ဆုတောင်းခဲ့ဖူးပါသည်… (၂)
–
–
++++++++++++++++++++++++++++++++++++++++++
https://myanmargazette.net/171969/creative-writing
++++++++++++++++++++++++++++++++++++++++++
အခန်း (၄)
မမနွေး… နာမည်အပြည်အစုံက နွေးရတီဝင်း။ အသားဖြူဖြူ၊ လူကောင်ခပ်သေးသေးနှင့် ချစ်စရာကောင်းသော တိုင်းရင်းသူ မမနွေးက ခင်လေးတို့ထက် (၃) နှစ်ကြီးပါသည်ဆိုလျှင် မည်သူကမျှ မယုံချင်ကြပါ။
ကျောင်းပြီးလို့ ဘွဲ့ရပြီးချိန်တွင် နေခြည်က အဆောင်နေပြီး သင်တန်းတက်သည်။ နောက်ပိုင်းတွင် သီးသန့်နေတတ်သည့် နေခြည်က အဆောင်မနေချင်တော့ပါဟုဆိုတော့ ခင်လေးတို့ တစ်နယ်တည်းက သူငယ်ချင်းတွေစုပြီး တိုက်ခန်းငှားနေကြသည်။ ထိုအခါ နေခြည်နှင့် တစ်ဆောင်တည်းနေခဲ့သည် မမနွေးကပါ ခင်လေးတို့ဆီ ပါလာခဲ့တော့သည်။
မမနွေးကို ခင်လေး ချစ်ပါသည်။ သမီးကြီးဖြစ်သည့် ခင်လေးအတွက်ကတော့ အစ်မတစ်ယောက် ကောက်ရသကဲ့သို့ပင်။ မမနွေးကလည်း နွဲ့ဆိုးဆိုးတတ်သည့် နေခြည့်ကို သည်းခံပြီးချစ်သကဲ့သို့ ကလေးမက လူကြီးမကျသေးသည့် ခင်လေးကိုလည်း ညီမတစ်ယောက်သဖွယ် ချစ်ပါသည်။
သီးသန့်နေတတ်ပြီး အစားဂျီးများသည့် နေခြည်က ချက်မစားဘဲ ဝယ်စားမည်ဆိုတော့ ဟင်းချက်ဝါသနာပါသော ခင်လေးနှင့် မမနွေးက အတူတူချက်စားကြသည်။ ညနေရုံးပြန်လာလျှင် အတူတူဈေးသွား၊ အတူတူချက်ကြ၊ ပြီးလျှင် အတူတူ ထမင်းစားကြ၊ အသားကြိုက်သည့် မမနွေးနှင့် ငါးကြိုက်သည့် ခင်လေး..အကြိုက်ချင်းမတူသော်လည်း တစ်ယောက်လက်ရာကိုတစ်ယောက်က စားကောင်းကြစမြဲပင်။
ရွယ်တူ သူငယ်ချင်လေးယောက်ကြားတွင် တစ်ယောက်တည်းဖြစ်နေသော မမနွေးက ခင်လေးတို့ သူငယ်ချင်းတွေကိုလည်း ခင်မင်သည်။ ခင်လေးတို့တွေက နယ်က သူငယ်ချင်းများအကြောင်းပြောကြပြီဆိုလျှင် မမနွေးက နားထောင်ပြီး သဘောကျနေတတ်သည်။ ခင်လေးတို့သူငယ်ချင်းတွေကိုလည်း လူမမြင်ဖူးရုံသာရှိမည်၊ နာမည်နှင့်တော့အကုန်ရင်းနှီးနေသည်။
“အစ်မလည်း ခင်လေးတို့ နေခြည်တို့မြို့သူတစ်ယောက်တောင် ဖြစ်တော့မယ်…”
မမနွေးက အမြဲလိုပင် ပြောလေ့ရှိလေသည်။
++++++++++++++++++++++++++++++++++++++++++
ထိုနေ့က ခင်လေးတို့အိမ်က ငါးယောက်သား သီချင်းသွားဆိုကြသည်။ တစ်အိမ်တည်းတွင်သာ အတူတူနေကြသည်၊ မတူညီသည့် ရုံးတက်ရုံးဆင်းချိန် နှင့် အလုပ်ပိတ်ရက်များကြား ငါးယောက်လုံးဆုံဖို့ရာ အလွန်ပင်ခဲယဉ်းသည်။ ထိုနေ့ကတော့ ထူးထူးခြားခြား ငါးယောက်စလုံးအလုပ်ပိတ်ရက်တိုက်သည်နှင့် သီချင်းသွားဆိုကြမည်ဆိုပြီး လာခဲ့ကြသည်။
