Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖေ့စ်ဘုတ်နံရံပေါ်မှာ..

kaiMarch 29, 20136min4458
Ko Htike

တစ်ခါတလေ စိတ်ပျက်ဖို့ မဖြစ်နိုင်လောက်အောင်ကို ရီချင်စရာ ကောလဟာလ ဖြန့်မှုတွေ တွေ့ရတယ်။သရုပ်ဆောင် စိုးမြတ်နန္ဒာ တစ်ယောက် … ဇာတ်လမ်း အရ သရုပ်ဆောင်မှု အဖြစ် … အခေါင်းထဲမှာ ပန်းတွေနဲ့ သေဆုံးသွားတဲ့ ဇာတ်ရုပ်ပါတဲ့ အခန်းအတွက် .. ဓါတ်ပုံ တစ်ပုံက အင်တာနက်မှာ တွေ့လိုက်တယ်။ တွေ့တာ မနက်ခင်းမှာ။ ဘာမှတ်ချက်မှတော့ အောက်မှာ ရေးထားတာ မရှိဘူး။ ဓါတ်ပုံကြီးပဲ သီးသန့်ပေါ့။ ဒါပေမယ့် မြင်တာနဲ့ သိသာတယ်။ သရုပ်ဆောင်နေတယ် ဆိုတာကို။

ညနေခင်းလည်း ရောက်ရော … သရုပ်ဆောင် စိုးမြတ်နန္ဒာ သေဆုံးပါတယ် … ဝမ်းနည်းပါတယ် … ဘာညာနဲ့ အောက်က စိုးမြတ်နန္ဒာ အကြောင်း နည်းနည်းပါးပါး ရေးထားတဲ့ သတင်းစကားလိုလိုစာက ပုံနဲ့အတူ တက်လာတာတွေ့ရတယ်။ အင်တာနက် သုံးတဲ့ လူတွေ ဆိုတာ အတိုင်းအတာ တစ်ခုအထိ မျက်စိပွင့်တဲ့ လူတွေလို့ ယုံကြည်မိပါတယ်။ အခုကတော့ ……. ။

ဒါမျိုးတွေကို စိတ်ပျက်တာထက် … ရီ (ရယ်) ပြီးပဲ နေချင်တော့တယ်။

ဪ ….. ကောလဟာလ၊ တွေးခေါ်နိုင်စွမ်းနဲ့ မြန်မာလူထု ….. ။

(ကိုထိုက်)

===
တိုင်းပြည်ကာကွယ်ဖို့ ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက် သေးဘူး။ ကုန်းတပ်စစ်တပ်ကလည်း ဘာမှ မဖြစ်လောက် သေးဘူး။ သံချပ်ကာကားတပ်တွေဆိုတာ မရှိသေးဘူး၊ ×× လေတပ်ဆိုတာ အခုမှ စတုံးရှိသေး၊ ရေတပ်ကလည်း ဟန်ပြပဲရှိသေး ×× ကျွန်တော်တို့ တိုင်းပြည် တကယ်စစ်တိုက်မယ့်အချိန်မျိုးမှာ လူတစ်သန်းစစ်တပ်အင်အားရှိရမယ်၊ လူတစ်သန်းရှိမှ ကောင်းမယ်။

ဗိုလ်ချုပ်အောင်ဆန်း ၁၉၄ရ ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် မိန့်ခွန်းမှ

===
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ဝင်းစိန်တောရ၌ တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုမှာ ယခုအခါ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ဝင်းစိန်တောရမှ သိရသည်။ လက်ရှိတည်ဆောက်လျက်ရှိသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော် ၉၀ဝ အမြင့်နှင့် အတောင် ၆၀ဝ ပေ ရှိပြီး ကမ္ဘာပေါ်၌ အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း ယခင် ၁၉၉၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော် ၆၀ဝ အမြင့်နှင့် အတောင် ၄၀ဝ ပေရှိကာ လက်ရှိ၌ တည်ဆောက်မှု ၇ဝ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည့်အတွက် အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဝင်းစိန်တောရကျောင်းတိုက်မှ ဦးဇင်းလေးက ပြောသည်။ PN 020
==
မြန်မာနိုင်ငံတွင် ကမာ္ဘကျော်တေးဂီတအဖွဲ့ U2 မှ အဆိုတော် ဘိုနို လာရောက်ဖျော်ဖြေမည်

