လမ်းကို အကုန်လုံးသိခဲ့တာပါ။
ပြင်သစ်တွေလည်း သူတို့မေးချင်ရာမေး၊ ပြုံးလည်းဖြေချင်ရာဖြေ၊ ဘာမှ ကြိုတင်မစီစဉ်ထားတော့ အကုန် ကမောက်ကမပေါ့နော်။
ဘဖောရဲ့ အတိုအထွာတွေဖတ်၊ လေးပေါက်ရဲ့ နာဒယ်ကွာ ဖတ်ပြီး စိတ်ညစ်ညစ်နဲ့ တောင်တစ်လုံးမြောက်တစ်လုံးရေးတင်လိုက်တာ ဒီတင် တစ်ခန်းရပ်ပါပြီ။ ဆရာဂီလည်း စိုင်လှလှလေးတွေ အများကြီးတွေ့ပါစေရှင်။
9 comments
weiwei
March 24, 2013 at 12:11 am
1984 ကို အချိန်တစ်လလောက်ယူပြီး ဖတ်ခဲ့ရတယ် … ဖတ်လိုက် စဉ်းစားလိုက်နဲ့ အချိန်ကြာသွားပေမယ့် ဖတ်ရတာ အရမ်းတန်တယ်လို့ ခံစားရပါတယ် … အသိမိတ်ဆွေတွေကိုလဲ ဖတ်ကြည့်ဖို့ တိုက်တွန်းမိတယ် … မူရင်းစာရေးဆရာကိုရော ဘာသာပြန်ပေးတဲ့ဆရာမကိုရော အရမ်းလေးစားချီးကျူးမိပါတယ် …
ဝင့်ပြုံးမြင့်
March 24, 2013 at 12:24 am
မဝေရေ
ဘာသာပြန်ဆရာမက အဲလောက်ကြီး မဟုတ်ပါဘူး။ ဆရာဦးဝင်းတင်ပြန်ခိုင်းလို့ ပြန်တာပါ။ စာအုပ်ရဲ့တန်ဖိုးကို ဆရာကသာလျှင် ပိုသိခဲ့တာပါ။
ဖားသက်ပြင်း
March 24, 2013 at 4:32 am
ဂလို အန်တီပြုံးရေ
တယ်လီဗေးရှင်းစက်ကိစ္စ ကစရမှာပဲ.
အတိအကျပြောရရင်. ဆရာကြီး ဂျော့်ချ် အိုဝဲလ် ကို အလွန် လေးစားမိသလို
အစ်မတော်ပြုံံးရဲ့ ဘာသာပြန်စွမ်းပကားကိုလည်း အလွန် လေးစား အားကျမိပါတယ်ဗျာ
ပြန်ကောက်ရရင် အနှီ တီဗီစက် ကိစ္စ
အာ ဟိ. ဝက်ဘ်ကင်မ် လို ဖြစ်နေတာ ဆိုပါတော့
တကယ်က ဆြာကြီးမှန်းတာ အနှစ် ၂ဝ လောက် စောသွားတာရယ်.
ပြောရရင် ကျနော်က. အဲ့သည့်ကာလက အိုင်တီလောက အကြောင်း
လိုက်စားသူဖြစ်လေတော့. ဘဘဂျော့ဘ် ကဘယ်လို လုပ်ခဲ့တယ်
ဘဘ ဂိတ်စ်က ဘယ်လိုမျှော်မြင်ခဲ့တယ် ဆိုတာ လိုက်စားရင်းနဲ့
အနှီ ဓာတ်စက်တွေအကြောင်း ရောက်သွားတာပါပဲဗျာ
Big Brother ပုံဖော်မှုက ပြောင်မြောက်လွန်း ့တာ ကို
ဂုဏ်ပြုတယ်ဗျာ.
ဆရာမကိုလည်း. ကျနော့် အဒေါ် တယောက်သာဖြစ်လိုက်ပါတော့လ
ဆိုတာလောက် လေးစားချီးမွမ်းချင်မိရဲ့.
ကိုဒညင်းဝက်ပြောတာ မလွန်ဘူးခည.