တစ်ယောက်တစ်လှည့်ရွေးလိုက်၊ အကုန်ဝိုင်းပြီး ဆိုလိုက်ကြနှင့် ပျော်စရာလည်းကောင်းသည်။ ခင်လေးလည်း ခင်လေးကြိုက်သည့် သီချင်းများကို ရွေးဆိုသည်။ အချိန်အတော်ကြာ ခံစားချက်နှင့်တိုက်ဆိုင်သည့် သီချင်းများအပြင် ခံစားချက်နှင့်မတိုက်သော်လည်း ရင်ထဲထိသည့် သီချင်းများကို ရွေးဖြစ်ခဲ့သည်။
“ကလေးအရွယ်က သူငယ်ချင်း..ကျောင်းမှာပြန်တွေ့တော့ … ဟိုးအရင်တုန်းကအတိုင်း … တို့တွေပြန်တွဲကြတယ်… လူတွေထင်ရင် ငါရှက်တတ်ပြီ…. ချစ်သူရှိပြီလား… နင့်ကို ငါမေးတော့… ချစ်နေတဲ့သူက သိတောင်မသိဘူးတဲ့.. ဘယ်သူကို ရည်ရွယ်ပြောသလဲလေ… … … ”
“မင်းအနားမှာ.. အမြဲနေချင်တယ်… မင်းရဲ့ ပုံရိပ်လေးပဲ တမ်းတဆဲ.. သူငယ်ချင်းလို့ ပြောနေပေမယ့်… ငါရင်ထဲက ချစ်နေခဲ့… … … ”
“ငယ်ငယ်တုန်းကခင်တယ်… အခုချစ်ရတဲ့.. သူငယ်ချင်း ချစ်သူလေးရယ်… အခုချစ်ရတဲ့… ငယ်ငယ်တုန်းကခင်တယ်… သူငယ်ချင်း ချစ်သူလေးရယ်.. ကြင်သူရှိနှင့်ရင်လည်း…စာနာနားလည်ပေးပါ့မယ်… ခွင့်လွှတ်နေမယ်.. သူငယ်ချင်း ချစ်သူလေးရယ်.. … ”
“မိန်းကလေးဘက်က ချစ်တာကို… အရေးလည်းမစိုက်တော့ စိတ်နာတယ်… ရှင်လေ တန်ဖိုးမထားတာတွေ… ကြာလာလေ ပိုသိလာ… ပေးမိတဲ့အချစ်တွေကို … တစ်ချက်လောက် ဂရုစိုက်လာရင်.. ဝမ်းနည်းအောင် အမြဲလုပ်ခဲ့တာတွေ.. ကိုယ်ခွင့်လွှတ်နိုင်ပါတယ်… … ”
“စောင့်မျှော်နေသူငါ… စိတ်ကူးယဉ်နေသူပါ… မင်းလေးပြောမယ့် စကားတွေ.. မင်းသိမ်းမထားနဲ့တော့.. အဖြူရောင်အချစ်တွေ ဆိုမှာလား.. အချိန်တွေတိုင်းပျော်နေနိုင်မလား… အသည်းလေးကွဲမယ့်အဖြစ်တွေ..မပေးသွားပါနဲ့..သူငယ်ချင်းရယ်… … ”
“မနေ့ကအထိ မင်းရဲ့အချစ် မျှော်လင့်မိတယ်… မင်းကမသိ တစ်ချက်မှမကြည့်တာ ဘယ်လိုလုပ်မလဲ… ဝေဒနာတွေပဲ ဆက်တိုက်ရတဲ့အချိန်တိုင်းမှာ..ကြောက်မိခဲ့ပြီချစ်သူ.. တို့မိန်းကလေးပါ…“
“အောင်သွယ်ခိုင်းတယ်… ဟိုကောင်မလေးနဲ့… သူခံစားရတယ်ဆိုပဲ.. ငါဘာလုပ်ရမလဲ.. ရှောင်ထွက်သွားမယ်… ကြံစည်ထားလည်း… သူငယ်ချင်းလေးအလိုတွေပဲ.. ငါဖြည့်ဆည်းတော့မယ်… … ”
“မင်းနဲ့ငါနဲ့ လုံးဝအကြံတူ… အပေါင်းအသင်းတွေအလယ် အခုတော့ရန်သူ.. ဘယ်သူကမီးကို လာလာလို့မွှေးတယ်…စဉ်းစားကြည့်လိုက်ဦး… ငါ့ရည်းစားအနားကပ် ပြောတဲ့စကားတွေ…နောက်ကျောဘက်ကရပ် ထိုးတဲ့ဓားတွေ.. သက်သေပြရင် မငြင်းနဲ့ဦး.. မျက်ရည်ကျရင် သိပ်ကိုမုန်း… … ”
“မင်းမျက်ရည်… မင်းမျက်ရည်…ငိုကြွေးခြင်းများနဲ့ မင်းရဲ့မျှော်လင့်ချက်… အတူတူနေဖို့မလွယ်ဘူး…အချစ်သက်သက်ဆို… မဆုံတဲ့ဖူးစာ.. မေ့ပစ်လိုက်ပါနော်… .. ..”