ကမာ္ဘကျော်တေးဂီတအဖွဲ့ U2 မှ တေးသံရှင် ဘိုနိုသည် မြန်မာနိုင်ငံအတွင်း အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီသည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ အဆက်အသွယ်ဖြင့် ၂၀၁၃ခုနှစ် ဇွန်လကုန်ပိုင်းအတွင်း ရန်ကုန်မြို့တွင် တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ဘိုနိုသည် ယခင်ကတည်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားသူတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သီချင်းစပ်ဆိုဂုဏ်ပြုဖူးခဲ့သည့် ကမာ္ဘကျော်အဆိုတော်တစ်ဦးဖြစ်ပါသည်။ ဘိုနိုဟာ ဂျေဆင်မရက်ဇ်၊ မိုက်ကယ်လန်းတို့ပြီးနောက် တတိယမြောက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် နိုင်ငံခြားတေးသံရှင် ဖြစ်လာခဲ့ပါပြီ။

===

မနှစ် ၂၀၁၂ တုန်းက အမေရိကန်၊ စကာင်္ပူ နဲ့ မလေးရှား နိုင်ငံတွေ သွားတုန်း ဘယ်နိုင်ငံက လာတာလဲ၊ မြန်မာပြည်ကဆို မျက်နှာကိုပွင့်နေတာဘဲ။ အခုတစ်ခေါက်တော့ မြန်မာပြည်ကလို့ ပြောလိုက်တာနဲ့ ဟိုးအရင်တုန်းကလိုဘဲ ဘီလူး သဘက်တွေ နေတဲ့ နိုင်ငံကလိုလို၊ လူမနေအပ်တဲ့ ပစ္ဆန္တရပ် ကလိုလို သနားတဲ့မျက်လုံး နဲ့၊ အံ့ဩတဲ့ မျက်လုံး နဲ့၊ စိတ်မကောင်းတဲ့ မျက်လုံး နဲ့ အကြည့် ပြန်ခံနေရတာကို မခံချင်ပေမဲ့၊ မကြိုက်ပေမဲ့လည်း သူတို့အပြစ်လည်းမဟုတ်တော့၊ သူတို့ဘဝနဲ့လည်း တစ်ခြားစီ ဖြစ်နေတော့ ကျမလည်း ဘာတတ်နိုင်မှာလည်း။ မြန်မာပြည်ရယ် ကမာ္ဘ့အလည်မှာ မျက်နှာပန်းလှချင် လှပါပြီ။

===
တစ်ယောက်မှ မကောင်းကြတော့ပါလား၁။ ဦးဝီရသူက စစ်တပ်သူလျှို။
၂။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်လူ။
၃။ မင်းကိုနိုင်က ကုလား။
၄။ ဒီချုပ်က မွတ်ပါတီ။
၅။ ၈၈ မျိုးဆက်က မွတ်ဒေါင်း (သို့) ဖွတ်ဒေါင်း။
၆။ တိုင်းရင်းသားများက ခွဲထွက်ရေးသမား။
၇။ မူစလင်များကို အကြမ်းဖက်သမား။
၈။ စစ်တပ်ကို လူသတ်သမား။
၉။ ပြည်ခိုင်ဖြိုးကို ဖွတ်ကြားပါတီ။
၁၀။ ၉၆၉ ကို နာဇီဝါဒဒီထဲမှာ ဟုတ်တာလည်း ပါမယ်၊ မဟုတ်တာလည်း ပါမယ်။ ဒါပေမဲ့ ဒီလူတွေ အားလုံးက မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲအောင် လုပ်ကြမယ်ဆိုပဲ။(အတည်ပေါက် မယူကြပါရန်)