ုတ်တယ် ရူးလောက်တဲ့စာမူ
ကျနော်သာအတွေးခေါင်ပီး ခြားနားတဲ့ ရူးသွပ်မှုနဲ့ ရူးနေတာ
ခမ်းနားတဲ့ ဦးနှောက်တွေကိုတွေ့တိုင်း ဖြုတ်လဲချင်မိတယ်
အန်တီမျှစ်ကျော်. လဲရအောင်
ခင်တဲ့
ဂီ
အလင်းဆက်
March 24, 2013 at 7:45 pm
ကျွန်တော်တော့ အဲဒီ စာအုပ်ကို စာမျက်နှာတစ်ရာလောက် ဖတ်ပြီးချိန်မှာပဲ
မဖတ်နိုင်သေးပဲ..ခဏ ဖယ်ထားပြီး
အရေးကြီးတဲ ့ စာအုပ်တစ်အုပ် ဖတ်နေရလို ့…
ဘာမှ မဝေဖန်တတ်သေးဘူး ။
ဒီစာအုပ်နဲ ့ ပက်သက်ပြီင်္း… ပြောချင်တာလေးတွေ..ပြောကြ
ဆွေးနွေး.ဝေဖန်ကြမယ်ဆိုရင်ဖြင့်….
အကျိုးတစ်ခုခု ရှိနိုင်ကြောင်းတော့..
တွေးမိနေပါတယ် ။
ပြောကြပါဦး ။
ဝင့်ပြုံးမြင့်
March 24, 2013 at 8:08 pm
ဂီရေ- ပြင်သစ်တွေကတော့ အိုရှင်းနီးယားကို နဖူးတွေ့ဒူးတွေ့ တွေ့သွားတယ်။ မယ်ပုကတောင် ပြောသေးတယ်။ ပြင်သစ်တွေကို လမ်းဘေးအိပ်ခိုင်းတာကတော့ အရုပ်ဆိုးလွန်းပါတယ်တဲ့။
ဒါနဲ့ ဂီ့ဦးလေးက ချောလားဟင် … ခွိခွိ။
kyeemite
March 25, 2013 at 11:10 am
ဆရာမရေ..အဲဒီစာအုပ်မဖတ်ရသေးလို့
ဘာမှပြောသွားတော့ပါ..
အရီးခင်လတ်
March 25, 2013 at 10:55 pm
မပြုံးရေ
ပြင်သစ်ဒါရိုက်တာတွေ ကတောင် တကူးတက လာပြီး တွေ့ရတဲ့ သူ က ကိုယ့်ရွာသူ မို့ အင်မတန် ဂုဏ်ယူပါတယ် လို့ ပြောချင်ပါတယ်။
နယ်မှာ နေပြီး ဒီလို ဘာသာပြန်စာကောင်း တွေ ပြန်ပေးနေသူ မို့ လဲ ပိုပြီး ဂုဏ်ယူပါတယ်။
ပိုပြီးအောင်မြင်ပါစေ ဆုတောင်းပါတယ်။
padonmar
March 25, 2013 at 11:37 pm
ပြုံးရေ
နေအသချေင်္က စမိတာနဲ့ စာမျက်နှာ ၆၀ဝ မထတမ်းဆွဲသွားတာ။
ဒီ ၁၉၈၄ ကို စရမှာကို ကြောက်နေမိတယ်။စဉ်းစားပြီးဖတ်ရမှာကို ကြောက်တာလေ။
ဝေဝေညွှန်းလွန်းလို့ မမီတဲ့ ဉာဏ်ကို တုံးခုပြီးဖတ်ဖြစ်အောင်ဖတ်တော့မယ်။
ဦးကြောင်ကြီး
March 26, 2013 at 8:14 am
ဆြာမဝင့်ပြုံး
စာဂကျင့်သုံး
သာရပင့်လုံး
လာဘစွင့်ဘုန်း
မာနလွင့်ဗုံး
တာဝဖွင့်လုံး
နာဂသင့်ထုံး
ညာဏတင့်ဟုန်း..။
ဂျော့အိုဝဲ
ကျော့ပျိုကဲ
တော့်ကိုဆဲ
မျှော့တိုခဲ
ဟော့ဟိုဘဲ
အော့မှိုလဲ
နော့်ဖိုတွဲ
ချော့ဆိုဟဲ..။