ခင်လေးကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် သီချင်းတွေရွေးခဲ့သော်လည်း အပြန်လမ်းတွင်တော့ နေခြည်က မေးလာပါတော့သည်။
“ခင်လေး.. သီချင်းတွေရွေးထားတာကတော့ ရှယ်တွေပဲ… ခံစားချက်တွေမို့လား…”
“အာ..မဟုတ်ပါဘူး.. ဒီလိုပဲ ငါက အေးအေးလေးတွေကြိုက်တော့ အကုန်ဆိုလို့ကောင်းမယ့်သီချင်းတွေ ရွေးထားတာ… ”
“မညာတတ်ဘဲ မညာပါနဲ့ ခင်လေးရယ်… နင် ကိုဖြိုးကို ကြိုက်နေတုန်းပဲမု့ိလား… အချင်းချင်းတွေပဲ.. ပွင့်ပွင့်လင်းလင်းပေါ့… ”
“အောင်မယ်လေး မယ်မင်းကြီးမရယ်.. နင့်ကို ကြောက်လွန်းလို့ပါ… လျှောက်မစပါနဲ့..ဟိုကကြားသွားရင် မကောင်းရှိဦးမယ်.. ငါက အဲ့ကောင်ကို ဘာလို့ကြိုက်ရမှာလဲ… ဝေးသေး.. ”
“ပြော..ပြော.. နင်ပဲပြော… နင်သာ ဝန်မခံတာ.. ဒီလောက် သိသာနေတာကို… ”
“နေခြည် နင်လျှောက်မပြောနဲ့နော်… ငါ သူ့ကို သူငယ်ချင်းလိုပဲခင်တာ.. လုံးဝ မကြိုက်ဘူး… ဖြစ်ရလေ.. ငါကပဲ သူ့ကို ကြိုက်ရဦးမယ်…”
“အဲဒါဆို နင် ကိုဖြိုးကို သူများကို ပေးရဲလား.. ”
“ဘာလို့ မပေးရဲရမှာလဲ.. သူလည်း အချိန်တန်ရင် ရည်းစားရမှာပဲ.. ကိုယ့်လမ်းကိုယ်လျှောက်ကြမှာ.. လွမ်းစရာမရှိ… ”
“အေး.. အဲ့ဒါဆို ဒီနေ့ကစပြီး နင်နဲ့ မစတော့ဘူး… ကိုဖြိုးကို မမနွေးပဲ ယူလိုက်တော့… ”
“ယူပေါ့.. ငါနဲ့ ဘာဆိုင်တာမှတ်လို့… ”
နိမိတ်ဆိုတာကို ခင်လေး မယုံတတ်ခဲ့ပါ။ အမှတ်တမဲ့ပြောလိုက်သော စကားများ၏နောက်တွင် ဖြစ်လာမည့် အဖြစ်အပျက်များကို ကြိုသိခဲ့ပါလျှင် ခင်လေး မရရအောင်တားဆီးမိခဲ့မည် ထင်ပါသည်။
++++++++++++++++++++++++++++++++++++++++++
အခန်း (၅)
သည်အဖြစ်အပျက်၏ အဓိကတရားခံသည် ခင်လေးပါဟုဆိုလျှင် ခင်လေး ခါးခါးသီးသီးငြင်းဆန်ချင်ပါသည်။
“ဟင့်အင်း..ခင်လေးလုပ်ခဲ့မိတာ ဘာမဟုတ်တဲ့ အကြောင်းအရာလေးပါ…ဖြစ်လေ့ဖြစ်ထရှိခဲ့တာလေးပါ… ခင်လေးကတော့ ရိုးရိုးလေး တွေးခဲ့တာပါပဲ…”
သို့သော် “ခင်လေးညံ့လို့ပါ” ဟု ဆိုလာလျှင်တော့ ခင်လေး ဝန်ခံပါသည်။
“ဟုတ်တယ်..ခင်လေး အရမ်းညံ့တယ်.. လူကဲခတ်အရမ်းညံ့တယ်… လူတွေကိုအရမ်းယုံတယ်.. နောက်ဆုံး ကိုယ့်ရှေ့မှာဖြစ်နေတာတွေကိုတောင် မရိပ်မိလောက်အောင် ခင်လေး အရမ်းညံ့ခဲ့တာပါ… ”
++++++++++++++++++++++++++++++++++++++++++
ကံဆိုးခြင်းကို သယ်ဆောင်လာမည့် ထိုအဖြစ်အပျက်က ခင်လေးတို့လိုချင်သော ပစ္စည်းကို အနီးအနားမှာ အလွယ်တကူရှာမရခဲ့ခြင်းမှ စတင်ခဲ့ပါသည်။
“မမနွေး… ခင်လေး မြေနီကုန်းက ဆိုင်တွေအကုန်လုံးက လိုက်ကြည့်ပြီးပြီ… ခင်လေးတို့လိုချင်တဲ့ဟင်းချက်အိုးမျိုး မတွေ့ခဲ့ဘူး.. အနက်သုတ်ထားတာမျိုးမရှိဘူး… လှည်းတန်းက စိန်ဂေဟာထဲ သွားကြည့်ကြမလား..”