Like · · Share · Yesterday at 10:23am ·

=

“What does the Burmese government have to gain from this violence?There are three goals, as far as I can tell. One is, the military leadership has swapped their generals’ uniforms for civilian clothing, but at heart, they still remain irredeemably authoritarian and dictatorial. They are security obsessed and some of them feel the reforms that are unfolding in the country are going too far. So they want to slow it down and roll back the reform process. In order to do that, they must create social instability and use volatile situations as an excuse to say, “The people can’t handle freedom of speech, freedom of movement, and freedom of organization. Therefore, we need to have a strong handle on the situation to make sure people stay in line and don’t kill each other.”Secondly, when all these waves of violence against Rohingya Muslims started last year, the military and the proxy political party of the military was in a worrisome situation becau…See More

Like · · 4219 · 19 hours ago ·

8 comments

  • KZ

    March 29, 2013 at 8:43 am

    ဘာမှ မြင်တော့ဘူး။ :mrgreen:

    ဘာကိုမှလိုက်မဖတ်တော့ဘူး။ :mrgreen:

    ဘိုနို ကိုပဲ မြင်တယ်။
    :528:

  • ဦးကြောင်ကြီး

    March 29, 2013 at 9:38 am

    နံရံပေါ်မှာ
    ကြံဖန်စော်ရှာ
    လန်ပျံဖော်ကာ
    ညံသံရော့ခ်ကာ
    မြန်ဆန်သော်တာ
    ယွမ်ဝမ်အော်လာ
    ဟန်လျှံမော်ဝါ
    ဘဏ်ဖျံကျော်စွာ..။

    • မောင် ပေ

      March 29, 2013 at 7:31 pm

      အရမ်းမိုက်တဲ့ ကာရံတွေပဲဗျာ
      ရပ်ပါကြောင်ကြီး အား အလေးပြု

  • ခင်ခ

    March 29, 2013 at 10:54 am

    ဟိုရက်ပိုင်းက ဖေ့ဘုတ်ဖွင့်ကြည့်ဖြစ်တယ်။
    ဟိုရက်ပိုင်းက ကျွန်ုပ် ကွန်ပျုတာကြီး ငိုရတာများလို့ ရေခွက်တောင်ခံထားရတယ်၊
    ဟိုရက်ပိုင်းက ကျွန်ုပ် ကွန်ပျုတာကြီး ဒေါသဖြစ်လို့ ထ ထ ခုန် လို့ မနည်းဖိထားရတယ်။
    ဟိုရက်ပိုင်းက ကျွန်ုပ် ကွန်ပျုတာကြီး ခေါင်ခါသလိုမျိုး လှုပ်ခါရမ်းနေလို့ ငြိမ်အောင်ကိုင်ထားရတယ်။
    အဲဒီရက်တွေတုန်းက ဖေ့ဘုတ်စာမျက်နှာမှာ ငိုစရာ ဒေါသဖြစ်စရာ နဲ့ မယုံနိုင်စရာကောလဟာလ
    တွေကလည်း များခဲ့သကိုး။
    အခုတော့ ကျွန်ုပ် ကွန်ပျုတာကြီးကို သနားတာနဲ့ အဲဒီ စာမျက်နှာတွေကို hide လုပ်တန်တာလုပ်၊ Unfriend တစ်ချို့လုပ်ပစ်လိုက်တော့မှဘဲ၊
    အခုတော့ အကျွန်ုပ် ကွန်ပျုတာကြီးလည်း အေးဆေးဖြစ်သွား ပါရောကွယ်။

  • kai

    March 29, 2013 at 2:48 pm

    ကျုပ်ဖေ့စ်ဘုတ်နံရံပေါ်ရောက်နေတာတွေ.. လိုက်ဖတ်ရင်း..ကူးတင်ပေးလို်က်တာပါ..
    အကျိုးပေးမပေးတော့မသိ.. အချိန်တနာရီလောက်က.. အေးဆေးပြုတ်တယ်..။

