အသည်းကွဲနေသော ကောင်မလေးသို
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ……..
“ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ”
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
“ဖန်တီးနေတဲ့လူသားမိန်းမရဲ ့အစိတ်အပိုင်းတွေကိုတွေ ့လား”
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး….
“ဒီလက်နှစ်ချောင်းနဲ ့သူမဟာ အဝတ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀ဝ လောက်ကိုလည်း ဟိုရွှေ ့ဒီရွေ ့လုပ်နိုင်တယ် ။ အစားအသောက်မျိူးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင်
ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး
ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင်
စွမ်းဆောင်ပေးနိုင်တယ် ”
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
“လက်နှစ်ဖက်ထဲနဲ ့အဲ့ဒါတွေ အကုန်လုံးလုပ်လို ့ရတယ် …… မဖြစ်နိုင်တာ .”
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို ့နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး …
“ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား”
ဟုထပ်မေးပြန်၏ ။
“ဒီနေ ့တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ ့ရလိမ့်မယ်”
ဘုရားသခင်က ဆက်ပြောပြန်၏ ။
“ဒီနေ ့မှာတော့ လူသားမိန်းမရဲ ့ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ ”
“………..”
“နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ ့မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို ့တိုးသွား၏ ။ ထို ့နောက် လူသားမိန်းမ ကို တို ့ထိကြည့်လိုက်၏ ။
“နူးညံ့လွန်းလှချည်လား
“ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်”
“သူမကတွေးတတ်လား”
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
“တွေးတတ်ယုံတင်မကပါဘူး ။ ကျိူးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်”
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
“ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို ့သူမမှာ ဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး”
“ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို ့ခေါ်ပါတယ်”
“ဘာအတွက်လဲ”
“သူမရဲ ့ဘဝမှာ ဝမ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို ့အတွက်ပါ”
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
“သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမာ္ဘလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး
ဖြစ်လာပါလိမ့်မယ်”
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
“ဟုတ်တယ် … လူသားမိန်းမက ကမာ္ဘလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့ဩသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ ့ဒုက္ခတွေနဲ ့ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်”
“သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ ့မှုတွေတွေ ့ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်”
“အဲ့ဒီလောက်တောင်ပဲလား”
“ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ ံ့တဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ”
“အို”
“သူ ့မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ ့မိသားစုအတွက် အခရာလို ့ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ ့အပေါ်မှာတည်မှီနေတယ်လို ့ ယူဆထားတတ်တဲ့ လူသားတစ်မျိူးပါ ။ သူမရဲ
့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး”
“သူမရဲ ့သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို ့ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်”
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
“သူမရဲ ့နှလုံးသားဟာ ဆွေမျိူးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို ့သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ …. သူမဟာ ထိုကြေကွဲမှုတွေကို ဘဝရဲ ့ခွန်အားအဖြစ်
ပြောင်းလဲအသုံးပြုတတ်သေးတယ်”
“…………”
“အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ ့မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်”
“ဒါပေမဲ့ သူမမှာ ချိူ ့ယွင်းချက်တစ်ခုတော့ ရှိတယ်”
“ဘယ်လို”
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
“ချိူ ့ယွင်းချက်တစ်ခုတော့ ရှိတယ်လို ့ပြောတာပါ”
“ဘာချိူ ့ယွင်းချက်လဲ”
“သူမဟာ သူမရဲ ့အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်”
“ဟင်”
“နောက်ပြီး သူမဟာ ကမာ္ဘလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ ့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်”
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချိူ
့မိန်းကလေးတွေ တွေ ့နေရပါတယ် ။ အသည်းကွဲလို ့စိတ်ညစ်ပြီးးးးးးးး..
စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို ့ဘဝဆုံးသွားတဲ့
အဖြစ်အပျက်ကလေးတွေပေ့ါ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ
အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီ
းဆက်ဆံလိုက်ပါလို ့…ပြောကြားရင်း …. .
One comment
ayemyacho
July 23, 2010 at 10:50 am
အတုယူစရာအရေးအသားကိုသဘောကျတယ်။
ကျေးဇူးလဲတင်တယ်နောက်ကိုဒီလိုစာတွေရေးပေးပါအုံး 🙂