“သွားလေ.. အစ်မလည်း လှည်းတန်းမရောက်တာကြာပြီ…သွားရအောင်…”
ဖြစ်လာသည့် အကြောင်းအရာများက ရိုးစင်းခဲ့ပါသည်။ လှည်းတန်းကိုရောက်နေသော ခင်လေးက လှည်းတန်းမှာနေသော ကိုဖြိုးကို ဖုန်းဆက်သည်။ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်ရောက်နေသော ကိုဖြိုးနှင့် ခင်လေးတို့တွေ တွေ့ဖြစ်ကြသည်။ မမနွေးနှင့် ကိုဖြိုးကို မိတ်ဆက်ပေးသည်။ နာမည်ကြားဖူးထားပြီးသားနှစ်ယောက်က အချိန်တိုအတွင်းခင်မင်သွားကြသည်။ ခင်လေးအတွက်ကတော့ အလွန်ပင် ရိုးစင်းခဲ့ပါသည်။
ထိုနေ့က အိမ်အပြန်လမ်းတွင် ခင်လေးက ကိုဖြိုးကို ချစ်သည့်အကြောင်း မမနွေးကို ဝန်ခံခဲ့သည်။ အကြောင်းစုံကို ရင်ဖွင့်ခဲ့သည်။ မမနွေးထံမှ ကရုဏာသက်သော အားပေးစကားများကို ကြားခဲ့ရသည်။ နောက်ပိုင်းတွင်တော့ ကိုဖြိုးနှင့် တွေ့လာမိတိုင်း၊ ကိုဖြိုးနှင့်ဖုန်းပြောပြီးတိုင်း ခင်လေး၏ ခံစားချက်များကို နားထောင်ပေးရသူသည် မမနွေးဖြစ်လာခဲ့သည်။
++++++++++++++++++++++++++++++++++++++++++
ထိုနေ့..ထိုနေ့က ဆယ်တန်းအောင်စာရင်းထွက်မည့် နေ့တစ်နေ့ပင် ဖြစ်ပါသည်။ ဇွန်လ၏ တစ်ခုသော ထိုညနေခင်းကလည်း မိုးတွေရွာနေခဲ့ပါသည်။ သူငယ်ချင်းတစ်ယောက်၏ ဖုန်းနံပါတ်တစ်ခုကို အရေးပေါ်သိချင်၍ ကိုဖြိုးဆီသို့ ဖုန်းလှမ်းဆက်လိုက်သည်။
“ကိုဖြိုး.. သူသူ့ ဖုန်းနံပါတ်သိလား..”
“မသိဘူးဟ… ဘာလို့လဲ..”
“ကိစ္စတစ်ခုရှိလို့ပါ… မရှိရင်လည်း ထားလိုက်.. နင်ဘယ်ရောက်နေတာလဲ… ဘေးမှာလည်း ဆူညံနေတာပဲ..”
“နင်တို့ မြေနီကုန်းမှာ..”
“ဟမ်..အစုတ်ပလုပ်ကောင်..ရောက်နေတာတောင် ဖုန်းမဆက်ဘူး..အခုဘယ်နားမှာလဲ…”
“ထိုင်နေကျ အအေးဆိုင်မှာပဲ..”
“ဘယ်သူတွေနဲ့လဲ..”
“ပြောစရာလားဟ..”
“နေဟာ…ဒါဘဲ…”
ခင်လေး အလွန်ပင် စိတ်တိုမိပါသည်။ ကိုဖြိုးက ခင်လေးတို့ဆီသို့ လာခဲသည်။ ခင်လေးကို လိုက်ပို့လျှင်တောင် ချက်ချင်းပြန်သွားတတ်သည်။ ထိုသို့သောကိုဖြိုးက ယခုလို ခင်လေးတို့အိမ်နားရောက်နေပါလျက်နှင့် ဖုန်းလေးတစ်ချက်ပင် မဆက်ခဲ့သည့်အဖြစ်က အလွန်ပင် မခံချိမခံသာဖြစ်စေပါသည်။ ဖုန်းနံပါတ်ကို အသည်းအသန်ရှာနေရင်းက နေခြည်၏ ဖုန်းပြောသံက နားထဲသို့ ဝင်လာခဲ့သည်။
“အေး… ငါမပြောချင်ဘူးနော်.. ကိုဖြိုး… ကိုယ့်အကြောင်းကိုယ်သိတယ်မို့လား.. နင်ဘာအချိုးချိုးနေလဲဆိုတာ..”
“….. ….. ….”
“ဘာ ဘာမဟုတ်တာလဲ… ငါတို့ကိုတောင် ဖုန်းမဆက်နိုင်လောက်အောင် ဖြစ်နေတယ်ပေါ့…”
“…. …. …”
“အေး…မြန်မြန်ပြန်နော်.. ဒါပဲ…”
ခင်လေးက ကိုယ့်အတွေးနှင့်ကိုယ် စိတ်တည်ငြိမ်အောင် ကြိုးစားနေချိန် နာရီတကြည့်ကြည့်နှင့် ပျာယာခတ်နေသောနေခြည့်ကို မျက်စိနောက်မိသော်လည်း စကားလှမ်းမပြောမိလိုက်ပါ။ နေခြည်တစ်ယောက် ဖုန်းဆက်ပြန်ပါပြီ။
“မနွေး..ကိုးနာရီထိုးပြီ.. ပြန်မလာသေးဘူးလား…”
“….. …. …”
“ပြန်လာပြီဆိုလည်း ပြန်လာတော့လေ… အစ်မဘေးက တစ်ယောက်ကို ဖုန်းပေးလိုက်ပါဦး…”
“… … ..”