    ဟားဗတ်တက္ကသိုလ်ကျောင်းသူတွေရဲ့.. အခြေအနေသတင်းတွေမှတ်တမ်းတင်ရာကစခဲ့တဲ့.. ဖေ့စ်ဘုတ်.. အခုလောက်ထိဖြစ်လာနေတာ.. အံ့ဩစရာပေါ့..
    ဘယ်တော့လောက်မှာ.. ပေါက်ကွဲထွက်မလည်း. မသိ..။

    ဆိုတော့..
    စိတ်တော့ဝင်စားစရာ.. :kwi:

    • ပြောဒေါ့ …
      Facebook သုံးဘူးဆို …
      အခုကျဒေါ့ လိုက်ဖတ်ရင်းနဲ့ဒဲ့ ….
      ကိုင်း .. ဘို တွေးရမဲ … 🙄

      ဘဂျီးရေ …
      ဖဘ ကတော့ ဘယ်သူတွေ ဘယ်လိုပဲပြောပြော
      ကမ္ဘာကျော်နေတာပဲ …
      ဂူဂဲတောင်မှ ရင်ဘောင်တန်းနေတာပဲ ကြည့်ပါတော့လား ….

      သူ့ထဲမှာတော့ ကောင်းတာရော၊ ဆိုးတာရော …
      အစုံပလုံပါပဲရယ် …
      ဒါမယ့် … အသုံးချမယ်ဆိုရင်တော့ …
      ပုံတွေ သိမ်းဖို့အတွက်ဆို အတော်ကြီး အိုကေနိုင်တဲ့ နေရာတစ်ခုပါပဲ ….
      ဒီလို ပုံတွေ သိမ်းဖို့အတွက် စပေ့ချ်က ဘယ်လောက်ပေးထားလဲ မသိဘူး …
      အန်လစ်မစ်တက်တောင် ဖြစ်နေလေမလားပဲ ….

  • နေဝန်းနီ

    March 29, 2013 at 8:52 pm

    တစ်ခါတစ်ခါကျတော့ အဲဒိနံရံက ဘာနဲ့တူသလဲဆိုဒေါ့ အများသုံး လက်ထရိန်က နံရံနဲ့တူပါတယ်……။ လက်ဆော့ချင်တဲ့သူ လက်ဆော့တတ်တဲ့သူက ရေးချင်ရာရေး ဘယ်သူရေးသွားမှန်လည်းမသိဘူး….။ ကိုယ်လည်း လက်ကမြင်းချင်ရင် ကမြင်းခဲ့ ကိုယ်ရေးခဲ့မှန်းဘယ်သူမှသိမှာမဟုတ်ဘူး အဲဒိမှာ နာမယ်ရင်းနဲ့ ဒါ့ပုံတော့ တင်မထားခဲ့နဲ့ပေါ့

  • ဆူး

    March 30, 2013 at 12:54 pm

    ဖဘ ကတော့ တနေ့တနေ့.. ဘာ မှ မလုပ်ပဲ ထိုင်ကြည့်နေရင်တောင် တခုပြီး တခု တက်လာတာ.. ကြည့်လို့ မှ အားမရ လျှောက် ရှဲ လိုက် သေးတယ်.. ရှဲလို့မှ အားမရ လိုက်မန်း လိုက်သေးတယ်.. ဒါနဲ့ တနေကုန်တာပဲ.. ဘာပဲ ဖြစ်ဖြစ် အပျင်းပြေတယ်.. တခါတရံ ဗဟုသုတရတယ်.. တခါတရံ ဒေါသပွားရတယ်.. တခါတရံ… တခါတရံ နဲ့ တနေ့ တနေ့ ဂိမ်းဆော့ပြီးလည်း အချိန်ကုန်လို့ ကုန်မှန်း မသိ ကုန်သွားပါလေရဲ့။

Leave a Reply