“အေး.. ငါ့အစ်မကို ပြန်လွှတ်လိုက်တော့… သိပ်မလွန်လွန်းနဲ့.. ကြည့်မရတော့ဘူး…ဒါပဲ..”
ခပ်ညံ့ညံ့ခင်လေး ထိုအချိန်ကတည်းက သိလိုက်ဖို့ကောင်းပါသည်။ ထိုသို့သိခဲ့လျှင် ခင်လေး၏စိတ်ကို ပြင်ဆင်ထားခဲ့နိုင်မည် ထင်ပါသည်။
ကိုးနာရီခွဲကာနီးတွင် မမနွေးပြန်ရောက်လာသည်။
“ပြန်လာပြီလားအစ်မ… ဟိုကောင် ငဖြိုးရော ပြန်သွားပြီလား…”
အိမ်ထဲသို့ မမနွေးဝင်လာလာချင်း နေခြည်မေးလိုက်သော စကားက ခင်လေးရင်ဝကိုခြေစုံကန်လိုက်သကဲ့သို့ပင်။ ထိုအချိန်မှပင် ခင်လေးကြားထားခဲ့သော စကားတို့က ဖြစ်ရပ်တစ်ခုလုံးကို အဆက်အစပ်မိစွာ ရုပ်လုံးဖော်နိုင်သွားခဲ့သည်။ ခင်လေး ငိုချင်သည်။ အော်ဟစ်ပေါက်ကွဲချင်သည်။ သို့သော် ခင်လေးရှက်သည်။ ထို့ပြင် စကားတစ်ခွန်းပြောထွက်ရန်ပင် ခင်လေးအားမရှိတော့။ ဖုန်းကိုကြည့်နေသော ခင်လေးမျက်လုံးတို့ ဝေဝါးနေသည်။ အရုပ်ကြိုးပြတ်ခွေချချင်သာစိတ်ကို မနည်းတင်းထားရသည်။ ခေါင်းတွေမူးလာသည်။
“ခင်လေး… ဘာမှမဖြစ်နဲ့… နင့်မှာ မာနရှိတယ်မို့လား.. အားတင်းထားစမ်း… ပြုံးပြုံးနေ… အရာရာကို မသိချင်ယောင်ဆောင်နေ… ဥပေက္ခာပြုနိုင်ခြင်းက အနိုင်ရခြင်းပဲ..”
ခင်လေး ကိုယ့်ကိုကိုယ်အားပေးသည်။ မတ်မတ်ထိုင်လိုက်သည်။ သူငယ်ချင်းတွေနှင့် ဖုန်းပြောသည်။ အားလုံးကို ပုံမှန်အတိုင်း စကားပြောသည်။ ဘုရားရှိခိုးသည်။ ဆေးတစ်လုံးသောက်ပြီး အိပ်ယာဝင်သည်။ အိပ်ပျော်အောင်ကြိုးစားပြီး အိပ်လိုက်တော့သည်။
++++++++++++++++++++++++++++++++++++++++++
အိပ်ယာနိုးနိုးချင်း မနေ့ညက ကိစ္စတွေက ခေါင်းထဲရောက်လာ၏။ ငိုချင်စိတ်တို့ ဝင်လာပြန်သည်။ မမနွေးဘက်ကို လှည့်ကြည့်လိုက်တော့ မရှိတော့။ ရုံးသွားပြီထင်သည်။ အရိပ်အကဲကြည့်နေသော မျက်လုံးပေါင်းများစွာအောက်တွင် တက်ကြွစွာ အိပ်ယာထရင်း ရုံးသွားဖို့ပြင်ဆင်သည်။ သီချင်းညည်းရင်း အလှပြင်နေသော ခင်လေးကို တအံတဩကြည့်နေသော သူငယ်ချင်းများကိုလည်း မသိချင်ယောင်ဆောင်နေလိုက်သည်။ ထိုနေ့ကတော့ ခင်လေး တစ်နေ့လုံး စိတ်တင်းထားခဲ့ပါသည်။
ထို့နေ့ညက ခင်လေးဖျားသည်။ နေမကောင်းလျှင် စိတ်ဓာတ်ကျတတ်သော ခင်လေး… မျက်ရည်တို့ကို ထိန်းမရတော့ပါ။ ကံကောင်းစွာဖြင့် မမနွေးက အမျိုးတွေအိမ်သွားအိပ်သည်။ ခေါင်းမြီးခြုံပြီး တရှုံ့ရှုံ့ဖြစ်သော ခင်လေးကို နေခြည်က စိတ်တိုစွာအော်တော့သည်။
“ခင်လေး … အဲ့စောင်ကို ဖယ်လိုက်တော့.. ဟန်မဆောင်တတ်ဘဲ လုပ်မနေနဲ့…”
စောင်ကိုဖယ်ပြီး ခင်လေးမေးသည်။
“သူတို့နှစ်ယောက်တွေ့ခဲ့တာလား…”
“အေး..ဟုတ်တယ်…”
“နင်က ဘယ်လိုလုပ်ကြိုသိတာလဲ…”
“ငါ ရုံးဆင်းတော့ ကားဂိတ်မှာ မနွေးကိုတွေ့တယ်… ဘာလုပ်နေတာလဲလို့မေးတော့ နေခြည့်သူငယ်ချင်းကို စောင့်နေတာတဲ့… ခပ်တည်တည်ပဲနော်.. ငါလည်း တော်တော်စိတ်တိုသွားတယ်… ငါ့ကိုခေါ်သေးတယ်.. ငါက လိုက်စရာလား.. မလိုက်ဘူးပြောပြီး ထွက်လာခဲ့တယ်”
“သူတို့က ဘယ်လိုလုပ် အဲ့လောက် ရင်းနှီးသွားကြတာလဲ…”
“မက်ဆေ့ချ်တွေပို့ကြတယ်ပြောတာပဲ…. အစ်မက ရုံးမှာပျင်းလို့ စာစပို့လိုက်တယ်တဲ့.. အဲဒီကနေ အပြန်အလှန်ပို့ကြတယ်တဲ့… အဲ့နေ့ကလည်း အစ်မက ဖုန်းလှမ်းဆက်လိုက်တော့ ဟိုကောင်က ငါတို့နားရောက်နေတယ်ပြောပြီး ဆင်းလိုက်ရမလား မေးတယ်တဲ့.. အဲဒါနဲ့ တွေ့ဖြစ်ကြတယ်တဲ့…”
“အော်..”
“မအော်နဲ့.. ဒါပါနဲ့ဆို နှစ်ခါရှိပြီတဲ့ ဆရာမ…”
“သူတို့ အခြေအနေကရော…”
“ဟိုကောင့်ကို ငါမေးတော့ သဘောကျတယ်ပြောတယ်… သူကြိုက်လို့ နေမှာပေါ့.. ရှင်းနေတာပဲကို…”
“အစ်မကလည်း လက်ခံတယ်ပေါ့…”
“ဟ.. ငါတို့မသိအောင်တောင် တွေ့ပါတယ်ဆိုမှ ရှင်းနေတာပဲကို.. နင်က ထပ်သေချာချင်သေးတာလား…”
“နင် ကိုဖြိုးကို မေးကြည့်ပေးပါလားဟာ… ချစ်မိသွားတာလားလို့…”
“ချစ်မိတယ်ဆိုရင်ရော… နင်ဘာလုပ်မှာလဲ..”
“သိချင်ရုံသက်သက်ပါဟာ… ငါက ဘာလုပ်လို့ရမှာလဲ… သူချစ်ရတဲ့သူရှိလာမယ့်နေ့ကို ငါမျှော်လင့်ပြီးသားပါ…”
“ဒါဆို မနက်ဖြန် ငါမေးလိုက်မယ်.. စိတ်ကိုကြိုတင်ပြင်ဆင်ထားနော်…”
++++++++++++++++++++++++++++++++++++++++++
(အပိုင်း (၃) ဆက်ပါဦးမည်။)
++++++++++++++++++++++++++++++++++++++++++
31 comments
ကီလိုဇူးလူးဝီစကီ
April 3, 2013 at 9:17 pm
ဟယ်။ ဒီလိုုကိုုး။ အရင် ပိုု့(စ) တုုန်းက ခပ်ပါးပါးပဲ သိလိုုက်တာ။
ပြောစရာ ရှိတယ်။ ဒီလိုု ဇာတ်လမ်းမျိုး။
ဆင်ဆင်ပဲ။. 🙁
ဒါမဲ့ အမက ဗီလိန်နေရာ က။
:byae:
GaviaGirl
April 3, 2013 at 9:31 pm
အမ်… ဗီလိန်လား.. ဒါမယ့် အစ်မ ဗီလိန်ဆိုတာ ကောင်းစေချင်လို့ ဖြစ်ခဲ့တာနေမှာပါ.. ပို့စ်တင်နော်… 🙂
မဟာရာဇာ အံစာတုံး
April 3, 2013 at 9:50 pm
မနက်ဖြန် … မနက်ဖြန်
ငါ သိချင်တဲ့ မနက်ဖြန် ..
ငါ မသိချင်တဲ့ မနက်ဖြန် …
ရင်ခုန် ဝေဝါးစွာ မျှော်လင့်မိသော မနက်ဖြန် ..
ခပ်တဲတဲ .. ပြီးတော့ … ခပ်မှိန်မှိန် .. ပြီးတော့ … ခပ်အုပ်အုပ် .. နဲ့
ဟိုးးး မသိစိတ်ထဲက မဟုတ်ပါစေနဲ့၊ မဖြစ်ပါစေနဲ့လို့ မျှော်လင့်နေမိပြန်တဲ့ မနက်ဖြန် ….
အိုဘယ့် .. မနက်ဖြန် …
အဖြေကို ကြိုသိနေပေမယ့် … ဇွတ်အတင်း ငြင်းပစ်ချင်နေတဲ့ မနက်ဖြန် ….
GaviaGirl
April 3, 2013 at 9:56 pm
ဟင့်..တူပြောမှ နာက ပိုနိုချင်လာပီ….
သေချာခံစားဖတ်ပေးပြီး ရေးပေးတဲ့ကွန်မန့်အတွက် ကျေးကျေးပါနော်..မဟာရာဇာ…
မဟာရာဇာ အံစာတုံး
April 3, 2013 at 10:03 pm
ဟဲ့ .. ဟဲ့ ..
ဒီလို အလွယ်တကူ ကျေးဇူးတင်ဒါနဲ့ ပီးမတဲ့လား ..
မတန်လိုက်ဒါကွာ …
ရဘူးးး ဂယ်ကျေးဇူး တင်ရင်
အာာဘွားးးး ပေးရမယ် … ဒါဗျဲ …
GaviaGirl
April 3, 2013 at 10:07 pm
တွေ့လား.. ဘယ်တော့မှ အကောင်းပြောလို့မရဝူး.. တေမယ်..
အရီးခင်လတ်
April 3, 2013 at 10:45 pm
ဒီလို ယောကျာင်္းလေး အတွက် ကိုယ့်စိတ်ကို အညစ်နွမ်းမခံပါနဲ့၊
မတန်ပါဘူး လုံမ ရေ့။
အဲမှားလို့။ ခင်လေးရေ့။ 😉
GaviaGirl
April 4, 2013 at 7:04 pm
လူမမှားနဲ့နော်.. အရီး.. အိုက်ဒါ ခင်လေး.. ဟီး…
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 4, 2013 at 6:42 am
:byae:
အခြစ်ကံခေပေမယ့် အနှစ်ကျန်ဇီချင်တဲ့ ဖားမင်းသားလေးတေ ရှိနေတာ
မသိလေရော့သလား ခေးရယ်…
အန်နာဂျီအကုန်ခံလို့ကွီ..
:528:
GaviaGirl
April 4, 2013 at 7:05 pm
ဖြစ်ရလေ.. အူးလေးရယ်… :kwi:
kyeemite
April 4, 2013 at 10:25 am
😉
:byae:
အပိုင်းဆုံးမှမန့်မယ် လုံလုံရေ.. :hee:
GaviaGirl
April 4, 2013 at 7:06 pm
နောက်တစ်ပိုင်းလောက်ဆိုရင်တော့ အဆုံးသတ်နိုင်လောက်ပြီ ထင်ပါရဲ့… 🙂
မောင် ပေ
April 4, 2013 at 10:48 am
ကတောက်စ်
ခံစားရတယ်ကွယ်
ပေ့အသည်းနုနုလေးကို
မွန် ့စာလုံးလေးတွေက
မျက်ရည်တွေယိုစိမ့်စေခဲ့ပြီတကား
GaviaGirl
April 4, 2013 at 7:09 pm
အင့်..ရော့.. မျက်ရည်ခံဖို့ ခွက်ပေးတာ.. ဟီး…
Thu Thu Htet
April 4, 2013 at 12:27 pm
ဘူ့ကိုအပြစ်တင်ရမလဲ
ဘူ့မှလဲအပြစ်မတင်ရက်တော့ပါ
ဘာဆက်ဖြစ်မလဲစောင့်နေတယ်နော် ….
GaviaGirl
April 4, 2013 at 7:20 pm
အမ်… ဘူမှ မပြစ်မရှိဝူးလား.. ရဝူးနော်..ခင်လေးဘက်က ပါပေးရမှာ.. ဒါဗျဲ.. 🙂
ခင်ခ
April 4, 2013 at 1:18 pm
ဇာတ်လမ်းလေးက ရိုးရှင်းလွန်းနေသလားလို့ ပိုစ့်ရေးသူရေ။
နောက်အပိုင်းတွေကြ အလှည့်အပြောင်း အနွဲ့အနှောင် အရွဲ့အစောင်း တွေများပါလာမလား ဆိုပြီး ဆက်မျှော်ကာ ဖတ်အုံးမယ်လေ။
GaviaGirl
April 4, 2013 at 7:21 pm
တကယ်တော့ ဇာတ်လမ်းအကြောင်းအရာက ဒီမှာတင် တော်တော်လေး ပြည့်စုံနေပြီလို့ ပြောလို့ရပါတယ်.. နောက်ပိုင်းကတော့ ခင်လေး ခံစားချက်တွေနဲ့ ဇာတ်သိမ်းလေးပဲ ကျန်ပါတော့တယ် လေးလေး…
ရာမည
April 4, 2013 at 2:13 pm
စောင် ့မျှော်လျှက်ပါ …
အခန်းဆက်ရဲ ့ဝေဒနာကို သိသွားပြီဖြစ်၍ နောက်နောင်
အားလုံးရေးပြီးမှ ဆက်တိုက်တင်ပါတော ့မည် ။
အိုဘယ် ့ မျှော်ရတဲ ့ဒုက္ခ :buu:
GaviaGirl
April 4, 2013 at 7:26 pm
ရေးပြီးသမျှ တင်ချင်တဲ့ရောဂါပါ.. ခွင့်လွှတ်ပေးပါကုန်… :kwi:
MaMa
April 4, 2013 at 2:16 pm
ကိုခင်ခမန့်တာကို ဆန့်ကျင်ပြီး ကိုယ့်အတွေးနဲ့ကိုယ် မန့်လိုက်အုံးမယ်။ :kwi:
ဇာတ်လမ်းက ရိုးရှင်းတယ်လို့ ပြောရမှာထက် မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲတွေ များနေသလားလို့။
ဘာပဲပြောပြော စိတ်ဝင်စားစရာကောင်းပါတယ်။
အရေးအသားရော အကြောင်းအရာပါ စွဲဆောင်မှုရှိတယ်။ :hee:
GaviaGirl
April 4, 2013 at 7:38 pm
ကျေးဇူးပါနော်..တီတီ… အပိုင်း(၃) ကို အမြန်ဆုံးတင်နိုင်အောင်ကြိုးစားနေပါတယ်..
ဗုံ ဗုံ
April 4, 2013 at 3:12 pm
တော်လိုက်တဲ့ မွန်လေးရယ်.. ဖတ်ရင်းနဲ့ ဘယ်လိုခံစားရမှန်းမသိဘူးကွယ်… သိပ်မျှော်ရအောင်မလုပ်နဲ့ ဝဋ်လည်လိမ့်မယ် .
GaviaGirl
April 4, 2013 at 7:40 pm
အမ်.. ဝဋ်မလည်ချင်ဝူးနော်… စိတ်ထိခယက်နေတာ… ကြောက်တယ်..မြန်မြန်တင်မယ်နော်.. 🙂
Mr. MarGa
April 4, 2013 at 6:07 pm
ငှဲငှဲ
အရင်ပို့စ်တုန်းက ပြောခဲ့ပါသကွယ် အချစ်ရဲ့အဆုံးသတ်ကို မှန်းရခက်တယ်လို့
သိကြားမင်း မှန်းရင် လွဲခဲတယ်နော်……………………
အခု ဖတ်လိုက်ပြန်တော့လဲ ခံစားချက် သေးသေးလေး ရသွားပြန်ရော။
သိကြားပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အချစ်တွေ အများကြီးထဲက ပုံစံတစ်မျိုးတော့ စ ပြီထင့်
အပိုင်း သုံးမှာတော့ happy ending ဖြစ်မယ်လို့ ထင်မိတယ်
ဒါပဲ။
GaviaGirl
April 4, 2013 at 7:47 pm
ခံစားချက် သေးသေးလေးကို မကြီးစေနဲ့ဦးနော် သဂျား… အပိုင်း (၃) မှာ ဆက်လက်ရှုစားပါ… 🙂
Mr. MarGa
April 4, 2013 at 7:52 pm
စိတ်ချ
အဆုံးသတ်ကို မှန်းထားပြီးသား
တင်ပြီးမှ ပြောမယ် :kwi:
သခင် mobile
June 23, 2013 at 1:16 am
ဆုတောင်းခဲ့ဖူးပါသည် ဆိုလို့ ဘာဆုများတောင်းလဲလို့ သိချင်လို့ ဝင်ဖတ်တာ….
မိန်းကလေးတွေ ဆတ်စလူးထတဲ့အကြောင်းရေးထားတာပါလား………………..
စာရေးတာလည်း ဆွဲတောင်မှုကောင်းတာပဲနော်…………
ညလေး
June 23, 2013 at 9:16 am
ရိုးရိုးလေးးးးပါပဲ့ အသဲကို ပါးပါးလေးးးလှီးးထုတ်သွားတယ်
ရိုးရိုးလေးးပါပဲ ့မျက်ရည် ခပ်ကျဲကျဲ ကျသွားတယ့်
နက်ဖြန် အတွက် မျှော်တွေးရခက်ပါတယ် မြန်မြန်ဆက်ပါတော့ မမ နွေးရယ်
ကိုယ့်အ ကြောင်းလဲ ဟုတ်ပဲနဲ့
ရင်ကွဲနေပြီ့ ဘိုလုပ်ရပါလိမ့်
ညလေး
June 23, 2013 at 10:00 am
အာာာ မွှားးးကုန်ပီ မမမွန် လို့ရေးမို့ကို
မ ရေးချင် တဲ့ နာမည်ရီးးး ရေးမိသွားတယ် ဆောတီးးး
မမမွန်ရယ်
စောင့်မျှော်အားးပေးလျက်
မြန်မြန်ဆက်စေချင် ပါဂျောင်းးး
လုံမလေးမွန်မွန်
June 24, 2013 at 2:02 am
အပိုင်း (၃) တင်ပြီးပြီ ညလေးရဲ့.. လောလောဆယ် ကိုးနတ်ရှင်က စုတ်နေလို့ လင့်ပြန်ရှာလို့ မရဝူးဖစ်နေဒယ်.. 🙂